အခန်း (၂၅၉)
Vol. 26 Ch. 259
ကောင်းယာလန်သည် မျက်လုံးများအား မျက်နှာကျက်သို့ရောက်လုနီးနီးပင် လှိမ့်ပစ်လိုက်သည်။ သူသည် လှောင်ပြောင်တော့မည်ဖြစ်သော်လည်း သူ့ပတ်ဝန်းကျင်ရှိလူများထံမှ မသေ ချာမရေရာသောအကြည့်များကိုမြင်ချိန် သူတုံ့ဆိုင်းသွားခဲ့သည်။ သူလက်ဆွဲထားသည့် ဟန်ကျီယုသည် ခဏတာတောင့် တင်းသွားပုံပေါ်သည်။ ကောင်းယာလန်သည် ပျော်ရွှင်မှုနှင့်စိတ်ပျက်မှု ရောထွေးနေသည့်ခံစားချက်ကို မခံစားမိပဲမနေခဲ့ပေ။ သူ့အစ်မက သူ့ကို စိတ်ဝင်စားမှာကို တကယ်စိုးရိမ်နေတာလား ?
ဟန်ကျီယုသည် တကယ်ထိတ်လန့်သွားခဲ့သည်။ ကောင်းယာလန်နှင့် ချီလီတို့အား သူမသိသောကြောင့် ချီလီပြောတာမှန်လား၊ မှားလားမသေချာပေ။ သို့ပေမယ့် ကောင်းယာလန်သည် ပထမအကြိမ်တွေ့ဆုံမှုကတည်းက သူ့ကို အရမ်းကြင်နာခဲ့သည့် တစ်ဦးတည်းသောသူဆိုတာအမှန်ပင်။
ပြန်ကြည့်လျှင် ကောင်းယာလန်၏အကြင်နာတရားသည် နည်းနည်းတော့အံ့သြစရာပင်။ ထို့ပြင် ဟန်ကျီယုကိုယ်တိုင်လည်း အနည်းငယ်အပြစ်ရှိသလို ခံစားခဲ့ရသည်။ သူသည် ယခင်က အခြားယောက်ျားလေးများကိုနှစ်သက်ခဲ့ပြီး ကောင်းယာလန်အတွက် သူခံစားခဲ့ရသည်မှာကွဲပြားသည်။ သို့ပေမယ့် ၎င်းသည် သူတွေ့ဖူးသည့်အမျိုးသမီးတစ်ယောက်၏ ထူးဆန်းပြီး အံ့သြစရာကောင်းသည့်ဆွဲဆောင်မှုကို ပထမဆုံးအကြိမ်ခံစားခဲ့ရတာဖြစ်သည်။ ထို့ကြောင့် သူလည်း အနည်းငယ် စိတ်လွတ်သွားသည်။
ကျီဖေးနှင့်ချင်ရှန့်တို့သည် ထိုအကြောင်းပြချက်၏ နောက် ကွယ်မှအကြောင်းရင်းကို သိသော်လည်း ကောင်းယာလန်ရှင်းပြမည်ကို မသေချာပေ။
【သွေးသားတော်ဆက်တဲ့သူတွေက တစ်ယောက်နဲ့တစ်ယောက်မသိပဲ ပထမဆုံးအကြိမ်တွေ့ဆုံကြရင် ထူးခြားပြီးခိုင်မာတဲ့ရင်းနှီးမှုကို ခံစားရနိုင်တယ်ဆိုတာ အရင်က ငါကြားဖူးတယ်။ သေချာပါတယ်၊ ဒီဆက်စပ်မှုကို ရှင်းရှင်းလင်းလင်းနားမလည်ရင်၊ နားလည်မှုလွဲသွားနိုင်တယ်။】
ကျီဖေးသည် သူ့အတွေးများ ခဏမျှပျံ့လွင့်သွားကာ ထိုအချိန်တွင် ကောင်းယာလန်သည် သူ့စိတ်ကိုထိန်းထားလိုက်သည်။ ၎င်းက သူ့မူလအစီအစဉ်၏ အစိတ်အပိုင်းမဟုတ်ပေမယ့်လည်း၊ သူ့လက်ကိုမြှောက်လိုက်ပြီး သူကိုင်ထားသည့် စာရွက် စာတမ်းများအား ချီလီ၏မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်သည်။
