အပိုင်း(၁၃)
Vol. 2 Ch. 13
ခန်းမအတွင်းရှိ ချင်မိသားစုဝင်များ ပင့်သက်ရှိုက်မိလိုက်သည်။
ဤထိတ်လန့်စရာကောင်းသည့်သတင်းသည် ၎င်းတို့ ၏အသိစိတ်ကိုပျက်ပြားသွားစေပြီး လူတိုင်းအကြည့်များသည် ကိုးနှစ်အရွယ်ကောင်လေးထံသို့ရောက်ရှိသွားသည်။
လူတိုင်း၏စိတ်သည် တပြိုင်နက်တုန်လှုပ်နေကာ- ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ဘယ်လိုမှမဖြစ်နိုင်တာကြီးကို
ချင်ရန်၏ဦးနှောက်လုပ်ဆောင်မှုများ ရပ်တန့်သွားသည်။ သူ(မ) ကလေးမသေတဲ့အကြောင်း တစ်ခါမှမတွေးရဲချေ။ အခုကလေးက မသေတဲ့အပြင် လီကျစ်နဲ့ ချောင်မုန့်တို့လက်ထဲမှာ တချိန်လုံးကြီးပြင်းလာခဲ့တာလား ?
ဒါ သူ(မ)ကလေးလား?
လီကျီချောင်သည် တခြားသူများ၏အကြည့်ကို သတိမထားမိပေ။ သူသည် ပါးပါးနှင့် နိုင်းနိုင်းတို့၏ ဆိုးရွား သောအခြေအနေကြောင့် ထိတ်လန့်နေကာ ၎င်းတို့ထံ သွားရန် စိတ်အားထက်သန်နေခဲ့သော်လည်း ချင်းရှန့်သည် သူ၏လက်အားချက်ချင်း ဖမ်းကိုင်ထားသည်။
ချင်ရှန့်သည် ဦးစွာအသိ၀င်လာကာ ထိုငယ်ရွယ်နုပျို သော မျက်နှာလေးကိုစေ့စေ့ငဲ့ကြည့်နေမိသည်။
ကျီဖေးက ဒီကလေးကို သူ့တူလေးလို့ ပြောလိုက်တာလား ?
လွန်ခဲ့သောနှစ်များတွင် ချင်ရန်သည် လမစေ့ဘဲ မွေးဖွားရမည့် ဝေဒနာကိုခံစားရသောကြောင့် မိသားစုတစ်စုလုံး အပြေးအလွှားဖြစ်ခဲ့ရပြီး ၎င်းတို့သည် မွေးကင်းစက လေးငယ်ကိုသာ တွေ့ခဲ့ကြရသည်။
ကလေးအား မွေးဖွားခဲ့သည့်နေရာသည် လီကျစ်အတွက် သူတို့ကူညီပံ့ပိုးတည်ထောင်ပေးခဲ့သည့် ပုဂ္ဂလိကဆေးရုံဖြစ်သည်။
အရာအားလုံးမှာ ... ၎င်း၏လက်အောက်တွင်သာရှိခဲ့ခြင်းဖြစ်သည်။
ချင်ရှန်း၏မျက်ခုံးများသည် စုကျုံ့သွားရပြီး သူ၏ သူ့အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နက်နဲနေသည်။
ကျီဖေး၏စိတ်သည် လီကျစ်၏မျက်နှာကိုမြင်လိုက်ရချိန် ရှုပ်ထွေးနေပြီး သူ့မျက်နှာကို တည့်တည့်ပိတ်ကန်လိုက်သည်။ လီကျစ်သည်လည်း သွေးများစွန်းထင်းနေသောမျက်နှာဖြင့် ကြည့်လာကာ သူ့အသွင်အပြင်ကို ဂရုမစိုက်နိုင်လောက်အောင်နာကျင်နေပုံပေါ်သည်။
"မင်း!"
