← Chapters

အခန်း (၄၃၇)

Vol. 44 Ch. 437

အခန်း (၄၃၇)

Vol. 44 Ch. 437

“ဝူးဝူး….”

လုမေ့ဟယ် စောင်အောက်တွင် ငိုနေသောသမီးဖြစ်သူကြောင့်ကူရာမဲ့နေခဲ့သည်။

“သူတို့နှစ်ယောက်က လက်ထပ်ပြီးသားဖြစ်နေပြီ ဒီနေ့ချင်ရှန့်အဲ့တစ်ယောက်ကိုဘယ်လောက်ချစ်လဲဆိုတာ သက်သေပဲကိုသမီး ဘာလို့ချင်ရှန်ကိုမစွန့်လွှတ်နိုင်ရတာလဲ။ ချင်ရှန့် သမီးကိုကြိုက်ရင်တောင် သမီးတို့နှစ်ယောက်က သွေးသားတော်စပ်နေတာလေ ဘယ်လိုလုပ်အတူရှိနိုင်မှာလဲ ?”

ထိုစကားများကြောင့် ယွီလုသည်စောင်အောက်ထဲမှထွက်လာကာ

“မား အရင်ကကြ သမီးလိုချင်တာအကုန် ရအောင်ဖြည့်ဆည်းပေးခဲ့တာမလား။ သမီးက မားရဲ့အချစ်ဆုံးသမီးလေးမဟုတ်တော့ဘူးလား။ မားဘာလို့ သမီးကိုမကူညီပေးနိုင်ရတာလဲ။ ပြီးတော့ လူချမ်းသာမိသားစုတွေမှာ ဘယ်နှစ်ကြိမ်လက်ထပ်လက်ထပ် ဘယ်သူကဂရုစိုက်လို့လဲ။ သမီး အဲ့ကျီဖေးဆိုတဲ့မိန်းမထက် ဘယ်နေရာမှာနှိမ့်ကျနေလို့လဲဘာလို့လဲ”

“မားလည်း မြင်တယ်မလား ဒီနေ့ချင်ရှန့်ကဘယ်လောက်တောင်လူကြီးလူကောင်းဆန်ပြီး ချစ်တတ်လိုက်လဲဆိုတာ”

လုမုဟယ်သည် သူ့သမီးလေး ဤကဲ့သ်ို့ငိုယိုနေဟည်အား မကြည့်ရက်တော့သဖြင့်ဖြောင်းဖြခဲ့သည်။

“အဲ့ကောင်လေး လက်မထပ်ခင်တုန်းကတော့ အမေတစ် ယောက်ယောက်ကိုအကူအညီတောင်းပြီး သမီးနဲ့မိတ်ဆက်ပေးမလို့ပဲ ဒါပေမဲ့အခုက…”

ယွီလုသည် သူ့စိတ်ထဲ အမှားအမှန်မခွဲခြားနိုင်တော့ပဲအော်ပြောခဲ့သည်။

“မား သမီးကိုမကူညီခဲ့ပါဘူး။ ပါးကာပဲ ပါးသာ သူ့ကိုစိတ်ညို့နိုင်ခဲ့ရင် သူ သမီးကိုပဲချစ်လာမှာ”

“သမီးလေး သမီး ပါးက စ်ိတ်ရောဂါပရော်ဖက်ဆာတစ်ယောက်ဆိုပေမဲ့ လူတစ်ယောက်ရဲ့စိတ်ကိုညို့ပြီးအလွဲသုံးစားလုပ်လို့မရဘူး သမီး။ ပြီးတော့ သမီးထင်သလို စိတ်ညို့တိုင်းလူတစ်ယောက်ကို မရနိုင်ပါဘူးကွယ်”

သူ့ မား စကားကြောင့် ယွီလုသည် သူ့ပါး သူ့မားအား ဖုံးကွယ်ထားသည့်ကိစ္စကိုပြောပြချင်ခဲ့သည်။

ထိုအခါက သူ့မား၏ နာကျင်စရာကောင်းသောမှတ်ညဏ်များအား သူ့ပါးက စိတ်ညို့နည်းကိုအသုံးပြုကာ ဖျောက်ပစ်ခဲ့ သည်ကိုတွေ့ခဲ့ရသည်။