"နင့်ရဲ့ ခွေးမျက်လုံးတွေကိုဖွင့်ပြီး သေချာကြည့်! နင့်ခေါင်းထဲမှာ ဘယ်လိုအဓိပ္ပါယ်မရှိတာတွေ ရောက်နေတာလဲ? ဒါပေါ့ နင်နဲ့ယှဉ်ရင် ငါက သူ့ကိုပိုပြီး ဂရုစိုက်ဖို့လိုလားတယ်။"
ထိုသို့ပြောပြီးနောက်၊ ကောင်းယာလန်သည် ချီလီ၏တုံ့ပြန်မှုကိုလျစ်လျူရှုပြီး ဟန်ကျီယုထံသို့ လှည့်သွားခဲ့သည်။
"ရှောင်ယု တောင်းပန်ပါတယ်၊ နင့်ကို သီးသန့်ပြောဖို့စီစဉ်ထားပေမယ့် ဒီအရူးက အားလုံးကို ရှုပ်ယှက်ခတ်သွားစေခဲ့တယ်! အခုကိစ္စက လူသိရှင်ကြားရှင်းမပြရင် ငါတို့ကြားမှာ ထူးထူး ဆန်းဆန်းတွေရှိနေတယ်လို့ အခြားအရူးတွေ အထင်လွဲသွားနိုင်တယ်။ ငါ့ဂုဏ်သိက္ခာကို ငါ ဂရုမစိုက်ဘူး၊ ဒါပေမယ့် ဒီအရူး နင့်ကိုနာမည်ဖျက်မှာကို ငါ ခွင့်မပြုနိုင်ဘူး။ အဲ့တာကြောင့် ငါအခုပဲကြေညာမယ် : နင်ကာငါ့ရဲ့ မအေတူဖအေကွဲညီမပဲ၊ ငါ့အမေအရင်းရဲ့သမီးပဲ။"
ကောင်းယာလန်၏စကားများသည် ကြည်လင်သောနေ့တွင် မိုးခြိမ်းသံကဲ့သို့ပင်။
လူတိုင်းက သူတို့ကိုယ်သူတို့ ကယောင်ချောက်ခြားဖြစ်နေသလားဟု အံ့ဩသွားကြသည်။ ဤမျှ ထိတ်လန့်ဖွယ်ရာ ပေါ် ထွက်လာခြင်းမျိုးသည် မည်ကဲ့သို့ဖြစ်နိုင်မည်နည်း?
"ချီလီက ကောင်းယာလန်ရဲ့အစားထိုးကို ရှာတွေ့ခဲ့တယ်၊ဒါပေမယ့် အဲ့ဒါက ကောင်းယာလန်ရဲ့ညီမဖြစ်နေတာလား ?"
"မအေတူဖအေကွဲညီမလား ? သူတို့က အမေတူတူပဲပေါ့ ? နေဦး၊ ငါ့ဦးနှောက်က မထိန်းနိုင်တော့ဘူး။"
"ကောင်းယာလန် နောက်နေတာလား ? သူ အမြဲတမ်း ဘာမဆိုပြောတဲ့သူပဲ။"
သူတို့စကားပြောနေတုန်း ချီလီက ရုတ်တရက် အော်လိုက်သည်၊ "ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?"
ထိုအချိန်တွင် စူးရှသည့်မျက်လုံးနှင့်တစ်စုံတစ်ယောက်သည် စာရွက်စာတမ်းများ၏ အကြောင်းအရာကို သတိပြုမိသည်။
၎င်းသည် ပရော်ဖက်ရှင်နယ် ဆေးစစ်ချက်တစ်ခုဖြစ်သည်။ သူတို့က တကယ့်ကို သွေးသားတော်ဆက်သည်။
"ငါ သိနေတယ်! ဒီလိုတိုက်ဆိုင်မှုမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? သူတို့ကိုကြည့်ရတာ အရမ်းတူနေတယ်။"
"ဝိုးးး၊ ဒါက... သတင်းကြီးပဲ။"
ကျီဖေးနှင့်ချင်ရှန့်မှလွဲ၍ အခြားသူငယ်ချင်းများသည် ချီလီအနားတွင် စုရုံးလာကြသည်။
"အဲဒါအမှန်ပဲ!" လော့ဖေးက အံ့အားသင့်စွာအော်လိုက်သည်။
"ဒီနေ့ရဲ့ သတင်းအချက်အလက်တွေက အရမ်းများနေတယ်။" ပိုင်ရှောင်ရှီနှင့်ယွီယွဲ့နှစ်ယောက်လုံး အံ့သြသွားကြသည်။ လောကမှာ ဒီလိုတိုက်ဆိုင်မှုမျိုး ရှိနိုင်မှာလား?