သို့သော် သူသည် ကျီဖေး၏နောက်တွင် လီကျီချောင်အားတားလျက် ရပ်နေသော ချင်ရှန့်ကို ရုတ်တရက်မြင်လိုက်ရပြီး သူ့အားသေလူတစ်ယောက်ကို ကြည့်နေသည့် ချင်ရှန့်အကြည့်ကြောင့် စကားများကိုမျိုချကို ခေါင်းကိုတစ်ဖက်လွှဲလိုက်သည်။
လီကျစ် ခန္ဓာကိုယ်ထဲရှိ သွေးများပြောင်းပြန်စီးသွားသလို ခံစားလိုက်ရသည်။
ကျီဖေးသည် တင်းမာနေသော မျက်နှာထားကိုလုပ်ယူကာ "ကျွန်မ တစ်ခုခုတော့လွဲနေတယ်လို့ ခံစားရတယ်၊ လီကျီချောင်က ချင်မိသားစု၀င်တွေနဲ့ အရမ်းတူလွန်းတယ်၊ ပြီးတော့ အခု ဗီဒီယိုထဲမှာ ရှင့်ရဲ့မယားငယ်ကိုလည်း တွေ့လိုက်ရတော့၊ သူတို့ သားအမိက လုံး၀ကိုမတူတာနော်"
လီကျစ် အလွန်တုန်လှုပ်သွားပြီး "မင်း... မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ!"
သူ(မ)ပဲထပ်ဖြစ်ပြန်ပြီ!၊ အမြဲတမ်း သူ(မ)ရဲ့ကြမ်းတမ်းတဲ့စကားတွေကြောင့်ပဲ
ကျီဖေးသည် သူ(မ)ပြောသောစကားမှာ အဓိပ္ပါယ်မဲ့လွန်းပြီး ချင်မိသားစုအား စိတ်အနှောင့်အယှက်ဖြစ်စေနိုင် သည်ကိုလည်းသိသည်။
အထူးသဖြင့် ယခင်က ရင်သွေးငယ်ကို ဆုံးရှုံးခဲ့ဖူးသော အမျိုးသမီးတစ်ဦးရှေ့တွင် ထိုသို့သောကိစ္စမျိုးကို ပေါ့ ပေါ့တန်တန် မပြောသင့်ပေ။ သေးငယ်သောမျှော်လင့် ချက်ဖြစ်လျှင်ပင် မှားယွင်းသွားကာပြင်းထန်သောထိုး နှက်ချက်ဖြစ်လာပေမည်။
သို့သော် သူ(မ)လည်း မတက်နိုင်ချေ။ ၎င်းတို့ စိတ်အ နှောင့်အယှက် ဖြစ်မည်ဆိုလျှင်တောင် ပြောသင့်တာကိုတော့ ပြောကိုပြရမှာပင်။ ဤကိစ္စသည် အမှန်ပင်ကြီး မားသောပြဿနာဖြစ်သည်။ သူ(မ)သည် အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးအပေါ် ထိုလူရုပ်မာများ၏လုပ် ရပ်များကို ခွင့်မပြုနိုင်ချေ။ သူတို့က ကလေးကို ဘာတွေ လုပ်နိုင်လဲဆိုတာ ဘယ်သူသိမှာလဲ…
ကျီဖေးသည် ချင်ရှန့်ဘက်သို့ အကူအညီတောင်းခံသည့် မျက်၀န်းများဖြင့် လှည့်ကြည့်ကာ
"ဟို... သူတို့က တူတယ်လို့ ရှင်ရော မထင်ဘူးလား..."
