အပိုင်း(၃၆)
Vol. 4 Ch. 36
ကျီဖေးအံ့အားသင့်မိသည်မှာ သူမထံ Viral Marketing အရည်အချင်းတစ်ခုရှိသည်ကိုတွေ့ရှိခဲ့ပြီး အပြစ်ရှိသလို ခံစားမိသည်။
"ငါ အဲဒါ ရည်ရွယ်ချက်ရှိရှိလုပ်တာမဟုတ်ပါဘူး။ ငါတို့ အားလုံးက မိသားစုတွေပဲလေ အားလုံးက နင်နဲ့ ရှင်းယွဲ့ ကိုစိတ်ပူနေကြတာ၊ ပြီးတော့ နင်နဲ့ ရှင်းယွဲ့ နောင်တစ်ချိန်အဆင်ပြေသွားခဲ့မယ်ဆိုရင် ဒီဗီဒီယိုက လှပတဲ့အမှတ် တရတစ်ခုဖြစ်လာနိုင်တယ်လေ"
ချင်ကျောက်: အဲ့အတွက် အရမ်းကျေးဇူးတင်တယ်။
[သူတို့အဆင်ပြေမပြေ မသေချာပေမယ့် လေလောဆယ်သူ ဒေါသမထွက်အောင် လှည့်စားလိုက်တာပေါ့]
ချင်ကျောက်: ... မင်းရဲ့တောင်းပန်မှုက မရိုးသားဘူးပဲ!
"စကားမစပ် ချူရွှယ်ချီအကြောင်း..."
ကျီဖေး ချင်ကျောက်၏အမူအရာပြောင်းလဲသွားသည်ကို မြင်သောအခါ အကြောင်းအရာကိုအမြန်ပြောင်းလိုက်သည်။
[ဒါကို ဘယ်လိုရှင်းပြရမလဲ ? အသက်တမျှအရေးကြီး တဲ့ကိစ္စပဲ၊ ဘာမှမပြောနိုင်ဘူးဆိုတော့ ဒီအချက်အလက်ဘယ်ကရတယ်ဆိုပြီး ဘယ်လိုရှင်းပြရပါ့မလဲ ?]
ချင်ကျောက် ကျီဖေးကအား စိတ်တိုတိုနဲ့ကြည့်နေသော် လည်း "ချူရွှယ်ချီနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေလို့လား ? ကောင်းကောက သူ ငါ့ကိုတစ်ခုခုလုပ်မှာစိုးရိမ်နေတာ။ နောင် မင်း သူနဲ့တွေ့ရင် သူ့နဲ့ဝေးဝေးမှာနေ"
ချင်ကျောက် နှစ်ဖက်စလုံးအားအမှောင်ထဲထားနိုင်ခဲ့သည်။ ကောင်းကောနှင့် ကျီဖေးတို့ မည်သည့်သံသယမှဖြစ်ကြမည်မဟုတ်ပေ။
ကျီဖေးအံ့သြသွားပြီး တစ်ယောက်ယောက်သိနေမည်ကိုမမျှော်လင့်ထားချေ။ သို့ဖြစ်ရာ သူမအားစိတ်သက်သာရာရစေသည်။
ကျီဖေးက "ကံကောင်းချက်များ... အဟမ်း... ကျည်ဆန်ကိုတောင် သီကာပွတ်ကာရှောင်နိုင်သွားသေး"
ချင်ကျောက် မျက်နှာစိမ်းဖန့်သွားသည်။
"သွား အိပ်လိုက်တော့!" မမြင်ရရင် စိတ်ထဲလည်း တွေးတော့မှာ မဟုတ်ဘူး
ကျီဖေး ပခုံးတွန့်လိုက်သည်။
[ဘာလို့ လာ ဒေါသထွက်နေတာလဲ၊ လူပျိုဖြစ်ရတာ ရှက်စရာကောင်းလို့လား၊ အခုဆို နင်တို့ မိသားစုထဲမှာ လူပျိုနုနုထွတ်ထွတ်လေး နှစ်ယောက်တောင်ရှိတယ်၊ နင့်အစ် ကိုတောင် နည်းနည်းလေးမှမရှက်တာကို၊ ငါ အခုမှနား လည်တော့တယ် ဒါက မျိုးရိုးစဉ်ဆက်အမွေဆက်ခံသလိုကြီး]
ချင်ကျောက် ကျီဖေးကို ထိတ်လန့်စွာကြည့်လိုက်သည်??
