ပြီးပြည့်စွာ အဆုံးသတ်ခြင်း
Vol. 174 Ch. 2601
ထိုသည်ကို တွေ့မြင်သောအခါ ကျင့်ကြံသူများစွာက တုန်လှုပ်သွားကြသည်။
အင်မော်တယ်ဘုရင်များ၏ မျက်လုံးထဲတွင်လည်း အလင်းတစ်ချက် ဖျတ်ခနဲလက်သွားကြသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်ဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ အခွင့်အလမ်းများ၊ ပါရမီအရည်အချင်းများနှင့် နားလည်ဆင်ခြင်မှုများ အားလုံးက လစ်လပ်နေလို့မရပေ။
လက်ရှိကောင်းကင်ဘုံကမ္ဘာမှာ ကျွင်းယုသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ထားသည့် တစ်ဦးတည်းသော ပကတိအင်မော်တယ်ဖြစ်လေသည်။
လက်ရှိ အင်မော်တယ်ဘုရင်ပညာရှင်များကြားမှာပင် အရင်တုန်းက သူတို့သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိပေ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများ၏ ရှားပါးမှုသည် တဗူးဂမ္ဘီရကျင့်စဉ်များနှင့် ယှဉ်နိုင်သည်ဟုဆိုသည်မှာ ချဲ့ကားပြောဆိုနေခဲ့ခြင်း မဟုတ်ပေ။
ဒါ့အပြင် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်တို့ကို တည်ထောင်ခဲ့ပြီးကတည်းက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို နားလည်ဆင်ခြင်နိုင်ခဲ့သည့် ပကတိအင်မော်တယ်များသည် သူတို့နှင့် အဆင့်တူများကြားမှာ အမြဲတမ်းပြိုင်ဘက်ကင်းခဲ့ကြသည်။
သူတို့အားလုံးသည် ခြွင်းချက်မရှိဘဲ အန္တိမပကတိအင်မော်တယ်ဘွဲ့ကို ခံယူနိုင်ခဲ့ကြသည်။
ကျွင်းယုက သူမ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၊ ကြယ်တာရာအကျဉ်းထောင်ကို ထုတ်ဖော်လိုက်သည့်ခဏမှာပင် ဤတိုက်ပွဲ၏ ရလဒ်ကို သံသယရှိစရာ မလိုတော့ပေ။
ခွန်အားအရာမှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများသည် ပကတိအင်မော်တယ်များကို အပြတ်အသတ်နီးပါး ဖိနှိမ်နိုင်လေသည်။
မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်ညတာရှည်က အင်မော်တယ်ဘုရင်ချင်းယန်ကို ကြည့်ပြီး ပြောလိုက်သည်။
“ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေက ဒီလိုမျိုး ပြန်ဝင်စားမွန်းစတားတစ်ယောက်ကိုတောင်မှ မွေးထုတ်ပေးလိုက်တာပဲ… နောက်ပြီး သူက အမျိုးသမီးတစ်ဦးပဲ… ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းလဲ”
“အဲဒါကတော့ တကယ်ကို ရှားရှားပါးပါးပဲ”
အင်မော်တယ်ဘုရင်ချင်းယန်က ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
ပြီးခဲ့သည့်နှစ်များအတွင်း အင်မော်တယ်များစွာကို တုန်လှုပ်စေခဲ့သည့် နောက်ဆုံးအမျိုးသမီးမှာ အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ အင်မော်တယ်ဘုရင်မ လင်းလုံဖြစ်လေသည်။
အင်မော်တယ်ဘုရင်မလင်းလုံသည် အောက်ဘုံလောကကနေ လာပြီး တောက်လျှောက်မြင့်မားတိုးတက်ကာ နောက်ဆုံး အင်မော်တယ်ဘုရင်မတစ်ပါးဖြစ်လာခဲ့သည်။ ဤကိစ္စသည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေမှာ ကြီးမားစွာဂယက်ရိုက်စေခဲ့သည်။
အင်မော်တယ်ဘုရင်ညတာရှည်၏ အကြည့်က အမှတ်တမဲ့ပုံစံဖြင့် အင်မော်တယ်ဘုရင်မလင်းလုံထံ ရွေ့လျားရောက်ရှိကာ ဖြတ်သန်းသွားသည်။
