← Chapters

Chapter 46

Vol. 5 Ch. 46

Chapter 46

Vol. 5 Ch. 46

ပန်းခြံမီးအိမ်၏ မှိန်ပြပြအဝါရောင်မီးရောင်အောက်တွင် အဖြူရောင်ရှပ်အင်္ကျီဝယ်ထားသောအမျိုးသားတစ်ဦးသည် သူ၏နက်ပြာရောင်နက်ခ်တိုင်အား ဖြေလျော့လိုက်သည်။ သူ၏အပေါ်ဝတ်အင်္ကျီအား လက်တွင်ချိတ်ဆွဲထားကာ ယန်ရှီထံသို့ ယုံကြည်ချက်ရှိစွာလျောက်လှမ်းလာခဲ့သည်။

ယန်ရှီလှည့်ကြည့်လိုက်သည့်အချိန်တွင် တွေ့လိုက်ရသည့်ကျုံယန်စီ၏အရောင်ဖျော့ဖျော့ မျက်လုံးများကြောင့် သူမ၏ထိတ်လန့်သွားသည့်အမူအယာမှာထင်ဟပ်နေခဲ့သည်။ သူသည်ရှေ့သို့တိုးလာကာ သူမ၏နဖူးအား ငြင်သာစွာတောက်လိုက်ရင်း

“မင်း အံ့ဩနေတာလား”

ယန်ရှီသည်သူမ၏နဖူးအားကာလိုက်ကာ

“မစ္စတာကျုံ”

ကျုံယန်စီသည်မျက်ခုံးပင့်သွားကာ

“မင်းကိုယ့်ကို ကျုံယန်စီလို့မခေါ်တော့ဘူးပေါ့”

ယန်ရှီသည် ဘောလုံးငယ်လေးတစ်လုံးကဲ့သို့ကျုံ့သွားကာ

“ကျွန်မအဲလိုပြောခဲ့တာဆိုတာ ရှင် အိမ်တော်ဟောင်းမှာမရှိခဲ့တုန်းကပါ၊ ကျွန်မစိတ်လွတ်သွားမိတာပါ နောက်တစ်ခါထပ်မလုပ်တော့ပါဘူး၊ ကတိပေးပါတယ်”

ကျုံယန်စီသည် ရီမောလိုက်ကာ

“ကိုယ်ဘာမှမပြောပါဘူး ပြီးတော့မင်းကရှင်းယောင်ရဲ့ဝန်ထမ်းလေ ကိုယ့်ဝန်ထမ်းမှမဟုတ်တာ”

သူသည်ရုတ်တရက် ယန်ရှီထံသို့ပိုနီးကပ်လာကာ

“ဒါပေမဲ့ ကိုယ်ကိုအဲလိုခေါ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်”

သူ့အသက်ရှူသံနွေးနွေးသည်သူမ၏နားရွက်အား ပွတ်တိုက်သွားကာ သူမအရေပြားတစ်လျောက် ယားကျိယားကျိခံစားချက်များဖြစ်လာစေကာ သူမ၏နှလုံးကိုလည်း ခုန်လာစေသည်။

သူမသည်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ကာ စိတ်ထဲတွင်ရှိနေသော ထူးဆန်းသည့်အတွေးများအား ခါထုတ်ပစ်နေရလေသည်။

“ကျုံ…”

ယန်ရှီရုတ်တရက်ရပ်သွားကာ

“ရှင်အခုအချိန်ဆိုရင် တိုက်ခန်းမှာရှိနေရမှာမလား၊ ဘာလို့အိမ်တော်အဟောင်းကိုပြန်လာခဲ့တာလဲ”

ကျုံယန်စီသည်သူ၏လည်ပင်းအား အကြောဆန့်လိုက်ကာ သူ၏ပုခုံးများအားနိုပ်နေရင်း

“ကိုယ်အခုတလောအိပ်မပျော်နေလို့လေ၊ ပြီးတော့ တစ်စုံတစ်ယောက်ကကိုယ့်ကို အိပ်လို့ကောင်းအောင် နှိပ်ပေးမယ်လို့ပြောထားတယ်မလား”

ယန်ရှီသည် သူမ၏လက်ဆစ်များအား ချက်ချင်းချိုးလိုက်ကာ

“သေချာတာပေါ့ ကျွန်မဒီနေ့နှိပ်နည်းအတွဲလိုက်ကိုသင်ထားတာ၊ ဒါကအလုပ်ဖြစ်စေရမယ်လို့ ကျွန်မအာမခံတယ်”

“အခုစမ်းကြည့်လိုက်လေ”

ကျုံယန်စီသည် ဧည့်ခန်းထဲသို့လမ်းလျောက်သွားလိုက်ကာ ရှေးဟောင်းလက်တင်ထိုင်ခုံပေါ်တွင်နေရာယူလိုက်သည်။ ယန်ရှီသည်လည်း နောက်မှလိုက်လာကာ သူမ၏တက်ပလက်အား ဘေးစားပွဲတင်ချလိုက်ကာသူမ၏လက်အားအကြောလျော့နေခဲ့သည်။

တက်ပလက်ပေါ်တွင် နှိပ်ပုံနှိပ်နည်းများပါဝင်သော ဗီဒီယိုအားဖွင့်ထားသည်။ ကျုံယန်စီသည် ထိုဗီဒီယိုအားဂရုစိုက်မကြည့်နိုင်ပဲ ခေါင်းစဥ်ကိုသာကြည့်မိနေလေသည်။

*မင်း ခင်ပွန်းရဲ့ ပုခုံးနဲ့လည်ပင်းကိုဘယ်လိုအကြောလျော့ပေးရမလဲ*

သူ၏မျက်လုံးထဲတွင် မှိန်ဖျော့ဖျော့အလင်းရောင်လေးပေါ်လာကာ သူ၏နှုတ်ခမ်းထောင့်များသည် သိမ့်မွေ့သောအပြုံးတစ်ခုအားပုံဖော်သွားလေသည်။

လွန်ခဲ့သောနေ့တွင် ယန်ရှီ ကျုံယန်စီအားနှိပ်ပေးခဲ့သည် မှာဦးခေါင်းတွင်သာဖြစ်ပြီး အားထုတ်စရာသိပ်မလိုပေ။ မှန်ကန်သောနည်းစနစ်နှင့် အဓိကအချက်တစ်ချို့ကိုသာမှတ်သားရန်လိုလေသည်။

သို့သော်ယနေ့တွင် သူ၏ပုခုံးနှင့်လည်ပင်းအားနိပ်နယ်ပေးရမည်ဖြစ်၍ ပိုမိုအားစိုက်ထုတ်ရမည်ဖြစ်သည်။

သူမ၏အချိန်အများစုအား စာကြည့်တိုက်တွင်ကုန်ဆုံးတတ်သော ယန်ရှီသည် မီတာ၈၀၀ပြေးရသည်ကိုပင် မနည်းပြေးရတတ်သည်။ ရလဒ်အနေဖြင့် ကျုံယန်စီအတွက် အားပြင်းသောဖိနှိပ်မှုအစား နူးညံ့သိမ်မွေ့သည်ကိုင်တွယ်မှုကိုသာခံစားလိုက်ရသည်။ သူသည် ယန်ရှီနှိပ်ပုံနှင့်ဆိုလျှင် အကြောများပြေလျော့သွားမည်မဟုတ်ကြောင်း သဘောပေါက်သွားလေသည်။ ထိုအစား သူ၏ခန္ဓာကိုယ်သည် ပူလောင်လာကာ သူမမည်သည့်နေရာအားဆက်နှိပ်မည်ကို မသိနိုင်ပေ။ သူ့ရင်ဘတ်သည် နိမ့်ချည်မြင့်ချည်ဖြစ်လာကာ အသက်ရှူသံသည်ပို၍ပြင်းလာလေသည်။

ကျုံယန်စီ ဖြစ်ပျက်နေသည်ကိုသတိမပြုမိစွာဖြင့် ယန်ရှီသည်ဗီဒီယိုအတွင်းမှညွန်ကြားချက်အားလိုက်လုပ်နေကာ သူမ၏စိတ်ထဲတွင် “ကံကောင်းမှုအမှတ်များ” အားတွက်ရင်းအလုပ်များနေလေသည်။

