အပိုင်း(၂၂)
Vol. 3 Ch. 22
"ဒါက... သမီးရည်းစားတွေ ရန်ဖြစ်နေကြတာလား?"
"ဒါပေမယ့် ချူရှင်းယွဲ့ရဲ့ အမူအရာကြည့်ရတာတော့ လိမ်နေတဲ့ပုံ မဟုတ်ဘူးပဲ!"
"ဝူထျန်က လူကောင်းတစ်ယောက်မဟုတ်ရင်တောင် သူက ဝူမိသားစုရဲ့ သခင်လေးပဲလေ၊ သူဘာလို့ လိမ်ဖို့ လိုမှာလဲ"
"ချူရှင်းယွဲ့က သူ့ကို တရားစွဲမယ်လို့ပြောထားမှတော့ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ"
လူအုပ်ကြီးသည် အံဩစွာဆွေးနွေးကြတော့သည်။
ဝူထျန်သည် ချူရှင်းယွဲ့မှာ အရာအားလုံးကိုငြင်းဆိုရန် မမျှော်လင့်ခဲ့ချေ။ သူ့မျက်လုံးများသည် ဒေါသကြောင့် နီရဲလာသည်။
"မင်း ငြင်းရဲတယ်ပေါ့၊ မင်း ချင်မိသားစုနဲ့ မင်းရဲ့စေ့စပ်ထားမဲ့သူ သိသွားမှာကြောက်လို့ ဖုံးကွယ်နေတာပဲ! မင်းမပြောတာနဲ့ ဘယ်သူမှမသိတော့ဘူးလို့ ထင်နေလား အိမ် မက်မက်နေလိုက် ချူရှင်းယွဲ့! ငါ မင်းကို မျက်နှာသာပေးထားတာတောင် မင်းက မယူမှတော့ ငါ့ကိုအပြစ်မတင်နဲ့၊ မင်းဖုံးကွယ်ထားတာ အကုန်လုံးကို ငါ ဒီနေ့ဖော်ထုတ်ပစ်မယ်"
ချူရှင်းယွဲ့၏အမူအရာသည် အနည်းငယ်မှမတုန်မလှုပ်ဘဲ "ဒါဆိုလည်း ဖော်ထုတ်လိုက်လေ၊ ဘယ်သူ မျက် နှာပျက်မလဲဆိုတာကို ကျွန်မက ကြည့်ချင်သေးတယ်"
သူ(မ) စကားဆုံးသည်နှင့် သူ(မ)၏အကြည့်များသည် ချူရွှယ်ချီထံဝေ့ဝိုက်နေကာ လှောင်ပြောင်ရိပ်များစွန်း ထင်းနေသည်။
"မင်း!" ဝူထျန် ဒေါသများ းပေါက်ကွဲထွက်သွားသည်။
မစ္စတာချူသည် ၎င်းတို့ ရန်ဖြစ်တော့မည်ကို စိုးရိမ်သ ဖြင့် ချူရှင်းယွဲ့အား သူ့ဘက် အမြန်ပြန်ဆွဲလိုက်သည်။
"မင်း ဘာပြဿနာတွေရှာနေတာလဲ! မင်းရဲ့ဒေါသတွေကိုပြန်သိမ်းစမ်း! မင်းက မင်းရဲ့ ဂုဏ်သိက္ခာကိုဂရုမစိုက်ပေမဲ့ ငါတို့ ချူမိသားစုကတော့ ဂရုစိုက်သေးတယ်"
