← Chapters

လွှမ်းမိုးခြယ်လှယ်စွာဖိနှိမ်ခြင်း

Vol. 174 Ch. 2596

လွှမ်းမိုးခြယ်လှယ်စွာဖိနှိမ်ခြင်း

Vol. 174 Ch. 2596

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ဆူဇီမို... မင်း စိန်ခေါ်မှုကိုလက်ခံရဲလား တစ်ခုခုပြောဦးလေ”

“သူကြောက်နေတာလား”

“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ အဆင့်အတန်းက ဒါပဲလား... သူက သုံးစားမရဘူးဆိုရင် မင်းတို့တွေ သူ့ကို ပြန်ပြီးတော့ အစားထိုးသင့်တယ်”

ဆူဇီမိုက ယင်ထျန်နှင့် မတိုက်ခိုက်ရဲမှာကိုစိုးပြီး လူအုပ်ကြားထဲမှာ အော်ဟစ်ပြောဆိုသံများက ကျယ်လောင်စွာ ဆက်တိုက်ထွက်ပေါ်လာသည်။

တည်ဆောက်သူသစ်ပင်တောင်ကြောရိုး၏ တောင်ထွတ်မှာ ကျင့်ကြံသူများ လက်ရည်စမ်းဖို့အတွက် ပြိုင်ပွဲစင်မြင့်များကို ခင်းကျင်းပေးထားသည်။ ယင်ထျန်က ထိုအပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဆူဇီမိုက မှင်သေသေဖြင့်ပြုံးပြီး ခုန်ထွက်လိုက်၏။ သူက လေထဲမှာ လျှောက်လှမ်းပြီး သိပ်မကြာခင် ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်သို့ ရောက်ရှိလာသည်။

မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်ခြမ်းမှာ နံပါတ်တစ်ပကတိအင်မော်တယ်၏ နောက်ဘက်တွင် မသိသာမထင်ရှားသော ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ ထိုအခိုက်အတန့်မှာ သူက အသံနှိမ့်၍ပြောလိုက်သည်။

“သခင်လေး... ယင်ထျန်က ဆူဇီမိုကို သတ်ဖြတ်လိုက်မယ်ဆိုရင် ရတနာသူတော်စင်ကျောက်စိမ်းကျမ်းက ယင်ထျန်ရဲ့လက်ထဲကို ရောက်သွားလိမ့်မယ်... အဲဒါဆိုရင် ပြန်ယူဖို့လွယ်မှာ မဟုတ်တော့ဘူး”

“မလောစမ်းပါနဲ့... သူတို့နှစ်ယောက်စလုံး အရင်ဆုံး ခြေကုန်လက်ပန်းကျပါစေဦး”

ချင်စဲက မှင်သေသေဖြင့် ပြန်ဖြေလိုက်သည်။

“ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ပိုင်ဆိုင်ထားပြီး ယင်ထျန်ကို အနိုင်ရခဲ့ဖူးတဲ့သူက အလွယ်တကူသေသွားမှာမဟုတ်ဘူး”

ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ ဆူဇီမိုနှင့် ယင်ထျန်က တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြသည်။

အင်မော်တယ်ဘုရင်ဖူရွှမ်က ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် အဆင်သင့်ဖြစ်ပြီဆိုရင် စလို့ရပြီ”

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်မှာ အင်မော်တယ်ဘုရင်ချင်းယန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက် ကျယ်လောင်စွာလှမ်းပြောလိုက်၏။

“လက်ရည်စမ်းတယ်ဆိုတာ မင်းတို့တွေ အသေအကြေတိုက်ခိုက်ရဖို့ မဟုတ်ဘူး... မင်းတို့နှစ်ယောက်က မင်းတို့ကိုယ်မင်းတို့ ထိန်းချုပ်ထားနိုင်မယ်ဆိုရင် အကောင်းဆုံးပဲ”

ယင်ထျန်က မှင်သေသေဖြင့် ပြောလိုက်သည်။

“စီနီယာချင်းယန်... ခင်ဗျားပြောတာမှန်ပါတယ်... ဒါပေမဲ့ ကျုပ်တို့တွေအားလုံးက ထိပ်သီးကောင်းကင်အင်မော်တယ်တွေပဲ... ကျုပ်တို့ရဲ့ ခွန်အားတွေက မတိမ်းမယိမ်းမှာရှိကြတယ်... ကျုပ်တို့တိုက်ခိုက်တာနဲ့ ကျုပ်တို့ရဲ့အကန့်အသတ်ကိုထိန်းထားဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး”

