← Chapters

အခန်း (၆၆၁)

Vol. 45 Ch. 661

အခန်း (၆၆၁)

Vol. 45 Ch. 661

“ဟမ်”

လျှိုချင်းယု၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ သူ၏နှလုံးသားထဲတွင် ဒေါသတရားများက လှိုင်းထ လာခဲ့သည်။ ၎င်းသည် အေးစက်သည့်အသံဖြင့် ပြောဆိုလိုက်၏။ “ခင်ဗျားစကားကို ခင်ဗျား မတည်ဘူးလား။ မေ့သွားပြီလား”

မုန့်ရှင်းကျီသည် အသာပင် ပြောဆိုလိုက်သည်။ “ခုနတုန်းကလေးတင် ပြောခဲ့သေးတယ်လေ။ ကျုပ်တို့က တူညီတဲ့လူမျိုးတွေပဲဆို။ ဒီတော့ နားလည်သင့်တယ်။ ကျုပ်တို့လို လူတွေက ဘယ်တော့မှ ကတိတည်တာ မဟုတ်ဘူး။ ကောင်းကင်နဲ့မြေကြီးကို ကတိတည်ပါမယ်ဆိုပြီး ကျမ်းသစ္စာ ကျိန်ဆိုမှုမျိုးကို ဘယ်တုန်းက ပြုလုပ်ဖူးလို့လဲ”

“ခွေးကောင်”

လျှိုချင်းယုသည် မနည်းကြိုးစားကာဖြင့် ထရပ်လိုက်၏။ သူသည် မုန့်ရှင်းကျီဆီသို့ လှမ်းဝင်သွားရန် ပြင်ဆင်လိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်များသည်သာ စည်းခတ်ခြင်းမခံထားရပါက ကျိန်းသေပေါက် မုန့်ရှင်းကျီကို သတ်ဖြတ်မိမှာ သေချာ၏။ ကံဆိုးစွာဖြင့် သူ၏ လက်ရှိ စွမ်းအင်အဆင့်သည် ဖိနှိပ်ခြင်းကို ခံထားရ၏။ ထို့ကြောင့် မုန့်ရှင်းကျီ၏ ရှေ့သို့ မရောက်ခင် ခြေနှစ်လှမ်းသာ လှမ်းလိုက်နိုင်၏။

မုန့်ရှင်းကျီသည် လက်ကို ယမ်းခါပြီး သူ့ကို အနောက်ဘက်သို့ လွင့်စင်သွားအောင် ပြုလုပ်လိုက်သည်။

ဘန်း

လျှိုချင်းယုသည် အနောက်ဘက်ကို လွင့်စင်သွားခဲ့ပြီး ပုံပျက်ပန်းပျက်ဖြင့် ပြုတ်ကျ၏။ သူသည် ရွံ့ဗွက်အိုင်ထဲတွင် ဒူးထောက်ကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၏။ ဒေါသတရား၊ အငြိုးအတေး အရာအားလုံးတို့သည် သူ၏ခန္ဓာကိုယ်တွင်းတွင် ဖြစ်တည်လျက်ရှိနေ၏။ တစ်စုံတစ်ယောက်၏ လက်ထဲတွင် ဆော့ကစားခြင်းကို ခံရလိမ့်မည်ဟု သူ မထင်မှတ်ခဲ့ချေ။ ပုံမှန်ဆိုလျှင် သူ့ကို ဤကဲ့သို့ မလေးမစား အပြုအမူမျိုး နှင့် ပြောဆို ဆက်ဆံဖူးသူဟူ၍ တစ်ယောက်မှ မရှိခဲ့ချေ။

“ဒီနေ့ကိစ္စရပ်ကို ကျုပ် မှတ်ထားမယ်။ တစ်နေ့မှာ ကျုပ်လွတ်မြောက်သွားတယ်ဆိုတာနဲ့ ခင်ဗျား သေကို သေရလိမ့်မယ်” လျှိုချင်းယုသည် အေးစက်သည့်လေသံဖြင့် ပြောဆိုလိုက်၏။ သူ၏ အသံသည် ငရဲလောက၏ အတွင်းဘက်ဆီမှ ထွက်ပေါ်လာသည့် ခြောက်ခြားဖွယ်ရာ လေသံကြီးပင်။

တည်နေရာ ပတ်ဝန်းကျင် တစ်ခုလုံးသည် အေးခဲသွားခဲ့၏။

“အတိတ်တုန်းက ဆိုရင် ခင်ဗျားလွတ်ရင် လွတ်သွားမှာပေါ့။ ဒါပေမဲ့ အခု မဟုတ်တော့ဘူး” မုန့်ရှင်းကျီက ရယ်မောလိုက်သည်။

အတိတ်ဘဝတုန်းကသာဆိုရင် လျှိုချင်းယုသည် ကျိန်းသေပေါက် လွတ်မြောက်အောင် ပြုလုပ်နိုင်စွမ်း ရှိနေ၏။ ၎င်းသည် ထျန်းမင်တောင်သခင်နှင့် အတူပူးပေါင်းခဲ့ပြီးပြီ ဖြစ်သောကြောင့် လွတ်မြောက်ဖို့ ဆိုသည်မှာ လွယ်ကူသည့်အရာပင်။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ အားအင်အဆင့် နိမ့်ပါးသည် သာမက အခြေအနေ တစ်ခုလုံးကလည်း ဆိုးရွားသည့်ဘက်သို့ ရောက်ရှိနေ၏။

