← Chapters

ခြိမ်းခြောက်ခြင်း

Vol. 174 Ch. 2603

ခြိမ်းခြောက်ခြင်း

Vol. 174 Ch. 2603

မိုးကောင်းကင်ကိုးလွှာတွေ့ဆုံးပွဲအပြီး ရှစ်ရက်မြောက်နေ့၊ တည်ဆောက်သူသစ်ပင်တောင်ထွတ်မှာ...။

မနက်ခင်းအလင်းရောင်က တည်ဆောက်သူသစ်ပင်ပေါ်ကို ဖြည်းဖြည်းချင်းဖြာဆင်းလာပြီး ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်တို့ကို လွှမ်းခြုံသွားသည်။

အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားနှစ်ဆယ်၏ နာမည်များက ဝင်းထိန်တောက်ပနေပြီး မရေမတွက်နိုင်သောကျင့်ကြံသူများ မျှော်လင့်တောင့်တနေသည့် အန္တိမဂုဏ်ကျက်သရေကို ကိုယ်စားပြုပေးနေသည်။

ဤနေ့မှာ ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးကျင့်ကြံသူအယောက်တစ်ရာစီကသာ တည်ဆောက်သူသစ်ပင်အောက်မှာ ကျင့်ကြံဖို့ အဆင့်မီကြပေမည်။

ကျင့်ကြံသူအများစုသည် တည်ဆောက်သူသစ်ပင်၏ တောင်ထွတ်မှာသာ နေရမည်ဖြစ်သည်။

​

ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားနှစ်ဆယ်သည် တစ်ညတာအနားယူပြီးနောက် အားအင်ပြည့်ဝလာကြပြီဖြစ်သည်။ သူတို့သည် စိတ်အားမာန်တက်ကြွနေပြီး တစ်ယောက်ပြီးတစ်ယောက်ထွက်ရပ်လာကြသည်။

ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ပေါ်ရှိ အဆင့်-၂ ချင်စဲက ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေရှိရာဘက်သို့ တည့်တည့်လျှောက်လှမ်းလာသည်။

အစကတော့ ယွင်ကျူးသည် တည်ဆောက်သူသစ်ပင်ရှိရာသို့ သွားတော့မည့်ဆဲဆဲဖြစ်သည်။ ချင်စဲက လျှောက်လှမ်းလာသည်ကို တွေ့မြင်သောအခါ သူမက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူမက မလှမ်းမကမ်းမှာရှိသော ဆူဇီမိုကို တစ်ချက်ကြည့်ပြီး သူမ၏ ခြေလှမ်းကို ရပ်တန့်လိုက်သည်။

တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး ကျွင်းယုကလည်း သူမ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်လေသည်။

ချင်စဲသည် လူအုပ်ကြီးကိုဖြတ်ကျော်ပြီး ဆူဇီမို၏ ရှေ့မှာရပ်ကာ မြေပြင်ပေါ်မှာထိုင်နေသောထိုသူကို ငုံ့ကြည့်လိုက်၏။

“ဆူဇီမို..”

ချင်စဲက ခေါ်လိုက်သည်။

ဆူဇီမိုက သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်၍ အနားယူနေသည်။ သူသည် ချင်စဲရောက်ရှိလာခြင်းကို အာရုံခံမိပြီးသားဖြစ်သော်လည်း သူ့ကို လျစ်လျူရှုထားခဲ့သည်။

ချင်စဲစကားပြောလိုက်သည့်အခါမှသာ သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။ သူကမတ်တတ်ထရပ်ခြင်းမရှိဘဲ မှင်သေသေဖြင့်သာပြန်မေးလိုက်သည်။

“ပြောစရာရှိလို့လား”

ချင်းစဲ၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖျတ်ခနဲလက်သွားသည်။

မင်းသားတစ်ပါးအနေဖြင့် သူက မည်ကဲ့သို့သောအဆင့်အတန်းကို ပိုင်ဆိုင်ထားပါသလဲ။

ဒါ့အပြင် သူသည် ယခုတင် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ အဆင့်-၂ နေရာကို ရရှိထားသော ပကတိအင်မော်တယ်တစ်ဦးဖြစ်သည်။ ဒါတောင် အောက်ဘုံလောကမှတက်လှမ်းလာသည့် ဤကောင်းကင်အင်မော်တယ်က သူ့ရှေ့မှာ မတ်တတ်ထရပ်၍ နှုတ်ဆက်ခြင်းပင်မရှိပေ။