သီအိုရီအရဆိုလျှင် ကျုံယန်စီသည် ညနက်သည်အထိမနေပါက သူသည် “ကျန်းမာရေးအမှတ်များ” တိုးနိုင်မည်ဖြစ်သည်။ တစ်မျိုးပြောရလျှင် သူပို၍ကျန်းမာနေလျှင် ရုတ်တရက်သေဆုံးမှု မဖြစ်လာနိုင်ကာ သူမသည်လည်း “ကံကောင်းမှုအမှတ်များ” တိုးပွားနိုင်မည်ဖြစ်သည်

ထိုရှူထောင့်မှကြည့်မည်ဆိုလျှင် သူအားစောစောအိပ်ရန်တိုက်တွန်းခြင်းထက် ကံကောင်းမှုအမှတ်များ ရနိုင်ရန်နည်းလမ်းများစွာရှိလေသည်။

နှိပ်ခြင်းသည်လည်း အလုပ်ဖြစ်နိုင်သည်။

မျှတသည့် အစားအသောက်ပုံစံသည်လည်း ကူညီပေးနိုင်လောက်သည်။

ဖြစ်လာနိုင်ချေရှိသော ပြဿနာများအားရှာဖွေရန် ကျန်းမာရေးစစ်ဆေးမှုလုပ်လျှင်အဆင်ပြေနိုင်သည်မလား။

သူမတွေးလေလေ ယန်ရှီ၏စိတ်လှုပ်ရှားမှုသည်လည်း တိုးလာလေဖြစ်သည်။ သူမသည် ထိုထဲသို့လုံးဝစိတ်ပါဝင်စားသွားကာ ကြမ်းပြင်ပေါ်ရှိ အားသွင်းကြိုးအား သတိမပြုမိသွားပဲ သူမတက်ပလက်ကို ယူရန် အခြားစားပွဲတစ်ဖက်သို့သွားလိုက်ချိန်တွင် သူမဟန်ချက်မညီဖြစ်သွားကာလဲကျသွားလေသည်။

“အား!!!”

ကျုံယန်စီသည် ခြေထောက်ချလိုက်သည်နှင့်တစ်ပြိုင်နက် ယန်ရှီကြမ်းပြင်ပေါ်သို့လဲကျသွားသည်ကိုမြင်လိုက်ရသည်။ သူမ၏ ညအိပ်ဂါဝန်အစသည် လိပ်တက်လာကာ သူမခြေကျင်းဝတ်ရှိအနီရောင်ခြစ်ရာများ ပေါ်လာပြီး ခြစ်ရာများမှတစ်ဆင့် သွေးစက်များအနည်းငယ်ကျလာလေသည်။ ကျုံယန်စီသည် သူ့မျက်ခုံးများမှာ သူမအား သူ၏လက်မောင်းထဲသို့သွင်းလိုက်သည်နှင့် တစ်ပြိုင်နက်ကြုတ်နေလေသည်။

ရုတ်တရက်လေပေါ်မြောက်သွားခြင်းသည် ယန်ရှီအားလန့်ဖြန့်သွားစေကာ ပြုတ်ကျမည်ကိုကြောက်သဖြင့် ကျုံယန်စီ၏လည်ပင်းအားလက်ဖြင့်အလိုလိုချိတ်လိုက်မိသည်။

ကျုံယန်စီသည် သူမအား ထိုင်ခုံပေါ်တွင်တင်လိုက်ကာ သူမရှေ့တွင်ဒူးထောက်ထိုင်လိုက်ရင်း ခြေကျင်းဝတ်ရှိ ဒါဏ်ရာအားကြည့်ရှုနေလေသည်။

ဒါဏ်ရာသည်သိပ်မကြီးပေ။ အကြွေစေ့တစ်စေ့စာလောက်သာရှိလေသည်။

သို့ပေမဲ့ ယန်ရှီ၏အသားအရေးမှာဖွေးဥနေသည်ဖြစ်ရာ သွေးထွက်နေသည့်ဒါဏ်ရာသည် သူမ၏ချောမွေ့နေသော အသားအရေပေါ်တွင် ထင်ရှားနေလေသည်။

ကျုံယန်စီသည် ဆေးသေတ္တာအားယူလိုက်ရင်း ယန်ရှီဘေးတွင်ထိုင်လိုက်ကာ သူမ၏ခြေထောက်အားသူ့ပေါင်ပေါ်သို့တင်လိုက်သည်။

သူ၏လက်မှအေးစက်သောအထိအတွေ့သည် ယန်ရှီအားတွန့်သွားစေသည်။

“မစ္စတာကျုံ၊ အဲတာကဒီတိုင်းခြစ်ရာလေးပါပဲ၊ နာတောင်မနာပါဘူး၊ အဲတာကြောင့်ဒီလောက်ကြီးလုပ်နေစရာမလိုပါဘူး”

သို့သော် ကျုံယန်စီသည်သူမပြောသည်အား လျစ်လျူရှူလိုက်ကာ ဒါဏ်ရာအားသန့်စင်ရန်အတွက် ဂွမ်းစနှင့်အိုင်အိုဒင်းများ ထုတ်နေလေသည်။ ယန်ရှီသည်ပို၍ပင် စိတ်လှုပ်ရှားလာကာ သူမ၏ခြေထောက်အား ပြန်လည်ဆွဲယူရန်ကြိုးစားနေခဲ့သည်။

“မလှုပ်နဲ့”

ကျုံယန်စီသည်သူမ၏ခြေကျင်းဝတ်အား ခပ်တင်းတင်းဆုပ်ကိုင်ထားရင်းပြောလိုက်သည်။

ယန်ရှီသည် ထစ်ငေါ့စွာဖြင့်

“ကျွန်…ကျွန်မအဲလိုမရည်ရွယ်ပါဘူး၊ အဲတာကယားလို့ပါ”

ကျုံယန်စီသည် ဒါဏ်ရာအား ဝါဂွမ်းဖြင့် ဂရုတစိုက်ဆေးပေးနေရင်းဖြင့် ပြောလိုက်သည်။

“သည်းခံနေလိုက် ကိုယ်မြန်မြန်လေးလုပ်ပေးဖို့ကြိုးစားပေးမယ်”

“ကျွန်..”

ယန်ရှီသည် ဂရုတစိုက်ခေါင်းအားငြိမ့်လိုက်လေသည်။

သူပြောသည်အားကြားပြီးသော်လည်း ယန်ရှီသည် ကျုံယန်စီသည်ရုတ်တရက်သူမအား ကလိထိုးလာမည်ကို စိုးရိမ်နေမိသည်။ ကျုံချင်းယွီသည် သူမယားတတ်သည်ကိုသိပြီး သူမအားမထင်သည့်အချိန်တွင် ကလိလိုက်ထိုးလေ့ရှိသည်။

ယန်ရှီသည် သူမ၏နှုတ်ခမ်းမားတင်းတင်းစေ့ထားကာ စိတ်လှုပ်ရှားမှုနှင့်အရှက်ကွဲမှုအားခံစားနေရပါသော်ညား ပြောဖို့ရန်အတွက် ရှက်ရွံနေလေသည်။ သူမသည် မျက်နှာအားတစ်ဖက်သို့လှည့်လိုက်ကာ သူမ၏အကြည့်သည် ရုတ်တရက်ကျုံယန်စီ၏မျက်နှာသို့အကြည့်ရောက်သွားလေသည်။

ခန်းမထဲရှိအလင်းရောင်သည် ကျုံယန်စီ၏ မျက်နှာပုံစံအား နူးညံ့စွာတောက်ပစေကာ သူ၏ထက်မြက်ကာ ချောမောသောအပိုင်းများအား ပေါ်လွင်စေသည်။

ယန်ရှီသည် ကျုံယန်စီအား ထိုရှူထောင့်မှာမြင်ရသည်မှာ အလွန်ရှားပါးလေသည်။ သူ၏အရပ်သည်အလွန်ရှည်သောကြောင့် သူမသည် တစ်ကြိမ်တစ်ခါမှ သူ့အားငုံ့ကြည့်ခဲ့ဖူးခြင်းမရှိပေ။ ယခုတွင်လျှင် သူနှင့်အလွန်နီးနေသောကြောင့် သူ၏အရေပြားပေါ်ရှိမွှေးညှင်းနုလေးများအထိမြင်တွေ့နိုင်လေသည်။

ယန်ရှီသည်သူမ၏ ကြည့်ကောင်းမှုများအား ခုခံနိုင်သည့်စွမ်းရည်အား အမြဲဂုဏ်ယူခဲ့သည်။ ကျုံချင်းယွီလို နတ်ဘုရားကဲ့သို့ အစိတ်အပိုင်းများရှိသူ၏ဘေးတွင် နေရခြင်းသည် သူမ၏စံနှုန်းများအား မြှင့်တင်လိုက်လေသည်။

