← Chapters

အခန်း (၁၃၀)

Vol. 13 Ch. 130

အခန်း (၁၃၀)

Vol. 13 Ch. 130

ကျုံးချွမ်၏ ရှည်လျားသော မိန့်ခွန်း ပြီးဆုံးသည်နှင့်အမျှ ယုရို့ရင် အမူအရာမှာဆူပွက်နေပြီဖြစ်သော်လည်း သူသည် သူ့အားပြင်းပြင်းထန်ထန်မပြောချင်ပေ။

"မစ္စတာကျုံး၊ ကျွန်မ အမြင်မှာ ရှင်ကစီနီယာတစ်ယောက်၊ ဆရာတစ်ယောက်ပါ။ ကျွန်မ ရှင့်ကို အရမ်းလေးစားပါတယ်၊ ကျွန်မ..."

ကျုံးချွမ် မျက်နှာပေါ်ရှိအပြုံးသည် တဖြည်းဖြည်းမှိန်ဖျော့သွားပြီး သူ့အမူအရာသည် တဖြည်းဖြည်းမဲမှောင်လာသည်။ ယုရို့ရင်၏မျက်ခုံးတွန့်ထားသည့် အမူအရာတွင် သဘောမတူချင်ကြောင်း သိသာထင်ရှားသည့် တွန့်ဆုတ်မှုကိုမြင်နေရသည်။ ယုရို့ရင်သည် ပေါ့ပေါ့ပါးပါးပင် သူ့ အားမလေးစားကြောင်း သူ ခံစားလိုက်ရသည်။

" ရို့ရင်၊ မင်းကုမ္ပဏီက မင်းရဲ့ သက်တမ်းကုန်တဲ့ စာချုပ်အကြောင်း အကြိမ်အနည်းငယ်ပဲမေးပြီး မင်းကိုထပ်ပြီးဖိအားမပေးခဲ့တာ ဘာကြောင့်လဲဆိုတာ မင်းသိလား ?" ကျုံးချွမ် ရုတ်တရက်မေးလိုက်သည်။

ယုရို့ရင်ထိတ်လန့်သွားသည်။ "သက်တမ်းကုန်ပြီလေ.. သူတို့ လိုချင်ရင်တောင် ဖိအားပေးလို့မရဘူး။"

တကယ်တော့ သူသည် သူ့ကုမ္ပဏီဟောင်းအား စော်ကားခဲ့တာသေချာသည်။ မကြာသေးမီရက်များအတွင်း အပျက်သဘောဆောင်သော ခေတ်စားနေသည့်အ ကြောင်းအရာများ ပိုမိုများပြားလာသည်။ စာချုပ်သည် တရားဝင်သေးသောကြောင့် စီမံခန့်ခွဲရေးကုမ္ပဏီသည် ၎င်းကိုကိုင်တွယ်သင့်သည်။ သို့သော် ၎င်းတို့ဘာမှမလုပ်ခဲ့ပေ။ ယုရို့ရင်သည် သူ့ကုမ္ပဏီဟောင်းမှာ အွန်လိုင်းပေါ်မှတိုက်ခိုက်နေသည့် ရေတပ်အချို့၏နောက်ကွယ်တွင်ရှိနေသည်ဟုပင် သံသယရှိကာ သူအားပြန်လာရန်တွန်း အားပေးသည်ဟုထင်ထားသည်။ သို့သော် သူတို့၏နည်းလမ်းများသည် သူမျှော်မှန်းထားသည်ထက်များစွာနူးညံ့ နေသည်။

ယခင်က သူအားအမြတ်ထုတ်ခဲ့သမျှ နည်းလမ်းများဖြင့် လူအားလုံးကို ဝါးမြိုပြီးနုံချာသည့် ယောက်ျားမိန်းမများအားလှည့်ဖြားရာတွင် အထူးပြုသည့် ထိုကုမ္ပဏီသည် ရုတ်တရက်ကြီး မည်သို့နူးညံ့နိုင်မည်နည်း ?

