အခန်း (၃၆၅)
Vol. 37 Ch. 365
ချင်ရှန့် ခေါင်းညိတ်ပြီး "ကျွန်တော်တို့မိသားစုကို ဘယ်သူမှ အနိုင်ကျင့်လို့မရဘူး၊ ဒါပေမယ့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်လိုက်စရာမလိုဘူး၊ တတိယဦးလေးက လက်ရှိ စုမိသားစုကို ဆက်သွယ်ပြီး ပူးပေါင်းဆောင်ရွက်မှုအတွက် စုကျာတို့နဲ့မဟုတ်ပဲ တစ်ခြားသူနဲ့ပူးပေါင်းချင်တယ်ဆိုတာကို ရှင်းရှင်း လင်းလင်းပြောပြလိုက်၊ ဒါဆို သူတို့သာ အလုပ်တွဲလုပ်ချင်ရင် သူ့ကို အစားထိုးရမှာပေါ့"
တတိယဦးလေးချင်သည် တခဏတာအံ့အားသင့်သွားခဲ့ပြီး အခြားသူများလည်း ချင်ရှန့်၏အကြံအစည်ကို သဘောကျသွားသည်။
ပူးပေါင်းဆောင်ရွက်မှုကို ရပ်တန့်လိုက်ခြင်းသည် အပြန်အ လှန် ဆုံးရှုံးမှုများသာဖြစ်ပေါ်စေပြီး စုမိသားစုကိုပင် စည်းလုံးသွားစေမည်ဖြစ်သည်။ ထိုနည်းအားဖြင့် စုကျာသည် အပြင်းထန်ဆုံးသင်ခန်းစာကိုရရှိလိမ့်မည်မဟုတ်ချေ။
စုကျာ ဆက်ခံသူဖြစ်လာသည့် အကြောင်းရင်းမှာ သူတို့မိသားစုနှင့် လက်ထပ်ရန်မဟာမိတ်ဖွဲ့နိုင်ခြေကြောင့်ဖြစ် ကြောင်း သူတို့သတိရမိသည်။
စုမိသားစုသည် မိသားစုကြီးတစ်ခုဖြစ်ပြီး အတွင်းတိုက်ပွဲများ ပြင်းထန်သည်။ လောလောဆယ် စုကျာ၏ဖခင်သည် အနည်း ငယ်ထူးချွန်ပြီး ချင်မိသားစုနှင့် အဆက်အသွယ်ရှိသည့်သား တစ်ယောက်ရှိသောကြောင့် အသာစီးရရှိထားသည်။
တကယ်လို့သာ.... သူ့ အားသာချက်များ ဆုံးရှုံးသွားလျှင် စုမိသားစု၏ တခြားအဖွဲ့ဝင်များသည် ထိုအခွင့်အရေးကိုဆုပ် ကိုင်ပြီး စုကျာနှင့် သူ့အဖေကို နှိပ်ကွပ်ဖို့ထွက်လာကြလိမ့်မည်။
ထို့အပြင် စုကျာ၏ဖခင်တွင် သားတစ်ဦးထက်မကရှိသည်။ သူ့သားအမှားကြောင့် ကြီးမားသောဖိအားနှင့် ဆုံးရှုံးမှုများကို ခံစားရပါက စုမိသားစုတွင် စုကျာ မည်သို့သော ဘဝမျိုးကိုဖြတ်သန်းရမည်ကို မည်သူမျှ စိတ်ကူးမကြည့်နိုင်ပေ။
ချင်ကျားရှီဆိုသည့် မိန်းကလေးသည် သူသုံးချင်ရာသုံးပြီးမှ အရုပ်တစ်ရုပ်လို ပစ်ထားခဲ့လို့ရသည့် မိန်းကလေးမဟုတ်ကြောင်း စုကျာကိုနားလည်စေလိုသည်။
သူမကို အနိုင်ကျင့်ဝံ့ပါက နောက်ဆက်တွဲအကျိုးဆက်များအတွက် ပြင်ဆင်ထားရမည်။