ချင်စဲက သူ့ကိုယ်သူအလျင်အမြန်ပြန်ထိန်းပြီး ပြုံးပြလိုက်သည်။

“ဆူဇီမို... ငါဒီတစ်ခေါက်ရောက်လာတာ မင်းနဲ့အပေးအယူလုပ်ဖို့ပဲ... မင်းအတွက်တော့ အဲဒါက တဟုန်ထိုး မြင့်မားတိုးတက်မှုကို ရရှိနိုင်မယ့်အရာတစ်ခုပဲ”

ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။

သူ၏ အာရုံခံသတိစိတ်ကနေတစ်ဆင့် ချင်စဲသည် ပြုံးရွှင်စွာပြောဆိုနေသော်လည်း သူ၏ နှလုံးသားအနက်ပိုင်းထဲမှာ ရန်လိုစိတ်ကို သူကအာရုံခံမိနေသည်။

မင်းသားတစ်ပါးအနေဖြင့် ချင်စဲသည် မြင့်မြတ်သောနောက်ခံတစ်ခုကနေလာပြီး စွမ်းအားကြီးမားသော မျိုးဆက်သွေးကိုပိုင်ဆိုင်ထားသည်။ သူသည် အောက်ဘုံလောကမှ တက်လှမ်းလာသည့် ကျင့်ကြံသူများအားလုံးကို အထင်သေးလေသည်။

သူသည် ဆူဇီမိုနှင့် အပေးအယူတစ်ခုလုပ်ဖို့ ဆွေးနွေးနေပုံရသော်လည်း သူ၏ လေသံတွင် မောက်မာခက်ထန်မှု တစ်စွန်းတစ်စရှိနေသည်။ သူသည် ဆူဇီမိုကို ပေးကမ်းစွန့်ကြဲမည့်ပုံနှင့် တူနေသည်။

ချင်စဲကပြောလိုက်သည်။

“ငါလိုရင်းကိုပဲ တန်းပြောတော့မယ်... မင်းက ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ထုတ်ပေးလိုစိတ်ရှိတာနဲ့ မင်းက ချင်မိသားစုနဲ့ ချစ်ခင်ရင်းနှီးခွင့်ရလိမ့်မယ်”

“နောက်ပိုင်း မင်းဘာပဲဖြစ်လာဖြစ်လာ မဟာမိုးကောင်းကင်နန်းတော်မှာ ငါ့ကိုလာရှာလို့ရတယ်”

“တကယ်တော့... မင်းက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကနေ ထွက်ပြီး မဟာမိုးကောင်းကင်အင်မော်တယ်နန်းတော်ကို ဝင်ရောက်ဖို့ရွေးချယ်ချင်တယ်ဆိုရင်လည်း ငါအဆင်ပြေအောင်လုပ်ပေးမယ်”

“တကယ်ဆို ငါက မင်းကိုတပည့်တစ်ယောက်အဖြစ်လက်ခံပြီး ကိုယ်တိုင်တောင်သင်ကြားပေးနိုင်တယ်... မင်းက မဟာသူတော်စင်ကျောက်စိမ်းကျမ်းရဲ့ ဓမ္မတာအိုကိုလည်း ကျင့်ကြံခွင့်ရလာနိုင်တယ်”

ဆူဇီမိုက စိတ်ထဲကနေလှောင်ရယ်လိုက်သည်။

ချင်စဲသည် ကတိကဝတ်တစ်ခုမျှနှင့် သူ၏ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို ရယူလိုနေခြင်းဖြစ်သည်။

“စိတ်မဝင်စားဘူး”

ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းပယ်လိုက်သည်။

ချင်စဲ၏ အမူအရာက သုန်မှုန်သွားသည်။ သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဥ်းပြီး သူကဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါက မင်းဆီမှာရှိတဲ့ ရတနာသူတော်စင်ကျောက်စိမ်းကျမ်းကို အရယူဖို့ဆုံးဖြတ်ထားတယ်ဆိုတာ မင်းသိထားသင့်တယ်”

“ငါ့မှာ မင်းကိုကိုင်တွယ်စရာနည်းလမ်းတွေ အများကြီးရှိတယ်... မင်းက အခုငါမင်းကိုပေးနေတဲ့အခွင့်အရေးကို ဖမ်းဆုပ်ထားရင် ပိုကောင်းလိမ့်မယ်... မဟုတ်ရင် နောက်မှနောင်တရလိမ့်မယ်”