“လောင်ကုန်းက အရမ်းချောတာပဲ”

ရှန့်ရှင်းဟယ်ကိုကြည့်၍ တခြားသူများမှ အော်နေလောက်သော်လည်း ယန်ရှီသည် SCI စာရွက်များရှိသူ၏ပုံများအားကြည့်ရင်း သူ၏မျက်နှာအား ပုံမှန်အတိုင်းချီးကျူးမည်သာဖြစ်သည်။ သူမအား မည်သူမှ စိတ်လှုပ်ရှားအောင်မလုပ်နိုင်ခဲ့ပေ။

သို့သော် သူမ ကျုံယန်စီအားကြည့်လိုက်ချိန်တွင် ယန်ရှီသည်သူမကြိုးစားပြုလုပ်ထားသည့် ခုခံနိုင်စွမ်းသည် အက်ကွဲလာသည်ကိုသတိထားမိလေသည်။

သူမသည် သူမ၏နှလုံးခုန်သံကိုပါကြားနေနိုင်လေသည်။

ကျုံယန်စီသည် သူမအကြည့်အားသတိထားမိသွား၍ ရုတ်တရက်မော့ကြည့်လာကာ သူမနှင့်မျက်လုံးချင်းဆုံသွားလေသည်။ ချက်ချင်းဆိုသလို ယန်ရှီသည်လည်း မျက်နှာလွဲသွားခဲ့သည်။

ကျုံယန်စီ ဒါဏ်ရာအားသန့်ရှင်းပြီးသွားချိန်တွင် ယန်ရှီသည် အိပ်မောကျနေပြီဖြစ်သည်။

သူမသည်ကျုံချင်းယွီ မွေးနေ့ပွဲတက်ရန်ကိစ္စအား စိုးရိမ်နေခဲ့သည့်အတွက် ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ပေ။ ယခုတွင် သူမမှာတွေးစရာလည်း မရှိသည့်အတွက် သတိမထားမိပဲအိပ်ပျော်သွားလေသည်။ သူမအသက်ရှူသံမှာ တည်ငြိမ်၍ပျော့ပြောင်းနေကာ သူမသည်နှစ်ခြိုက်စွာအိပ်ပျော်နေပုံရသည်။

သူမရှေ့ဆံပင်တစ်မျှင်သည် သူမ၏သေးသွယ်သောနှာခေါင်းပေါ်သို့ကျသွားလေသည်။ ကျုံယန်စီသည် နူးညံ့စွာဖြင့် သူမ၏နားနောက်သို့ပြန်လည်တင်ပေးခဲ့သည်။

ပြီးနောက်သူသည် သူမအားပွေ့ချီကာ သူမအခန်းထံသို့ဦးတည်သွားခဲ့သည်။

သူ့ထံမှရသော နွေးထွေးမှုသည် မာကျောသောထိုင်ခုံထက်စာလျှင် များစွာသက်သောင့်သက်သာရှိလေသည်။ ယန်ရှီသည် သူ့ရင်ခွင်ထဲသို့ ကြောင်လေးတစ်ကောင်ကဲ့သို့ကွေးလိုက်ကာ ပို၍ကပ်လာလေသည်။ အိပ်နေချိန်တွင် သူမသည် “ကျုံယန်စီ မသေပါနဲ့” ဟုညဥ်းညူခဲ့သေးသည်။

ကျုံယန်စီသည် ရပ်သွားကာ သူ၏မျက်နှာပေါ်တွင် အပြုံးမပျက်စွာဖြင့်

“ကိုယ်သေချာပေါက်အသက်ရှင်အောင်နေပါမယ်”

ယန်ရှီအား အိပ်ယာပေါ်သို့ချပေးလိုက်ပြီးချိန်တွင် ကျုံယန်စီသည်အခန်းထဲမှထွက်သွားလေသည်။

သူအပြင်ထွက်လိုက်သည်နှင့် ညဘက်လမ်းလျောက်ထွက်ရန်အတွက်ထလာသည့် ကျုံချင်းယွီနှင့်တွေ့လေသည်။

ကျုံချင်းယွီသည်အပြည့်အဝမနိုးသေးသောကြောင့် မီနီယမ်မျက်လုံးကာ သည် သူမနဖူးပေါ်တွင်ရှိနေ၍ သူမ၏ဆံပင်သည်လည်း ငှက်သိုက်ကဲ့သို့ရှုပ်ပွနေသည်။

သူမသည်ကျုံယန်စီအား ဒုတိယအကြိမ်ပင်မကြည့်ပဲ ကျော်လာခဲ့ပြီးနောက် ခြေလှမ်းအနည်းငယ်အကြာတွင် ရပ်တန့်သွားလေသည်။ သူမသည်နောက်သို့ပြန်လှည့်လာကာ သူအားသေချာကြည့်လိုက်ရင်း ယန်ရှီ၏အခန်းအားတစ်ချက်ကြည့်လိုက်သည်။

“နင်ဘာလို့ ယန်ရှီရဲ့အခန်းထဲကထွက်လာရတာလဲ၊ နင်သူ့ကိုဘာလုပ်လိုက်တာလဲ”

ကျုံယန်စီသည် မျက်မှောင်ကြုံလိုက်ကာ

“နင်ရဲ့ခေါင်းကတစ်ခုခုမှားနေတာလား”

ကျုံချင်းယွီသည် အလွန်အမင်းစိတ်ပူသွားကာ ယန်ရှီ၏အခန်းထဲသို့ အလျင်အမြန်ဝင်သွားဖို့ရာကြိုးစားလေသည်။ ကျုံယန်စီသည် သူမ၏လမ်းအားပိတ်လိုက်ကာ

“မဝင်သွားနဲ့ သူအိပ်ပျော်နေပြီ”

အကျဥ်းချုံးကာရပ်တန့်လိုက်ပြီးနောက် သူသည်

“မင်းလည်း နားသင့်နေပြီ”

“အို”

ကျုံချင်းယွီသည် သွားနေရာမှရပ်လိုက်ကာ

“ကောင်းပြီ အဲတာဆိုငါလည်း သွားအိပ်တော့မယ်”

အိပ်ငိုက်ခြင်းသည် ကျုံချင်းယွီရှိနောက်ဆုံးသောကျိုးကြောင်းစီလျော်မှုအား လွှမ်းမိုးသွားကာ သူမ၏အခန်းထဲသို့အလျင်အမြန်ပြ၍ သက်တောင့်သက်သာရှိသော အိပ်ယာပေါ်တွင်လှဲလိုက်လေသည်။

သို့သော်သူမ၏မျက်လုံးအားမှိတ်လိုက်သည့်အချိန်တွင် သူမရုတ်တရက်လန့်နိုးလာခဲ့သည်။

“ခဏနေစမ်းပါဦး၊ ငါကဘာလို့ကျုံယန်စီစကားကိုနားထောင်နေရမှာလဲ၊ သူကအိပ်ဆိုတာနဲ့ငါကဘာလို့အိပ်နေရမှာလဲ၊ ငါကဘာလို့သူ့ကိုနာခံနေရမှာလဲ”

နောက်တစ်နေ့မနက် အရုဏ်တက်အချိန်တွင်

ယန်ရှီ နိုးနိုးလာခြင်းတွင် system သည်သူမအား အကြောင်းကြားစာများဆက်တိုက်ပို့နေသည်ကို တွေ့လိုက်ရကာ နောက်ဆုံးအပ်ပုဒိတ်အား ပြထားသည်ကိုတွေ့လိုက်ရသည်။

[ကျုံယန်စီ၏ကျန်းမာရေးအခြေအနေသည် တိုးတက်လာကာ ကျုံချင်းယွီသည် ကံကောင်းမှုအမှတ် ၀.၃မှတ်တိုးလာခဲ့သည်။ ယခုကံကောင်းမှုအမှတ်စုစုပေါင်း: ၂၉.၉ မှတ်]

ယန်ရှီသည် အလွန်အမင်းပင်စိတ်လှုပ်ရှားသွားခဲ့သည်။

“မနေ့နေ့ကဘာဖြစ်သွားတာလဲ၊ ဘယ်လိုဖြစ်လို့ သူမ ကံကောင်းမှုအမှတ် ၀.၃ မှတ်တိုးသွားရတာလဲ”

system သည် မနေ့ညတွင် ဖြစ်ခဲ့သည့်အရာများအား ပြန်လည်ပြောလာခဲ့သည်။

[သိပ်မများပါဘူး တကယ်ပါ၊ host အိပ်ပျော်သွားပြီးတော့ ကျုံယန်စီက host ကိုချီပြီးအခန်းထဲပို့ပေးခဲ့ရုံပါ ဒါပါပဲ]

