← Chapters

အခန်း (၁၁၉)

Vol. 12 Ch. 119

အခန်း (၁၁၉)

Vol. 12 Ch. 119

[ Pfft၊ ငါ မေးအုန်းမယ်၊ ကသိကအောက်မဖြစ်ဘူးလား? နင် မျက်နှာမနာဘူးလား?]

ကျီဖေးသည် အတွင်းစိတ်ထဲလှောင်ပြောင်ရင်း အပြင်ဘက်တွင်မူ show ထုတ်ခဲ့သည်။

သူ၏ဟန်ဆောင်ထားသည့် မကျေနပ်မှုများနှင့် အတုအ ယောင်ငိုကြွေးမှုများသည် လေထဲတွင်လွင့်မျောနေပြီး အမျိုးသမီးအဖွဲ့ နှင့် ဘုတ်အဖွဲ့ ဒါရိုက်တာတို့အပေါ် မိုးခြိမ်းသံများကျရောက်စေခဲ့သည်။

အမျိုးသမီးအဖွဲ့ - သူက…သူက…သူက အကောင်ကြီးကြီးတစ်ယောက်ရဲ့ တိတ်တိတ်ပုန်းမယားမဟုတ်ပဲ ချင်အဖွဲ့အစည်းက အိမ်ထောင်ဦးစီးရဲ့ တရားဝင်ဇနီးလား၊ ဘယ်လိုဇနီးက သူ့ယောက်ျားသူထောက်ပံ့ပြီးကလေးတွေကိုပျိုးထောင်ဖို့ထက် အိမ်ကနေထွက်ပြီး variety showရဲ့ အနုပညာရှင်ဖြစ်လာရတာလဲ?!

ဘုတ်အဖွဲ့ ဒါရိုက်တာ- မိန်းမတွေနဲ့ မိတ်ဆက်ပေးတာ၊ ဦးလေး-ခယ်မ ဆက်ဆံရေးအကြောင်း ကောက်ချက်ချတာ... ဝမ်းကွဲရေ၊ငါ မင်းအပေါ် ဘာအမှားလုပ်ခဲ့မိလို့ မင်း ငါ့ကို ဒီလို ဒုက္ခရောက်စေချင်ရတာလဲ?!

ချင်ရှန့်သည် ကျီဖေးကစားနေသည်ကို သိသော်လည်း သူသည် တောင့်တင်းစွာပါဝင်ကစားနေရသည်။ သူ့အား နူးညံ့စွာပွေ့ ဖက်ပြီး မျက်လုံးများကိုလှန်ကြည့်လိုက်သောအခါ သူ၏မျက်နှာအသွင်အပြင်သည် ရေခဲကဲ့သို့ အေးစက်သွားခဲ့သည်။

ကျီဖေးသည် အဆိုးမြင်စရာမရှိသော်လည်း ချင်ရှန့်သည် မည်သူ့ကိုမျှ သူ၏ဇနီးအား ဤကဲ့သို့စော်ကားခွင့်မပြုပေ။

"အားလုံးပဲ၊ ကျွန်တော့်ဇနီးကငယ်ရွယ်ပြီးအမြဲတမ်းလို လိုပြဿနာတွေဖြစ်ရတာကို မကြိုက်ဘူး။ ခင်ဗျားတို့က ချင်အဖွဲ့အစည်းကိုလာပြီး ကျွန်တော့်ဇနီးကိုစိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်အနိုင်ကျင့်တယ်။ ခင်ဗျား ကျွန်တော်တို့ကိုရှင်းပြပြီး ကျွန်တော့်ဇနီးကို တောင်းပန်ရမယ်လို့မထင် ဘူးလား?"