သူ ဘာကြားလိုက်ရတာလဲ ? သူ ကိုယ်တိုင် ၀န်ခံလာတာလား ? ဒါဆို အဲဒီတုန်းက အဖြစ်အပျက်က တကယ်မဟုတ်ဘူး အတုပေါ့!
မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ အဓိကအချက်က သူ့အာ့ကောက သူနဲ့အတူတူပဲတဲ့!!!!
သူအခု group chat ထဲက အာမေဋိတ် အမှတ်အသားတွေကို (!!!!) နားလည်သွားပြီး... အဲဒါ သူ့အတွက်တင် မဟုတ်ဘူးပဲ!
အနည်းဆုံးတော့ သူ့အစ်ကိုလည်း သူနှင့်အတူတူပင်။ ထိုသည်မှာ တစ်ခုတည်းသောနှစ်သိမ့်မှုဖြစ်ခဲ့သည်
အဝေးတစ်နေရာရှိချင်မိသားစုခြံ၀င်းတွင် ချင်ရှန့် စီးပွား ရေးကိစ္စများကိုင်တွယ်ပြီးနောက် ပြန်လာရာတစ်ခုခုထူးဆန်းနေသလို ခံစားလိုက်ရသည်။
ထို့စဉ် တိတ်ဆိတ်ငြိမ်သက်နေတက်သော ချင်မိသားစုအိမ်ထဲတွင် တီးတိုးစကားပြောသံများကို သူကြားလိုက်ရသည်။
ဒီလောက်နောက်ကျနေတာကို လူတိုင်း ဘာလို့မအိပ်ကြသေးတာပါလိမ့် ?
ချင်ရှန့် စိတ်ရှုပ်ထွေးလျက် အိပ်ခန်းသို့သာ တန်းတန်း၀င်လိုက်သည်။ သူ အိပ်ရာမဝင်မီ သူ့ဖုန်းရှိ မက်ဆေ့များကို စစ်ဆေးရာ သူ့ အမေပေးပို့ထားသည့် ဗီဒီယိုကိုတွေ့လိုက်ရသည်။
သူ ချက်ချင်း ဖွင့်ကြည့်လိုက်သည်။
ချင်ရှန့် :...
ချင်ကျောက် ပင်ပန်းနွမ်းနယ်နေစွာ အခန်းသို့ပြန်ရောက် လာသောအခါ ချင်ရှန့်ထံမှဖုန်းဝင်လာသည်။
ယခုအချိန်သည် ညနက်နေပြီဖြစ်သောကြောင့် ဖုန်းခေါ်ဆိုခြင်းကိစ္စမှာ ဗီဒီယိုကြောင့်ဆိုတာ သံသယဖြစ်စရာမလိုချေ။
သူ တစ်ခြားသူများရှေ့ဆို ရှက်ကောင်းရှက်နိုင်ပေမဲ့ ယခုမူ သူနှင့် အခြေအနေတူသည့် အာ့ကောထံမှဖြစ်နေသ ဖြင့်… ဟက် ! သူ့အစ်ကိုရဲ့လူပျိုသက်တမ်းက သူ့ထက်ပိုရှည်တဲ့အပြင် ဇနီးတစ်ယောက်တောင်ရှိသေးတယ်။
ချင်ကျောက် မြာက်ကြွမြောက်ကြွဖြစ်သွားကာ ဖုန်းကိုင်လိုက်ရင်း နောက်ကျောကိုဖြောင့်တန်းအောင်ဆန့်လိုက်သည်။
ချင်ရှန့်သည် ညီဖြစ်သူမှာ ဗီဒီယိုထဲငိုယိုကာ ဒူးထောက်နေသောကြောင့် အကျိူးအကြောင်းမေးရန်ရည်ရွယ်ခဲ့သော်လည်း ညီဖြစ်သူ၏ရွဲ့စောင်းစောင်းအသံကိုသာကြားလိုက်ရသည်။
"ကော ဗီဒီယိုကိုမြင်ပြီးပြီလား"
"...အင်း"
"ကောရဲ့မိန်းမ ကျွန်တော့်ကို အနိုင်ကျင့်တာ"
"... မင်း အခု တော်တော် စိတ်ဓာတ်ကျနေလိမ့်မယ် ငါထင်ထားတာ"
"ကော ပြောင်းလဲသွားပြီ! ကော ကျွန်တော့်အစ်ကိုအစစ်ရော ဟုတ်ရဲ့လား"
"... "
သူ့ညီလေး ကျီဖေးနဲ့အတူတူအပြင်သွားတာမှ ခဏပဲရှိသေးတယ် ဘာလို့ အဲ့လောက်တောင်ရစ်လာရတာလဲ ?
