← Chapters

အပိုင်း(၄၈)

Vol. 5 Ch. 48

အပိုင်း(၄၈)

Vol. 5 Ch. 48

အခုထိ ချင်ရုန် အလွန်ခေါင်းမာနေသေးသည်ကို ချင်ရန် မယုံကြည်နိုင်ပေ။ ညီမဖြစ်သူကို မယုံကြည်နိုင်စွာကြည့်ကာ "နင် နင့်အနာဂတ်ကိုဖျက်ဆီးပြီး တာဝန်မဲ့တဲ့ လူတစ်ယောက်အတွက်နဲ့ နင့်ရဲ့အရည်အချင်းတွေကို ဖြုန်းတီးပစ်ချင်နေတာလား ?"

"လူတစ်ယောက်ရဲ့အရည်အချင်းက မွေးရာပါလေ၊ ငါ နိုင်ငံခြားမသွားရင်တောင်မှ ငါ အရည်အချင်း ငါ့စွမ်းဆောင်ရည်နဲ့ ပန်းချီလောကထဲ အောင်မြင်မှု ငါ ရအောင်ယူနိုင်တယ်"

ချင်ရုန် ပြတ်သားစွာပြောရန် ကြိုးစားသော်လည်းမျက် ရည်များသည် ပါးပြင်ပေါ်သို့ တားမရထိန်းမရစီးကျနေဆဲပင်။

မားမားချင်သည်လည်း ချင်ရန်အား ထိတ်လန့်တကြားကြည့်လိုက်သည်။

"ဒီတစ်ချိန်လုံး နင် ပန်းချီဆွဲတာကိုကော အလေးအနက်ထားခဲ့လို့လား?”

ချင်ရုန်၏မျက်နှာအနှံ့အပြစ်ရှိစိတ်များ ချက်ချင်းပျံ့နှံ့သွားသည်။

ပရော်ဖက်ဆာဝမ်ပင်လျှင် မထိန်းနိုင်တော့ဘဲ "ချင်ရုန်၊ နင် အရည်အချင်းရှိပေမယ့် ဉာဏ်ကြီးရှင်မဟုတ်ဘူး။နင် အောင်မြင်မှုဆီမရောက်ခင် အရည်အချင်းတွေ အချိန် တွေ၊ ငွေတွေ ကြိုးစားမှုတွေနဲ့ လေ့လာမှုတွေအများကြီး စုဆောင်းဖို့လိုအပ်တယ်။ အရင်က နင့် အဆင့်တွေကိုကြည့်ပြီး နင့်အခြေအနေနဲ့ ဒီသဘောတရားတွေကို နားလည်တယ်လို့ထင်ခဲ့တာ"

ပရော်ဖက်ဆာမှ ယခုလိုစကားမျိုးပြောလာသဖြင့် ချင်ရု န်၏မျက်နှာမှာ ပိုအရှက်ရလာပြီး အလိုလိုခုခံကာကွယ်ချင်နေခဲ့သည်။

[ဟင်း၊ အရင်ကတော့ ချင်ရုန် ဒီသဘောတရားကိုသေ ချာပေါက်နားလည်တယ်။ ဒါပေမဲ့ အခု… အဲ့ဒီစကားတွေက သူ့ ကိုယ်ပိုင်တောင်မဟုတ်တော့ဘူး၊ အဲ့စကားတွေက သူ မျက်စိစုံမှိတ်ယုံကြည်ပြီး အားကိုးနေတဲ့ သူ့ချစ်သူဆီကလာတာ သူက သူ့ချစ်ချစ်စကားကိုအရမ်းယုံကြည်နေတာလေ၊ ချင်ရုန်က ကျိုးကြောင်းမညီညွှတ်ပြီး တာဝန်မဲ့တဲ့စကားတွေကိုတောင် ယုံကြည်လာပြီး ချန်ယွဲ့ရဲ့အ ကြည်ညိုဆုံးနောက်လိုက် ဖြစ်လာတာပဲ၊ အချစ်က လူကို ရူးမိုက်စေတာပဲ။]