ယုရို့ရင်သည် မကြာသေးမီ ငြိမ်သက်သွားခဲ့ခြင်းအား သူ့ အသက်အရွယ်ကြောင့်ဟုထင်ကာ သူ့အတွက် တန်ဖိုးမရှိတော့ဟုခံစားလာရသောကြောင့် လေးလံသည့်နည်း ပရိယာယ်များကိုမသုံးခဲ့ကြပေ။

ယခုမူ ကျုံးချွမ်၏စကားအားကြားချိန် ယုရို့ရင်စိတ်မသက်မသာခံစားလိုက်ရသည်။

" ဟုတ်တာပေါ့ သူတို့က မင်းလို ငွေလည်းရှာနိုင်ပြီး... ဖျော်ဖြေပေးနိုင်တဲ့ငွေပင်ကြီးကို စွန့်လွှတ်လိုက်ဖို့ တွန့် ဆုတ်နေကြတယ်။"

ယုရို့ရင်၏အမူအရာသည် ချက်ခြင်းမဲမှောင်သွားသည်။

"သူတို့ မင်းကို လွှတ်လိုက်တာ ငါ့ရဲ့ လွှမ်းမိုးမှုကြောင့်ပဲ။ မင်းက ငါ လိုချင်တဲ့လူပဲလို့ ငါ ပြောခဲ့တာ" ဟု ကျုံးချွမ်ဖြည်းညင်းစွာပြောလိုက်သည်။

"မင်း မထွက်သွားခင် မင်းကုမ္ပဏီက မင်းအတွက် ဒီ Show ကိုညှိနှိုင်းဖို့ ဆန္ဒရှိနေရတဲ့အကြောင်းရင်းကလည်း ငါ့ ကြောင့်ပဲ။ မင်းကို စေ့စပ်ကြောင်းလမ်းတဲ့ လက်ဆောင်အဖြစ် ဒီ Show ကိုလုပ်ချင်တာ"

ယုရို့ရင်၏မျက်နှာသည် အံ့သွထိတ်လန့်မှုနှင့် သံသယများပြည့်နှက်နေသည်။

"ရှင့် စကားကို သူတို့က ဘယ်လိုနားထောင်မှာလဲ..."

" ငါ မင်းရဲ့ CEOကိုပြောလိုက်တာ၊ သူတို့အနေနဲ့ မင်းကို လွတ်လပ်ခွင့်ပေးမယ်ဆိုရင် သူတို့ကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ချိတ်ဆက်မှုတွေကိုလုံခြုံအောင် ငါကူညီပေးမယ်လို့လေ"

ယုရို့ရင် တစ်ခုခုကိုသဘောပေါက်သွားပုံရပြီး ရုတ်တ ရက် မအီမသာဖြစ်သွားရသည်။

ကျုံးချွမ်သည် သူ့ဇနီးမှတစ်ဆင့် ချမ်းသာလာသော် လည်း သူသည် စက်မှုလုပ်ငန်းတွင် နှစ်အတော်ကြာ လုပ်ကိုင်ခဲ့ပြီး ချန်နယ်အမျိုးမျိုးတွင် ချိတ်ဆက်ကာ ကွန်ရက်ကိုပိုင်ဆိုင်ထားသည်။ သို့ပေမယ့် ၎င်းသည် ကုမ္ပဏီအား နှိမ့်ချဖို့ထိ မလုံလောက်ချေ။

ကုမ္ပဏီမှတကယ်ကြောက်သည်က မဒမ်ကျုံး၏နောက် ကွယ်မှ အရင်းအနှီးကိုဖြစ်သည်။

မဒမ်ကျုံးသည် သူ့ကိုယ်သူပြိုင်ဖက်ရှာရတာ မပျော်ဘူးဆိုသည်ကို ကုမ္ပဏီက သဘာဝကျကျနားလည်ထားပေမယ့် ကျုံးချွမ်ကိုငြင်းလျှင် သူ့မိန်းမနားထဲတိုးတိုးပြောဖို့ အကြောင်းပြချက်ရပြီး မဒမ်ကျုံးမှ သူတို့ကုမ္ပဏီအား မုန်းတီးသွားစေနိုင်သည်။ သူ့ အဆက်အသွယ်များနှင့် အတူ မဒမ်ကျုံးက အကြောင်းအရင်းကိုပြောပြခဲ့မယ်ဆိုလျှင်ပင် သူတို့နှင့် ဆက်ဆံရတာက သူ့အတွက် လွယ်ကူလိမ့်မည်။

မဒမ်ကျုံးသည် ၎င်း၏ခင်ပွန်းအား အလားအလာရှိသည့် ပြိုင်ဘက်တစ်ဦးနှင့် ရှိုးတစ်ခုတွင် ပါဝင်ခွင့်ပေးရန် ဆန္ဒရှိနေသည့်အချက်က သူ အလွန်တောက်ပနေခြင်းမရှိကြောင်းပြသခဲ့သည်။ လင်နဲ့မယားရန်ဖြစ်လျှင် ဒုက္ခ ရောက်ကြလိမ့်မည်။

