← Chapters

ပင်မခန္ဓာ၏ အတွေးများ

Vol. 174 Ch. 2599

ပင်မခန္ဓာ၏ အတွေးများ

Vol. 174 Ch. 2599

၅ ရက် ကြာပြီးနောက်…

တည်ဆောက်သူသစ်ပင် တိုက်ပွဲကွင်းနှစ်ခုမှာ ဖယ်ရှားရှင်းလင်းခြင်းအချီက ပြီးဆုံးသလောက်နီးပါး ဖြစ်သွားသည်။

ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေဘက်ခြမ်းမှာ စာအုပ်အင်မော်တယ်ကျွင်းယုသည် ရှေ့ကို များစွာရောက်ရှိနေပြီး သူမသည် တည်ဆောက်သူသစ်ပင် တံဆိပ်ပြားအရေအတွက် ဒုတိယအများဆုံးကို ပိုင်ဆိုင်ထားသည်။

သူ၏ နောက်မှာ ဓားအင်မော်တယ်ယွဲ့ဟွား ရှိလေသည်။

ယွင်ကျူး၊ မိုချင်နှင့် မုန့်ယောင်တို့ကလည်း ထိပ်ဆုံးအယောက်တစ်ရာထဲ ပါဝင်လာကြသည်။

ထိပ်ဆုံးအယောက်တစ်ရာထဲတွင် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ပကတိအင်မော်တယ် ရှစ်ဦးသာလျှင် ရှိလေသည်။ သူတို့ထဲမှ တစ်ဝက်ကပင် မဟာနတ်မိမယ်လေးပါး ဖြစ်နေသည်။

နတ်မိမယ်ကျားလန်၊ ကျိုးဝူချန်းနှင့် အခြားရေပန်းစားသည့် ပြိုင်ပွဲဝင်များကလည်း ထိပ်ဆုံးအယောက်တစ်ရာထဲမှာ ပါဝင်လာကြသည်။

မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ မင်းသားချင်စဲသည် တည်ဆောက်သူသစ်ပင် တံဆိပ်ပြားအရေအတွက် အများဆုံးကို ရရှိထားသည်။

“ဒီတစ်ခေါက် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်မှုက တကယ့်ကို အကြိတ်အနယ်ရှိတာပဲ… ကြည့်ရတာတော့ အန္တိမပကတိအင်မော်တယ်ဘွဲ့ကို ရရှိနိုင်တဲ့သူက အနည်းဆုံး သုံးယောက်လောက် ရှိနေတယ်… ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက စစ်တုရင်အင်မော်တယ်ကျွင်းယု၊ မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ချင်စဲနဲ့ အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက လင်းလေတို့က ဖြစ်နိုင်ခြေ များတယ်”

“ငါ့အထင်တော့ အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေက ကျိုးဝူချန်မှာလည်း အခွင့်အရေးတစ်ခု ရှိနေတယ်… သူက သူတို့သုံးယောက်ထက် သိပ်ပြီးတော့ ပိုအားမနည်းဘူး”

“ထိပ်သီးပညာရှင်တွေက ဖယ်ရှားရှင်းလင်းခြင်းအဆင့်မှာ သူတို့ရဲ့ ဝှက်ဖဲတွေကို သေချာပေါက် ထိမ်ချန်ထားမှာပဲ… နောက်ဆုံးယှဉ်ပြိုင်မှုမှာ ဘယ်သူနိုင်ရမလဲဆိုတာ ပြောဖို့ခက်တယ်”

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှာ ကျင့်ကြံသူများစွာက ဆွေးနွေးပြောဆိုနေကြသည်။

အင်မော်တယ်ဘုရင်တချို့ပင်လျှင် အောက်ဘက်ရှိ တိုက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေသော ပကတိအင်မော်တယ်များကိုကြည့်ပြီး တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်ပြောဆို၍ မှတ်ချက်ပြုနေကြသည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်တွေ့ဆုံပွဲနှင့် ယှဉ်လျှင် သုခဘုံသန့်စင်ကုန်းမြေဘက်မှာ ဖယ်ရှားရှင်းလင်းခြင်းအဆင့်က ပို၍ပင် သိသာထင်ရှားကာ ပြတ်သားနေသည်။

ဖယ်ရှားရှင်းလင်းခြင်းအချီ၏ နံပါတ်တစ်က ရှစ်ဝူနန်ဖြစ်လေသည်။

သူသည် အခြားသူများထက် သိသိသာသာ ပိုမိုများပြားသော တည်ဆောက်သူသစ်ပင် တံဆိပ်ပြားများကို ရရှိထားသည်။