ချင်ရုန် ချက်ချင်းဆိုသလို ရှက်ရွံ့စွာဖြင့် ကျီဖေးအား ဒေါသတကြီးလှည့်ကြည့်လိုက်သည်။ ချင်ရုန် ထိုကဲ့သို့မဟုတ်ကြောင်း အခိုင်အမာပြောချင်ခဲ့သည်။ သူ့ထံ သူ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့်အတွေးများရှိပြီး ချန်ယွဲ့၏ စကားများမှာ အဓိပ္ပာယ်ရှိသည်ဟုထင်မိသည်။

သူမသည် မိမိ၏ဆန္ဒကိုအခြေခံကာဆုံးဖြတ်ချက်များ ချခဲ့ခြင်းပင်။

ကျီဖေးသည် သူ့အား ချင်ရုန်ကြည့်နေသည်ကို သတိ ထားမိပြီး ချင်ရုန်မှ သူ့အား ထောက်ခံစကားပြောပေးဖို့ မျှော်လင့်နေသည်ဟုထင်သွားပြီး ကျီဖေး ချက်ချင်း အကြည့်လွှဲလိုက်သည်။

[အချစ်ကြောင့် ကန်းနေတဲ့သူတွေနဲ့ဆက်ဆံဖို့ မဖြစ်နိုင်ဘူး။ ငါ့ရဲ့နိယာမက သူတို့ တစ်ကြိမ်နားမထောင်ရင် သူတို့ကို ဘယ်တော့မှ ထပ်စည်းရုံးဖို့မကြိုးစားနဲ့၊ နင့်ရဲ့ အရင်းနှီးဆုံးမိသားစုကသာ နင့်ကို တွင်းနက်ကြီးထဲကနေဆွဲထုတ်ဖို့ကြိုးစားရင်း အကြိမ်ကြိမ်ဒေါသဖြစ်ကြလိမ့်မယ်။ ငါတော့ ဘယ်သူ့ကိုမှ မနှောင့်ယှက်ချင်ဘူး။]

ချင်ရုန် အံ့သြသွားသည်။ ကျီဖေးသည် သူ့အားတစ်ချိန်လုံးတိတ်တဆိတ်ဝေဖန်နေခဲ့သဖြင့် သူ စိတ်ပြောင်းဖို့ တွန်းအားပေးမည်ဟု သူ ထင်ခဲ့သည်။ ကျီဖေး လုံးဝမ ကြားမညှပ်ချင်ဟု သူ မမျှော်လင့်ထားပေ။ ဤမမျှော် လင့်ထားသောတုံ့ပြန်မှုအပြီး ချင်ရုန်၏ဖီဆန်သော သဘောထားမှာ ဆုံးရှုံးသွားခဲ့သည်။

သူ့မိသားစုက သူ့ကိုကူညီဖို့တကယ်ကြိုးစားနေတာလား။

သူ့စိတ်ထဲ ခံစားမှုအနည်းငယ်ထွက်ပေါ်လာသော်လည်း ထိုအချိန်တွင် ချန်ယွဲ့ထံမှလွှမ်းမိုးမှုခံထားရပြီး စိတ်ပိုင်း ဖြတ်ထားသောမျက်နှာသည် သူ့အတွေးထဲပေါ်လာပြီး သူ၏ကျိုးကြောင်းဆီလျော်မှုများ ဆုတ်ယုတ်သွားပြန် သည်။

ပရော်ဖက်ဆာဝမ် သက်ပြင်းချလိုက်ပြီး "ချင်ရုန်၊ နင် နိုင်ငံခြားထွက်ပြီး LDRS ဆက်ဆံရေးတည်ဆောက်ရင် လမ်းခွဲရမှာကို စိုးရိမ်နေတာလား။"

ဤကိစ္စမှာ အမှန်ပင်ဖြစ်သော်လည်း၊ ပါမောက္ခ၏ မေးခွန်းများနှင့် ရင်ဆိုင်ရသောအခါ ခဏတာအရှက်ရသွားသည်။ အကြောင်းပြချက်သုံးကာ သူမ၏အနုပညာ လက်ရာများအား စော်ကားသကဲ့သို့ဖြစ်နေသည်။