ချင်ရှန့် ၏အသံသည် အေးဆေးတည်ငြိမ်သော်လည်း လူအများအား တုန်လှုပ်စေသောအရိပ်အယောင်တစ်ခုကို သယ်ဆောင်လာပြီး ရှက်ရွံ့ မှုဖြင့် လူတိုင်းကိုဖိစီးနေသည်။

[ ချင်ရှန့်က ဒီ line ကို အတော်လေးကောင်းကောင်းနား လည်တာပဲ။ မျှော်လင့်ထားတဲ့အတိုင်း ဩဇာတိက္ကမရှိတဲ့ သူဌေးကြီးပုံစံပါပဲ။ သူ့ကို လက်မထောင်ပေးမယ်။]

ချင်ရှန့် ကူကယ်ရာမဲ့ခံစားခဲ့ရသည်။ အရင်ကတည်းက စိတ်ပါဝင်စားမှုရှိသောကြောင့် သူ၏စိတ်အခြေအနေသည် ကျီဖေး၏စိတ်ထဲမှ စကားသံချက်ချင်းပျက်ပြားသွားခဲ့သည်။

[ သူတို့ရဲ့အမူအရာတွေက အခု အရမ်းကိုစုံလင်နေပြီ၊ တကယ့်ကို အံ့သြစရာပဲ။ သူတို့ရဲ့လုပ်ရပ်တွေအတွက် ကျိန်းသေနောင်တရနေကြမှာ။ သူတို့ အခုတွင်းတစ်တွင်း တူးပြီး သူတို့ကိုယ်သူတို့ မြုပ်နှံချင်ကြမယ်ဆိုတာ ငါအာမခံတယ်။]

ကျီဖေး ထိုလူအနည်းငယ်အား ပျော်ရွှင်စွာကြည့်ရှုနေပြီး သူတို့၏ကံဆိုးမှုများ၌ပျော်မွေ့နေခဲ့သည်။

မားမားချင်နှင့် ချင်ရုန် တို့သည် အရင်က သရုပ်ဆောင်ရန် အခွင့်အလမ်းနှင့်လွဲခဲ့ပြီး အစပိုင်းတွင် အနည်းငယ်စိတ်ပျက်ခဲ့သော်လည်း ယခုအခါတွင် သူတို့၏အာရုံသည် အပြည့်အဝပြောင်းလဲသွားခဲ့သည်။

သူတို့သည် အမျိုးသမီးများအဖွဲ့ အားကောင်းမွန်သည့် ပြဇာတ်တစ်ခု ကဲ့သို့ကြည့်ရှုခဲ့ကြသည်။ သူတို့၏မာနနှင့် အနိုင်ကျင့်မှုအတွက် သူတို့နှင့်ထိုက်တန်ပါသည်။

ငါတို့ ပိုင်နက်ထဲလာပြီး ငါတို့လူတွေကိုအနိုင်ကျင့်တယ်၊ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား ပြီးတော့ စိတ်လှုပ်ရှားစရာအချို့ နဲ့ ကိုယ့်ကိုယ်ကို စိတ်ခေါ်ချင်နေတာလား?

အမျိုးသမီးများအဖွဲ့၏အဆင့်အတန်းသည် ဖျော်ဖြေရေးလောကထဲ မတုန်လှုပ်နိုင်သော်လည်း ယခုအခါတွင် သူတို့သည် ချမ်းသာသည့် မိသားစုမှစီးပွားရေးသမားအစစ်တစ်ဦးနှင့် ရင်ဆိုင်နေရသည်။

သူတို့ ဤဇနီးသည်အား ခြိမ်းခြောက်ခဲ့ကြပြီး ယခုတွေးကြည့်လိုက်သည်နှင့် သူတို့၏ဦးရေပြားများ စူးရှလာခဲ့သည်။ သူတို့သည် အချိန်ကိုနောက်ပြန်လှည့်လိုခဲ့ကြသည်။

သူတို့၏ခင်ပွန်းများသည် မကြာခဏထုတ်လုပ်မှုတစ်ခုဖန်တီးရန် ရင်းနှီးမြုပ်နှံမှုများလိုအပ်ကြောင်း သတိပြုမိသည်။ အကယ်၍ သူတို့သာ ချင်အဖွဲ့ အစည်းကိုစော် ကားမိပါက၊ အမျိုးသမီးအဖွဲ့ မှ အခြားသူများအား black listသွင်းမည်မဟုတ်ဘဲ၊ သူတို့၏ခင်ပွန်းများသာ black listသွင်းခံရမည်ဖြစ်သည်။

