← Chapters

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 174 Ch. 2610

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း

Vol. 174 Ch. 2610

ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကိုယ်တော်တာမင်း၏ ဗုဒ္ဓနဂါးဆင်ကနေ ဆင့်ခေါ်လိုက်သောဗုဒ္ဓပုံရိပ်များ၊ နတ်နဂါးများနှင့် နတ်ဆင်များအားလုံးနီးပါးက ပုံရိပ်ယောင်များသာဖြစ်သည်။

ရှစ်ဝူနန်၏ နတ်ဘုရားစွမ်းအားကတော့ ဗုဒ္ဓပုံရိပ်များသည် သူတို့၏ အစစ်အမှန်ခန္ဓာဖြင့် ဆင်းသက်ရောက်ရှိလာသည့်အလား အစိုင်အခဲအဖြစ်ဖွဲ့တည်နေပြီဖြစ်သည်။

နတ်နဂါးများကလည်း ထို့အတူပင် သူတို့သည် ဗု​ဒ္ဓပုံရိပ်များကိုလှည့်ပတ်ပြီး တိမ်စိုင်များကိုစီးနင်းကာ အစစ်အမှန်နဂါးများနှင့်မကွာခြားပေ။

ဗုဒ္ဓပုံရိပ်များ၏ ဘေးမှာရှိသော နတ်ဆင်များကသာ အသက်ဝင်နေသော်လည်း အစိုင်အခဲအဖြစ် စုဖွဲ့မနေပေ။ သူတို့က ကြံ့ခိုင်မှုလျော့နည်းသော ပုံရိပ်ယောင်များသာဖြစ်လေသည်။

ရှစ်ဝူနန်သည် ဗုဒ္ဓကျောင်းတော်များနှင့် နဂါးမျိုးနွယ်၏ ဓမ္မတာအိုမှာ အလွန်တရာနက်ရှိုင်းသော အောင်မြင်ပေါက်မြောက်မှုရရှိထားသည်ကို ဆူဇီမိုက သေချာပြောနိုင်သည်။ သို့သော်လည်း သူသည် ဆင်မျိုးနွယ်၏ ဓမ္မတာအိုမှာ နက်ရှိုင်းသောနားလည်ဆင်ခြင်မှုရှိမထားဘဲ လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိပေ။ ထို့ကြောင့် သူ၏ ဗုဒ္ဓနဂါးဆင်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခု၏ ကနဦးပုံစံနှင့်ထိတွေ့မိရုံမျှသာဖြစ်ပြီး အစစ်အမှန်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဟု မဆိုနိုင်ပေ။

ဆူဇီမိုသည် ဗုဒ္ဓနဂါးဆင်၏ လျှို့ဝှက်ချက်ကို ကောက်ချက်ချပြီးနောက် ကျေနပ်သဘောကျသွားသည်။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဗုဒ္ဓကျောင်းတော်များ၏ တဗူးဂမ္ဘီရကျင့်စဥ် ဝိဇ္ဇာထွက်ရပ်လမ်းကျင့်စဥ်ကို ကျင့်ကြံထားသည်။ ထို့ကြောင့် သူသည် ဗုဒ္ဓကျောင်းတော်များ၏ ဓမ္မတာအိုနှင့်ပတ်သက်၍ သေချာပေါက်ပြဿနာမရှိပေ။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ အမြုတေစိတ်ဝိညာဥ်ကတော့ ၎င်းသည် အစကတည်းက နဂါးဖီးနစ်အမြုတေစိတ်ဝိညာဥ်နှင့်ပေါင်းစည်းထားပြီး နဂါးမျိုးနွယ်၏ နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်များစွာကို ထိန်းချုပ်နိုင်သည်။

နဂါးမျိုးနွယ်၏ ဓမ္မတာအိုပေါ် နားလည်ဆင်ခြင်မှုမှာ သူသည် အစစ်အမှန်နဂါးများထက်ပင် သာလွန်မှုရှိလေသည်။

သူသည် နတ်ဆင်မျိုးနွယ်၏ ဓမ္မတာအိုမှာလည်း ဟိုစပ်စပ်သည်စပ်စပ်ရှိထားသည်။

သူ၏ ပင်ကိုနတ်ဘုရားစွမ်းအား အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အားသည် နတ်ဆင်မျိုးနွယ်ကနေ လာလေသည်။