ဒါပေမဲ့ သူ့ ပါးက သူ့အား ဤကိစ္စကို သူ့ မားထံမှဖုံးကွယ်ထားရန်အကြိမ်ကြိမ်အခါခါသတိပေးခဲ့သည်။

ယွီလု စရိုက်သည်လက်လွတ်စပယ်နိုင်သော်လည်း သူ့ ပါး၏ စကားများကိုလွန်ဆန်ရလောက်သည့် အထိမမိုက်မဲသေးချေ။ ထို့ကြောင့် ယွီလုသည် ထိုကိစ္စကိုဆက်မပြောတော့ပဲ

“အဲ့တာဆိုရင် သမီးမှာအခွင့်အရေးမရှိတော့ဘူးပေါ့”

ထို့နောက် ယွီလု စိတ်ဓာတ်ကျစွာ

“သူ ဘာလို့အဲ့လောက်ဆိုးရတာလဲ။ သမီးကိုတစ်ခါလေးတောင်လှည့်မကြည့်ဘူး”

ယွီလု မနက်ကတုန်းက မပြောပြခဲ့ရသောအကြောင်းကို သူ့ မား အားပြောပြခဲ့သည်။

“မား အဲ့ညက သမီးသူ့ကိုတွေ့ချင်လို့ကောင်းကောင်းမွန်မွန်ဝတ်စားထားတာ ဒါပေမဲ့သူက….”

လွီမုဟယ် သူ့သမီး၏စကားများကြောင့်လန့်သွားကာ

“ဘာရယ် သမီး ညဘက်ကြီး အဲ့တစ်ယောက်ဆီသွားခဲ့တာလား ? ဒါမသင့်တော်ဘူးလေ သမီး”

ယွီလုသည် သူ့ မား၏စရိုက်ကိုနားလည်သည်။ တစ်ခါတစ်လေသူ့အပေါ်တင်းကျပ်ပေမဲ့ ဘယ်တော့မှမဆူပဲစကားဖြင့်သာနားလည်အောင်အမြဲပြောပြခဲ့သည်။ သူ့ ပါးကတော့ ဒေါသထွက်လာလျှင်မျက်လုံးပြူးပြူးဖြင့်ဆူလေ့ရှိသည်။ထို့ကြောင့် ယွီလုသည် သူ့ပါးထက် မားကိုအချစ်ဆုံးဖြစ်သည်။ သူဘယ် တော့မှ သူ့မားအား ဒုက္ခရောက်အောင်လုပ်မည်မဟုတ်ချေ။

ယွီလုသည် သူ့မား ပြောချင်သည်ကိုနားလည်သော်လည်း မတတ်နိုင်ပဲ ကွန်ပလိန်းတက်နေဆဲဲဖြစ်သည်။

“ယောကျာ်းတွေက တကယ်မကောင်းဘူး မား သမီးအစတုန်းကသူ့ဖုန်းနံပါတ်ကိုတောင်းတုန်းက သူ ဘာပြန်ပြောတယ်ထင်လဲ။ ငါ့ကို သဘောကျတယ် ဟုတ်လား ? ငါကတော့ မင်းကိုဘယ်တော့မှ သဘောကျမှာမဟုတ်ဘူး။ ငါ ဒီတစ်ဘဝမှာချစ်ရမဲ့သူက ငါ့ဇနီးတစ်ယောက်တည်းပဲ။ အဲ့တော့ ငါတို့နှစ်ယောက်ကြား လာမရှုပ်တာအကောင်းဆုံးပဲ။ နောက်တစ်ခါ ဒီလိုဖြစ်ခဲ့ရင် ငါကိုယ်တိုင် အဖွားကိုပြောပြီးနှင်ထုတ်ခိုင်းမှာ ယဉ်ကျေး နေမှာမဟုတ်တော့ဘူးဆိုပြီးပြောခဲ့တာလေ အမေ သူတကယ်ရက်စက်တကယ်မလား ? ဘာလို့မိန်းကလေးတစ်ယောက်ကိုအဲ့လိုပြောနိုင်ရတာလဲ”

