အပိုင်း(၃၁)
Vol. 4 Ch. 31
ကျီဖေး မူလတွင် ပေါ့ပေါ့ပါးပါးဒရာမာကြည့်ရမည်ဟု ထင်ထားခဲ့သော်လည်း သူ(မ)အနားသို့ ရောက်ရှိလာသည်။ ကျီဖေးသိသော ချူရှင်းယွဲ့သည် စိတ်ဓာတ်ခိုင်မာပြီး ရဲရင့်ကာ စိတ်ဓာတ်ကျနေတာကိုတောင် တစ်ယောက် တည်းရင်ဆိုင်ပြီး ဘဝသစ်တစ်ခုစတင်ရန် ကိုယ်တိုင်ရုန်းထွက်ရဲသူဖြစ်သည်။
သို့သော် အခြားသူများအမြင်တွင်တော့ လုံးဝကွဲပြားပုံပေါ်သည်။
ကျီဖေး ၎င်းတို့နှစ်ယောက်ကြားရှိစကားများကို ပြန်တွေးကြည့်သောအခါလုံးဝရွံသွားမိသည်။
ကျီဖေးသည် စိတ်ထဲတွင် သူ(မ)မြင်ခဲ့သမျှကိုအစအဆုံး ထေ့ငေါ့ပြောနေမိသည်။
အခြားသူများက သူမ၏အတွေးများကို မကြားနိုင်သော် လည်း သူ(မ)ဘေးတွင် ထိုင်နေသော ချင်ကျောက်၏ အမူအရာသည် ပို၍တင်းမာလာကာ ချောင်ရထံသို့ ဓားမြှောင်လိူ ချွန်ထက်သည့် အကြည့်စူးစူးများဖြင့်ကြည့်လိုက်သည်။
သူချစ်ရတဲ့သူကို စိတ်ကူးယဉ်နေတဲ့တခြားယောက်ျားရှိတာထက် ဒေါသဖြစ်စရာဘာမှမရှိချေ။
ချောင်ရသာ မိန်းကလေးမဟုတ်ပါက ချင်ကျောက် အစောတည်းက လက်သီးနှင့်ထိုးမိလိမ့်မည်။
"အဲ့ဒါက... နားလည်မှုလွဲတာ ဖြစ်နိုင်လား ?"
အမျိုးသမီးသုတေသီသည် မယုံနိုင်စွာမေးသည်။ "ခန်ကျစ်က ဘယ်လို့ အဲ့လိုထင်တာလဲ"
သူ(မ)သည် ချောင်ရဘက်မှ ရပ်တည်နေခြင်းမဟုတ်သလို ကျီဖေးကို သံသယဝင်နေခြင်းမဟုတ်ချေ။ သူ(မ) သည် ထို အဓိပ္ပါယ်မရှိသည့်အရာကို ရိုးရိုးလေးသာ မယုံခဲ့ခြင်းဖြစ်သည်။
"အားကျစ်... သူက လျှောက်ပြောနေတာလေ၊ ငါသိတာပေါ့!" ချောင်ရ၏ မျက်နှာသည် နီမြန်းနေပြီး အမှားအမှန်ကို ဆင်ခြင်နိုင်သကဲ့သို့ပြုမှုနေသည်။
သို့တိုင် ကျီဖေးသည် အံ့အားသင့်သွားဟန်ဖြင့် "အိုး နင်သိနေတာလား? အခု ငါနားလည်သွားပြီ၊ ဒါဆို အရင်က ဧည့်ခန်းထဲမှာ နင့်ရည်းစားဟောင်းနဲ့ ငြင်းခုံတုန်းက သူ့ကိုပထုတ်လို့ရအောင် ပြောခဲ့တာနဲ့တူတယ်၊ နင့်ကြည့်ရတာ သူပြောတာ တစ်၀က်လောက်ယုံသွားတဲ့ပုံနဲ့ ရှင်းယွဲ့ကိုမေးဖို့ပြန်လာတာလေ၊ ငါက နင်တကယ် ရှင်းယွဲ့ကို နား လည်မှုလွဲသွားတယ်ထင်နေတာ၊ အခုမှပဲ နင်မယုံတာ သိရတော့တယ် ဟဟားဟား"