"မား၊ ကျဲ၊ ဝမ်ကျောင်းရှို့ တောင်းပန်ပါတယ်။ သမီး အားလုံးကို စိတ်ပျက်သွားစေတယ်ဆိုတာ သိပါတယ်၊ ဒါပေမယ့် သမီးလက်မလျှော့ချင်ဘူး။ သမီးတို့ ညှိနှိုင်းပြီးပြီ၊ ဒီဆက်ဆံရေးက လွယ်လွယ်နဲ့ဖြစ်လာခဲ့တာမဟုတ်ဘူး၊ သမီး တန်ဖိုးထားရမယ်။"

ချင်ရုန်၏ဆုံးဖြတ်ချက်ချထားသော မျက်လုံးများအား ကြည့်လိုက်ရာ သူသည် အချစ်အတွက်ကမ္ဘာကြီးအား ရဲရင့်စွာဖီဆန်နေပုံရသည်။

ဤစကားများသည် ချင်မိသားစုဝင်နှစ်ဦးအား လေဖြတ်လုနီးပါးဖြစ်စေခဲ့သည်။

ကျီဖေးသည် ဘေးလူအဖြစ်ရှိနေသည့်အတွက် သူ့ကိုယ်သူ ဝမ်းသာသွားမိသည်၊ မဟုတ်ပါက သူ ဤအချစ်ရူး‌ ကြောင့် ထိန်းချုပ်နိုင်စွမ်းကင်းမဲ့သွားမည်မှာ သေချာ သည်။

အပြင်လူဖြစ်သည့် ပရော်ဖက်ဆာဝမ်၏အမူအရာသည်ပင် ယခုအချိန်တွင် တုန်လှုပ်လုနီးပါးဖြစ်နေခဲ့သည်။

"လူငယ်တွေက၊ အချစ်ကိုကြီးကျယ်ခမ်းနားတယ်လို့ ယုံကြည်နေကြတဲ့အချိန်ပဲ။ ဒါပေမယ့် ချင်ရုန်၊ နင် တစ်ယောက်ယောက်ကို တကယ် ချစ်တဲ့အခါ သူတို့အပေါ်အကြွေးတင်နေသလိုခံစားရမယ်။ မှန်ကန်တဲ့ လူက သူတို့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေနဲ့ မင်းကိုဆုပ်ကိုင်ထားမယ့်အစား မင်းရဲ့အနာဂတ်တောက်ပဖို့အတွက် အမြဲမျှော်လင့်နေလိမ့်မယ်။"

"သူ ကျွန်မကို ဆွဲထားတာမဟုတ်ပါဘူး၊ သူ ကျွန်မကို ချစ်ပြီး ကျွန်မနဲ့အတူရှိနေချင်တာ" ဟု ချင်ရုန် လျင်မြန်စွာ ချန်ယွဲ့အား ကာပြောပေးလိုက်သည်။

[Pfft၊ သူ့ဘေးမှာတင် သာဓကတစ်ခုရှိပြီးသားလေ။ ချင်ရုန်က မမြင်တာလား ? ချင်ကျောက်ကိုပဲကြည့် သူတကယ်ချစ်မိသွားတဲ့အတွက်၊ သူတို့ နိုင်ငံအသီးသီးမှာ ရှိနေကြပေမဲ့ တစ်ဖက်က သုတေသနဘက်မှာမြုပ်နှံပြီး ဘယ်တော့မှနောက်ပြန်မလှည့်ဖို့ရွေးချယ်ခဲ့တာကို သူ သိပေမဲ့ သူတို့နောက်ထပ်မတွေ့ ရတော့ဘူးဆိုတာကို သိပေမယ့် သူကို မကြာမကြာတွေ့ ချင်နေတုန်းပဲ။ အဲ့တာကြောင့် သူ့အလုပ်ကိုတောင် နိုင်ငံခြားထိပြောင်းသွားတယ်။ နင်တို့ရဲ့အချစ်စစ်နဲ့ ယှဉ်ကြည့်ရင် ဘယ်လိုလဲ ? ဟဟား၊ သူသာ နင့်ကိုတကယ်ချစ်ရင် လမ်းခွဲတာကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးပြီးခြိမ်းခြောက်စရာလား ?]

