← Chapters

အခန်း (၄၂၉)

Vol. 43 Ch. 429

အခန်း (၄၂၉)

Vol. 43 Ch. 429

ထိုစကားသည် မိန်းကလေးနှစ်ယောက်ကို ချက်ချင်းတောင့် တင်းသွားစေသည်။

ပတ်ဝန်းကျင်လည်း တခဏအတွင်းတိတ်ဆိတ်သွားသည်။

ယွီလုသည် လူတိုင်း၏တုံ့ပြန်မှုကိုမြင်ချိန် စိတ်မသက်မသာဖြစ်သွားသည့်ဟန်ဖြင့် "အိုး... ဆောရီးပါ မမလေးရယ်၊ တို့က စကားပွင့်ပွင့်လင်းလင်းပြောတက်လို့ပါ၊ ဘာအဓိပ္ပာယ်မှမပါပါဘူး၊ တို့ဒယ်ဒီက အရမ်းနာမည်ကြီးတဲ့ စိတ်ပညာရှင်တစ်ယောက်ဆိုတော့ တို့ကလည်း ဒယ်ဒီလိုမျိုး လူတွေကိုခန့်မှန်းနေတက်တာ၊ ဒါက ပရော်ဖက်ရှင်နယ်ရဲ့ အလေ့အထတစ်ခုလိုတောင်ဖြစ်နေပြီ ခစ်ခစ်"

တခြားသူများသည် ထိုမိန်းမငယ်လေးနှင့် ငြင်းခုံလိုစိတ်မရှိကြပေ။

"ရပါတယ်"

ချင်ကျားရှီသည် အခြေအနေကို အဆင်ပြေစေရန်သာ တွေးလိုက်သည်။ သူသည် မိသားစုထဲ အခြားသူများကိုခဏခဏအလျှော့ပေးတက်သဖြင့် ထိုအကျင့်ကိုပြင်ရန်ခက်ခဲနေသည်။

"ဒါဆိုနင်က EQ နည်းတဲ့ လူမျိုးပေါ့နော် ?" ကျီဖေး မဆိုင်းမတွထစ်ငေါ့လိုက်သည်။

ယွီလု အေးခဲသွားပြီး ကျီဖေးကို စိုက်ကြည့်လာကာ သူ့ မျက် နှာသည် အကျည်းတန်လာသည်။

တခြားသူများသည် ကျီဖေးကို တိတ်တဆိတ်လက်မထောင်ပြလိုက်သည်။ ကျီဖေးက တကယ်အကြောက်အလန့်မရှိတာပဲ

"နင်-"

"အိုး... ဆောရီးပါ မမလေးရယ်၊ တို့လည်း စကားပြောကိုပွင့်ပွင့်လင်းလင်းပြောတက်လို့နော်၊ ဘာအဓိပ္ပာယ်မှာမပါဘူး"

ကျီဖေးသည် ချင်ရှန့် ရင်ဘတ်ကိုမှီတွယ်ကာ လှောင်ပြောင်လိုက်သည်။

"ငါလည်း EQ နိမ့်တဲ့သူပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ငါ့ခင်ပွန်းက ငါ့ကို EQ မြင့်ဖို့ မလိုဘူးတဲ့လေ၊ ဘာလို့ဆို လူတိုင်းက ငါဘာလုပ်လုပ်လက်ခံပေးလို့လေ"

လူတိုင်းသည် တညီတညွှတ်တည်း သဘောတူကာ ခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ်၊ ငါတို့ အာ့စောင်ပြောသမျှကိုလက်ခံတယ်၊ သူက ငါတို့အိမ်တော်ရဲ့သခင်မလေ"

"ဒါဆို ငါက ငါ့ကိုယ်ငါပြောင်းလဲစရာ မလိုဘူး၊ ဒါပေမယ့် နင်ကတော့... အပြင်ထွက်တဲ့အခါကျရင် ချောင်းအရိုက်မခံရ အောင် သတိလေးဘာလေးထားပေါ့"