ကျန်းရန်၏ ပါးစပ်လှုပ်ယမ်းသွားသည်။ ဒါက ဘယ်လိုအခြေအနေမျိုးလဲ? ချီလီသည် ယခင်က ညီအစ်မနှစ်ယောက်နှင့်ရှုပ်ရန် စီစဉ်ထားသည်။
စမ်ထင် အံ့ဩသွားပြီး "ယာလန်၊ မင်းမိသားစုက ကလေးပျောက်သွားတာလား?" ဟု မေးလိုက်သည်။
ဟန်ကျီယုသည် ရုတ်တရက် "ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ?! ကျမမှာ မိဘရှိတယ်၊ ငါ..."
ဒီသတင်းက ထိတ်လန့်စရာကောင်းပြီး ဟန်ကျီယုက ၎င်းကို လွယ်လွယ်နှင့်လက်မခံနိုင်ခဲ့ပေ။
ကောင်းယာလန်က ဟန်ကျီယု၏လက်ကို ဆုပ်ကိုင်ထားပြီး "နင့်အမေက တကယ်တော့... ငါ့အမေအရင်းပါ၊ ငါ့ရဲ့လက်ရှိအမေက ငါ့မိထွေးပဲ။ ဒီအချက်အလက်တွေကို ဒီနိုင်ငံထဲမှာ သိပ်မသိကြဘူး။ နင့်ကိုတွေ့တဲ့လိုက်တဲ့အချိန်တုန်းက ခိုင်မာတဲ့ချိတ်ဆက်မှုတစ်ခုကိုခံစားလိုက်ရတယ်၊ အဲ့တာက သွေး သားတော်ဆက်မှုကြောင့်လို့ ငါယုံကြည်တယ်။ ငါ ဆေးစစ်ကြည့်ဖို့ နင့်ရဲ့ဆံပင်ကိုယူခဲ့တာ၊ ပြီးတော့ မမှားခဲ့ဘူးပဲ။ ငါတို့ကတကယ့်ညီအမတွေပဲ။"
ကောင်းယာလန်က အနည်းငယ်စိတ်လှုပ်ရှားကာ "နင်ငါ့ကို နင့်ရဲ့ကျဲ မဖြစ်စေချင်ဘူးလား? နင်မိဘတွေက ဆုံးသွားခဲ့ပြီ၊ ငါ က နင့်ရဲ့ တစ်ဦးတည်းသောဆွေမျိုးပဲ။ အရင်က နင့်ရဲ့ဖြစ်တည်မှုကို ငါမသိခဲ့ဘူး၊ နင့်ကို မိဘမဲ့ဂေဟာမှာ နှစ်ပေါင်းများစွာဒုက္ခရောက်အောင်ထားခဲ့မိတယ်။ စိတ်မပူပါနဲ့ အခုကစပြီး နင့်ကိုဘယ်သူမှ ထပ်ပြီးဒုက္ခပေးလို့မရတော့ဘူး။"
ကောင်းယာလန်၏ ဟန်ကျီယုကိုစုံစမ်းစစ်ဆေးမှုအရ ညီအစ် မနှစ်ဦးသည် အလားတူကြေကွဲဖွယ်ဘဝများရှိခဲ့သည်။
သူ့အသက်ငါးနှစ်တွင် သူ့အမေကထွက်သွားခဲ့ပြီး ဟန်ကျီယုအသက်လေးနှစ်အရွယ်တွင် သူ့အမေကဆုံးသွားခဲ့သည်။ သူတို့နှစ်ယောက်လုံးက ပြီးပြည့်စုံသည့်မိခင်မေတ္တာကို မခံစားခဲ့ဖူးကြပေ။ တကယ့်ကို ကံဆိုးသည့်ညီအစ်မနှစ်ယောက်ပင်။
သို့သော် ကောင်းယာလန်သည် ချမ်းသာသည့် မိန်းမပျိုတစ်ဦး၏ဘဝနေထိုင်မှုပုံစံဖြင့် ဖခင်နှင့်မိထွေးတစ်ဦးရှိပြီး ဟန်ကျီယုသည် ဆင်းရဲသည့်မိဘမဲ့ဂေဟာတစ်ခုတွင် ကြီးပြင်းလာကာအထီးကျန်ပြီးရုန်းကန်နေရသည်။