ပြီးခဲ့သည့် ၅ရက်အတွင်း ဆူဇီမိုသည် တိုက်ပွဲကို များစွာစောင့်ကြည့်ခဲ့ခြင်း မရှိပေ။ သူသည် တည်ဆောက်သူသစ်ပင်၏ အသက်ဓာတ်စွမ်းအင်ကိုသာ စုပ်ယူသန့်စင်ပြီး အဆက်မပြတ် ကျင့်ကြံနေခဲ့သည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် လျင်မြန်စွာ ကြီးပြင်းလာပြီး သူ၏ ကျင့်ကြံမှုနယ်ပယ်က ခုန်ပေါက်၍ မြင့်တက်လာခဲ့သည်။ သူသည် အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်နီးပါးအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

တကယ်တော့ သူသည် ဤနေရာမှာ အဆင့်-၉ ကောင်းကင်အင်မော်တယ်တစ်ယောက်၏ အထွတ်အထိပ်အထိ ကျင့်ကြံပြီး ပကတိဧကနယ်ပယ်၏ အဟန့်အတားကို ထိတွေ့နိုင်မည်ဆိုလျှင်တောင် ဆူဇီမိုသည် ဤနေရာမှာ အဆင့်ချိုးဖျက်တက်လှမ်းနိုင်မည် မဟုတ်ပေ။

ပကတိဧကနယ်ပယ်သို့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ တက်လှမ်းမှုက သေးငယ်သောကိစ္စ မဟုတ်ပေ။

ဤသည်မှာ ပကတိအင်မော်တယ်တစ်ဦးဖြစ်လာရန် တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ရခြင်းနှင့်အတူ သူ၏ ကျင့်ကြံမှုနယ်ပယ်မှာ တိုးတက်လာမှု တစ်ခုမျှသာ မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် အဆင့်-၁၂သို့ ကြီးပြင်းလာမည်ဟုလည်း အဓိပ္ပာယ်ရသည်။ ဖန်တီးခြင်းကြာပဒုမ္မာသည် လုံးလုံးလျားလျား ရင့်သန်၍ ၎င်း၏ အထွတ်အထိပ်သို့ ရောက်ရှိလာပေလိမ့်မည်။

ထိုအချိန်ကျလျှင် မည်သည့်ပြောင်းလဲမှုမှ ဖြစ်ပွားလာမည်ကို မည်သူကမှ မသိရပေ။

ယခုအချိန်မှာ သူ၏ ဘေးပတ်လည်တွင် အင်မော်တယ်ဘုရင်များစွာက ရှိနေသည်။ ဆူဇီမိုသည် ဤနေရာမှာ အဆင့်ချိုးဖျက်တက်လှမ်းမည်ဆိုလျှင် ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးက သေချာပေါက် ပေါ်ထွက်လာပေလိမ့်မည်။ ထိုလုပ်ရပ်က သူ့ကိုယ်သူ သတ်သေခြင်းနှင့် တူညီနေပေလိမ့်မည်။

ထိုသို့သော ဂိုဏ်းများနှင့်အဖွဲ့အစည်းများမှ အင်မော်တယ်ဘုရင်ပညာရှင်များ ရှိနေခြင်းနှင့်အတူ တက္ကသိုလ်မှ ဂိုဏ်းချုပ်ပင်လျှင် သူ့ကိုကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ပေ။

ဒါ့အပြင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ကျင့်ကြံသော ဓမ္မတာအိုက ရှုပ်ထွေးလွန်းသည်။

သူသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများမှ တဗူးဂမ္ဘီရကျင့်စဉ်များကို ကျင့်ကြံထားသည်။

သူသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်ကဲ့သို့ သားရဲတာအို၏ စွမ်းအားကြီးမားသော ကျင့်ကြံရေးနည်းစနစ်ကိုလည်း ကျင့်ကြံထားလေသည်။

ပုံမှန်အခြေအနေအောက်မှာဆို တာအိုသစ်သီးတစ်လုံးကို စုဖွဲ့ပြီး အဆင့်ချိုးဖျက်တက်လှမ်းဖို့က အင်မတန်ခဲယဉ်း၍ ရှုပ်ထွေးနေပေလိမ့်မည်။ ကောင်းမွန်သော အခွင့်အလမ်းတစ်ရပ် မရှိဘဲ သူသည် အဆင့်ချိုးဖျက်တက်လှမ်းနိုင်ဖို့ ခက်ခဲနေပေလိမ့်မည်။

ဖယ်ရှားရှင်းလင်းခြင်းအချီက ပြီးဆုံးသွားပြီးနောက် ကျင့်ကြံသူများသည် သူတို့၏ ဂိုဏ်းများသို့ ပြန်လာပြီး ညဘက်မှာ အနားယူလိုက်ကြသည်။ နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲကို နောက်နေ့မှာ ကျင်းပလိမ့်မည်ဖြစ်ပြီး ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးဆယ်နေရာကို အဆုံးအဖြတ်ပေးတော့မည်ဖြစ်သည်။

အဝီစိမှာ….