မစ္စချူလည်း ရှေ့တိုးလာကာ ချူရှင်းယွဲ့အားဆွဲလိုက်ပြီး "နင့်ရဲ့ အပြုအမူက ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဖျက်စီးမိတော့မလို့၊ ဘာတွေစောင့်နေတာလဲ ဝူထျန်ကို မြန်မြန် တောင်းပန်လိုက်လေ"
ထို့နောက် မစ္စချူသည် ဝူထျန်၏အဒေါ်နှင့် ဦးလေးဘက်သို့ အပြုံးလေးဖြင့်လှည့်ကာ
"ကျွန်မတို့ သမီးကြီးက ဒေါသနည်းနည်းကြီးတက်လို့ပါ၊ သူ လက်ထပ်ပြီးရင်တော့ရင့်ကျက်လာမှာပါရှင်၊ ကျေး ဇူးပြုပြီး သည်းခံပေးပါဦး"
ဝူထျန်၏အဒေါ်နှင့် ဦးလေးတို့သည် ထိုနာမည်ဆိုးနှင့် ကျော်ကြားသည့် မိန်းကလေးကို သဘောမကျသော် လည်း ရွေးချယ်စရာမရှိချေ။ နာမည်ဆိုးချင်းနှိုင်းယှဉ်ပါက ဝူထျန်သည် ပို၍တောင်ဆိုးဦးမည်။ နှစ်ယောက်လုံးသည် သူ မသာ ကိုယ်အသုဘပင်။ ဤ လက်ထပ်ပွဲသည် အဆင့်အတန်းချင်းလည်း လွန်စွာလိုက်ဖက်သော ပွဲတစ်ပွဲပင်။
"ရှင်တို့ရဲ့အကြီးဆုံးသမီးက တော်တော်စိတ်ကြီးတဲ့ပုံပေမဲ့အဆင်ပြေတယ်၊ သူတို့က ငယ်သေးတာဆိုတော့ လက်ထပ်ပြီးရင် တဖြည်းဖြည်းပြေလည်သွားမှာပါ"
၎င်းတို့မိသားစုနှစ်ခုလုံးရှိ လူကြီးများသည် ကြောင်သူ တော်အပြုံးများ အချင်းချင်းဖလှယ်နေသောကြောင့် ချူရှင်းယွဲ့အား အလွန်စိတ်အနှောင့်အယှက်ဖြစ်စေသည်။
"ရှင်တို့ ကျွန်မ ဆန္ဒကိုမမေးပဲ ဆုံးဖြတ်ချက်ချနေတော့၊ ဘာလဲ ? ဇနီးရောင်း၀ယ်ရေးများ လုပ်နေတာလား။"
ချူရှင်းယွဲ့ သရော်လိုက်ကာ ချူလင်မယားကိုင်ထားသော သူ(မ)၏လက်ကို ဆက်ခနဲပြန်ဆွဲလိုက်သည်။
ချူရှင်းယွဲ့၏ ရုတ်တရက်ကြမ်းတမ်းသော စကားများကြောင့် ပတ်ဝန်းကျင်ရှိလူများ အံ့အားသင့်သွားသည်။
[ကောင်းလိုက်တဲ့ရိုက်ချက်! အဲ့လူတွေက ကြမ်းကြမ်း တမ်းတမ်းမှမပြောရင် လူစကားကိုနားလည်မှာမဟုတ်ဘူး၊ ဘယ်နှယ့်... သူတို့ကပဲ တခြားသူဘ၀ကို ပိုင်သလို လိုနဲ့ ဆုံးဖြတ်ချက်ချနေလိုက်ကြတာ]
