တက်လှမ်းလာခြင်း
Vol. 174 Ch. 2606
ဖုန့်စန်းထျန်သည် လွန်ခဲ့သည့်နှစ်ပေါင်းသိန်းချီကာလကတည်းက ကောင်းကင်ဘုံကမ္ဘာမှာ နာမည်တစ်ခုရှိထားပြီး သူသည် မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ အန္တိမပကတိအင်မော်တယ်ဘွဲ့ကိုပင် ရရှိထားခဲ့ဖူးသည်။
ယခုသူသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ပြီး အင်မော်တယ်ဘုရင်တစ်ပါးဖြစ်လာကာ ဤကဲ့သို့သော ကြီးမားသည့်အစုအဖွဲ့တစ်ခုက သူ့ကိုလုံးဝမဖိနှိမ်နိုင်ပေ။
ကောင်းကင်ဘုံဝံပုလွေကတော့ သူ၏ သခင်ဟောင်းသည် ဧကရာဇ်ပိုရွှင်းဖြစ်ပြီး သူသည် ပို၍ပင်ကြောက်စရာကောင်းသော အစုအဖွဲ့များစွာနှင့် ရင်ဆိုင်ခဲ့ရဖူးသည် သူ့ရှေ့မှမြင်ကွင်းက ပြောပလောက်စရာမဟုတ်ပေ။ သူက ဤနေရာထိရောက်ရှိလာပြီဆိုမှတော့ ဘာကိုကြောက်နေရဦးမှာလဲ။
“ဖုန့်စန်းထျန်ဘေးက လူတချို့က ဘယ်သူတွေလဲ”
“အဲဒါ ထျန်ဟွမ်ဂိုဏ်းရဲ့ စိတ်ခံစားခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေဖြစ်မယ်... ဒီနှစ်တွေထဲမှာ သူတို့တွေက မိစ္ဆာမဟာနယ်မြေမှာ အတော်လေးကျော်ကြားလာခဲ့ပြီ”
“ဆိုတော့... စိတ်ခံစားချက်ခုနှစ်မျိုး မိစ္ဆာတပ်မှူးတွေထဲမှာ ဖုန့်စန်းထျန်ကလွဲရင် ကျန်တဲ့သူတွေက ကောင်းကင်အင်မော်တယ်တွေပဲပေါ့... ဟီးဟီး သူတို့တွေက ဘယ်လိုထူးခြားအံ့မခန်းပညာရှင်တွေဖြစ်မလဲလို့ငါတွေးနေတာ”
တည်ဆောက်သူသစ်ပင်တောင်ထွတ်မှာ ကျင့်ကြံသူများစွာက ဆွေးနွေးပြောဆိုလိုက်ကြသည်။
မိုးကောင်းကင်ကိုလွှာတွေ့ဆုံပွဲမှာ သူတို့အများစုသည် ပကတိအင်မော်တယ်နယ်ပယ်မှ ပညာရှင်များဖြစ်ကြသည်။ ထို့ကြောင့်သူတို့သည် ယန်ပေးချန်နှင့် အခြားသောကောင်းကင်အင်မော်တယ်များကို အလေးအနက်မှတ်ယူခြင်းမရှိပေ။
“အထီးကျန်သိုင်းသခင်နဲ့ ဖုန့်စန်းထျန်က ကောင်းကင်အင်မော်တယ်တချို့နဲ့ ဒီကိုဘာလာလုပ်တာလဲ”
“ထျန်ဟွမ်ဂိုဏ်းက ငါတို့မဟာနယ်မြေနှစ်ခုနဲ့ ဆန့်ကျင်ချင်နေတာလား”
“ဟီးဟီး... အထီးကျန်သိုင်းသခင်က အဲဒါဆိုရင် အသက်ရှင်ရတာပင်ပန်းနေလို့ပဲဖြစ်ရမယ်”
အင်မော်တယ်များနှင့်ကိုယ်တော်များ၏ မျက်လုံးများထဲမှာ ဆူဇီမိုနှင့်အခြားသူများသည် တကယ့်ကိုအားနည်းလွန်းပြီး ဖော်ပြဖို့မထိုက်တန်ပေ။
မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ပကတိအင်မော်တယ်ပညာရှင် တစ်သိန်းကျော်နှင့် အင်မော်တယ်ဘုရင်အပါးတစ်ရာကျော်က စုဝေးရောက်ရှိနေကြသည်။
အင်မော်တယ်များက ရှေ့သို့အတူတကွ ချီတက်မည်ဆိုလျှင် သူတို့သည် အထီးကျန်သိုင်းသခင်နှင့် အခြားသူများကို ချက်ချင်းပင် နင်းချေဖျက်ဆီးနိုင်ပေလိမ့်မည်။