ကျီဖေး၏ ကြင်နာဟန်သတိပေးချက်ကြောင့် လူအများအပြားကို ရယ်မောသွားစေသည်။

ယွီလု ဒေါသကြောင့် မတ်တပ်ထရပ်လုနီးပါးဖြစ်သော်လည်း ချင်ဝမ်ရှန့်နှင့် ချင်ရှောင်ယွီတို့သည် သူ့အား ထလို့မ‌ရအောင် ဆွဲထားကြသည်။

"လူတိုင်းက နောက်နေကြတာပါ၊ ညီမလေး စိတ်ထဲမထားပါနဲ့"

ယွီလုသာ ထသွားလျှင် ၎င်းတို့သည် အသစ်ရောက်လာသူများကိုအနိုင်ကျင့်နေသည်ဟု ပြောလိုက်သလိုပင်။ သူတို့သည် ယွီလုအား အမှန်တကယ်ပင် သဘောမကျပေ။ အဖွားလု မျက်နှာကြောင့်သာမဟုတ်ပါက မည်သူမှ သူ့အား နှောက်ယှက်မည် မဟုတ်ချေ။

သူသည် ဒေါင်းတစ်ကောင်ပမာ မာနကြီးနေခြင်းမှာ သူ့ ဖခင်သည် စိတ်ပညာတွင် နာမည်ကြီးသောလူဖြစ်သောကြောင့်ပင်။ အဲ့တော့ ဘာဖြစ်လဲ ? အခုဒီမှာ ရှိနေတဲ့သူတိုင်းက သူ့ထက် ပိုပြီး အဆင့်အတန်းမြင့်တဲ့သူတွေပဲကို...

သူတို့သည် ခွဲခြားဆက်ဆံခြင်းမဟုတ်ပဲ ယွီလုသည် ပေါင်း သင်းဖို့အမှန်ပင်ခက်လှသည်။

ကျေးဇူးတင်စရာကောင်းသည်မှာ ကျီဖေးသည် သူ့နေရာ သူသိအောင် သင်ခန်းစာပေးခဲ့သည်။ သူတို့လည်း ကျီဖေးလိုလုပ်ချင်သော်ငြား သိပ်မရဲပေ။

ယွီလုသည် ကျီဖေးအားမထီမဲ့မြင် မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး သူ့ကို ကြည့်မရဖြစ်နေသည်ကို သတိမထားမိချေ။

ကျီဖေးလည်း သူ့အား သဘောမကျပေ။ သင်သာ တစ်ယောက် ယောက်ကို သဘောမကျပါက ထိုလူ့အကြောင်းကို သေချာစွာလေ့လာဖို့လိုပေသည်။

[ကောင်းပြီ၊ ငါ သူ့ကို သဘောမကျတာ မဆန်းပါဘူး၊ သူမက EQ နိမ့်နေတာမဟုတ်ပဲနဲ့ စိတ်အနှောက်အယှက်ဖြစ်ဖို့ ကောင်းနေတာ၊ သူက ကျောင်းမှာဆို လူဆိုးအဖွဲ့ရဲ့ခေါင်းဆောင်လိုမျိူး အဖွဲ့လိုက် တခြားသူတွေကို အနိုင်ကျင့်တက်တယ်၊ သူမ အဖေနဲ့ လူနာတွေရဲ့ ဆက်ဆံရေးကြောင့် သူက နိုင်ငံခြားက အထက်တန်းလွှာအသိုင်းအဝိုင်းမှာအနေအထားတစ်ခုရှိတယ်၊ ပြီးတော့ သူ့ အဖေ မိသားစုက ဆေးဘက်ဆိုင်ရာမှာ အဆက် အသွယ်တွေရှိတော့ သူတို့အုပ်စုကို ဘယ်သူမှ မထိရဲကြဘူး၊ သူက ပျားဘုရင်မလိုမျိုး ကျောင်းကို သူ့ပိုင်နက်ကြီးလိုလုပ်ပြီး လူတိုင်းကိုအနိုင်ကျင့်နေတာပဲ၊ အခု သူ ချင်မိသားစုက သခင်လေးတွေ သခင်မလေးတွေရှေ့မှာ ဇောင်းကြွနေတာ မအံ့ဩတော့ပါဘူး၊ ဒါ သူ့ အကျင့်ပဲကို]