ချင်မိသားစုသည် ကျီဖေးစကားကိုတိတ်တဆိတ်ထောက်ခံလိုက်သည်။ ချူလင်မယားသည် လွန်လွန်းပေသည်။ ချူရှင်းယွဲ့သည် ဝူမိသားစုနှင့် စေ့စပ်ခြင်းကို ရှင်းလင်းစွာ ငြင်းဆိုထားသော်လည်း ၎င်းတို့၏အပြုအမှုများသည် မိဘများအနေဖြင့် စိတ်ပျက်စရာပင်။
သို့သော် ချူမိသားစုသည်တော့ ထိုသို့ မမြင်ချေ။ မစ္စတာချူသည် ဒေါသတကြီးနှင့် "မင်း ဘယ်လိုတောင်ပြောရဲတာလဲ! ဘယ်လို ဒီလောက်တောင် ရမ်းကားလာရတာလဲ မင်းက ကိုယ့်မိဘတွေကိုတောင် ဒီလိုလေသံနဲ့ပြောနေပြီပေါ့"
မစ္စချူ၏လေသံသည် အလွန်အမင်းရင်နာနေသည့်လေသံပြောင်းသွားကာ "နင်က အရမ်းတုံးအပြီး စိတ်မြန်နေတုန်းပဲ၊ နင့်ကို ကူညီဖို့ ငါတို့ဒီလိုလုပ်နေရတာ၊ အခုတော့ နင်ကကျေးဇူးကန်းပြီပေါ့၊ နင် ဘယ်လိုပဲဖြစ်ခဲ့ ဖြစ်ခဲ့ ဝူထန်းနဲ့ ပတ်သက်ခဲ့လို့ တစ်ယောက်ပေါ် တစ်ယောက် ခံစားချက်တွေတော့ရှိခဲ့ကြမှာပဲ၊ အခု သူ နင့်ကို လက်ထပ်ချင်နေပြီ၊ အဲ့တာကို နင် ဘာလို့ငြင်းနေရတာလဲ? အခု အေးအေးဆေးဆေးထိုင်ပြီး စေ့စပ်ပွဲကိုလက်ခံလိုက်တော့"
ချူရှင်းယွဲ့သည် အေးစက်စွာရယ်မောရင်း "ကျွန်မ အရွယ်ရောက်ပြီးပြီ၊ ရှင်တို့ ကျွန်မကိစ္စတွေကို ဆုံးဖြတ်ပေးပိုင်ခွင့်မရှိဘူး!"
ချူရှင်းယွဲ့သည် ထိုသို့အေးစက်သောလေသံဖြင့် ပြောခဲသည်။ သူ(မ)သည် များသောအားဖြင့် အေးစက်စွာနေတက်သော်လည်း ၎င်းတို့၏ဆန္ဒအတိုင်းလိုက်လျောနေထိုင်ပေးတက်သည်။
ထို့ကြောင့် ယခုလက်ရှိ ချူရှင်းယွဲ့သည်အလွန်အမင်း ကလန်ကဆန်လုပ်နေသဖြင့် ချူလင်မယားအား စိတ် ပျက်စေခဲ့သည်။
"မင်း စကားက ဘာလဲ? ငါတို့က မင်းမိဘတွေလေ" မစ္စတာချူးသည် အလန့်တကြားအော်လိုက်သည်။
ချူရှင်းယွဲ့၏အမူအရာသည် အနည်းငယ်ပြောင်းလဲသွားပြီး "ဟုတ်လား? ကျွန်မက ရှင်တို့ကို ချူရွှယ်ချီရဲ့ မိဘတွေပဲလို့ ထင်ထားတာ!"
ထိုစကားသည် ချူလင်မယား၏ မျက်နှာကို ချက်ချင်းပင် နီရဲသွားစေသည်။
"ပါးစပ်ပိတ်ထားစမ်း!"
"နင်! ကျေးဇူးကန်းတဲ့သမီး! ဘာလို့ ဒီလောက်ရိုင်းရတာလဲ!"
