အခန်း (၂၆၁)
Vol. 27 Ch. 261
ကျန်းရန်၏အမူအရာ ရုတ်ချည်းပြောင်းလဲသွားသည်။
"မင်း ဘာတွေပြောနေတာလဲ၊ ငါ စီးပွားရေးအကြောင်း ဆွေး နွေးဖို့ ချင်ရှန့်ကိုရှာနေရုံပဲ၊ မင်း အဲဒီအတွေးကိုဘယ်ကရတာလဲ။ မင်းမှာ တကယ်ပဲ ထူးခြားတဲ့စွမ်းရည်တစ်ခုခုရှိတယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား၊ ဟားဟား~"
"ဟားဟား ~" ကျီဖေးလည်း ကို့ယို့ကားယားရယ်မောလိုက်ကာ မြင်ကွင်းသည် တော်တော်လေးရယ်စရာကောင်းလှသည်။
ချင်ရှန့်၏ပါးစပ်တွန့်သွားသည်၊ သူငယ်ချင်းဖြစ်သူမှာ အရည် ရွှမ်းသည့် အတင်းအချို့ရှိသည်ကို သူ သတိရမိသည်။
ကျန်းရန် စမ်ထင်အားတိတ်တိတ်လေးချစ်မိသွားမည်ဟု မည်သူ ထင်မည်နည်း။ သို့သော် စမ်ထင်သည် သူ့ဝမ်းကွဲဖြစ်သူနှင့် လက်ထပ်တော့မည်။
ကျန်းရန်သည် သတ္တိကြောင်သောသူ မဟုတ်ပဲ သူ့မအားအချိန်အကြာကြီး ချစ်ခဲ့ရသော်လည်း အဘယ်ကြောင့် လိုက်ရန်မကြိုးစားရခြင်းကို ချင်ရှန့် နားမလည်နိုင်ပေ။
ကျီဖေးက သူ့အား ယခုလိုစနောက်ရသည်မှာ အံ့သြစရာ မဟုတ်ပါပေ။ ချင်ရှန့်ပင် ကျန်းရန်သည် စိတ်အားထက်သန်စွာနှင့် သူ့အား ကူညီရန် အယူသီးမှုဘက်ကိုလှည့်လာသည်ဟု သံသယရှိမိသည်။
သို့သော် စကားဝိုင်းကိုပြန်ထိန်းရန် သူ ကြိုးစားနေသည်ကိုမြင်လိုက်ရသဖြင့် ဒါ တခဏတာ ဆုံးဖြတ်နိုင်စွမ်းလွတ်သွားခြင်းဖြစ်ကြောင်းသိသာလှသည်။
ကျီဖေးလည်း ထိုနည်း၎င်းတွေးမိတာကြောင့် သူ့အား မဖော် ထုတ်တော့ပေ။ တကယ်တော့၊ အမှန်တကယ် ပဋိပက္ခဖြစ်တာမဟုတ်ပဲ သတ္တိမရှိသောလူကို အနည်းငယ်စနောက်နေရုံသာ။
မကြာခင်မှာပင် ကျီဖေးနဲ့ ချင်ရှန့် ကားပေါ်တက်ပြီးထွက်သွားကြသည်။
ကားမောင်းနေစဉ်တစ်လျှောက် ကျီဖေး မရပ်တမ်းပြောနေခဲ့ပြီး အတင်းအဖျင်းတွေအတော်လေးပေါက်ကွဲထွက်နေခဲ့သည်။ ချင်ရှန့် သည် နားထောင်ကောင်းသူဖြစ်ပြီး ကျီဖေး၏ စိတ်ထွက်ပေါက်အဖြစ်ကျေနပ်စေသည်။
"ဒါဆို ငါ ဒါကို လူတိုင်းနဲ့ မျှဝေလိုက်မယ်"
ကျီဖေးက သူမရဲ့ ဖုန်းကို ထုတ်ပြီး မိသားစုအဖွဲ့ထံ မက်ဆေ့ချ် ပို့လိုက်သည်။
အမျိုးမျိုးသော စိတ်လှုပ်ရှားဖွယ်ရာ ခေါင်းစီးများက ချင်မိသားစုဝင်များထံပေါ်လာသည်။