ယွီလုသည် သူ့မားကိုကြည့်ကာ သူ့မား၏တုံ့ပြန်စကားကိုစောင့်နေသည်။

လွီမုဟယ်သည် ခုနကစကားများကြောင့် သူ့ ခေါင်းသည်ရုတ်တရက်ထိုးကိုက်လာကာ တစ်ခုခုကိုမှတ်မိချင်ပေမဲ့

သတိမရနိုင်ဖြစ်နေခဲ့သည်။

ထို့ကြောင့်ယွီလုအား “ချင်ရှန့် သမီးကိုဘယ်လိုပြောခဲ့တာ”

ယွီလုသည်လည်း သူ့မားအား ပြန်ပြောပြခဲ့သည်။

လွီမု၏စိတ်ထဲတွင်ထိုစကားများ ရင်းရင်းနှီးနှီးဖြစ်နေသလိုခံစားခဲ့ရသည်။

“မင်း ငါ့ကိုကြိုက်တယ်ဟုတ်လား ? ငါကတော့ မင်းကိုဘယ် တော့မှသဘောကျမှာမဟုတ်ဘူ ငါ့ဘဝမှာချစ်ရတဲ့သူက ငါ့ဇနီးတစ်ယောက်တည်းပဲ”

“ဟုတ်ပါ့၊ သူအဲ့လိုပြောတာ အမေပဲ စဉ်းစားကြည့် သူဘယ် လောက်တောင်နှလုံးသားမဲ့လဲဆိုတာ”

သို့သော် ပြောနေရင်းဖြင့် ယွီလုသည် သူ့မားမျက်နှာသည်ဖြူဖြော့လာကာ အခြေအနေမဟန်သည်ကိုသတိထားမိသဖြင့်

“မား အဆင်ပြေရဲ့လား။ နေမကောင်းဘူးလား သမီး ပါးကိုခေါ်လိုက်ရမလား”

သူ့ မားတစ်ခုခုမူမမှန်တာဖြစ်သည်နှင့် ပါးကသူ့အားဖုန်းဆက်ရန်မှာထားသည်ကို မမေ့ခဲ့ပေ။

လွီမုဟယ်သည် မခေါ်ဖို့လက်သာရမ်းပြလိုက်ကာ

“မား ဘာမှမဖြစ်ဘူး.. အသက်ကြီးလာလို့ထင်ပါတယ် မူးနောက်နောက်ဖြစ်နေတာ ဒီနေ့တော့စောစောနားမှရတော့မယ်”

ယွီလုသည် သူ့ အချစ်ရေးကိစ္စအားဆက်ပြောချင်သော်လည်း သူ့မားမျက်နှာသည် စောနတုန်းကလောက်အထိ မကြည်လင်တော့သဖြင့်စိတ်ပူကာ ဆရာဝန်ခေါ်ချင်သော်လည်း သူ့မားကမခေါ်ဖို့ပြောသဖြင့် ခေါင်းငြိမ့်ရုံသာတတ်နိုင်ခဲ့သည်။

“မား ပင်ပန်းနေပြီ လုလု ဒီညတော့ မားဘေးနားပဲ မားနဲ့အတူလိမ်လိမ်မာမာအိပ်ဟုတ်ပြီလား”

ထိုသို့ပြောပြီးနောက် လွီမုဟယ် ကုတင်ပေါ်တတ်လှဲကာချက် ချင်းအိပ်ပျော်သွားခဲ့သည်။

ယွီလုသည်လည်း ရုတ်တရက်လူကောင်းကနေ ဤသို့ဖြစ်သွားသဖြင့် စိတ်မသန့်ဖြစ်ကာ သူ့ ပါးဖေအား Message ပို့ခဲ့သော် လည်းစာမပြန်သဖြင့် သူ့ ပါး လေယာဉ်ပေါ်ရောက်နေလောက်ပြီဟုသတ်မှတ်လိုက်သည်။

ထိုအချိန်တွင် လွီမုဟယ်သည် သူ့ အိပ်မက်ထဲတွေတစ်စုံတစ် ယောက်အော်ပြောနေသော အသံကိုထပ်ခါထပ်ခါကြားခဲ့ရသည်။