[အိုး... သူတို့က ဒေါသထွက်နေပြီပေါ့၊ ချက်ကောင်းကို ထိသွားလို့နဲ့တူတယ်၊ ချူလင်မယားနှစ်ယောက်က သူတို့ ဘယ်လောက် ဘက်လိုက်တယ်ဆိုတာသိပေမဲ့ ချူရှင်းယွဲ့ကိုတော့ ထပ်မပြောခိုင်းဘူး၊ ဘယ်လောက်တောင် ရယ် စရာကောင်းလိုက်လဲ! အရှက်မဲ့ချက်!! ]
ချင်မိသားစုသည်လည်း ချူလင်မယားမှာ သူတို့၏အမြှီး တက်နင်းခံလိုက်ရသလို ခုန်ဆွဆွဖြစ်နေသည်အားမြင်လိုက်ရသည်။
သို့သော် ချူရှင်းယွဲ့သည် ဤအခြေအနေအထိ ရောက် လာသဖြင့် နောက်ဆုတ်မည်မဟုတ်ချေ။
"ဒီလူကို ကျွန်မ မသိဘူးလို့ ရှင်းရှင်းလင်းလင်းပြောပေမဲ့ ရှင်တို့က မယုံဘူး၊ ရှင်တို့တွေက ကျွန်မဘဝပျက်စီးသွားရင်တောင် ဂရုမစိုက်ဘဲ သူ့ဆီ တွန်းပို့ကြဦးမှာပဲမလား၊ ရှင်တို့လည်း ကိုယ့်သမီးစကားအစား အပြင်လူရဲ့စကားကိုယုံနေရတာလဲ၊ ဒါကရော ရှင်တို့ကိုယ် ရှင်တို့ မိဘတွေလို့ ခေါ်တာလား"
"မင်းကို ဘယ်သူ တစ်ချိန်လုံးလိမ်ဖို့ပြောလို့ပဲ၊ ငါတို့မယုံတာက ငါတို့အပြစ်လား" မစ္စတာချူ ဆူပူလိုက်သည်။
[ဒါပေါ့၊ ဝူထျန်က အရမ်းရိုးသားတာဆိုတော့ ရှင်တို့ ယုံကြည်မှုနဲ့ ပိုထိုက်တန်တယ်လေ]
ကျီဖေး၏ရွဲ့စောင်းသော အတွေးများကြောင့် ပါးပါးချင်နှင့်မားမားချင်တို့၏ တည်ငြိမ်မှုများ ပျက်ပြားလုနီးပါးဖြစ်သွားသလို ရေသောက်နေသော ချင်ရန်ပင်ထွေးထုတ် မိတော့မလိုပင်။
ထို့ကြောင့် အခြားသူများ၏အကြည့်များသည် ၎င်းတို့ဆီရောက်လာသည်။
ချင်ရှန့်သည် အေးဆေးတည်ငြိမ်စွာ ဖုံးကွယ်ထားလိုက်ပြီ "အင်း၊ ကျွန်တော်တို့ မစ်ချူနဲ့ သခင်လေးဝူတို့ နှစ်ယောက်မှာ ဘယ်သူက ပိုယုံကြည်ရမလဲဆိုတာ ကြည့်ရမှာပေါ့"
လူတိုင်း အံ့အားသင့်သွားပြီး ဝူထျန်၏ထင်ရှားကျော် ကြားသော သတင်းစိုးများအား သတိပြန်ရသွားကာ ချူရှင်းယွဲ့၏သတင်းဆိုးများနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။
အမ်း...
မစ္စတာချူ၏မျက်နှာသည် ချက်ချင်းအေးခဲသွားသည်။
ချင်ရှန့်သည်၏ စကားအဆုံးတွင် လူတိုင်းသံသယဝင်လာကြသည်။
ဝူထျန်သည် အလွန်ဒေါသဖြစ်မိသည်။ သူသည် ချူရှင်းယွဲ့၏အမူအရာကိုကြည့်လိုက်ပြီး တဟားဟားရယ်ကာ လေကို အ၀ရှုသွင်းလိုက်ပြီး ရက်စက်သော အကြည့်စူးများသည် ချူရှင်းယွဲ့ထံ ခေါင်းလှည့်လာသည်။
"မင်းကသာ ငါ့ကို ဒီလိုလုပ်ဖို့ တောင်းဆိုတဲ့သူပဲ!"