ကျီဖေး၏ရှင်းလင်းလှသောမှတ်ချက်သည် နောက်ဆုံးချင်မိသားစုဝင်များအား သက်ပြင်းချနိုင်စေခဲ့သည်။

ချင်ရုန်သည် ရှင်းရှင်းလင်းလင်းလှောင်ပြောင်ခြင်းကို ခံစားခဲ့ရသော်လည်း သူ၏ပုန်ကန်လိုသော သဘောထားမှာပိုမိုအားကောင်းလာသည်။ သူ ချေပရန် အကြောင်းပြချက်ရှာဖို့စိတ်ပိုင်းဖြတ်ထားပုံရသည်။

"အချစ်က ပြုစုပျိုးထောင်ဖို့လိုအပ်သလို အပြန်အလှန် အနစ်နာခံမှုတွေလိုအပ်တယ်။ ချန်ယွဲ့နဲ့ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်၊ အဲ့ဒါ မထိုက်တန်တဲ့ အချစ်မဟုတ်ဘူး။ အဲ့ဒါက စေတနာရှိလို့ပဲ၊ ဒါကြောင့် ကျွန်မ သူ့အတွက် လိုက်လျောပေးချင်တယ်။"

[အံ့ဩလိုက်တာ၊ ပြောစရာစကားပါပျောက်တယ်]

"ဒါဆို သူကရော ? သူ နင့်အတွက် ဘာ စွန့်လွှတ်ပေးလဲ?" မားမားချင် ထပ်နားမထောင်ချင်တော့ပေ။

ချင်ရုန်က “သူ သမီးကိုသဘောကျလို့သာ မဟုတ်ရင် ဒီလိုအရှက်ခွဲခံပြီး သမီးနဲ့ပြန်တွဲဖို့ သူ့မာနကို ဘယ်တော့မှ ဖယ်ထားမှာမဟုတ်ဘူး!"

ထိုအချိန် အားလုံးတိတ်ဆိတ်သွားရသည်။

ပရော်ဖက်ဆာဝမ်သည် သူ၏ရုံးခန်း၌သွေးထွက်သံယို မြင်ကွင်းဖြစ်သွားမည်ကို အမှန်တကယ်ကြောက်လန့် မိသည်။ သူ့ကိုယ် သူ အတတ်နိုင်ဆုံးကြိုးစားပြီးပြောလိုက်သည်။

"အခု နင် ဒီလိုကောင်းမွန်တဲ့ လေ့လာနိုင်မှုအခွင့်အလမ်းကိုစွန့်လွှတ်လိုက်တဲ့အတွက် အနာဂတ်မှာ အောင်မြင်မှာမဟုတ်ဘူးလို့ အတိအကျမပြောနိုင်ပေမယ့်... လက်ရှိလမ်းကြောင်းကိုရောက်ဖို့ဆိုရင် ဆယ်ဆလောက်ပိုကြိုး စားဖို့လိုလိမ့်မယ်။ နင် ကိုယ့်အတွက် ကိုယ်တွေးပြီးသေ သေချာချာ စဉ်းစားလိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ တခြားသူတွေကို မချစ်ခင် ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။"

ကျီဖေးသည် မားမားချင်နဲ့ ချင်ရန် ဆက်နေမည်ဟုထင်ခဲ့ သော်လည်း သူတို့တကယ်စိတ်ပျက်ကာ ပင်ပန်းနေပုံရသည်။

သူတို့ လျှောက်လွှာဖောင်ကိုယူကာ ချင်ရုန်အားအိမ်ပြန်ခေါ်ရန်ပြင်ဆင်နေသည်။

ကားထဲသို့မဝင်ခင် ချင်ရုန် သူ့အိပ်ဆောင်ထဲမှပစ္စည်း များအားလုံး ဒီနေရာမှာရှိနေမှန်းသိလိုက်ရသည်။

ချင်ရုန်၏အမှုအရာသည် နောက်ဆုံးပြောင်းလဲသွားသည်။

"ဒါ ဘာအဓိပ္ပာယ်လဲ ?"