“ခင်ဗျားက ကျွန်တော့်အဖေကို ကြိုက်တယ်ဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်အဖေက အမေ့ကိုပဲသဘောကျတာ ခင်ဗျား အလှည့် ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး”

“ခင်ဗျားက ကျွန်တော့်အဖေကို ကြိုက်တယ်ဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်အဖေက အမေ့ကိုပဲသဘောကျတာ ခင်ဗျား အလှည့် ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး”

“ခင်ဗျားက ကျွန်တော့်အဖေကို ကြိုက်တယ်ဟုတ်လား။ ဒါပေမဲ့ ကျွန်တော့်အဖေက အမေ့ကိုပဲသဘောကျတာ ခင်ဗျား အလှည့် ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး”

လွီမုဟယ် ထိုစကားများကြောင့် ချက်ချင်းပင်ခေါင်းကိုလက်နှစ်ဖက်ဖြင့်ကိုင်ထားကာ အော်တော့သည်။

“အားးးးးးးး”

ယွီလုသည် သူ့ မားအော်သံကြောင့်လန့်သွား၍ ချက်ချင်းပင်အိပ်နေရာမှထလိုက်ကာ မျက်လုံးများကိုပွတ်လိုက်ပြီး

“မား အဆင်ပြေရဲ့လား ? ဘယ်နားနေလို့်မကောင်းလို့လဲ”

ဒါပေမဲ့ လွီမုဟယ်သည် ထူးဆန်းနေခဲ့သည်။ သူ့အားအရင်ကဲ့သို နူးညံ့သိမ်မွေ့စွာမတုံ့ပြန်တော့သလို သူ့ အားကြည့်နေသောသူ့ မား၏မျက်ဝန်းများသည် အေးစက်နေခဲ့သည်။

ယွီလုသည် သူ့ မား၏သူစိမ်းဆန်လှသောအကြည့်များကြောင့် သူ့စိတ်ထဲ တစ်ခုခုမှားနေပြီဖြစ်ကြောင်းသတိထားမိခဲ့သည်။ မနေ့ညက ဟူ့ ပါးပြောခဲ့သောစကားများကိုပြန်သတိရကာ

သူ့ ပါးပြောသလိုဖြစ်လာခဲ့ပြီ။

လွီမုဟယ်သည် သူ့အားအေးစက်စက်မျက်လုံးများဖြင့်ကြည့်နေပြီး ရုတ်တရက်နူးညံ့သောလေသံဖြင့်

“နင်က ချင်ရှန့်ကိုကြိုက်နေတာဆို ဟုတ်လား”

ယွီလုသည် သူ့ မားအားကြည့်ကာမှင်သက်နေမိသည်။ သူ့ စကားများကနူးညံ့နေသော်လည်း မျက်လုံးများကမူ အေးစက်နေခဲ့သည်။

ယွီလု ကြောင်အမ်းအမ်းဖြင့်ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်”

“ ဒါဆို မား နင့်ကို သူနဲ့လက်ထပ်နိုင်အောင်လုပ်ပေးမယ်ဟုတ်ပြီလား”

ယွီလုသည် သူ့ မားပြောသောစကားသည် ယခင်က သူအကြားချင်ဆုံးစကားဖြစ်ခဲ့သော်လည်း ယခုတွင်မပျော်ရွှင်နိုင်တော့ပေ။

“မား ဘာတွေပြောနေတာလဲ။ မား အဲ့တာကိုဘယ်လိုဖြစ်အောင်လုပ်နိုင်မှာလဲ”

လွီမုဟယ်၏မျက်နှာတွေ ခန့်မှန်းရခက်သောအပြုံးဖြစ်ပေါ်လာခဲ့သည်။ ဒါပေမဲ့ သူ့အသံကတော့ အေးစက်နေခဲ့သည်။

“သူ မားစကားနားထောင်မှာပါ”

ထို့နော် သူ အခန်းထဲကထွက်ဖို့လုပ်ကာ

“မား ခေါင်းမိုးထပ်ကိုတစ်ချက်သွားဦးမယ် တခြားသူတွေမေးရင် မားအိပ်နေတယ်ပြောလိုက်နော် နားလည်လား”