ယန်ရှီသည်သူမ၏ခေါင်းအား အကြောလျော့နေရင်း ရှုပ်ထွေးနေဆဲဖြစ်သည်။

ကျုံယန်စီ သူမကိုအခန်းထဲချီပြီးလိုက်ပို့ပေးတာက သူမရဲ့ကံကောင်းမှုအမှတ်ကိုအဲလောက်တောင်တိုးလာစေတာလား။

ထိုအခြေအနေတွင် သူမသည်ကျုံယန်စီအားသူမကိုညတိုင်းအခန်းထဲသို့ ချီပို့ခွင့်ပေးလိုက်မည်ဖြစ်သည်။

သို့ပေမဲ့လည်း သူမသည် သူမရည်ရွယ်ထားသည်ထက် ၀.၁ မှတ်နည်းနေဆဲဖြစ်ကာ ယခုညသည် လူအိုကြီးပေ၏ မွေးနေ့ပဲဖြစ်သည်။

ယန်ရှီသည်လျင်မြန်စွာ ထလိုက်သည်။

ယနေ့တွင် သူမရှင်းယောင်သို့သွားရမယ်ဖြစ်သည်။ “The bottom line” ၏တိုးတက်မှုသည် ရင်းနှီးမြုပ်နှံသူများစွာ၏ ရင်းနှီးမြုပ်နှံမှုများကြောင့် အဆင်ပြေနေလေသည်။ ရှန့်ရှင်းဟယ်သည်လည်း တိုးတက်လာနေကာ အချို့ထုတ်လုပ်ရေးအဖွဲ့များသည် သူ၏ဖြစ်နိုင်ချေများအား မြင်ကာ ဇာတ်ညွှန်းများအားပို့ထားပြီးဖြစ်သည်။

ရှန့်ရှင်းဟယ်သည် ရှင်းယောင်ဘက်မှစီမံခန်ခွဲပေးသည့် အနုပညာရှင်တစ်ဦးဖြစ်လေသည်။ သို့ပေမဲ့ ဇာတ်ညွှန်းရောက်လာသည့်အခါတိုင်းတွင် ချောင်ယန်သည် ယန်ရှီအား ဇာတ်လမ်းတွဲများအတွက်အမြင်ရှိသည်ဟုသူမထ်သောကြောင့် အမြဲခေါ်လေ့သည်။ ယန်ရှသည် ပရိုဂျူဆာ ရှူအား အမျိုးသမီးဇာတ်ပို့နှင့်ပတ်သက်၍ တင်ပြချက်အား ညနေ၆နာရီနောက်ဆုံးထား၍ပို့ပေးရန် မက်ဆေ့ချ်ပို့လိုက်သည်။

လူအိုကြီးပေ၏ မွေးနေ့ပွဲသည် ၆နာရီတွင်စတင်မည်ဖြစ်သည်။

ညနေ၄နာရီတွင် ရှင်းယောင်ရှိအလုပ်များအား ယန်ရှီအပြတ်ဖြတ်ပြီးသွားပြီ ဖြစ်သည်။ တစ်နေ့လုံးတွင်သူမသည် ကံကောင်းမှုအမှတ် တစ်မှတ်မှမရရှိခဲ့ပေ ထိုကြောင့်သူမ၏မျှော်လင့်ချက်အား *crazy* တွင်သာပုံအပ်ထားရမည်ဖြစ်သည်။ အလုပ်ပြီးနောက် ယန်ရှီသည်ကျုံချင်းယွီအားဖုန်းဆက်ကာ သူမနားတွင်ကပ်နေရန်အအတွက် စီစဥ်ထားပြီး ပေယွဲ့ပိုင်၏လမ်းလွဲခြင်းအားထပ်မခံရစေရန် ကာကွယ်ပေးမည်။ လိုင်း၏တစ်ခြားတစ်ဖက်တွင်မူ ကျုံချင်းယွီသည်ချိုမြိန်သောအသံဖြင့်

“ယန်ရှီ ငါအခုယွဲ့ပိုင်ကောကော ဆီမှာရောက်နေတာ၊ အဲတာနင်လာခဲ့ချင်လား”

သေစမ်း!

“ငါ့ကိုစောင့်ဦး၊ ငါအခုလာနေပြီ”

ယန်ရှီသည်ရှင်းယောင်အဆောက်အအုံမှ လေတစ်စင်းကဲ့သို့ ပြေးထွက်လာကာ လမ်းတွင် နို့လက်ဖက်ရည်ဝယ်ပြီးပြန်လာကြသော ချောင်ယန်နှင့်ဖန်ယွဲ့အား ဆုံလေသည်။ ထိုနှစ်ဦးသည်သူမအား နွေးထွေးစွာနှုတ်ဆက်ကြပါသော်ညား ယန်ရှီတွင်စကားပြောဖို့အချိန်မရှိသဖြင့် ရှင်းယောင်မှလျင်မြန်စွာထွက်လာခဲ့လိုက်သည်။

ဖန်ယွဲ့: “သူမဘာဖြစ်နေတာလဲ၊ သူမပြန်ဝင်စားဖို့မြန်းအလျင်လိုနေတာလား”

ချောင်ယန်သည် နို့လက်ဖက်ရည်များများတစ်ငုံအားသောက်လိုက်ကာ

“ငါထင်တာကတော့ သူလူသတ်ဖို့အတွက်အလျင်လိုနေတာထင်တယ်”

ယန်ရှီသည်လည်း အမှန်တကယ် တစ်ယောက်ယောက်အားသတ်ချင်စိတ်ဖြစ်နေမိသည်။

သူမသည် တက်စီထဲတွင် ပရိုဂျူဆာရှူအား ရလဒ်အတွက်တောင်းဆိုနေကာ အရန်အစီအစဥ်များအား စီစဉ်နေခဲ့သည်။

သူမ၏တက်ဘလက်ပေါ်တွင် သူမသည်ပရောဂျက်ဌာန၏ဖိုင်များအား ပြန်လည်သုံးသပ်နေရင်း အမြတ်အစွန်းထွက်သောပရောဂျက်များအား စီစစ်နေခဲ့သည်။ အကယ်၍ကျုံချင်းယွီသည် ထိုဇာတ်ကောင်အားမရရှိခဲ့ပါက ရှင်းယောင်အတွက်သူမသည် နောက်ထပ်အကျိုးအမြတ်များသည့် ပရောဂျက်အားအမြန်ရယူနိုင်ရန်လိုအပ်သည်။

သို့ပေမဲ့ကောင်းမွန်သော ပရောဂျက်များသည် ရရှိရန်ခက်ခဲလေသည်။

ဖျော်ဖြေရေးနယ်ပယ်သည် မထင်ထားပဲအောင်မြင်သွား မည့်အရာများ အားထုတ်လုပ်သည်မှာ ရှားပါးသည်။

ယန်ရှီသည်သက်ပြင်းချလိုက်သည်။ သူမတွင် ၀.၁ မှတ်သာလိုနေသည်။ အကယ်၍အချိန်ဖိအားသာမရှိခဲ့လျှင် သူမသည်လည်း ထိုမျှအလျင်လိုနေမည်မဟုတ်ပေ။

“ system အကယ်၍အားလုံးကိုငါတို့မလုပ်နိုင်ခဲ့ဘူးဆိုရင် ငါတို့ချင်းယွီကိုဖမ်းချုပ်ထားပြီး ပွဲကိုမသွားအောင်လုပ်လိုက်ကြမယ်ဆိုရင်ကော”

[!!!]