“ကြယ်တာရာအကျဉ်းထောင်ကို နားလည်ဆင်ခြင်ဖို့ဆိုရင် သူတို့တွေက အာကာသနဲ့ အချိန်ဓမ္မတာအိုတွေမှာ အရမ်းကိုမြင့်မားတဲ့ အောင်မြင်ပေါက်မြောက်မှုရှိထားရမယ်”
“ဒီအမျိုးသမီးရဲ့ အာကာသဓမ္မတာအိုအရဆို သူ့ကိုလမ်းညွှန်ပေးထားတဲ့ စွမ်းအားကြီးမားတဲ့ ဆရာတစ်ယောက်ရှိတဲ့ပုံပဲ”
အင်မော်တယ်ဘုရင်ညတာရှည်သည် ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်ဘုရင်မလင်းလုံ၏ အထက်မှာပင် ရပ်တည်နိုင်သော အန္တိမအင်မော်တယ်ဘုရင်တစ်ပါးဟု ဆိုနိုင်သည်။ ကျွင်းယုသည် အင်မော်တယ်ဘုရင်မလင်းလုံ၏ ဓမ္မတာအိုအငွေ့အသက်တချို့ ပိုင်ဆိုင်ထားသည်ကို သူက ပြောနိုင်လေသည်။
တကယ်တော့ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်တွေ့ဆုံပွဲမှာတုန်းက ကျွင်းယုသည် ဤအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်း မရှိသေးပေ။
အဲဒါသည် သူမက ဆူဇီမိုနှင့် အခန်းထဲမှာ သုံးရက်သုံးညလုံးလုံး စစ်တုရင်ကစားခဲ့သည့် အကျိုးကျေးဇူးဖြစ်လေသည်။
သတ္တမမြောက်နေ့မှာ ဆူဇီမိုသည် အဋ္ဌမမြောက်လင်းလုံချောင်ပိတ်ကွက်ကို ဖြေရှင်းခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို သူမက တွေ့မြင်ခဲ့ရပြီး ထိုးထွင်းသိမြင်မှုတချို့ကို ရရှိလာခဲ့သည်။
သူမသည် အဲဒါကို သူမ၏ ကိုယ်ပိုင်ဓမ္မတာအိုနှင့် အတူတကွပေါင်းစည်းပြီး ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို နားလည်ဆင်ခြင်နိုင်ခဲ့သည်။
အင်မော်တယ်ဘုရင်ညတာရှည်က ပြောလိုက်သည်။
“ငါ့အထင်တော့ ဒီတိုက်ပွဲကို ဆက်ပြီးတိုက်ခိုက်ခိုင်းစရာမလိုတော့ဘူး… စစ်တုရင်အင်မော်တယ်ကျွင်းယုက အနိုင်ရရှိသူပဲ”
“ဒါပေါ့”
အင်မော်တယ်ဘုရင်ချင်းယန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
မည်သို့ပင်ဆိုစေ ချင်စဲက မင်းသားတစ်ပါးဖြစ်ပြီး ဧကရာဇ်တစ်ပါး၏ နောက်ခံနှင့်အတူ မြင့်မြတ်သောအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည်။ သူ့အနေဖြင့် အန္တိမပကတိအင်မော်တယ်ဘွဲ့အတွက် သူ့အသက်ကို ဆုံးရှုံးခံစရာမလိုပေ။
တိုက်ပွဲနယ်မြေမှာ…
ချင်စဲသည် သူ၏ စာရိတ္တခန္ဓာကို ထုတ်ဖော်ပြီးနောက် သူနှင့်စာရိတ္တခန္ဓာနှစ်ခုစလုံးက လုံးဝမလှုပ်ရှားနိုင်တော့သည်ကို သတိထားမိလိုက်သည်။
အချိန်သာမက လေဟာနယ်ကပါ အကျဉ်းချခံလိုက်ရသည်။
သူတို့မှာ နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု မရှိသရွေ့ သူတို့သည် ကြယ်တာရာအကျဉ်းထောင်ကနေ ရုန်းထွက်လာနိုင်မည် မဟုတ်ပေ။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဆင်းသက်လာသည့်ခဏမှာပင် တိုက်ပွဲနယ်မြေက ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားသည်။
လေဟာနယ်ကပင် အေးခဲရပ်တန့်သွားပြီး အသံများအားလုံးက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားသည်။
ကျွင်းယု၏ ရှေ့မှာ ချင်စဲသည် စိတ်ရှိတိုင်း ခုတ်ပိုင်းသတ်ဖြတ်ခံရနိုင်သည့် စဉ်းတီတုံးပေါ် ရောက်ရှိနေသော ငါးတစ်ကောင်ကဲ့သို့ဖြစ်နေသည်။
မှင်သေသေအမူအရာနှင့်အတူ ကျွင်းယုက သူမ၏ လက်ချောင်းကို ညင်သာစွာ လှုပ်ရှားလိုက်၏။