ယွီလုသည် သူ့မားအား မတားနိုင်ခင်မှာပင် လွီမုဟယ်သည် ထွက်သွားခဲ့ပြီဖြစ်သည်။

ယွီလုသည် ဖြစ်ပျက်သွားသောကိစ္စများကရုတ်တရက်ဆန်လွန်းလှသဖြင့် သူ့ ရင်များတုန်လှုပ်နေကာကြောက်နေမိသည်။

ရုတ်တရက် သူ့ ဖုန်းမြည်လာခဲ့သည်။

“ပါး ရောက်ခါနီးပြီလား”

“ပါး ဒီမှာလေယာဉ်နောက်တစ်စီး ချိန်းမလို့စောင့်နေတာဘာဖြစ်လို့လဲ”

ယွီလုသည် သူ့ ပါးအား သူ့ မား၏ထူးဆန်းဖို့ကောင်းလောက်အောင်တခြားတစ်ယောက်သို့ပြောင်းသွားသော ပုံစံအားပြောပြခဲ့သည်။

သူ့ ပါးသည် သူ့ စကားများကိုကြားပြီးနောက် တစ်ဖက်ကသက်ပျင်းချသံထွက်လာကာ အချိန်ခဏကြာတိတ်ဆိတ်နေခဲ့သည်။

“လုလု အခုချိန်ကစပြီး ပါး ပြောတာသေချာနားထောင်။ သမီးမားက အစကတည်းကနေကောင်းနေတဲ့သူမဟုတ်ဘူး။ အဲ့တာကြောင့် သမီးချက်ချင်းထပ်ခိုးထပ်ကို လိုက်သွားဖို့လိုတယ် သမီး မားကိုသေချာစောင့်ကြည့်ထား ပါး မရောက်မချင်းသမီးမားအနားကို ဘယ်သူမှအကပ်မခံနဲ့”

“ပါး ဘာတွေလဲ အားလုံးဘာတွေဖြစ်နေတာလဲ”

“ လုလု သမီး ပါးပြောသလိုလုပ်မှရမယ်။ သမီး မားကစိတ် ရောဂါရှင်ဆိုတာ လူတိုင်းသိစေချင်နေတာလား။ လုလု အခုချက်ချင်း သမီး မားနောက်ကိုလိုက်သွား သမီးတစ်ယောက် တည်းကပဲ သမီး မားကိုတားနိုင်မှာ”

ဖုန်းချလိုက်သည့်ချိန်တွင် ယွီလု၏လက်များသည်တုန်ရီနေခဲ့သည်။

သူ့ မား၏အပြုအမူများက သူ့အားခြောက်လန့်ရန်လုံလောက်နေပြီဖြစ်ကာ သူ့ ပါး၏စကားများကြောင့် သူပိုလိုတောင်လန့်လာကာ ကူကယ်ရာမဲ့သလိုခံစားခဲ့ရသည်။

သူ့ ပါးပြောသည့်အတိုင်း ချက်ချင်းပင်ခေါင်းမိုးထပ်သို့ပြေးလိုက်သွားခဲ့သည်။ ပဉ္စမထပ်နှင့်အမိုးကြားတွင် အသုံးမပြုရသေးသော ပစ္စည်းများဖြင့်ပြည့်နေသောထပ်ခိုးငယ်တစ်ခုရှိသည်။

ယွီလုသည် တံခါးကိုမတွန်းဖွင့်ခင် အထဲမှလာသော ကြောက်စရာကောင်းလှသည့် တေးတီးတအသံကိုကြားနေရသည်။ ယွီလု ထိုအသံများကြောင့် သူ့နှလုံးသားရင်ဘက်ထဲတွင် ဒရမ်တီးသကဲ့သို့ခုန်ပေါက်နေခဲ့သည်။

သို့သော် သူ့ ပါး၏စကားများကြောင့် သူ့ကိုယ်သူတွန်းအားပေးကာ အခန်းထဲသို့ဝင်၍ တံခါးလောခ့်ချရန်လုပ်လိုက်သည်။

သူ အခန်းထဲသို့ဝင်ဝင်လာချင်းပင် ယွီလုသည် သူ့ မား၏ အသက်မဲ့ကာကြောက်စရာကောင်းပြီး အေးစက်လှသည့်အကြည့်ကြောင့် ကြောက်လန့်လာခဲ့သည်။

“မား…..”