[ host အဲဒီစိတ်ကူးကို ဖယ်ပစ်လိုက်စမ်းပါ ]

ပေယွဲ့ပိုင်၏နေရာသည် အဆင့်မြင့်အသိုင်းအဝိုင်းများ၏နေရာဖြစ်သော မြစ်ဘေးရှိအိမ်တော်တွင်ဖြစ်သည်။

ဤသည်မှာဟိုင်မြို့၏ ဂုဏ်သက္ခာရှိအိမ်ရာတစ်ခုဖြစ်ပြီး ကျုံချင်းယွီ၏မြို့လည်ရှိတိုက်ခန်းနှင့်အလွန်ကွာခြားလေသည်။

ပေယွဲ့ပိုင်သည်၏ဧည့်ခန်းထဲတွင်ဖုန်းခေါ်နေချိန်တွင် ကျုံချင်းယွီသည် အဝတ်ထားခန်းထဲတွင်အဝတ်အစားလဲနေခဲ့သည်။

“*Crazy* ပရောဂျက်အတွက် ပြန်ပြီးအရည်အချင်းစစ်ဖို့လိုတယ် ဟုတ်လား၊ ငါ့ကိုလာနောက်နေတာလား ငါတို့ကရင်းနှီးမြုပ်နှံတဲ့သူတွေလေ၊ ဇာတ်ပို့တစ်ယောက်အတွက်ငါတို့ဒီတိုင်း ဆုံးဖြတ်လိုက်လို့မရဘူးလား”

ဖုန်းလိုင်း၏တစ်ခြားတစ်ဖက်တွင် ပရိုဂျူဆာရှူသည် သေချာရှင်းပြနေကာ

“သခင်လေးပေ ဒါကရှင်းယောင်ဘက်က ပြောင်းဖို့အတွက်တောင်းဆိုခဲ့တာပါ”

ပေယွဲ့ပိုင်သည် မျက်မှောင်ကြုတ်လိုက်သည်။

“ကျုံချင်းယွီက ရှင်းယောင်ရဲ့ဒါရိုက်တာလေ၊ ဘယ်သူကများ သူရဲ့ဆုံးဖြတ်ချက်ရဲ့အထက်မှာရှိနေနိုင်မှာလဲ”

“အဲတာကအမှန်ပါပဲ၊ ဒါပေမဲ့ တကယ်ရင်းနှီးမြုပ်နှံတာက ကျုံဂရုပါ၊ ပြီးတော့ကျုံဂရုက တာဝန်ပေးထားတဲ့သူက ယန်ရှီကိုပါ၊ အဲတာကြောင့်ကျုံချင်းယွီရဲ့ဆုံးဖြတ်ချက်က အကျုံးမဝင်ပါဘူး၊ ယန်ရှီရဲ့ဆုံးဖြတ်ချက်ပဲကအကျုံးဝင်တာပါ”

ပရိုဂျူဆာ ရှူသည် မြေခွေးအိုကြီးဖြစ်သည်။ သူသည် သူ၏အမှားအားအခြားသူထံသို့ပုံချလို့ရလျှင် ပုံချလိုက်မည်ဖြစ်သည်။ သူသည်မည်သောအခါမှ တာဝန်ယူမည်မဟုတ်ပေ။

ထပ်ပြောရလျှင် သရုပ်ဆောင်များအား ပြောင်းချင်သည်မှာ ယန်ရှီဖြစ်သည်။ သူမမှားပေ။ ပေယွဲ့ပိုင်သည် သူမျက်လုံးများအားကျဥ်းမြောင်းလိုက်ကာ ယန်ရှီ ဟုသောနာမည်အား ယခုတလောမကြာခဏကြားနေရလေကာ သူ့အားအနှောင့်အယှက်ဖြစ်စေသည်။

တံခါးဘဲလ်မြည်သွားကာ အိမ်ဖော်တစ်ဦးသည်ယန်ရှီအား ဧည့်ခန်းထဲသို့ဦးဆောင်ခေါ်လာလေသည်။ ပေယွဲ့ပိုင်သည် ပို၍မျက်မှောင်ကြုတ်လာလေသည်။ ပရောဂျက်သည်အရေးကြီးသည်။ ရဲ့လော့ယီသာ ထိုဇာတ်ကောင်ကိုရလိုက်ပါက ဖျော်ဖြေရေးလောကအား သူမထိုးဖောက်ရန်လွယ်ကူသွားမည်ဖြစ်ပြီး ထျန်ဟွေ့အတွက်လည်း အကျိုးအမြတ်တစ်ခုရရှိမည်ဖြစ်သည်။

သူသည် ယန်ရှီဆီသို့လျှောက်သွားလိုက်ကာ

“မင်းက အင်တာကွန်နက်(interconnect) entertainment ကိုသရုပ်ဆောင်တွေပြောင်းဖို့ပြောလိုက်တဲ့သူလား”

ယန်ရှီသည် ပရိုဂျူဆာရှူ၏ တင်ပြချက်နှောင့်နှေးမှုကြောင့် စိတ်အခြေအနေမကောင်းသည်ဖြစ်ရာ ပေယွဲ့ပိုင်၏ ဂိမ်းများအား စိတ်မရှည်တော့ပေ။

“ဟုတ်တယ် အဲတာကျွန်မပဲ၊ အဲတာနဲ့ပတ်သက်ပြီး ပြဿနာရှိနေလို့လား”

ပေယွဲ့ပိုင်၏မျက်နှာသည်မှောင်မိုက်သွားကာ

“မင်းကအပြင်လူပဲ မင်းကဘာသိလို့လဲ၊ အဲဒီနေရာမှာ လော့ယီကိုမထည့်ဘူးဆိုရင် တခြားဘယ်သူရှိသေးလို့လဲ”

ယန်ရှီ၏အကြည့်သည် ဒေါသများနှင့်အထင်မြင်သေးခြင်းများဖြင့် ပြည့်နှက်နေကာ ပြောလိုက်သည်။

“တခြားဘယ်သူရှိသေးလို့လဲ၊ ကျွန်မကတော့ချင်းယွီကိုထောက်ခံပေးတယ်”

သူမသည် ပေယွဲ့ပိုင်၏ဖုန်းအားအကြည့်တစ်ချက်ရောက်သွားကာ ပရိုဂျူဆာရှူသည် ဖုန်းမချသေးသည်ကိုမြင်လိုက်လေသည်။

“အို အဲတာဆိုပရိုဂျုဆာ ရှူက ရှင့်ကို ရဲ့လော့ယီ အဲဒီဇာတ်ကောင်ကိုမရလိုက်ဘူးဆိုတာ ပြောပြီးပြီပေါ့၊ သူမရဲ့ဖျော်ဖြေမှုက ချင်းယွီလောက်မှမကောင်းခဲ့တာ သူမ မရတာပုံမှန်ပါပဲ”

ပေယွဲ့ပိုင်သည် ထိုအရာအားအဓိပ္ပါယ် မရှိဟုထင်မြင်ခဲ့သည်။ ကျုံချင်းယွီ၏ဖျော်ဖြေမှုသည် ရဲ့လော့ယီအားမည်သို့ ကျော်နိုင်မည်နည်း။

“မင်း ပရိုဂျူဆာရှူကို ရင်းနှီးမြုပ်နှံမှုနဲ့ပေါက်ပြီး ခြိမ်းခြောက်ထားတာပဲဖြစ်ရမယ်၊ လော့ယီက အဲဒီဇာတ်ကောင်ကိုမရလိုက်ဘူးဆိုရင်တောင် ချင်းယွီကတော့ရမှာမဟုတ်ဘူး”

ယန်ရှီသည် ရီမောလိုက်ကာ

“ဘာလို့ ချင်းယွီကမရနိုင်ရမှာလဲ၊ ဒီဇာတ်ကောင်ကcello တီးတတ်ဖို့တောင်းဆိုထားတာ ချင်းယွီလည်းတီးတတ်တယ်လေ၊ ပြီးတော့ ဒီဇာတ်ရုပ်မာနကြီးတဲ့မိန်းမပျိုလေးတစ်ယောက်လေ အဲတာကလည်း ချင်းယွီပဲ၊ ရဲ့လော့ယီကဘာလုပ်တတ်လို့လဲ၊ အားလုံးကိုခြုံငုံပြီးပြောရမယ်ဆိုရင် ချင်းယွီကလုံးဝလိုက်ဖက်တဲ့ သူပဲ၊ အို…သခင်လေးပေ ရှင် ချင်းယွီ cello တီးတတ်တာမသိဘူးလို့တော့ ကျွန်မကိုမပြောနဲ့နော်၊ ရှင့်ရဲ့ဇနီးလောင်းကိုဘယ်လိုလုပ် ဂရုမစိုက်ပဲနေနိုင်ရတာလဲ၊ ရှင့်ရဲ့အာရူံစူးစိုက်မှုတွေကဘယ်ကိုရောက်နေတာလဲ”

ပေယွဲ့ပိုင်သည် ဒေါသထွက်လာလေသည်။ ထျန်းဟွေ့၏ စီအီးအိုဖြစ်လာပြီးနောက် သူအားထိုကဲ့သို့မည်သူမျှစကားမပြောရဲကြပေ။ ပေဟန်လီလျှင်ပင် သူအား ကုမ္ပဏီအစည်းအဝေးများတွင် လေးစားမှုအနည်းငယ်ပြပေးရသည်။