ထျန်းမင်တောင်သခင် ကွာစီအင်မော်တယ် အင်ပါယာအဆင့် အားအင်ကို ပိုင်ဆိုင်သွားမှသာလျှင် လျှိုချင်းယု အနေနှင့် လွတ်မြောက်ရန် အခွင့်အရေး ပိုင်ဆိုင်ပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ ဘာတစ်ခုမှ ပြောင်းလဲနိုင်စွမ်း မရှိချေ။

လျှိုချင်းယု မရှိသည်ဆိုပါက ထျန်းမင်တောင်သခင်သည်လည်း ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ၎င်းတို့ ပြုမူဆောင်ရွက်ထားသည့် အစီအစဉ်များ၌ လျှိုချင်းယု၏ အကြံအစည်များ ပါဝင်လျက် ရှိနေသောကြောင့်ပင်။

မုန့်ရှင်းကျီက မျက်မှောင်ကုတ်လိုက်၏။ ပြီးနောက် လျှိုချင်းယုကို လှမ်းကြည့်ကာဖြင့် တွေးတောလိုက်သည်။ “ငါသူ့ကို လွှတ်ပေးလိုက်ရင် ကောင်းမလား”

သူသာ လျှိုချင်းယုကို လွှတ်ပေးလိုက်သည်ဆိုပါက သမိုင်းမှတ်တမ်းသည် အနည်းငယ် ပြောင်းလဲသွားမှာ သေချာ၏။ သို့ပေမဲ့ များများစားစားကြီး ပြောင်းလဲလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ဤသို့ ပြုလုပ်ခြင်းအားဖြင့် လက်ရှိကာလ၏ မုန့်ရှင်းကျီသည် အန္တရာယ်များနှင့် ရင်ဆိုင်ရမှာ သေချာ၏။

လျှိုချင်းယု၏ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်နေစိတ်ထားအရဆိုလျှင် လက်ရှိမုန့်ရှင်းကျီ အနေနှင့် ရင်ဆိုင်ယှဉ်ပြိုင်ရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။ ထို့အပြင် လက်ရှိခေတ်ကာလ၏ မုန့်ရှင်းကျီသည် တော်ဝင်အင်ပါယာအဆင့် အားအင်ကိုသာ ပိုင်ဆိုင်သည် မဟုတ်ပါလား။ လက်ရှိခေတ်၏ သူသာ သေဆုံးသွားခဲ့ပါက အနာဂတ် မုန့်ရှင်းကျီသည် ချက်ချင်းပဲ ပျောက်ကွယ်သွားပေလိမ့်မည်။

“အင်း ကြည့်ရတာ ငါသူ့ကို လွှတ်ပေးလို့ မဖြစ်ဘူးပဲ”

ခဏလောက် စဉ်းစားပြီးသည့်နောက် မုန့်ရှင်းကျီသည် စိတ်ဆုံးဖြတ်ချက်ကို ချမှတ်လိုက်၏။ သူသည် ခန္ဓာကိုယ်ကို အသာလှည့်ပြီးသည့်နောက် အစီအရင်၏ အပြင်ဘက်ဆီသို့ လှမ်းလျှောက်လိုက်၏။ သူ၏ ရည်ရွယ်ချက် ပြည့်ဝသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဤနေရာ၌ ဆက်လက်နေထိုင်ရန် ဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့သွားခဲ့၏။

ထို့အပြင် အချိန်ကြာမြင့်နေပါက တိုင်ချူးနှင့် တခြားသောသူများသည် ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားပေလိမ့်မည်။

“အင်း.. ဟုတ်ပြီ”

ထွက်ခွာသွားရန် ပြင်ဆင်နေသည့် မုန့်ရှင်းကျီသည် ရုတ်တရက် ရပ်တန့်ပြီးသည့်နောက် လျှိုချင်းယုကို အသာလှည့်ကာပြုံးပြလိုက်၏။ “ကျုပ်တစ်ခု မေ့တော့မလို့ပဲ”

ပြောနေတုန်းမှာပဲ သူသည် လက်ဝါးကို မြှောက်ကာဖြင့် လျှိုချင်းယု၏ ခေါင်းပေါ်သို့ လှမ်းတင်လိုက်၏။

“ဘာလုပ်ချင်တာလဲ” လျှိုချင်းယုသည် ရုတ်တရက် ထကာအော်ဟစ်လိုက်၏။ မုန့်ရှင်းကျီသည် သူ့အား ထိခိုက်အောင် တစ်စုံတစ်ခု ပြုလုပ်တော့မည်ဖြစ်ကြောင်းကို သူက အလိုလိုသိရှိနေ၏။ ထျန်းမင်တောင်သခင် သူ၏ဝိညာဉ်ကို ထိန်းချုပ်တုန်းက ဖြစ်ခဲ့သည့်မြင်ကွင်းမျိုးကို သူက ပြန်လည်ကာ မြင်ယောင်လာသည်။

