← Chapters

အခန်း (၃၃၅)

Vol. 34 Ch. 335

အခန်း (၃၃၅)

Vol. 34 Ch. 335

ဤစကားများအား ကြားပြီးနောက် ရန်ဖုန်၏မိဘများချက် ချင်းစိုးရိမ်သွားကြတယ်။ သားဖြစ်သူ သူ့ဘဝနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့တဲ့ အရာပဲ၊ ဘယ်လိုတောင် သူတို့ပြောပြီးမှ ဒီလိုစိတ်ပြောင်းလဲသွားနိုင်တာလဲ။

"မင်းမိဘတွေ သဘောမတူလို့လား။ ငါ့သားက သေတော့မယ်။ မင်းတို့က ချမ်းသာတဲ့မိသားစုကလေ ဘာလို့ နှမြောတွန့်တိုပြီး တွက်ချက်နေရတာလဲ။”

"မင်းမိဘတွေကို ဒီကိုခေါ်လိုက်။ သူတို့ပြောရဲသေးလား ငါကြည့်ဦးမယ်!"

သူတို့နှစ်ဦးသည် ရက်စက်ကြမ်းကြုတ်ကာ ရုပ်ဆိုးအကျည်း တန်ပြီး ခုန်ပေါက်တော့မတတ် ဒေါသထွက်နေကြသည်။

သူတို့နောက်မှ လိုက်လာသူများသည် ရွံရှာစွာကြည်နေကြသည်။

ချင်ရီသည် သူတို့ကြားတွင် စိတ်အရှုပ်ဆုံးဖြစ်သည်။ သူ ရန်ဝေဝေ၏လက်အား ဆုပ်ကိုင်ထားပြီး သူ့ကျဲ လုပ်ရပ်အားလုံးဝနားမလည်နိုင်ဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေခဲ့သည်။

ကွာရှင်းမည့်စိတ်ကူးသည် အဓိပ္ပါယ်မဲ့သည်ဟု သူထင်ခဲ့သော် လည်း ချင်ဝမ်ရှန့်သည် စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ကတိအား ပေါ့ပေါ့တန်တန်ပေးတတ်သူ မဟုတ်မှန်း သူ သိသည်။

ထို့အပြင် ချင်ဝမ်ရှန့်သည် ထိုပိုင်ဆိုင်မှုများအား လုံးဝ ဂရုမစိုက်ချေ။ သူသဘောတူပြီးသားကို ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားရတာလဲ။

ချင်ရီသည် ချင်ဒုတိယမိသားစုဝင်များအား ကြည့်လိုက်ချိန်တွင် သူတို့အားလုံး မျှော်လင့်စောင့်စားနေသည့် အမူအရာများရှိနေသည်အား တွေ့လိုက်ရသည်။ သူ့ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

ထိုအချိန်တွင် ချင်ဝမ်ရှန့်၏စကားကြောင့် အံ့အားသင့်သွားသည့် ရန်ဖုန်သည် တစ်ခုခုမှားနေသည်ကို အာရုံခံမိလိုက်သည်။ နောက်ဆုံးတွင် သူသည် ချင်ဝမ်ရှန့်နှင့် လက်ထပ်ထား သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်ကာ သူမ စိတ်ဆိုးသည်လား၊ ဝမ်းနည်းသည်လားပြောနိုင်သည်။

သို့သော် ချင်ဝမ်ရှန့်သည် ယခုဒေါသထွက်နေရုံသာမက၊ သူမသည် ဒေါသပုန်ထနေခြင်းဖြစ်ကာ သူမ အကြည့်များသည် သူ့အား သေစေလိုသောဆန္ဒဖြင့် တင်းမာနေပုံရသည်။

ရန်ဖုန်နှုတ်ခမ်းများ တဆတ်ဆတ်တုန်လာသည်။ သူ ခွန်အား ကုန်ဆုံးနေပြီဖြစ်ကာ စကားလည်းမပြောနိုင်သလောက်ဖြစ်နေသော်လည်း သူကြိုးစားပြောနေသည်။