သူသည် ဧည့်ခန်းမနှင့် မနီးမဝေးတွင်ရှိသော စရင်ကြီးဆီသို့ပြေးသွားလိုက်သည်။
ထိုနေရာတွင် ချင်ရှီနှင့် ချင်ရန်တို့၏ဓာတ်ပုံများကို ပြသနေသည့် ဖုန်းတစ်လုံးနှင့် ချိတ်ဆက်ထားသည်။
ထိုစဉ် နောက်စက္ကန့်တွင် ဆင်ဆာများစွာပါသည့် အလွန်ပူးကပ်နေသောပုံများ အတွဲလိုက်ပြသလာသည်။
အများစုသည် ဟိုတယ်ကုတင်ပေါ်မှဓာတ်ပုံများဖြစ် သည်။
ရီဝေသောအကြည့်၊ မရှင်းလင်းသောလေထုနှင့် ဆွဲဆောင်မှုရှိသောအမူအရာတို့သည် အခြေအနေကို ရှင်း လင်းစွာဖော်ပြနေသည်။
၎င်းတို့သည် ချူရှင်းယွဲ့မှာ ထိုသို့သောမိန်းမမျိုးဖြစ်လိမ့်မည်ဟု မထင်မှတ်ထားချေ။
နောက်ဆုံးဓာတ်ပုံသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်သား စိတ်အားထက်သန်စွာ နမ်းနေကြသောပုံဖြစ်သည်။
လှပသောမျက်နှာလေးသည် မျက်လုံးများအား အနည်း ငယ်မှေးစင်းထားသည်။
လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်သွားကြသည်။ ဒါက တကယ့်ကို ခိုင်လုံတဲ့သက်သေပဲ၊ ဝူထျန်နဲ့ ချူရှင်းယွဲ့က တကယ်ကြီး အတူအိပ်ခဲ့တဲ့ပုံပဲ။
"ဟမ့်! ငါ မင်းနဲ့ အိပ်ပြီးတာတောင် မင်းကငြင်းချင်နေတုန်းလား" ဝူထျန်၏အမူအရာသည် တွန့်ရှုံ့နေသည်။
သို့သော် ချူရှင်းယွဲ့ ချက်ချင်းဆိုသလို ဟားတိုက်ရယ်ချလိုက်သည်။
ချင်ကျောက်သည် ဓာတ်ပုံများကိုစိုက်ကြည့်ရင်း သူ့မျက်နှာသည် နီရဲတက်လာကာ ဒေါသများသည် သူ့ခေါင်းတစ်ခုလုံးအားကြီးစိုးသွားသည်။
အဘယ့်ကြောင့်ဆို ထိုပုံထဲရှိ မိန်းကလေးသည် ချူရှင်းယွဲ့မဖြစ်နိုင်သည်ကို သူ တပ်အပ်သိသောကြောင့်ပင်။
ချူရှင်းယွဲ့ မဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ…?
ချင်ကျောက်၏အတွေးများ ရပ်တန့်သွားကာ ဆက်မတွေးဝံ့တော့ပေ။
သို့သော် ကျီဖေး၏အတွေးများသည် သူရပ်တန့်ထားသော အတွေးများအား ခရီးဆက်လာသည်။
[ဒါမျိုး ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး၊ ချူရွှယ်ချီ ဒီလောက်ထိ လက်ရဲဇက်ရဲနိုင်လိမ့်မယ်လို့ မထင်ထားဖူးဟယ်၊ အရင်က ငါ သူ့သရုပ်ဆောင်စွမ်းရည်ကို သံသယဖြစ်မိပေမယ့် အခုတော့ တကယ်တော်တာပဲ၊ သူက အခြားသူတွေရှေ့မှာကျ အပြစ်ကင်းစင်တဲ့ပန်းလေးလိုဟန်ဆောင်ပြီး ကွယ်ရာမှတော့ ကြိတ်ပုန်းခုတ်နေလိုက်တာ၊ တကယ့် ရုပ်ရှင်ဧကရီပဲ]
[ချူရွှယ်ချီက တကယ်ကိုတစ်ခုခုပဲ၊ ချင်ကျောက်က ရုပ်ရှင်ရိုက်ကူးဖို့ ခရီးရှည်သွားရတဲ့အချိန်တုန်းက သူက အရမ်းအထီးကျန်ဖြစ်နေတာနဲ့ သူ(မ)နဲ့ အိပ်ဖို့ တစ် ယောက်ယောက်ရှာခဲ့တာ၊ သူ(မ)ထင်တာ ခဏလောက် ပျော်ပါးပြီး အေးအေးဆေးဆေးလမ်းခွဲလို့ရမယ်လို့လေ မထင်ထားမိတာက သူ အရှုပ်တစ်ကောင်ကို သွားဆွမိမယ်လို့တော့ မထင်မိဘူးပေါ့]
[ သူ အခုတောင် ဖြူဖျော့နေပြီ၊ ဒါပေမယ့် သူ(မ)မိဘတွေကြည့်ရတာ လုံးဝ သတိမထားမိဘူးပဲ၊ အာ... ဝူထျန် နောက်ထပ် ပိုကြီးတဲ့လျှို့ဝှက်ချက်တွေထုတ်ပြဖို့ ငါမျှော်လင့်နေမိပြီ၊ သူသာ ထုတ်ဖော်လိုက်ရင်တော့ သက် သေတွေ နေ့ချင်းညချင်း ဘူးပေါ်သလိုပေါ်သွားလိမ့်မယ်]
ကျီဖေး သူ(မ)ရှေ့ရှိ ဒရာမာကို ပျော်ပျော်ကြီးကြည့်နေသည်။ ချင်မိသားစုသည် သူ(မ) အတွေးများကို ကြားရသောကြောင့် စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်ကြသည်။ တခြားဘာ ထပ်ရှိသေးလို့လဲ ?