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲရှိ ခရမ်းရောင်တာအိုမီးက တဖြည်းဖြည်း စဲသွားလေသည်။ သူသည် ဓမ္မတာအိုကို သူ၏ အဆက်မပြတ် ကောက်ချက်ချမှုကနေ ရုန်းထွက်ပြီး ထွက်သက်ကို ညင်သာစွာ ရှူထုတ်လိုက်သည်။

သူသည် ဤတစ်ခေါက် ကောက်ချက်ချမှုကနေ အကျိုးအမြတ်ကြီးမားစွာ ရရှိလာခဲ့သည်။

သူသည် နောက်တစ်ဆင့်အတွက် သိုင်းတာအိုဓမ္မအစီအရင်၏ အဓိကအချက်အချာကို နားလည်ဆင်ခြင်နိုင်ခဲ့ပြီဖြစ်သည်။

သို့သော်လည်း သူပုံမဖော်နိုင်သေးသည့် အသေးစိတ်အချက်အလက်တချို့ ကျန်ရှိနေဆဲပင်။

ဒါ့အပြင် ရှေ့မှာရှိသော မြူခိုးများက တဖြည်းဖြည်းစဲသွားပြီး သိုင်းတာအိုပင်မခန္ဓာသည် အနာဂတ်ကို ခပ်ရေးရေး တွေ့မြင်နိုင်လာပြီဖြစ်သည်။

လူသားမျိုးနွယ်၏ ဓမ္မတာအိုကို အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကနေ အဆင့်ဆင့်ဆင်းသက်လာစေခဲ့သည်။

သားရဲများမှာ သားရဲတာအို ရှိလေသည်။

မျိုးနွယ်စုတစ်သောင်းမှာ ဓမ္မတာအိုတစ်သောင်း ရှိလေသည်။

သို့သော်လည်း နောက်ဆုံး ဤနေ့ ဤအချိန်အထိ ဓမ္မတာအိုသည် နေရာတစ်ခုတည်းမှာ ပေါင်းဆုံပြီး တူညီသော ပန်းတိုင်သို့ ဦးတည်နေပေလိမ့်မည်။

သိုင်းတာအိုပင်မခန္ဓာအတွက်လည်း တူညီကောင်းတူညီပေလိမ့်မည်။

တာအိုများ၏ အဆုံးသတ်က အမြဲတမ်း မတိမ်းယိမ်းမှာ ရှိတတ်ကြသည်။ မည်သည့်ဓမ္မတာအိုကို ကျင့်ကြံသည်ဖြစ်စေ၊ သူတို့သည် နောက်ဆုံးမှာ တူညီသောကမ်းကို ဆိုက်ကပ်ရပေလိမ့်မည်။

လောလောဆယ်မှာ သိုင်းတာအို၏ နောက်ထပ်နယ်ပယ်ကို သူက အတည်မပြုနိုင်သေးပေ။

သို့သော်လည်း ဤတံခါးပိတ်ကျင့်ကြံမှုမှာ သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲ ရုတ်တရက် အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာခဲ့သည်။

ထိုအတွေးက အလွန်တရာ ရဲတင်းလွန်းပြီး အသက်ရှင်သန်ဖို့ အခွင့်အရေးပင် သိပ်မရှိပေ။

သို့သော်လည်း သူက အောင်မြင်သည်နှင့် ထိုဉာဏ်ကွန့်မြူးမှုနှင့်အတူ သူသည် အခြားသူများထက် သာလွန်သော သို့မဟုတ် အခြားသူများ တုပ၍ မရနိုင်သော သူ့အတွက် ထူးခြားသည့် တာအိုတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။

အတိုင်းအတာတစ်ခုအထိ သိုင်းတာအိုပင်မခန္ဓာ၏ ဓမ္မတာအိုသည် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများနှင့် ကွာခြားမှုမရှိဘဲ ဤလောက၏ ကန့်သတ်ချုပ်နှောင်မှုများကို မလွန်ဆန်နိုင်ပေ။

