အခန်း (၄၀၂)
Vol. 41 Ch. 402
ကျီဖေး၏ကြိမ်းမောင်းသံကြောင့် ဒုတိယချင်မိသားစုအား စကားမဆိုနိုင်တော့ပေ။
အစတွင် သူတို့ ကျောက်ကျန်းဟယ်၏ ပြောင်ပြောင်တင်း တင်းဘက်လိုက်မှုကြောင့် အလှည့်စားခံရတော့မလို ဖြစ်သွားကြသည်။ သူအပြုအမူများသည် အလွန်တရားမျှတရှိသလို ပြုမူနေသည်ပင်။ သူတို့ ပဉ္စမဒေါ်လေးချင်မှာ အလွန်ကောင်းသော်လည်း အခြားမိန်းမမှာ ပိုပေးဆပ်နိုင်သကဲ့ပင် ထို့ကြောင့် ကျောက်ကျန်းဟယ် ရင်ခုန်သွားခြင်းဖြစ်လျှင် သူတို့မတတ်နိုင်ဘူးဟု တွေးခဲ့ကြသည်။
သို့သော် ယခု ကျီဖေးပြောသည်အား နားထောင်ပြီးနောက် သူတို့ လုံးဝဒေါသထွက်သွားကြသည်။
လူငယ်မျိုးဆက်သည် ဝင်မပြောနိုင်သော်လည်း ချင်ပါးပါးနှင့် ချင်မားမားတို့သည်တော့ ပြောလို့ရသည်။
ချင်ပါးပါးမှ အေးစက်စွာဖြင့် " ဟက်၊ ကျောက်ကျန်းဟယ် မင်း ကိုယ့်မျက်လုံးကိုလည်း သွားစစ်ချည်ဦး။ မဟုတ်သေးဘူး မင်းဦးနှောက်ကို သွားစစ်ချည်။"
သူမှားနေကြောင်းဆိုနေသည့် ချင်ပါးပါးအား ကျောက်ကျန်းဟယ် အံ့ဩစွာကြည့်လိုက်သည်။
"ငါ မင်းကို မေးပါဦးမယ်။" ချင်ပါးပါးဆက်ပြောသည်။
"ပဉ္စမညီမ အိမ်မှာတုန်းက အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ နာမည်ကျော်ကြားအောင်နေတယ်။ ဒါဆို သူက အဲဒီ့ 'အထက်တ်းလွှာအသိုင်းအဝိုင်း' ထဲ ရုတ်တရက် ဝင်ရောခဲ့တာက ဝါသ နာပါလို့လား ? ငါခန့်မှန်းကြည့်မယ် အဲ့ဒါ မင်းကြောင့် မဟုတ်ဘူးလား။"
ကျောက်ကျန်းဟယ်၏ အမူအရာသည် ရုတ်တရက်ပြောင်းလဲသွားသည်။
တတိယဦးလေးချင်သည် ဤကိစ္စများတွင် အာဏာရှိသည်။ "ငါ Gမြို့တော်ကို ပထမဆုံးအကြိမ် ရောက်တုန်းက ငါ့ဇနီးက ကူပြီး အဆက်အသွယ်ကွန်ရက်ကိုချဲ့ပေးခဲ့တာ။ ငါ ဒေသခံ မြွေတွေဆီကနေ အနှောက်အယှက်မခံရအောင် ဩဇာညောင်းတဲ့ လူတွေနဲ့ မိတ်ဆက်ပေးချင်ခဲ့တယ်။ ဒါပေမယ့် သူဝင်ပါပြီးတော့မှ ငါအခက်အခဲတွေပိုကြုံခဲ့ရတယ်။ ငါက သူပျော်တာကိုပဲလုပ်စေချင်တာတာ။ ဒါပေမယ့် သူလုပ်ပေးခဲ့တာ အားလုံးကိုလည်း ကျေးဇူးတင်ခဲ့တယ်။”
စတုတ္ထဦးလေးချင်သည် ဓားပျော့အားကိုင်ဆောင်ထားသူဆိုပါလျှင် တတိယဦးလေးချင်သည် ဓားထက်ထက်အားသုံးသူဖြစ်သည်။ သူ ပြတ်ပြတ်သားသားပင် ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။
"ဒါဆို မင်းရဲ့ လုပ်ငန်း အခုလိုလုံခြုံနေတာက ငါ့ညီမရဲ့ လူမှု ဆက်ဆံရေးနဲ့မပတ်သက်ဘူးလား ?”