ဟန်ကျီယုရင်ဆိုင်ခဲ့ရသည့် အခက်အခဲများကိုတွေးကြည့်လိုက်လျှင်၊ ယခု ပိုက်ဆံအတွက် အစားထိုးတစ်ယောက်အဖြစ်နေဖို့ လိုလားခဲ့သည်ကို ကောင်းယာလန်ကြေကွဲရုံမှတပါး ဘာမှမခံစားရပေ။
အမြဲတမ်းရဲရင့်ပြီး အထိန်းအကွပ်မရှိသည့်ကောင်းယာလန်သည် ယခုအခါ ဟန်ကျီယုကို အနူးညံ့ဆုံးနှင့်အချစ်ခင်ဆုံးအကြည့်ဖြင့် ကြည့်နေပြီး သတိကြီးကြီးထားလုနီးပါး ဖြစ်နေသည်။
ဟန်ကျီယုသည် ၎င်းကိုမထိန်းနိုင်ဘဲ ကောင်းယာလန်ကိုချစ်မြတ်နိုးသည်မှာ အမှန်ပင် သွေးသားတော်ဆက်မှုကြောင့်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုသို့တွေးလျှင် လက်ခံရခက်သည့်ပုံမပေါ်တော့ချေ။
ကောင်းကင်မှကျလာသည့် မုန့်လုံးလိုပင်။
ဟန်ကျီယုသည် စိတ်ခံစားမှုများရောနှောကာ လွှမ်းခြုံသွားပြီး အနည်းငယ်တွေဝေသွားသည်။
"နင်ငါ့ကို ကျဲကျဲအဖြစ် တကယ်မလိုချင်ဘူးလား?" ကောင်းယာလန်သည် သနားစဖွယ်ပင် ပြုမူလာသည်။
ဟန်ကျီယုက ချက်ချင်းခေါင်းခါလိုက်ပြီး "မဟုတ်တာ၊ လိုချင်တယ်..."
ထို့နောက်သူသည် စိတ်မသက်မသာဖြစ်မှုနှင့် ရှက်ရွံ့မှုနှစ်ခုလုံးကို ခံစားခဲ့ရသည်။
"ဒါဆို ကျဲလို့ခေါ်ကြည့်။"
ကောင်းယာလန်၏ မျက်လုံးများတောက်ပလာပြီး အံ့သြဖွယ်အရာတစ်ခုကို စိတ်အားထက်သန်စွာမျှော်လင့်နေသကဲ့သို့ သူ၏နှုတ်ခမ်းများ အနည်းငယ်တုန်ခါသွားသည်။
ဟန်ကျီယုခေတ္တရပ်လိုက်ပြီး ကောင်းယာလန်၏မျှော်လင့်ချက်အကြည့်အောက်တွင် သူသည် နောက်ဆုံးတွင် "ကျဲ" ဟု အော်လိုက်သည်။
ချက်ခြင်းပင်၊ ကောင်းယာလန်၏မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။
ကောင်းယာလန်အား ထိုသို့သောပုံမျိုးဖြင့် တစ်ခါမှ မမြင်ဖူးသည့်သူငယ်ချင်းများအားလုံး အံ့ဩသွားကြသည်။
ကောင်းယာလန်၏ နီရဲနေသည့်မျက်လုံးများကို မြင်လိုက်ရတော့ ဟန်ကျီယုသည် ညီမတစ်ယောက်၏ခံစားချက်ကို ခံစားလာရပြီး ငိုချင်သလိုဖြစ်လာသည်။
"မေ့မေ့!"