ဒါ့အပြင် ဧကရာဇ်ဂူသင်္ချိုင်းမှာတုန်းက ဖန်းရွှမ်ကို သတ်ဖြတ်ပြီးနောက် သူသည် အရည်အသွေးမြင့်မားသော ကျင့်ကြံရေးနည်းစနစ် နတ်ဆင်အသက်ရှုခြင်းနည်းစနစ်ကို ရရှိထားခဲ့သည်။ ၎င်းမှာလည်း ဆင်မျိုးနွယ်၏ ဓမ္မတာအိုများစွာပါဝင်နေသည်။

အရင်တုန်းက ဖန်းရွှမ်သည် အထက်ဘုံသို့တက်လှမ်းလာစဥ် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ လေးခုကို ဆွဲဆောင်နိုင်ခဲ့သည်မှာ ဤကျင့်ကြံရေနည်းစနစ်ကြောင့်ဖြစ်သည်။ သူက အလွန်တရာသန်မာလေသည်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဤကျင့်ကြံရေးနည်းစနစ်ကို ရရှိပြီးနောက် သူက နှစ်ပေါင်းများစွာကျင့်ကြံကာ တစ်စုံတစ်ရာကို နားလည်ဆင်ခြင်မိလာခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် သူကျင့်ကြံထားသည့် ဗုဒ္ဓနဂါးဆင်၏ အခြေခံအုတ်မြစ်သည် ရှစ်ဝူနန်ထက်ပင် သာလွန်မှုရှိနေသည်။

သူသည် ဗုဒ္ဓနဂါးဆင်ကို အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် ကျင့်ကြံနိုင်ဖို့ အခွင့်များနေပြီဖြစ်သည်။

အခြားသူများ၏ မျက်လုံးထဲမှာ ရှစ်ဝူနန်နှင့် အထီးကျန်သိုင်းသခင်က မျှခြေတစ်ခုမှာ လွန်ဆွဲနေခြင်းဖြစ်သည်။

သို့သော်လည်း ဆူဇီမိုသည် ထိုအသက်ရှုချိန်အနည်းငယ်အတွင်း ဗုဒ္ဓနဂါးဆင်၏ ဓမ္မတာအိုကို ကောက်ချက်ချကာ နားလည်ဆင်ခြင်နေခြင်းဖြစ်ကြောင်း မည်သူကမှ မသိရှိကြပေ။

တိုက်ပွဲနယ်မြေမှာ...။

ရှစ်ဝူနန်သည် ငွေရောင်မျက်နှာဖုံးအောက်မှာ သိုင်းတာအိုပင်မခန္ဓာ၏ ရှင်းလင်းတောက်ကသောမျက်လုံးများကိုကြည့်ပြီး သူက ရုတ်တရက် ရင်းနှီးကျွမ်းဝင်မှု ခံစားချက်တစ်ခုကို ရရှိလာသည်။

သူက အဲဒါနှင့်ပတ်သက်ပြီး များစွာစဥ်းစားတွေးတော်ခြင်းမရှိဘဲ လှောင်ရယ်လိုက်သည်။

“အန္တိမပကတိမိစ္ဆာဆိုတာ ဒါပဲလား... မင်းကလည်း ငါ့ရဲ့အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနဲ့ ထိန်းခံထားရတာပဲ”

“မင်းရဲ့ဗုဒ္ဓနဂါးဆင်က အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့ အဆင့်ကို မရောက်သေးဘူး”

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့် ပြောလိုက်သည်။

“အဲတော့ဘာဖြစ်လဲ”

ရှစ်ဝူနန်က ပြောလိုက်သည်။

“တစ်ပိုင်းတစ်ပျက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကတောင် မင်းကိုခုခံရင်ဆိုင်ဖို့ လုံလောက်တယ်”

“မင်းကတော်တော်နုံအတာပဲ”

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲတွင် လှောင်ပြောင်သရော်လိုသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။

ထိုအကြည့်ကို တွေ့မြင်သောအခါ ရှစ်ဝူနန်က ရုတ်တရက်မအီမသာခံစားလာရသည်။

“အားလုံးပဲ.. မင်းတို့ဘာကိုစောင့်နေကြတာလဲ... ဒီမိစ္ဆာကိုသတ်ဖြတ်ဖို့ မြန်မြန်ပူးပေါင်းတိုက်ခိုက်ကြလေ”

ရှစ်ဝူနန်က တွေဝေတုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်။

ထိုစဥ်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ အသံက သူ၏ စိတ်ထဲမှာ ရုတ်တရက်ထွက်ပေါ်လာသည်။

“ရှစ်ဝူနန်... မင်းက ငါနဲ့ ဗုဒ္ဓဝါဒကို ဆွေးနွေးချင်တယ်ဆိုရင် အဲဒါကို နောက်ဘဝမှာပဲလုပ်တော့”

“မင်းက...”

တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရှစ်ဝူနန်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်ကာ သူက တုန်လှုပ်လာခဲ့သည်။

သူသည် ဗုဒ္ဓဝါဒအကြောင်းဆွေးနွေးလိုသည်ဟု လူတစ်​ယောက်တည်းကိုသာ ပြောခဲ့ဖူးလေသည်။

ကောင်းကင်အဆင့်သတ်မှတ်ချက်၏ နံပါတ်တစ်၊ ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေ၏ ဆူဇီမို။

သူသည် ကိစ္စများစွာကို နားလည်သဘောပေါက်လာသည့်အလား သူက တုန်လှုပ်မှုနှင့် ကြောက်လန့်မှုနှင့်အတူ သိုင်းတာအိုပင်မခန္ဓာကို ကြည့်လိုက်သည်။

သူသည် တစ်စုံတစ်ရာကို ပြောချင်သည့်အလား သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်သည်။

ကံဆိုးစွာနှင့်ပင် သူ့မှာ ထိုအခွင့်အရေး ဆက်လက်၍မရှိတော့ပေ။

ဆူဇီမိုသည် ဗုဒ္ဓနဂါးဆင်၏ လျှို့ဝှက်ချက်ကို ကောက်ချက်ချပြီးသွားပြီဖြစ်ပြီး ရှစ်ဝူနန်ကို ဆက်ထားစရာ မလိုတော့ပေ။

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက ခွန်အားကို ပို့လွှတ်လိုက်၏။ အစကငြိမ်သက်နေသော သူ၏ လက်သီးက တုန်လှုပ်စရာကောင်းသော နတ်ဘုရားစွမ်းအားကို နောက်တစ်ဖန်ထုတ်ဖော်ပြီး ရှစ်ဝူနန်၏ ဗုဒ္ဓနဂါးဆင်ကို အလွယ်တကူခြေမွှပစ်လိုက်သည်။

ဖောက်...

သိုင်းတာအိုပင်မခန္ဓာသည် ထိုးချက်တစ်ချက်နှင့်အတူ ရှစ်ဝူနန်၏ ဦးခေါင်းကို ထိုးခွဲလိုက်ပြီး သွေးမြူများက ဖြာထွက်ကာ သူ၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ပျက်စီးသွားသည်။

အန္တိမသူတော်စင်ရှစ်ဝူနန်က သေဆုံးသွားလေပြီ။

ထိုအခိုက်အတန့်မှာ တည်ဆောက်သူသစ်ပင်အောက်မှာ အင်မော်တယ်များနှင့် ကိုယ်တော်များ၏ နတ်ဘုရားစွမ်းအားများ၊ လျှို့ဝှက်အတတ်များ၊ စိတ်ဝိညာဥ်ရတနာများနှင့် လက်နက်များက ဆင်းသက်လာခဲ့ပြီဖြစ်ပြီး လွန်လွန်ကဲကဲပုံစံဖြင့် သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်လာခဲ့သည်။

ယွင်ကျူး၊ မိုချင်နှင့် လင်းလေတို့ကလွဲလျှင် ပကတိအင်မော်တယ်နှင့် သူတော်စင်များအားလုံးနီးပါးသည် သူတို့၏ အသန်မာဆုံးတိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။

ဖုန်မဲ့ဓားကနေ ဓားအရိပ်များ​က တစ်ခုပြီးတစ်ခုပေါ်ထွက်လာပြီး ၎င်း၏ ထက်ရှမှုက ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် လောကမှာရှိသော ဖုန်မှုန့်များအားလုံးကို ဖယ်ရှားရှင်းလင်းပစ်ချင်သည့်အလား ကြည်လင်သန့်စင်သော ဓားစိတ်ဆန္ဒတစ်ခုနှင့် ပြည့်နှက်နေ၏။

