← Chapters

တံခါးပိတ်ကျင့်ကြံရာကနေထွက်လာခြင်း

Vol. 174 Ch. 2602

တံခါးပိတ်ကျင့်ကြံရာကနေထွက်လာခြင်း

Vol. 174 Ch. 2602

မိုးကောင်းကင်ကိုးလွှာ တွေ့ဆုံပွဲစပြီး ရှစ်ရက်မြောက်နေ့မှာ.. မနက်မိုးလင်းပြီး နေကထွက်ပေါ်လာခဲ့သည်။

အဝီစိကမှောင်မည်း၍ မကောင်းဆိုးဝါးဆန်းနေဆဲဖြစ်သည်။

အမှောင်ထဲမှာ သူသည် ငရဲနှင့်ပေါင်းစည်းနေသည့်အလား တင်ပျဥ်ခွေအနေအထားဖြင့် မလှုပ်မယှက်ထိုင်နေသော ပုံရိပ်တစ်ခုကို ဝိုးတိုးဝါးတားတွေ့မြင်နိုင်သည်။

ရုတ်တရက်ဆိုသလို...။

ထိုပုံရိပ်က ခရမ်းရောင်အလင်းများကို ထုတ်​လွှတ်ပြီး ဘေးပတ်လည်မှာရှိသော အမှောင်ထုကို ဖယ်ရှားရှင်းလင်းကာ ငွေရောင်မျက်နှာဖုံးတပ်ထားသည့် မျက်နှာတစ်ခုကို ပေါ်ထွက်လာစေသည်။ ထိုသူက သိုင်းတာအိုပင်ခန္ဓာဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ကို ခရမ်းရောင်ရောင်လျှံစက်ဝန်းတစ်ခုက ဝိုင်းပတ်ထားပြီး လျှို့ဝှက်ဆန်းကြယ်၍ စွမ်းအားကြီးမားသော ပုံစံဖြင့် ရှေးဟောင်းမှော်စာလုံးများက ​၎င်းပေါ်မှာ လင်းလက်နေသည်။

ခဏနေပြီးနောက် ခရမ်းရောင်ရောင်လျှံစက်ဝန်းက ရုတ်တရက်ပြန့်ကားပြီး ဧရာမလျှို့ဝှက်ခန်းကို လွှမ်းခြုံသွားသည်။

သိပ်မကြာခင် ခရမ်းရောင်အလင်းက လျင်မြန်စွာရုပ်သိမ်းပြီး သိုင်းတာအိုပင်မခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးထဲရှိ တောက်လောင်နေသော ခရမ်းရောင်မီးတောက်နှစ်ခုနှင့်အတူ မတ်တတ်ထရပ်လိုက်၏။ သူ၏ အော်ရာက ၎င်း၏ အထွတ်အထိပ်ထိရောက်ရှိနေခဲ့ပြီဖြစ်သည်။

ပကတိအစစ်အမှန်သိုင်းတာအိုခန္ဓာ...။

သူသည် အစစ်အမှန်သိုင်းနယ်ပယ်မှာ အဆင့်မြင့်ကျွမ်းကျင်မှုကို ရရှိခဲ့စဥ်က သိုင်းတာအိုပင်မခန္ဓာသည် အနီးကပ်တိုက်ခိုက်ရည်မှာ လက်ဗလာဖြင့် ကောင်းကင်လိုဏ်ဂူအသေး သာမန်အင်မော်တယ်ဘုရင်များကို ဖိနှိမ်နိုင်ခဲ့၏။

သို့သော်လည်း အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးက သူ၏ ကောင်းကင်လိုဏ်ဂူအသေးကို ထုတ်ဖော်မည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် ထိုသူကိုဖိနှိမ်ဖို့ ခက်ခဲပေလိမ့်မည်။