တကယ်တော့၊ အစောပိုင်းရက်အနည်းငယ်က ချင်မိသားစုမှာ အဖွဲ့ဝင်နှစ်ယောက်ဆုံးရှုံးခဲ့ရသည်။
ချင်ကျောက်သည် နောက်ဆုံးတွင် ဖျော်ဖြေရေးနယ်ပယ်တွင် အလုပ်ပြီးသွားကာ ကောင်းကောနှင့် နိုင်ငံမှထွက်ခွာသွားခဲ့သည်။
ချင်ရုန်သည်လည်း နိုင်ငံခြားအနုပညာသင်တန်းကျောင်းစဖွင့်ပြီဖြစ်သောကြောင့် ထွက်ခွာသွားခဲ့သည်။
သို့သော် ချင်မိသားစု၏အတင်းအဖျင်းအသိုင်းအဝိုင်းသည် တက်ကြွနေဆဲဖြစ်ပြီး လူတိုင်း အတင်းအဖျင်းစကားများကို လူကိုယ်တိုင်မစားနိုင်သောကြောင့် အနည်းငယ် အထီးကျန်သည်ဟုသာခံစားရသည်။
ဒီတစ်ခါတော့ နိုင်ငံရပ်ခြားမှာနေတဲ့ ချင်ကျောက်ပင် မငြီးတွားနိုင်ဘဲမနေနိုင်တော့ပေ။
"အာ့စောင်၊ မင်းမှာ တကယ်ပဲ အယူသီးမှုတချို့ရှိတယ်ထင်တယ် ဒါကိုဘယ်လိုလုပ် မထင်မှတ်ပဲ ထိပ်တိုက်တွေ့ရတာလဲ”
ချင်ရန် "ဟုတ်မှာပေါ့။ မဟုတ်ရင်လည်း တခြားတစ်ယောက် ယောက်ကပို့လိုက်တာဖြစ်မယ်။"
ချင်ကျောက်: "ငါတော့ စကားတောင် ပြန်မပြောနိုင်တော့ဘူး။"
“ကမ္ဘာပေါ်မှာရှိတဲ့ မတရားမှုတွေကိုဖြေရှင်းဖို့ မြေကြီးပေါ် ဆင်းလာတဲ့ တရားမျှတမှု နတ်သမီးတစ်ပါးပဲဖြစ်ရမယ်” ဟု ချင်ရုန်က ချက်ချင်းဖြတ်ပြောလိုက်သည်။
"အဟင့်၊ အိမ်ပြန်ချင်တယ် ဖရဲသီးကို လူကိုယ်တိုင်ပဲ စားချင်တယ်။"
"အင်း၊ အိမ်မှာနေတဲ့ ငါတို့တောင် ဖရဲသီးစားဖို့အခွင့် အရေးရတာမဟုတ်ဘူး။ လူငယ်တွေရဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ ငါတို့ ကအသက်ကြီးနေပြီလေ" ဟု မားမားချင်ကပြောလိုက်သည်။
ပါးပါးချင် : +1
ကျီဖေးသည် အဖွဲ့ထဲ ပွေ့ဖက်သည့် အီမိုဂျီကိုသာ လူတိုင်းထံ ပေးပို့နိုင်သည်။
သူတို့ အိမ်ပြန်ရောက်တော့ ကျန်ရှိသည့်မိသားစုဝင်များသည် ဧည့်ခန်းထဲမှာ ထိုကိစ္စကိုဆွေးနွေးနေတုန်းပင်။
ကျီဖေးဘက်တွင်သာမက ပြင်ပကမ္ဘာမှာပါ သတင်းတွေပြန့်နေပြီဆိုတာရှင်းသည်။
ကော်ဇောပေါ်မှာထိုင်နေတဲ့ ချင်ရှီက သူမရဲ့ တက်ဘလက်ကြည့်နေရာကနေ ရုတ်တရက် မော့ကြည့်လိုက်ပြီး ပြောလာသည်။