ရှစ်ကောက သူ၏ ဧရာမဓားပုဆိန်ကို လက်နှစ်ဖက်ဖြင်ဆုပ်ကိုင်ပြီး ဆူဇီမိုထံသို့ ပြေးဝင်လာသည်။

ယွင်မူပိုင်က ခုခံရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးစလုံးအသုံးချနိုင်သည့် သူ၏ ကပ်ဘေးကိုးခုသန့်စင်ယန် စိတ်ဝိညာဥ်ရတနာ ငွေဖြူရောင်ထီးတစ်လက်ကို ဆင့်ခေါ်လိုက်သည်။

၎င်းက ရုတ်တရင်ပွင့်ထွက်သွားပြီး အင်မော်တယ်ထီး၏ ထက်ရှသောအနားစောင်းများက လျင်မြန်စွာလည်ပတ်ကာ သိုင်းတာအိုပင်မခန္ဓာကို လှီးဖြတ်ဖို့ ကျဆင်းလာသည်။

သူတော်စင်အဆင့်သတ်မှတ်​ချက်ပေါ်မှ ပညာရှင်များက သူတို့၏ အသိစိတ်ရှိဓမ္မရတနာများကို တစ်ယောက်ပြီးတစ်ယောက်ဆင့်ခေါ်ပြီး ကြမ်းကြုတ်ခက်ထန်သော တိုက်ခိုက်မှုများနှင့်အတူ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို ထုတ်ဖော်လိုက်ကြသည်။

“ဥုံ, မာ, ဏီ, ပါ, မီ, ဟုန်”

သူတော်စင်များစွာသည် ဗုဒ္ဓကျောင်းတော်များ၏ ဂါထာမန္တန်ကို တစ်ချိန်တည်းမှာရွတ်ဆိုပြီး မနှိုင်းယှဥ်သာအောင်ကျယ်ပြောသော အသံပိုင်းလျှို့ဝှင်အတတ်ကို ဖြစ်ပေါ်လာစေသည်။ သူတို့သည် ယှက်ဖြာ၍ ပဲ့တင်ထပ်နေပြီး သူတို့၏ စွမ်းပကားကို ပို၍မြင့်တက်လာစေကာ သိုင်းတာအိုပင်မခန္ဓာထံ တလိပ်လိပ်တိုးဝင်လာစေသည်။

“သွားစမ်း”

ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက သူ၏ ပါးစပ်ကိုဖွင့်ဟပြီး သူတော်စင်များစွာရှိရာဘက်သို့ ကျယ်လောင်သောဟိန်းဟောက်သံကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းပင် သန်းပေါင်းများစွာသော သက်ရှိများက သိုင်းတာအိုပင်မခန္ဓာ၏ နောက်ဘက်မှာ ပေါ်ထွက်လာပြီး အလွန်တရာကျယ်လောင်သောပုံစံဖြင့် လက်ရှိအင်မော်တယ်များနှင့် ကိုယ်​တော်များကို အော်ဟစ်လိုက်ပုံရသည်။

ဘန်း.. ဘန်း... ဘန်း...

တည်ဆောက်သူသစ်ပင်အောက်မှာရှိသော ကျင့်ကြံသူများစွာသည် ထိုရိုက်ခတ်မှုများကို မခုခံနိုင်ဘဲ သိုင်းတာအိုပင်မခန္ဓာ၏ ဟိန်းဟောက်သံမှာ သူတို့က ကျိုးကြေမွသွားသည်။ ကျိုးပြတ်သွားသော ​ခြေလက်များက အဘက်ဘက်ကို လွင့်ပျံထွက်လာသည်။

ကျင့်ကြံသူအချို့က နေရာမှာတင်သေသည့်တိုင်အောင် လှုပ်ခါသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ဖျက်ဆီးခံလိုက်ရသည်။

တည်ဆောက်သူသစ်ပင်အောက်မှာ ကျင့်ကြံသူများသည် မဟာနယ်မြေနှစ်ခု၏ ထိပ်သီးပြိုင်စံရှားနှစ်ရာနှင့် အသန်မာဆုံးပကတိအင်မော်တယ်များဖြစ်ကြသည်။