မိစ္ဆာလိုဏ်ဂူမှာတုန်းက သိုင်းတာအိုပင်မခန္ဓာသည် မိစ္ဆာဘုရင်တချို့ကို သတ်ဖြတ်နိုင်ခဲ့သည်မှာ ထိုနေရာသည် မိစ္ဆာဧကရာဇ်ကမ္ဘာဖျက်ကပ်ဘေး၏ ဂူသင်္ချိုင်းဖြစ်ပြီး မည်သည့်ကောင်းကင်လိုဏ်ဂူကိုမှ မထုတ်ဖော်နိုင်သောကြောင့်ဖြစ်သည်။

သို့သော်ယခုအခါ... အစစ်အမှန် သိုင်းတာအိုခန္ဓာသည် ပြီးပြည့်စုံလာပြီး သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ကိုယ်ကာယနှင့်သွေးချီသက်သက်နှင့်ပင်လျှင် ကောင်းကင်လိုဏ်ဂူအသေးများကို​ ခြေမွှဖျက်ဆီးပစ်နိုင်ပြီဟု ထင်မြင်မိလေသည်။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်နှင့်ဆင်တူသော သိုင်းတာအို၏ နောက်ထပ်နယ်ပယ်တစ်ခုသို့ တက်လှမ်းနိုင်ခြင်းမရှိသေးပေ။

သို့သော်လည်း ခွန်အားအရာမှာ သိုင်းတာအိုပင်မခန္ဓာ၏ ပကတိအစစ်အမှန်သိုင်းတာအိုခန္ဓာသည် ကောင်းကင်လိုဏ်ဂူအသေးအင်မော်တယ်ဘုရင်များကို ဖိနှိမ်နိုင်နေပြီဖြစ်သည်။

တကယ်တော့... သူသည် ကောင်းကင်လိုဏ်ဂူအကြီးများကို ပိုင်ဆိုင်ထားသည့် အန္တိမအင်မော်တယ်ဘုရင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သိုင်းတာအိုပင်မခန္ဓာအနေဖြင့် သူတို့ထုတ်ဖော်လိုက်သည့် ကောင်းကင်လိုဏ်ဂူများကို ခုခံနိုင်ဖို့ခက်ခဲနေဆဲဖြစ်သည်။

ကောင်းကင်လိုဏ်ဂူအသေးတစ်ခုနှင့် ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုကြား ကွာဟချက်က စကားလုံးတစ်လုံးသာဖြစ်သည်ဟုထင်ရ၏။ သို့သော်လည်း ခွန်အားကွာဟချက်က အရမ်းကိုကြီးမားသည်။

သိုင်းတာအိုပင်မခန္ဓာသည် အဝီစိကနေထွက်ခွာပြီး မဟာထျဲဝေတောင်အထက်သို့ရောက်ရှိကာ လေဟာနယ်ကို သာမန်ကာလျှံကာပစ်ထိုးလိုက်သည်။

ဖျောက်...

လေဟာနယ်ကတုန်ခါ၍ အက်ကွဲကြောင်းများ ပေါ်ထွက်လာသည်။

သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိခွန်အားအရ သူသည် ငရဲဖိနှိမ်းမီးဖို၏ အကူအညီမရှိဘဲ လေဟာနယ်ကိုအချိန်မရွေး ဆုတ်ဖြဲပြီး ရှည်လျားသောအကွာအဝေးတစ်ခုကို ခုန်ကူးနိုင်လေသည်။

အစကတော့ ဤသည်မှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ပညာရှင်သာ ထိန်းချုပ်နိုင်သည့် စွမ်းအားတစ်ခုဖြစ်ခဲ့သည်။

သိုင်းတာအိုပင်ခန္ဓာသည် လေဟာနယ်ကိုဆုတ်ဖြဲပြီး အာကာသဥမင်ထဲသို့ဝင်ရောက်ကာ ထျန်ဟွမ်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာ၏။

တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ကောင်းကင်ဘုံဝံပုလွေ၏ နားရွက်နှစ်ဖက်ကလှုပ်သွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကို စိုးရိမ်တကြီးဖွင့်လိုက်၏။ သိုင်းတာအိုပင်မခန္ဓာက ထျန်ဟွမ်ဂိုဏ်း၏ အထက်ကနေ ဆင်းသက်လာသည်ကို သူတွေ့မြင်လိုက်ရသည်။