သို့သော်လည်း သူ၏ တည်ရှိမှုသည် အစကတည်းက မူကွဲတစ်ခုဖြစ်ပြီး သူသည် သိုင်းတာအို၏ တည်ထောင်သူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်ထောင်ချီနှင့် သုတ္တန်များအားလုံးကို အရည်ဖျော်ချထားသည်။

ထို့ကြောင့်ပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်ထဲမှာ ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။

သိုင်းတာအိုတာအိုကို ကျင့်ကြံနိုင်သူများမှာ သူ့တပည့် ပေမင်ရွှယ်နှင့် ရှောင်းယောင်တို့သာလျှင် မကပေ။ လောကရှိ သက်ရှိများအားလုံးသည် သိုင်းတာအိုတာအိုကို ကျင့်ကြံနိုင်ပြီး အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ကြသည်။

သိုင်းတာအိုပင်မခန္ဓာက အဲဒါကို တစ်ယောက်တည်း အပိုင်သိမ်းမထားပေ။

သို့သော်လည်း သူသည် သူ၏ ဤအတွေးကို အတည်ပြုပြီး သိုင်းတာအို၏ အခြေခံအုတ်မြစ်နှင့်အတူ သူက မူကွဲတစ်ခုဖြစ်သည်ဟူသော အချက်ကို ပေါင်းစည်းနိုင်ပါက သူသည် နိယာမများ၏ ကန့်သတ်ချုပ်နှောင်မှုတချို့ကို ချိုးဖျက်ကာ အမျိုးအမည်မသိ ထူးခြားအံ့မခန်းနှင့် ထိတွေ့၍ မရနိုင်သော လောကတစ်ခုထံ ခြေချနိုင်ကောင်း ခြေချနိုင်ပေလိမ့်မည်။

အစကတည်းက သိုင်းတာအိုပင်မခန္ဓာသည် အရာရာတိုင်းထက် ကျော်လွန်ဖို့ ကြိုးစားနေခဲ့သည်။

သူသည် အခြားသူများထက်သာ မဟုတ်ဘဲ သူ့ထက်သူပင် ကျော်တက်ချင်လေသည်။

ဤတံခါးပိတ်ကျင့်ကြံမှုအတောအတွင်း သိုင်းတာအိုပင်မခန္ဓာသည် ဓမ္မတာအိုကို ကောက်ချက်ချနေစဉ် သူ၏ တာအိုခန္ဓာကိုယ်လည်း ကျင့်ကြံခဲ့သည်။

သိုင်းတာအိုပင်မခန္ဓာသည် ပြီးပြည့်စုံသော နယ်ပယ်သို့ ရောက်ရှိတော့မည့်ဆဲဆဲဖြစ်သည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲ၏ ဆဋ္ဌမမြောက်နေ့မှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်အတွက် နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲက တရားဝင် စတင်လာခဲ့သည်။

အဆင့်သတ်မှတ်ချက်နှစ်ခုပေါ်မှ ကျင့်ကြံသူများသည် တိုက်ပွဲကွင်းနှစ်ခုသို့ ဝင်ရောက်ပြီး တစ်တွဲစီ တိုက်ခိုက်ကြရမည်ဖြစ်သည်။

တစ်ချီပြီးတိုင်း ကျင့်ကြံသူများသည် အနားယူဖို့ လုံလောက်သည့်အချိန်ကို ရရှိပေလိမ့်မည်။

ထို့ကြောင့် အဆင့်သတ်မှတ်ချက်တိုက်ပွဲသည် နှစ်ရက်တိုင် ကြာမြင့်ပေလိမ့်မည်။

ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ ပထမဆုံးယှဉ်ပြိုင်မှုမှာ ချင်စဲသည် ခရမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ပကတိအင်မော်တယ်တစ်ဦးနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။

ဤပကတိအင်မော်တယ်က အားမနည်းသော်လည်း သူသည် မင်းသားချင်စဲကို လုံးဝမယှဉ်နိုင်ဘဲ လှုပ်ရှားကွက် ဆယ်ကွက်မပြည့်ခင် အရှုံးကို ဝန်ခံလိုက်ရသည်။

ဒုတိယမြောက်ယှဉ်ပြိုင်မှုမှာ ကျွင်းယုသည် စိမ်းလန်းစိုပြေမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ ပကတိအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရလေသည်။