ယန်ရှီကဲ့သို့ ဆင်းရဲသည့်ကျောင်းသူတစ်ဦးသည် သူ့အားမရေတွက်နိုင်စွာစိန်ခေါ်ခဲ့ဖူးသည်။ သို့သော်ယခုတွင် သူမသည်သူ၏အကြံအစည်များအား ဖျက်စီးနေလေသည်။

သူစောစောကဆုံးရှုံးခဲ့ရသည့် သန်းပေါင်းများစွာအားတွေးမိရင်း ပေယွီပိုင်သည် နောင်တရလာလေသည်။

သူသည်သူ့လက်အားမြှောက်လိုက်ကာ ယန်ရှီအားရိုက်လုမတတ်ဖြစ်သွားလေသည်။ သို့သော်နှစ်ပေါင်းများစွာ မျိုးကြီးရိုးကြီးတွင်ကြီးပြင်းလာသည်ဖြစ်သောကြောင့် သူကိုယ်သူအချိန်မီရပ်တန့်လိုက်နိုင်လေသည်။

ထိုအချိန်တွင် အဝတ်ထားခန်း၏တံခါးမှာပွင့်လာကာ ကျုံချင်းယွီသည် ဧည့်ခန်းထဲသို့လျှောက်လာလေသည်။ ပေယွဲ့ပိုင်သည် အသက်ပြင်းပြင်းရှူလိုက်ကာ တွေးလိုက်သည်။

ယန်ရှီမှာ အရေးမပါပေ။ ကျုံချင်းယွီကသာ ကျုံမိသားစု၏မမလေးဖြစ်သည်။ သူသည် ကျုံချင်းယွီအားထိန်းချုပ်နေနိုင်သ၍ ထိုဇာတ်ကောင်အားပြန်ရနိုင်ဖို့ရာအခွင့်အရေးရှိသည်။

“ချင်းယွီ”

ပေယွဲ့ပိုင်သည် ချင်းယွီထံသို့လျှောက်သွားသည်။

သူ၏နောက်တွင် ယန်ရှီသည် “အောက်ချ်” ဟုအော်ဟစ်လိုက်သည်။

သူမသည်မြေပြင်ပေါ်သို့လဲကျသွားကာ သူမ၏မျက်နှာအား သနားစဖွယ်ကိုင်ထားလေသည်။

“သခင်လေးပေ ကျွန်မကချင်းယွီကိုဇာတ်ကောင်ရအောင်ကူညီပေးရုံပါ၊ ရှင်ဘာလို့ကျွန်မကိုရိုက်ရတာလဲ”

ပေယွဲ့ပိုင်: ?

“အား”

သူမသည်နောက်တစ်ကြိမ်နာကျင်စွာအော်ဟစ်ငိုယိုလိုက်ကာ သူမ၏အဖြူရောင်ဘောင်းဘီအပွ၏အစအား လှန်ပြလိုက်ကာ သူမ၏ခြေကျင်းဝတ်ရှိဒါဏ်ရာအားပြလိုက်သည်။

“အဲတာကအရမ်းနာတာပဲ”

ပေယွဲ့ပိုင်:??????

ပေယွဲ့ပိုင်သည် သူ၏လက်အားကြည့်ကာ ယန်ရှီအားပြန်ကြည့်လိုက်သည်။

ဘာတွေလဲ သူသူမကိုထိတောင်မထိခဲ့ဘူးလေ။

ကျုံချင်းယွီသည် Brand A မှပွဲတက်ဝတ်စုံအားဝတ်ဆင်ထားကာ သူမ၏စကပ်အားမကိုင်ရင်း ယန်ရှီထံသို့လျင်မြန်စွာသွားနေသည်။ ယန်ရှီ၏ခြေကျင်းဝတ်ရှီ ထိတ်လန့်ဖွယ်ဒါဏ်ရာအားတွေ့လိုက်သော အခါသူမနှလုံးသားများနာကျင်လာခဲ့သည်။ Taxi ထဲတွင် ယန်ရှီသည် ဆေးကပ်ခွာအားခွာလိုက်ရင်း အရက်ပြန်ဖြင့်ဖြင့်အိုင်အိုဒင်းအစွန်းအထင်းများအား ဆေးကြောပစ်ခဲ့သည်။ အနာမကျက်သေးသည့် ဒါဏ်ရာသည် ယခုတွင်ပို၍ဆိုးကာ ကြည့်ရသည်ကိုပင်သနားစဖွယ်ဖြစ်နေသည်။

“ယွဲ့ပိုင်ကော ရှင့်လိုအရွယ်ရောက်ပြီးသား ယောက်ျားတစ်ယောက်က ယန်ရှီကိုဒီလိုမျိုးအနိုင်ကျင့်ရက်ရတာလဲ”

ပေယွဲ့ပိုင်သည် စိတ်ရှုပ်သွားကာ

“ကိုယ်က သူ့ကိုအနိုင်ကျင့်တယ်လား”

ဘယ်သူကဘယ်သူကိုအခုအနိုင်ကျင့်နေတာလဲ။

ကျုံချင်းယွီသည် ယန်ရှီအားထူလိုက်ကာ ထိုင်ခုံပေါ်သို့ကူတင်ပေးလိုက်သည်။

ယန်ရှီ၏မျက်လုံးထဲတွင် မျက်ရည်များပြည့်နေကာ

“ချင်းယွီ ဒုတိယသခင်လေးကိုအပြစ်မတင်ပါနဲ့၊ ငါငါ့ဘာသာချော်လဲသွားတာပါ၊ သူ သူ ငါ့ကိုဘာမှမလုပ်ပါဘူး”

ပေယွဲ့ပိုင်သည်ချက်ချင်းပဲ ထောက်ခံကာခေါင်းငြိမ့်ပြလိုက်ကာ

“သူမပြောလိုက်တာ အမှန်ပဲ”

ကျုံချင်းယွီသည် ဒေါသထွက်သွားကာ

“ယွဲ့ပိုင်ကော ရှင်တအားတာဝန်ယူမှုမရှိတာပဲ၊ တကယ်လို့အဲတာ ကောမလုပ်ဘူးဆိုရင် ဘယ်လိုလုပ်ယန်ရှီက ဒါဏ်ရာရသွားမှာလဲ”

ပေယွဲ့ပိုင်သည် ဥာဏ်ရည်မမှီတော့ပေ။ သူသည်လည်း ယန်ရှီမှာ မည်ကဲ့သို့ ပြုတ်ကျကာ ဒါဏ်ရာရသွားသည်အားသိချင်ပေသည်။

ပေယွဲ့ပိုင်သည် ယန်ရှီအားလက်ညိုးထိုးလိုက်ကာ

“ကျံချင်းယွီ သူက မင်းကိုလိမ်နေတာ၊ အဲဒီဒါဏ်ရာကအတုပဲ မင်းသူမကို ကိုယ်ထက်ပိုယုံတော့မလို့လား”

ကျုံချင်းယွီသည် တခဏမျှတွေဝေသွားကာ သူမ၏မျက်လုံးများတွင် သံသယများပေါ်ပေါက်လာလေသည်။

ထိုခဏတွင် ယန်ရှီ၏နှလုံးသားသည် တင်းကြပ်သွားသည်။

သူမသည် ထိုဇာတ်ကွက်အားအတင်းအကြပ်ပြောင်းလဲမှုသည် မည်မျှထိလုပ်နိုင်မည်မှန်းမသိပေ။ ထိုလှည့်ကွက်သည် ရဲ့လော့ယီထံတွင် အနည်းငယ်အလုပ်လုပ်ခဲ့ကာ ပေယွဲ့ပိုင်တွင်လုံးဝအလုပ်မဖြစ်သည်လား။ ကျုံချင်းယွီသည် ယန်ရှီအားကြည့်လိုက်လေသည်။ သူမမျက်နှာပေါ်ရှိအနီရောင်အမှတ်သည် သိပ်မထင်ရှားပေ သို့ပေမဲ့ သူမ၏ခြေကျင်းဝတ်ရှိဒါဏ်ရာသည် သွေးထွက်နေသကဲ့သို့ဖြစ်လေသည်။

ဖြစ်နိုင်ချေသည် သူမသည်ပေယွဲ့ပိုင်ရိုက်ချက်အားရှောင်ရှားရင်း သူမ၏ခြေထောက်အား ဒါဏ်ရာရသွားခြင်းဖြစ်နိုင်သည်။

ထိုသို့တွေးလိုက်ရင်း ကျုံချင်းယွီသည် ပို၍ပင်ဒေါသထွက်လာကာ

“ယွဲ့ပိုင်ကော ဒီဒါဏ်ရာကအစစ်ပဲ ရှင်တအားလွန်နေပြီ၊ ရှင်ကယန်ရှီကိုနာကျင်အောင်လုပ်တာတင်မဟုတ်ပဲ သူ့ကိုပါစွပ်စွဲနေသေးတယ်၊ ရှင်ကဘယ်လိုလူမျိုးလဲ”

ပေယွဲ့ပိုင်: ????