“အားလုံးပဲ... ကျေးဇူးပြုပြီး ထျန်ဟွမ်ခန်းမထဲကိုလာခဲ့ကြပါ... ကျုပ်မှာ ဆွေးနွေးစရာကိစ္စရှိတယ်”

သိုင်းတာအိုပင်မခန္ဓာ၏ အသံက မိုးကြိုးဧကရာဇ်ကောင်းကင်ဘုံအမျက်ဒေါသနှင့် အခြားသူများ၏ နားများထဲသို့ အလွန်တရာတိကျစွာဖြင့် ဝင်ရောက်သွားသည်။

စိတ်ခံစားခုနှစ်မျိုးမိစ္ဆာတပ်မှူးများသည် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်ခွာလာကြသည်။

ထျန်ဟွမ်းခန်းမမှာ...။

“ဘာဖြစ်တယ်..”

သိုင်းတာအိုပင်မခန္ဓာ၏ ဆုံးဖြတ်ချက်ကို ကြားရသောအခါ ကောင်းကင်ဘုံဝံပုလွေက ရုတ်တရက်တုန်ခါကာ ခပ်စူးစူအော်ပြောလိုက်သည်။

“ခင်ဗျားက မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကို သွားမလို့လား”

မိုးကြိုးဧကရာဇ် ကောင်းကင်ဘုံအမျက်ဒေါသနှင့် အခြားသူများကလည်း တည်တံ့သောအမူအရာများဖြင့် မျက်မှောင်ကြုတ်လိုက်ကြ၏။

“မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေက အင်မော်တယ်တွေတင်မကဘူး... သုခဘုံသန့်စင်ကုန်းမြေက ကိုယ်တော်တွေကလည်းရှိနေတယ်”

မိုးကြိုးဧကရာဇ်က လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“မဟာနယ်မြေကြီးနှစ်ခုက မိုးကောင်းကင်ကိုးလွှာ တွေ့ဆုံပွဲဆီ အန္တိမအင်မော်တယ်ဘုရင်နှစ်ဆယ်ကျော်နဲ့ သာမန်အင်မော်တယ်ဘုရင် တစ်ရာကျော်ကိုတောင် စေလွှတ်ခဲ့တယ်လို့ ငါကြားထားတယ်... သူတို့တွေက ကြီးမားတဲ့အင်အားတစ်ရပ်ကို စုဖွဲ့ထားတာပဲ... သူတို့တွေက ကိစ္စတွေကို ပေါ့ပေါ့တန်တန်သဘောထားမနေဘူး”

မိုးကြိုးဧကရာဇ်သည် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် သွေးကြွေးရန်ငြိုးများရှိထားခဲ့သည်။

သူ့သား၊ သူ၏ ချွေးမနှင့် သူ၏ အချစ်ခင်ဆုံးမိတ်ဆွေ ကောင်းကင်အင်မော်တယ်ညသင်္ချိုင်းကပင် မဟာကျင်းအင်မော်တယ်နိုင်ငံ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။

သို့သော်လည်း မိုးကြိုးဧကရာဇ်သည် ဤနှစ်များအားလုံးမှာ မည်သည့်လှုပ်ရှားမှုမှမပြုလုပ်ခဲ့ပေ။

အကြောင်းမှာ ထျန်ဟွမ်ဂိုဏ်း၏ လက်ရှိခွန်အားအရ သူတို့သည် မဟာကျင်းအင်မော်တယ်နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်နိုင်မည်မဟုတ်ကြောင်း မိုးကြိုးဧကရာဇ်က သိရှိထားသောကြောင့်ဖြစ်သည်။

ယခုအချိန်မှာ သူသည် ကောင်းကင်လိုဏ်ဂူအသေးတစ်ခုကိုသာပိုင်ဆိုင်ထားပြီး ကောင်းကင်လိုဏ်ဂူအကြီးတစ်ခုရှိနေသည့် ဘုရင်ကျင်းကို တိုက်ခိုက်နိုင်ဦးမည်မဟုတ်ပေ။

