← Chapters

အခန်း (၁၀၆)

Vol. 11 Ch. 106

အခန်း (၁၀၆)

Vol. 11 Ch. 106

Weib oကျသွားချိန်တွင် ယန်ဟုန်၏အေးဂျင့်သည် သူ့ဖုန်းအား refresh လုပ်နေသည်။ ထို့ကြောင့် ထူးထူးခြားခြားမည်သည့်အရာမှ သတိမထားမိဘဲ အပြန်ခရီးကို စီစဉ်ရန်ထွက်သွားလေသည်။

ရှုမုန့် လက်ထောက်သည် သူ၏အလုပ်ရှင်အား အကာအ ကွယ်ပေးခဲ့သော်လည်း ထိုအချိန်တွင် ဖေးမင်ရွမ်သည် အခြားသတင်းများကို ဂရုမစိုက်ဘဲ အွန်လိုင်းမှ troll များအား တိုက်ခိုက်ရန် စီစဉ်နေဆဲဖြစ်သည်။

ထို့ကြောင့် ယခုအချိန်တွင် စွင်းမိုသည် ဖေးမင်ရွမ်ထံသို့ အေးဆေးတည်ငြိမ်စွာချဉ်းကပ်နေပြီး သူ၏ မနှစ်မြို့ဖွယ်အမူအရာများအားမြင်လိုက်ရသဖြင့် ဖေးမင်ရွမ်သည် သူတို့လုပ်ဆောင်ခဲ့သမျှကိုနားလည်နေပြီဖြစ်သည်ကို သူ သိလိုက်သည်။

စွင်းမို အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံရသော် လည်း “မင်ရွမ်၊ ငါ မင်းနဲ့ စကားပြောဖို့လိုတယ်၊ ခဏလောက်ထွက်လာခဲ့ဦး"

ဖေးမင်ရွမ်သည် ဖီးနစ်နှင့်တူသောမျက်လုံးများဖြင့် အေးစက်စွာစိုက်ကြည့်လိုက်ရာ သူ၏စူးရှသောအကြည့်များက စွင်းမိုအား စိတ်မသက်မသာဖြစ်စေသည်။

"ငါ နင့်ကို အပြစ်တင်နေတယ်လို့ နင်ထင်တဲ့အတွက် ဒါကိုလုပ်ဖို့စိတ်ကူးရှိတယ်၊ ဒါဆို နောက်တစ်ခေါက်ထပ်လုပ်လိုက်လည်း ပြဿနာမရှိဘူးမဟုတ်လား ?"

စွင်းမို၏အမူအရာသည် ရုတ်ခြည်းပြောင်းလဲသွားပြီး သူ့မျက်လုံးများလှည့်ပတ်ကာ ဖေးမင်ရွမ်မှ ဤမျှလောက် လူများစွာ၏ရှေ့တွင် ဒါကိုမည်သို့ပြောနိုင်သနည်းဟု အံ့ဩသွားသည်။

သူ ဖေးမင်ရွမ်အား မသက်မသာစိုက်ကြည့်ရင်း "အပြင်မှာ သွားပြောရအောင်။"

သို့သော် ဖေးမင်ရွမ်က အေးစက်စက် ရယ်မောလိုက်ကာ “မလိုဘူး။ ဒီစာချုပ်ရပ်စဲရေးသဘောတူညီချက်မှာလက် မှတ်ထိုးလိုက်ပါ၊ အခုကစပြီး ငါတို့ရဲ့သီးသန့်လမ်းတွေဆီ ခွဲပြီးသွားမယ်။ ဇာတ်ညွှန်းလွှဲချတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ချေပဖို့အတွက် လူသိရှင်ကြားထုတ်ပြောတာမျိုးလုံးဝကိုမလုပ်ဘူးလို့ ငါ အာမခံတယ်။"

စကားပြောနေရင်း ဖေးမင်ရွမ်သည် သူ့အိတ်ထဲမှအသစ်ပြင်ဆင်ထားသည့် ရပ်စဲရေးသဘောတူညီချက်စာချုပ်ကိုဆွဲထုတ်ပြီး စွင်းမို၏ရှေ့တွင်ထားလိုက်သည်။

ထိုစကားလုံးများကြောင့် ပရိတ်သတ်အားလုံး စူးရှစွာ အသက်ရှုကြပ်သွားကြသည်။ ကိစ္စတွေက စာချုပ်ဖျက် သိမ်းရလောက်တဲ့အထိအရှိန်အဟုန်မြင့်လာတာလား?