" မိန်းမ ၊ ဘာဖြစ် ... ဘာဖြစ်လို့လဲ ၊ ဘာလို့ ရုတ်တရက်ကြီး ... မင်း ငါ့ကိုသိပါတယ်။ ငါ မင်းနဲ့ ဘယ်တုန်းကမှ မကွာရှင်းချင်ပါဘူး ..ငါက ဒီအတိုင်း…... "

"နင်ရော ငါ့ကိုသိလား ? အိမ်ထောင်သက် ဒီလောက်ကြာတာတောင်မှ နင် ငါ့ကိုသိလို့လား..."

ချင်ဝမ်ရှန့်သည် ရေရွတ်လိုက်ကာ ရုတ်တရက် ဆေးရုံကုတင်ပေါ်ရှိ လူနာဆီသို့ကုန်းလိုက်သည်။ သူမသည် အေးစက်နေသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေသည့် အသံနှင့်

"နင့်ကို ငါ သိတာပေါ့။ နင်က ခင်ပွန်းကောင်း၊ ဖခင်ကောင်းတစ်ယောက်လေ၊ ဒါကြောင့် ငါတို့အတုလုပ်ဆောင်ခဲ့သမျှ အရာအားလုံးက နောက်ဆုံး ငါတို့သမီးအတွက်ပဲဖြစ်ရမှာ မဟုတ်ဘူးလား။"

"မင်း... မင်းလို မိန်းမ။ မင်း ဂရုစိုက်သမျှက ပိုက်ဆံပဲ"

ရန်ဖုန့်မိဘများသည် ဆက်လက် ကျိန်ဆဲနေကြသော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။

သူတို့ ချင်ဝမ်ရှန့်ထံ ချဉ်းကပ်ရန် ကြိုးစားသောအခါ၊ ချင်ရှန့်နှင့် ချင်ချောင်ဟွေ့တို့သည် ချက်ချင်းပင် သူတို့ချွေးမဆီ သွား ရာလမ်းအား ပိတ်ဆို့လိုက်ကြသည်။

ဂုဏ်သိက္ခာရှိသော နောက်ခံမှ လာမှန်း ထင်ရှားသည့် သူတို့နှစ်ဦးသည် ကြောက်ရွံ့ဖွယ်ကောင်းသော ရောင်ဝါရှိကာ သက်ကြီးရွယ်အို ဇနီးမောင်နှံအား တွန့်ဆုတ်သွားစေကာ ရန်ဖုန်ဆီသာ အသဲအသန် အော်ဟစ်ခဲ့ကြသည်။

သို့သော် ရန်ဖုန်သည် သူတို့အသံအား မကြားချေ။

သူ၏အကြံအစည်များအောင်မြင်ရန် စောင့်ဆိုင်းနေသည့် ကြိုးတစ်မျှင်သာ ကျန်တော့သည့် သေလုမြောပါးလူတစ်ဦးသည် ယခု သူ့အကြံအစည်များ ဘယ်သောအခါမှ အကောင် အထည်မပေါ်နိုင်တော့ဘူးဆိုသည်အား သဘောပေါက်သွားပုံရသည်။

ထိုသို့ဖြင့် နောက်ဆုံး ကြိုးတစ်မျှင်သည် ပြတ်သွားတော့မည်။

"မိန်းမ၊ ဒါ ငါ့လည်း အလုပ်လုပ်ခဲ့တာ၊ မင်း လုပ်လို့မရ..မင်းဒီအတိုင်းမ…..."