"အာ့ရီ၊ အဲဒါ အွန်လိုင်းမှာလည်းတက်လာပြီး လူတော်တော်များများကလည်း အာ့ရီအကြောင်းပြောနေကြတယ်"
ကျီဖေး ရယ်ရမလို ငိုရမလိုဖြစ်သွာသည်။ လူ့သဘောသဘာဝဖြစ်တဲ့ အတင်းအဖျင်းကြိုက်တာက ကလေးများကြားတွင်ပင်ရှိနေသည်။
ကျီဖေး အွန်လိုင်းသတင်းတွေမကြည့်ရခင်မှာပင် ဖေးကျဲ၏ ဖုန်းခေါ်ဆိုမှုထွက်ပေါ်လာခဲ့သည်။
ဖေးကျဲ၏သတင်းအရင်းအမြစ်က တကယ်ကိုမြန်ဆန်လှသည်။
အားလုံးက ဖရဲသီးအတူတူစားနေကြတဲ့သူတွေချည်းပဲကို ဘာလို့သူ့ပဲ အပြစ်တင်နေကြလဲဆိုတာ နားမလည်တော့ဘူး။
သူမကို ဖျော်ဖြေရေးအသိုင်းအ၀ိုင်းမှာ မရှိပေမယ့် သူမ၏ ဒဏ္ဍာရီက ကျန်ရှိနေသေးသည်ဟု ဖေးကျဲက သူ့အား စနောက် လိုက်သည်။ သူမ Followerများ တိုးလာကာ သူတို့အားလုံးကလည် die-hard fan တွေဖြစ်ကြသည်။
ကျီဖေးသည် အလွယ်တကူ အတင်းအဖျင်းဖြစ်စေနိုင်သော ကိုယ်ရည်ကိုယ်သွေးဖြင့် လူနှင့်ပင် တဖြည်းဖြည်း မတူတော့သော ဖျော်ဖြေရေးနယ်ပယ်တွင် ပထမဆုံးသော အနုပညာရှင်ဖြစ်လာခဲ့သည်။
သူမသည် အတင်းအဖျင်းနတ်ဘုရားမဖြစ်လာလုနီးပါးပင်။
ဒါပေါ့ ကွဲလွဲသောအသံအချို့လည်းရှိခဲ့ပြီး ဥပမာဆိုလျှင် ကျီဖေးသည် ချမ်းသာသောမိသားစုမှဖြစ်ပြီး သူမ၏စုံစမ်းစစ် ဆေးခြင်းမှ အချက်အလက်များကိုအသုံးပြုကာ အတင်းအ ဖျင်းတွေကို တူးထုတ်ပြီး သူမ ပေါ်လွင်အောင် စန်းတင်တယ်ဆိုတာမျိုးပေါ့။
သို့သော်လည်း ကျီဖေး ဒီကိစ္စတွေကို လုံးဝဂရုမစိုက်ဘဲ ဝဘ်ကို ဆက်လက်ကြည့်ရှုကာပျော်ရွှင်နေခဲ့သည်။
ရေချိုးပြီးနောက် ညအိပ်ဝတ်စုံဝတ်ကာ အိပ်ယာပေါ်လှဲကာ ပျော်ပျော်ရွှင်ရွှင် အတင်းအဖျင်းစားနေလိုက်သည်။
ရုတ်တရက် တံခါးခေါက်လာခဲ့သည်။
ချင်ရှန့်က သူကို Goodnight ပြောဖို့လာမှန်း ကျီဖေးသိလိုက်သည်။
ကျီဖေးက အတင်းအဖျင်းအားလုံးကို ချက်ချင်းပစ်ချပြီး တံခါးဆီပြေးသွားလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် တပြိုင်နက် ချင်ရှန့်သည်လည်းညအိပ်ဝတ်စုံကိုဝတ်ကာ တံခါးဝတွင် ရပ်နေသည်။
အမြဲလိုပင် သူမကိုငုံ့ကာ စူးစိုက်ကြည့်နေကာ၊ သူ၏ နူးညံ့သိမ် မွေ့မှုသည် သူ့မျက်လုံးများမှ ပြည့်လျှံကျနေသည်။