ကျင့်ကြံသူတစ်ယောက်က ရေရွတ်ပြောဆိုလိုက်သည်။
“ဒါပေမဲ့ အထီးကျန်သိုင်းသခင်က ဒီလောက်လူနည်းနည်းလေးနဲ့ မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲကိုရောက်လာရဲတာ တကယ့်ကိုသတ္တိကောင်းလွန်းတာပဲ”
“ဉာဏ်နဲတဲ့သူတွေက အမြဲတမ်းအကြောက်အလန့်ကင်းမဲ့တယ်”
အခြားလူတစ်ယောက်က မကျေမနပ်ဖြင့် ပြောလိုက်သည်။
တည်ဆောက်သူသစ်ပင်အောက်မှာ ...။
“အထီးကျန်သိုင်းသခင်က မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲမှာ ဘယ်လိုတောင်ပေါ်ထွက်လာရဲတာလဲ”
ချင်စဲက အေးစက်နေသောအကြည့်ဖြင့် အထီးကျန်သိုင်းသခင်ကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“မိုးကောင်းကင်ကိုးလွှာတွေ့ဆုံပွဲက မင်းစိတ်ရှိတိုင်း ထင်တိုင်းကျဲလို့ရတဲ့ အင်မော်တယ်မက်မွန်စားသောက်ပွဲလိုများ ထင်နေလား”
ချင်စဲဘက်မှာ အန္တိမပကတိအင်မော်တယ်၊ အန္တိမသူတော်စင်နှင့် ထိပ်သီးပကတိအင်မော်တယ်အယောက်နှစ်ရာရှိနေသည်။ ဒါ့အပြင် ဤနေရာမှာအခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ပေးနေသည့် အင်မော်တယ်ဘုရင်တစ်အုပ်စုလည်းရှိသည်။ သူက အကြောက်အလန့်ကင်းမဲ့နေလေသည်။
ကျိုးဝူချန်က သူ၏ ဖုန်မဲ့ဓားကိုဆွဲထုတ်ပြီး ဓားသွားကိုလက်ချောင်းဖြင့်ခတ်ကာ ရှင်းလင်းသောဓားတေးသံကို ထွက်ပေါ်လာစေပြီး အေးစက်စွာပြောလိုက်သည်။
“အထီးကျန်သိုင်းသခင်... မင်းက အန္တိမဘွဲ့ကို ရထားတယ်လို့ ငါကြားထားတယ်... ငါ့ရဲ့ဖုန်မဲ့ဓားကလည်း မင်းနဲ့ပညာချင်းဖလှယ်ဖို့ စိတ်အားထက်သန်နေတာ”
ဓားအင်မော်တယ်ယွဲ့ဟွားက ညင်သာစွာပြောလိုက်သည်။
“အခွံမာသီးကိုခွဲဖို့ ပေါင်တူသုံးစရာမလိုပါဘူး... သူသာရောက်လာရဲမယ်ဆိုရင် ငါက ငါ့ရဲ့လမင်းအမြုတေဓားကို အရင်ဆုံး သူ့ကိုပြပေးလိုက်မယ်”
“အထီးကျန်သိုင်းသခင် သင်က ကြမ်းကြုတ်ခက်ထန်ပြီး ရန်လိုခက်ထန်တဲ့မိစ္ဆာပဲ... သင်က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေကို ခြေချရဲမယ်ဆိုရင် ကျုပ်က သင့်ကိုသတ်ဖြတ်ပြီး ပြန်ဝင်စားခြင်းလမ်းကြောင်းဆီ ပို့ပေးရလိမ့်မယ်”
သူတော်စင်အဆင့်သတ်မှတ်ချက်၏ အဆင့်-၄ ရှုပါးက လေးနက်သောအသံဖြင့်ပြောလိုက်သည်။
တည်ဆောက်သူသစ်ပင်အောက်မှာ အင်မော်တယ်များနှင့် သူတော်စင်ကိုယ်တော်များသည် သိပ်သည်းပြင်းထန်သောအော်ရာများနှင့်အတူ ရဲတင်းသောစကားလုံးများကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။
မိုချင်က ဆက်လက်၍သည်းမခံနိုင်တော့ဘဲ လှောင်ရယ်လိုက်သည်။
“ရှင်တို့တွေ အဲလောက်ထိသတ္တိကောင်းနေတယ်ဆိုရင်လည်း အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ကို ဖြတ်ကျော်ပြီး သူနဲ့ဘာလို့သွားပြီး မတိုက်ခိုက်ကြတာလဲ”