ထို့ကြောင့် ကျုံးချွမ်ကိုမစော်ကားဝံ့ဘဲ ဤတစ်ကြိမ်သာ သည်းခံနိုင်ခဲ့သည်။

ဒါကို နားလည်ပြီးနောက် ယုရို့ရင်သည် သူ့ရှေ့က ယောက်ျားသည်မိုက်မဲပြီး ဆိုးသွမ်းသူဖြစ်ပြီး သူ့ဇနီး၏ ဩဇာကိုနားမလည်ပဲ အခြားမိန်းမများအားရယူရန် သူ့ကိုယ်သူအလွန်ကြီးမြတ်သည်ဟု တွေးတောနေဆဲဖြစ် သည်။

ယုရို့ရင် သူ့စိတ်တည်ငြိမ်မှုအားထိန်းထားပြီး သံတမန်နည်းအရ " တကယ်တော့ ကုမ္ပဏီက လှည့်ကွက်တစ်ခုခုကိုစမ်းကြည့်ရင်တောင် အသုံးမဝင်ပါဘူး။ ကျွန်မရဲ့ နှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကအရမ်းသန်မာတယ်။ အများဆုံး နည်းနည်းလောက်နာကျင်ရရင်တောင် မသေသေး သရွေ့အဆင်ပြေတယ်။ ဒီရှိုးအတွက်ကတော့... ကျွန်မ ရှင့်ကိုကျေးဇူးအများကြီးတင်ပါတယ်၊ မစ္စတာကျုံး၊ ကျွန်မ အနာဂါတ်မှာပြန်ဆပ်မှာပါ၊ ဒါပေမဲ့ အခုကတော့ ကျွန်မ တကယ်လက်မခံနိုင်သေးဘူး။"

ယုရို့ရင် သူ့အားပြန်ဆပ်ရန် စိတ်ကူးထားပြီး ဒီရှိုးဟာ သူကြုံတွေ့သမျှထဲမှ အကောင်းဆုံးအခွင့်အရေးပင်။

ကျုံးချွမ်သည် အရာအားလုံးအား ရှင်းရှင်းလင်းလင်းရှင်းပြပြီးသည့် နောက်တွင်ပင် ယုရို့ရင် လက်မခံသေးဟု မထင်ထားခဲ့ပေ။ သူသည် အမှန်တကယ်ကျေးဇူးကန်းသူဖြစ်ပြီး နှလုံးသားမဲ့သည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူ မဒမ်ကျုံးပြောတာ မှန်သည်ဟု ဝန်မခံချင်သည့်အ တွက် ယုရို့ရင်အား နောက်ဆုံးအခွင့်အရေးတစ်ခုပေး လိုက်သည်။

"မင်းငါ့ကို တကယ်နာကျင်စေတာပဲ။ ငါ ရုတ်တရက်ကြီး နေလို့မ ကောင်းတော့ဘူး..." ကျုံးချွမ်က သူ့နှလုံးသားအား ဆုပ်ကိုင်ထားဟန်ဆောင်ပြီးပြောလိုက်သည်။

" မင်း ငါ့အတွက် ဒါရိုက်တာကို ခေါ်ပေးလို့ရမလား ? ငါတကယ်... မဖျော်ဖြေနိုင်တော့ဘူး"

ယုရို့ရင် အံ့အားသင့်သွားပြီး တခဏချင်းတွင် သူ၏ ခန္ဓာကိုယ်ရှိသွေးများအားလုံး နောက်ပြန်စီးဆင်းသွားပုံရသည်။ မယုံနိုင်လောက်အောင် ရက်စက်လွန်းလှသည်။

"မစ္စတာကျုံး... ဒါက ရှင့်ရဲ့ရှိုးဆိုလည်း ဟုတ်တယ်။ ရှင် စင်ပေါ်မတက်ရင် ဒါတကယ်ပြဿနာကြီးဖြစ်သွားလိမ့် မယ်။"

