← Chapters

အခန်း (၃၆၆)

Vol. 37 Ch. 366

အခန်း (၃၆၆)

Vol. 37 Ch. 366

ချင်ကျားရှီသည် သူ့ စိတ်ကိုပြန်ထိန်းနိုင်ပြီး ကျောင်းဝင်းအတွင်းရှိ သရေစာမုန့်များရောင်းသည့်နေရာကို မြည်းစမ်းကြည့်ရန် လူတိုင်းကိုဦးဆောင်လာခဲ့သည်။

အမှန်တွင် ချင်ကျားရှီ၏ မျက်လုံးများသည် ရေချိုးခန်းထဲတွင် နှလုံးကွဲမတက်ငိုထားသောကြောင့် သစ်ကြားသီးကဲ့သို့ ရောင်ရမ်းနေခဲ့သည်။ ယခုအခါ သူ့အပြုံးသည် ဖြူစင်နေကာ ဝန်ထုပ်ဝန်ပိုးများ တစ်စိတ်တစ်ပိုင်းကိုစွန့်လွှတ်လိုက်ပြီဖြစ် ကြောင်းဖော်ပြထားသည်။ သူ လုံးဝဂရုမစိုက်ဘူးဟု မပြောနိုင်သော်လည်း သူ သတ္တိရှိလာသောကြောင့် စိတ်ထဲသိပ်မထည့်တော့ပေ။

ချင်ရီသည် အချိုပွဲများစားပြီးနောက် "ဒီနေ့လည် ဘယ်သွားမှာလဲ ? ကျောင်းဝင်းကိုပဲ လိုက်ကြည့်မှာလား"

ချင်ရုန်သည် "ညီမတို့ ကျားရှီခေါ်တဲ့ဆီလိုက်သွားကြမယ်

ချင်ကျားရှီသည် နေ့ခင်းဘက်တွင် တစ်ခုခုစီစဉ်ထားကြောင်း သတိရကာ တုံ့ဆိုင်းသွားခဲ့သည်။

ချင်ဟန်သည် မိန့်ခွန်းပြောရန် သူမတို့၏ကောလိပ်သို့ ရောက် လာမည်။ ၎င်းသည် ထူးချွန်ကျောင်းသားဟောင်းတစ်ဦးဖြစ်သလိူ ချင်ကော်ပိုရေးရှင်း၏ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကျောင်းသားများကိုအားပေးရန် ထိုနေရာသို့လာခြင်းဖြစ် သည်။ ဟောပြောပွဲသည် ပြည့်ကျပ်နေပြီး လူတိုင်းတက်ရောက်ရန် မလိုအပ်သော်လည်း တိုက်ရိုက်ဌာနမှ ကျောင်းသားတစ်ဦးဖြစ်သည့် ချင်ကျားရှီအားတက်ရောက်ရန် သူမ၏အ ကြံပေးမှညွှန်ကြားထားသည်။

သို့သော် သူမသည် ချင်ဟန်ကိုလုံးဝမျက်နှာမပြချင်ပေ။ သူမ လွတ်သွားသော ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကိုကြည့် ပါက ၎င်းသည် ယုရှင်း၏တိုင်ကြားချက်ကို ရပြီးပြီးဆိုတာ သူ သိသည်။

သူ အလှောင်မခံချင်ပေ။ သူသည် စုကျာရှေ့တွင် ရပ်တည်နိုင်သော်လည်း ချင်ဟန်ကို ရင်ဆိုင်ရခြင်းမှာ မတူညီသောကိစ္စတစ်ခုဖြစ်သည်။ အဆုံးတွင် သူသည် သူမ၏အကိုကြီးဖြစ်ကာ သူမနှင့် ကြီးပြင်းလာသူဖြစ်ပြီး သူ့စကားများသည် သူမအ ပေါ်သက်ရောက်မှုကြီးမားပေသည်။ သူမအစ်ကိုသည် ယုရှင်းကို ညီမတစ်ယောက်လို မျက်နှာသာပေးသော်လည်း သူမကိုတော့ မနှစ်မျို့ခြင်းဆိုသည့်အသိကို ရင်ဆိုင်ရန် အဆင်သင့်မဖြစ်သေးချေ။