ချင်ဝမ်ရှန့်သည် ရန်ဖုန်၏ အရေခြုံထားသော သနားစရာကောင်းသည့် မျက်နှာအား ကြည့်ပြီး ပြုံးလိုက်သည်။

"နင်တောင် လုပ်ရဲသေးတာပဲ ငါ ဘာလို့ မလုပ်နိုင်ရမှာလဲ။ နင် ချင်မိသားစုရဲ့ သမီးတစ်ယောက်နဲ့ လက်ထပ်ခဲ့တာပဲ။ ဘယ်လိုလုပ်ပြီး ငါက ခွေးလေခွေးလွင့်တွေ ငါ့သမီးကို အခွင့်ကောင်း ယူမှာကို ခွင့်ပြုပေးနိုင်မလဲ။ နင် ငါ့ကို တကယ်လျှော့တွက်ခဲ့တာပဲ။"

ရန်ဖုန့်မျက်နှာသည် သေခြင်းတရားကြောင့် ဖြူဖျော့နေပြီဖြစ်သည်။ နောက်ဆုံးကျန်တဲ့အားများ သုံးလိုက်သကဲ့သို့ သူမျက်လုံးများ ပြုးကျယ်ပြီးပါးစပ်ဟလာသည်။ ကျိန်စာတိုက်ဖို့လား၊ ခွင့်လွှတ်ဖို့ တောင်းပန်မလို့လား၊ ဒါမှမဟုတ် ဆက်ပြီး နစ်နာသူဟန်ဆောင်ချင်သေးသည်လားမသိပေ။

သို့သော် ချင်ဝမ်ရှန့်သည် သူ့အား စကားပြောခွင့်မပေးပေ။

"ရှူး တိတ်တိတ်နေ၊ အပေါ်ကနေ ကြည့်နေနော်။ နင့်ရဲ့အကြံအ စည်တွေအားလုံး ဘာမှဖြစ်မလာအောင် ငါ ဘယ်လိုလုပ်မယ်ဆိုတာကို ကြည့်နေ"

သူမ ဤစကားပြောပြီးသည်နှင့် အခန်းသည် တိတ်ဆိတ်သွားသည်။

ရန်ဖုန်၏မိဘများသည် မည်သည်များ ဖြစ်ပျက်နေသည်အား နောက်ဆုံးတွင် နားလည်သွားပုံရသည်။ မျက်နှာဖုံးစုတ်ပြဲသွားပြီ- အရာအားလုံးပေါ်သွားပြီလား ?

"ဝမ်ရှန့်..."

ရန်ဖုန်၏မိဘများသည် ထိတ်လန့်တုန်လှုပ်နေပြီး တစ်ခုခုပြောရန် ကြိုးစားသော်လည်း ရန်ဖုန်၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ထားသည့် မော်နီတာများမှ အချက်ပေးသံများ စတင်ထွက်ပေါ်လာသည်။

ချက်ချင်းပင် အခန်းသည် ဆူညံများနှင့်ဗြောင်းဆန်သွားသည်။ ချင်ဝမ်ရှန့်သည် ရန်ဖုန်ကုတင်ဘေးတွင် လဲပြိုနေသည့် သူမိဘများအားထားကာ သူ့သမီးအား ပွေ့ကာအေးစက်စွာလှည့်ပြန်ခဲ့သည်။

ရန်ဝေဝေသည် ဆေးရုံကုတင်အား မကြည့်ပေ၊ တိတ်တိတ်လေးသာ ငိုနေသည်။

တဖြည်းဖြည်းနှင့် အရာအားလုံးသည် တစ်ခုမှမကျန်ခဲ့ပေ။

ချင်ရီသည် ကွယ်လွန်သွားသော သူ့ဖောက်ဖဖြစ်သူအား ကြည့်ကာ မည်သည့်ဝမ်းနည်းပူဆွေးမှုမှ မခံစားရပေ။ သူ့အမူအရာသည် ခက်ထန်နေသည်။

“ကျဲ ဘာပြောချင်တာလဲ ? ခုနကပြောသလိုဆိုရင် ရန်ဖုန်က ကျဲကို သစ္စာဖောက်ပြီး တစ်ခုခုလုပ်ခဲ့တာလား။"

ချင်ဝမ်ရှန့်၏ မျက်နှာသည် အေးခဲသွားပြီး ကွယ်လွန်သူခင်ပွန်းအား စိုက်ကြည့်လိုက်သည်။ နောက်ဆုံး သူမသည် မုဆိုးမဖြစ်သွားသည်။