ချင်စဲသည် သူ၏ ရည်ရွယ်ချက်ကို ဆက်လက်၍ဖုံးကွယ်မထားတော့ဘဲ သူ့ကိုပေါ်ပေါ်တင်တင်ပင် ခြိမ်းခြောက်လာခဲ့သည်။

“နင်ဘာဖြစ်ချင်နေတာလဲ”

ယွင်ကျူးက ဆက်လက်၍သည်းမခံနိုင်တော့ပေ။ သူမက ဆူဇီမို၏ ရှေ့မှာ မတ်တတ်ရပ်ပြီး လှောင်ပြောင်သရော်လိုက်သည်။

“မင်းသားတစ်ပါးနဲ့ ပကတိအင်မော်တယ်တစ်ယောက်အနေနဲ့ နင်က ကောင်းကင်အင်မော်တယ်တစ်ယောက်ကို ဘယ်လိုတောင်ခြိမ်းခြောက်ရဲတာလဲ နင့်မှာ အရှက်လေးဘာလေးရောရှိသေးရဲ့လား”

“ကောင်းကင်နဲ့မြေကြီးတက္ကသိုလ်က ဘာမှမဟုတ်ဘူးလို့ နင်ထင်နေတာလား”.

မိုချင်ကလည်း ရှေ့သို့ထွက်လာခဲ့သည်။

ကျွင်းယုက ပြန့်လှည့်လာပြီး ချင်စဲ၏ ရှေ့သို့ရောက်ရှိလာကာ အေးစက်နေသောအကြည့်ဖြင့် ပြောလိုက်သည်။

“ချင်စဲ... နင်ဆက်ပြီးတိုက်ခိုက်ချင်လို့လား... နင်သတ္တိရှိတယ်ဆိုရင်... ဒီတစ်ခေါက် အင်မော်တယ်ဘုရင်တွေကို နင့်ကို မကယ်တင်ခိုင်းနဲ့”

တစ်ခဏချင်းမှာပင် နတ်မိမယ်သုံးပါးက ရှေ့သို့ထွက်လာကြသည်။

သူတို့ထဲမှတစ်ယောက်သည် ဤတစ်ခေါက် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ် အန္တိမပကတိအင်မော်တယ်ကျွင်းယုပင် ဖြစ်လေသည်။

ချင်စဲအပေါ်ဖိအားက သိသိသာသာတိုးလာလေသည်။

ခဏမျှငြိမ်သက်နေပြီးနောက် ချင်စဲက ပခုံးတွန့်ကာ ပြုံးပြလိုက်သည်။

“ငါက... ဒီတိုင်းသာမန်ကာလျှံကာပြောလိုက်ရုံပဲကို... နင်တို့တွေ ဘာလို့အဲလောက်ထိ အတည်ပေါက်ကြီး မှတ်နေကြတာလဲ”

ထိုသို့ပြောရင်း ချင်စဲက တည်ဆောက်သူသစ်ပင်ရှိရာသို့ လှည့်ထွက်သွားလေသည်။

သုခဘုံသန့်စင်ကုန်းမြေဘက်မှာ... ရှစ်ဝူနန်ကလည်း ဆူဇီမိုကို လေးနက်စွာကြည့်နေသည်။

ချင်စဲတစ်ယောက်တည်းသာလျှင်မဟုတ်ဘဲ ရှစ်ဝူနန်ကလည်း ဆူဇီမိုကို ပစ်မှတ်ထားလိုနေသည်။

မဟာမြင်းမိုရ်တောင်ချိပ်စည်းသည် သုခဘုံသန့်စင်ကုန်းမြေ၏ မြင်းမိုရ်တောင်မှ အထူးသီးသန့် လျှို့ဝှက်အတတ်တစ်ခုဖြစ်သည်။

ဆူဇီမိုသည် ထိုလျှို့ဝှက်အတတ်၏ ဓမ္မအစီအရင်ကိုရရှိထားပြီး မဟာမြင်းမိုရ်တောင်ချိပ်စည်းကို ဤမျှအတိုင်းအတာထိပင် ကျင့်ကြံထားနိုင်ခဲ့သည်။ သူသည် ဗုဒ္ဓကျောင်းတော်များမှ အောင်မြင်ပေါက်မြောက်သော ကိုယ်တော်တစ်ပါး၏ အမွေအနှစ်ကို ရရှိထားသည်မှာ သိသာနေသည်။

