ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ်
Vol. 174 Ch. 2607
မဟာသူတော်စင်ကျောက်စိမ်းကျမ်းကနေ ထုတ်လွှတ်လိုက်သည့် အလင်းလုံးက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးကို အမှတ်တကယ်ပင် စူးရှသော နာကျင်မှုတစ်ခုဖြစ်စေခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက အံ့အားသင့်သွားပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပြီးပြည့်စုံသည့်နယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်ပြီး သူ့ကို နာကျင်မှုဖြစ်စေသည့်စွမ်းအားက သေချာပေါက် ချင်စဲထံမှ လာခြင်းမဟုတ်နိုင်ပေ။
သိုင်းတာအိုပင်မခန္ဓာက ခဏမျှစဉ်းစားတွေးတောပြီးနောက် အလျင်အမြန် နားလည်သဘောပေါက်သွားသည်။
တဗူးဂမ္ဘီရကျင့်စဉ်၏ အတွဲတစ်တွဲအနေဖြင့် မဟာသူတော်စင်ကျောက်စိမ်းကျမ်းက အလွန်တရာအဖိုးတန်လေသည်။
ချင်စဲသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းထဲမှ အတွဲတစ်တွဲကို ရရှိထားခဲ့သော်လည်း သူ့ကို နောက်ခံပေးထားသည့် ဧကရာဇ်က အဲဒါကို အခြားသူများ လုယူသွားခြင်းကနေ ကာကွယ်ရန် ရှေးဟောင်းစာအုပ်ပေါ်မှာ ချိပ်စည်းတစ်ခုကို ချန်ပေးထားဆဲဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်နေသည်။
သူသည် မဟာသူတော်စင်ကျောက်စိမ်းကျမ်းကို အရမယူနိုင်ဘူးဆိုလျှင်လည်း ကိစ္စမရှိပေ။
ဤတစ်ခေါက် သူ၏ ရည်ရွယ်ချက်သည် အစကတည်းက မဟာသူတော်စင်ကျောက်စိမ်းကျမ်းအတွက် မဟုတ်ပေ။
သူ့အဖေချန်ထားခဲ့သော ချိပ်စည်း၏ အကူအညီနှင့်အတူ ချင်စဲက သူ၏ စိတ်ဝိညာဉ်အမြုတေကို ကာကွယ်ပြီး မဟာသူတော်စင်ကျောက်စိမ်းကျမ်းနှင့် တာအိုသစ်သီးကို ကိုင်စွဲကာ တည်ဆောက်သူသစ်ပင်တောင်ထွတ်ရှိရာသို့ ရောက်ရှိလာခဲ့သည်။ သူက လိပ်ပြာလွင့်မတတ် ကြောက်လန့်နေပြီဖြစ်သည်။
သူ့အဖေ သူ့အတွက် ချန်ပေးထားသည့် ချိပ်စည်းကြောင့်မဟုတ်လျှင် သူက သေခဲ့ရပေလိမ့်မည်။
ထိုသို့ဆိုလျှင်တောင် သူသည် ကြီးမားသော ပျက်စီးထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့လိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က သိုင်းတာအိုပင်မခန္ဓာ၏ ဖျက်ဆီးခြင်းခံလိုက်ရပြီး သူ၏ အသားများက လောင်ကျွမ်းပြာကျသွားခဲ့သည်။ သူသည် သွေးကနေ ပြန်လည်မွေးဖွားခြင်းကိုပင် အသုံးပြုနိုင်တော့ပေ။
လူအုပ်ကြီးက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။
သိုင်းတာအိုပင်မခန္ဓာသည် ဤမျှအထိ စိုးမိုးဗိုလ်ကျတတ်ပြီး လူတိုင်း၏ ရှေ့မှာပင် မင်းသားတစ်ပါးကို သတ်ဖြတ်ဖို့အတွက် တိုက်ခိုက်ရဲလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