ပေယွဲ့ပိုင်သည် ထိုကဲ့သို့မည်သောအခါမှ မစွပ်စွဲခံခဲရဖူးပေ။

တိုက်ခန်းတစ်ခုလုံးသည်လည်း လက်ဖက်ရည်စိမ်း အနံများဖြင့်ပြည့်နှက်နေလေသည်၊

ပေယွဲ့ပိုင်သည်ဒေါသထွက်ကာ သူဘာပြောရမည်ကိုပင်မသိတော့ပေ။ ထိုအချိန်တွင် ဖုန်းမြည်လာကာ သူအဖေထံမှဖုန်းဝင်လာလေသည်။

“မွေးနေ့ပွဲကစတော့မယ်၊ မင်းဘာလို့အခုထိမရောက်လာသေးတာလဲ”

ပေယွဲ့ပိုင်၏ ရင်ဘတ်ထဲတွင် မကျေနပ်မှုများဆို့နစ်နေသည်ကိုခံစားနေရသည်။

“ကျွန်တော်အခုပဲလာနေပြီ”

သူသည်ဖုန်းအားချလိုက်ကာ ကျုံချင်းယွီထံသို့ ပြန်လာလေသည်။

သူသည်ယန်ရှီအားဖြတ်သွားချိန်တွင် သူမအားစူးစူးရဲရဲကြည့်လိုက်သည်ကို ကျုံချင်ယွီသတိထားမိသွားကာ မျက်မှောင်ကြုတ်လိုက်သည်။

ပေယွဲ့ပိုင်သည် “ကျုံချင်းယွီ အဲတာကတကယ်ကိုယ်နဲ့ဘာမှမဆိုင်ဘူး၊ မင်းယုံချင်လည်းယုံ မယုံချင်လည်းရတယ်၊ အဲတာကမင်းအပေါ်မှာပဲမူတည်တယ်၊ အခုတော့ကိုယ်ပွဲကိုသွားမှရမယ် ဒီနေ့ညကအရေးကြီးတယ်၊ မင်းလည်း ယန်ရှီရဲ့ကိစ္စကို ဖြေရှင်းပြီးတာနဲ့မြန်မြန်လာခဲ့” ဟုပြောလိုက်သည်။

ကျုံချင်းယွီသည် စိတ်အခြေအနေမကောင်းနေသော်ညား ယနေ့ညပွဲသည်အရေးကြီးသည်အားသိရာ သူမသည်ရှုံ့တွစွာဖြင့်

“သိတယ်” ဟုပြန်ဖြေခဲ့သည်။

ပေယွဲ့ပိုင်သည် အပေါ်အင်္ကျီအားဝတ်ကာ တိုက်ခန်းမှအလျင်အမြန်ထွက်သွားခဲ့သည်။

ကျုံချင်းယွီသည် ယန်ရှီအားကူထူလိုက်ကာ

“ငါနင့်ကို ဆေးရုံကိုခေါ်သွားပေးမယ်”

ကျုံချင်းယွီသည် သူမ၏ကိုယ်ပိုင်ကားအား အိမ်ရာအပြင်ဖက်တွင် ရပ်ထားသည်။

ရှောင်မုန့်သည် ကားထဲတွင်သူမဖုန်းအားတိတ်တဆိတ်သုံးနေရင်း ကျုံချင်းယွီသည်ယန်ရှီအားတွဲလာနေသည်ကိုမြင်လိုက်ရသည်။ သူမသည်လည်း လျင်မြန်စွာထွက်လာကာ တံခါးကူဖွင့်ပေးလိုက်သည်။

“ယန်ရှီဘာဖြစ်သွားတာလဲ၊ သူမဒါဏ်ရာရလာတာလား”

“သူမကိုအထဲအရင်ဝင်ဖို့ကူညီပေးလိုက်ဦး”

ရှောင်မုန့်သည် သူမစကပ်အားကိုင်လိုက်ပြီး ကားခန်းထဲတွင်ရှိသော ကပ်ကြေးအားရှာဖွေနေချိန်တွင် ယန်ရှီအား ကူညီပေးထားသည်။ ပြီးနောက်လျင်မြန်စွာဖြင့် ဆွဲဖြဲလိုက်ကာ သူမ၏ကြမ်းပြင်အထိရှည်သည်ဂါဝန်သညိ ယခုတွင်ဒူးအထိအရှည်သာရှိတော့သည်။

ယန်ရှီနှင့်ရှောင်မုန့်မှာ လန့်ဖြတ်သွားကြသည်။

ရှောင်မုန့်မှာမသိလောက်သော်လည်း ယန်ရှီသည် ထို Brand A မှအဖြူရောင်ပွဲတက်ဂါဝန်သည် ၁.၃ သန်း RMB တန်သည်ကိုသိလေသည်။

ကျုံချင်းယွီသည်မူ ဂရုစိုက်သည့်ပုံမပေါ်ပေ။ သူမသည်ပုံမှန်အတိုင်း သူမညှပ်ပစ်လိုက်သည့်စကပ်စအား အနောက်ခုံသို့တင်လိုက်လေသည်။

“ဒါကပိုပြီးသက်တောင့်သက်သာရှိတယ်၊ အခုဆေးရုံကိုသွားကြရအောင်”

ရှောင်မုန့်သည် ရွှီအန်းလင်းတယ်နှင့် အနီးဆုံးဆေးရုံအားဦးတည်မောင်းသွားသည်။ လမ်းတွင်သူမသည် ကျုံချင်းယွီအား

“ချင်းယွီ နင်ဒီည လူအိုကြီးပေရဲ့ မွေးနေ့ပွဲကိုတက်ရမှာမလား”

ကျုံချင်းယွီသည် မငြင်းဆိုပဲ။

“ငါယန်ရှီရဲ့ဒါဏ်ရာကို ကုပြီးသွားမှပဲသွားတော့မယ်၊ နည်းနည်းလေးနောက်ကျတာကဘာမှ ပြဿနာမရှိပါဘူး”

ယန်ရှီသည်စိုးရိမ်မိသွားသည်။ ကျုံချင်းယွီသည် မွေးနေ့ပွဲအားတက်ရောက်ရန် အစီအစဥ်ရှိနေသေးပုံရသည်။ “ကံကောင်းမှုအမှတ်” များမရှိလျှင် သူသည်ဇာတ်ကြောင်းအား ပြောင်းလဲ၍မရနိုင်ပေ။

အနီးဆုံးဆေးရုံဖြစ်သော ဟိုင်မြို့ဆေးရုံသည် နာရီဝက်ခန့်ဝေးသည်။ ထိုအချိန်တွင် ပရိုဂျူဆာရှူသည် သူမအား ဂရုတစိုက်စဥ်းစားပြီးနောက်သူနှင့် ဒါရိုက်တာဝေ့သည့် ကျုံချင်းယွီ၏ ဖျော်ဖြေမှုအားစိတ်တိုင်းအကျဆုံးဖြစ်ခဲ့သည်ဟု စာပို့လိုက်လေသည်။ တရားဝင်အဖွဲ့သည် စာချုပ်အားတစ်နာရီအတွင်း အပြီးသတ်ကာ အီလတ်ထရောနစ်ဗားရှင်းအား ချောင်ယန်ထံပို့ပေးမည်ဖြစ်သည်။

နောက်တစ်မျိုးဆိုလျှင် ယန်ရှီသည်နောက်ထပ်အချိန် နာရီဝက်ခန့်ဆွဲထားရန်လိုအပ်သည်။

ထိုအချိန်တွင် ပေယွဲ့ပိုင်သည် ကျုံချင်းယွီအားဖုန်းခေါ်လာကာ မေးနေ့ပွဲသို့အမြန်လာခဲ့ရန်ပြောနေလေသည်။ ယန်ရှီသည် ထိုအခွင့်အရေးအားအမိအရရယူကာ ရှောင်မုန့်၏ပုခုံးအားထိလိုက်ကာ “ဖြေးဖြေးမောင်း” ဟုတီးတိုးပြောလိုက်သည်။