သူတို့ မစော်ကားသင့်သောသူကို စော်ကားမိကြောင်း သိရှိပြီးနောက်၊ အမျိုးသမီးများအဖွဲ့ သည် ထိတ်လန့်သွားခဲ့သည်။ သူတို့သည် ချက်ချင်းထပြီး ၎င်းတို့၏ သဘောထားကို ၁၈၀ ဒီဂရီပြောင်းလဲခဲ့သည်။

"အိုး၊ ဒါဆို ရှင်က မစ္စချင်လား ? အရင်က ဘာလို့မပြောတာလဲ? ကျွန်မ တို့က ရှင့်ကို အနုပညာလောကထဲအသစ် ဝင်လာတဲ့သူလို့ထင်ပြီး နည်းနည်းပိုပြောခဲ့မိတယ်၊ကျွန်မ တို့က ဂျူနီယာတစ်ယောက်ကို လမ်းညွှန်ပေးနိုင်မယ် ထင်လို့ပါ။"

"ဒါ အားလုံးကနားလည်မှုလွဲတာပါ၊ မစ္စချင်။ ကျွန်မတို့ ရှင့်ကို တောင်းပန်ပါတယ်။ အစောတုန်းက ကျွန်မတို့ဘာမှဆိုလိုချင်တာမဟုတ်ပါဘူး၊ အဲ့တာက ဟာသလေးပါပဲ။"

ထိုအမျိုးသမီးလေးဦးသည် ကို့ရို့ကားယားအပြုံးများဖြင့် အကြိမ်ကြိမ် တောင်းပန်နေပြီး သူတို့အရင်က မထီမဲ့မြင်ပြုခဲ့သည့် မိန်းကလေးငယ်လေးကို အတတ်နိုင်ဆုံး နှစ်သိမ့်ပေးခဲ့ကြသည်။ အစောတုန်းကနှင့် ယှဉ် ကြည့်လျှင် စီချွမ်အော်ပရာမှ မျက်နှာပြောင်းသည့်ပြဇာတ်ကိုကြည့်ရသလိုပင်။

ထို့အပြင်၊ သူတို့ပြောလေလေ ပိုမိုချောမွေ့ လာလေလေဖြစ်ပြီး မရှက်သလိုနေခြင်းသည် ရှက်စရာကောင်းသည့်အခြေအနေအား ပျောက်ကွယ်စေမည်ဟု ထင်ရသည်။

[ ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာ သိတဲ့ဉာဏ်ရှိပေမဲ့လည်း၊ ငါ တော့ နင်တို့ရဲ့ အရင်ကအာဏာရှင်ဆန်တဲ့ ပုံစံကိုနှစ်သက်နေတုန်းပဲရယ်။]

ကျီဖေး မလှုပ်ကြောင်းမြင်သောအခါ၊ အမျိုးသမီးများအဖွဲ့သည် သူတို့အရင်ကအတူတူဈေးဝယ်ထွက်ခဲ့ကြောင်း ရုတ်တရက်သတိရခဲ့သည်။ သူတို့သည် ၎င်းတို့ လတ်တလောရရှိထားသည့် လက်ဝတ်ရတနာများနှင့် လက်ကိုင်အိတ်များအားထုတ်ယူကာ ကျီဖေးထံတောင်း ပန်လက်ဆောင်အဖြစ်ပေးအပ်ခဲ့ကြသည်။

"ကျွန်မတို့ မစ္စချင်ကို အရင်ကစော်ကားမိခဲ့တယ်။ ဒါက ကျွန်မတို့ရဲ့ စိတ်ရင်းကိုဖော်ပြတဲ့ သေးငယ်တဲ့လက္ခဏာတစ်ခုပါပဲ။ ကျေးဇူးပြုပြီးလက်ခံပေးပါ။"