ရုတ်တရက် ဘေးပတ်ဝန်းကျင်မှာရှိသောအသံများက ရပ်တန့်သွားသည်။
မိုချင်၏ စကားလုံးများက လူတိုင်း၏ အရှိုက်ကို ထိုးနှက်လိုက်ခြင်းဖြစ်သည်။
အင်မော်တယ်များနှင့်ကိုယ်တော်များသည် ယုံကြည်မှုရှိနေသည့်ပုံပေါ်သော်လည်း သူတို့ထဲမည်သူကမှ အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ကို မဆင်မခြင်ဖြတ်ကျော်ပြီး အထီးကျန်သိုင်းသခင်ကို စတင်တိုက်ခိုက်ရဲခြင်းမရှိပေ။
ပထမတစ်ချက် အထီးကျန်သိုင်းသခင်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော အန္တိမပကတိမိစ္ဆာပင်ဖြစ်လေသည်။ သူသည် တစ်ခါက အင်မော်တယ်မက်မွန်စားသောက်ပွဲမှာ ထင်တိုင်းကျဲပြီး လန့်ဖုန်းမြို့တော်မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ရပ်ကို ပြုလုပ်ခဲ့သည်။
ထိုတိုက်ပွဲမှတ်တမ်းက အရမ်းကိုကြောက်စရာကောင်းခဲ့၏။
ဒုတိယအချက် သူတို့သည် အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ကိုဖြတ်ကျော်မည်ဆိုလျှင် အထီးကျန်သိုင်းသခင်က လက်ဦးမှုရယူဖို့ အခွင့်အရေးရရှိလာပေလိမ့်မည်။
ဒါ့အပြင် အခြားတစ်ဘက်မှာ အင်မော်တယ်ဘုရင်ဖုန့်စန်းထျန်ကလည်းရှိနေပြီး ဘယ်သူက မဆင်မခြင်ရှေ့ကိုတက်လှမ်းရဲမှာလဲ။
ချင်စဲက လှောင်ရယ်လိုက်သည်။
“ငါတို့တွေက မိစ္ဆာမဟာနယ်မြေကို ဘာလို့သွားရမှာလဲ... အထီးကျန်သိုင်းသခင်မှာ သတ္တိရှိမယ်ဆိုရင် သူက မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေကို ရောက်လာရမှာပေါ့”
“ငါ အဲဒီစကားကိုထပ်ပြောမယ်... အထီးကျန်သိုင်းသခင်က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေကို ခြေချရဲမယ်ဆိုရင် ငါက သူ့ကိုသတ်ဖြတ်သုတ်သင်ပြီး သူ့ရဲ့သွေးနဲ့ ဒီနေရာကိုဖြန်းပက်ပစ်မယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် မိစ္ဆာမဟာနယ်မြေ၏ အခြားတစ်ဘက်မှာရှိသော အထီးကျန်သိုင်းသခင်က သူ၏ နောက်မှာရှိသော ချိုးစစ်လောကို တစ်ချက်ကြည့်ကာ ညင်သာစွာခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် လူတိုင်း၏ ရှေ့မှာပင် အထီးကျန်သိုင်းသခင်သည် ကောင်းကင်ဘုံဝံပုလွေကိုစီးနင်းပြီး သူက ဒုံမင်းမိစ္ဆာချိုးစစ်လောနှင့်အတူ အင်မော်တယ်မိစ္ဆာအသူတရာချောက်နက်ကို ဖြတ်ကျော်လာခဲ့သည်။
တစ်ခဏချင်းမှာပင် အထီးကျန်သိုင်းသခင်က မိုးကောင်းကင်ကိုးလွှာအင်မော်တယ်မဟာနယ်မြေဘက်ခြမ်းကို ဆင်းသက်လာခဲ့ပြီဖြစ်ပြီး ချင်စဲနှင့် အခြားသူများရှိရာသို့ ဦးတည်လိုက်လေသည်။
ဟာ...