" ငါအသက်ကြီးပြီ၊ ငါ့နှလုံးက မကောင်းတော့ဘူး။ ပရိ သတ်တွေက ငါ့ကို အပြစ်မတင်ဘူးလို့ ငါယုံတယ်။ နောက်ပြီး... ပြင်းထန်တယ်ဆိုရင် စောင့်ကြည့်ဖို့အတွက် ငါ ဆေးရုံမှာနေပြီး ရှိုးကိုရုတ်သိမ်းရနိုင်တယ်။ ဘာပဲဖြစ် ဖြစ် အဖွဲ့ တော်တော်များများလည်း ပျက်သွားပြီဆိုတော့ ဒါရိုက်တာ ကိုင်တွယ်ဖြေရှင်းဖို့နည်းလမ်းရှာမှာ သေချာ တယ်" ဟု ကျုံးချွမ်ပြောပြီး အကျိုးဆက်ကိုဂရုမစိုက်သလိုဟန်ဆောင်နေသည်။

သို့သော် ယုရို့ရင် တုန်လှုပ်လာသည်။

"အင်တာနက်တစ်ခုလုံးက အခု မင်းကိုဝေဖန်နေတယ်။ ပရိသတ်တွေက မင်းကို တွေ့ ချင်တယ်လို့ ငါ မထင်ဘူး"

ယုရို့ရင်၏မျက်လုံးများနီရဲလာပြီး သူ၏အသံကပွက်ပွက်ဆူလာကာ " မစ္စတာကျုံး ရှင် တကယ်ရက်စက်မှဖြစ်မှာလား ?"

ဖေးမင်ရွမ်သည် အကဲဖြတ်သည့်ကာလတွင် ရှိနေသေးသည်။ ယုရို့ရင် သူ့အခြေအနေမှာ အလွန်ရှုပ်ထွေးသည်ကိုသိသည်။ တစ်ဖက်လူ၏စတူဒီယိုသည် အနုပညာလောကရှိ အနံ့ခံခွေးများအပေါ် အဓိကအာရုံစိုက်ထားပြီး အကျင့်ပျက်ခြစားမှုအားဘယ်သောအခါမှ လက်သင့်ခံခြင်းမရှိသောကြောင့် ၎င်းတို့ သူ့အားလက်ခံရန်ဆန္ဒရှိမည်မဟုတ်ပေ။ ထို့ကြောင့် သူသည် ဖေးမင်ရွမ်ဘက်တွင် သူ၏မျှော်လင့်ချက်အားလုံးအား ဘယ်သောအခါမှ မထားခဲ့ပေ။

သူ၏ပရော်ဖက်ရှင်နယ် စွမ်းရည်များကိုပြသရန်နှင့် အာရုံစိုက်မှုကို ဆွဲဆောင်ရန် ဤတိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကိုအသုံးပြုရန် မျှော်လင့်ထားခဲ့သည်။ ပြီးခဲ့သည့် အပိုင်းများအတွင်းတွင် စာချုပ်ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းမှုအချို့ရရှိခဲ့သော်လည်း သူနှင့်ပတ်ဝန်းကျင်ရှိ မကောင်းသောကောလာဟလများအားသတိထားနေကြဆဲဖြစ်သည်။ သို့သော် သူအနေဖြင့် ကောင်းမွန်စွာဆက်လက်လုပ်ဆောင်နေပါက ကုမ္ပဏီများက သူ့အားသတိထားမိလာမည်ဟုယုံကြည်သည်။

ဥပမာအားဖြင့်၊ ယနေ့တွင် အင်တာနက်တစ်ခုလုံးက သူ့အား ဝေဖန်နေသော်လည်း ၎င်းသည် သူ့ကိုအာရုံစိုက်မှု အမြင့်မားဆုံးဖြစ်စေခဲ့သည်။ သူ ကောင်းကောင်းစွမ်း ဆောင်နိုင်သရွေ့ လူထုအမြင်ကို လုံးဝပြောင်းပြန်လှန် ပစ်နိုင်သည်။ သူ့တွင် တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်ရှိပြီး ဤအရာများအား လှည့်စားရန် အခွင့်အရေးကိုစောင့် မျှော်နေသည်။

ပဋိပက္ခဖြစ်စေသည့် အထင်အမြင်လွဲမှားမှုများရှိခဲ့လျှင်ပင်၊ သူ၏တိုးတက်မှုများအား ငြင်းပယ်ခဲ့မည်ဆိုလျှင်ပင်၊ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက်အနေနှင့် စင်မြင့်အားလေးစားဖို့ ရွေးချယ်မည်ဟု သူ တွေးခဲ့သည်။ ထိုမှမဟုတ်လျှင် စာချုပ်ဖောက်ဖျက်မှု ဖြစ်သွားမည်။ သူကောင်းကောင်းမစွမ်းဆောင်ခဲ့လျှင်ပင် သူသည် ဖိအားအားလုံးကိုခံနိုင်ရည်ရှိပြီး သူကိုယ်တိုင်လည်း ကောင်းကောင်းစွမ်းဆောင်နိုင်မည်ပင်။

သို့ပေမယ့် သူ မမျှော်လင့်ထားချေ...