သူတို့၏နာကျင်နေသောမျက်နှာများနှင့် အတင်းအဓမ္မပြုံးနေရသော မျက်နှာများအားကြည့်ခြင်းအားဖြင့်၊ ဤပစ္စည်းများသည် တန်ဖိုးရှိရုံသာမက အတော်လေးရှားပါးကြောင်း ရှင်းရှင်းလင်းလင်းသိမြင်နိုင်သည်။

နောက်ကွယ်မှကြည့်ရှုနေသော မားမားချင်နှင့် ချင်ရုန် တို့သည်လည်း အလွန်အံ့အားသင့်ခဲ့ကြသည်။ ၎င်းသည် လက်တွေ့ ကျကျ လာဘ်ထိုးခြင်း ဖြစ်သည်။ ၎င်းတို့ သည် ချင်အဖွဲ့ အစည်းအားစော်ကားမိမည်ကို တကယ် ကြောက်ရွံ့နေကြသည်ဟုထင်ရသည်။

ကျီဖေးသည် ချက်ချင်းပင် ချင်ရှန့်၏ခါးအားလွှတ် လိုက်ပြီး သူ့ရှေ့မှလက်ဆောင်များကိုကြည့်ရှုနေခဲ့သည်။

[ရုတ်တရက်ကြီး၊ ငါ သူတို့ရဲ့ အခြေအနေနဲ့အချိန်အခါကို ကြည့်နိုင်စွမ်း ကို ပိုနှစ်သက်သွားပြီ။ ဟီးဟီး၊ မမျှော် လင့်ထားတဲ့ ပွပေါက်တွေကို ဘယ်သူက မကြိုက်ပဲနေလို့လဲ? နည်းနည်းလေး ဝေဖန်ခံရတာက ဘာမှမဖြစ်ပါဘူး။ မာနအတွက်နဲ့ ပိုက်ဆံကိုငြင်းပယ်လို့မရဘူးလေ၊ ဟုတ် လားမလား? ဒါတွေအားလုံးပေါင်းရင်... အနည်းဆုံးသန်းချီတယ်။ ပွတာပဲ၊ ယူးဟူး!]

ချင်ရှန့်- ... သူ သူ့အတွက် ရပ်တည်ပေးလိုသော်လည်း တစ်စုံတစ်ဦးသည် ငွေအတွက် အဆင်သင့်ကိုင်းညွတ်နေခဲ့သည်။

ကျီဖေး လက်ဆောင်များအား လက်ခံမည့်အချိန်တွင် အတုအယောင်ပြ ဇာတ်တစ်ခုကိုကပြခဲ့သည်။

အမျိုးသမီးလေးဦးသည် ၎င်းတို့၏အကြိုက်ဆုံးပစ္စည်းများအားလက်ဆောင်အဖြစ် ပေးအပ်ခံရသည်ကိုကြည့် ရှုနေခဲ့ကြသည်။ သူတို့၏လက်ထဲတွင် နွေးအောင်ပင် မကိုင်ခဲ့ရဘဲ ပေးလိုက်ရသော အရာများဖြစ်သည်။ သူတို့ ၏နှလုံးသားများသည် ဆိုးရွားစွာနာကျင်နေခဲ့သည်။

အစောကတော့ မိန်းကလေးငယ်လေးအား သင်ခန်းစာပေးရန် ပြောခဲ့ သော်လည်း၊ နောက်ဆုံးတော့ သူတို့ကသာ သင်ခန်းစာရခဲ့ကြသည်။ ဤ သည်မှာ ၎င်းတို့စိုက် ပျိုးသည့်အရာအား ရိတ်သိမ်းခြင်းဟုခေါ်သည်။