ဒါ့အပြင် မဟာကျင်းအင်မော်တယ်နိုင်ငံသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှာ တည်ရှိလေသည်။

မိစ္ဆာမဟာနယ်မြေမှ မည်သည့်အဖွဲ့အစည်းမဆို မဟာကျင်းအင်မော်တယ်နိုင်ငံကို တိုက်ခိုက်လျှင် ဂမ္ဘီရမိုးကောင်းကင်နန်းတော်က ဒီတိုင်းကြည့်နေလိမ့်မည်မဟုတ်ပေ။

ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေရှိ အခြားသောဂိုဏ်းများနှင့် အဖွဲ့အစည်းများကပင် ပေါ်ထွက်လာဖို့များလေသည်။

ထျန်ဟွမ်ဂိုဏ်းသည် ​ဖွံ့ဖြိုးစအဆင့်မှာသာရှိနေသေးသည်ကို မိုးကြိုးဧကရာဇ်က သိရှိထားသည်။ အခြေခံအုတ်မြစ်နှင့်ခွန်အားအရာမှာ သူတို့သည် ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေကိုမပြောနှင့် မဟာကျင်းအင်မော်တယ်နိုင်ငံကဲ့သို့ ကောင်းကင်အဆင့် အဖွဲ့အစည်းတစ်ခုထက်ပင် များစွာနိမ့်ကျနေဆဲဖြစ်သည်။

အခုချိန်မှာ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲသို့ သွားရောက်ခြင်းဖြင့် သိုင်းတာအိုပင်မခန္ဓာသည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေကိုသာမ​က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေတစ်ခုလုံးနှင့် သုခဘုံသန့်စင်ကုန်းမြေကိုပင် ဆန့်ကျင်မိရာကျပေလိမ့်မည်။

ဤသည်က အုတ်နံရံကို ကြက်ဥနှင့်ပေါက်နေသည့်လုပ်ရပ်နှင့် မကွာခြားပေ။

“အဆင်ပြေပါတယ်”

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်သည်။

“ဒီတစ်ခေါကိ.ကျုပ်က တံခါးပိတ်ကျင့်ကြံရာမှာ နောက်ထပ်အဆင့်ချိုးဖျက်တက်လှမ်းနိုင်ခဲ့တယ်”

လူတိုင်းက အားတက်သရောရှိလာပြီး ကျေနပ်သဘောကျသွားသည်။

“ဟမ်”

မိုးကြိုးဧကရာဇ်က သိုင်းတာအိုပင်မခန္ဓာကို သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုပြီးနောက် တွေဝေရှုပ်ထွေးသောအမူအရာတစ်ခု ထွက်ပေါ်လာသည်။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ ကျင့်ကြံမှုနယ်ပယ်ကို မ​ပြောနိုင်သော်လည်း ထိုသူသည် ယခုအချိန်ထိ ကောင်းကင်လိုဏ်ဂူတစ်ခု၏ စွမ်းအားကို မထိန်းချုပ်နိုင်သေးကြောင်း သူက ခပ်ရေးရေးအာရုံခံမိနိုင်သည်။

တစ်နည်းအားဖြင့်ဆိုသော် သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ မရောက်ရှိသေးပေ။

“မင်းက အင်မော်တယ်ဘုရင်တစ်ပါးကို နိုင်မှာလား”

မိုးကြိုးဧကရာဇ်က မေးမြန်းကြည့်လိုက်သည်။

သိုင်းတာအိုပင်မခန္ဓာက ပွင့်လင်းစွာပင်ပြောလိုက်သည်။

“သာမန်အင်မော်တယ်ဘုရင်တွေက ကျုပ်အတွက် ပြဿနာမဟုတ်ဘူး... ဒါပေမဲ့ ကျုပ်က အန္တိမအင်မော်တယ်ဘုရင်တွေကိုတော့ နိုင်မှာမဟုတ်ဘူး”

“အဲဒါက...”