ယခုအချိန်တွင် သူမအခြေအနေကို ရှောင်ဖို့ ရွေးချယ်ခဲ့သည်။

သူမသည် တိတ်တဆိတ်ထွက်ခွာရန် တွေးတောကာ မည်သည့်အရာမှ မစီစဥ်ထားသလို ဟန်ဆောင်မည့်အချိန် အတန်းဖော်မိန်းကလေးနှစ်ဦး၏စကားများကို ကြားလိုက်ရသည်။

"သေချာသွားပြီ! ချင်မိသားစုရဲ့အကြီးဆုံးသားချင်ဟန်က ဒီမွန်းလွဲပိုင်းမှာ မိန့်ခွန်းပြောဖို့လာနေပြီ!"

"သူက အရမ်းချောပြီး အရည်အချင်းလည်း အရမ်းရှိတာပဲ၊ သူအရင်က ကျောင်းဝင်းထဲမှာ King ဖြစ်ခဲ့တာဆိုပဲ၊ ငါ ဒီကျောင်းကိုမရောက်ခင် သူဘွဲ့ရသွားတာ ရှက်စရာပဲ၊ မဟုတ်ရင် ငါသူ့ကို လိုက်မှာသေချာပါတယ်"

"သူ single ဖြစ်နေသေးတယ်လို့ ငါကြားတယ်!"

"နင်သိလား သူက တကယ်သည်းသည်းလှုပ်တဲ့ ညီမချစ်အစ် ကိုကြီးပဲ"

“အိုး... နင် ယုရှင်းကို ပြောချင်တာလား ? ငါ ချင်ဟန် သူ့ကို မကြာခဏ လာကြိုတာတွေ့ဖူးတယ် အရမ်းမနာလိုဖြစ်တာပဲဟာ!"

"မစ်ယုရှင်းက အရမ်းသဘောကောင်းပြီး ခင်ဖို့ကောင်းတယ်"

"ဒီနေ့တော့ ငါတို့ တစ်ခြား ချင်ညီအကိုတွေကိုတောင်တွေ့နိုင်တယ်!"

ကျီဖေးနှင့် စားပွဲရှိအခြားသူများသည် ဤအတင်းအဖျင်းစကားကိုကြားချိန် အော့အန်မိတော့မည်ဟု ထင်မိသည်။

ချင်ဟန်သည် သူ့ညီမအတုနှင့် ဆက်ဆံရေးကောင်းသည့်ပုံဖြစ်နေချိန် ချင်ကျားရှီသည်တော့ မိသားစုအစစ်အမှန်ကိုပင် ထုတ်ပြောခွင့်မရသည့် ညီမအရင်းဖြစ်သည်။ သို့တိုင် ထိုကဲ့သို့သော လူယုတ်မာသည် လူအများ၏အထင်ကြီးလေးစားမှုကို ဆွဲဆောင်နိုင်ဆဲဖြစ်သည်။ လူများသည် သူ့မျက်နှာမှန်ကို မသိသည်မှာထင်ရှားသည်။

"ဘာလို့ သတင်းက မထွက်သေးတာလဲ" ချင်ကျောက် အံ့သြသွားသည်။

ချင်ရီလည်း "မင်း စောစောက အဖြစ်အပျက်ကိုပြောနေတာလား"

ချင်ကျောက် ခေါင်းညိတ်လိုက်သည်။

"ငါလည်း သိချင်တယ်၊ နင့်ရဲ့ တက္ကသိုလ်အတန်းဖော်တွေက အတင်းအဖျင်းပြောတာ ကြိုက်ကြတယ်မလား? ဒါ တကယ့် ကိစ္စကြီးနော်" ကျီဖေးသည် စိတ်ပျက်စွာ ချင်ကျားရှီကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

စိတ်မသက်မသာဖြစ်နေသည့် ချင်ကျားရှီသည် မည်သို့ပြောရမှန်းမသိတော့ချေ။ သူလည်း နားမလည်နိုင်ပေ၊ သတင်းက ဒီလောက်မြန်မြန်ပျံ့တတ်လို့လား?