ပိုမိုဒေါသထွက်စရာကောင်းသည်မှာ မဒမ်ကျုံးသည် လှုပ်ရှားမှုမပြုခဲ့ ခြင်းဖြစ်သည်။ သူတို့က လျော်ကြေးပေးပြီးတောင်းပန်ရမည့်သူ မဟုတ်သည်မှာ သေချာသည်မဟုတ်ပါလား? အဖြစ်အပျက်ကို မဒမ်ကျုံးမှ စတင်ခဲ့ပြီး ကျီဖေး၏ အထောက်အထားအား နားလည်မှုလွဲမှားခဲ့သည်မှာ မဒမ်ကျုံးဖြစ်ကာ၊ သူတို့မှ ကျီဖေးအား စော်ကားမိစေခဲ့သည်။

ထို့ကြောင့် သူတို့လေးဦးသည် မဒမ်ကျုံးအား အရူးအမူးကြည့်နေကြ သည်။

သူတို့သည် ဖျော်ဖြေရေးလောကမှ အရင်းရှင်လောကသို့ ကူးပြောင်းခဲ့ကြသဖြင့် မာနကိုချပစ်ရန်လွယ်ကူခဲ့သည်။ သို့သော် မဒမ်ကျုံးသည် ချမ်းသာသောမိသားစုမှ မွေးဖွားလာခဲ့သူဖြစ်ပြီး၊ မျက်နှာအားနှိမ့်ချရန် မလွယ်ကူပေ။

သူ၏ခင်ပွန်းနှင့် ကွာရှင်းပြတ်စဲမှုအကျပ်အတည်းအား မကြာသေးမီက မှ ရင်ဆိုင်ခဲ့ရသည့်အတွက်၊ သူသည် စိတ်ချောက်ချားလွယ်သူဖြစ်သည်။

သို့သော် သူ့ဝမ်းကွဲ၏ထိပ်ထိပ်ပြာပြာအရိပ်အမြွက်များ ပါသောအကြည့်အောက်တွင်၊ တောင်းပန်လက်ဆောင်အား တက်တက်ကြွကြွပေးအပ်ခဲ့သည်။ သူ့အနေဖြင့် လက်ဆောင်အား ဂရုမစိုက်သော်လည်း၊ တောင်းပန်စကားများကတော့ သူ့လျှာကိုပူလောင်စေခဲ့သည်။

မဒမ်ကျုံးသည် သူ့ဒေါသအား ချုပ်တည်းကာ " ငါ အရင်ကပြောခဲ့တဲ့ စကားတချို့က မစ္စကျီရဲ့ အထောက်အထားကိုနားလည်မှုလွဲမှားလို့ပဲ၊ ဒါပေမယ့် အဲ့တာက မစ္စချင်ရဲ့ ဇနီးက အရမ်းစိတ်ပျက်စရာကောင်းတာကြောင့်လည်းပါတယ်" ဟုပြောခဲ့သည်။

ဤစကားများအားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အခန်းတစ်ခုလုံး တုန်လှုပ်သွားခဲ့သည်။ ဘုတ်အဖွဲ့ ဒါရိုက်တာသည် သူ၏ခေါင်းမာသောဝမ်းကွဲမှ နောက်တစ်ကြိမ် ထပ်မံပြုမူခဲ့သည်ကိုသိရှိပြီး မျက်ရည်ကျ လုနီးပါးဖြစ်နေခဲ့သည်။

"ဝမ်းကွဲ၊ မင်းပါးစပ်ကိုပိတ်စမ်း။ မင်းက မစ္စချင်အပေါ်ကို အရင် ရိုင်းစိုင်းခဲ့တာပါ။ မြန်မြန်တောင်းပန်လိုက်။"

