အပိုင်း(၅၉)
Vol. 6 Ch. 59
ကောင်းဟောင်၏လုပ်ဆောင်ချက်များမှာ လျင်မြန်လှသည်။ ပရိုဂရမ်အဖွဲ့ နှင့် ဆက်သွယ်ပြီးနောက်၊ ချင်ကျောက်စတူဒီယိုအကောင့်အားအသုံးပြုကာ ပို့စ်နှစ်ခုဆက်တိုက်ဆိုသလိုတင်လိုက်သည်။
ပထမဆုံးပို့စ့်: ကျနော်တို့ ချင်ကျောက်စတူဒီယိုရဲ့ ဒုတိယမြောက်အနုပညာရှင်အဖြစ် ကျီဖေးနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
ဒုတိယပိုစ့်: ချင်ကျောက်မှ ကျီဖေးအား "My Acting, Cut!" အစီအစဉ်တွင် ပါဝင်ရန်ဖိတ်ခေါ်သွားမည်ဖြစ် ကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်။
ချက်ခြင်းဆိုသလို၊ ချင်ကျောက်၏စတူဒီယိုနှင့် Weibo နှစ်ခုလုံးတွင် ကောမန့်များပေါက်ကွဲထွက်လာသည်။ သူတို့၏ Weibo ပို့စ်များတွင် ကျီဖေးအား Tag တွဲခဲ့သဖြင့် ကျီဖေး၏ Weibo account တွင်ပင် ရုတ်တရက် noti များတက်လာခဲ့သည်။
"ဒီဘယ်သူမှန်းမသိတဲ့သူက ငါတို့ကောကိုယ်တိုင်ကိုယ် ကျ သင်ကြားပြသတာကိုခံယူဖို့ ဘယ်ကဘယ်လိုရောက်ချလာတာလဲ ?"
"ငါတို့ကော တလောတုန်းကမှ နာမည်ကြီးလာတဲ့ မင်းသမီးအသစ်ချူရွှယ်ချီ နဲ့ ရင်းနှီးနေတာမဟုတ်ဘူးလား ? မိသားစုနဲ့ရင်းနှီးတဲ့မေ့မေ့ကို စောင့်ရှောက်ပေးတာဆိုပြီးပြောခဲ့သေးတယ်လေ"
"ဟဲ့ နင် အော့ဖ်လိုင်းဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ? ချူရွှယ်ချီ အနားယူသွားတာကြာပေါ့။"
"ချင်ကျောက်ရဲ့စတူဒီယိုထဲ အမြဲလိုလိုဝင်ထွက်နေတဲ့ အနုပညာရှင်တစ်ယောက်အကြောင်း ကောလဟာလတွေ ငါ ကြားလိုက်သေးတယ်။"
"အဓိကအချက်က ငါတို့ကောစတူဒီယိုက နောက်တစ်ယောက်နဲ့ စာချုပ်ထပ်ချုပ်လိုက်တယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? တကယ်ပဲ သူ ဘယ်သူလဲ ? သူ ဘာတွေထူးခြားနေလို့လဲ ? ဆယ်မိနစ်၊ သူ့ အချက်အလက်တွေအားလုံး ဆယ်မိနစ်အတွင်း ငါ့ ဆီပို့ပေး!!"