အဲဒါထက် ချင်စဲသည် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကိုပင် မခုခံနိုင်ဘဲ သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ကာ ကြောက်လန့်တကြား ထွက်ပြေးလာရလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။
ချင်စဲသည် ဧကရာဇ်တစ်ပါး၏သား ဖြစ်ရုံသာမက သူသည် ပကတိအင်မော်တယ်အဆင့်သတ်မှတ်ချက်၏ အဆင့်-၂လည်း ဖြစ်လေသည်။
သူပင်လျှင် သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ကို မခုခံနိုင်ဘူးဆိုလျှင် တခြားဘယ်သူက သူ့ကို ယှဉ်နိုင်တော့မှာလဲ။
အင်မော်တယ်ဘုရင်ညတာရှည်က ဒေါသထွက်သွားပြီး ရုတ်တရက် မတ်တတ်ထရပ်ကာ သုန်မှုန်နေသော အမူအရာဖြင့် သိုင်းတာအိုပင်မခန္ဓာကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သည်။
စောစောက မြင်ကွင်းက ရုတ်တရက်ဆန်လွန်းစွာ ဖြစ်ပွားခဲ့သည်။
သူ့အနေဖြင့် ချင်စဲကို ဝင်ရောက်ကယ်တင်ဖို့ နောက်ကျသွားခဲ့လေသည်။
ထိုအခိုက်အတန့်မှာ ချင်စဲက ပြန်လည်ရောက်ရှိလာသည်။
ယခု အင်မော်တယ်ဘုရင်ညတာရှည်မှာ တိုက်ခိုက်ဖို့အတွက် လုံလောက်သည့်အကြောင်းပြချက် ဆက်လက်၍ မရှိတော့ပေ။ မည်သို့ပင်ဆိုစေ ထိုအရာသည် ပကတိအင်မော်တယ်များကြား ယှဉ်ပြိုင်တိုက်ခိုက်မှုသာဖြစ်သည်။
အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် သူသည် သူ၏ ဂုဏ်သိက္ခာကို မငဲ့ကွက်ဘဲ ဤကိစ္စကြောင့် အထီးကျန်သိုင်းသခင်ကို အတင်းအကျပ် မတိုက်ခိုက်နိုင်ပေ။
ဒါ့အပြင် ယခုအချိန်မှာ အထီးကျန်သိုင်းသခင်ဘက်မှ အခြေအနေကို ဘာမှန်းမသိရပေ။ ဧကရာဇ်ပိုရွှင်းသည် အနီးနားမှာရှိနေမလား သူ မသိရပေ။ ထိုသို့ဖြင့် သူသည် မဆင်မခြင် ပြုမူလှုပ်ရှားရဲခြင်း မရှိတော့ပေ။
အခြားသော အင်မော်တယ်ဘုရင်များမှာလည်း တူညီသောအတွေးများ ရှိနေကြသည်။
အထီးကျန်သိုင်းသခင်သည် လူအနည်းအကျဉ်းကို ခေါ်ဆောင်ပြီး အကြောက်အလန့်ကင်းမဲ့နေသည့်အချက်သည် ဧကရာဇ်ပိုရွှင်းက အနီးနားမှာ ရှိနေဖို့များသည်ဟု ရည်ညွှန်းဖော်ပြနေသည်။
တည်ဆောက်သူသစ်ပင်အောက်မှာ…
ကျွင်းယု၊ ရှစ်ဝူနန်နှင့် အခြားသောအင်မော်တယ်များနှင့် ကိုယ်တော်များသည် သုန်မှုန်နေကြပြီး အလွန်တရာ တင်းကျပ်လေးလံနေကြသည်။ သူတို့သည် သိုင်းတာအိုပင်မခန္ဓာကို မမှိတ်မသုန်စိုက်ကြည့်ပြီး သူက နောက်တစ်ဖန်တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်။
သိုင်းတာအိုပင်မခန္ဓာထံမှ စောစောက ထိုးချက်သည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့သည် ချင်စဲ၏ နေရာမှာ ရှိနေမည်ဆိုလျှင် သူတို့အနေဖြင့် သေခြင်းတရားကနေ ထွက်ပြေးလွတ်မြောက်နိုင်ဖို့ ခက်ခဲပေလိမ့်မည်။