မိုးကြိုးဧကရာဇ်က တွေဝေတုံ့ဆိုင်းနေလေသည်။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အန္တိမအင်မော်တယ်ဘုရင်များချည်းပဲ ဆယ်ယောက်ကျော်ရှိလေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဆုံးဖြတ်ချက်ချပြီးသွားသည့်အလား သူ၏ ပြတ်သားသောအကြည့်ကို တွေ့မြင်ရသောအခါ သူက ထပ်မံ၍မဖျောင်းဖျတော့ဘဲ လေးနက်စွာပြောလိုက်သည်။

“ငါအခုပဲ စစ်တပ်တစ်တပ်စုဆောင်းပြီး အတူသွားကြဖို့ပြင်လိုက်မယ်”

“မလိုတော့ဘူး”

သိုင်းတာအိုပင်မခန္ဓာက ညင်သာစွာခေါင်းခါပြလိုက်သည်။

“ကျုပ်က ဒီတစ်ခေါက် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲဆီ လူနှစ်ယောက်ကိုပဲခေါ်သွားမှာ... ချိုးစစ်လောနဲ့ ကူထုံယိုပဲ”

ချိုးစစ်လောက ရင်တစ်ချက်ထိတ်သွားပြီး သူမက တစ်စုံတစ်ရာကို ရုတ်တရက် အမှတ်ရသွား၏။

ဒုံမင်းအင်မော်တယ်မုန့်ယောင်သည် မိစ္ဆာမဟာနယ်မြေမှာ သူတို့ကို အမဲလိုက်ဖို့ သူမ၏ လူများစေလွှတ်ခဲ့သည်ကို သိုင်းတာအိုပင်မခန္ဓာကြားသိခဲ့ရစဥ်က သူသည် သူတို့အတွက် ရပ်တည်ပေးလိုသောကြောင်း ဖော်ပြခဲ့ဖူး၏။

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ မဟာနတ်မိမယ်လေးပါးစလုံးက ရောက်ရှိနေသည်ဟု သူတို့ကြားထားကြသည်။

ယခု... သိုင်းတာအိုပင်မခန္ဓာက သူတို့ကို ခေါ်ဆောင်သွားလိုနေပြီး သူက သူတို့အတွက် လက်စားချေပေးလိုသည်မှာ သိသာလေသည်။

ကူထုံယိုမှာ လွမ်းမောဖွယ်ရာအကြည့်တစ်ခုရှိနေပြီး သူက ​ချိုးစစ်လောနှင့် အကြည့်ချင်းဖလှယ်လိုက်သည်။ သူကလည်း အဲဒါကို ခန့်မှန်းမိသည်မှာ သိသာလေသည်။

ချိုးစစ်လောက အလောတကြီးပြောလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မတို့နှစ်ယောက်စလုံးက ရှင့်ရဲ့စေတနာကို နားလည်ပါတယ်... ဒါပေမဲ့ ကျွန်မတို့အတွက်နဲ့ရှင်က ဒီအန္တရာယ်ကို...”

သိုင်းတာအိုပင်မခန္ဓာက လက်ကာပြပြီး ချိုးစစ်လော၏ စကားကို ဖြတ်ပြောလိုက်သည်။

“မင်းတို့ရဲ့ကိစ္စက အကြောင်းရင်းတွေထဲက တစ်ခုပဲ... မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကိုသွားဖို့ ငါ့မှာတခြားရည်ရွယ်ချက်ရှိတယ်”

“ငါလည်းလိုက်မယ်”

ယန်ပေးချန်က အေးစက်စွာပြောလိုက်သည်။

သိုင်းတာအိုပင်မခန္ဓသည် ထိုနေရာသို့ ဘာ့ကြောင့်သွားလိုသလဲ သူက မမေးမြန်းပေ။

သိုင်းတာအိုပင်မခန္ဓာက မည်သည့်အရာကိုပြုလုပ်သည်ဖြစ်စေ ဒါမှမဟုတ် သူက မည်မျှအထိသန်မာသောရန်သူများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ သူက သိုင်းတာအိုပင်မခန္ဓာနှင့် ဘေးချင်းယှဥ်တိုက်ခိုက်ဖို့သာ ရွေးချယ်ပေလိမ့်မည်။