ချင်ရန်က "နင့်အိပ်ဆောင်ကို ငါတို့ cancel လိုက်ပြီ အခုကစပြီး နင် အိမ်မှာပဲနေရတော့မယ်"

"သမီး"

ချင်ရုန် ချက်ခြင်းစိုးရိမ်လာသော်လည်း မားမားချင်က "ငါတို့ ချင်မိသားစုက ဘယ်တုန်းကမှ အိမ်ထောင်မပြုရသေးပဲ အတူမနေကြဘူး။"

"အဲ့ဒါ..အဲ့ဒါက အရေးမကြီးပါဘူး၊ မား ခေတ်နောက်ကျနေတာ။ အခုခေတ်မှာ..."

ချင့်ရန်က "နင် ကောလိပ်ကျောင်းသားပဲရှိသေးတယ်၊ စေ့စပ်ပွဲမလုပ်ရသေးဘူး၊ နှစ်ဖက်မိဘအချင်းချင်းလည်း မတွေ့ ရသေးဘူး၊ အိမ်ထောင်မပြုရသေးပဲ ပေါင်းသင်းနေထိုင်တဲ့ အဓိပ္ပါယ်ကို နင် သိလား ? နင် တကယ် အတူတူအနာဂါတ်တစ်ခုကို တည်ဆောက်မယ် ဆိုရင်တောင်၊ နောက်ပိုင်း သူ့မိသားစုရဲ့အထင်သေးတာကို ခံရမှာ နင် မကြောက်ဘူးလား၊ လေးစားမခံရမှာ မကြောက်ဖူးလား ? နင့် အချစ်က ကြီးမြတ်တယ်လို့ လူ လူတွေကထင်ကြမှာမဟုတ်ဘူး၊ နင့်ကိုယ် နင် မလေးစားဘူးလို့ပဲ ထင်ကြလိမ့်မယ်။"

ထိုသို့သောကိစ္စများအကြောင်းပြောရန် ချင်ရန်သည် အရည်အချင်းအပြည့်မီဆုံးဖြစ်သည်။ အတိတ်က မတော်တဆမှုတစ်ခုကြောင့် သူ အိမ်ထောင်မပြုခင်မှာ ကိုယ်ဝန်ရှိလာခဲ့ပြီး ခင်ပွန်းဟောင်း၏မိသားစုရှေ့တွင် ခေါင်းမထောင်နိုင်ခဲ့ပေ။ အိပ်မက်ဆိုးများမှနိုးထလာရပြီး အကြိမ်ပေါင်းမရေမတွက်နိုင်အောင် နောင်တရနေခဲ့သည်။ညီမဖြစ်သူအား သူ့ခြေရာမနင်းစေချင်ပေ။

"ကျဲ !"

ချင်ရုန်၏မျက်ရည်များ ထိန်းမနိုင်သိမ်းမရကျဆင်းလာ ကာ ထိုစကားလုံးများသည် သူ့ ကန့်သတ်ချက်ကိုကျော် လွန်နေပြီး ငိုနေစဉ်တစ်ကိုယ်လုံးတုန်ရင်နေခဲ့သည်။

သို့သော် သူ သန်မာလိုသောကြောင့် အသံမထွက်ဘဲ အောက်နှုတ်ခမ်းကို ပြင်းပြင်းကိုက်ကာ သူ့အား နာကျင်စေသည်ဟုတိတ်တဆိတ်စွပ်စွဲနေသကဲ့သို့ ပြူးကျယ် သောမျက်လုံးများဖြင့် ချင်ရန်အား စိုက်ကြည့်နေသည်။