ဒီအချိန်မှာတော့ စွင်းမိုမှ သူ့အေးဂျင့်၏ခံစားချက်အား ထိခိုက်သွားစေခဲ့သည်။

အဆုံးတွင် ယခင်ကဇာတ်ညွှန်းပြောင်းလိုက်ခြင်းနှင့် ပတ်သတ်၍ အေးဂျင့်စိတ်ရှုပ်နေမှန်းသိသော်လည်း စွင်းမို နားမထောင်ခဲ့ပေ။

ယခုတော့ သူပြိုင်ပွဲအားရှုံးနိမ့်ပြီး လူတိုင်း၏လှောင် ပြောင်ခြင်းကိုခံနေရသောကြောင့် စွင်းမို၏မျက်နှာကို ကယ်တင်ရန်အပြစ်ကို လွှဲချလိုက်ခြင်းမှာ အဆင့်အတန်းမရှိလှပေ။

၎င်း၏အေးဂျင့်သည် စွင်းမိုကို ဤကိစ္စနှင့်ပတ်သတ်၍ မဆွဲထုတ်ဘဲ ၎င်းတို့၏အတိတ်ဆက်ဆံရေးကိုထောက် ထားကာ လမ်းခွဲရန်စီစဉ်နေခြင်းဖြစ်သည်။ သစ္စာရှိပြီး ဖြောင့်မတ်သည်ဟု ယူဆနိုင်သည်။

သို့သော်...

မက်ဆေ့ခ်ျအသစ်များ အဆက်မပြတ်ထွက်ပေါ်လာသဖြင့် လူတိုင်းသည် လက်ထဲမှဖုန်းအားကြည့်ရန် ကို့ရို့ကားယား ခေါင်းငုံ့လိုက်ကြပြီး လူသုံးယောက်ဝင်လာသောအခါတွင်မူ မော့ကြည့်လာကြသည်....သူတို့ အဲ့ဓာတ်ပုံတွေကို မတွေ့ ရသေးဘူးလား ?

ဒီအချိန်သည် စာချုပ်ဖျက်သိမ်းဖို့အတွက် စိုးရိမ်နေရမယ့်အချိန်လား ?

ယန်ဟုန်: ထူးဆန်းလိုက်တာ? ဘာလို့ လူတွေအများကြီး ငါ့ကိုကြည့်နေ ကြတာလဲ?

ရှုမုန့်: ထူးဆန်းတယ် ? လူတွေအများကြီး ငါ့ကို ခိုးကြည့်နေတဲ့ပုံပဲ။

[မထူးဆန်းပါဘူး၊ သူတို့ တကယ် နင့်ကိုကြည့်နေတာ၊ ဟားဟား။]

ချင်မိသားစုဝင်များသည် စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့် အပြန်ပြန်အလှန်လှန်လှည့်ပတ်ကြည့်ရင်း သူတို့ အမူအရာများ မည်သည့်အချိန်တွင် ပြောင်းလဲသွားမလဲ သိချင်နေကြသည်။

စွင်းမိုသည် သူ့ပတ်ဝန်းကျင်မှ အခြေအနေအားသတိမထားမိဘဲ တုန်လှုပ်သွားပြီး "ဖေးမင်ရွမ်၊ လိုအပ်လို့လား ? ဒါ ပထမဆုံးအကြိမ်မဟုတ်ဘူး... မင်း ဒေါသထွက်တာနဲ့ စာချုပ်ကိုအပြီးတိုင် ဖြတ်သိမ်းချင်နေတာလား?"

ဖေးမင်ရွမ်က သူ့မျက်လုံးကိုလှိမ့်လိုက်ပြီး "ငါ အရင်က စာချုပ်ကိုဖျက်သိမ်းဖို့ပြောခဲ့ပေမယ့် လျစ်လျူရှုခဲ့တယ်နောက်တော့ ငါ ပြင်ဆင်ဖို့သွားခဲ့တယ်။ ငါ့ အပိုင်းကို ငါ လက်မှတ်ထိုးပြီးသွားပြီ။ အခု နင်လက်မှတ်ထိုးဖို့ပဲကျန်တော့တာ၊ ပြီးရင် သဘောတူညီချက်က အသက်ဝင်လာလိမ့်မယ်။ ငါ ဒေါသကြောင့် လျှောက်လုပ်နေတယ်လို့ ထင်နေသေးတာလား ?"