ကျီဖေး၏မျက်နှာသည် အပြုံးအတုများဖြင့် ဖုံးလွှမ်းသွားပြီး ပတ်ဝန်းကျင်ကို ပိုအဆင်မပြေဖြစ်စေကာ တစ်စုံတစ်ယောက်၏အရှက်ကို လိမ္မာပါးနပ်စွာထုတ် ဖော်လိုက်သည်။
လူတိုင်းသည် အံ့အားသင့်သွားစွာ ချောင်ရကိုမယုံနိုင်စွာ စိုက်ကြည့်နေကြသည်။
သူ(မ)ပြန်လာချိန်တွင် ချူရှင်းယွဲ့အပေါ် ချောင်ရ၏ သဘောထားများ ပြောင်းလဲနေသည်ကိုညသတိရသွားသဖြင့် ၎င်းတို့၏အမူအရာများပိုဆိုးလာသည်။
ခန်ကျစ်၏စကားများထက် ပိုအဓိပ္ပါယ်မဲ့သည်မှာ ချောင်ရ၏သံသယပင်။
ချောင်ရသည် ကျီဖေး ဤသို့ပြောလာမည်ကို မမျှော်လင့်ထားချေ။ ထိုသည်မှာ သူ(မ)အား ရည်ရွယ်ချက်ရှိရှိ ပစ် မှတ်ထားခံရကြောင်းသိသာသဖြင့် သူ(မ)အမူအရာသည် အလွန်တရာမှဒေါသဖြစ်သွားသည်။
ချူရှင်းယွဲ့၏မျက်နှာသည် ဆိုးရွားနေလျက် "ငါက နင့်ရည်းစားဟောင်းကို..."
ချူရှင်းယွဲ့ ဆက်ပြောရန် ရွံရှာသွားသည်။
ချောင်ရသည် ခေါင်းငုံ့ကာ ချူရှင်းယွဲ့၏ မျက်လုံးများကို မကြည့်ဝံ့ဘဲ သူ(မ)၏ တုန်လှုပ်နေသော အသံသည် မကျေနပ်ချက်များဖုံးလွှမ်းလျက် "ဟင့်အင်း၊ ငါ သူ့ကို တမင်ပထုတ်ခဲ့တာ"
"ဟားဟား!" ချူရှင်းယွဲ့သည် စကားမပြောနိုင်လောက်အောင် ဒေါသထွက်သွားသည်။
အမျိုးသားသုတေသီတစ်ဦးသည် "သူ့ကို ပထုတ်လိုက်တာလား ? နင် ရှင်းယွဲ့ကိုယ်စား ပြတ်ပြတ်သားသားငြင်းသင့်တာမဟုတ်ဖူးလား ? နင်အကူအညီတောင်းတိုင်း သူ(မ) နင့်ကို အမြဲကူညီခဲ့တယ်၊ နင့်ရဲ့ချစ်သူနဲ့ ရန်ဖြစ်တိုင်း နင်တောင်းဆိုရင်ကူညီတက်တယ်၊ ပြီးတော့ နင့်ရည်းစား ဘယ်သူဆိုတာတောင် သူ(မ) သေချာသိတာမဟုတ်ဘူး"
"ငန်းတစ်ကောင်ရဲ့အသားကိုမက်မောတဲ့ ဖားတစ်ကောင်အကြောင်း ငါ ကြားဖူးတယ်၊ ဒါပေမယ့် ဖားကငန်းကို သူ့ဘာသာ ပြုတ်ကျလာဖို့စိတ်ကူးမယဉ်ဖူးဘူး၊ ချောင်ရ နင့်ရဲ့ရည်းစားဟောင်းက ထင်ယောင်ထင်မှားဖြစ်တက်တယ်နဲ့တူတယ်"
အခြားအမျိုးသား သုတေသီတစ်ဦးသည်လည်း သည်းမခံနိုင်တော့သဖြင့်လှောင်ပြောင်လိုက်သည်။
ချောင်ရသည် လူတိုင်း၏အနိုင်ကျင့်ခြင်းကိုခံစားရသော ကြောင့် သူ(မ)မျက်လုံးများမှ မျက်ရည်များ စီးကျလာပြီး သနားချင်စဖွယ်ဖြစ်နေသည်။
"အဲဒီတုန်းက အားကျစ်က အရမ်းသေချာနေတဲ့ပုံပေါက်လို့ ငါ..."