ကျီဖေး မျက်လုံးများတောက်ပလာသည်။ ဒါက ပြီးပြည့်စုံတဲ့အခြေအနေပဲ! အစောပိုင်းတွင် ချင်ကျားရှီ ၎င်းတို့ကိုလိုက်မပို့ချင်တော့မည်ကို သူ စိုးရိမ်ခဲ့ကသည်။

"ငါ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်ဘူး၊ ဘယ်လိုလဲ ငါတို့ သွားကြည့်ကြစို့လား ? ချင်ဟန်က ယုရှင်းနဲ့အတူတူတခြား သူတွေကို နားလည်မှုလွဲအောင်ဆက်လုပ်ဖို့ သတ္တိရှိရင် ငါတို့တွေ့ကြတာပေါ့..." ကျီဖေး သူ့ လက်ဆစ်များကို ချိုးလိုက်သည်။

ချင်ကျောက်သည် "ဒါပေါ့ ချေမှုန်းပစ်ရမယ်!"

ချင်ရီနှင့် ချင်ရုန်ပင်လျှင် ၎င်းတို့ထံမှ စိတ်လှုပ်ရှားမှုများ ကူးစက်ခံရပြီး တခစ်ခစ်ရယ်လာသည်။

ချင်ကျားရှီသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများ ပြူးကျယ်နေသည်။ သူသည် ငယ်စဉ်ကပင် မားမားဖြစ်သူထံမှ မိသားစုကိစ္စများကို သီးသန့်ထားရန်နှင့် ဖခင်ဖြစ်သူကို ဒုက္ခမပေးဘဲ အိမ်တွင်သာမျိုသိပ်ထားရန် သင်ယူခဲ့ရသဖြင့် ပြဿနာများကို အသေးအဖွဲဟုယူဆခဲ့သည်။

ဒါဆိူ သူ့ဘေးနားက လူတွေအားလုံး ဘာလို့အရမ်းစိတ်လှုပ် ရှားနေကြတာလဲ ?

ဒါက လူအများမြင်နိုင်တဲ့အရာလေ၊ ပြောရမယ်ဆို ချင်ကော်ပို ရေးရှင်းကိုတောင် အရှက်ရစေနိုင်တယ်မဟုတ်ပါလား ?

ချင်ကျားရှီသည် စကားပြောချိုသာသော်လည်း အဖွဲ့၏ဆုံး ဖြတ်ချက်နှင့်အတူ အလိုလိုလိုက်ပါလာခဲ့သည်။

မကြာမီ ၎င်းတို့သည် ခမ်းနားသောခန်းမဆောင်သို့ ရောက်လာကြသည် ။

မျှော်လင့်ထားသလိုပင် နေရာများတွင် လူများတန်းစီနေပြီး ပြည့်ကျပ်နေသည်။

ကျီဖေး ဒေါသထွက်သွားသည်။ သူတို့ ချင်ဟန်ကိုတွေ့ဖို့ ဘာကြောင့် တန်းစီနေရတာလဲ ? မသိရင် သူတို့က အကြွေးပေးဖို့ တန်းစီးနေရသလိုပင်။

သူ ချက်ချင်းပင် လောင်ကုန်းထံညည်းညူးလိုက်သည်။

ချင်ရှန့်လည်း စာပြန်လိုက်သည်။

"မင်း ပရိသတ်ထိုင်ခုံကနေ ရှိုးကြည့်ရတာသဘောကျမှာပါ"

ကျီဖေး လန့်သွားသည်။ "သူတို့ ဒီမှာလား?"