အနက်ရောင်စစ်တုရင်အရုပ်တစ်ရုပ်က လေဟာနယ်ကို ဆုတ်ဖြဲပြီး ချင်စဲ၏ နှာရောင်ရှိရာသို့ ဖြည်းဖြည်းချင်းတိုးဝင်လာသည်။
ချင်စဲသည် သူ့ထံသို့ဝင်ရောက်လာသည့် အနက်ရောင်စစ်တုရင်အရုပ်ကို တုန်လှုပ်စွာနှင့် အမျက်ဒေါသနှင့်အတူ ဘာမှမတတ်နိုင်ဘဲ ကြည့်နေရသည်။
ဤသည်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ စွမ်းပကားဖြစ်လေသည်။
အခြားတစ်ဖက်မှာ ထိုသည်ကို တွေ့မြင်သောအခါ ရှစ်ဝူနန်၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုအငွေ့အသက်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
သူသည် ပြီးခဲ့သည့် နှစ်တစ်သိန်းအတွင်း ဗုဒ္ဓကျောင်းတော်များမှာ အထူးချွန်ဆုံးကိုယ်တော် ဖြစ်လာခဲ့လေသည်။
ထိုသို့ဆိုလျှင်တောင် သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းမရှိပေ။
အတိအကျဆိုရလျှင် သူထိန်းချုပ်ထားသည့် အန္တိမနတ်ဘုရားစွမ်းအားသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ ကနဦးပုံစံနှင့် ထိတွေ့မိနေပြီဖြစ်သော်လည်း အဲဒါကို ယခုအချိန်ထိ အောင်မြင်အောင် မကျင့်ကြံရသေးပေ။
ထိုစဉ်မှာပင် မနှိုင်းယှဉ်သာအောင် စီးပိုးခြယ်လှယ်နိုင်သော စွမ်းအားနှစ်ခုက တစ်လိပ်လိပ်တိုးဝင်လာပြီး တိုက်ပွဲနယ်မြေရှိ ကန့်သတ်ထားသော လေဟာနယ်ကို ချိုးဖျက်လိုက်၏။
အင်မော်တယ်ဘုရင်ညတာရှည်နှင့် အင်မော်တယ်ဘုရင်ချင်းယန်၏ တိုက်တွန်းမှုအောက်မှာ အင်မော်တယ်ဘုရင်ဖူရွှမ်နှင့် ဇင်ဆရာဟွေ့ဝမ်က တစ်ချိန်တည်းမှာ ဝင်ရောက်တိုက်ခိုက်ပြီး ချင်စဲကို ကယ်တင်ကာ တိုက်ပွဲကို အဆုံးသတ်စေလိုက်သည်။
ချင်စဲသည် သူ၏ လွတ်လပ်မှုကို ပြန်လည်ရရှိလာပြီးနောက် သူ့ရှေ့မှာရှိသော အနက်ရောင်စစ်တုရင်အရုပ်ကို ကြည့်နေ၏။ သူက အလိုလိုခြေလှမ်းအနည်းငယ်နောက်ဆုတ်ပြီး သူ့ရှေ့မှာရှိသော ကျွင်းယုကိုကြည့်ကာ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
“ရူးနေတဲ့ မိန်းမပဲ”
သူ့မှာ သူ့အဖေပေးထားသည့် အသက်ကယ်ပစ္စည်းတစ်ခုရှိပြီး ကျွင်းယုက သူ့ကို သေချာပေါက်သတ်ဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော်လည်း စောစောက မြင်ကွင်းမှာ သူက တုန်လှုပ်သွားရဆဲဖြစ်သည်။
အင်မော်တယ်ဘုရင်ဖူရွှမ်က ညင်သာစွာပြုံးပြီး ထုတ်ဖော်ကြေညာလိုက်သည်။
“မင်းတို့နှစ်ယောက်စလုံးက ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရဲ့ ရှားရှားပါးပါးပြိုင်စံရှားတွေပဲ… ရလဒ်က ထွက်ပေါ်လာပြီဆိုမှတော့ မင်းတို့တွေက အသေအကြေတိုက်ခိုက်စရာမလိုဘူး”
ချင်စဲ၏ အမူအရာက ပျက်ယွင်းသွား၏။ သူက အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းကာ ထွက်ခွာသွားလေသည်။
ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်မှုက ဤနေရာမှာ တရားဝင်အဆုံးသတ်သွားခဲ့သည်။
ပကတိ အင်မော်တယ် အဆင့်သတ်မှတ်ချက်၏ နံပါတ် ၁- ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ စစ်တုရင်အင်မော်တယ် ကျွင်းယု…
အဆင့်၂ - မဟာမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ချင်စဲ…
အဆင့်၃ - အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ လင်းလေ…