ချင်ကျောက်၏ ကမ္ဘာကြီးသည်ပြိုလဲသွားသည်။
အဘယ်ကြောင့်ဆိုသော် သူသည် ချူရွှယ်ချီနှင့် သုံးလကျော်လောက် အဆက်အသွယ်ပြတ်ဖူး၍ပင်။
အကယ်၍ ဤသည်မှာရွှယ်ချီဖြစ်ပါက သူ(မ)သည် အပြင်ဘက်တွင် ချူရှင်းယွဲ့နာမည် အသုံးပြုကာ အရှုပ်တွေလုပ်နေပြီး ချူရှင်းယွဲ့အားလွှဲချခြင်းဖြစ်လိမ့်မည်။
အဲ့လိုဆို ဘယ်လောက်တောင် ဆိုးရွားလိုက်လဲ…
ယခုအချိန်တွင် ချင်ကျောက်၏လောကကြီးပေါ်အမြင်အား ပြောင်းပြန်လှန်လိုက်သည့်ပမာနှယ်။
သူအမြဲ ယုံကြည်ခဲ့သမျှအရာအားလုံးက အလိမ်အညာတွေလား ?
"ဒါတွေအကုန်လုံး အတုပဲ"
ချူရှင်းယွဲ့ ရယ်မောပြီးနောက် ဖြည်းညှင်းစွာပြောလိုက်သည်။
"အတု ? ဒီပုံတွေကို photoshop လုပ်ထားလို့ မပြောနဲ့ နော် ချူရှင်းယွဲ့၊ မင်း တကယ်..."
"ဓာတ်ပုံတွေကအစစ် ဒါပေမဲ့ လူက အတု"
ချူရှင်းယွဲ့၏အကြည့်သည် ချူရွှယ်ချီထံ ရပ်တန့်သွားပြီး "ဒီမျက်နှာက ကျွန်မတစ်ယောက်တည်းမှာ ရှိတာမဟုတ်ဘူးလေ၊ မစ္စတာဝူ နောက်တစ်ခါ ရှင် တစ် ယောက်ယောက်နဲ့အိပ်တဲ့အခါ သူတို့ကို ခွဲနိုင်ရင် ပိုကောင်းလိမ့်မယ်၊ ဘာလို့ဆို တစ်ခြားလူပြောသမျှ မယုံသင့်လို့လေ!"
ဝူထျန်သည် ဤနေရာတွင်ရပ်နေကာ အံသြမှင်သက်သွားသည်။
အားလုံးလည်း တိတ်ဆိတ်သွားကြသည်။
ချူမိသားစုမှ ကောင်းစွာကာကွယ်ခံထားရပြီး ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် အချစ်ခံရသည့် နှင်းလိုဖြူစင်တဲ့ သခင်မလေးက ပုံထဲကမိန်းကလေးလို့ပြောချင်တာလား !?
အခြားလူများသာမက ဝူထျန်သည်လည်း ချက်ချင်း မေးခွန်းထုတ်မိသည်။
ဤအခိုက်အတန့် ချူလင်မယားလည်း အနားတွင်ရပ်နေခဲ့ကြသည်။