စွင်းမို အံ့အားသင့်သွားသည်။

သို့ပေမဲ့ ဖေးမင်ရွမ်က သူ့ဘာသာသူဆက်ပြောလာသည် "ဖျက်သိမ်းလို့မရတဲ့ အခြားစာချုပ်တွေကတော့ ဥပဒေစည်းမျဉ်းတွေအရ ဖြည်းဖြည်းချင်းကိုင်တွယ်ဖြေရှင်းလို့ ရပါတယ်။ ငါ့ဘက်က ဆုံးရှုံးမှုမှန်သမျှကိုကျေကျေနပ်နပ်ကြီး ခံနိုင်ရည်ရှိတာမို့လို့ အခုချက်ချင်း ငါတို့ရဲ့လုပ် ငန်းခွင်ဆက်ဆံရေးကို ရပ်တန့်လိုက်ကြရအောင်။"

[Pff pff pff ဖေးကျဲ နောက်တစ်စက္ကန့်တောင် ထပ်မနေနိုင်တော့ဘူးဆိုတာ ငါ သိတယ်]

ချင်မိသားစု- အမှိုက်ကို တတ်နိုင်သမျှ အမြန်ဆုံးစွန့်ပစ်လိုက်သင့်တယ်။

ပြီးနောက် ဖေးမင်ရွမ် ဘောပင်ထုတ်ပြီး စွင်းမို၏မျက် နှာရှေ့တည့်တည့်မှာပင် ထားလိုက်သည်။

"မင်း... မင်း တကယ်လုပ်ချင်တာလား ? မင်း ငါ့ကိုသည်းမခံနိုင်တော့ဘူး ပြီးတော့..."

စွင်းမို သူ့ဘေးမှ ရှုမုန့်အား စိုက်ကြည့်လိုက်သည်။

[...ငါ့ကောင်ရေ၊ နင့်နာမည်က narcissism လား။](narcissism=အတ္တပေမဝါဒ၊ အတ္တကြီးပြီး မိမိကိုယ်မိမိသာ ချစ်မြတ်နိုးသူ)

ချင်မိသားစု- ဒါက Narcissistic personality disorder ပဲ၊ (မာန်မာနလွန်ကဲသော စိတ်ရောဂါတစ်မျိုး)

ဖေးမင်ရွမ်၏နှုတ်ခမ်းသည် ရွံရှာမှုကြောင့် တွန့်သွားပြီး မယုံနိုင်စွာပြောလိုက်သည်။

"ငါ နင့်ကို သဘောကျပြီး သဝန်တိုနေတာလို့ နင် ထင်နေသေးတာလား ? နင့်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်း အရမ်းကောင်းမှန်း ငါ မသိခဲ့ဘူး။ ငါကတော့ နင့်ရဲ့ အတွေးတွေက ငါ့ကို ရွံရှာစေတယ်လို့ပဲပြောနိုင်တယ်။]

[ကျစ် ၊ ဘာကြောင့် ဒီလို ကြမ်းတမ်းတဲ့ အမှန်တရားတွေကို လူတွေအများကြီးရှေ့မှာ ထုတ်ပြောလိုက်ရတာလဲ။ မစ္စတာဂုဏ်မောက်သူကြီးရဲ့ မျက်နှာကို ဂရုမစိုက်ဘူးလား ?]

ချင်မိသားစု- Pff pff pff!

ကြည့်ရှုသူများသည် သူတို့ကိုယ်သူတို့ အလုပ်ရှုပ်နေဟန် ဆောင်နေကြသော်လည်း ၎င်းတို့၏ နားရွက်များအားမစွင့်ထားဘဲမနေနိုင်ကြချေ။

ထပ်ပြောအုန်း၊ ထပ်ပြောအုန်း! တစ်ယောက်ယောက် တံခါးပိတ်ထားပေး သူတို့ကိုထွက်မသွားစေနဲ့၊ မင်း ဖရဲသီးကို တစ်ဝက်ပဲစားလို့ဝမှာမဟုတ်ဘူး။

Stage အနောက်ဘက်က အတင်းအဖျင်းပြောဖို့ အကောင်းဆုံးနေရာပဲ!