ရှောင်မုန့်သည် တိုးတိုးလေးဖြင့် “ဒါပေမဲ့ နင်နာနေတယ်မဟုတ်ဘူးလား အဲတာကမကောင်းဘူးလေ”

“ငါတို့နောက်ကျတဲ့မိနစ်တိုင်းက ချင်းယွီ ပေယွဲ့ပိုင်ရဲ့အာဏာစက်ကလွတ်မဲ့အချိန်တွေပဲ၊ သူတို့တွေအတူရှိတဲ့အချိန်နည်းလေ ပိုကောင်းလေပဲ”

ရှောင်မုန့်မှာ အကြွင်းမဲ့သဘောတူလေသည်။ သူမသည်လည်း ပေယွဲ့ပိုင်အား တစ်ကြိမ်တစ်ခါမှ အကောင်းမမြင်ခဲ့ပေ။ရလာဒ်အနေနှင့် နာရီဝက်နှင့်ရောက်ရမည့်ခရီးသည် တစ်နာရီနီးနီးမှသာ ရောက်သွားခဲ့သည်။

ကျုံချင်းယွီ ယန်ရှီအားကူညီကာ ဆေးရုံထဲသို့တွဲခေါ်နေချိန်တွင် မွေးနေ့ပွဲသည်လည်း စတင်တော့မည်ဖြစ်သည်။ သို့ပေမဲ့ ယန်ရှီသည် တတ်နိုင်သမျှအချိန်ဆွဲမည်ဟုဆုံးဖြတ်ထားရာ လမ်းကိုအလွန်နှေးကွေးစွာလျှောက်ကာ “အို အဲတာကအရမ်းနာတာပဲ ချင်းယွီတအားအမြန်ကြီးမလျှောက်နဲ့” ဟုညည်းနေသည်။

ရှောင်မုန့်မှာလည်း အတူတကွပါဝင်သရုပ်ဆောင်ကာ

“ချင်းယွီ ယန်ရှီကြည့်ရတာအရမ်းနာနေတဲ့ပုံပဲ ဖြေးဖြေးလေးသွားကြရအောင်”

နောက်ဆုံးတွင်တော့ ကျုံချင်းယွီသည် ဘီးတပ်ကုလားထိုင်အားယူလာကာ ယန်ရှီအားစစ်ဆေးရေးဌာနသို့တွန်းလာခဲ့သည်။ ကျုံချင်းယွီသည် ဆရာဝန်တစ်ယောက်အားဆွဲလိုက်ချိန်တွင် ယန်ရှီသည်နာကျင်စွာညည်းညူနေခဲ့သည်။

“ဆရာဝန် သူ့ကိုမြန်မြန်စစ်ဆေးပေးပါ”

ဆရာဝန်ငယ်လေးသည် စိတ်လှုပ်ရှားစွာဖြင့် မက်စ်အားတတ်လိုက်ကာ ယန်ရှီ၏ခြေထောက်အားသေချာစစ်ဆေးပေးနေသည်။

ပြီးနောက် သူသည်မျက်မှောက်ကြုတ်ကာ

“မင်းတို့ဒီကိုစောစောလာခဲ့သင့်တာ”

ကျုံချင်းယွီသည်ရုတ်တရက်နှလုံးခုန်ရပ်တန့်သွားကာ

“အဲတာကအဲလောက်တောင်ဆိုးတာလား”

ဆရာဝန်သည်သူ၏ ပစ္စည်းများအားဖယ်ရှားနေရင်း လေးနက်စွာဖြင့်

“ဟုတ်တယ်၊ နောက်ဆိုရင် သူ့အနာတွေကသူ့ဘာသာသူသက်သာသွားတော့မှာလေ”

ကျုံချင်းယွီ: ???

ယန်ရှီနှင့် ရှောင်မုန့်သည် အပြစ်ရှိသလိုခံစားလိုက်ရသည်။

ကျုံချင်းယွီသည် တစ်ခဏခန့်ရပ်တန့်သွားကာ ဆရာဝန်အားစိုက်ကြည့်လိုက်သည်

“ရှင်ကဘယ်လို ဆရာဝန်မျိုးလဲ၊ ရှင်ရောဂါတွေကိုဘယ်လိုရှာရလဲဆိုတာရောသိရဲ့လား”

ဆရာဝန်သည် စိတ်ရှုပ်သွားကာ သူ၏နှုတ်ခမ်းများအား ပွတ်နေလေသည်။

သူမှားသွားလို့လား။ ဒါကအိုင်အိုဒင်း နည်းနည်းထည့်ပေးဖို့လိုတဲ့ ခြစ်ရာလေးပဲလေ။

တကယ်လို့ကျုံချင်းယွီကသာမလှပနေဘူးဆိုလျှင်သူစိတ်တိုနေတာကြပြီဖြစ်သည်။ သူ၏ဒေါသအားထိန်းကာ သူသည် အိုင်အိုဒင်းနှင့်ဂွမ်းစအချို့အားထုတ်ကာ ယန်ရှီ၏ဒါဏ်ရာအားကုသပေးရန်လုပ်လိုက်သည်။ သူဆေးထည့်ပေးနေသည်နှင့် သူသည်ဒါဏ်ရာမှာအသစ်မဟုတ်သည်ကိုသတိထားမိသွားသည်။ သူသည် သူ့အကြည့်အားရှောင်နေသော ယန်ရှီအားတစ်ချက်ကြည့်လိုက်ကာ ဘာမှမပြောခဲ့ပေ။

ဆရာဝန်သည် ယန်ရှီအားဆေးထည့်ပေးနေချိန်တွင် system ပေါ်လာခဲ့သည်။

[ host ပရိုဂျုဆာရှူက ချောင်ယန်ကိုစာချုပ်ပို့ပေးလိုက်ပြီ ချောင်ယန်ကလည်း လက်မှတ်ထိုးပေးလိုက်ပြီ အခုစာချုပ်ကအသက်ဝင်နေပြီ]

တစ်ချိန်ထဲမှာပင် system စနစ်မှတရားဝင်သတိပေးချက်ဝင်လာသည်။

[ဒင် ကျုံချင်းယွီသည် “crazy summer and Winter” ကားတွင် တတိယအမျိုးသမီးဇာတ်ဆောင်အားရရှိခဲ့သည့်အတွက် ကံကောင်းမှုအမှတ် ၂ မှတ်ရရှိခဲ့သည်၊ ယခုကံကောင်းမှုအမှတ်စုစုပေါင်း: ၃၁.၉ မှတ်]

[ကံကောင်းမှုအမှတ်သည် ၃၀ကျော်သွားပြီဖြစ်သည်၊ သမိုင်းဝင်မှတ်တမ်းတစ်ခု ပွင့်တော့မည်၊ ကျုံချင်းယွီသည် ဇာတ်ညွှန်းထိန်းချုပ်မှုမှ ၂၄ နာရီလွတ်နေလိမ့်မည်]

ယန်ရှီ၏နှလုံးခုန်သံသည် စိတ်လှုပ်ရှားမှုနှင့်အတူမြန်လာသည်။ သူမသည်ကျုံချင်းယွီဘက်သို့လှည့်လိုက်သည်။ သူမနာကျင်နေသည်ဟုထင်ကာ ကျုံချင်းယွီသည်သူမ၏လက်အားဆုတ်ကိုင်ရင်း “ဘာဖြစ်လို့လဲ” ယန်ရှီသည်သူမ၏စိတ်လှုပ်ရှားမှုများအားထိန်းကာ နှေးကွေးစွာဖြင့်

“ချင်းယွီ မွေးနေ့ပွဲကိုမသွားပါနဲ့ ရမလား”

စစ်ဆေးရေးအခန်းသည် တိတ်ဆိတ်သွားကာ နာရီသံတတောက်တောက်သည် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ယန်ရှီသည်ကျုံချင်းယွီအားစိုက်ကြည့်နေကာ အသက်ပင်မရှူရဲပေ။

ကျုံချင်းယွီသည်သူမအားကြည့်လိုက်ကာ ပုံမှန်အတိုင်းမျက်ခုံးအားအနည်းငယ်ကြုတ်လိုက်ရင်းဖြင့်

“အဲတာကမသိသာဘူးလား၊ နင်ကဒီလိုနာကျင်နေတာကို ငါကသွားပါ့မလား၊ ငါသေချာပေါက်နင်နဲ့နေပေးမှာပေါ့”

All Chapters