၎င်းသည် Y City၏ အထက်တန်းလွှာများအတွက် သတင်း စကားတစ်ခုလည်းဖြစ်သည်။ ချင်ကျားရှီ၏နောက်ခံကို လူတိုင်းသိကြပြီးဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ချင်မိသားစုသည် သူမကိုယ်စား ဒေါသဖြေဖျောက်ပေးမည်ကို လူသိရှင် ကြားပြသလိုက်ခြင်းပင်။ ကျားရှီသည် ပေါ့ပေါ့ပါးပါးနှင့် နူးညံ့စွာနေတက်သော်လည်း ချင်မိသားစုသည် သူ့ကိုမည်သို့ပင်ဆိုစေ ပံ့ပိုးကူညီမှုပေးမည်ဖြစ်သည်။ ဆက်ဆံရေး သို့မဟုတ် အိမ်ထောင်ရေးကမ်းလှမ်းမှုများတွင် သူမအား ညှဉ်းပန်းနှိပ် စက်ဝံ့သူတိုင်းသည် အကျိုးဆက်များကိုရင်ဆိုင်ရပေလိမ့် မည်။
ချင်ရှန့် လှုပ်ရှားမှုသည် ချင်ကျားရှီ၏အနာဂတ်အတွက်လမ်း ရှင်းပေးသလိုပင်။
တတိယဦးလေးချင်သည် အကြောင်းပြချက်ကို လျင်မြန်စွာနားလည်ခဲ့သော်လည်း ချင်ရှန့်သည် သူနှင့်အလွန် မရင်းနှီးသော ဝမ်းကွဲတစ်ယောက်အတွက် ဤမျှလုပ်ပေးသဖြင့်အံ့သြမိသည်။
အကြီးအကဲများသည် ယခင်ကဆိုလျှင် ချင်ရှန့်သည် အလွန်အေးစက်ပြီး တစ်ကိုယ်ကောင်းဆန်မည်ကို စိုးရိမ်ခဲ့ဖူးသည်။ ယခုမူကား သူသည် ခံစားချက်များကို ထုတ်မပြရုံသာဖြစ်ပြီး လိုအပ်လာပါက ချင်မိသားစု၏ လူငယ်များအတွက်မားမား မတ်မတ်ရပ်တည်ပေးမည့် ကျောက်တိုင်ကြီးပင်။
အမှန်တကယ်ပင်၊ လူငယ်များသည်လည်း ချင်ရှန့်အားစိတ် ရင်းဖြင့် သဘောကျမိသွားပြီး လေးစားမိကြသည်။
တတိယဦးလေးချင်သည် မဆိုင်းမတွဘဲ စုမိသားစုခေါင်း ဆောင်ကို ဖုန်းခေါ်လိုက်သည်။
သူသည် တည့်တိုးဆန်စွာဖြင့် စုမိသားစုသည် စုကျာနေရာကို အစားထိုးမှ ဆက်လက်ပူးပေါင်းဆောင်ရွက်ချင်သည်ဟု ပြောခဲ့သည်။ သို့မဟုတ်ပါက ပူးပေါင်းဆောင်ရွက်မှုအားလုံးရပ် တန့်သွားမည်ဖြစ်သည်။ အကြောင်းပြချက်သည် စုကျာသည် သူ့သမီးကိုလှည့်စားရုံသာမက ချင်ကျားရှီအား တစ်နှစ်ကျော်ခန့် အရုပ်တစ်ရုပ်လိုဆက်ဆံခြင်းအပေါ် ချင်မိသားစု သည်းမခံနိုင်သောဖြစ်သည်။ စုမိသားစုသာ သူ့အားအစားထိုးဖို့ ငြင်းပါကတခြားကုမ္ပဏီတစ်ခုအား အလုပ်လုပ်ဖို့ရှာမည်ဖြစ်သည်။