အထီးကျန်သိုင်းသခင်က အမှန်တကယ်ကို ရောက်လာရဲခဲ့လေပြီ။
ကျင့်ကြံသူများက တုန်လှုပ်သွားကြသည်။
“ငါ့ကိုသတ်ဖြတ်သုတ်သင်ပြီး ငါ့ရဲ့သွေးနဲ့ ဒီနေရာကိုပက်ဖြန်းချင်တာ ဘယ်သူလဲ”
အထီးကျန်သိုင်းသခင်၏ အကြည့်က အေးစက်နေပြီး သူ့ရှေ့မှာရှိသောလူအုပ်ကြီးကို ခြိမ်းခြောက်ဖွယ်ရာအော်ရာနှင့်အတူ ထောက်လှမ်းကြည့်ရှုလိုက်၏။
ကျွင်းယု၊ ရှစ်ဝူနန်နှင့် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်ပေါ်မှ အခြားသောကျင့်ကြံသူများအပြင် အခြားလူတိုင်းသည် သူတို့၏ အကြည့်များကိုရှောင်လွှဲပြီး သူနှင့်အကြည့်ချင်းမဆုံရဲကြပေ။
သိုင်းတာအိုပင်မခန္ဓာအကြည့်က ချင်စဲပေါ်မှာဆင်းသက်ရောက်ရှိသွားသည်။
ချင်စဲက ကြီးမားသောဖိအားကို ခံစားလာရသည်။
ဖော်မပြတတ်သောအကြောက်တရားခံစားချက်က သူ၏ ခေါင်းထဲမှာ ပြည့်နှက်လာပြီး သူက အဲဒါကို ရှင်းထုတ်မပစ်နိုင်ပေ။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် ခက်ခဲသောအနေအထားမှာ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ယခုတင် သူထုတ်ဖော်ပြောဆိုခဲ့သည့် ကြေညာချက်ကို သူကပြန်လည်မရုပ်သိမ်းနိုင်ပေ။ သူကအံကိုသာ ကြိတ်ပြီး တည်တံ့စွာပြောလိုက်သည်။
“အဲစကားကိုပြောလိုက်တာ ကျုပ်ပဲ... ခင်ဗျား...”
ချင်စဲက စကားဆုံးအောင်မပြောရသေးခင်မှာပင် အထီးကျန်သိုင်းသခင်က တိုက်ခိုက်လိုက်ပြီဖြစ်သည်။
ဤတစ်ခေါက်မှာ သူ၏ တိုက်ခိုက်မှုက ဆိုင်းမဆင့်ဗုံမဆင့်ထွက်ပေါ်လာခဲ့သည်။
ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံဝံပုလွေ၏ ကျောပေါ်ကနေဆင်းပြီး ချင်စဲရှေ့သို့ ချက်ချင်းပင်ရောက်ရှိလာခဲ့သည်။
ချင်စဲနှင့်မည်သည့်စကားမှ ထပ်မံမပြောဆိုဘဲ သိုင်းတာအိုပင်မခန္ဓာက ရှေ့သို့ပစ်ထိုးလိုက်သည်။
ထိုထိုးချက်က ဘယ်လောက်ကြောက်စရာကောင်းသလဲ မည်သူကမှ ဖော်မပြနိုင်ပေ။
သူ၏ အလျင်အဟုန်နှင့် ခွန်အားသည် ထိုထိုးချက်မှာ အထွတ်အထိပ်ကို ရောက်ရှိနေကြပြီဖြစ်သည်။
ချင်စဲသည် တုန်လှုပ်စွာဖြင့် သူ၏ သူငယ်အိမ်နှစ်ဖက်က တဆတ်ဆတ်လှုပ်သွားသည်။
ဤနေရာမှာ အန္တိမပကတိအင်မော်တယ်နှင့် အန္တိမသူတော်စင်အပါအဝင် ပကတိအင်မော်တယ်ပညာရှင်များစွာရှိနေလေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ သူ၏ ဘေးပတ်လည်မှာရှိသောလူတိုင်းက ပျောက်ကွယ်သွားပုံရသည်ကို သူကခံစားလိုက်ရသည်။
သိုင်းတာအိုပင်မခန္ဓာနှင့် ရင်ဆိုင်ရချိန်မှာ သူတစ်ယောက်တည်းသာလျှင် ကျန်ရစ်တော့သည့်အလားပင်။
တကယ်တမ်းမှာလည်း အခြေအနေက ထိုသို့ပင်ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာ၏ ရုတ်တရက်တိုက်ခိုက်မှုသည် အရမ်းကိုမြန်ဆန်ပြီး လက်ရှိကျင့်ကြံသူများထဲ မည်သူကမှ မတုံ့ပြန်နိုင်ကြပေ။
များပြားလှစွာသောပညာရှင်များသည် ဤနေရာမှာဝိုင်းပတ်နေပြီး အင်မော်တယ်ဘုရင်များက အခြေအနေကို ထိန်းသိမ်းစောင့်ရှောက်ပေးထားသည်။
အထီးကျန်သိုင်းသခင်သည် တစ်ယောက်တည်းနီးပါးရှေ့သို့တက်လှမ်းပြီး စတင်၍ပင်တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှထင်မှတ်မထားခဲ့ပေ။
‘ငါသူ့ကိုမနိုင်ဘူး... ငါက ဒီတိုက်ခိုက်မှုကို ခုခံနိုင်မှာမဟုတ်ဘူး’
ချက်ချင်းပင် ချင်စဲ၏ စိတ်ထဲတွင် ထိုအတွေးများသာရှိတော့လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်မှာ သူ့ကိုစောင့်မျှော်နေသည့် မရဏအော်ရာကို ခံစားလာရစေသည်။
ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်အတွက် ယှဥ်ပြိုင်တိုက်ခိုက်မှုမှာပင်လျှင် သူသည် ကျွင်းယု၏ ကြယ်တာရာအကျဥ်းထောင်နှင့်ရင်ဆိုင်ရချိန်မှာ ဤကဲ့သို့ သန်မာအားကောင်းသည့်အန္တရာယ်ခံစားချက်ကို မရရှိခဲ့ပေ။
ထွက်ပြေးရမယ်...