“သူက အသက်ရှင်နိုင်မလားဆိုတာကတော့ သူ့ရဲ့ကံအပေါ်မှာမူတည်လိမ့်မယ်”

ယင်ထျန်သည် ယဥ်ကျေးစွာပြောဆိုလိုက်သော်လည်း တကယ်တမ်းမှာတော့ သူသည် အင်မော်တယ်ဘုရင်ချင်းယန်၏ အကြံပြုချက်ကို ငြင်းပယ်လိုက်ခြင်းဖြစ်သည်။

“အရူးကောင်ပဲ”

အင်မော်တယ်ဘုရင်ချင်းယန်က စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

‘ငါက စောစောက မင်းကိုသတိပေးနေတာလို့ မင်းထင်လို့လား... ငါက ဆူဇီမိုကို သတိပေးနေတာကွ’

အင်မော်တယ်ဘုရင်ချင်းယန်က ယင်ထျန်၏ တုံ့ပြန်မှုကိုတွေ့မြင်သောအခါ သူက ခပ်ယဲ့ယဲ့ပြုံးပြီး တစ်စုံတစ်ရာထပ်မံပြောဆိုခြင်း မရှိတော့ပေ။

ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်မှာ...။

ယင်ထျန်က ဆူဇီမိုကို ကြမ်းကြုတ်ခက်ထန်သော အော်ရာဖြင့်စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ဆူဇီမို... ငါဒီနေ့ကိုစောင့်နေတာ အရမ်းကြာသွားခဲ့ပြီ”

စင်ကြယ်ခံ့ညားကောင်းကင်ဘုံ၏ လျှို့ဝှက်ကုန်းမြေထဲမှာ သူကြုံတွေ့ခဲ့ရသည့် အရှက်ခွဲခံရမှုကို ပြန်လည်စဥ်းစားမိသောအခါ ယင်ထျန်၏ ရင်ထဲရှိ သတ်ဖြတ်လိုစိတ်က အထွတ်အထိပ်ထိ မြင့်တက်လာခဲ့လေသည်။

သူသည် သူဆုံးရှုံးခဲ့ရသည့် အရာရာတိုင်းကို ယနေ့မှာ ပြန်ယူရပေမည်။

ဆူဇီမိုသည် သူနှင့်အချိန်ဖြုန်းမနေပေ။ သူက ဤကိစ္စကို မြန်မြန်ဖြေရှင်းချင်းစိတ်သာရှိလေသည်။

ယင်ထျန်က စကားဆုံးအောင်မပြောရသေးခင်မှာပင် ဆူဇီမိုက ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။ ချက်ချင်းပင် သူက ဓားဆွေးနွေးပြိုင်ပွဲကွင်းတစ်ခုလုံးကို ဖြတ်ကျော်ပြီး ယင်ထျန်ရှေ့သို့ ရောက်ရှိလာသည်။

အဲဒါက အရမ်းကို မြန်ဆန်လေသည်။

စင်အောက်မှာ စောင့်ကြည့်နေသောကျင့်ကြံသူများသည် တုန်လှုပ်သွားကြသည်။

စောစောက ရှေ့ကိုထွက်ပြီး ဆူဇီမိုကိုစိန်ခေါ်လိုခဲ့သည့် ကောင်းကင်အင်မော်တယ်အချို့သည် သူတို့၏ အမူအရာများတည်တံ့သွားပြီး တိတ်တဆိတ်ထိတ်လန့်လာကြသည်။

ထိုလှုပ်ရှားမှုနည်းစနစ်၏ အလျင်အဟုန်ကပင်လျှင် လူတိုင်း၏ စဥ်းစားတွေးတောထားသည်ထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။

သူတို့သည် ယင်ထျန်၏ နေရာမှာရှိမည်ဆိုလျှင် သူတို့အနေဖြင့် အချိန်မီတုံ့ပြန်နိုင်ဖို့ ခက်ခဲလိမ့်မည်ဖြစ်ပြီး အချိန်တိုအတွင်းမှာ သူတို့သည် ဆူဇီမို၏ ဖိနှိမ်ခြင်းပင် ခံရနိုင်သည်။

“မင်းဘယ်လိုတောင်လုပ်ရဲတာလဲ”