အင်မော်တယ်များနှင့်ကိုယ်တော်များသည် သိုင်းတာအိုပင်မခန္ဓာ၏ အော်ရာကြောင့် မှင်တက်၍ တိတ်ဆိတ်ငြိမ်သက်သွားစဉ် အန္တိမပကတိအင်မော်တယ်အနေဖြင့် ကျွင်းယုက ပြတ်သားစွာ ရှေ့သို့ထွက်လာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာထံမှ တလိပ်လိပ်တိုးဝင်လာနေသည့် ကြီးမားသည့်ဖိအားကို တောင့်ခံရင်း ကျွင်းယုက လေးနက်သောအသံဖြင့် မေးလိုက်သည်။
“မိစ္ဆာမဟာနယ်မြေက အထီးကျန်သိုင်းသခင်… ရှင် ဒီကိုဘာလို့ရောက်လာတာလဲ… ကျွန်မ သိပါရစေ”
သိုင်းတာအိုပင်မခန္ဓာက ချင်စဲကို သာမန်ကာလျှံကာ ပစ်ထိုးပြီးနောက် ဆက်လက်၍ တိုက်ခိုက်ခြင်းမရှိပေ။
“မင်းတို့ မဟာနယ်မြေနှစ်ခုက မိုးကောင်းကင်ဘုံကိုးလွှာတွေ့ဆုံပွဲကို ကျင်းပနေတယ်လို့ ငါကြားတယ်… အဲဒါကြောင့် ငါက တစ်ချက်လာကြည့်ရတာပဲ”
သိုင်းတာအိုပင်မခန္ဓာ၏ အသံက ငွေရောင်မျက်နှာဖုံးအောက်ကနေ အနည်းငယ် နက်ရှိုင်းစွာဖြင့် ထွက်ပေါ်လာသည်။
“တစ်လက်စတည်း ငါ့မှာ ဖြေရှင်းစရာ ရန်ငြိုးရန်စတချို့ရှိနေတယ်”
“ဘာရန်ငြိုးရန်စလဲ”
ကျွင်းယုက မေးလိုက်သည်။
“ရှေးဟောင်းဒုံမင်းတစ်လက်အတွက်နဲ့ ဒုံမင်းအင်မော်တယ်က ငါ့ရဲ့လက်အောက်ငယ်သား ဒုံမင်းမိစ္ဆာနဲ့ ပုလွေမိစ္ဆာတို့ကို နှစ်ပေါင်းများစွာကြာအောင် အမဲလိုက်ခဲ့တယ်… သူက မိစ္ဆာမဟာနယ်မြေအထိတောင် သူ့လူတွေကို စေလွှတ်ခဲ့တယ်”
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က ဒုံမင်းအင်မော်တယ်ထံသို့ ရွေ့လျားရောက်ရှိသွားသည်။
“ထျန်ဟွမ်ဂိုဏ်းက အားနည်းလွန်းတယ်လို့ နင်ထင်နေတာလား”
သူမသည် ယခုအချိန်မှာ အထီးကျန်သိုင်းသခင်၏ ပစ်မှတ်ထားခြင်းခံလာရပြီး အဲဒါကို ဖုံးကွယ်ထားလို့ မရတော့ဘူးဆိုတာ မုန့်ယောင်က သိလိုက်ကာ အံကိုတင်းတင်းကြိတ်ပြီး မေးလိုက်သည်။
“အထီးကျန်သိုင်းသခင် ရှင် ဘာဖြစ်ချင်လို့လဲ”
“ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်”
သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်သည်။
“နင်က ဒုံမင်းအင်မော်တယ်ဆိုပြီး ကျော်ကြားနေတယ်ဆိုမှတော့ ငါ့ရဲ့လက်အောက်ငယ်သား ဒုံမင်းမိစ္ဆာနဲ့ ဒုံမင်းအတတ် ယှဉ်ပြိုင်ရမယ်… နင်နိုင်မယ်ဆိုရင် ငါ နင့်အသက်ကို ချမ်းသာပေးမယ်”
“ဟမ့်”
မုန့်ယောင်က ချိုးစစ်လောကို တစ်ချက်ကြည့်ပြီး လှောင်ရယ်လိုက်သည်။
“ဘာဒုံမင်းမိစ္ဆာလဲ… သူ့ဘာသာသူ နာမည်ပေးထားတာလား… သူက ဒုံမင်းအတတ်မှာ ငါနဲ့ယှဉ်ဖို့ ဘာအဆင့်မီလို့လဲ”
“ငါပြောဖို့ကျန်နေခဲ့တာ တစ်ခုရှိတယ်”
သိုင်းတာအိုပင်မခန္ဓာက ရှင်းပြမနေဘဲ ဆက်ပြောလိုက်သည်။
“နင်က ယှဉ်ပြိုင်ဖို့ ငြင်းဆန်မယ်ဆိုရင် ငါ နင့်ကို တစ်ခါတည်း ရိုက်သတ်ပစ်လိုက်မယ်”
“ရှင်…”
မုန့်ယောင်က တုန်လှုပ်၍ ဒေါသချောင်းချောင်းထွက်ကာ ပြောစရာစကားမဲ့သွားရသည်။
အထီးကျန်သိုင်းသခင်၏ စကားအရ သူမကို သတ်ဖြတ်ရခြင်းက ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေရသကဲ့သို့ ရိုးရှင်းနေသည့်အလားပင်။