"ဟုတ်တယ်၊ သူက ငါ့အစ်မနဲ့ တော်တော်တူတယ်၊ ဒါက တိုက်ဆိုင်မှုဆိုတာ ငါ မယုံဘူး"
တည်ငြိမ်သော အသံတစ်ခုထွက်ပေါ်လာသည်။ ကျီဖေး သည် အံ့အားသင့်စွာမော့ကြည့်လိုက်သောအခါ ချင်ရှန့် ၏ခက်ထန်နေသော အနက်ရောင်မျက်လုံးများကိုသာ တွေ့လိုက်ရသည်။
သူသည် သူ(မ)အားခြွင်းချက်မရှိယုံကြည်ပြီး နံဘေးတွင် ရပ်နေသောကြောင့် ကျီဖေလည်း အံ့အားသင့်သွားရသည်။
[သူ... ငါ့ဘက်ကနေ ထောက်ခံပေးနေတာလား]
ချင်ရှန့်၏ပါးစပ်များ လှုပ်ယမ်းသွားသည်။ သူသညမ လီကျစ်ဘက်လှည့်ပြီး "ငါတို့ ချင်မိသားစုက ဒီကလေးရဲ့ အထောက်အထားနဲ့ ပတ်သက်ပြီး သံသယရှိလို့စစ်ဆေးကြည့်မယ်"
လီကျစ်သည် မယုံကြည်နိုင်စွာကြည့်နေသည်။ မကြာသေးမီက သူသည် ချင်မိသားစုကို လက်စားချေနိုင်မည့်ပုံကိုစိတ်ကူးယဉ်နေခဲ့ပြီး ယခုအချိန်တော့ သူလုံး၀မထင်ဘမှတ်ထားသည့် အဖြစ်အပျက်များဆက်တိုက်ဆိုသလိုဖြစ်နေခဲ့သည်။
"မင်းတို့အားလုံး ရူးသွားပြီလား လီကျီချောင်က ငါနဲ့ ချောင်မုန့်ရဲ့ ကလေးပဲ၊ ချင်ရန်ရဲ့ကလေးဖြစ်စရာလား?!"
ဤအခိုက်အတန့်တွင်သာ ထိုကိစ္စသာပေါ်သွားပါကဖြစ် လာမည့် အကျိုးဆက်များကို သူလုံးဝမခံနိုင်ကြောင်း နားလည်သည်။ သူ အသက်ရှုဖို့မေ့လျော့သည်အထိ ကြောက်ရွံနေသောကြောင့် စကားအနည်းငယ်ဖြင့်သာ ကာကွယ်နိုင်သည်။
သူ အထူးသဖြင့် ချင်ရှန့်၏အေးခဲသောအကြည့်များနှင့် တွေ့ဆုံပြီးနောက် ကျန်သူသော စကားများအား လုံးဝထွက်မလာပေ။ သူ့ကိုယ်သူ ကာကွယ်ရန်အသင့်ပြင်လိုက်သော်လည်း ချင်ရှန့်၏ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်းကို နားလည်သွားသည်။
ရလဒ်သည် ဆုံးဖြတ်ပြီးဖြစ်ပြီ။
ထို့အပြင် သူ၏တိတ်ဆိတ်နေမှုသည် အရာအားလုံးကို သွယ်ဝိုက်ပြီး စစ်ဆေးသည့်ပမာပင်။
လီကျီချောင်သည် ငယ်ရွယ်သေးသဖြင့် ၎င်းတို့ပြောနေသည့် အရာကိုနားလည်သော်လည်း အဓိပ္ပါယ်တော့မဖော်နိုင်သေးချေ။ သူသည် ပါးပါးဆီသွားနိုင်ရန် အလို့ငှာ ချင်ရှန်းဆီမှ လွတ်မြောက်ရန် ကြိုးစားလာသည်။
သူ့ပါးပါးသည် သူ့အပေါ် အမြဲတမ်း အေးစက်စက်ဆက် ဆံတက်ပြီး သူ့မားမားသည် သူ့အားဘယ်တုန်းကမှကြင် နာမှုများ မပေးသော်လည်း... ထိုသည်မှာ သူ့မိဘများသာမဟုတ်ပါလား ?
ထိုစဥ် ရုတ်တရက် ရှိုက်ကြီးတငင် ငိုသံနှင့်အတူ နွေးထွေးသော ပွေ့ဖက်တစ်ခုသည် သူ့ဆီသို့လွှမ်းခြုံသွားသည်။
လီကျီချောင်သည် သူ့ပခုံးကိုဖက်ထာားသည့် နူးညံ့သိမ် မွေ့သော အန်တီကိုမြင်လိုက်ရသည်။ သူ(မ)၏မျက်နှာသည် ထိတ်လန့်မှုအပြည့်နှင့်ပင်။ ထိုလှပသော မျက်လုံးများသည်လည်း မျက်ရည်များပြည့်လျှံနေပြီး သူ(မ)၏ နာကျင်မှုကို သူ ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။
သူ(မ)၏ခံစားချက်များသည် သူ့အား ကူးစက်ခံရသကဲ့သို့ သူသည်လည်း ထပ်တူနာကျင်လာရသည်။
"အန်...အန်တီ..."