ချင်ဒုတိယမိသားစုသာ ထိုအတွေးများကိုကြားနိုင်သဖြင့် တခြားသူများသည် ယွီလုနှင့် စကားစမြည်ပြောနေချိန် ၎င်းတို့သည် ဒရာမာကိုကြည့်ဖို့သာ အလုပ်ရှုပ်နေသည်။

သို့သော် ယွီလုစိတ်ထဲတွင်တော့ ချင်တစ်မိသားစုလုံးသည် ကျီဖေးညွှန်ကြားသည့်အတိုင်း သူ့ကို ဆန့်ကျင်ဖို့လုပ်နေသလိုပင်။

သူ့အကြည့်များသည် ချင်ရှန့်ဆီသို့ ရောက်သွားသည်။

သူ မြင်မြင်ချင်းချစ်မိသွားသည်မှာ ပထမဆုံးအကြိမ်ဖြစ် သည်။ သူ့ဘ၀တစ်လျှောက်လုံးတွေ့ဖူးသမျှ လူတွေထဲတွင် ထိုအမျိုးသားသည် မည်သူနှင့်မှ မနှိုင်းယှဉ်နိုင်ပဲ အကောင်းဆုံးထဲမှ အကောင်းဆုံးဆိုသည်ကို တစ်ချက်လောက်ကြည့်ရုံဖြင့်ပြောနိုင်သည်။

သူ ချင်ရှန့်ကို ချင်မိသားစုဓာတ်ပုံထဲမှာပင် မမြင်ဖူးချေ။ သူ့အကြောင်းကိုသာ ကြားဖူးသည်။ သူမ ဘဝသည် တောင့်တစရာမလိုပဲပြည့်စုံသည်။ သို့ဖြစ်ရာ နာမည်တစ်ခုတည်းကိုသာ သိသည့် အမျိုးသားကို သူ မည်သို့စိတ်၀င်စားမည်နည်း?

ယခုမူ သူ နောင်တရမိသည်။ ချင်ရှန့်သည် ဤမျှသာလွန်ကောင်းမွန်သော အသွင်အပြင်နှင့် ငယ်ရွယ်စဉ်ကပင် ချင်ကော်ပိုရေးရှင်းကို ဦးဆောင်နိုင်သည်အထိ အလွန်ပြီးပြည့်စုံသော သူမှန်းသိခဲ့ပါက သူ ချင်ဒုတိယမိသားစုထံအလည်အ ပတ်သွားရန် သူ့ မိခင်အား ချက်ချင်းတောင်းဆိုမိလိမ့်မည်။

ထိုဆိုလျှင် သူ ချင်ရှန့်နှင့် အတူကြီးပြင်းလာမည်သာ။ ဤနည်းဖြင့်ဆိုပါက သူနှင့် ရင်းနှီးဖို့အခွင့်ကောင်းယူနိုင်သည်။

ဒါပေမယ့်... အခုလည်း သိပ်မနောက်ကျသေးဘူးမဟုတ်လား? သူ့ဘ၀ရဲ့တစ်ခုတည်းသော ကန့်သတ်ချက်က မိထွေးမဖြစ်ဖို့ပဲမလား? သူ အဲ့လူကိုသဘောကျရင် အဲ့လူကိုရအောင်လိုက်မှာပဲ၊ မဟုတ်ရင် အသက်ရှင်ရတာက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ?

သူက ငယ်ရွယ်နုပျိုတယ်၊ လှပတယ်၊ ယောက်ျားတွေရဲ့စိတ် ကိုနားလည်တယ်၊ သူ သဘောကျရင် ဘယ်သူမှ သူ့လက်ထဲက လွှတ်မြှောက်မှာမဟုတ်ဘူး..