သူမသည် ခါးသီးစွာ ရယ်မောပြီး ချင်ရီနားထဲသို့ တိုးတိုးလေးပြောလိုက်သည်။

"သွား။ ငါ့ကို ဆေးရုံဒါရိုက်တာကို ကူရှာပေးပါဦး၊ အားလုံးကို ဂရုစိုက်ပေးဖို့ အချိန်ရောက်ပြီ။"

ချင်ဝမ်ရှန့်၏ညွှန်ကြားချက်အား နားထောင်ရင်း ချင်ရီမျက် လုံး ပြူးသွားသည်။

ချင်ဒုတိယမိသားစုဝင်များသည် သူတို့မောင်နှမများပြောနေသည်ကို မကြားနိုင်သော်လည်း ၎င်းတို့တွင် ၎င်းတို့၏ အတင်းအဖျင်းအရင်းမြစ်ဖြစ်သော ကျီဖေးရှိသည်။

[လျှင်မြန်၊ ရက်စက်၊ ပြတ်သား —တကျဲကတော့ အမေးဇင်းပဲဟေ့၊ သူ တစ်ခါတည်း မီးသဂြိုလ်ပြီး အသုဘချဖို့တန်းလုပ်နေတာပဲ။]

ချင်ဒုတိယမိသားစုမှ မောင်နှမသုံးယောက်လည်ယ ထိတ်လန့်သွားကြသည်။

သို့သော် ချင်ရှန့် မအံ့သြပေ။ နောက်ဆုံး နှောင့်နှေးမှုများသည် ရှုပ်ထွေးမှုများဆီသို့ ဦးတည်သွားနိုင်သည်။ တကျဲသည် အမြဲစဉ်းစားဆင်ခြင်နိုင်သူဖြစ်သည်။

ထို့ကြောင့် စတုတ္ထဦးလေးချင်မိသားစုမှ အမြွှာအမွှာများသည် အန်တီနှင့် အကြီးဆုံးဦးလေးတို့နှင့်အတူ ရောက်ရှိလာသော အခါ ဆေးရုံဝန်ထမ်းများသည် အဖြူရောင်စောင်ဖြင့် ဖုံးအုပ်ထားသည့် ခန္ဓာကိုယ်အား သယ်သွားရန်ပြင်ဆင်နေသည်အား ရန်ဖုန်၏ မိဘများမှတားဆီးရန် ကြိုးစားနေသည်အားတွေ့လိုက်ရသည်။

ရန်ဖုန်၏ မိဘများသည် ချင်ဝမ်ရှန့်၏ ရည်ရွယ်ချက်အား အမှန်ပင် နားမလည်ကြပေ။ ၎င်းတို့သားအားကောင်းစွာမနှုတ် ဆက်ရသေးဘဲ မလွှတ်နိုင်သောကြောင့်ဖြစ်သည်။ ယခု အရာအားလုံးသည်လည်း ပေါ်သွားပြီဖြစ်ကာ အနည်းဆုံး ၎င်းတိုမြေးများသည် ၎င်းတို့၏ဖခင်အားလာနှုတ်ဆက်သင့်သည်ဟု တွေးနေကြသည်။

သို့သော် ချင်ဝမ်ရှန့်သည် ၎င်းတို့အား အခွင့်အရေးမပေးခဲ့ပါချေ။ လမ်းရှင်းရန် သက်တော်စောင့်များအား အေးစက်စွာခေါ်လိုက်ပြီး အကြီးဆုံးဦးလေးနှင့်အဒေါ်တို့ မည်သည် ဖြစ်ပျက်နေသည်အား သိချိန်တွင် အလောင်းအားသယ်ယူသွားခဲ့ပြီးဖြစ်သည်။

"ဘာဖြစ်နေကြတာလဲ...?"