စွင်းမို၏မျက်နှာသည် နီရဲနေရာမှ ချက်ချင်းအရောင်ဖျော့သွားသည်။ အရှက်တရားနှင့် ဒေါသများ ပြည့်နှက်နေပြီး "မင်း… အဲ့တာက သဝန်တိုတာမဟုတ်ဘူးဆိုရင် ဘာဖြစ်တာလဲ? မင်း အရင်က ငါ့ အတွက် ရှင်းရှင်းလင်း လင်းကို အများကြီးလုပ်ပေးခဲ့တာ။ မင်း စာချုပ်တွေ ညှိနှိုင်းရင်း အစာအိမ်ထဲက သွေးထွက်တဲ့အထိသောက်ခဲ့တယ်၊ ငါ့ အတွက်အခွင့်အရေးတွေရဖို့ ထုတ်လုပ်သူတွေဆီ နေ့တိုင်းမအိပ်ဘဲသွားခဲ့တယ်။ ငါ ဘယ်လောက်ဘဲခက်ခဲနေပါစေ မင်း ငါ့ကို နှစ်သိမ့်ပေးဖို့အတွက် အမြဲ တမ်းရှိနေပေးတယ်။ မင်း..."

စွင်းမို စကားပြောနေရင်း တဖြည်းဖြည်းငြိမ်သွားသည်။

တခြားသူများသည် တအံ့တသြနားထောင်နေခဲ့ကြသည်။ ဒီတော့ ဖေးမင်ရွမ် သူ့အတွက် အများကြီးလုပ်ပေးခဲ့တယ်၊ စွင်းမို သူ့ကို ဒီလိုမျိုးဆက်ဆံရတာ သူ တကယ်ကို အသဲနှလုံးမရှိဘူးပဲ။

"နင့်ကို ခံစားချက်တွေရှိနေလို့ ငါ ဒီလိုလုပ်ခဲ့တာလို့ တကယ်ထင်နေတာလား?"

ဖေးမင်ရွမ်က မာနကြီးစွာရယ်မောလိုက်သည်။

"ငါက ခွေးတစ်ကောင်ကို သရုပ်ဆောင်တစ်ယောက်ဖြစ်အောင်လေ့ကျင့်ပေးနေတယ်ဆိုရင်တောင်မှ ဒါက ငါ့ရဲ့ အသက်မွေးဝမ်းကြောင်းမို့လို့ အဲ့လောက်တော့ အားစိုက်ထုတ်ရမှာပေါ့၊"

စွင်းမိုသည် လွန်စွာအရှက်ကွဲသွားပြီး ဒေါသထွက်စွာ မတ်တပ်ရပ်ကာ ခြေတစ်လှမ်းဆုတ်သွားခဲ့သည်။

[ကျဲ၊ နင် ဒီလောက် ရက်စက်မှရမှာလား၊ ခွေးသရုပ် ဆောင်ကတောင် သူ့ ထက်ပိုပြီး ကျွမ်းကျင်အုန်းမယ်၊ အရှုပ်အရှင်းတွေ ဘယ်တော့မှဖြစ်မှာမဟုတ်ဘူး ပြီးတော့ ပိုင်ရှင်ကိုဘယ်တော့မှ နောက်ကျောဓားမထိုးဘူး]]

ချင်မိသားစု : ... မင်းတို့ထဲက ဘယ်သူကပိုဆိုးတယ် ဆိုတာ မပြောနိုင်တော့ဘူး။

"ငါ့မျက်လုံးထဲမှာတော့ နင်က အသုံးဝင်နိုင်တဲ့ကိရိယာတစ်ခုဖြစ်ခဲ့ဖူးတယ် ဒါပေမဲ့ အခုတော့ နင်က ဘာမှမဟုတ်တော့ဘူး။ ငါ နင့်နောက်မလိုက်ချင်တော့ဘူး၊ နင်နဲ့ တစ်စက္ကန့်လေး ချည်နှောင်ထားရင်တောင် ငါ့ကို စိတ်မသက်မသာဖြစ်စေတယ်။ အဲ့ဒါကြောင့် မြန်မြန်လက်မှတ် ထိုးလိုက်၊ မဟုတ်ရင် နင်လိမ်နေတယ်ဆိုတာသက်သေ ပြဖို့ ငါ့မှာ အထောက်အထားတွေအများကြီးရှိတယ်ဆိုတာ သတိရ !"