ချင်ရန် စကားများများပြောရန် ပင်ပန်းလွန်းနေခဲ့သည်။ ချင်ရုန်မှာ သူ့တုန်းကထက်ပိုစွဲလန်းနေခဲ့သည်။

ကားပေါ်ရှိလေထုသည် ညှဉ်းပန်းနှိပ်စက်နေပြီး အိမ်အ ပြန်လမ်း တစ်လျှောက်လုံးတိတ်ဆိတ်နေသည်။

၎င်းတို့ကားပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက် မားမားချင်သည် ချင်ရုန်၏ဖုန်းအား အတင်းအကြပ်သိမ်း ယူရန်တွေးတောခဲ့သော်လည်း ချင်မိသားစုသည် ယခင်ကထိုသို့သော ကိစ္စမျိုးတစ်ခါမျှ မလုပ်ဖူးသောကြောင့် သူ ကန့်သတ်မှုကိုခံစားလိုက်ရသည်။ ချင်ရုန် သူ့အခန်းထဲသို့အမြန်ပြေးသွားပြီး သော့ခတ်လိုက်သည်။

ဤမိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည့်ကလေး များသည် များသောအားဖြင့် စိတ်နှလုံးကောင်းပြီး ပျော်ရွှင်စွာနှင့် ပေါ့ပေါ့ပါးပါးနေထိုင်တတ်ကြသည်။ အထူး သဖြင့် သူတို့ လိမ္မာပါးနပ်မှုမရှိလျှင်ပင် ဘဝကြီးချောမွေ့နေသရွေ့၊ ကြီးကြီးမားမား အမှားအယွင်းများမလုပ်နိုင်ကြပေ။

ချင်မိသားစုမှကလေးများထံ အချစ်ရေးတွင် ဆိုးရွားလှသောကံကြမ္မာဆိုးတစ်ခုစီရှိကြသည်။

မားမားချင်နှင့် ချင်ရန်သည် အခြားမိသားစုဝင်များအား စတင်ဆက်သွယ်ခဲ့သည်။

ကျီဖေး ဘာမှလုပ်စရာမရှိသဖြင့် သူ့အခန်းထဲသို့ပြန်ဝင်သွားသည်။ ဝရံတာတံခါးပွင့်နေသဖြင့် ပိတ်လိုက်သည်။

သို့သော် အနီးနားဝရံတာမှ စက္ကူဘောလုံးလေးပျံထွက်လာသည်ကိုတွေ့ လိုက်ရသည်။

ရွှေရောင်ဖျော့ဖျော့ တဖျပ်ဖျပ်လက်နေသော အမှတ်အ သားများဖြင့် စက္ကူဘောလုံးကိုကြည့်လိုက်ရာ အဲ့တာက ပန်းချီကျောင်းသား တစ်ယောက်အတွက် အတောက်ပဆုံးသော အနာဂတ်အတွက် လျှောက်လွှာဖောင်နှင့် အတိ အကျတူညီနေသည်။

ကျီဖေးမျက်တောင်ခတ်ပြီး တံခါးကိုတိတ်တဆိတ်ပိတ်လိုက်သည်။

များမကြာမီ ချင်မိသားစုမှ အမျိုးသားများအားလုံးအမြန်ပြန်ရာက်လာကာ နောက်ထပ်မိသားစုခုံရုံးကိုစတင် ခဲ့ကြသည်။

ဤတစ်ကြိမ်တွင်၊ ချင်ရုန်သည် အချစ်အတွက်ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားပုံရပြီး အဆုံးအထိခုခံနိုင်ခဲ့သည်။

ကျီဖေးသည် အဝေးဆုံးထောင့် တစ်နေရာတွင်ထိုင်ကာ သူမ၏တည်ရှိမှုကိုလျှော့ချလိုက်ပြီး အချစ်ကြောင့် မျက်စိကန်းနေသောသူတစ်ယောက်၏ ဆန့်ကျင်တိုက် ခိုက်သောတိုက်ပွဲသည် မည်သို့အဆုံးသတ်သွားမည်ကို အလွန်သိချင်နေမိသည်။

All Chapters