ယင်ထျန်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွားပြီး အလွန်တရာလျင်မြန်စွာ တုံ့ပြန်လိုက်၏။

တစ်ချက်အော်ပြီးနောက် သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ဖို့ ရွေးချယ်လိုက်သည်။

ကြွက်တစ်ကောင်နှင့် တိုက်ခိုက်ရမည်ဆိုလျှင်တောင် ခြင်္သေ့က သူ၏ ခွန်အားအပြည့်အဝကို အသုံးချပေလိမ့်မည်။

ယင်ထျန်သည် အရင်က ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ရည်နည်းစနစ်များကို တွေ့မြင်ထားဖူးပြီး ထိုသူက ဘယ်လောက်စွမ်းအားကြီးမားသလဲ သိထားလေသည်။ သူက ပေါ့ပေါ့ဆဆမပြုရဲပေ။

သို့သော်လည်း သူ၏ မျိုးဆက်သွေး ဖြစ်ပေါ်လာသည့်ခဏမှာပင် ၎င်းက ကောင်းကောင်းမစုဖွဲ့နိုင်ခင် ဆူဇီမိုက ရုတ်တရက် သူ၏ ပါးစပ်ကိုဖွင့်ဟပြီး ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။

ထိုအသံသည် ကျယ်လောင်သော နဂါးတစ်ကောင်၏ ဟိန်းသံနှင့် ဖီးနစ်တစ်ကောင်၏ အော်သံနှင့်တူပြီး ပေါက်ကွဲထွက်ပေါ်လာသောမိုးကြိုးသံက ရောနှောပါဝင်လေသည်။ ထိုအသံသည် သတ္တုများကိုထိုးဖောက်ပြီး ကျောက်သားများကို အက်ကွဲသွားစေသည်။

နဂါးဟိန်းသံလျှို့ဝှက်အတတ်...။

ယင်ထျန်သည် သူ၏ အသံပိုင်းလျှို့ဝှက်အတတ်ကို အလောတကြီးထုတ်ဖော်ပြီး ခုခံလိုလေသည်။

သို့သော်လည်း ဆူဇီမိုသည် သူ​လျှောက်လှမ်းလာစဥ် လေထဲမှာပင် အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားကို ထုတ်ဖော်ထားခဲ့ပြီဖြစ်၏။

သူ့ကိုယ်ကာယနှင့် အမြုတေစိတ်ဝိညာဥ်၏ စွမ်းအားက ဆပွားမြင့်တက်လာပြီး သူ့အသံပိုင်းလျှို့ဝှက်အတတ်၏ စွမ်းအားကပင် ၎င်း၏ အထွတ်အထိပ်ထိ မြင့်တက်လာခဲ့သည်။

ဆူဇီမိုသည် အဆင့်-၈ ကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်ခဲ့စဥ်က ယွင်ထင်ပင် အနီးကပ်တိုက်ခိုက်ရည်မှာ နဂါးဟိန်းသံလျှို့ဝှက်အတတ်ကို မခုခံနိုင်ခဲ့ပေ။

ယခု ဆူဇီမိုသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်​ဖြစ်သည်အထိ ကျင့်ကြံထားပြီး နဂါးဟိန်းသံလျှို့ဝှက်အတတ်က ယင်ထျန်အပေါ် ကြီးမားစွာရိုက်ခက်လာခဲ့သည်။

ယင်ထျန်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်၍ သူက တဆတ်ဆတ်တုန်ယင်သွားသည်။

သူ၏ မျိုးဆက်သွေးနယ်မြေက ဖြစ်ပေါ်မလာခင်မှာပင် ၎င်းသည် နဂါးဟိန်းသံလျှို့ဝှက်အတတ်၏ ဟိန်းဟောက်သံတစ်သံဖြင့် ပျက်ပြယ်သွားလေသည်။

စောစောက တစ်ဝက်တစ်ပျက်သူ့မျိုးဆက်သွေးနယ်မြေ၏ ကာကွယ်မှုကြောင့်မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရရှိသွားနိုင်သည်။

ထိုအကွာအဝေးမှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အချိန်မီထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။

လျှပ်တပြက်ထုတ်ဖော်နိုင်သည့် လျှို့ဝှက်အတတ်များကသာ သူ၏ ပြိုင်ဘက်ကို ပျက်စီးထိခိုက်စေပေလိမ့်မည်။