ချင်ရန်သည် စို့နင့်စွာဖြင့် လီကျီချောင်အားကြည့်နေ သည်။ သူ(မ)သည် တုန်ရီနေသောလက်မးအစုံဖြင့် လီကျီချောင်၏ပါးပြင်အား ညင်သာစွာပွတ်သပ်လိုက်သည်။
သူ(မ) သွေးသားစပ်နွယ်မှုကိုသိလိုက်ရချိန် အလွန်ထိတ် လန့်သွားပြီး ယခုအထိ မည်သည့်စကားမှ ရေရေရာရာမပြောနိုင်ပဲ ငိုရှိုက်သံများဖြင့်သာ တုန့်ပြန်နိုင်သည်။
"အာ...အ... အဟင့်ဟင့်.."
သူ(မ)သည် ဤကိုးနှစ်တာအတွင်း သေခြင်းနှင့် ရှင်ခြင်း ကြားတွင်ကျဥ်လည်ခဲ့သလိုပင်။
အဆုံးတွင် သူ(မ)ထိတ်လန့်တုန်လှုပ်စွာဖြင့် ကလေးအား အလျင်အမြန် ပွေ့ဖက်လိုက်ပြီး နေရာတွင်သာတိတ် ဆိတ်နေသည်။
မားမားချင်သည်လည်း လီကျီချောင်ကိုပွေ့ဖက်ကာ အနီးကပ် စစ်ဆေးခဲ့သည်။
"သူက ကျွန်မတို့နဲ့ တူတယ်! တကယ် တူတယ်! ငါ့မြေးလေး.. ငါ့ရဲ့အကြီးဆုံးမြေလေး"
တူလေးများသည် ဦးလေးများနှင့် တူတတ်သည်ဆိုသလို မားမာချင်သည်လည်း တစ်ချက်စစ်ဆေးလိုက်သည်နှင့် ထိုကလေးမှာ ချင်းရှန့်နှင့် ခုနစ်ပုံရှစ်ပုံ (သို့မဟုတ်) ဆယ်ပုံရှစ်ပုံအထိ တူညီနေသည်မှာထင်ရှားသည်။
ပါးပါးချင်သည် ဒေါသများကို ထိန်းချုပ်ကာ တုန်ယင်စွာ လီကျစ်ထံ လျှောက်လာပြီး အပြင်ဘက်သို့တိတ်တ ဆိတ်ဆွဲထုတ်သွားခဲ့သည်။ အိမ်တော်ထိန်းသည်လည်း လဲကျနေသော မားမားလီကိုဆွဲထုတ်သွားသည်။
နာရီဝက်အကြာတွင် ချင်ရှန့်သည် တည်ငြိမ်သောအမူ အရာဖြင့် လူနာတင်ယာဉ်ကို ခေါ်ခဲ့သည်။
ညရောင်၏ဖုံးလွှမ်းမှုအောက်တွင် ချင်မိသားစုတစ်ခုလုံးသည် ချင်မိသားစုမှရင်းနှီးမြုပ်နှံထားသော အခြားဆေး ရုံသို့သွားကြသည်။
ထို့အပြင် ချောင်မုန့်ကိုလည်း အတင်းအကြပ်ခေါ်ဆောင်လာခဲ့သည်။
ချောင်မုန့်သည် လီကျစ်မှာ အရိုးများကျိုးလျက် သတိ လစ်နေသည်ကိုမြင်လိုက်ရပြီး လီကျီချောင်သည် ချင်မိသားစုတစ်ခုလုံး၏ကြားတွင် ဝန်းရံခြင်းခံရသည်ကို မြင်လိုက်သည်။
သွေးသားစစ်ဆေးမှုသည်လည်း လျင်မြန်စွာထွက်လာခဲ့သည်။
ချင်ရန်သည် စစ်ဆေးရေး စာရွက်စာတမ်းကို ကိုင်ဆောင်ကာ လီကျီချောင်အား တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားရင်း သူ(မ) တစ်ဘ၀လုံးအစား ငိုကြွေးရသကဲ့သို့ပြင်း ပြင်းထန်ထန်ငိုမိတော့သည်။
လီကျီချောင်သည် ချောင်မုန့်၏စိတ်ပျက်နေသော မျက် လုံးများကို စိုက်ကြည့်ကာ သူ ပါးစပ်ကိုဖွင့်လိုက်သော် လည်း 'မားမား' ဆိုသည့်စကားအစား "ဘာလို့လဲ" ဟူ သော ခပ်တိုးတိုးမေးခွန်းကိုသာ အစားထိုးလိုက်သည်။
ချောင်မုန့်သည် ဆုံးရှုံးစရာ ဘာမှမကျန်တော့သဖြင့် ဖုန်းကွယ်ထားရန် စိတ်ကူးမရှိတော့ချေ။
"နင်တို့သားအမိက ငါ့အပေါ် အကြွေးတင်နေတာပဲ ငါ့သားရဲ့အသက်ကိုပြန်ပေးဆပ်ဖို့ နင့်ကို သတ်ပစ်ခဲ့သင့်တာ!"