"ဟုတ်သားပဲ ကော ကျွန်တော့်ကောအစစ်ဆိုတာ သေချာတယ်၊ မရီးကပြောတယ် ကျွန်တော်တို့နှစ်ယောက်က လူပျိုစစ်စစ်လေးတွေဆိုတော့ ဒါ မျိုးရိုးစဉ်ဆက် အမွေဆက်ခံလာသလိုပဲတဲ့"
“…”
သူ့လက်များသည် ညီဖြစ်သူကိုရိုက်ချင်လွန်းသဖြင့် ယား ယံနေရသည်။
"ငါ ဖုန်းချပြီ"
"အာ ခဏလေး ကော၊ ကျွန်တော့်မှာ ပြောစရာရှိတယ်"
ချင်ကျောက်သည် စနောက်နေခြင်းများကို ရပ်တန့်လိုက်ပြီး ရင်းနှီးမြုပ်နှံမှုကိစ္စအား ပြောပြလိုက်သည်။
"ကျီဖေးပြောတာ ငါ ကြားတယ်၊ ဒါဆို ဘယ်လိုလဲ…မနက်ဖြန်ကျ မင်းဆီကိုလာပြီး ငါ ဒီကိစ္စကိုကိုင်တွယ်လိုက်မယ်"
"အမ်းး ကော သဘောတူရင် အဆင်ပြေပြီ၊ လူကိုယ်တိုင်လာဖို့ မလိုဘူး၊ ကျွန်တော် ထိန်းနိုင်တယ်"
"ဒါက ချင်ကော်ပိုရေးရှင်းအနေနဲ့ အရင်က မစွန့်စားဖူးတဲ့ နယ်ပယ်တစ်ခုပဲ"
ချင်ကျောက် စိတ်ပူလာပြီး "ကော တကယ် လာဖို့မလိုဘူး၊ ကျွန်တော့် အားထုတ်မှုတွေကို ခိုးဖို့မကြိုးစားနဲ့! ကျွန်တော် ဒါနဲ့ ရှင်းယွဲ့ အထင်ကြီးအောင် အသုံးချချင်တာ"
ချင်ရှန့် ခဏမျှနှုတ်ဆိတ်နေပြီး "တစ်ဖက်လူကို အတင်း အကြပ်မလုပ်နဲ့"
"ကော ကျွန်တော့်ကို ဘာထင်နေလဲ! ဒါပေါ့ ကျွန်တော် ဘယ်တော့မှ အဲ့လိုမလုပ်ဘူး!"
"ဒါဆို မင်းတကယ် လက်လျှော့မှာမဟုတ်ဘူးမလား?"
ချင်ကျောက် ခဏလောက်နှုတ်ဆိတ်သွားပြီး "တကယ်တော့ ကျွန်တော် လက်မလျှော့ချင်ဘူး... ဟင့်အင်း ကျွန် တော် သူ့ကို အရမ်းချစ်တယ်၊ ကျွန်တော် သူ့ကို အရမ်းကြိုက်နေတာကြာပြီဆိုတာ ဘာလို့ အခုမှ သဘောပေါက်ရတာလဲ"
ချင်ရှန့်သည် ငိုသံများရောရပ်နေသော အသံကြောင့် သူလည်း ကိုယ်ချင်းစာသွားသည်။ တစ်ဖက်လူ တည်ငြိမ်သွားသည်အထိ သူအချိန်အတော်ကြာအောင်စောင့်ပေး လိုက်သည်။
"ဒါနဲ့ ကော…စကားမစပ်၊ ချူရွှယ်ချီက..." ချင်ကျောက် အခြေအနေကိုရှင်းပြပြီး "သူက ကျွန်တော့်ကို ဒုက္ခပေးချင်နေတာ၊ ကျွန်တော် သူ့ကိုလူ့အဖွဲ့အစည်းမှာ ဘယ် တော့မှ ထပ်ပေါ်မလာအောင်လုပ်ချင်တယ်"
ချင်ရှန့် ထိုသို့ဆိုးရွားသော အဖြစ်အပျက်များရှိလိမ့်မည်ဟု မမျှော်လင့်ထားချေ။ သူသည် ချက်ချင်းဆိုသလို အေးစက်သွားပြီး "ကောင်းပြီ ဒီကိစ္စကိုဖြေရှင်းဖို့ ငါ့ကို လွဲထားလိုက်"
နောက်တစ်နေ့နံနက် ချင်ကျောက် ဘာမှမဖြစ်ခဲ့သည့်တိုင်း အရေထူစွာပရော်ဖက်ဆာထံသွားလိုက်ပြီး အောက်ထပ်ဟိုတယ်တွင် မနက်စာဘူဖေး စားရန်နေရာတွင်တွေ့ ဆုံဖို့စီစဉ်ခဲ့သည်။
ထုံးစံအတိုင်း သုတေသနအဖွဲ့ဝင်အားလုံးလည််း အတူတူလာကြသည်။ ဤနေရာတွင် ချောင်ရသာမရှိသော ကြောင့် ပါမောက္ခ အနည်းငယ်ခေါင်းရှုပ်သွားသည်။ ချောင်ရနှင့်အတူ သူ့ညီမလေးလည်းပါလာသည်။ သူမသည် အခြားသူများနှင့် မျက်နှာချင်းမဆိုင်ရဲသော ကြောင့် ညီမဖြစ်သူနှင့်အတူ ဟိုတယ်မှထွက်သွားသည်။