ချင်စဲက အလွန်တရာပြတ်သားလေသည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ကိုယ်ကာယခန္ဓာကိုယ်ကို စွန့်လွှတ်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်က ခန္ဓာကိုယ်ထဲကနေ ထွက်ခွာလိုက်၏။ တာအိုသစ်သီးတစ်လုံးနှင့် ရှေးဟောင်းစာအုပ်တစ်အုပ်ကို သယ်ဆောင်ပြီး သူကအဝေးသို့ ပြေးထွက်လိုက်သည်။
ဘန်း...
သိုင်းတာအိုပင်မခန္ဓာထံမှထိုးချက်က ချင်စဲ၏ ခန္ဓာကိုယ်ကို ကြေမွသွားစေ၏။
ကြောက်စရာကောင်းသော ထိုးချက်က ချစ်ချစ်တောက်အပူလှိုင်းတစ်ခုကို ဖြာထုတ်ပေးလိုက်သည်။ အသွေးအသားကို ပြန်လည်မတည်ဆောက်နိုင်ခင်မှာပင် ၎င်းသည် ထိုးထိုးချက်၏ လောင်မြိုက်အပူစွမ်းအားဖြင့် ပြာကျသွားလေသည်။
ထိုးချက်တစ်ချက်သည် ချင်စဲ၏ ခန္ဓာကိုယ်ကို လုံးလုံးလျားလျားဖျက်ဆီးပစ်လိုက်သည်။
ထိုးချက်၏ စွမ်းအားများက ထိုမျှသာမကပေ။
ချင်စဲ၏ တုံ့ပြန်မှုကလည်း အရမ်းကိုမြန်ဆန်သည်။
သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ပြေးလိုက်သည့်ခဏမှာပင် ဆူဇီမို၏ ထိုးချက်က ဆင်းသက်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ကြေမွပျက်စီးသွားစဥ် ၎င်းက သူ၏ အမြုတေစိတ်ဝိညာဥ်ကိုလည်း လွှမ်းခြုံလာခဲ့သည်။
ထိုထိုးချက်သည် ဘေးပတ်ဝန်းကျင် လေဟာနယ်ကို ပြိုကျသွားစေသည့်ပုံပင်။
ချင်စဲက ဘယ်လိုပဲရုန်းကန်သည်ဖြစ်စေ သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် တာအိုသစ်သီးက ထွက်ပြေးလွတ်မြောက်နိုင်ခြင်းမရှိဘဲ ပို၍နက်ရှိုင်းစွာနစ်မြုပ်သွားရသည်။
ချင်စဲ၏ အမြုတေစိတ်ဝိညာဥ်က သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ဖျက်ဆီးခံရတော့မည့်ဆဲဆဲမှာ တာအိုသစ်သီး၏ ဘေးမှာရှိသော ရှေးဟောင်းစာအုပ်က ရုတ်တရက် တဖျတ်ဖျတ်တလက်လက်အလင်းရောင်တစ်ခုဖြင့် တောက်ပလာခဲ့သည်။
ကြောက်စရာကောင်းသောအော်ရာတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ချင်စဲကို အန္တရာယ်ကနေ ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီပေးလိုက်သည်။