သို့သော် မဒမ်ကျုံးသည် အံကြိတ်ကာ ဆန့်ကျင်ဘက် ပြောဆိုခဲ့သည်။

"ငါ သူ့ကိုမကောင်းတဲ့ သူတစ်ယောက်နဲ့ရင်ဆိုင်ဖို့အ တွက် အတူတူပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့တာ။ ငါ မစ္စကျီကိုငယ်ရွယ်ပေမဲ့ ကောင်းမွန်တဲ့တန်ဖိုးတွေ ရှိလိမ့်မယ်လို့ အမြဲထင်ခဲ့တာ၊ ဒါပေမဲ့ သူက ဒီအချိန်မှာတောင် ဒီလောက်ရှုပ်ထွေးပြီး မယားငယ်ကိုကာကွယ်ပေးချင်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။ ငါပြောခဲ့တာတွေက သူ့ကို လမ်းမှားရောက်သွားမှာ ဆိုးရိမ်လို့ပါ။"

ဤစကားများသည် ဘုတ်အဖွဲ့ ဒါရိုက်တာကိုအံ့အားသင့်စေခဲ့ပြီး၊ ကျီဖေးအား ရုတ်တရက်လှည့်ကြည့်မိစေခဲ့သည်။ အမှန်ပင်၊ မူလက ကျီဖေးသည် အလွန်မကောင်း သောဂုဏ်သတင်းရှိခဲ့ပြီး၊ မကြာသေးမီကမှ ပိုမိုကောင်း မွန်စွာပြုမူလာခဲ့သည်။

[ ကြည့်ရတာ သူ့ယောက်ျားက ယုရို့ရင်အတွက်နဲ့ သူ့ကို ကွာရှင်းချင်နေတာကြောင့် တော်တော်လေးကိုစိတ်ထိ ခိုက်သွားခဲ့တယ်ထင်တယ်။ သူ အခု လူတိုင်းဆီကနေ သနားကရုဏာနဲ့ အသိအမှတ်ပြုမှုကို တောင်းတနေ‌တာ၊ ယုရို့ရင်နဲ့ ရင်ဆိုင်ဖို့အတွက် သူတို့အားလုံးကို သူနဲ့ အတူပူးပေါင်းစေချင်နေတာ။ အကယ်၍ ဘယ်သူမဆို သူနဲ့ ကွဲပြားတဲ့အမြင်ရှိရင်၊ သူ့ကို မကူညီချင်ရုံလေးပဲ ဆိုရင် တောင်၊ သူက သူတို့ကို သူ့ဘက်ရောက်အောင် အတင်း အကျပ်ခေါ်မယ်ပေါ့? ကောင်းပြီလေ၊ ငါက ပုန်ကန်တဲ့သဘာဝရှိတယ်၊ နင် ငါ့ကို မပြောင်းလဲနိုင်ဘူး။ ဒါဆို ဘယ်လိုလဲ ? ဒါက နင့်ကို ရူးသွားစေမှာများလား ? အဟက် !]

သူဘက်မှတောင်းပန်လက်ဆောင်များအား လက်ခံခဲ့သော်လည်း၊ အခြားတစ်ဖက်သည် ၎င်းတို့၏အမှားအား ဝန်ခံရန်ငြင်းဆန်နေဆဲဖြစ်သည်။ သူ မည်သို့ပြန်ပြောရမည်ကိုစဉ်းစားနေစဉ်၊ မဒမ်ကျုံး၏စကားများအားကို နားထောင်နေပြီး ကျီဖေး၏အတွင်းစိတ်စကားများမှ အဓိကသတင်းအချက်အလက်အချို့အား ဖမ်းမိသော ကြောင့် ချင်ရှန့် သည် အခြေအနေကိုအကြမ်းဖျင်းနား လည်သွားပြီး အေးစက်သောအသံဖြင့်ပြောဆိုခဲ့သည်။

" မဒမ်ကျုံး ၊ ခင်ဗျားက မစ္စကျီအပေါ် မျှော်လင့်ချက်တွေ စိတ်တိုင်းကျထားပြီး၊ သူ့အတွေးတွေ ခင်ဗျားနဲ့ မကိုက်ညီတာကြောင့်နဲ့ သူ့ကို စိတ်တိုင်းကျကဲ့ရဲ့နေတာလား ? ဒါ နည်းနည်းတော့လွန်နေပြီလို့မထင်ဘူးလား ?”

All Chapters