ပါမောက္ခသည်လည်း ထွေထူးစွာမမေးမြန်းခဲ့ချေ။ ချင် ကျောက်အား ပရောဂျက်ကိုမိတ်ဆက်ပေးနေပြီး ရင်းနှီးမြုပ်နှံမှုကို ရင်တမမနှင့်စောင့်မျှော်နေသည်။
ချင်ကျောက်သည် လိုအပ်သည်များကို ပြင်ဆင်ပြီးသည်နှင့် စာချုပ်အားတရားဝင်လက်မှတ်ရေးထိုးရန် ချင်ကော် ပိုရေးရှင်းသို့ ခေါ်သွားမည်ဖြစ်ကြောင်းပြောခဲ့သည်။
လူတိုင်း အိပ်မက်မက်သလိုခံစားလိုက်ရသည်။ ဒါအရမ်း လွယ်လွန်းနေတယ်မဟုတ်လား ? ပါမောက္ခမှလွဲ၍ ကျန်လူများသည် ချူရှင်းယွဲ့ဘက်သို့ မကြည့်နိုင်ဘဲမနေနိုင်ချေ။
ထိုအရာများသည် ချူရှင်းယွဲ့ကြောင့်ဆိုတာကို ၎င်းတို့အားလုံးနားလည်ကြသည်။
ချူရှင်းယွဲ့၏ စိတ်ထဲတွင် မသက်မသာခံစားရသော် လည်း ထိုသည်မှာ ပါမောက္ခ တစ်ဘ၀လုံးလိုချင်ခဲ့သော အိပ်မက်ဖြစ်ကာ နိုင်ငံအတွက်လည်း သိပ္ပံဆိုင်ရာသုတေ သနများ ပြုလုပ်နိုင်မည်ဖြစ်သဖြင့် သူ(မ)သည်းခံလိုက်သည်။
မှန်ပြတင်းပေါက်မှ နေရောင်ခြည်သည် ထိုလူသား၏ ပခုံးပေါ်သို့ဖြာကျနေသည်ကို သူ မကြည့်ပဲမနေနိုင်ချေ။
ချူရှင်းယွဲ့ သူနှင့်မျက်လုံးချင်းဆုံမိသောအခါ အနည်း ငယ်ပြုံးလိုက်ပြီး တိုးညှင်းစွာဖြင့် "ကျေးဇူးတင်ပါတယ်"
ချင်ကျောက် ချူရှင်းယွဲ့ကြောင့် အံ့အားသင့်သွားသည်။
မနေ့က ဖြစ်ခဲ့သမျှအရာများကြောင့် ချူရှင်းယွဲ့ သူ့အား ရှောင်ဖယ်နေမည်ဟုထင်မိခဲ့သည်။ သို့မဟုတ်ပါက မသက်မသာခံစားရမည်ပင်။ ဤသည်ကိုကြည့်ပါက သူ့ထံ အခွင့်အရေးရှိဦးမည့်ပုံပင်။
သူ အကြောက်ဆုံးအရာမှာ သူမ၏လျစ်လျူရှုခြင်းဖြစ် သည်။ ထိုသည်မှာ သူ့ စိတ်ကူးယဉ်မှုများအား မမြင်ရသည့် လက်သီးဗုံးဖြင့် ဖြိုခွဲပစ်လိုက်သလိုပင်။
ကျီဖေး၏စကားများသည် စိတ်မသက်မသာဖြစ်စေသော်လည်း အမြဲတမ်း အမှန်ကိုသာပြောတတ်ကြောင်း သူသိသည်။ အခုလောလောဆယ် အခြေအနေအရ ၎င်းတို့နှစ်ယောက်အတူရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပင်။
သို့သော် သူလက်မလျှော့ချင်ပေ။ ချူရျင်းယွဲ့အား အဝေးကလှမ်းကြည့်ရုံဖြင့် သူ ကျေနပ်ပြီဖြစ်သည်။
ထိုအချိန်တွင် ရှောင်းထောင်သည် ဘူဖေးလာစားသော ကြောင့် ၎င်းတို့အား မြင်လိုက်ရသည်။ သူမ ဤအတော အတွင်း အတင်းအဖျင်းပြောရသည်ကို အလွန်စွဲလန်းနေသောကြောင့် အိပ်နေသောကျီဖေးထံ ချက်ချင်း မက်ဆေ့ခ်ျပို့လိုက်သည်။
"ချင်ကောနဲ့ မစ်ချူ ကိုတွေ့လိုက်တယ်"
ကျီဖေး လန့်နိုးသွားပြီး မက်ဆေ့ချ်ကိုကြည့်ကာ "ဘယ်က ချူလဲ ?"