ကောင်းဟောင် ခန့်မှန်းထားသည့်အတိုင်းပင်၊ ထိုကဲ့သို့ လှပသောမိန်းကလေးသည် စတူဒီယို၏ဒုတိယမြောက်အနုပညာရှင်အဖြစ် လူအများရှေ့မှောက်ရုတ်တရက်ထွက်ပေါ်လာသောအခါ လူတိုင်း အနုပညာလောကမှ အနားယူသွားသည့် ချူရွှယ်ချီထက် ကျီဖေးနှင့်ချင်ကျောက်ကြားရှိ ဆက်ဆံရေးကိုသာပိုအာရုံစိုက်လာကြသည်။
ဆယ်မိနစ်ကြာပြီးသည့်နောက် ကျီဖေးနှင့် ပတ်သက်သည့် အချက်အလက်အပြည့်အစုံအား မည်သူမှ ရှာမတွေ့ ချေ။ သူမ၏ အွန်လိုင်းပရိုဖိုင်တွင် ဖြည့်သွင်းထားသမျှသည်ပင် ပြည့်စုံမှုမရှိပေ။ ကျီဖေးသည် ချင်အဖွဲ့ အစည်းနှင့်ရှုပ်ထွေးသော ဆက်နွယ်မှုများရှိသည်ဟူ သည့် ကောလာဟလများနှင့် သူ ရိုက်ကူးခဲ့သောမဂ္ဂဇင်းများ၊ ကြော်ငြာများနှင့်ပတ်သတ်၍အသေးစိတ်အချက် အလက်များသာ ရှိနေခဲ့သည်။
ကောင်းဟောင် ကျီဖေး၏အထောက်အထားများအား မရှင်းလင်းပဲထားလိုက်သည်။ တခါတရံ ထင်ကြေးများများပေးလေလေ အလုပ်ပိုတွင်လေလေပင်။ အမှန်မှာ သူ ရှောင်းထောင်အား မော်နီတာတွင် အခြေအနေအနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားထားပြီးဖြစ်သည်။ အကယ်၍ မနှစ်မြို့ဖွယ် ကောလာဟလများစတင်ထွက်ပေါ်လာခဲ့ပါက၊ ချက်ချင်းဖျက်ဆီးခံရပေမည်။
အမှန်တော့ ကျီဖေး၏တရားဝင် Weibo အကောင့်သည် စီမံခန့်ခွဲမှုပြုရန်အတွက် ကောင်းဟောင်ထံသို့ အပြည့်အဝလွှဲပြောင်းပေးလိုက်ပြီးဖြစ်သည်။ ကျီဖေး အတင်း အဖျင်းများရှာဖွေရန် အရံအကောင့်သာအသုံးပြုခဲ့သည်။
အချိန်အတော်ကြာပြီးနောက် ကျီဖေးတရားဝင် Weibo အကောင့်ကိုဖွင့်လိုက်သည်။ အလုပ်နှင့်ပတ်သက်သည့် ပို့စ်များမှလွဲ၍ ယခင်ရှိသမျှ ပိုစ့်အရာအားလုံးဖျက်ပစ်ခဲ့သည်။ အသစ်ထပ်တိုးမှုများထဲ မကြာသေးမီက အတန်းဗီဒီယိုစုစည်းမှုများနှင့် အလှဓာတ်ပုံများသာ။
ဒါ သူမ၏ပုံစံကိုသဘောကျသည့် ပရိတ်သတ်တချို့ အား ဆွဲဆောင်နိုင်ပေမယ့် ငြီးငွေ့နေသည့် hater က ပိုများသည်။
သို့သော် Show တွင်ပါဝင်သည့် အခြားအဖွဲ့များသည်လည်း တရားဝင်ကြေငြာမှုများပြုလုပ်ထားသဖြင့် သူ့ Weibo ထက် ဖြတ်သွားဖြတ်လာများ လျင်မြန်စွာလျော့ ပါးသွားခဲ့သည်။ ရှိုးသည် ပထမဆုံးတရားဝင်ပရိုမိုးရှင်းနှင့်အတူရေ နာမည်ကြီးလာခဲ့သည်။