သူ(မ)သည် သူ့အမေမဟုတ်ချေ။ ထိုအစား သူအားမွေးမိခင်ထံမှ ကိုးနှစ်ကြာခိုးယူခဲ့သော နတ်ဆိုးတစ်ကောင်ဖြစ်သည်။
လီကျီချောင်သည် အဆုံးတွင် မျက်ရည်များဖြိုင်ဖြိုင်ကျလာခဲ့ပြီး သူ၏နောက်ဆုံးလက်ကျန် ချစ်ခြင်းမေတ္တာများလည်း တစစီကွဲအက်သွားရသည်။
ကျီဖေးသည် ထိုဒရမ်မာကိုမကြည့်လိုက်ဘဲမနေနိုင်ချေ။ သူမသည် ချောင်မုန့်၏အခြေအနေကိုကြည့်လိုက်သည်။
ပုံမှန်အားဖြင့် ကျီဖေးသည် ဒရမ်မာကြည့်ရန်အတွင် ထိုလူ၏နာမည်နှင့် ရုပ်ရည်ကိုသိရန်လိုအပ်သည်။
အကယ်၍ သူ(မ)သာ ချောင်မုန့်ကို အစောထဲကို သိခဲ့ပါက ထိုမျှကြီးသော ဒရမ်မာကြီးရှိခဲ့မှာမဟုတ်ချေ။
[ချောင်မုန့်က ကလေးမွေးပြီးတော့ သူ(မ)ကလေးရဲ့ အသက်ကိုမကယ်နိုင်ခဲ့လို့ ရူးသွပ်သွားပြီး လီကျစ်နဲ့ ရန်ဖြစ်ခဲ့တယ်၊ သူတို့ နှစ်ယောက်စလုံးက ချင်ရန်ကြောင့်လို့တွေးကြတယ်၊ ဒါကြောင့် ချင်ရန် ကလေးမွေးတော့ ချောင်မုန့်က လီကျစ်ကို သူ(မ)ကလေးနဲ့ လဲပေးဖို့ပြောခဲ့တယ်]
ကျီဖေး- အရူးမ!
[လီကျစ်ကလည်း သူ့ရဲ့ သောက်ကျိုးနည်းကိုယ့်ကိုယ်ကို လေးစားမှုကို ကာကွယ်ချင်တဲ့အပြင် သူ့ခေါင်းကိုမော့ထားချင်တော့ သဘောတူခဲ့တယ်]
ကျီဖေး- ခွေးထက်တောင် ဉာဏ်မရှိချက်!