ချင်ကျောက်သည်လည်း မထိန်းနိုင်တော့ဘဲလှောင် ပြောင်သံဖြင့် "သေချာတယ် ? ငါ့ခြေဖျားတောင် မမှီတဲ့သူကများ ငါ့စေ့စပ်သူဟောင်းက သူ့ကို crushဘးနေတယ်လို့ထင်သွားတာလား ? သူ အဲ့လောက်ယုံကြည်မှု မျိုး ဘယ်ကရသွားတာလဲ?"
ကျီဖေး : ဒါ ကိုယ့်ဘက်ကိုယ် ယပ်နေတာမဟုတ်ဖူးလား?
ချူရှင်းယွဲ့သည် အလွန်ရွံရှာနေခဲ့သော်လည်း ထိုစကားကိုကြားသောအခါ သူ(မ)၏ ယခင် ဒေါသများနှင့် ခက် ထန်မှုများသည် ရေများဖြင့်တိုက်စားပါသွားကာထိတ် လန့်မှုသာ ကျန်ရစ်ခဲ့သည်။
ချင်ကျောက်သည် ချူရှင်းယွဲ့အတွက် သူ၏ခံစားချက်များကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်းထုတ်ပြခဲ့ခြင်းဖြစ်သည်။
ထိုမိန်းကလေးသည် မတုန့်ပြန်သော်လည်း သူသည် ဒေါသတကြီးဆက်၍ "ဘာလို့ သူ့ကို ဒီကိုမခေါ်လိုက်တာလဲ၊ ဒီလူက ဘယ်လောက် ထူးချွန်လဲဆိုတာကြည့်ရ အောင်၊ ဒါမှ ငါလည်း တစ်ချက်နှစ်ချက်လောက် သင်ယူလို့ရမှာ”
ချင်ကျောက်၏ လက်သီးသည် စားပွဲပေါ်သို့ ဒုန်းခနဲတင်လိုက်သဖြင့် သုတေသီသုံးယောက်လုံးတုန်လှုပ်သွားကြသည်။
ထိုလူကို ခေါ်လိုက်သည်နှင့် သူ့လက်သီးချက်သည် ထိုအရှက်မဲ့ကောင်၏ဦးခေါင်းကို ပွင့်ထွက်သွားစေမည်မှာ သံသယရှိစရာမလိုချေ။
"ပြီးတော့ မင်း 'ကျေးဇူးကန်းတဲ့လူ' ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်းရော သိရဲ့လား"
အရှက်သည်းတက်သောချောင်ရသည် ချင်ကျောက်ကဲ့သို့သော လူတစ်ဦးထံမှပေါ်တင်လှောင်ပြောင်ခြင်းခံရသဖြင့် အသက်ရှူမ၀တော့သလိုတောင် ခံစားလိုက်ရသည်။
"ကျွန်မ အဲဒီလို မထင်ထားဘူး၊ အဲ့တုန်းက ကျွန်မ ထိတ် လန့်သွားလို့ ဘာမှမတုံ့ပြန်မိဘူး၊ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်တာ မဟုတ်ပါဘူး၊ ကျွန်မတို့ ဒါကို သီးသန့်ကိုင် တွယ်လို့ရတာပဲ ဘာလို့…"
သူ(မ)သည် ကျီဖေးကိုသာ စိတ်ထဲမှာအပြစ်တင်မိသည်။ ၎င်းသည် ထိုကဲ့သို့ ရှက်စရာကောင်းသောကိစ္စအား အဘယ့်ကြောင့် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနိုင်သည်ကိတွေးမိသည်။
ထို့အပြင် သူ(မ)သည် ချင်ကျောက်၏ ရောက်ရှိနေခြင်း အကြောင်းကိုသိပြီဖြစ်သည်။ သူသာ သူ(မ)သည် ချူရှင်းယွဲ့ကို နားလည်မှုမလွဲစေချင်ပါက သူ(မ)ခံစားချက်များကို ပိုထည့်တွက်ဖို့လိုက်သည်။
ယခုတော့ သူ(မ) အနာဂတ်ကျရင် ဒီလူတွေနဲ့ ဘယ်လို ရင်ဆိုင်ရတော့မလဲ?