ကောင်းဟောင်ပြောခဲ့သလိုပင်၊ အဖွဲ့ တိုင်းက သာမန်မဟုတ်ချေ။ ကျီဖေး Weibo ပေါ်ရှိ အတင်းအဖျင်းများထဲ ပျော်ရွှင်စွာမွေ့လျော်နေခဲ့သည်။ ဤကောလဟာလများသည် လုံးဝမှန်ကန်ခြင်းမရှိနိုင်သော်ငြား ၎င်းတို့ သည် စိတ်ဝင်စားဖွယ်ကောင်းမည်မှာသေချာသည်။
ပထမအဖွဲ့ - တသီးတသန့်နေတတ်တဲ့ A-list သရုပ် ဆောင်တစ်ဦး၊ သူနဲ့ကုမ္ပဏီတူတဲ့အပြင် စီနီယာ-ဂျူနီယာဆက်ဆံရေးရှိတဲ့ စခရင်ပေါ်က CP မင်းသမီးဟောင်း။
၎င်းတို့၏ CP လူကြိုက်အများဆုံးဖြစ်နေချိန်တွင် ကုမ္ပဏီမှ ထိုဂျူနီယာအား နိုင်ငံခြားဖျော်ဖြေရေးနယ် ပယ်တွင် အသက်မွေးဝမ်းကြောင်းချဲ့ထွင်ရန် စီစဉ်ပေးခဲ့သည်။
ကြည့်ရသည်မှာ သူ နှစ်အနည်းငယ်ကြာပြီးနောက် နိုင်ငံ ခြားတွင် ဖျော်ဖြေပွဲများသိပ်မပါဝင်ဖြစ်သဖြင့် ပြည် တွင်းဖျော်ဖြေရေးလောကထဲသို့ ပြန်လာခဲ့ပုံရသည်။ သူပြန်လာပြီးနောက် ပထမဆုံးအဓိကလှုပ်ရှားမှုအနေဖြင့် သူ့ယခင် CP အားတွယ်ကပ်ကာ ရေပန်းအစားဆုံးတိုက် ရိုက်ထုတ်လွှင့်သည့်ရှိုးတွင် ပါဝင်လာခဲ့သည်။
သူ့အားကာကွယ်ရန် အကောင်းဆုံးသရုပ်ဆောင်အဆင့် ဖျော်ဖြေတင်ဆက်သူနှင့်ဆိုပါက ၎င်းတို့အဖွဲ့သည် ဧည့် သည်အဖွဲ့ငါးဖွဲ့ထဲ ပေါ်ပျူလာအဖြစ်ဆုံးဖြစ်မည်မှာသေချာသည်။
"Youth Comeback !" ဟုထပ်ပေါင်းကာ tag တွဲလိုက်ခြင်းဖြင့် ယခင် CP fan များ၏စိတ်အားထက်သန်မှုကိုပြန်လည်ရရှိစေခဲ့ပြီး ရှိုး၏ကြော်ကြားမှုထက်ဝက်ခန့်ကိုတိုက်ရိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မကြာသေးမီရက်များအတွင်း တစ်ချို့သော paparazzi များသည် လူမြင်ကွင်းနေရာအသီးသီးသို့ အတူတူဝင်ထွက်သွားလာနေသည့်သူနှစ်ဦး၏ပုံများကို ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ထိုသည်မှာ အရပ်ရှည်ရှည်အမျိုးသားတစ်ဦးနှင့် ထိုသူ၏လက်မောင်းထဲမှ ခပ်သေးသေးအမျိုးသ မီးတစ်ဦးတို့၏ Snap ပုံများဖြစ်သည်။ ဓာတ်ပုံထဲတွင်စားသောက်ဆိုင်ထဲ တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေသည့်ပုံများ၊ အမျိုးသား၏လက်မောင်းပေါ်သို့ မတော်တ ဆလဲကျသွားသည့် အမျိုးသမီး၏ပုံများဖြစ်သည်။
အားလုံးသည် လျှပ်တပြတ်ရိုက်ချက်များဖြစ်ရာ အတော်လေးမှုန်ဝါးနေခဲ့သော်လည်း ဒွိဟဖြစ်ဖွယ်လေထုအခြေ အနေကို ကွက်တိဖမ်းယူနိုင်ခဲ့သည်။ ထို့ပြင် ချစ်ရသူပြန်ရောက်လာခြင်း၊ ရုတ်တရက်ပြန်လည်ဆုံဆည်းခြင်းနှင့် CP သင်္ဘောကြီးအား ဆိပ်ကမ်းမှအောင်အောင်မြင်မြင် ရွက်လွှင့်နိုင်ခဲ့ခြင်းစသည့် ခံစားချက်များအားခံစားရစေသည်။