ကောင်းယာလန်လည်း လေးနက်စွာအော်လိုက်ပြီး ဟန်ကျီယုအား တင်းတင်းကျပ်ကျပ်ဖက်ထားလိုက်သည်။
ညီအစ်မနှစ်ယောက်သည် ချစ်ခြင်းမေတ္တာ၏ကြည်နူးစရာပြရုပ်တစ်ခုပင်။
လူအများစုသည် အတင်းအဖျင်းကြောင့် အံ့သြထိတ်လန့်သွားသည့်အပြင် ကောင်းယာလန်၏လုပ်ရပ်ကို အမှန်တကယ်နားမလည်ကြပေ။
အဆုံးတွင် သာမန်လူတစ်ယောက်သည် ကိုယ့်အမေနှင့်တခြားသူတို့မှ ရလာသည့်ကလေးအား လွယ်လွယ်လက်ခံနိုင်ပါ့မလား?
သို့ပေမယ့် ကောင်းယာလန်သည် သာမန်လူတစ်ယောက်တော့မဟုတ်ချေ။
ဒီတစ်သက်တွင် သူဘယ်တော့မှ အိမ်ထောင်မပြုမည်ကို သို့ ကလေးမယူမည်ကိုသိနေသည်။ သွေးသားရင်းတစ်ယောက် အထူးသဖြင့် ချစ်စရာကောင်းပြီး ရုပ်တူသည့်ညီမတစ်ယောက်ကိုရှာတွေ့ခြင်းက သူ့အား မနှစ်သက်ဖို့မဖြစ်နိုင်ပေ။
ကြည့်စမ်း၊ သူ့မေ့မေ့က အရမ်းတော်တယ်၊ နာခံပြီးအကျင့် စာရိတ္တကောင်းတဲ့အတွက် သူ့ကို အမအဖြစ်နဲ့လွယ်လွယ်လက်ခံတယ်။ သူတကယ့်ကို ရတနာလေးရလိုက်တာပဲ။
ကျီဖေးပင်လျှင် အနည်းငယ်ထိမိသွားပြီး ဂုဏ်ပြုလက်ခုပ်တီးကာ ဦးဆောင်ခဲ့သည်။
အခြားသူများသည် ကျီဖေးကိုကြည့်ကာ လက်ခုပ်တီးနေကြသည့်ချင်ရှန့်ကိုလည်းကြည့်ပြီး လက်ခုပ်သံများနှင့်အတူ တဖြည်းဖြည်းပါဝင်လာကြသည်။
"မေ့မေ့ကို အောင်မြင်စွာအသိအမှတ်ပြုတဲ့အတွက် ဂုဏ်ယူပါတယ်။" ဟု ကျီဖေးက ဝမ်းသာအားရ ပြောလိုက်သည်။
ကောင်းယာလန်သည် ဟန်ကျီယု၏ဦးခေါင်းကို ချစ်ခင်ကြင်နာစွာ ပွတ်သပ်လိုက်ရင်း "ဒါက ငါ့မေ့မေ့ပဲ၊ အားလုံးပဲ မှတ်ထား ပေးကြပါ!" ဟု ချက်ချင်းမိတ်ဆက်ပေးလိုက်သည်။
ဟန်ကျီယုသည် အနည်းငယ်တွေဝေနေသေးပြီး အရာအားလုံးသည် မြန်ဆန်လွန်းသည်ဟုခံစားမိသည်။
သူတို့ စိတ်ပျက်နေသည့်ချီလီကို လှည့်ကြည့်လိုက်သည့်အခါ ကောင်းယာလန်က "မှတ်ထား၊ ငါက နင်နဲ့ချိန်းတွေ့ခဲ့တဲ့ တစ် ယောက်တည်းသောသူပဲ။ ငါ့မေ့မေ့ကို နင်က သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခဏလောက်ငှားခဲ့တာ၊ ငါ့မေ့မေ့နဲ့ပတ် သက်တဲ့ ကောလာဟလတွေကို နင်ထပ်ဖြန့်ရဲရင် နင့်ခြေ ထောက်တွေကို ငါ ရိုက်ချိုးပစ်မယ်!"