ချောင်ရ၏ မကျေမနပ်အကြည့်မှာ ထင်ရှားလှသည်။
ကျီဖေးသည် အပြုံးခပ်ကြီးကြီးပြုံးလိုက်သည်။ တကယ်တော့ သူ(မ) ကစားပွဲကိုမစသေးပဲ ကောင်မလေးအတွက် မျက်နှာချန်ထားဆဲဖြစ်သည်။
ဤလောကတွင် လူကောင်းတို့သည်ကောင်းသောအကျိုးကိုရတတ်၏။ ထိုအရာကို အခွင့်ကောင်းယူပြီး စေသနာကိုမစော်ကားသင့်ချေ။
ချင်ကျောက်သည် ၎င်းကို ကာကွယ်ပေးနေပြီဖြစ်သောလည်း ကျီဖေးလည်း သဘာဝအတိုင်း နောက်ပြန်ဆုတ်ကာ ဒရာမာကို တိတ်တဆိတ်ကြည့်ရှုတော့သည်။
သို့သော် သူ(မ) ချက်ချင်း ရွံရှာသွားသည်။
သူ(မ)သည် ချောင်ရ၏ အတင်းအဖျင်းကိုကြည့်နေခြင်းဖြစ်သည်။
[ဒီကောင်မလေးက ရည်းစားဟောင်းနဲ့ သဘောထားမတိုက်ဆိုင်တာတွေ ခဏခဏကြုံရတတ်တယ်၊ သူက အဲ့အကြောင်းတွေကို သူ့ရဲ့ သုတေသန အဖွဲ့၀င်ကိုတင်မကဘူး အဝေးက သူငယ်ချင်းတွေကိုလည်းပြောတက်တယ်၊ ဒါပေမဲ့ သူ(မ)က အချိန်တစ်ချို့ကြာတာနဲ့ အဆိုးမြင်စိတ်တွေအားလုံးကို စွန့်လွှတ်ပြီး ရည်းစားဟောင်းဆီပြန် သွားပြီး ထပ်ချစ်ခဲ့တယ်၊ သူ့သူငယ်ချင်းတွေတော့ ကိုရီးယားကားကြည့်နေရသလို ခံစားရတော့မှာပဲ]
[Fuck! သူ(မ) သန့်စင်ခန်းထဲမှာနေတာကြာနေတာ အံ့ဩစရာမဟုတ်တော့ပါဘူး၊ သူ(မ)က တကယ်တော့ ချူရှင်းယွဲ့အကြောင်း သံသယတွေကိုဆွေးနွေးဖို့ တခြားသူငယ် ချင်းတွေနဲ့ တိတ်တဆိတ်ဆက်သွယ်နေတာပဲ၊ တစ်ဖက်ကသူငယ်ချင်းကလည်း ချောင်ရစကားကြားလိုက်တာနဲ့ ချက်ချင်းပဲ ချူရှင်းယွဲ့ကိုရှုံ့ချသလို ရည်းစားခိုးဖို့ကြိုး စားနေတာ အကြံသမားမဆိုပြီးတောင်ပြောခဲ့သေးတယ်၊ ချောင်ရကတော့ 'တကယ်လား ?' ဆိုတဲ့ စာကြောင့်လေးနဲ့ အင်နို့ဆန့်အီမိုဂျီ ပို့လိုက်တာပဲ၊ ထွီ! ရွံစရာကြီး]
[တဖက်လူက ချောင်ရကိုတောင် ချီးကျူးနေသေးတယ် သူ့ရည်းစားဟောင်းက ချူရှင်းယွဲ့လို အရည်အချင်းရှိတဲ့သူတစ်ယောက်ဆီကနေ အဆွဲဆောင်ခံရတယ်ဆိုပြီး၊ ချောင်ရကတော့ 'ရှက်နေတဲ့ အီမိုဂျီ'နဲ့ စာပြန်လိုက်တယ်၊ ဘုရားရေ! သူ(မ) တကယ်ယုံတာလား။ ဒီလောက်စိတ် ကူးယဉ်ဆန်တဲ့ အတွေးတွေက ဘယ်ကရောက်လာတာလဲ?!]