မဟာနတ်မိမယ်လေးပါးထဲမှတစ်ပါးအနေဖြင့် သူမသည် ကြယ်များဝိုင်းရံထားသည့် လပြည့်ဝန်းကဲ့သို့ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ချီးကျူးပြောဆိုမှုကို အမြဲတမ်းရရှိထားခဲ့သည်။
သူမကို တွေ့မြင်ချိန်မှာ လူတိုင်းသည် အမြဲတမ်း လေးစားမှုထားပြီး ရိုင်းပျမှု မရှိကြပေ။
ယခု မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် သူမကို ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်နေရုံသာမက သူသည် သူမ၏ ချောမောလှပမှုကိုပင် လုံးဝဂရုမစိုက်ဘဲ သူမကို အသေရိုက်သတ်လိုသည်ဟု ပြောဆိုနေသည်။
ကြောက်စရာအကောင်းဆုံးအရာမှာ ဤလူမှာ မည်သည့်စာနာထောက်ထားမှုမှ မရှိတတ်ဘဲ စီးပိုးခြယ်လှယ်လွန်းလေသည်။
သူမက မည်သည့်စကားမှမဆိုလျှင် အထီးကျန်သိုင်းသခင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူမကို ဤနေရာမှာ သတ်ဖြတ်ပစ်မည်ကို မုန့်ယောင်က သံသယမရှိပေ။
ကျွင်းယုနှင့် အခြားသူများကလည်း တွေဝေရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်ကြသည်။
တည်ဆောက်သူသစ်ပင်တောင်ထွတ်ပေါ်မှ အင်မော်တယ်များမှာလည်း ထူးဆန်းသောအမူအရာများ ရှိလာကြသည်။
မိစ္ဆာမဟာနယ်မြေမှ အထီးကျန်သိုင်းသခင်သည် သူမနှင့် ဒုံမင်းအတတ်မှာ ယှဉ်ပြိုင်ဖို့အတွက် ဤနေရာကို ရောက်ရှိလာတာလား။
မုန့်ယောင်သည် ဒုံမင်းအင်မော်တယ်အဖြစ် ကျော်ကြားပြီး ဒုံမင်းတာအိုမှာ အလွန်တရာထူးချွန်ထက်မြက်မှုရှိလေသည်။
တစ်ဖက်လူက မုန့်ယောင်နှင့် ဒုံမင်းတာအိုမှာ ယှဉ်ပြိုင်လိုတာလား။
“ဟီးဟီး…”
ဓားအင်မော်တယ်ယွဲ့ဟွားက ရယ်မောကာ သူ၏ ခေါင်းကို ညင်သာစွာခါယမ်းလိုက်သည်။
“ဘယ်လောက်ရယ်စရာကောင်းလိုက်လဲ… အဆင့်-၅ ကောင်းကင်အင်မော်တယ်တစ်ယောက်က ပကတိအင်မော်တယ်တစ်ယောက်ဖြစ်တဲ့ ဒုံမင်းအင်မော်တယ်မုန့်ယောင်ကို စိန်ခေါ်ချင်နေတယ်”
ချိုးစစ်လော၏ ကျင့်ကြံမှုနယ်ပယ်သည် အဆင့်-၅ ကောင်းကင်အင်မော်တယ်နယ်ပယ်မှာသာ ရှိလေသည်။ သူမနှင့် မုန့်ယောင်ကြား ကွာဟချက်က အရမ်းကိုကြီးမားနေသည်။ လူတိုင်း၏ မျက်လုံးထဲမှာ သူတို့နှစ်ယောက်သည် လုံးဝမတူညီသောအဆင့်များမှာ ရှိနေကြသည်။
“အဲဒါက မမျှတဘူးမလား”
မိုချင်က ယွင်ကျူးထံ အသံတစ်ခုကို တိတ်တဆိတ်ပို့လွှတ်လိုက်သည်။ သူမသည် သိုင်းတာအိုပင်မခန္ဓာ၏ ဘက်မှာ အလိုလိုရောက်ရှိလာပြီး စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။
“သူတို့ရဲ့ ကျင့်ကြံမှုနယ်ပယ်ကွာဟချက်က အရမ်းကိုကြီးမားနေတယ်… ဒုံမင်းမိစ္ဆာက ဘယ်လိုအနိုင်ရနိုင်မှာလဲ”
ယွင်ကျူးက လေးနက်စွာ ပြောလိုက်သည်။
“အဲဒါက ဒုံမင်းအတတ်ယှဉ်ပြိုင်မှုပဲဆိုရင် အဲဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုနယ်ပယ်နဲ့ သိပ်ပြီးမသက်ဆိုင်တော့ဘူး”