ကျီဖေးသည် သူ့အကြည့်ကို စုံလိုက်သည်နှင့် တဖြေးဖြေး လွှမ်းမိုးခံလိုက်ရကာ ရင်ဖိုသွားရသည်။
ချင်ရှန့် ဒါပေါ့ သူလည်းထပ်တူပင် သူ့လည်ပင်းမှ သူ့မျက်နှာတိုင်အောင် နီရဲလာတော့သည်။
ထို့နောက် သူက ရုတ်တရက် ပြောလိုက်သည်။ "မင်း ငါ့ကို ပွေ့ဖက်ပေးမှာ မဟုတ်ဘူးလား" ကျီဖေး မတုံ့ပြန်ခင်မှာ သူ့လက်နှစ်ဖက်ကိုပင်ဖွင့်လိုက်သေးသည်။
ကျီဖေး အံ့အားသင့်သွားပြီး ခေတ္တမျှမည်သို့တုံ့ပြန်ရမည် မသိဖြစ်သွားသည်။
ချင်ရှန့်၏အသက်ရှူသံများ ရပ်တန့်လုနီးပါးဖြစ်သွားပြီး သူ့လေသံမှာ အနည်းငယ်စိတ်ပျက်သွားပုံပင်။
"မင်း ငါ့ကို မပွေ့ဖက်ချင်တော့ဘူးလား။"
ရေကူးကန်မှာ ချင်ရှန့်မှ ၎င်းတို့အိမ်ပြန်ရောက်ရင် သူ့အား ပွေ့ဖက်ပေးမည်ဟုပြောခဲ့သည်ကို ကျီဖေးရုတ်တရက်သတိရမိသွားသည်။
ကျီဖေးအသက်ပြင်းပြင်းရှူပြီး မော့ကြည့်လိုက်သည်။ ၀တ်ရုံသည် အနည်းငယ်ပွင့်ဟနေပြီး အောက်ဘက်ရှိလှပသောကြွက် သားလိုင်းများကို ပေါ်လွင်စေကာ အလွန်ဆွဲဆောင်မှုရှိသောပုံပေါက်သည်။
【ရေကူးကန်မှာ ရှပ်အင်္ကျီမဝတ်ဘဲ နေတာနဲ့ အပြင်ထွက်ရင် အင်္ကျီလက်တိုဝတ်တာနဲ့ ယှဉ်ရင် ၀တ်ရုံရဲ့စတိုင်ကလည်း ဆွဲဆောင်မှုရှိတာပဲ။】
ကျီဖေး၏အကြည့်အောက်တွင် ချင်ရှန့်၏ခန္ဓာကိုယ်သည် အမှန်တကယ်ပင် ပြေလျော့သွားခြင်းမရှိပေ။
ထိုအချိန်တွင် အိပ်ခါနီး ချင်မိသားစုဝင်များ- ဟမ်၊ ငါတို့ အခု လေးတင် တစ်ခုခုကြားလိုက်ရတာလား ??
ကျီဖေး နားလည်သွားပြီးနောက် သူမ၏လိုအင်ဆန္ဒများမြင့်တက်လာသည်ကို ခံစားလိုက်ရသည်။
【နှလုံးသားက ရဲရင့်လေ ပိုရိတ်သိမ်းနိုင်ပဲလေ။ သူ့ကိုယ်သူ ကမ်းလှမ်းလာပြီးမှတော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်လိုက်ရမယ်။ နေဦး ... ဒီ့ထက် ပိုပြီးတောင် ရဲရင့်နိုင်သေးတယ်။ 】
ချင်ရှန့် အပေါ်ယံတွင် တည်ငြိမ်သက်နေခဲ့သည်။
စိတ်အတွင်းမှာ- ပိုရဲရင့်မယ်။ သူ့ကို နမ်းချင်တာမျိုးလား ?
"ဒါဆို ရှင့်ကို ပွေ့ဖက်ပြီးအိပ်ချင်တယ်"
ချင်ရှန့် မျက်အိမ်များကျယ်လာပြီး သူ၏ခန္ဓာကိုယ်အပူချိန်သည်လည်း မြင့်တက်လာသည်။ သူ့အသံပင် လောင်ကျွမ်းလုမတတ်ဖြစ်သွားရသည်။
"ဟင် ?"