ထိုအရာသည် ဗုဒ္ဓကျောင်းတော်များ၏ အမွေအနှစ်ဆိုမှတော့ အဲဒါကို အမွေဆက်ခံဖို့အသင့်လျော်ဆုံးသူက သူသာလျှင်ဖြစ်ရပေမည်။

ဤနေရာမှာဖြစ်ပွားသော အသေးအဖွဲ့ပဋိပက္ခက သိပ်မကြာခင် တည်ငြိမ်သွားသည်။

ကောင်းကင်အင်မော်တယ်တစ်ရာနှင့် သူတော်စင်တစ်ရာက တစ်ယောက်ပြီးတစ်ယောက်လှုပ်ရှားပြီး အားကျငေးမောနေသည့် အကြည့်ပေါင်းများစွာအောက်မှာ တည်ဆောက်သူသစ်ပင်အောက်သို့ ရောက်ရှိလာကြသည်။

လူတိုင်းက နေရာယူပြီးနောက် နတ်ဆေးမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေမှ နတ်မိမယ်တစ်ပါးက ရှေ့သို့ထွက်လာပြီး ညင်သာစွာပြုံးပြလိုက်သည်။

“အချိန်တွေအများကြီးကျန်ပါသေးတယ်... အားလုံးပဲ ကျင့်ကြံဖို့ကို အလောတကြီးလုပ်နေစရာ မလိုပါဘူး... ကျွန်မက လက်ဖက်ရည်ဖျော်တဲ့နေရာမှာတော်တယ်လေ....ဒီကလူတိုင်းကို မွှေးပျံ့လက်ဖက်ရည်တစ်ခွက်စီနဲ့ ဧည့်ခံပေးပါရစေ”

“ကောင်းတာပေါ့”

ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ အဆင့်-၈ ရှစ်ကောက အသံထွက်၍ရယ်မောလိုက်သည်။

“နတ်မိမယ်လောဟွာရဲ့ လက်ဖက်ရည်ကျိုချက်အတတ်က ပြိုင်ဘက်ကင််းတယ်ဆိုတာ ငါကြားဖူးထားတာကြာပြီ... ငါတို့တွေအဲဒါကို မြည်စမ်းခွင့်ရမှာတကယ်ကံကောင်းတာပဲ”

ချင်စဲ၊ ဓားအင်မော်တယ်ယွဲ့ဟွားနှင့်အခြားသူများကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။

ရှစ်ဝူနန်နှင့် အခြားသောသူတော်စင်များကလည်း အင်မော်တယ်လက်ဖက်ရည်ကို ငြင်းဆန်ခြင်းမပြုကြပေ။

နတ်မိမယ်လောဟွာက ​ညင်သာစွာပြုံးပြီး သူမ၏ သိုလှောင်အိတ်ထဲကနေ ကြိုတင်ပြင်ဆင်ထားသည့် လက်ဖက်ရည်တစ်စုံစာကို ထုတ်ယူပြီး ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် လက်ဖက်ရည်ကိုဖျော်လိုက်လေသည်။

ဆူပွက်နေသော စိတ်ဝိညာဉ်စိမ့်စမ်းရေက လတ်ဆတ်သောလက်ဖက်ရွက်များနှင့် ရောနှောသွားသည်။ မြူခိုးငွေ့များက တထောင်းထောင်းထလာပြီး ဘက်ဖက်ရည်၏ မွှေးရနံ့က လူတိုင်း၏ နှာဝသို့ ပျံ့နှံ့ရောက်ရှိလာကာ သူတို့၏ စိတ်ကို သစ်လွင်လန်းဆန်းသွားစေသည်။

သူတို့၏ ရှေ့မှ လူများသည် အထူးသဖြင့် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားနှစ်ဆယ်သည် မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေနှင့် သုခဘုံသန့်စင်ကုန်းမြေ၏ အနာဂတ် ဖြစ်လာပေလိမ့်မည်။

အမှားအယွင်းတစ်စုံတစ်ရာမရှိလျှင် အဆင့်သတ်မှတ်ချက်နှစ်ခုပေါ်မှ ပြိုင်စံရှားများသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်များဖြစ်လာဖို့ အခွင့်များလေသည်။

လူအတော်များများအတွက်တော့ ဤသည်မှာ အသိအကျွမ်းကွန်ယက်တစ်ခုကို တည်ဆောက်နိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ရပ်ဖြစ်သည်။