“ဒီလိုမျိုး စည်ကားတဲ့ပွဲတော်တစ်ခုကို ငါကလည်း ဘယ်လိုလုပ်လက်လွှတ်ခံနိုင်ပါ့မလဲ”

နတ်ဆိုးမကျိက ရယ်မောကာပြောဆိုလိုက်သည်။

“မိစ္ဆာလိုဏ်ဂူမှာတုန်းက ငါတို့နှစ်ယောက်က သေဘေးကနေထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်... မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲလောက်ကို ဘာများကြောက်နေစရာရှိလဲ”

“အော်မီထော်ဖော်..”

မင်းကျန်က ဗုဒ္ဓအာလုတ်စကားတစ်ခုကို ရွတ်ဆိုပြီး ပြောလိုက်သည်။

“ကျုပ်လည်းလိုက်မယ်”

ကောင်းကင်ဘုံဝံပုလွေသည် အစက အလွန်တရာခုခံငြင်းဆန်လိုပြီး ထောင့်တစ်နေရာမှာ မသိချင်ယောင်ဆောင်နေ၏။

ထိုအခိုက်အတန့်မှာ ခန်းမထဲရှိလူတိုင်းက ရှေ့သို့ထွက်လာသည်ကိုတွေ့ရသောအခါ သူက မျက်လုံးစွေကြည့်လိုက်၏။

‘မင်းတို့တွေက ရှေ့တင်မှာ သန်မာချင်ယောင်ဆောင်နေကြတာပဲ...အချိန်ကျလာတဲ့အခါ မင်းတို့ဘယ်လိုသတ်ဖြတ်ခံလိုက်ရသလဲတောင် သိလိုက်မှာမဟုတ်ဘူး။’

ကောင်းကင်ဘုံဝံပုလွေက စိတ်ထဲကနေကျိန်ဆဲပြီးနောက် အကဲစမ်းမေးမြန်းလိုက်၏။

“ဒါဆိုရင် ငါကဒီမှာနေခဲ့ပြီး ဂိုဏ်းကိုစောင့်ရှောက်ပေးရတော့မယ်နဲ့တူတယ်”

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံဝံပုလွေကို မည်သည့်ရွေးချယ်ခွင့်မှမပေးပေ။ ဖျတ်ခနဲဆို သူက ကောင်းကင်ဘုံဝံပုလွေ၏ ကျောပေါ်ကို တက်စီးလိုက်သည်။

“ကောင်းပြီလေ... အားလုံးပဲကျုပ်နောက်ကလိုက်ခဲ့ကြ... ဘေးကနေစောင့်ကြည့်နေရုံပဲ... ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူကမှ မတိုက်ခိုက်ရဘူး”

“အစ်ကိုဖုန့်... ကျေးဇူးပြုပြီး အချိန်ကျလာတဲ့အခါ တခြားသူတွေကို ဂရုစိုက်ပေးပါဦး”

သိုင်းတာအိုပင်မခန္ဓာက ထပ်ပြောလိုက်သည်။

လက်ရှိလူများကြားမှာ မိုးကြိုးဧကရာဇ်သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ရောက်ရှိနေသောကြောင့် သူတစ်ယောက်တည်းကသာ သူ့ကိုယ်သူကောင်းကောင်းကာကွယ်နိုင်မည်ဖြစ်လေသည်။

အရာရာတိုင်းကို အစီအစဥ်ချပြီးနောက် သိုင်းတာအိုပင်မခန္ဓာက စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးများကို ခေါ်ဆောင်ကာ ထျန်ဟွမ်ဂိုဏ်းကနေ တိတ်တဆိတ်ထွက်ခွာပြီး တည်ဆောက်သူသစ်ပင်ရှိရာဘက်သို့ ဦးတည်လိုက်လေသည်။

All Chapters