စုမိသားစုခေါင်းဆောင်သည် တွန်းအားပင်မပေးလိုက်ရသခင် ချင်မိသားစုမှ ဇာတ်လမ်းအပြည့်အစုံကိုကြားပြီး ၎င်းတို့၏ ဒေါသကိုသတိပြုမိကာ ၎င်းတို့ ထိုသို့ပြောရဲသည်နှင့် ချင်မိသားစု၏ခေါင်းဆောင်ဖြစ်သူ တစ်နည်းအားဖြင့် ချင်ရှန့်ထံမှ ခွင့်ပြုချက်ရထားကြောင်းထင်ရှားသည်။
မူလက စုမိသားစုခေါင်းဆောင်သည် ချင်ရှန့် ရှိနေစဉ် စုကျာအတွက် စေ့စပ်ပွဲကျင်းပရန် စီစဉ်ခဲ့ပြီး ငယ်ရွယ်ပြီးအလားအ လာရှိသော ချင်မိသားစု၏အကြီးအကဲအသစ်နှင့် နီးကပ်လာစေရန်မျှော်လင့်ခဲ့သည်။ ယခုမူ ဤအရှုပ်တော်ပုံကြောင့် စုမိသားစုခေါင်းဆောင်သည် ဦးနှောက်မရှိသည့်မြေးအပေါ်သာ ဒေါသထွက်နေမိသည်။
"စိတ်မပူပါနဲ့၊ ငါတို့ မင်းရဲ့ကျားရှီကို တိကျသေချာတဲ့ ဖြေရှင်း ချက်ပေးပါ့မယ်"စုမိသားစုခေါင်းဆောင် အာမခံလိုက်သည်။
"ငါတို့က အသိအကျွမ်းဟောင်းတွေမို့ လုံးဝအဆက်အသွယ်မဖြတ်လိုက်တာ၊ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းတာက မင်းကို လေးစားလို့ပါ၊ ငါတို့ ဘာမှ ရှင်းစရာမလိုဖို့မျှော်လင့်တယ်၊ စုကျာနဲ့ သူ့အချစ်တော်ကို ငါတို့ ကျားရှီနဲ့ ခပ်ဝေးဝေးမှာနေဖို့ ပြောထားပါ" တတိယဦးလေးချင် ပြတ်ပြတ်သားသား ပြောလိုက်သည်။
စုမိသားစု ခေါင်းဆောင်သည် သူ့မာနကိုမျိုချပြီး တောင်းပန်ရုံမှတပါးရွေးချယ်စရာမရှိပေ။ သူ ဖုန်းချပြီးနောက် စုကျာ၏ ဖခင်ကို ချက်ချင်းဆင့်ခေါ်ကာ ပြင်းပြင်းထန်ထန်ပြစ်တင်ဆုံးမခဲ့သည်။
စုကျာ၏ဖခင်သည် မျက်နှာများနီမြန်းလာကာ သားဖြစ်ကို တိတ်တဆိတ်ကျိန်ဆဲနေခဲ့သည်။
သူသည် တတိယဦးလေးချင်ကို ချက်ချင်းတောင်းပန်ချင်သော်လည်း စုမိသားစုခေါင်းဆောင်သည် သူ့ကိုတားလိုက်သည်။
"သူတို့က ငါကို တိုက်ရိုက်ဆက်သွယ်ခဲ့တာဆိုတာက မင်းတို့နဲ့မဆက်ဆံချင်တော့ဘူးဆိုတာကို ပြနေတာပဲ၊ သူတို့သမီးက အရေးမပါရင်တောင် မင်းသူ့ကို ဒီလိုအရှက်ခွဲလို့ မရဘူး၊ ချင်မိသားစုက ငါတို့မိသားစုနဲ့မတူဘူး၊ သူတို့ရဲ့ဆွေမျိုးသားချင်းတွေက အရမ်းစည်းလုံးပြီး အကာအကွယ်ပေးတက်တယ်၊ မင်းရဲ့သားကို သေချာလေး ဆုံးမတာကောင်းမယ်၊ သူ နောက် ထပ် အရှုပ်အရှင်းတွေထပ်လုပ်လာရင် စုမိသားစုက သူ့ကိုထားနိုင်မှာမဟုတ်ဘူး၊ မင်း ကိုလည်း အတူတူပဲ"