ကျီဖေးသည် အဓိပ္ပါယ်နှစ်ခွရှိကြောင်း ရုတ်တရက် သဘော ပေါက်လိုက်ပြီး
"ဒီလိုလေ ပွေ့ဖက်ထားပြီး ရိုးရိုးသားသားအိပ်ရုံပဲ။"
ရေကူးကန်မှအခြေအနေကို သူမ မှတ်မိသည်။
【ချင်ရှန့် ၏ရင်ခွင်ထဲတွင် ပွေ့ဖက်ခံရပြီးနောက် သက်သောင့် သက်သာရှိပြီး အေးချမ်းနေတာပဲ၊ အရင်က တခြားတစ်ယောက်နဲ့ အိပ်ဖို့မကြိုးစားဖူးဘူး။ ငါတကယ်ကြိုးစားကြည့်ချင်တယ်။ ငါက တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို မက်မောတာ မဟုတ်ပါဘူး၊ နေ့တိုင်း လှပတဲ့ချောမောတဲ့လူတစ်ယောက်နဲ့ လှပတဲ့နေ့လေးကိုနိုးထပြီး ဝမ်းဗိုက်ကြွက်သား ဘူဖေးနဲ့ အခွင့်ကောင်းယူဖို့လည်း သေချာပေါက်မဟုတ်ဘူး။]
[ဘာပဲဖြစ်ဖြစ်၊ ငါတို့နှစ်ယောက်လုံး အတူတူရှိနိုင်မလားဆိုတာ သိဖို့ကြိုးစားနေတာဆိုတော့ အတူတူအိပ်ဖို့သေချာပေါက် လိုအပ်တယ်။ စမ်းကြည့်ရုံပဲလေ။ ငါသူ့ကိုဘာမှမလုပ်ပါဘူး၊ ဒါကြောင့် သူ့ရဲ့ဖြူစင်တဲ့အချစ်ကို ငါဖျက်စီးနေတာ မဟုတ်ဘူး။]
ကျီဖေးသည် သူမ၏ ဆန္ဒများကို တရားမျှတသလို ကျိတ်လုပ်လိုက်သည်။
ချင်ရှန့် ကျီဖေးကို စိတ်လှုပ်ရှားစွာနှင့် ကူကယ်ရာမဲ့စွာသာ ကြည့်နေနိုင်တော့သည်။
သူက သူမကို အရာအားလုံး ပေးချင်ပေမယ့် ကျီဖေးက ရဲရင့်ပြီး သတိရှိခဲ့သည်။ ခံစားချက်မရှိသလို မဆင်မခြင် ပြုမူတတ်ပေမယ့် စိတ်ခံစားချက်နဲ့ပင် သူတို့ကို မြတ်နိုး၊ လေးစားပေးပြန်သည်။ တကယ့်ကို ဆန့်ကျင်ဘက်ပင်။
ချင်ရှန့်က သူ့နှုတ်ခမ်းတွေကိုပွတ်သပ်ပြီး ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။
ကျီဖေး အတွေးနွံ့နစ်နေတုန်း အခန်းထဲသို့ အတင်းပြန်ဆုတ်လိုက်ရသည်။
ချင်ရှန့် တစ်လှမ်းပြီးတစ်လှမ်း ဝင်လာပြီး နောက်ဆုံးတော့ တံခါးပိတ်သွားသည်။
တစ်ဖက်တွင် သူတို့နားကို သူတို့ရဲ့အိပ်ခန်းတံခါးမှာ ဖိထားတဲ့ ချင်မိသားစုဝင်များသည် စိတ်လှုပ်ရှားနေပြီး မျက်လုံးတွေ ဘလင်းဘလင်းတောက်ပနေခဲ့သည်။
သေချာနားထောင်ကြည့်ကြစမ်း‼️⁉️
အဖွဲ့ငယ်လေးထဲတွင်၊ ပါးပါးချင်၊ မားမားချင်နှင့် ချင်ရန်တို့ အားလုံးအော်ဟစ်နေကြသည်။ - ဒီည အတူတူအိပ်ကြမယ်‼️‼️
ချင်ကျောက်:‼️⁉️
ချင်ရုန်:‼️⁉️