ယင်ထျန်က သူ၏ စက္ခုနည်းစနစ်ကိုထုတ်ဖော်ပြီး တန်ပြန်တိုက်ခိုက်ဖို့ပြင်လိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမို၏ ညာဘက်မျက်လုံးကနေ ကျိန်းစပ်နေသောအလင်းတန်းတစ်ခု ပြစ်လွင့်ထွက်ပေါ်လာပြီး ယင်ထျန်၏ စက္ခုနည်းစနစ်ကို ချက်ချင်းပင်ဖျက်ဆီးပစ်လိုက်၏။

ကျန်ရှိနေသောအလင်းရောင်က ယင်ထျန်၏ မျက်တွင်းအိမ်ထဲသို့ ဝင်ရောက်သွားသည်။

အား...

ယင်ထျန်က စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး သူ၏ မျက်လုံးနှစ်ဖက်က နေရာမှာပင် ချက်ချင်းကန်းသွားလေသည်။

သူ၏ အသိစိတ်ထဲရှိ ခုခံရေးဓမ္မရတနာ၏ ကာကွယ်မှုကြောင့်မဟုတ်လျှင် ထိုစက္ခုနည်းစနစ်က သူ၏ အမြုတေစိတ်ဝိညာဥ်ကိုပင် ထိခိုက်ဒဏ်ရာရရှိသွားစေနိုင်သည်။

ဆူဇီမိုသည် အခွင့်အလမ်းကိုချိန်ဆပြီး ရှေ့သို့တက်လှမ်းလိုက်၏။

သူက လက်နှစ်ဖက်ကို ဆန့်တန်းထုတ်ပြီး ဆေဘာများဓားများကဲ့သို့ ချွန်ထက်နေသော လက်သည်းဆယ်ချောင်းကို ထုတ်ဖော်ကာ ယင်ထျန်၏ ပခုံးကို ချက်ချင်းပင်ဖမ်းဆုပ်လိုက်၏။

တစ်ချိန်တည်းမှာပင် သူက သူ၏ ခန္ဓာကိုယ်ကို ဆန့်ထုတ်ပြီး ဒုန်းစိုင်းပြေးဝင်လာသော နတ်မြင်းတစ်ကောင်ကဲ့သို့ သူ၏ ဒူးနှစ်ဖက်ကို ရှေ့သို့ ပစ်ထုတ်လိုက်၏။

ယင်ထျန်က ဒေါသထွက်သွားသည်။

စင်ကြယ်ခံ့ညားကောင်းကင်ဘုံ၏ လျှို့ဝှက်ကုန်းမြေမှာတုန်းက ဆူဇီမိုသည် တူညီသောလှုပ်ရှားကွက်ကိုပင် အသုံးပြုကာ အနီးကပ်တိုက်ခိုက်ရည်တွင် သူ့ကိုဒဏ်ရာအပြင်းအထန်ရရှိစေခဲ့သည်။

ယနေ့ဆူဇီမိုသည် တူညီစွာဖြင့် ပြုမူလှုပ်ရှားလာခဲ့လေသည်။ ဒါ့အပြင် သူက အရင်တုန်းကထက် ပို၍ပြင်းထန်ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်လာခဲ့၏။

ယင်ထျန်သည် ဆူဇီမို၏ အသံပိုင်းလျှို့ဝှက်အတတ်နှင့် စက္ခုနည်းစနစ်မှာ စဦးအရေးနိမ့်သွားပြီး ဆူဇီမို၏ တိုက်ခိုက်မှုများကို လုံးဝမခုခံနိုင်ပေ။

သူ၏ ရင်ဘတ်က နက်ရှိုင်းစွာချိုင့်ဝင်သွားပြီး အရိုးများကျိုးသံတဖျောက်ဖျောက်က ထွက်ပေါ်လာသည်။

ရွှီး...