ချင်ရှန့် အတည်ပြုပေးလိုက်သည် "ကိုယ်တို့အားလုံး ဒီမှာပဲ"

ကျီဖေးပြုံးလိုက်သည်။

"ကောင်းပြီ၊ လူတွေက ဒရာမာနဲ့ဆို အရမ်းဆွဲဆောင်ခံရတယ်၊ ကျွန်မတို့ ထိုင်ခုံကောင်းကောင်းရအောင် သေချာလုပ်ရမယ်"

အမှန်တွင် ကျီဖေးသည် ချင်ဟန်လာနေပြီဆိုတာ သိပြီးသည်နှင့် ချင်ရှန့်အားမက်ဆေ့ချ်ပို့ထားခဲ့သည်။ သူ ချင်ဟန့်အား အခွင့်အရေးမပေးချင်ဘဲ ဤ‌အခြေအနေသည် ချင်ကျားရှီအတွက် အထောက်အထားကိုအခိုင်အမာဖော်ပြရန် အခွင့် ကောင်းတစ်ခုဖြစ်လိမ့်မည်ဟုထင်ခဲ့သည်။ ထို့ကြောင့် ချင်ဟန့်နေရာတွင် အခြားသူများကို အစားထိုးရန် သူ စီစဉ်ထားခဲ့သည်။

ခင်ပွန်းဖြစ်သူ ချင်ရှန့်သည် သူမ အကြံအစည်အောင်မြင်မည်ဖြစ်ကြောင်းအာမခံခဲ့သည်။

တိုက်ဆိုင်စွာပင် ဤနံနက်ခင်း၏အဖြစ်အပျက်များသည် အရာအားလုံးကိုဖော်ထုတ်နိုင်ခဲ့သည်။ ချင်ကျားရှီ၏ ဖခင်ဖြစ်သူသည် သူမအား ခေါ်ရန်လာနေပြီဖြစ်ပြီး အရာအားလုံးသည် စည်းချက်ညီညီပင်။

ကျီဖေး ၀မ်းမသာပဲမနေနိုင်တော့ပေ။

နောက်တန်းတွင် ထိုင်နေသော ချင်ကျောက်နှင့် ချင်ရုန်တို့လည်းဖြစ်ပျက်နိုင်သည့်အရာများကို သတိပြုမိကာ အတူတူ စိတ်လှုပ်ရှားနေကြသည်။

ချင်ရီသည်တော့ ယခုအချိန်တွင် မိသားစုကြီးတစ်ခုလုံးပါ၀င်လာမည်ဖြစ်ကြောင်းမသိသေးချေ။

ချင်ရီသည် မကြာသေးမီက ဤအဖွဲ့နှင့်ပေါင်းမိလာသဖြင့် သူ၏တည်ငြိမ်မှုတို့သည် လွင့်စင်သွားပြီဖြစ်ကာ ဒရာမာနှင့် လူယုတ်မာတစ်စုအတွက် အမြဲတမ်းစိတ်အားထက်သန်နေခဲ့သည်။

ချင်ကျားရှီ တစ်ယောက်တည်းလျှင် သူ့အတွေးထဲတွင်ပိတ်မိနေကာ တွေးနေခြင်းဖြစ်သည်။

လူတိုင်းသည် ချင်ဟန်ကိုစောင့်မျှော်နေခြင်းပင်။

တစ်နာရီအကြာတွင် တင်ဆက်သူသည် ချင်ဟန်အား နွေးထွေးစွာ ကြိုဆိုရန် လက်ခုပ်သြဘာပေးကြကာ လူတိုင်းအား ပွဲမိတ်ဆက်ရန် စင်မြင့်ပေါ်သို့တက်လာခဲ့သည်။

ချင်ဟန်သည် ယုံကြည်မှုအပြည့်ဖြင့် သက်တောင့်သက်သာရှိသော ခြေလှမ်းများဖြင့် လျှောက်လာသည်မှာ အခြားလူများရောက်လာသည်ကို သူ မသိသည်မှာထင်ရှားသည်။