ဤတစ်ကြိမ်တွင် ကျောက်ကျန်းဟယ်၏မျက်နှာမှာ လုံးဝ ဖြူဖျော့သွားသည်။ ထိုအမျိုးသမီးများ နောက်ကွယ်မှအမျိုးသားများသည် အမှန်တကယ်အစွမ်းထက်ပြီး အလင်းတွင်သာမက အမှောင်တွင်ပါ အချိတ်အဆက်များရှိကြောင်း သူ ဝန်ခံရမည်သာ...
"ဘာက ပိုပြီး ရယ်စရာကောင်းလဲသိလာ။” မားမားချင် အေးစက်စွာ ဝင်ပြောလိုက်သည်။
“နင်ပြောသလိုဆို ငါတို့မိသားစုက ညီမက ဖုန်းလေးဆက်ရုံပဲပေါ့။ အသေးစိတ်တော့ မသိပေမယ့် နင်အန္တရာယ်ရှိနေတာကို သိရင် ကောင်းကောင်းစား ကောင်းကောင်းအိပ်နိုင်ပါ့မလား။ ပြီးတော့ နင်လွတ်လာတော့ အခြားသူက နင့်အတွက် အသက်စွန့်ဝံ့တယ်ဆိုတာချည်းပဲ။ အိမ်က ကိစ္စတွေအားလုံး ဘာလို့တည်ငြိမ်နေတယ်။ ကုမ္မဏီက ဘာလို့အဆင်ပြေနေသေးတယ်ဆိုတာ စဥ်းစားကြည့်ဘူးလား ? ကယ်ဆယ်ရေးအဖွဲ့တွေသာ သေချာမကယ်ဆယ်ပေးခဲ့ဘူးဆိုရင် နင်တို့ကို မြန်မြန်ကယ် ဆယ်ပေးနိုင်ခဲ့မယ်ထင်လား။”
ပဉ္စမအဒေါ်ချင်အားစိုက်ကြည့်ရင်း ကျောက်ကျန်းဟယ် မျက် လုံးများသည် မသေချာမရေရာမှုမျာ ဖြတ်ပြေးသွားသည်။
အကြီးဆုံး ခဲအိုတောင် မနေနိုင်ဘဲဝင်ပြောလိုက်သည်။
"အဲဒီနေရာမှာ signalက ဆိုးဆိုးဝါးဝါးကို မမိလောက်ဘူး။ အဆက်အသွယ် မပြတ်အောင် တော်တော်လေးကြိုးစားရမယ်။ သူ မင်းကို မြန်မြန်ကယ်တင်ချင်လို့ တော်တော်ကြိုးစားပြီး ပြင်ပအကူအညီတွေတောင် တောင်းရလောက်တယ်။ ဟုတ်မယ်မလား ? သူကိစ္စတွေအကုန်ပစ်ချပြီး မင်းကို ဘာလို့လာမကယ်ခဲ့လဲ ဆိုပြီးအပြစ်တင်နေတယ်။ ငါတို့ ပဥ္စမညီမက ကိစ္စတွေကို နှောင့်နှေးကျန့်ကြာအောင်လုပ်မယ့်သူမဟုတ်ဘူး”