[ဒါပေမယ့် ချောင်မုန့်က သူမနာလိုတဲ့သူရဲ့ ကလေးလေးကို ဘယ်လိုလုပ် ကောင်းကောင်းဂရုစိုက်နိုင်မှာလဲ ? အဲ့ဒါနဲ့ လီကျီချောင်က သောက်ရူးစုံတွဲကြောင့် ကြောက် လန့်မှုတွေကြားကြီးပြင်းလာခဲ့ရတော့ ထိရှလွယ်လာတယ် ]
ကျီဖေး- သနားစရာကလေးလေး
[ချောင်မုန့် နောက်တစ်ကြိမ်ကိုယ်ဝန်ရလာတော့ သူတို့က ကိုယ့်ကလေးကိုပဲ ချစ်ချင်ကြတော့တယ်၊ လီကျီချောင်ဆိုတာ သူတို့အတွက် မျက်စိစပါးမွှေးစူးစရာဆိုတော့ အခုလို ယုတ်မာတဲ့အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့တာပဲ၊ သူ(မ) ချင်မိသားစုဆီကိုမလာခင်အထိ ချောင်မုန့် စိတ်ကူးယဉ်နေတုန်းပဲ၊ ချင်ရန်က မျက်လုံးကန်းနေလို့ ကိုယ့်သားကိုယ်သာ မှတ်မိမှာမဟုတ်ဘူးလို့ တပ်အပ်တွေးထားတာပဲ၊ ချင်ရန်စိတ်ထဲမှာ ယောင်္ကျားရဲ့ မယား ငယ်ကပါလာတဲ့ ကလေးကိုပြုစုရတာဆိုပြီး အမြဲတမ်းမနာလိုဖြစ်နေမှာသေချာတယ်၊ လီကျီချောင်ကလည်း သူ့မွေးမိခင်အစား သူ(မ)နဲ့ လီကျစ်ဘက်မှ အမြဲရပ်တည်နေမှာလို့ စိတ်ကူးသေးတယ်၊ သူ(မ)ကတော့ ကလေးကို အေးအေးဆေးဆေး မွေးမယ်ပေါ့]
ထိုစဥ် ကျယ်လောင်သောပါးရိုက်သံသည် လမ်းတစ် လျှောက်ဟိန်းထွက်သွားသည်။ ပုံမှန်အားဖြင့် နူးညံစွာနေတက်သောမားမားချင်သည် သူ(မ)၏သွင်ပြင်ကို ဂရုမစိုက်နိုင်တော့ဘဲ ချောင်မုန့်၏မျက်နှာကို အရူးတစ်ယောက်ပမာရိုက်ချလိုက်သည်။ ရိုက်ခတ်မှုမှာ ပြင်းထန် သောကြောင့် ချက်ချင်းဆိုသလို ချောင်မုန့်၏ပါးပြင်များ ရောင်ရမ်းလာပြီး နှုတ်ခမ်းများမှသွေးများစီးကျလာခဲ့သည်။
လွန်ခဲ့သည့် အခိုက်အတန့်လေးမှ စိတ်ကူးဖြင့်ရူးနေခဲ့သော ချောင်မုန့်သည် ချင်မိသားစုမှာ သူ(မ)အား သူမအပေါ် အမှန်တကယ် ရိုက်ဝံသောကြောင့် ခဏတာထိတ် လန့်သွားသည်။ သူ(မ) နောက်တစ်ကြိမ်မော့ကြည့်လိုက်သောအခါတွင် ပါးပါးချင်သည် သူ(မ)အား အေးစက်စွာ စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူ စကားတစ်ခွန်းမှမပြောသော်လည်း ထွက်လာသည့်အငွေ့အသက်များမှာကြောက်စရာအလွန်ကောင်းသည်။
"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ...ရှင်တို့ ကျွန်မကို ထိခိုက်အောင်လုပ်လို့ မရဘူး!" ချောင်မုန့် အဆုံးတွင် ထိတ်လန့်လာခဲ့သည်။
ချင်ရှန့်သည် ရှေ့ကိုလှမ်းပြီး အေးစက်စွာပြောသည်။
"မင်းရဲ့ကလေးကို ငါတို့မထိခိုက်စေဘူး၊ ဒါပေမဲ့ မင်း လုပ်ခဲ့သမျှအတွက် ပြန်ပေးဆပ်ရလိမ့်မယ်"
ချင်မိသားစုသာ ဥပဒေကို မလိုက်နာခဲ့ပါက ဤသားရဲကောင်များသည် ယခုအချိန်အထိ အသက်ရှင်စရာ အကြောင်းမရှိချေ။
သို့သော် တစ်ခါတလေ သေရမည်ထက် အသက်ရှင်ရသည်မှာ ပိုကြောက်စရာကောင်းသည်။ အထူးသဖြင့် ဤသူတော်ကောင်း ယောင်ဆောင်တက်သည့် သားရဲများအတွက်ပင်။