အဒေါ်သည် အကုန်လုံးထူးဆန်းနေသည်အား ခံစားပြီသော ကြောင့် စိတ်ပူပန်စွာမေးလိုက်သည် ။

တစ်ဖက်တွင်မူ အကြီးဆုံးဦးလေးသည် သူ့သမီးနှင့် မြေး၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေအားပိုစိုးရိမ်နေသည်။

ချင်ဝမ်ရှန့်သည် သူမ၏မိဘများအား မြင်သောအခါတွင်တော့ သူမသည် မျက်ရည်ကျလာကာ သူမနှင့် ဝေဝေကြုံတွေ့ခဲ့ရသည့် မတရားမှုများအား ပြောပြခဲ့သည်။

[ ဟမ်း… အဲ့အချိန်တုန်းက၊ ချင်ဝမ်ရှန့်က သူ့ မိဘနှစ်ယောက်ရဲ့ relationshipကြောင့် ရန်ဖုန် လိုက်တာကို သဘောတူတာပဲ။ အကြီးဆုံးဦးလေးက ချင်မိသားစုထဲကိုလက်ထက်ဝင်ခဲ့တယ်။ သူဇနီး ပိုအောင်မြင်နေလို့လည်း ဘာအဖုအထစ်မှမဖြစ်ခဲ့ကြပဲ ဇနီးမောင်နှံနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးပေးခဲ့ကြတယ်။ အဲ့ဒါကြောင့် ချင်ဝမ်ရှန့်လည်း ကိုယ့်ထက်အဆင့် အတန်းနိမ့်တဲ့သူနဲ့ လက်ထပ်ရင်တောင် ပျော်ရွှင်မှုကို ရှာတွေ့နိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် တကယ့်လက်တွေ့ကျ သူမျက်နှာကို ပြင်းပြင်းထန်ထန်ဖြတ်ရိုက်ခဲ့တာပဲ။]

ချင်ရန် နှင့် ချင်ရုန်တို့သည် နက်နက်ရှိုင်းရှိုင်း နားလည်နိုင် သည်။ ချင်ဝမ်ရှန့်ကဲ့သို့ပင်၊ ၎င်းတို့သည်လည်း ချင်မိသားစု၏ အမိုးအကာအောက်တွင် ကြီးပြင်းခဲ့ကြကာ ၎င်းတို့၏အကြီး အကဲများ၏ သဟဇာတရှိသော ဆက်ဆံရေးများကြားကြီး ပြင်းလာခဲ့ခြင်းဖြစ်သည်။ သူတို့လောက် မပြီးပြည့်စုံသည့် အမျိုးသားများနှင့် လက်ထပ်ခြင်းသည် မှားယွင်းသည်ဟု သူတို့ ဘယ်တုန်းကမှမတွေးခဲ့ကြပေ။ အစပိုင်းတွင် စစ်မှန်သည့် ချစ်ခြင်းမေတ္တာသည် အတားအဆီးမှန်သမျှအားကျော်လွှားနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။

ယခုမူ၊ “မိမိနှင့် အဆင့်အတန်းမတူသူနှင့်လက်ထပ်ခြင်း” ကဲ့သို့သော အိမ်ထောင်ရေးသည် တန်းတူညီမျှသောအိမ် ထောင်ရေးထက် မပျော်မရွှင်ဖြစ်နိုင်ခြေပိုများကြောင်း ဝန်ခံရမည်ပင်။

ထို့ကြောင့် သူတို့သည် rule အား သက်သေပြရန် အကြီးဆုံးဦးလေးအား ခြွင်းချက်အဖြစ်မသုံးနိုင်တော့ချေ။

ချင်ဝမ်ရှန့်၏ဇာတ်လမ်းအားကြားပြီးနောက် အန်တီနှင့်အကြီးဆုံးဦးလေးတို့သည် ဒေါသအလွန်ထွက်သွားကြကာ သွေးတိုးသွားကြသည်။ ရန်ဖုန်သာ မသေသေးပါက သူတို့သမီးအား နှစ်ပေါင်းများစွာလှည့်စားခဲ့သည့် ထိုလူယုတ်မာအား အသေရိုက်နှက်မိကြလိမ့်မည်။

အငယ်အနှောင်းနှင့် တရားမ၀င်ကလေးအား ကျွေးမွေးပြုစုရန် သူ့သမီးဖြစ်သူ ခက်ခက်ခဲခဲရှာရတဲ့ငွေအားသုံးရန် သူ မည်မျှသတ္တိရှိသနည်း။ သွေးတက်လိုက်တာ !