ကျောက်ကျန်းဟယ် မျက်နှာသည် အစိမ်းရောင်ပြောင်းသွားသည်။
“ဟန်နီ၊ အဲ့လောက်ကြီး မကြမ်းပါနဲ့။” အန်တီကြီးပြုံလိုက်သည်။
“သူ့အငယ်အနှောင်းက စူပါမန်းလို သူ့ကိုအချစ်တွေနဲ့ကယ်ထားတာကို ဟုတ်တယ်မလား ? နာကျင်မှာတောင် မကြောက်ဘူးလေ။ ဒါပေမယ့် ငါအံ့သြသွားတာက… ငါ့ညီမက ပင်ပင်ပန်းပန်းနဲ့ ကယ်ဆယ်ဖို့ ပြင်ဆင်နေတုန်း နင်နဲ့ သူနဲ့က ဘာတွေလုပ်နေကြတာလဲ။ ထာဝရအချစ်ကိုများ ကျိန်ဆိုနေကြတာလား။ အချင်းချင်း သက်တောင်သက်သာနဲ့ ပွေ့ဖက်ပြီး အံ့အားသင့်စရာတွေဖြစ်လာမယ်ဆိုပြီးစောင့်နေကြတာလား။”
[အပြတ်အသတ် ချေမှုန်းပစ်လိုက်တာပဲ။ နားထောင်ရတာအား ရလိုက်တာ။ ထက်မြက်တဲ့လူတိုင်းက ရှင်းရှင်းလင်းလင်းသိတယ်—ကျောက်ကျန်းဟယ်လိုကန်းနေပြီး တုံးနေတဲ့ကောင်မျိုးက ဒီလိုအပြောနဲ့ အရိုက်အနှက်ခံသင့်တယ်။ ထိုက်တန်တယ်!]
ချင်ပါးပါး၊ချင်မားမားနှင့် ကျီဖေးတို့ စိတ်ထဲမှတိတ်တိတ်လေး လက်ခုပ်တီးလိုက်ကြသည်။ ကျေးဇူးတင်စရာပင် သူတို့ သံသ ယများ ဖော်ထုတ်ခဲ့ပြီးနောက် အခြားသူများသည်လည်းလိုက် ပါပြောဆိုကြသည်။ မဟုတ်လျှင် သူတို့ညီမ ယုံကြည်ချက်မဲ့စွာကျန်ခဲ့လိမ့်မည်။
ထိုအချိန် ကျောက်ကျန်းဟယ်သည် ထိုနေ့ရက်များအားပြန်တွေးပြီး အခက်အခဲများအားပြန်မစဥ်းစားပဲမနေနိုင်တော့ချေ။ စိတ်ပိုင်းဆိုင်ရာ နှောင်ဖွဲ့ခဲ့ကြသည်။ သူမ အလွန် နူးညံ့သိမ်မွေ့သော်လည်း သူ့အတွက်ဝေဒနာခံစားပေးခဲ့သည်။ ယောက်ျားတစ်ယောက်အနေဖြင့် သူမည်သို့ စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း ?