ထိုအရာသည် ပြန်လည်ဆန်းသစ်လာသည့် ကြည်နူးဖွယ်ရာချစ်ဇာတ်လမ်းအတွက် မျှော်လင့်ချက်ကိုအပြည့် အဝမြင့်တင်ထားခဲ့သည်။
ပေါက်ကြားနေသည့် ဓာတ်ပုံများအားကြည့်ကာ ကျီဖေး ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
"အဲ့ဒီ A-listသရုပ်ဆောင်က တကယ်တော့လက်ထပ်ပြီးသားဆိုပြီး ထုတ်ပြန်လိုက်လို့ကတော့ ဘာတွေဖြစ်သွားမလဲ တွေးကြည့်လို့တောင်မရဘူး။ တခြားမိန်းကလေးတွေနဲ့စည်းမဲ့ကမ်းမဲ့နေတာက အွန်လိုင်းပေါ်ဂရက်ထသွားမှာသေချာတယ်။"
ကောင်းဟောင်နှင့် ရှောင်းထောင်နှစ်ယောက်လုံး အလုပ် ရှုပ်နေပြီး ချင်ကျောက်သည် အစည်းအဝေးတက်နေရသော်လည်း အားလုံးအတင်းအဖျင်းများအား တုံ့ပြန်ဖို့ စိတ်အားထက်သန်နေကြဆဲပင်။
ကောင်းဟောင် သူ့မျက်မှန်ကိုပင့်တင်လိုက်ပြီး "နှစ်အ နည်းငယ်လောက်အထိ ဒီဖုံးကွယ်ထားတဲ့လျှို့ဝှက်အိမ် ထောင်ရေးကို ထိန်းသိမ်းထားနိုင်တယ်ဆိုမှတော့ သူ့မှာ လုပ်နိုင်စွမ်းတစ်ချို့ရှိတာသေချာတယ်။ ဒီလိုကိစ္စမျိုးကို သတ္တိရှိရှိလုပ်ရဲတယ်ဆိုတာ ဒီလိုစန်းတင်မှုမျိုးကို သူတို့လက်ခံတယ်ဆိုတဲ့အဓိပ္ပါယ်ပဲ။ အဲ့ဒီစန်းတင်တဲ့နည်းလမ်းက အမျိုးသမီးအနုပညာရှင်အတွက်ပဲ အကျိုးရှိတာ အမျိုးသားအတွက် လုံးဝအသုံးမဝင်ဘူး။ ဒါပေမယ့် သူတို့ကုမ္ပဏီမှာ အခုလက်ရှိဆုံးဖြတ်ချက်ချနိုင်တဲ့ သူက အဲ့ဒီအကောင်းဆုံးသရုပ်ဆောင်ဖြစ်တဲ့ သူကိုယ်တိုင်ဆိုတော့..."
"ဒါဆို သူတို့ တကယ်တစ်ခုခုဖြစ်နေတာလား ?"
ရှောင်းထောင် မေးလိုက်သည်။ အဆုံးမှာ တစ်ခါတစ်ရံတွင် အထင်အမြင်လွဲမှားစေသည် ဓာတ်ပုံများသည် အတော်လေးလှည့်စားနိုင်သည်။
"ဘာပဲဖြစ်ဖြစ်၊ A-listသရုပ်ဆောင်လက်တွဲခေါ်ခဲ့တဲ့ အဲ့ဒီမင်းသမီးကို ငါ ဘယ်လိုမှတန်ဖိုးရှိတယ်လို့မမြင်မိဘူး။တခြား အကြောင်းပြချက်ရှိလို့နေမှာပေါ့"
ကောင်းဟောင်ပခုံးတွန့်ပြသည်။
"ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက ဇနီးသည်တွေက တော်တော်သဘောထားကြီးကြတာပဲ၊ သူတို့ခင်ပွန်း တခြားမိန်းမတွေနဲ့ အရမ်းရင်းနှီးတာကို သည်းခံနိုင်တယ်တဲ့လား ?" ကျီဖေး ကျိတ်ကာ လက်ဖျားခါလိုက်သည်။