စွင်းမို၏မျက်နှာအရောင်သည် တစ်လွှာပြီး တစ်လွှာမှိန်ကျလာပြီး နောက်ဆုံးတွင် သူ၏စွဲလမ်းမှုမှနိုးထလာခဲ့သည်။ သူ့နှုတ်ခမ်းတွေဖြူလာပြီး တုန်တုန်ယင်ယင် ဖြစ်ကာ- "မင်း တကယ် ရက်စက်တော့မှာလား၊ ငါနဲ့ အဆက် အသွယ် အကုန်လုံးကိုဖြတ်မလို့လား ?"

[သူ့မှာ ဘယ်လိုမျိုး အာရုံခံအင်္ဂါတွေရှိနေတာလဲ ?]

လူတိုင်း : သူက ဘာလို့နစ်နာသူလို လုပ်နေတာလဲ ?

"ဆက်ပြောလေ၊ ပြီးရင် ငါ... " ဖေးမင်ရွမ် ခြိမ်းချောက်ပြီး သူ့ဖုန်းအားထုတ်လိုက်သည်။

"မိုကော!"

ယန်ဟုန်က သတိပေးလိုက်သည်။ စွင်းမို မော့ကြည့်လိုက် ပြီး သူတို့ နှစ်ယောက်သည် သဘာဝကျကျနားလည်မှုရှိနေကြသည်။ ရှမုန့် စကားမပြောဘဲ ကြည့်နေသော်လည်း သူ့မျက်လုံးများထဲ စိုးရိမ်မှုအပြည့်နှင့်ပင်။

သုံးယောက်သား အကြည့်ချင်းဖလှယ်နေသည်ကိုမြင်လိုက်ရတော့ လူတိုင်း၏မျက်စိသူငယ်အိမ်များ အနည်း ငယ်တုန်လှုပ်သွားပြီး ခြေချောင်းများအား ရှက်ရွံ့ စွာ တွန့်လိမ်နေကြသည်။

သူတို့ မသိကြသေးဘူး၊ ကောင်းရော၊ ဘယ်သူမှ သူတို့ဖုန်းတွေမထုတ်ရသေးဘူး။

သောက်ကျိုးနဲ တစ်ယောက်ယောက် သူတို့ကို ပြောပြလိုက်သင့်တယ်။

ဒါပေမယ့်... ဒါပေမယ့် ဒီဒရာမာကို ဘယ်သူမှလက်မလွှတ်ချင်ကြဘူး။

စွင်းမို အသက်ပြင်းပြင်းရှူရင်းငြိမ်သက်သွားသည်။ သူ စာချုပ်ကို ယူလိုက်ပြီး သူ့အမူအယာရှုပ်ထွေးနေသည်။

"မင်း တကယ် ငါတို့ရဲ့ စာချုပ်ကိုရပ်စဲချင်တာလား ?"

ဖေးမင်ရွမ် ခေါင်းညိတ်သည်။

စွင်းမို မျက်လုံးများတဖျတ်ဖျတ်ခတ်ကာ "ဒါဆို မင်း ကတိပေးလား မင်း မလုပ်..."

"ငါ့စကားတွေကို ငါ အမြဲထိန်းတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လူသိရှင်ကြားထုတ်ပြောမှာ မဟုတ်ဘူးလို့ ငါပြောခဲ့ရင် ငါတကယ်ပြောမှာမဟုတ်ဘူး။ အဲ့တာတွေကို နင် ငါ့အပေါ် တကယ်လွှဲချမယ်ဆိုရင်တောင် ပုံမှန်အတိုင်း လက်ခံပေးမယ်"

ကတိပေးလိုက်သည့်အတိုင်း ဖေးမင်ရွမ်၏ မျက်လုံးများ နက်နဲသွားသည်။

“ကောင်းပြီ ငါ မင်းကိုယုံတယ်၊"

စွင်းမို နေရာမှာပင် လျင်မြန်စွာလက်မှတ်ရေးထိုးခဲ့သည်။ သူသည် လေးနက်သောအမူအရာဖြင့် ကြည့်ကာ “ဒါအတွက် ငါ မင်းကိုပြန်ဆပ်မှာပါ။ အနာဂါတ်မှာ..."