ထိုသို့ဆိုလျှင်တောင် သူတို့ထဲမည်သူကမှ ထိုအသံပိုင်းလျှို့ဝှက်အတတ်တိုက်ခိုက်မှု၏ ရိုက်ခတ်မှုကို မခုခံနိုင်ပေ။

ဟိန်းဟောက်သံတစ်သံက အင်မော်တယ်များနှင့် ကိုယ်တော်များစွာ၏ တိုက်ခိုက်မှုများကို ဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်။

တကယ်တော့ သိုင်းတာအိုပင်မခန္ဓာ၏ အထူးတလည် ထိန်းချုပ်မှုအောက်မှာ ယွင်ကျူး၊ မိုချင်နှင့် လင်းလေတို့က သက်ရောက်ခံရမှုမရှိသလောက်နီးပါးပင်။

ကျင့်ကြံသူများထုတ်ဖော်လိုက်သော တိုက်ခိုက်မှုများသည် သိုင်းတာအိုပင်မခန္ဓာပေါ်သို့ ဆင်းသက်မလာခင်မှာပင် သူတို့က လဲပြိုကျလုနီးပါးဖြစ်သွားသည်။

ဖုန်မဲ့ဓားက ချဥ်းကပ်လာသည့်အခါ ဓားနည်းစနစ်က တဖျတ်ဖျတ်ဖြစ်၍ ၎င်း၏ ခွန်အားက ပျက်ပြယ်လာခဲ့ပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက ဖုန်မဲ့ဓားကို လက်ဖြင့်ဖမ်းဆွဲပြီး သူ၏ လက်ဖဝါးဆီသို့ ခွန်အားကို ပို့လွှတ်လိုက်သည်။

ဖြောင်း....

ကြွပ်ဆတ်ဆတ်အသံတစ်သံထွက်ပေါ်လာသည်။

ဖုန်မဲ့ဓားက သိုင်းတာအိုပင်မခန္ဓာ၏ လက်ဖဝါးထဲမှာ အပိုင်းပိုင်းကြေမွကာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

ကျိုးဝူရှန်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။

ဖုန်မဲ့ဓားသည် ကပ်ဘေးကိုးခုသန့်စင်ယန် စိတ်ဝိညာဥ်ရတနာတစ်ခုဖြစ်သည်။ ယခု ထိုလက်နက်သည် သိုင်းတာအိုပင်မခန္ဓာလက်ဗလာဖြင့် ချိုးဖဲ့ဖျက်ဆီးခြင်းခံလိုက်ရလေပြီ။

အဲဒါက ဘယ်လိုစွမ်းအားမျိုးလဲ။

သိုင်းတာအိုပင်မခန္ဓာသည် ဓားကိုချိုးပြီးနောက် သူက လက်ပြန်ပစ်ထိုးလိုက်သည်။ ကျိုးဝူရှန်၏ မျက်လုံးနှစ်ဖက်က ပြူးကျယ်သွားပြီး သူက မည်သို့ပင်ဆိုစေ ဝင်ရောက်လာသောထိုးချက်ကို မရှောင်တိမ်းနိုင်တော့ပေ။

ဘန်း...

ကျိုးဝူရှန်က သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူက မြေပြင်ပေါ်သို့ မကျဆင်းခင်မှာပင် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးထိုးချက်မှာပါဝင်သော လောင်မြိုက်အပူစွမ်းအားဖြင့် လောင်ကျွမ်းပြာကျသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ပျက်စီးသွားလေသည်။

ထိုအခိုက်အတန့်မှာ သူတော်စင်များကလည်း ချဥ်းကပ်လာကြပြီဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက လှည့်ကြည့်ခြင်းမရှိဘဲ နောက်ပြန်ပစ်ထိုးလိုက်သည်။

ဖောက်...

ထိုထိုးချက်က လေဟာနယ်ကိုပြိုကျသွားစေသည်။

သူတော်စင်ငါးဦးသည် ပြိုကျသွားသောလေဟာနယ်ထဲမှာ ကျဆင်းသွားပြီး သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးအင်အားဖြင့် ရုန်းမထွက်နိုင်ဘဲ လွှမ်းခြုံခြင်းခံလိုက်ရသည်။

ဖောက်... ဖောက်... ​​ဖောက်...

သူတော်စင်ငါးဦးစလုံးသည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံရကာ သေဆုံးသွားကြသည်။

All Chapters