ယွီလုသည် ပေါ့ပါးသော ဂျာကင်အင်္ကျီကို၀တ်ဆင်ထားသော် လည်း ယခုပူလွန်းသဖြင့် နေရာတွင်သာ ချွတ်ပစ်လိုက်သည်။

ချက်ခြင်းဆိုသလို ဤနေရာရှိ အမျိုးသားများကသိကအောက်ဖြစ်သွားကြသည်။ ယွီလု၏၀တ်စားဆင်ယင်မှုသည် အနောက် တိုင်းဖက်ရှင်နှင့် လိုက်လျောညီထွေမှုရှိကာ အနည်းငယ်ရဲလွန်းသည်။

၎င်းတို့သည် မိန်းကလေး၏၀တ်စားဆင်ယင်ပုံကို ကဲ့ရဲ့ခြင်းမဟုတ်သော်လည်း သူမ၏တိုကပ်ကပ်နှင့် ချပ်ရပ်နေသော အ၀တ်အစားကြောင့် သူ့ ခန္ဓာကိုယ်ရှိ ကောက်ကြောင်းများကို အပြည့်အ၀ပြသနေပြီး အလွန်မသက်မသာဖြစ်မိသည်။

အထူးသဖြင့် သူမ ရုတ်တရက်ထရပ်ကာ ကော်ဖီစားပွဲကြီးပေါ်ရှိ တစ်ရှူးတစ်ရွက်ကိုလှမ်းယူလိုက်သောအခါတွင် သူ့ ခန္ဓာ ကိုယ်အား ဆွဲဆန့်လိုက်သလိုပင်။

သူ့ရှေ့တွင် ချင်ရှန့်နှင့် ချင်ကျောက်တို့ နှစ်ယောက်ထိုင်နေကြသည်။

ချင်ကျောက် သူ့ဖြူစင်မှုလေးပျောက်ဆုံးသွားသလို ခံစားရသည်။ သူ လုပ်ငန်းခွင်ထဲ ယခုလိုပုံစံမျိုး မကြာခဏကြုံတွေ့ရသောကြောင့် သူမ ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိသည်။ သို့သော် သူ့စိတ် သူ ထိန်းထားဖြင့် စိတ်ရောကိုယ်ပါ သန့်ရှင်းစွာနေသည်။

ထို့အပြင် သူမသည် သူ့အား လုံးဝသတိမမူမိသော တစ်စုံတစ် ဦးကိုပရောပရီလုပ်နေသော အကြည့်များဖြင့် ကြည့်နေခြင်းမှာ အလွန်ရယ်စရာကောင်းသည်။

သူ့ အာ့ကောက စကားစမြည်ပြောနေရင်တောင် သူ့မိန်းမဆီကနေဘယ်တော့မှ အကြည့်မလွှဲဘူးဆိုတာ သူ သတိမထားမိဘူးလား?

တစ်ခါတုန်းက သူ ချင်ရှန့်အား စိုက်ကြည့်ပြီး "ကော မရီးကို ကြည့်ရတာ မငြီးငွေ့ဘူးလား ?"

ချင်ရှန့်သည် သူ နားလည်မှာမဟုတ်ဟု ပြန်ပြောခဲ့သည်။ သူမကိုသာကြည့်နေပါက သူ့စိတ်တစ်ခုလုံးအေးချမ်းနေပြီး သူမ အမူအရာပြောင်းလဲမှု တစ်ခုချင်းဆီတိုင်းကို သူ မြင်နေရမှသာကျေနပ်ရောင့်ရဲတက်သည်။

၎င်းတို့ ရက်အနည်းငယ်ကြာအောင် အတူတူနေဖူးသဖြင့် ပတ် ဝန်းကျင်ရှိလူတိုင်း ထိုအရာကိုကျင့်သားရလာကြသည်။

သို့သော် ယွီလုသည် ကိုယ့်အရှက်ကိုခွဲနေခြင်းပင်။

မှန်းဆထားသလိုပင်၊ သူ ပြန်ထိုင်ပြီး မော့ကြည့်လိုက်ချိန် ချင်ရှန့်သည် သူ့ကို ကြည့်‌မနေကြောင်းတွေ့လိုက်သည်။