သွေးများက လေထဲမှာပန်းထွက်သွားလေသည်။

အားလုံး၏ အကြည့်အောက်မှာ ဆူဇီမိုသည် ယင်ထျန်၏ လက်နှစ်ဖက်ကို သူ၏ အရွတ်များ၊ အရိုးများနှင့်အတူ ဆုတ်ဖြဲပစ်လိုက်သည်။ ထိုမြင်ကွင်းက တုန်လှုပ်စရာကောင်းလေသည်။

အဲဒါက ပြီးဆုံးမသွားသေးပေ။

ယင်ထျန်၏ ပုံရိပ်က ဝေးဝေးလွင့်စင်မထွက်သွားခင်မှာပင် ဆူဇီမိုက သူ၏ လက်ကို နောက်တစ်ဖန်ဆန့်ထုတ်ပြီး ယင်ထျန်၏ ဦးခေါင်းကို ပစ်ရိုက်ချလိုက်သည်။

“သနားညှာတာမှုပြဦး”

“ရပ်လိုက်တော့”

ချက်ချင်းပင် အသံနှစ်သံထွက်ပေါ်လာသည်။

စင်မြင့်၏ အောက်ဘက်မှုရှိသော ကျင့်ကြံသူများစွာက တုန်လှုပ်နေပြီး အချိန်မီမတုံ့ပြန်နိုင်ကြပေ။

အင်မော်တယ်ဘုရင်ဖူရွှမ်နှင့် ဇင်ဆရာဟွေ့ဝမ်က ချက်ချင်းပင်တုံ့ပြန်လိုက်ကြသည်။ သူတို့ကအော်ပြောပြီး ဆူဇီမိုကို ဖိနှိမ်ဖို့အတွက် အင်မော်တယ်ဘုရင်များ၏ စွမ်းပကားကို ထုတ်ဖော်ကာ ယင်ထျန်ကို ကယ်တင်လိုက်ကြသည်။

“အဟွတ်.. အဟွတ်...”

ယင်ထျန်က ကယ်တင်ခံလိုက်ရသော်လည်း သူက စိတ်အားညှိုးငယ်နေပြီးသွေးများစွာကို ထွေးထုတ်နေရသည်။

သူ၏ ရင်ဘတ်ထဲရှိ ကျိုးသွားသော အရိုးများက သူ၏ နှလုံးကို ထိုးစိုက်နေသည်။ သူ၏ သွေးချီက လျင်မြန်စွာယိုယွင်းပျက်စီးလာပြီး သူက တိုက်ခိုက်ဖို့ ခွန်အားမကျန်ရှိတော့ပေ။

“ဘာ..ဘာလဲဟ”

ကျင့်ကြံသူများက တုန်လှုပ်သွားပြီး သူတို့၏ မျက်နှာများက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာသည်။

အသက်သုံးရှိုက်စာမပြည့်ခင်မှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။

ဓားဆွေးနွေးပြိုင်ပွဲကွင်းပေါ်တွင် လူတစ်ယောက်သာလျှင် ကျန်ရစ်တော့လေသည်။

ဂမ္ဘီရမိုးကောင်းကင်မဟာနယ်မြေမှ ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ဆူဇီမို...။

ဓားအင်မော်တယ်ယွဲ့ဟွား၊ မုန့်ယောင်နှင့် အခြားသူများသည် ဆူဇီမို၏ နည်းလမ်းများက စွမ်းအားကြီးမားကြောင်း သိရှိထားသော်လည်း ယင်ထျန်သည် ဤမျှထိမြန်မြန်ဆန်ဆန်ရှုံးနိမ့်ပြီး အသက်သုံးရှိုက်စာပင် ခံနိုင်လိမ့်မည်မဟုတ်ဟု ထင်မှတ်မထားခဲ့ကြပေ။

စောစောကဖြစ်ပျက်ခဲ့သောအရာသည် လက်ရှိကောင်းကင်အင်မော်တယ်များစွာကို မှင်တက်သွားစေသည်။

အဲဒါသည် စောစောက ဆူဇီမိုထုတ်ဖော်ခဲ့သော စွမ်းအားကြီးမားသည့် နည်းလမ်းများကြောင့်သာ မဟုတ်ပေ။

အဲဒါထက် ယခုတင် ဆူဇီမိုပြသလိုက်သော သတ်ဖြတ်လိုစိတ်က တုန်လှုပ်ချောက်ချားစရာကောင်းလွန်းနေသောကြောင့်ဖြစ်သည်။

အင်မော်တယ်ဘုရင်နှစ်ပါးက ဝင်ရောက်ကယ်တင်ခြင်းမရှိလျှင် မင်းသားယင်ထျန်သည် ယခုအချိန်မှာ လူသေကောင်ဖြစ်နေလိမ့်မည်ကို လူတိုင်းက ရှင်လင်းစွာပြောနိုင်ကြသည်။

ဆူဇီမိုသည် ဧကရာဇ်တစ်ပါး၏ သားကိုပင် သတ်ဖြတ်ရဲလေသည်။

All Chapters