အကယ်၍ ယခုအခွင့်အရေးအား ဆုံးရှုံးလိုက်ရလျှင် သူ့ထံမျှော်လင့်ချက် လုံးဝမရှိတော့ပေ...

ယုရို့ရင် လုံးဝရှုံးနိမ့်သွားသည်ကိုမြင်လိုက်ရသဖြင့် ကျုံးချွမ် ပြုံးပြီး နူးညံ့သည့် အမူအရာနှင့် ယုရို့ရင်၏ရှေ့တွင် လက်စွပ်ဘူးလေးအားမြှောက်လိုက်သည်။

"ကိုယ့်ကို လက်ထပ်ပါ။ ကိုယ် မင်းကို ကယ်တင်ပြီးရင် မိန်းမကောင်း လေးတစ်ယောက်ဖြစ်လာလိမ့်မယ်။"

စင်မြင့်နောက်ဘက်တွင် ကျီဖေး၏နှလုံးရုတ်တရက်ရပ်တန့်သွားပြီး ချက်ချင်းထရပ်ကာ ဖေးမင်ရွမ်အား ထိပ်လန့်သွားစေသည်။ သို့ပေမယ့် သူ့ခေါင်းအားလှည့်ကြည့်လိုက်သောအခါ ချင်မိသားစုသည် စင်မြင့်အ နောက်ဘက်မှ ထွက်ခွာတော့မည်ကိုမြင်လိုက်ရသည်။

ကျီဖေးနှင့် ချင်ကျောက်မှ မမျှော်လင့်ထားစွာ အတူတူပြောလိုက်သည်။

"ငါတို့ နောက်မှတွေ့ မယ်..."

ဖေးမင်ရွမ် စိတ်ရှုပ်ထွေးနေပုံရပြီး တိုက်ရိုက်ထုတ်လွှင့်မှုစတင်ရန် စောင့်ဆိုင်းနေသည့်နေရာသို့ သွားခါနီးတွင် ၎င်းတို့အား ထိုင်နေရန်ပြောတော့မည်ဖြစ်သည်။ သို့ပေမယ့် ပြေးလုမတတ်ပြေးလွှားရင်း အခန်းထဲမှ ထွက်သွားသည်ကို သူ တွေ့ လိုက်ရသည်။

ဖေးမင်ရွမ် အချိန်အားစောင့်ကြည့်ရန်လိုအပ်ပြီး လိုက်နာရန်မှတပါးရွေးချယ်စရာမရှိပေ။ အမှားလုပ်မိသည်ကို သူ အမုန်းဆုံးပင်။

အနီးနားသို့ရောက်သည်နှင့် စင်္ကြန်အစွန်းဆုံးမှဒါရိုက်တာ ၏ဒေါသတကြီး အော်သံကို ကြားလိုက်ရသည်။

" ဘာ၊ မစ္စတာကျုံးကနေမကောင်းဖြစ်ပြီး စင်ပေါ်မတက်ဖြစ်ဘူး ဟုတ်လား? မင်းတို့ အခုလို နောက်ဆုံးမိနစ်ကျမှ ကူညီဖို့ တခြားမင်းသားကို ရှာချင်တာလား? ဒါ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတဲ့ ပြဿနာမဟုတ်ဘူး၊ ဒါက အချိန်ပြဿနာပဲ၊ မင်းတို့ ဖျော်ဖြေရတော့မယ်၊ အချိန်မ ရှိတော့ဘူး၊ မင်း ငါ့ကို လေဖြတ်သေအောင် လုပ်ဖို့ကြိုး စားနေတာလား? ကျွန်မကို အချိန်နည်းနည်းလောက်ပေးပါဟုတ်လား... မင်း ဘာသောက်လုပ်တွေ လုပ်နေတာလဲ? မင်း မဖျော်ဖြေချင်ရင် မဖျော်ဖြေနဲ့! ငါ ဒါကို ထပ်ပြီး ခွင့်မပြုနိုင်ဘူး!"