စုမိသားစုခေါင်းဆောင်သည် ပူးပေါင်းဆောင်ရွက်မှု မဖြတ်တောက်သရွေ့ မည်သူကို လွှဲပြောင်းသည်ဖြစ်စေ ဂရုမစိုက်ချေ။ စုကျာ ဌာနခွဲနှင့် ပတ်သက်ပြီး မည်သည့်အခါမှအတိအ ကျမဖော်ပြထားသောကြောင့် ၎င်းတို့အား နောက်ထပ်ဒုက္ခဖြစ်စေရန်ရည်ရွယ်ချက်မရှိပေ။
သို့သော် စုကျာ၏ဖခင်အတွက်မူ ဤအစီအစဉ်သည် အိမ်ရှေ့ မင်းသားဘွဲ့ အဖြုတ်ခံလိုက်ရသလိုပင်။
သူ စိတ်ပျက်လက်ပျက်ဖြင့် ရုံးခန်းမှထွက်ကာ စုကျာကိုချက် ချင်းဖုန်းဆက်ပြီး ကျိန်ဆဲတော့သည်။
စုကျာသည် ယုရှင်းကိုနှစ်သိမ့်ပေးနေစဉ် သူ့ဖခင်၏အသံကိုကြားချိန်ဖြူဖျော့သွားခဲ့သည်။ သူသည် ချင်ကျားရှီကို လျစ် လျူရှုထားရာမှ ကျင့်သားရလာပုံသဖြင့် ထိုလမ်းခွဲခြင်းကိုမေ့သွားကာ လူကြီးများကြားရှိအပေးအယူကို သတိမမူမိခဲ့ချေ။
၎င်းတို့နှစ်ယောက်အချစ်ရေးတွင် မိသားစုကိစ္စများကို တစ်ခါမှမဆွေးနွေးခဲ့ကြသဖြင့် စုကျာသည် အချိန်ကြာလာသည်နှင့်အမျှ ချင်ကျားရှီ၏ချစ်သူဖြစ်ခြင်းမှ သူ မည်မျှအကျိုးအမြတ်ရခဲ့သည်ကို မေ့သွားခဲ့သည်။
"မင်း ခေါင်းမပါဘူးလား ? ဘယ်လိုတောင် မဆင်မခြင်လုပ်ရတာလဲ ? မင်း မယားငယ်ထားချင်ဆိုလည်း အနည်းဆုံးတော့ ချင်ကျားရှီကို ပျော်ရွှင်အောင်ထားသင့်တယ်လေ၊ မင်းကိုယ်မင်း ဘယ်သူလို့ထင်နေလဲ ! မင်း အဲ့မမလေးအပေါ်ကို ဘယ် လိုတောင်ထိန်းချုပ်ပြီး ကစားရဲတာလဲ! ငအ မင်း အဲ့လောက် တုံးအတယ်ဆိုတာ မသိလိုက်ဘူး၊ အခု မင်း အမွေဆက်ခံဖို့ မေ့ထားလိုက်တော့ အားလုံးပြီးသွားပြီ၊ မင်း ငါ့ကိုပါဆွဲချခဲ့တာ၊ တစ်မိသားစုလုံးကို ဆွဲချတာ! အကုန်လုံး မင်း အပြစ်ပဲ! အခု အိမ်ပြန်လာစမ်း!"
စုကျာသည် သူ့ကိုယ်သူ ခုခံပြောဆိုဖို့ ကြိုးစားချင်သော်လည်း သူ့အဖေမှာ ဖုန်းချသွားပြီဖြစ်သည်။
စုကျသည် ဒေါသတကြီးဖြင့် ဖုန်းကို ပစ်ချလိုက်ပြီး "သူ တကယ်မကျေမနပ်ဖြစ်နေတာပဲ! အားလုံးပြီးသွားတာတောင် သူက ဒီလောက်အထိလုပ်ချင်နေတုန်းပဲ၊ ငါ အရိုက်ခံရပြီးတာတောင် အခု သူက..."