[ပြီးတော့ ပြောသေးတာက ချောင်ရသာ လမ်းခွဲမပေးသရွေ့ သူ(မ)က တရားဝင်ဇနီးဖြစ်ပြီး ကျန်တာတွေအားလုံးက အငယ်အနှောင်းတွေချည်းပဲလို့တောင် ပြောခဲ့သေးတယ်၊ အငယ်အနှောင်း ? ချူရှင်းယွဲ့က အငယ် အနှောင်းလား !! ချောင်ရက 'မျက်ရည်တွေ၀ိုင်းနေသည့်အီမိုဂျီ' ကိုပဲ ပြန်ပို့လိုက်တယ်ပေါ့၊ ဒီဖေ! ငါ့ ဓားဘယ်မှာလဲ!!]
ရုတ်တရက်ကျယ်လောင်သော အသံသည် ပဲ့တင်ထပ်လာကာရှိနေသူအားလုံးကို ထိတ်လန့်သွားစေသည်။
ကျီဖေးလည်း ချင်ကျောက်၏လူသတ်ငွေ့များပြည့်နေသော အသွင်အပြင်ကိုမြင်လိုက်သည်နှင့် သူ(မ)လည်း အာရုံစိုက်ထားလိုက်သည်။ သူ ဒေါသကိုမထိန်းနိုင်တော့ဘဲ စားပွဲကိုလက်သီးနှင့် ထိုးလိုက်ခြင်းဖြစ်သည်။
ယခုအချိန်တွင် သူသည် ချောင်ရအဆက်မပြတ် ရှင်းပြနေသည်ကိုသာ ပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်သည်။
ချောင်ရသည် အန္တရယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူမ အလွန်ထိတ်လန့်သွားပြီး အေးခဲသွားကာ သူ(မ)၏ မျက်နှာသည် စာရွက်တစ်ရွက်လိုဖြူဖျော့လာကာမျက်ရည်များလည်း တာကျိုးသလိုအဆက်မပြတ် စီးကျလာသည်။
"မင်း!" ချင်ကျောက်သည် ဒေါသများ ပေါက်ကွဲလုနီးပါးပင်း။
"ချင်ကျောက်!" ချူရှင်းယွဲ့ ရုတ်တရက် စကားများကို ဖြတ်တောက်လိုက်သည်။
သခင်ထံမှ ကြိုးပြန်ဆွဲခံရသည့် ခွေးတစ်ကောင်ကဲ့သို့ပင် ချင်ကျောက်သည် တစ်ခုခုပြောချင်သော်လည်း မပြောနိုင်ပဲ သူ့ဒေါသများကို ထိန်းချုပ်ကာ ချူရှင်းယွဲ့အား အမှားလုပ်မိထားသည့်ပမာကြည့်နေခဲ့သည်။
"သူ...သူက မင်းကို အရှက်ရစေခဲ့တယ်!"
ချူရှင်းယွဲ့ အံ့အားသင့်သွားသည်။ သူ(မ) ဒီကိစ္စကြောင့် သူ့ကိုတားတာ မဟုတ်ဘူး...
"ရှင်က လူမြင်ကွင်းမှာ ဓာတ်ပုံအရိုက်ခံချင်နေတာလား"
အမှန်ပင် ၎င်းတို့သည် လူအများ၏အာရုံစိုက်မှုကို ခံထားရသည်။
ကျီဖေးလည်း ချင်ကျောက်ကိုပုတ်ကာ စိတ်အေးအေးထားရန်အချက်ပြလိုက်သည်။ ချင်ကျောက် ဘာတွေတွေးနေသည်ကိုမသိသော်လည်း အလွန်အကဲဆက်နေမည်ဟု မထင်ခဲ့ချေ။
သို့သော် သူ(မ)သည် 'အရှက်ရစေတယ်' ဟူသော စကားကိုလုံးဝသဘောတူသည်။
အမှန်တော့ အချို့သောလူများသည် လေးစားမှုနှင့်မထိုက်တန်ချေ။