“ကောင်းပြီလေ”
ခဏကြာ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မုန့်ယောင်က သဘောတူကာ လှောင်ရယ်လိုက်သည်။
“ရှင်တို့တွေက အရှက်ကွဲချင်တယ်ဆိုမှတော့ ကျွန်မကို အပြစ်မတင်နဲ့တော့”
မုန့်ယောင်က မြေပြင်ပေါ်မှာ ထိုင်ချပြီး ရှေးဟောင်းဒုံမင်းကို သူမ၏ ဒူးပေါ်မှာ ကန့်လန့်ဖြတ်တင်လိုက်သည်။ သူမက မလှမ်းမကမ်းမှာရှိသော ချိုးစစ်လောကိုကြည့်ကာ ပြောလိုက်သည်။
“လာလေ… နင်ဘယ်လောက်သန်မာသလဲ ငါ့ကို ပြစမ်းပါဦး”
ထိုသို့ သူမ ပြောလိုက်သည့်ခဏမှာပင် မုန့်ယောင်၏ လက်ချောင်းများက ရုတ်တရက် ဒုံမင်းကြိုးများကို တီးခတ်လိုက်သည်။
ဒင်…
ဒုံမင်းတစ်သံက အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုကို ထုတ်ဖော်ဖို့အတွက် လုံလောက်နေသည်။
ချက်ချင်းပင် တိုက်ပွဲနယ်မြေမှာ ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခု ဖြန့်ကြက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ အပူချိန်က ကျဆင်းလာခဲ့သည်။
မုန့်ယောင်သည် သူမ၏ ဘယ်ဘက်လက်ကိုသုံးပြီး ဖိလိုက်၊ တွန်းလိုက်၊ ဆိတ်လိုက်၊ ခေါက်လိုက်ဖြင့် သံစဉ်များကို ဖန်တီးနေသည်။
သူမ၏ ညာဘက်လက်နှင့်အတူ ဒုံမင်းကြိုးများကို ပုံစံအမျိုးမျိုးပြောင်းကာ တီးခတ်နေလေသည်။
ဒင်… ဒင်…
ဒုံမင်းသံက အဆက်မပြတ်ထွက်ပေါ်လာပြီး အလောတကြီးနိုင်လာခဲ့သည်။
တည်ဆောက်သူသစ်ပင်အောက်မှ အင်မော်တယ်များနှင့်ကိုယ်တော်များသည် စစ်မြေပြင်သို့ ရောက်ရှိသွားပြီး ကြီးမားသော စစ်တပ်တစ်တပ်ဖြင့် ဝိုင်းပတ်ပိတ်ဆို့ခံလိုက်ရသည်ဟု ထင်ရသည်။ သူတို့သည် ပုန်းကွယ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒများနှင့်အတူ အဘက်ဘက်ကနေ ချောင်းမြောင်းတိုက်ခိုက်ခံရနိုင်၏။
မုန့်ယောင် တီးခတ်လိုက်သော ဒုံမင်းသံမှာ သန်မာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခု ပါဝင်နေသည်။
ကျင့်ကြံသူများက သူတို့၏ မျက်လုံးများကို မှိတ်လိုက်မည်ဆိုလျှင် သူတို့သည် မုန့်ယောင်၏ ရှေးဟောင်းဒုံမင်းထံမှ ကျယ်လောင်ခက်ထန်သော စွမ်းပကားတစ်ခုနှင့်အတူ ဧရာမစစ်တပ်တစ်တပ် ချီတက်လာနေသည်ကို အာရုံခံမိနိုင်ကြပေလိမ့်မည်။
ကျင့်ကြံသူများသည် ထိုအသံမှာ နစ်မြောသွားပြီး သူတို့သည် မမြင်ရသော စစ်တပ်ဖြင့် နင်းခြေဖျက်ဆီးခံရတော့မည့်အလား ခံစားလာရသည်။
ဘေးကနေ ရပ်ကြည့်နေသူများအတွက်ပင် ဤထိတွေ့ရိုက်ခတ်မှုက ဤမျှအထိ သန်မာနေခဲ့ပြီဖြစ်ပြီး မုန့်ယောင်၏ တိုက်ရိုက်ပစ်မှတ်ထားခြင်းခံရသော ချိုးစစ်လောအတွက် ပို၍ပင် ဆိုးရွားနေပေလိမ့်မည်။
မုန့်ယောင်၏ ဒုံမင်းသံက လှပကြော့ရှင်း၍ သာယာနာပျော်ဖွယ်ကောင်းသည့်ပုံပေါ်သော်လည်း အဲဒါက သတ်ဖြတ်ခြင်းကိုလည်း ပြုလုပ်နိုင်လေသည်။