"မင်းရဲ့သားက အငယ်အနှောင်းနဲ့ ကလေးကို ပြုစုပျိုးထောင်နေတာ မင်းသိလား? အဲဒါ အမြဲတမ်း မြေးလိုချင်နေတဲ့ မင်းတို့မလား။"

သာမန်အားဖြင့် နူးညံ့သိမ်မွေ့သော အကြီးဆုံး ဦးလေးသည် ရန်ဖုန်၏မိဘများကို လက်ညှိုးထိုးအော်ဟစ်ကာ "မင်းတို့ မကောင်းမှန်း ငါအမြဲသိခဲ့တယ်။ ဒီသစ်ပင်ကနေ ဒီပန်းသီးကျတာပဲ!"

"ဟမ်။ မင်းရဲ့ရန်မိသားစုဆွေမျိုးတွေကို ချင်မိသားစုကအကြာကြီးသည်းခံပြီးပြီ၊ ဒါပေမယ့် ငါ့သမီးကို သစ္စာဖောက်ဝံ့တယ်။ မင်းတို့ တကယ်ကိုအရှက်မရှိဘူးပဲ!" အဒေါ်သည် အော်ငေါက်လာသည်။

အခု ဟန်ဆောင်စရာမလိုတော့သည်ဖြစ်ရာ လူနှစ်ယောက်သည်ဂရုမစိုက်ကြတော့ပေ။

"ဒါဆို ငါတို့က ဘယ်လိုလုပ်ရမလဲ။ မင်း သမီးက ငါတို့ကို မြေးမပေးနိုင်ဘူး။ မင်းမိသားစုထဲ လက်ထပ်ဝင်တာနဲ့ပဲ ရန်မိသားစုမျိုးဆက်ပြုတ်ခွင့်ပြုရမှာလား။ မင်းရဲ့သမီးက မြေးမမွေးနိုင်မှတော့ ငါတို့ ကိုယ်တိုင်နည်းလမ်းရှာရတော့တာပေါ့။ နောက်ဆုံး ရန်ဖုန်အပေါ်ပျက်ကွက်ခဲ့တာက မင်းတို့သမီးပဲလေ။ ငါတို့က သူ့ကိုမကွာရှင်းခိုင်းတာနဲ့တင် ငါတို့က ကောင်းလွန်းနေပြီ။"

"ပြီးတော့ မင်းသမီးကရော၊ ငါ့သားရဲ့ နောက်ဆုံးတောင်းဆို ချက်ကိုတောင် ခွင့်မပြုဘူး။ ငါသားသေသွားတာကိုမျက် တောင်တစ်ချက်တောင်မခတ်ပဲ ကြည့်နေခဲ့တာ။ အသဲနှလုံးမရှိတဲ့ မြွေပွေးမ။ ဒါပေမယ့် ကိစ္စမရှိဘူး။ အဲဒါ ငါ့သားရဲ့အမွေပဲ၊ ငါတို့အကုန် မယူနိုင်ရင်တောင် ငါတို့ ရသလောက်ယူရမှာပဲ။"

[ မိုက်ပါ့ဟေ့။ ဒီသက်ကြားအိုနှစ်ယောက်က အရှက်မရှိဘူးပဲ။ ဒါပေမယ့် ရန်ဖုန်ကဖြင့် ပြာတောင်ဖြစ်နေပြီဆိုတာ သူတို့ မသိကြဘူး။ အမွေကိစ္စနဲ့ပတ်သတ်ပြီး တကျဲနဲ့ဝေဝေတို့ တိုက်ဖို့လိုတာဆိုလို့ ဒီနှစ်ယောက်ပဲကျန်တော့တယ်။]

All Chapters