"ကျွန်မ… ကျွန်မတောင်းပန်ပါတယ်..."

ဖျော့တော့သောအသံ၊ ဝေ့သီနေသည့် မျက်ရည်စများ သည် စင်္ကြန်လမ်းတစ်လျှောက်ပြည့်နှက်နေသည်။

ထို့နောက် ဖေးမင်ရွမ်သည် ကျီဖေး၏အသံအားကြား လိုက်ရသည်။

"အိုး ? ဒါက…"

ဖေးမင်ရွမ် တွေးလိုက်သည်မှာ : ငါ ဘာလို့ ဒါနဲ့ ပတ်သတ်ပြီး မကောင်းတဲ့ ခံစားချက်တွေရနေတာပါလိမ့်?

တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်အားဖွင့်လှစ်ခဲ့သည်။

" စတော့မယ်၊ ငါ အရမ်းစိတ်လှုပ်ရှားနေပြီ!"

" လူမြင်ကွင်းက အကြီးစားကွပ်မျက်မှုကို စောင့်မျှော်နေတယ်!"

"ယုရို့ရင်၊ ဖျော်ဖြေရေးနယ်ပယ်ကနေ ထွက်သွား!"

" ဖျော်ဖြေရေးနယ်ပယ်မှာ ဝေဖန်မှုတွေများနေပြီ၊ အခု ဗြောင်ကျကျရွှေတူးတဲ့ သိုက်တူးသမားက သူ့ခန္ဓာကိုယ်နဲ့ တက်လာပြီး တခြားသူတွေ ရဲ့ မိသားစုတွေကိုဖျက် ဆီးနေတာ ရှိသေးတယ်။ ဒီတတိယဘီးလုံးကို မကိုင် တွယ်ဘူးဆိုရင်တော့ လက်ခံနိုင်စရာမရှိတော့ဘူး။"

"ယုရို့ရင်၊ ထွက်လာပြီး တောင်းပန်ပါ၊ မင်း နှိပ်စက်ခဲ့တဲ့ သနားစရာကောင်းတဲ့ မိန်းမတွေကို တောင်းပန်ပါ၊ မင်းကြောင့် ပျက်စီးသွားတဲ့ အပြစ်မဲ့တဲ့ယောက်ျားတွေကို တောင်းပန်ပါ၊"

"ယုရို့ရင်ရဲ့ ငွေကြေးအပေးအယူတွေကို စုံစမ်းစစ်ဆေးဖို့ ငါအကြံပြုတယ်။ တရားမဝင် လုပ်ဆောင်ချက်တွေရဲ့ အထောက်အထားတွေကို ငါတို့ ရှာတွေ့ နိုင်မှာပဲ။"

"သူ့ရဲ့ အိပ်ရာပေါ်ကလုပ်ဆောင်ချက်တွေရော အခွန်တွေရော ညစ်ပတ်လိမ့်မယ်ထင်တယ်၊ သူ့ကို ထောင်ထဲတိုက် ရိုက်ပို့သင့်တယ်။"

"ရို့ရင်က အလှဆုံး၊ ရို့ရင်က အကောင်းဆုံးပဲ၊ ရို့ရင် မင်းကိုယ်တိုင်အတွက်ပဲ ဖြစ်နေပေးပါ၊"

"ဝိုး၊ သူ့ဘေးမှာ တကယ့်ကိုပုံမှန်မဟုတ်တဲ့ အဖိုးနဲ ပရိတ်သတ်တွေရှိတာပဲ။ ကြည့်ရတာ သူတို့ကတစ်ထည်တည်းကဖြတ်ထုတ်ထားတာဖြစ်မယ်။" ( မြန်မာစကားပုံ - ဒီ "ပုပ်" ထဲက ဒီ "ပဲ"။)

" တကယ်တော့... မျှမျှတတပြောရရင် ယုရို့ရင်ရဲ့သရုပ် ဆောင်စွမ်းရည်က အတော်လေးပရော်ဖက်ရှင်နယ်ပဲ။"

" ငါ့ခြေထောက်ကို ပရော်ဖက်ရှင်နယ်လား၊ သူ့ရဲ့ role တွေအားလုံးက ပရောပရည်ဇာတ်ကောင်တွေချည်းပဲ။ အဲ့ဒါ သူကိုယ်တိုင် ကစားနေတာပဲ မဟုတ်လား?"