ကျီဖေး သူ့အားအမြန်ကြည့်လိုက်ချိန် ချက်ချင်းရွံရှာသွားသည်။

[အင်း... စုကျာက ဒီမှာ မရှိဘူးပဲ၊ သူ့မိသားစုက သူ့ကို အိမ်ပြန်ခေါ်လိုက်တဲ့ပုံပဲ၊ ဒါဆို အခု ယုရှင်းက ချင်ဟန်နဲ့ အေးအေး ဆေးဆေးနေလို့ရပြီပေါ့ ? သူ တကယ့်ကို အချိန်စီမံခန့်ခွဲတဲ့နေရာမှာပညာရှင်ပဲ၊ သူ အစောကြီးထဲက စင်နောက်မှာငိုယိုနေလို့ ချင်ဟန်ကနှိမ့်သိမ့်ပေးဖို့အတွက်... နမ်းတောင်နမ်းခဲ့သေးတယ်၊ အွီး ရွံစရာကြီး]

ချင်ကျောက်နှင့် ချင်ရုန်တို့သည် သူတို့လည်း အော့အန်မိတော့မည်ဟု ခံစားရသော်လည်း ထိန်းထားလိုက်ကြဆဲဖြစ်သည်။

[ချင်ဟန်က ယုရှင်းကို ပန်းတွေလက်ဆောင်ပေးပြီး သူ့နေရာကိုခိုင်အောင်ကူညီပေးမယ်လို့တောင် ကတိပေးခဲ့တယ်... အိုး...အဲဒါနဲ့ သူတို့ကစားနေကြတာလား? သူ့ကို စောစောက ရိုက်ခဲ့တဲ့ ကောင်မလေးက အားသိပ်မထည့်ခဲ့ဘူးနဲ့တူတယ်၊ ဘာလို့ သူ့ ဆီမှာ အဖုအဖောင်းတစ်ခုမှမရှိတာလဲ၊ ကြည့်ရတာ သူ့ မျက်နှာက အရေထူတယ်နဲ့တူတယ်]

ချင်ကျောက်နှင့် ချင်ရုန်တို့လည်း စိတ်ပျက်မှုကိုထုတ်ဖော်လိုက်ကြသည်။

[နေပါဦး ဒီကောင်မလေး...ဘာလုပ်နေတာလဲ... အိုး ?! ဒါက အရည်ရွှမ်းလိုက်တဲ့ ဖရဲသီးကြီးပါလား]

ကျီဖေး အတွေးများ ခုန်ပေါက်သွားရသည်။

ချင်ကျောက်နှင့် ချင်ရုန်တို့သည် အသေးစိတ်အချက်အလက်များကို မကြားရတော့ဘဲ ကျီဖေးသည် တက္ကသိုလ်ဖိုရမ်၏ဝဘ်ဆိုဒ်အကြောင်းကို ချင်ကျားရှီအား ရုတ်တရက်မေးလိုက်သည်ကို စောင့်ကြည့်နေကြသည်။

ထိုတွင် ချင်ရီ အတင်းအဖျင်းပြောဆိုမှုများနှင့် တူညီပြီး Y city တွင် ယခင်ကကျော်ကြားခဲ့သည့် ကျောင်းသားအကြာင်းလည်းပါသည်။

၎င်းတို့နှစ်ယောက်သည် ချင်ဟန်၏ မိန့်ခွန်းကိုစိတ်မဝင်စားတော့ဘဲ စာမျက်နှာကို တိတ်တဆိတ်ရှာဖွေကာ အပ်ဒိတ်များကိုစောင့်မျှော်နေကြသည်။

ထိုတွင် ရင်းနှီးပြီးသားနာမည်များပါသည် ပို့စ်တစ်ခု ရုတ်တ ရက်ပေါ်လာသည်။

#စုကျာ၏ဖောက်ပြန်မှု #ချင်ဟန်ရဲ့လိမ်ဆင်!

All Chapters