နတ်မိမယ်လောဟွာသည် ဤအတွက် ကြိုတင်ပြင်ဆင်ထားသည်မှာ သိသာလေသည်။ သူမသည် လက်ရှိလူတိုင်းနှင့် အထူးသဖြင့် အဆင့်သတ်မှတ်ချက်နှစ်ခုပေါ်မှ ပြိုင်စံရှားများနှင့် ပိုမိုရင်းနှီးမှုရယူလိုနေသည်။

နတ်မိမယ်လောဟွာက ကျိုချက်ထားသော အင်မော်တယ်လက်ဖက်ရည်ကို ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်နှင့် သူတော်စင်အဆင့်သတ်မှတ်ချက်ပေါ်ရှိ ပြိုင်စံရှားနှစ်ဆယ်ထံ ကိုယ်တိုင်သွားရောက်ကမ်းလှမ်းပေးလိုက်သည်။

ထို့နောက်သူမသည် ကျန်ရှိနေသောအင်မော်တယ်လက်ဖက်ရည်ကို အခြားသောကျင့်ကြံသူများထံ တစ်ယောက်ပြီးတစ်ယောက် ​ပို့ပေးလိုက်သည်။

“ကောင်းလိုက်တဲ့လက်ဖက်ရည်”

ဓားအင်မော်တယ်ယွဲ့ဟွားက အဲဒါကို သေသေချာချာအရသာခံပြီး ချီးကျူးလိုက်သည်။

“တကယ်ကိုမဆိုးဘူးဘဲ”

ချင်စဲကလည်း ခေါင်းညိတ်ကာပြောလိုက်သည်။

“ကံဆိုးစွာနဲ့ပဲ... ဒီနေရာမှာတစ်ခုခုလိုအပ်နေသလိုပဲ”

ထိုစဥ်မှာပင် မုန့်ယောင်က ညင်သာစွာပြုံးပြလိုက်သည်။

“အားလုံးပဲ... ရှင်တို့စိတ်မရှိဘူးဆိုရင် ကျွန်မက အဲဒါကို ဒုံမင်းသံနဲ့ တွဲဖက်ပေးပါရစေ... ကျွန်မရဲ့ တေးဂီတကို နားစင်ကြည့်ပါဦး”

“ကောင်းတာပေါ့”

ယွင်မူပိုင်၏ မျက်လုံးက ဝင်းလက်သွားပြီး လက်ခုပ်တီးကာပြောလိုက်လေသည်။

ချင်စဲ၊ ကျိုးဝူချန်နှင့် သူတော်စင်များပင်လျှင် အားတက်သရောဖြစ်လာကြသည်။

မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါးအနေဖြင့် ဒုံမင်းအင်မော်တယ်မုန့်ယောင်၏ နာမည်ဂုဏ်သတင်းက နတ်မိမယ်လောဟွာထက် များစွာသာလွန်လေသည်။

လက်ရှိ အင်မော်တယ်များနှင့် ကိုယ်တော်များစွာထဲ မုန့်ယောင်၏ ဒုံမင်းသံကို အရင်က ကြားဖူးသူများစွာမရှိပေ။

ယခုသူတို့သည် ဤအင်မော်တယ်တေးဂီတသံကို နားစင်ဖို့အခွင့်အရေးရရှိလာပြီး သူတော်စင်အချို့ပင်လျှင် စိတ်လှုပ်ရှားမိလာသည်။

တကယ်တော့ မုန့်ယောင်၏ အပြုအမူသည် လောဟွာ၏ အတွေးများနှင့် သိပ်မကွာပေ။

သူမရှေ့မှလူများသည် ကောင်းကင်ဘုံကမ္ဘာ၏ ထိပ်သီးပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများဖြစ်ကြသည်။ သူမသည် ဤလူများနှင့် ရင်းနှီးမှုရယူထားနိုင်မည်ဆိုလျှင် သူမ၏ နာမည်ဂုဏ်သတင်းက နောက်တစ်ဆင့်သို့ မြင့်တက်လာပေလိမ့်မည်။

သူမ၏ ဒုံမင်းသံကို လူအနည်းအကျဉ်းကသာကြားဖူးထားသည်မှာ သူမက မာန်မာနကြီးသောကြောင့်သာ မဟုတ်ပေ။

ထိုလူအများစုသည် သူမအတွက် သုံးစားမရဘဲ သူမကို သူမ၏ ဒုံမင်းတီးခတ်စေဖို့ မထိုက်တန်သောကြောင့်ဖြစ်သည်။

All Chapters