"စနေပြီ၊ စနေပြီ၊ အခုပဲ သေချာကြည့်ရအောင်၊ ပြီးရင်တော့ ထိပ်တန်း Idol အဖွဲ့ ရဲ့ မျက်နှာဖြတ်ရိုက်မှာကြီးကို ကြည့်နိုင်ပြီ။ ငါတို့ နောက်ထပ်ရယ်ကြရဦးမှာ သေချာတယ်!"

"ဧကရီကြင်ယာတော်အဖွဲ့ အတွက် တွင်းတူးပြီးပြီ!”

" ကျုံးလောင်ရှီးကို သနားမိတာ ငါတစ်ယောက်တည်းလား ? သူက ကြင်နာတတ်တဲ့စီနီယာမို့လို့ အခွင့်ကောင်း ယူခံနေရတာ သနားစရာမကောင်းဘူးလား!"

"အားလုံးပဲ၊ နောက်ကျရင် မြေခွေးမကို ဝေဖန်ဖို့မမေ့နဲ့၊ ဒါပေမယ့် ရိုးသားတဲ့သူကိုတော့ အပြစ်မတင်ပါနဲ့။ ငါတို့ရဲ့ ကျုံးလောင်ရှီးက ထန်စန်းကိုယ်တော်နဲ့တူတယ်၊ သူက နတ်ဆိုးမတွေရဲ့ လှည့်စားတာကိုခံရမှာ မဟုတ်ဘူး!"

( T/N - ဝူခုန်းကားထဲက ထန်စန်းကိုယ်တော် )

" မေတ္တာရှင်အမျိုးသမီးသူငယ်ချင်းလား ? ဟား၊ ရယ် စရာကောင်းတဲ့ ဇာတ်ဝင်ခန်းပဲ။ မေတ္တာရှင်အမျိုးသမီးသူငယ်ချင်းက မယားငယ်မ!"

"မြန်မြန်လေး၊ အားလုံးပဲ၊ အင်တာနက်သုံးစွဲသူတစ်ဦးက ကိုယ်တိုင်ဖန်တီးထားတဲ့ ဒရာမာဗီဒီယိုအတိုလေးကို တင်လိုက်ပြီ။ ဧကရီကြင်ယာတော်အဖွဲ့ ရဲ့ ဇာတ်ခုံပြဇာတ်နဲ့ လိုက်ဖက်တယ်လို့ဆိုပြီး အရသာကိုမြင့်တင်ပေးနိုင်တယ်၊"

ထူးဆန်းသည်မှာ မည်သူမဆို စင်ပေါ်မတက်မီကပင် လူများသည် ထူးခြားသည့် ဗီဒီယိုများအား ထူးထူးခြားခြား ပရိုမိုးရှင်းလုပ်လာကြသည်။

ဆေးရုံတွင် မဒမ်ကျုံးက " ပို့စ်တင်ပြီးပြီလား ? ကောင်းပြီ၊ ရေပန်းစားနေတဲ့ အကြောင်းအရာတွေကိုစဝယ်လိုက် stream တစ်ခုလုံးကို comment တွေရဲ့ လှောင်ပြောင် ကျိန်ဆဲခြင်းခံရစေချင်တယ်"

သို့သော် နောက်တစ်စက္ကန့်တွင် စင်ပေါ်ရှိ ကန့်လန့်ကာသည် ရုတ်တရက်ပြုတ်ကျပြန်သည်။

Comment များကြားတွင် မေးခွန်းအမှတ်အသားများ ????? လွင့်ပျံလာသည်။

အစီအစဉ်တင်ဆက်သူက စင်ပေါ်တက်လာပြီး "ကျွန် တော်တို့ အားလုံးကို တောင်းပန်ပါတယ်။ ကျုံးလောင်ရှီးရဲ့ ရုတ်တရက် နာမကျန်းမှုကြောင့် အဖွဲ့ နှစ်ဖွဲ့ ရဲ့ဖျော် ဖြေမှုအစီအစဉ်ကို လဲလှယ်ဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ နောက်တစ်ခုကတော့ ချင်ကျောက်နဲ့ ကျီဖေးတို့နှစ် ယောက်ကို သူတို့ရဲ့ဇာတ်ဝင်ခန်းဖြစ်တဲ့ 'The Downfall of a Beauty' နဲ့ ကြိုဆိုပါတယ်။"

All Chapters