"သူ့မိန်းမက ကုမ္ပဏီမှာလည်း ရှယ်ယာတွေကိုင်ထားတယ်လို့ ပြောလို့ရတယ်၊ ဖျော်ဖြေရေးလောကထဲ သူတို့ဘာသာ ကိုယ်ပိုင်ကစားပွဲတွေ ကစားနိုင်တယ်လေ။ ကွာ ရှင်းတာကအရမ်းထိခိုက်မှုရှိလာနိုင်တယ် အဲ့လိုလုပ်ဖို့မ လိုအပ်ဘူး" ဟု ကောင်းဟောင်ရှင်းပြလာသည်။
ကျီဖေး စိတ်ပျက်မှုကိုထုတ်ဖော်ခဲ့သည်။ ထို A-list သရုပ်ဆောင်သည် အတော်လေးခန့်ညားသဖြင့် အစက သူ့ရဲ့အမာခံပရိတ်သတ်တစ်ယောက် ဖြစ်လာဖို့ပင်တွေးခဲ့ဖူးသည်။ သို့သော် ကြီးမားသည့်အတင်းအဖျင်းကြီးအားစားသုံးခဲ့မိပြီးနောက် ဒါကို ဆန့်ကျင်ဖို့သာဆုံးဖြတ်ခဲ့သည်။
ဒုတိယလူကြိုက်အများဆုံးအဖွဲ့တွင် အမျိုးသား Idol နှစ်ယောက်ပါဝင်သည်။
၎င်းတို့နှစ်ဦးလုံးသည် သက်ဆိုင်ရာနယ်ပယ်များတွင် အသီးသီးကျော်ကြားခဲ့ကြပြီး တစ်ယောက်သည် နန်းတွင်းကားဇာတ်ကားများနှင့် စိတ်ကူးယဉ်ဒရာမာများထဲ လွှမ်းမိုးထားနိုင်ပြီး ကျန်တစ်ယောက်သည် ကျောင်းတွင်းလူငယ်အချစ်ဒရာမာများကို လွှမ်းမိုးထားသူပင်။ ထို့ပြင် ၎င်းတို့သည် ကုမ္ပဏီတစ်ခုတည်းမှဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံး အသက်သုံးဆယ်နားနီးလာသောအခါ သူတို့၏အသက်မွေးဝမ်းကြောင်း လုပ်ငန်းများအား ပြောင်းရွေ့အခြေချလိုကြသဖြင့် အမျိုးမျိုးသောရှိုးများထဲ ပါဝင်လာကြသည်။ အဖွဲ့ လိုက်ဆောင်ရွက်ခြင်းသည်လည်း အာရုံစိုက်မှုကိုပိုမိုဆွဲဆောင်နိုင်သည်။
သို့သော် စောင့်ကြည့်သူများက ကျောင်းတွင်း idol ၏ လက်ရှိကောင်မလေးသည် လွန်ခဲ့သည့်ငါးနှစ်က စိတ်ကူးယဉ် idol ၏ တိတ်တိတ်ပုန်းရည်းစားမှန်းသိကြသည်။
နှစ်များစွာကြာခဲ့သော်ငြားလည်း စင်မြင့်ထက် ရည်စားဟောင်းနှင့်လက်ရှိရည်းစားတို့ အတူတူပူးပေါင်းဆောင် ရွက်နေပုံအား တွေးလိုက်မိရုံဖြင့် လူအများသည် ၎င်းတို့အတွက် မာရီယာနာချောက်ကိုကျော်ဖြတ်ကာ တွင်းပေါက်တစ်ခုတူးပေးချင်လာသည်။
ကျီဖေးက "သူတို့က လူရှေ့ကျ တစ်လမ်းတည်းအတူလျှောက်နေတယ် နောက်ကွယ်ကျတော့ လျှို့ဝှက်နေကြတယ်၊ အိုး မိုင် ဂုတ်!!!။ အရမ်း စိတ်လှုပ်ရှားစရာကောင်းမှာပဲ"
တတိယအဖွဲ့ ၏ကျော်ကြားမှုသည် မကြာသေးမီကထွက်ရှိထားသည့် ရုပ်ရှင်နှင့်ဆက်စပ်နေပြီး ပရိုမိုးရှင်းအဖြစ်ပါဝင်လာခြင်းဖြစ်သည်။
တီဗီဒရာမာတွင် ဧကရီဘုရင်မယန်၏ဇာတ်လမ်းအား ပြသထားသည်။