အဆင့် ၄ - အဖြူရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ကျိုးဝူချန်…
အဆင့် ၅ - စိမ်းလန်းစိုပြေမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ နတ်မိမယ်ကျားလန်…
အဆင့် ၆ - အဖြူရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ယွင်မူပိုင်…
အဆင့် ၇ - ခရမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ တင်းယွမ်…
အဆင့် ၈ - အစိမ်းရောင်မိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ရှစ်ကော…
အဆင့် ၉ - ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ ယွဲ့ဟွား…
အဆင့် ၁၀ - နတ်ဆေးမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေ၏ နတ်မိမယ်လင်းဟွမ်…
ဤတစ်ခေါက် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်က အတော်လေးထူးခြားနေသည်။
ထိပ်ဆုံးဆယ်နေရာထဲမှာ သုံးနေရာကို မဟာနတ်မိမယ်သုံးပါးက သိမ်းပိုက်ထားရုံသာမက အန္တိမပကတိအင်မော်တယ်ကပင် နတ်မိမယ်တစ်ပါးဖြစ်နေသည်။
ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ကို တည်ထောင်ခဲ့ပြီးကတည်းက နတ်မိမယ်တစ်ပါးက အန္တိမဘွဲ့ကို ခံယူနိုင်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဒါ့အပြင် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်မှာ ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ မည်သည့်ပကတိအင်မော်တယ်မှ ရှိမလာခဲ့ပေ။
လန့်ဖုန်းမြို့တော်ရှိ တိုက်ပွဲမှာတုန်းက ကျောက်စိမ်းမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ မြို့တော်အရှင်ငါးဦးသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်မှာ ဝင်ရောက်ဖို့ အဆင့်မီခဲ့သော်လည်း သူတို့အားလုံးကို မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်က သတ်ဖြတ်ကာ သူတို့ကို ကြီးမားစွာ ပျက်စီးထိခိုက်ဆုံးရှုံးစေခဲ့သည်။
ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ ဧရာမအဆင့်သတ်မှတ်စာရင်းနှစ်ခုကို တည်ဆောက်သူသစ်ပင်မှာ ချိတ်ဆွဲပြသထားလိုက်၏။
အဲဒီမှာ စုစုပေါင်း ပကတိအင်မော်တယ် အယောက်၂၀ရှိနေပြီး နာမည်တစ်ခုချင်းစီက တဖျပ်ဖျပ်တလက်လက် အရောင်အဝါဖြင့် တောက်ပနေသည်။
ထိုအယောက် ၂၀သည် လွန်ခဲ့သည့်နှစ်တစ်သိန်းအတွင်း မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေ၏ အသန်မာဆုံးနှင့် အထူးချွန်ဆုံး ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြလေသည်။
လွန်ခဲ့သည့်နှစ်တစ်သိန်းမှာ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေက မရေမတွက်နိုင်သော ပကတိအင်မော်တယ်များကို မွေးထုတ်ပေးခဲ့သည်။ သို့သော်လည်း ထိုအယောက် ၂၀ကသာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်တွင် သူတို့၏ အမည်များကို ချန်ထားရစ်ခဲ့ဖို့ အဆင့်မီလေသည်။
ကျင့်ကြံသူများအားလုံးသည် အထင်ကြီးလေးစားစွာနှင့် အားကျမှုနှင့်အတူ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ပေါ်ရှိ နာမည်များကို စိုက်ကြည့်နေ၏။