လွီမုဟယ် မျက်နှာတွင်အပြုံးတစ်ပွင့်ရှိနေခဲ့သည်။ သို့သော်ထိုအပြုံးသည်ကြောက်စရာကောင်းလွန်းလှသည်။

“ဘယ်လိုတောင် စကားနားမထောင်လိုက်တဲ့ကလေးလဲ ? နင့်မိဘတွေက နင့်ကို ဒီလိုလုပ်ဖို့သင်ပေးထားခဲ့တာလား ဟမ်”

ယွီလုသည် သူ့မားအားသတိထားကာ “မား ဘာဖြစ်နေတာလဲ”

လွီမုဟယ်သည် သူ့စကားအား ပြန်မဖြေပဲ သူ့ကိုလျစ်လျှူရှုကာနောက်ထပ်ခြောက်ခြားဖွယ်ကောင်းသော တေးဂီတကိုဖွင့်ကာ ထိုသီချင်းကိုနားထောင်ပြီး ဆေးစွဲနေသည့်လူတစ်ယောက်လိုဖြစ်နေခဲ့သည်။

တိတ်ဆိတ်နေသောအခန်းထဲတွင် ခြောက်ခြားဖွယ်ကောင်း သောအီလတ်ထရွန်းနစ်ဂီတသံမှာ ပဲ့ထင်နေခဲ့သည်။

ယွီလုသည် သတ္တိမွေးလိုက်ပြီး “မား ဘာလို့ဒီလိုလုပ်နေတာလဲ ? သမီးက မားရဲ့သမီးပါ၊ မား ချစ်တဲ့လုလုလေ”

လွီမုဟယ်သည် သူ့အားကြောက်စရာကောင်းစွာပြုံးပြနေဆဲပင်။

“နင်က အဲ့တာကိုယုံနေတာလား ? နင့်မိဘတွေ နင့်ကိုတော် တော်ချစ်တယ်ထင်နေတယ်ပေါ့။ ငါတို့က လူအမြင်မတော်လို့သာ နင့်ကိုကောင်းကောင်းဆက်ဆံနေတာ ဘယ်သူက နင့်လိုသမီးမျိုးကိုလိုချင်နေလို့လဲ ? အကျင့်ယုတ် စိတ်ပုတ်တဲ့သမီးမျိုးကို ဘယ်သူကလိုချင်မှာလဲ ဟားဟားဟား ၊ နင့်ကိုယ် နင် ဟုတ်လှပြီထင်နေလား။ ဘယ်သူ မှ နင့်ကိုမချစ်ဘူး နင့်နားမှာကို မနေချင်ဘူး ရွံလို့”

“တော်ပါတော့….”

ယွီလုသည် သူ့ မား၏ သူစိမ်းဆန်သောစကားများကိုဆက်နားမထောင်နိုင်တော့ပေ။ သူ့မျက်လုံးများသည် မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့သည်။

လွီမုဟယ်သည် ထိုကောင်မလေးအသံကြောင့် သူမကြိုက်သောသီချင်းသံအား သေချာမကြားရသဖြင့်စိတ်တိုလာကာ

“နင့် ပါးစိပ်ပိတ်လိုက်တော့ မဟုတ်ရင် ငါ နင့်ကို ဘာလုပ်မိမယ်မသိဘူး”

ယွီလုသည် သူ့ မားမဟုတ်သော ထိုမိန်းမအားကြောက်ရွံလာသည်။

ရုတ်တရက် ယွီလု ဘာတွေမှားယွင်းသွားခဲ့လဲမသိပေမဲ့ သူ အသက်ရှူရခက်လာပြီး သူ့ လည်ပင်းတွင်တစ်ခုခုစို့လာသလိုဖြစ်လာသည်။

သူ အကူအညီတောင်ရန်အော်ချင်သော်လည်း မအော်နိုင်ခဲ့ပေ။

ဘယ်နေရာကလာမှန်းမသိတဲ့ အရာတစ်ခုက သူ့လည်ပင်းကိုစူးရှစွာနာကျင်လာစေခဲ့ပြီး မေ့လဲ့သွားခဲ့သည်။

All Chapters