ယုရှင်းလည်း ချင်ဟန်ထံမှ မက်ဆေ့ချ်ကို မကြာသေးမီက လက်ခံရရှိထားသောကြောင့် ဒေါသနှင့်အတူ တုန်လှုပ်နေခဲ့သည်။ ချင်ကျားရှီသည် ယခင်ကဆိုလျှင် တစ်ခါမှမတုန့်ပြန်ဖူးသော်လည်း ယခုအခါ သူမ စိတ်အားထက်သန်စွာလက်တုန့်ပြန်နေသည်။
အနည်းဆုံးတွင် ချင်ဟန်သည် သူမဘေးတွင်ရှိနေသေးသည်။
ယုရှင်းသည် စုကျာ အင်္ကျီကိုဆွဲကိုင်လိုက်ပြီး "ကျားရှီက ဒီကိစ္စကို ဘယ်လိုလုပ်နိုင်မှာလဲ၊ မဟုတ်မှ သူက ရှင့်ကိုအရမ်းသဘောကျပေမဲ့ မရနိုင်လို့ ဖျက်ဆီးချင်နေတာများလား?"
စုကျာလည်း အံကြိတ်ကာပြောလိုက်သည်။
"ငါ သူ့ကို လျှော့တွက်လိုက်မိတာပဲ၊ သူက ငါ့ကို ဒါတွေနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေတာပဲ! ငါအစကတော့ သူ့ကို အနိုင်ယူပြီး အချိန်နည်းနည်းကြာအောင် ကစားဖို့စီစဉ်ထားပေမယ့် အခုတော့ စိတ်ထဲမထားတော့ဘူး၊ သူ ငါ့ကိုလက်လွှတ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့၊ သူ ငါ့ကို အရမ်းစွဲလမ်းတော့ ငါ့အပေါ်ကို အရမ်းမှီခိုနေတာ၊ သူ ငါ့ဆီကိုလာမတောင်း ပန်သရွေ့နဲ့ ငါ သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး!"
ယုရှင်း၏အမူအရာ အနည်းငယ်ပြောင်းသွားသည်။ စုကျာသည် သူမအား မြန်မြန်ဆန်ဆန်အသိအမှတ်ပြုမှာ မဟုတ်သဖြင့် သူနှင့်အတူတူ ပွင့်ပွင့်လင်းလင်းမနေနိုင်သည့်အပြင် ချင်ဟန်အားလိမ်လို့ရသေးသော်ငြား သူ ဘာကြောင့်မှန်းမသိ စိတ်မသက်မသာဖြစ်နေမိသည်။
တစ်ချိန်တည်းတွင် တတိယဦးလေးချင်သည် စုမိသားစုနှင့် စကားပြောပြီးနောက် ချင်ရှန့်ထံမှပို့လာသည့် သူ့သမီးကိုအနိုင် ကျင့်ထားသည့် ဗီဒီယိုများကို လက်ခံရရှိခဲ့သည်။ သူသည် ၎င်းတို့ အသီးသီးကို ကိုင်တွယ်ရန်ရည်ရွယ်မိသည်။
သူ့သမီးလေးသည် စမ်းရေကန်ထဲတွင် ရေများရွှဲနစ်နေပြီး ရပ်နေလျက်သားရှိသည်ကိုမြင်ချိန် သူ့သွေးများစောင့်တက်လာပြန်သည်။
တတိယဦးလေးချင်သည် ကျားရှီအတွက် လူတိုင်း လုပ်ပေးခဲ့သမျှအတွက် ကျေးဇူးတင်မိသည်။ သူ့တွင် နေ့ခင်းဘက်၌ လုပ်စရာများစွာမရှိသောကြောင့် ကျားရှီကို ကိုယ်တိုင် ကိုယ် ကျသွားခေါ်ကာ သမီးဖြစ်သူကို လေးလေးနက်နက်တောင်းပန်ပြီး လူတိုင်းအားထမင်းစားဖိတ်ဖို့ဆုံးဖြတ်လိုက်သည်။