၎င်းပေါ်မှာ သူတို့၏ နာမည်များကို ချန်ထားနိုင်ခြင်းသည် သူတို့ဘဝမှာ အကြီးမားဆုံးဂုဏ်ယူဖွယ်ရာဖြစ်လေသည်။
သိပ်မကြာခင် ပကတိအင်မော်တယ် အယောက်၂၀၏ နာမည်များက မဟာနယ်မြေကြီးနှစ်ခုနှင့် ကောင်းကင်ဘုံကမ္ဘာတစ်ခုလုံးမှာ ပျံ့နှံ့သွားလိမ့်မည်ဖြစ်ပြီး သမိုင်းမှတ်တမ်းများထဲ ဝင်ရောက်သွားပေလိမ့်မည်။
မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ အင်မော်တယ်ဘုရင်ပညာရှင်များကလည်း စိတ်သက်သာစွာ သက်ပြင်းချလိုက်ကြသည်။
ပြီးခဲ့သည့်ခုနစ်ရက်အတွင်း မည်သည့်မတော်တဆဖြစ်ရပ်မှ ရှိမလာခဲ့ပေ။
မိစ္ဆာမဟာနယ်မြေက အတော်လေးငြိမ်သက်နေခဲ့သည်။
ယခု ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်က ပြီးမြောက်သွားခဲ့ပြီး မဟာနယ်မြေနှစ်ခု၏ ထိပ်ဆုံးပကတိအင်မော်တယ် အယောက်၂၀၀သည် ကျင့်ကြံဖို့အတွက် တည်ဆောက်သူသစ်ပင်ရှိရာသို့ သွားရောက်ဖို့ အချိန်ကျရောက်လာခဲ့သည်။
အခြားသော ပကတိအင်မော်တယ်များသည်လည်း တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်ပေါ်မှာ ကျင့်ကြံနိုင်မည်ဖြစ်သည်။ ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီသည် အခြားသော တောင်တန်းများမှာထက် များစွာပိုမိုကြွယ်ဝနေသည်။
ဤနေရာရောက်မှာ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို ပြီးပြည့်စုံလုနီးပါး အဆုံးသတ်လာနိုင်ခဲ့ပြီဖြစ်သည်။
သည့်ယခင်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေမှ ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင်ပညာရှင်များသည် အချက်တစ်ချက်နှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခဲ့ကြသည်။
မိစ္ဆာမဟာနယ်မြေမှ ထူးဆန်းသော ပြုမူလှုပ်ရှားမှုတစ်ခုခု ရှိလာမှာကို သူတို့က စိုးရိမ်နေခဲ့ကြသည်။
မည်သို့ပင်ဆိုစေ မကြာသေးခင်နှစ်များမှာ အနှိုင်းမဲ့မိစ္ဆာနှစ်ဦးက ပြန်လည်ပေါ်ထွက်လာခဲ့သည်။
သူတို့တစ်ယောက်ချင်းစီသည် မဟာနယ်မြေကြီးနှစ်ခုစလုံး စိုးရိမ်ပူပန်ရသော ကျင့်ကြံသူများ ဖြစ်ကြသည်။
မိစ္ဆာမဟာနယ်မြေသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ တစ်ခုခုပြုလုပ်လာမလား မည်သူကမှ မသိခဲ့ရပေ။
ယခု သူတို့က စိုးရိမ်စိတ်လွန်ကဲနေခြင်း ဖြစ်ခဲ့ပုံရသည်။
အဆင့်သတ်မှတ်ချက်နှစ်ခုကို ထုတ်ပြန်ပြီးတာတောင် ကျင့်ကြံသူများ၏ စိတ်အားထက်သန်မှုက လျော့ကျမသွားပေ။
အဆင့်သတ်မှတ်ချက်နှစ်ခုမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သော ပကတိအင်မော်တယ်များသည် အနားယူဖို့အတွက် တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်ရှိရာသို့ ပြန်လည်ရောက်ရှိလာပြီး တည်ဆောက်သူသစ်ပင်အောက်မှာ တရားဝင်ကျင့်ကြံရန် နောက်မနက်သို့ စောင့်ဆိုင်းနေကြသည်။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက တည်ငြိမ်အေးချမ်းစွာဖြင့် အဆုံးသတ်တော့မည်ဟု ထင်ရလေသည်။
ထိုအခိုက်အတန့်မှာ အင်မော်တယ်ဘုရင်များနှင့် ကောင်းကင်ဘုရင်များအပါအဝင် အင်မော်တယ်များနှင့် ကိုယ်တော်များအားလုံးသည် နောက်နေ့တွင် ဖြစ်ပျက်လာတော့မည့်အရာကို မစဉ်းစားမိကြပေ။