ဝါရင့်သရုပ်ဆောင်တစ်ဦးသည် ထန်ဧကရာဇ်ရွှမ်ကျုံးအဖြစ်သရုပ်ဆောင်ခဲ့သည်။ ရုပ်ရှင်ရုံအတွင်း ရုံတင်ပြ သနေစဉ်အတွင်း ၎င်း၏သရုပ်ဆောင်မှုမှာအလွန်ကောင်းမွန်လှသဖြင့် ပရိသတ်များစိုးရိမ်နေကြပြီး၊ တော်ဝင်ကိုယ်လုပ်တော်ယန်၏နေရာတွင် ပါဝင်သရုပ် ဆောင်ထားသည့် 'မယားငယ်'ဟူသော နာမည်ဆိုးဖြင့်ကျော်ကြားသည်ဟု လူသိများသော ထိုမင်းသမီး၏ညို့ယူဆွဲဆောင်မှုများအား တွန်းလှန်နိုင်လိမ့်မည်မဟုတ်ဟု မျှော်မှန်းထားကြသည်။
ပရောဂျက်တိုင်းအတွက် နာမည်ဆိုးအသစ်တစ်ခုနှင့် သူမ၏ဂုဏ်သတင်းသည် ခေါင်းဆောင်မင်းသား သို့ ဒါရိုက်တာနှင့်အတူပေါ်ထွက်လာစမြဲဖြစ်သည်။ သူသည် နေရာတိုင်းအနှံ့ပျံနှံ့နေသည့် မကောင်းသတင်းများကြောင့် လူသိများသည်။ ယခင် လုပ်ငန်းနယ်ပယ်ထဲရှိဇနီးသည်များအသိုင်းအဝိုင်းထံမှပင် ဖယ်ကျဉ်ရန်အမိန့်ပေးခံခဲ့ရဖူးသော်လည်း သူမ၏ဆွဲဆောင်နိုင်မှု၊ ထူးခြားဆန်းပြားသောသွင်ပြင်နှင့် သရုပ်ဆောင်စွမ်းရည်တို့ကြောင့် ဖျော်ဖြေရေးအဝန်းအဝိုင်းထဲ သူမအားအစား ထိုးစရာမရှိပေ။
သူသည် မူလဇနီးထံမှ မြေခွေးမဟု လူသိရှင်ကြားဆဲဆိုခံရချိန်တွင်ပင် အပြုံးလေးဖြင့် "ရှင့်ရဲ့ ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်" ဟု တုန့်ပြန်ပြောကြားခဲ့ သေးသည်။
ယောက်ျားများအားလှည့်စားနိုင်သည်ကို ဂုဏ်ယူနေသ လိုပင်။
ဒီတစ်ကြိမ်မှာတော့ သူသည် ချစ်စရာကောင်းသည့်ခင်ပွန်းကောင်းပုံရိပ်ဖြင့် နာမည်ကြီးသည့် ဝါရင့်သရုပ် ဆောင်တစ်ဦးနှင့်အတူတွဲထားရသဖြင့် ဒိုင်းနှင့် လှံအ ကြားတိုက်ပွဲထဲ ဘယ်သူနိုင်မလဲဆိုတာ လူတိုင်းသိချင်နေကြသည်။
မင်းသမီး၏ဓာတ်ပုံကိုကြည့်ကာ သူ့အလှထဲ ကျီဖေး ချက်ချင်းဆိုသလိုဖမ်းစားခံလိုက်ရသည်။
ဝါရင့်မင်းသားကြီး၏ဇနီးသည် အရာအားလုံးစောင့်ကြည့်ရန် ရှိုးကိုလာကြည့်လိမ့်မည်ဟု ကောင်းဟောင်ပြောကြားခဲ့ပြီး မည်သို့သောသွေးချောင်းစီးမှုများဖြစ်မည်ကို ကျီဖေး မတွေးရဲပေ။
ပေါ်ပျူလာဖြစ်မှုအရ စီစဉ်ထားသည့် နောက်ဆုံးအဖွဲ့ သည် အနိမ့်ဆုံးစိတ်ဝင်စားမှုရှိသင့်သော်လည်း လူအများသည် အတင်းအဖျင်းပြောရသည်ကိုနှစ်သက်ပြီး ထို စိတ်လှုပ်ရှားမှုထဲပါဝင်ကြသည်။