ထိုအစား ကျီဖေးသည်သာ သူမ... ရင်ဘတ်ကို စူးစိုက်စိုက်ကြည့်နေသည်။

[Fuck ! တကယ်အကြီးကြီးပဲ၊ အသက်လေးကဖြင့် ဆယ့်ရှစ်နှစ်နဲ့ ဘယ်လိုတောင်ဖြစ်နိုင်တာလဲ ? ဒါက သိပ္ပံနည်းကျမဖြစ်နိုင်ဘူး၊ လုံးဝ သိပ္ပံနည်းကျ မဟုတ်နိုင်ဘူး]

ချင်မိသားစုသုံးယောက် - မဟုတ်သေးဘူးလေ၊ မင်း တကယ့်ပြဿနာကိုပဲ အာရုံစိုက်စမ်းပါ!

[ခဏလေး၊ သူ ငါ့လောင်ကုန်းကို မြူဆွယ်ဖို့ကြိုးစားနေတာလား ?]

ချင်မိသားစုသုံးယောက်- ကျေးဇူးကြီးလှပါပေတယ် သခင်မကျီရယ်၊ မင်း နောက်ဆုံးတော့ သတိထားမိသွားပြီပေါ့

[ ငါ့ကို အဲ့လောက်တောင် အသုံးမကျဘူးထင်နေလား? သူကများ ငါနဲ့ တကယ်ပြိုင်ချင်နေတာလား ? ဟင့်အင်း ဒါက ငါ့အ ပြစ်မဟုတ်ဘူး၊ ငါက အရမ်းပြည့်စုံနေပြီ၊ တကယ်က ချင်ရှန့်က အရမ်းဆွဲဆောင်မှုရှိနေလွန်းလို့ပဲ၊ ဘယ်ပျားတိုင်းက ပန်း ပွင့်ကြီးကို မစုတ်ပဲနေချင်မှာလဲ]

ချင်မိသားစုသုံးယောက်- ...ဟုတ်တယ်၊ ဒါတွေအားလုံးက ချင်ရှန့်ရဲ့ အပြစ်ပဲ!

ကျီဖေး ရုတ်တရက်ခေါင်းကိုလှည့်လိုက်ချိန် ချင်ရှန့်နှင့် အ ကြည့်ချင်းစုံသွားသည်။ ထူးဆန်းသည်မှာ ကျီဖေး ချင်ရှန့်အားကြည့်တိုင်း သူ သူမအား အမြဲကြည့်နေသည်ကိုတွေ့ရသည်။

သူတို့ မျက်လုံးချင်းဆုံမိတိုင်း အကြောင်းအရာရေရေရာရာမရှိပဲ သူမ ပြုံးချင်နေသည်။ သူမ၏မကျေမနပ်မှုများသည် သူနှင့် မျက်လုံးချင်းစုံသည်နှင့် ချက်ချင်းပျောက်ကွယ်သွားရသည်။

ကျီဖေး နှုတ်ခမ်းများတွန့်ကွေးလာသောကြောင့် ချင်ရှန့်၏ နူးညံ့သော အပြုံးလည်းလိုက်ပါလာခဲ့သည်။

၎င်းတို့နှစ်ဦးသည် တစ်ယောက်ကို တစ်ယောက်သာစိုက်ကြည့်နေကြပြီး အခြားလူများကို လျစ်လျူရှုထားသောကြောင့် ယွီလု၏မျက်နှာသည် ဒေါသကြောင့်စိမ်းဖန့်သွားသည်။

ယွီလု စကားပြောသည်ကိုရပ်လိုက်ပြီး ဒေါသတကြီးဖြင့် ဖုန်းထဲစာရိုက်လိုက်သည်။ အဲ့ကျီဖေးက ချင်ရှန့်ကို ဘယ်လိုချုပ်နိုင်ခဲ့လဲဆိုတာ သူ ရှာဖို့ကိုလိုနေပြီ...

All Chapters