သို့သော် လူတိုင်းပြောသည့်စကားများသည်လည်း အဓိပ္ပာယ်ရှိသည်။ သို့တိုင် သူတို့စကားများသည် ချဲ့ကားပြောဆိုနေသည်ဟု သူခံစားရသည်။ သူတို့ အသက်ရှင်ရန် ရုန်းကန်ခဲ့ရသည်မှာ အဓိကဇာတ်လမ်းဖြစ်ပြီး ယုလုပ်ခဲ့သည်မှာ ရင်ထဲထိသော် လည်း အသက်ပေးနိုင်သည်ထိ အရေးကြီးသော အရာမဟုတ်ပေ။
သူ မရှိရင်တောင်မှ တခြားတစ်ယောက်မှကယ်တင်လိမ့်မည်။ သို့သော် သူ့အတွက် အရာအားလုံးကို စွန့်စားလိုစိတ်ရှိသူမှာ တစ်ယောက်တည်းသာ။
မည်သူမှ ဤကဲ့သို့စိတ်ပျက်အားငယ်မှုမျိုးအား မကြုံဖူးသော ကြောင့် သူတို့က ပေါ့ပေါ့ပါးပါးပြောနိုင်ကြခြင်းဖြစ်သည်။
"ငါ... ငါ ယုအများကြီးလုပ်ပေးခဲ့တာ ငါ သိပါတယ်။ ငါမငြင်းပါဘူး၊ ဒါပေမယ့်... ငါအရာအားလုံးကို အဆုံးရှုံးခံပြီး အစက ပြန်စလို့ မရဘူးလေ။ ငါသူ့ကို တည်ငြိမ်တဲ့ ဘဝတစ်ခုပေးဖို့လိုတယ်။ အနည်းဆုံးတော့ ကုမ္ပဏီအဖွဲ့တစ်ဖွဲ့ကိုထားခဲ့လိုက်ပါ-- မင်း တခြားဟာ အကုန်ယူသွားလို့ရတယ်။" ကျောက်ကျန်းဟယ် အရှုံးပေးတဲ့လေသံနှင့်ပြောလိုက်သည်။
ပဉ္စမမြောက်အန်တီချင် မျက်လုံးများ အနည်းငယ်နီရဲလာခဲ့သည်။
"နင်က တကယ်ကို တော်တော်လေး ရိုမန်တစ်ဆန်နေတယ်ပေါ့ ဟုတ်လား? ငါ..."
[အာ့။ စိတ်မပျော့သွားနဲ့နော်။ ဘာလို့သူတို့ကို အကုန်လုံးပေးရမှာလဲ။ ကုမ္ပဏီမထိမခိုက်ရှိနေသေးသရွေ့ ကျောက်မိသားစုက လွယ်လွယ်လေးပြန်တည်ဆောက်ပြီး အကုန်ပြန်ရယူလို့ရတယ်။ သူတို့ကို သက်တောင့်သက်သာနေခိုင်းလည်း ကိုယ့်ပဲ ပိုသနားစရာကောင်းသွားမှာ။ မိန်းမတစ်ယောက်က ကိုယ့်အခြေ အနေကိုယ်ထိန်းနိုင်ဖို့ အညှာတာကင်းမဲ့မှရမယ်။]
ပါးပါးချင်နှင့် မားမားချင်သည် ဤသည်ကို ကြားသော်လည်း ဝင်ပြောရန် တွန့်ဆုတ်နေမိသည်။ ဤသည်မှာ ပဉ္စမ အန်တီချင် ဆုံးဖြတ်ရမည့် ကိစ္စဖြစ်သည်။ သို့သော် ကျီဖေး စကားများအရ ပဉ္စမအဒေါ်ချင်မှ သူအားလွတ်ပေးရန်ကြံနေပုံပင်။
သူတို့ တွေးနေစဥ်မှာပင် ရုတ်တရက် အသံတစ်သံမှဝင်ပြောလာသည်။
“အမေ၊ ဖေဖေ တောင်းတာ အရမ်းနည်းပါတယ်၊ အမေသဘောတူလိုက်ရင် နဲနဲယုတ္တိမရှိဘူးဖြစ်မနေဘူးလား ?”