“မလိုပါဘူး၊ ငါတို့က ဒီလောက်ထိပဲ၊ အနာဂတ်မှာ အ ကောင်းဆုံးလူအဖြစ် အနိုင်ယူနိုင်ပါစေ။"

ဖေးမင်ရွမ်စာချုပ်အား ကျေနပ်စွာယူကာ နောက်ဆုံးအ လွတ်တန်းအေးဂျင့်ဖြစ်လာသည်။

ကျီဖေးသည် နောက်ဆုံး မထိန်းနိုင်ဘဲရယ်မောလိုက်သည်။

[Pff ဟားဟားဟား၊ ဖေးကျဲ က အံ့သြစရာပဲ၊ သူက လူသိရှင်ကြားထုတ်မပြောပေမဲ့ တိတ်တိတ်လေး တန်ပြန်တိုက်ခိုက်နေပြီ။]

ချင်မိသားစုဝင်များ- Pff pff pff pff ၊ အမှန်ပဲ ၊သူ လက် ခံလိုက်တာက နင့်အပြစ်ကိုအောင်အောင်မြင်မြင်လွှဲချလိုက်နိုင်တာပဲလေ။ ကိုယ့်ခေါင်းပေါ် ကိုယ့်အပြစ်ကျလာရင် ဘာဖြစ်မလဲ ??

[မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဖေးကျဲရဲ့အဆင့်ကရက်စက်ကြမ်းကြုတ်ပြီး ဘယ်တော့မှ စိတ်နှလုံးမပျော့ ပျောင်းနိုင်ဘူး။ စာချုပ်ကိုအောင်အောင်မြင်မြင်နဲ့ ဖျက်သိမ်းနိုင်ဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်ခဲ့တယ်။ ဖေးကျဲ ၊ ရှင်က အမြဲတမ်း ကျွန်မရဲ့ idol ပဲ!]

ချင်မိသားစု- ငှက်နှစ်ကောင်ကို ခဲတစ်လုံးတည်းနဲ့ သတ်လိုက်တာပဲ။ စွင်းမို ဝင်လာကတည်းက ဖေးမင်ရွမ်စာ ချုပ်ရပ်စဲတော့မယ်လို့ ထင်ပြီးသား။

အခြားအကြည့်များသည်လည်း အပေါ်ယံသာ မြင်ရုံမျှဖြင့် အံ့သြမဆုံးနိုင်တော့ပေ။

"ဖေးမင်ရွမ်က တကယ်ဉာဏ်ကြီးရှင်ပဲ၊ ဒါပေမယ့် အမှန် တော့ ကောင်းကင်မှာမျက်လုံးတွေရှိတယ်။ သူတို့ကိုယ် တိုင်ပဲ မတော်တဆအမှားလုပ်မိပြီ၊ ဒီတော့ အခု...”

ထိုအချိန်တွင် ယန်ဟုန်၏အေးဂျင့်နှင့် ရှုမုန့်၏လက် ထောက်တို့သည် တံခါးဝတွင် တိုက်မိလုနီးပါးပြေးဝင်လာခဲ့သည်။

"ယန်ဟုန် တစ်ခုခုဖြစ်သွားပြီ၊” အေးဂျင့် ရှုမုန့်အား ဒေါသတကြီးစိုက် ကြည့်ရင်းအော်လိုက်သည်။

"မုန့်မုန့် နင့်ဖုန်းကိုအမြန်စစ်ကြည့်စမ်း... လက်ထောက်က စိုးရိမ်တကြီး ပြောသည်။

စွင်းမိုသည် ချက်ချင်းဆိုးရွားသော ခံစားချက်အားခံစားလိုက်ရသည်။ ဖုန်းကိုကြည့်ရန် အမြန်ထုတ်လိုက်သည်။ သူမြင်လိုက်သည်နှင့် တပြိုင်နက် မိုးကြိုးပစ်ခံလိုက်ရသလိုပင်။ သူ့ခြေထောက်များအားနည်းလာပြီး လဲကျမသွားဘဲ ခဏမျှယိမ်းယိုင်သွားသည်။

သူ ရုတ်တရက်ခေါင်းမော့ပြီး ဖေးမင်ရွမ်အားကြည့်ကာ

“မင်း မဟုတ်လား ?"

All Chapters