“ကျုပ်လွှဲပေးခဲ့တာတွေကို မယုံကြည်လို့ ကျုပ်ရဲ့မှတ်ဉာဏ်တွေကို ဝင်ပြီးရှာဖွေချင်တာလား”

ချက်ချင်းပဲ လျှိုချင်းယု၏ မျက်နှာထက်တွင် ရှက်ရွံ့သည့် အရိပ်သင်္ကေတများ ဖြစ်တည်လာခဲ့၏။ သို့ပေမဲ့ သိပ်မကြာလှချေ။ မုန့်ရှင်းကျီသည် လက်ကိုအသာပြန်ရုတ်လိုက်၏။

လျှိုချင်းယုသည် မျက်လုံးကို ပြန်ဖွင့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် ဇဝေဇဝါအမူအရာများ ဖြစ်တည်နေခဲ့ပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ကြည့်ရှုလိုက်၏။ သူ၏စိတ် တစ်ခုလုံးသည် ရှုပ်ထွေးလျက် ရှိနေ၏။ အဘယ့်ကြောင့် ဤနေရာသို့ သီးသန့်ရောက်ရှိနေသည်ဖြစ်ကြောင်း သူ မသိရှိချေ။

သူမှတ်မိသလောက်ဆိုလျှင် လျှိုချင်းကျီနှင့် တိုက်ခိုက်ပြီးသည့်နောက် သူသည် အာရုံစူးစိုက်မှု လွတ်ကင်း ခဲ့၏။ ပြီးနောက် သူဤနေရာသို့ ရောက်ရှိနေ၏။ ကြားထဲတွင် ဖြစ်ခဲ့သည့်အရာအားလုံးကို သူ မမှတ်မိချေ။ မည်မျှကြိုးစား ကြိုးစား ထိုအရာများကို သူမမှတ်မိပေ။

“ခင်ဗျား ကျုပ်ရဲ့မှတ်ဉာဏ်တွေကို ဖျက်လိုက်တာလား”

လျှိုချင်းယုသည် ဘာတွေဖြစ်ခဲ့ကြောင်းကို မေ့သွားခဲ့သည်ဆိုသော်လည်း လက်ရှိအခြေအနေနှင့် မုန့်ရှင်းကျီ၏ ပြုမူဆောင်ရွက်မှုကို နှိုင်းယှဉ်ရမည်ဆိုလျှင် ထိုသို့ဖြစ်ပွားရန် ဆိုသည်မှာ အလားအလာရှိ၏။

“အင်း... ခင်ဗျား က တာဝန်ယူစရာတွေ ရှိနေသေးတယ်။ ဒီတော့ ခင်ဗျားကို သတ်လို့မဖြစ်ဘူး။ ဒါပေမဲ့ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖယ်ရှားနိုင်ဖို့ လိုနေသေးတယ်မလား။ ဒါ အကောင်းဆုံး ရွေးချယ်မှုပဲ” မုန့်ရှင်းကျီက ဖြည်းညှင်းစွာပြောဆိုလိုက်သည်။

ပြောပြောပြီးချင်းမှာပဲ သူသည် ခန္ဓာကိုယ်ကို အသာလှည့်ကာဖြင့် ထွက်ခွာသွား၏။ ခြေထောက်ကို မပြီးသည့်နောက် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူသည် ထိုအက်ကွဲကြောင်းထဲသို့ ဝင်ရောက်ပြီးသည့်နောက် မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ် သွားခဲ့၏။

“ကျုပ်ကို မသတ်ဘူး။ ပြီးတော့ ရန်ငြိုးရန်စလည်း မချန်ထားချင်ဘူး”

လျှိုချင်းယုသည် တီးတိုး ရေရွတ်ကာဖြင့် ဇဝေဇဝါ ဖြစ်နေသည်။ “ဘာကို ဆိုလိုတာလဲ။ သူ ငါ့ရဲ့မှတ်ဉာဏ်တွေကို ဖျက်ဆီးခဲ့တယ်။ ဒီလူ ငါ့ကို ဘာလုပ်ခဲ့တာလဲ”

လျှိုချင်းယုသည် မြန်မြန်ဆန်ဆန်ဆိုသလိုပဲ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ ပြီးသည့်နောက် လက်ရှိဖြစ်တည်နေသည့် အခြေအနေများကို ပြန်လည်ကာ သုံးသပ်လိုက်၏။ သူ၏ကျင့်ကြံခြင်း အဆင့်သည် စည်းခတ်ခံထားရကြောင်း သူ သိရှိ၏။ သူသည် ပုံရိပ်ယောင် အစီအရင်ကြီး တစ်ခုထဲသို့ ရောက်ရှိနေခဲ့ပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို ကြည့်ရှုရမည်ဆိုလျှင် လျှိုကလန်၏ အင်မော်တယ်ဘုရင် သုံးယောက်တို့သည် အနီးနားတွင် ရှိနေသည်။

All Chapters