【Huh?】
ကျီဖေးအံ့အားသင့်သွားကာ လှည့်ကြည့်လိုက်ချိန်တွင် ချင်ဝမ်းကွဲများနှင့် အတော်လေးဆင်တူသည့် လူငယ်တစ်ဦးအားတွေ့လိုက်ရကာ အားလုံးလိုပင်ချောမောသည်။ သူသည် ကျိုးကြေတော့မတတ် နူးညံသည့် အမျိုးသမီးတစ်ယောက်အား ကူညီပြီးတွဲပေးထားသည်။
ထိုအမျိုးသမီးသည် ရှည်လျားလှသည့် ဆံပင်နှင့် တိတ်ဆိတ်ငြိမ်သက်သည့် အခန်းထဲရှိ daffodil ပန်းတစ်ပွင့်လိုပင် အဖြူစွတ်စွတ် ဝတ်စုံအားဝတ်ဆင်ထားသည်။
ထိုအချိန်တွင်၊ လုယွမ်ချင်၏မျက်လုံးများသည် နီရဲ၊ရောင်ရမ်းနေသည်။
ပဉ္စမမြောက်အန်တီချင် သူ့ဒဏ်ရာအကြောင်း မေးမည်ကြံချိန်တွင် ကျောက်ကျန်းဟယ်ဖြတ်ပြောလိုက်သည်။
"မင်း ဒဏ်ရာရထားတာလား ?" ကျောက်ကျန်းဟယ် ရုတ်တ ရက် မေးလိုက်သည်။
အနားရှိလူတိုင်း ထူးဆန်းသည်ထင်လိုက်ကြသော်လည်း လုယွမ်ချင်သည် ပဉ္စမအဒေါ်ချင်အနား အပြေးသွားနေသော ကြောင့် လူတိုင်း လျင်မြန်စွာအာရုံပြောင်းသွားခဲ့သည်။
"နင် တကယ် ကွာရှင်းချင်တာလား။ ဒီနှစ်တွေအကြာကြီး အတူရှိလာကြတာကို ဘယ်လို့လုပ်ထွက်သွားဖို့အကြောင်းကို ပြောရက်ရတာလဲ။ စိတ်မြန်လက်မြန်မလှုပ်ပါနဲ့− ချမ်းသာတဲ့ မိသားစုတွေက ဒီလိုအဖြစ်မျိုးကြုံကြရတာပါပဲ။”
သူမနှင့် ရင်ဆိုင်လိုက်ရပြီးနောက် ပဉ္စမအဒေါ် ချင်၏အမူအ ရာမှာ အနည်းငယ်ပျော့ပြောင်းသွားသည်။
"နင်ငါ့ကို စိတ်ပူနေတာ သိပါတယ်။ ဒါပေမယ့် ငါ ဒီလိုဆက်မသွားချင်တော့ဘူး။”
သို့သော် လုယွမ်ချင်သည် ကျောက်ကျန်းဟယ်ဘက်လှည့်ကာ "ကျောက်ကော ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး!"
ကျောက်ကျန်းဟယ်၏မျက်နှာသည် ခါးသီးနေသော်လည်း ခေါင်းမာစွာပင် “ငါ သူ့ကို အိမ်တစ်ခုပေးချင်တယ်။”
လုယွမ်ချင် မျက်ရည်များစီးကျလာသည်။
"မား ကွာရှင်းချင်တာကို ကျွန်တော် မကန့်ကွက်ပါဘူး။ ဒါပေမယ့် စောစောက ပြောခဲ့တဲ့ပိုင်ဆိုင်မှုခွဲဝေတာကိုတော့ သဘောမတူဘူး။” ကျောက်ချန်လဲ ရှေ့တိုးလာကာ သူထင်မြင်ချက်အားပြောလာသည်။
【တော်တော်လိမ္မာတဲ့သား။ ပုံမှန်ဆို သားတွေက အမေတွေကို ပိုသနားကြင်နာကြတာမဟုတ်ဘူးလား】
ချင်ရှန့်နဲ့ ချင်ကျောက်တို့ သူတို့ အမေဘေးကပ်လိုက်ကာ သူတို့သည် ထိုသို့သောလူမျိုးမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းပြလိုက်သည်!
【တစ်ခုခုတော့ မှားနေသလို့ပဲ။ ဒီသားနဲ့ ဒီအချစ်ဆုံး သူငယ် ချင်း။ တစ်ခုခုထူးဆန်းနေသလို ခံစားရတယ်။ ဒီအတိုင်း သာမာန် ကွာရှင်းမှုပဲလား ? ငါစစ်ဆေးကြည့်ရမယ်။ 】