ကျွင်းယုကလည်း သက်တောင့်သက်သာ အနိုင်ရရှိခဲ့သည်။

တတိယမြောက်ယှဉ်ပြိုင်မှုသည် လင်းလေနှင့် မိုချင်ကြား တိုက်ပွဲဖြစ်သည်။

မိုချင်သည် တိုက်ပွဲမြေသို့ ဝင်ရောက်ခြင်းမရှိဘဲ အရှုံးကို ဝန်ခံလိုက်လေသည်။

ပန်းချီအင်မော်တယ်မိုချင်သည် အနိုင်ရဖို့ သူမမှာ အခွင့်အရေးမရှိသည်ကို သိရှိထားသောကြောင့် ဤရွေးချယ်မှုကို ပြုလုပ်ခြင်းဖြစ်မည်ဟု ကျင့်ကြံသူများစွာက မှတ်ယူလိုက်ကြသည်။

မိုချင်က တိုက်ခိုက်လိုစိတ် မရှိရုံမျှသာဖြစ်သည်ကို ဆူဇီမို၊ ယွင်ကျူးနှင့် တချို့လူများကသာ သိရှိထားသည်။

သူမအတွက်တော့ ထိပ်ဆုံးအယောက်တစ်ရာထဲ ဝင်ရောက်ပြီး တည်ဆောက်သူသစ်ပင်အောက်မှာ ကျင့်ကြံနိုင်သည်ကပင် လုံလောက်နေပြီဖြစ်သည်။

ဆူဇီမိုသည် ယှဉ်ပြိုင်မှုတချို့ကို သာမန်ကာလျှံကာ ကြည့်ပြီးနောက် သူ၏ စိတ်ကို တည်ငြိမ်စေကာ တိတ်တဆိတ် ဆက်လက်ကျင့်ကြံလိုက်သည်။

ဆဋ္ဌမမြောက်နေ့ ကုန်ဆုံးသွားသည်။

ထိပ်ဆုံးအယောက် ၅၀ ကို ရွေးချယ်ပြီးသွားပြီဖြစ်သည်။

သူတို့ကြားမှာ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေဘက်တွင် တိုက်ပွဲမစတင်ခင် နှုတ်ထွက်သွားသော ပန်းချီအင်မော်တယ်မိုချင်ကလွဲလျှင် မဟာနတ်မိမယ်သုံးဦးထဲမှ အခြားသုံးဦးက ထိပ်ဆုံး ၅၀ ထဲ ဝင်ရောက်လာနိုင်ခဲ့သည်။

ဓားအင်မော်တယ်ယွဲ့ဟွားကလည်း ရှေ့ကနေ ကောင်းကောင်းဦးဆောင်နေသည်။

သတ္တမမြောက်နေ့မှာ အဆင့်သတ်မှတ်ချက်တိုက်ပွဲသည် ပို၍ပင် ပြင်းထန်ကြမ်းတမ်းလာမည်ကို လူတိုင်းက သိရှိထားကြသည်။

နောက်ဆုံးနေ့သည် ထိပ်သီးပကတိအင်မော်တယ်ပညာရှင်များကြား အကြိတ်အနယ်ယှဉ်ပြိုင်မှု ဖြစ်လေသည်။

ညဘက်အနားယူပြီးနောက် အဆင့်သတ်မှတ်ချက်တိုက်ပွဲကို နောက်နေ့မနက်မှာ စောစောစတင်လိုက်သည်။

မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေဘက်မှာ ကျန်ရှိနေသော ပကတိအင်မော်တယ် ၅၀ သည် နောက်တစ်ဖန် ယှဉ်ပြိုင်တိုက်ခိုက်လိုက်ကြသည်။ တိုက်ပွဲက ထူးထူးခြားခြား ပြင်းထန်ကြမ်းတမ်းပြီး ကျင့်ကြံသူများသည် ရင်တလှပ်လှပ်နှင့် သူတို့၏ သွေးများ ဆူပွက်လာသည်ဟု ခံစားရသည်။

သူတို့ကြားမှာ ပကတိအင်မော်တယ်နှစ်ဦးသည် သူတို့၏ နောက်ဆုံးဝှက်ဖဲများ ကုန်ဆုံးသည်အထိပင် ထုတ်ဖော်ခဲ့ကြပြီး သရေရလဒ်ကျသည်အထိ တိုက်ခိုက်ခဲ့ကြသည်။

တည်ဆောက်သူသစ်ပင်တောင်ထွတ်မှာ များပြားလှစွာသော ကျင့်ကြံသူများကြားတွင် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ ယှဉ်ပြိုင်တိုက်ခိုက်မှုကို စိတ်ဝင်စားခြင်းမရှိသည့်လူ တစ်ယောက်တည်းသာလျှင် ရှိလေသည်။ သူသည် ဤအခွင့်အလမ်းကို အသုံးချပြီး တိတ်တဆိတ်ကျင့်ကြံကာ လျင်မြန်စွာ သန်မာလာနေသည်။

All Chapters