နိုင်ငံ့အဆင့်တီဗီဒရာမာမင်းသမီးဟောင်းနှင့် တီဗီဒရာမာများထဲ ထွက်ပေါ်လာခါစ လူငယ်သရုပ်ဆောင်မင်းသမီးတစ်ဦးတို့သည် မူလကလိုက်ဖက်ညီသည့် စီနီယာ-ဂျူနီယာဆက်ဆံရေးရှိသင့်သော်လည်း သူတို့ကြားသို့လူတစ်ယောက်ဝင်ရောက်လာပြီးနောက် ယောက္ခမနှင့် ချွေးမဆက်ဆံရေးအဖြစ်သို့ ပြောင်းလဲလုနီးပါးဖြစ်သွားခဲ့သည်။
မူလက ထိုလူကြောင့် မိခင်ဖြစ်သူသည် သားဖြစ်သူ၏ လက်ရှိချစ်သူကိုအကဲဖြတ်လိုပြီး ထိုမိန်းကလေးအား ရသစုံရှိုးတွင် အတူပါဝင်ရန်တောင်းဆိုခဲ့သည်။
သို့သော် ရှိုးမစရသေးခင်မှာပင် ထိုစုံတွဲသည်လမ်းခွဲသွားခဲ့ကြသည်။
Network တစ်ခွင် အင်တာနက်အသုံးပြုသူများသည် ထိုမင်းသမီးနှစ်ဦးအတွက် ရှက်ရွံ့မှုအချို့ခံစားခဲ့ကြရသော် လည်း အံ့သြဖို့ကောင်းသည်မှာ တရားဝင်ကြေငြာချက်ထုတ်ပြန်ချိန်တွင် ၎င်းတို့နှစ်ဦးစလုံး နုတ်ထွက်သွားခြင်းမရှိပေ။
လူများသည် အနာဂတ်မှာ သူတို့မည်သို့တုံ့ပြန်မည်အား ကြည့်ရှုရန်မစောင့်နိုင်တော့ပေ။
သို့သော် ခေတ်ရေစီးကြောင်းအရကြည့်လျှင် လူများ သည် အသစ်ထွက်ပေါ်လာသည့် မင်းသမီးအားပိုနှစ် သက်ပုံရသည်။ ထိုမင်းသမီး၏ ရည်းစားဟောင်းမှာ မားမားဘွိုင်းလေးဖြစ်ပြီး၊ သူ့အမေသည် မရေမတွက်နိုင်သည့်ချွေးမလောင်းများအားမောင်းထုတ်ခဲ့ပြီး နတ်ဆိုး နှင့်တူသည့်ယောက္ခမတစ်ယောက်ဖြစ်လာခဲ့သည်။ သို့ သော် ယခုတစ်ကြိမ်တွင် ထိုတက်သစ်စမင်းသမီးမှ သူ့အားအရင်တက်တက်ကြွကြွကန်ထုတ်ခဲ့သည်။ ပွဲမှနှုတ် ထွက်ရန် မိခင်ဖြစ်သူဘက်မှငြင်းဆိုမှုသည် သားဖြစ်သူအတွက်ကလဲ့စားပြန်ချေရန် ကြိုးပမ်းမှုဖြစ်နိုင်သည်ဟု လူအများက ထင်ကြေးပေးလာကြသည်။
တကယ်တော့ မိခင်ဖြစ်သူ၏အမြင်တွင် သားဖြစ်သူသည် အရာရာတိုင်းတွင်ပြီးပြည့်စုံသည်။ နောက်ခံ သို့ လွှမ်းမိုးမှုမရှိသည့် ဤတက်သစ်စမင်းသမီးအား သူ့သားဘက်မှသာစွန့်ပစ်နိုင်သည်။
ကျီဖေး ထိုတက်သစ်စမင်းသမီး၏ဒရာမာများအား ကြည့်ရှုခဲ့ပြီး ၎င်းတို့ကို အတော်လေးသဘောကျခဲ့သည်။ သူ့အနေဖြင့် ထိုမင်းသမီးသည် အလုပ်အရမ်းကြိုးစားသည်ဟုလည်း ခံစားခဲ့ရသည်။
ကျီဖေး၏အကဲဖြတ်မှုကိုကြားသဖြင့် ကောင်းဟောင်က "လူတိုင်း မင်းလိုမျိုး ဒီလောကထဲဝင်လာပြီးတာနဲ့ အရှိန်လျော့သွားတယ်လို့ထင်နေတာလား ? သူက ငွေရှာဖို့အ လုပ်ကြိုးစားနေတာ၊ ဒါပေမယ့်... သူ တော်တော်လေးစွန့် စားထားရတာတော့ အမှန်ပဲ။”