"အရမ်းလှတဲ့ သုတေသီအစ်မလေ"
ကျီဖေး ချူရွှယ်ချီလို့ထင်မိသည်ကို အပြစ်ပြော၍မရချေ။ ယခုအခါ သူ လူကိုယ်တိုင်သွားကြည့်ချင်မိသည်။
သူ(မ)ထကာ အမြန်အ၀တ်အစားလဲပြီး "ငါ့ကို ခဏစောင့်… ခဏနေလာခဲ့မယ်"
"ဒါပေမယ့် သူတို့ စားလို့ပြီးခါနီးနေပြီနဲ့ထူတယ်"
ကျီဖေး စာမပြန်သဖြင့် ရှောင်းထောင်သည် ဖုန်းကိုင်သာနေရာတွင်သာစောင့်နေလိုက်သည်။
ပါမောက္ခသည် ရင်းနှီးမြုပ်နှံမှုကိစ္စကို ဖြေရှင်းပြီးနောက် အစီရင်ခံစာများကို ပြင်ဆင်ရန် စိတ်လောနေသော ကြောင့် ဟိုတယ်တွင် ဆက်မနေရန်ဆုံးဖြတ်လိုက်ကြသည်။
မနက်စာစားပြီးသည်နှင့် ၎င်းတို့ထွက်သွားသည်။
ရှောင်းထောင်သည် ကျီဖေးထံသို့ မက်ဆေ့ချ်ထပ်ပို့ရန်မှတပါး အခြားရွေးချယ်စရာမရှိပေ။
သို့သော် မကြာခင်တွင် ကျီဖေးထံမှဖုန်း၀င်လာခဲ့သည်။
"သူတို့ကို မြန်မြန်ရပ်ခိုင်းလိုက်! အန္တရာယ်ရှိတယ်!"
သူ အော်ဟစ်လျက် အသည်းအသန်ပြေးလာနေသည်။
ရှောင်းထောင် ခဏလောက်ထိတ်လန့်သွားပြီး ၎င်းတို့အားရှာရန် အလျင်အမြန်ထွက်လာခဲ့သော်လည်း ဟိုတယ်တွင် ထွက်ပေါက်များစွာရှိသောကြောင့် ၎င်းတို့ ဘယ်လမ်းကသွားမှန်း သူ မသိချေ။
တစ်ချိန်တည်းမှာပင် ကျီဖေးဓာတ်လှေကားကနေ ဆင်းလာခဲ့သည်။ သူမ၏မျက်နှာသည် ဖြူဖျော့နေကာဓာတ်လှေကားဆီသို့ အဝေးမှလျှောက်လာသော လူတစ်စုကို မြင်လိုက်သည်။
ကျီဖေးသည် သက်ပြင်းချလိုက်မိလိုက်ပြီး ရုတ်တရက်ဆန်စွာ ၎င်းတို့နောက်မှ လျင်မြန်စွာချဉ်းကပ်လာသော လူကို မြင်လိုက်ရသည်။
ကျီဖေးသည် မည်သူဖြစ်သည်ကို မသိသောကြောင့် ချက်ချင်းသတိပေးလိုက်သည်။
"ရှင်းယွဲ့!! နောက်မှာ သတိထား!"
လူတိုင်းထိတ်လန့်သွားပြီး လှည့်ကြည့်လိုက်ကြသည်။
သို့သော် ပထမဆုံးတုံ့ပြန်လာသူမှာ ချင်ကျောက်ဖြစ်ပြီး ရှင်းယွဲ့အားကာကွယ်ရန် ချက်ချင်းဆွဲလှည့်လိုက်သည်။