← Chapters

အခန်း (၆၆၂)

Vol. 45 Ch. 662

အခန်း (၆၆၂)

Vol. 45 Ch. 662

“အင်း… အဆိုးဆုံး အခြေအနေမျိုးတွေ မဖြစ်ဖို့ပဲ မျှော်လင့်မိတယ်”

လျှိုချင်းယု၏ မျက်လုံးများက တောက်ပလျက် ရှိနေ၏။ သူသည် မည်သို့ထွက်ပြေးရမည်ကို သေသေချာချာ စဉ်းစားနေမိ၏။ သို့ပေမဲ့ အချိန်အတော်ကြာ စဉ်းစားပြီးသည်အထိ မည်သည့်နည်းလမ်းကိုမှ ရှာဖွေ မတွေ့ရှိခဲ့ချေ။

စိတ်တစ်ခုလုံး ရှုပ်ထွေးလျက်ရှိနေတုန်းမှာပဲ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အသာပင် လှမ်းလျှောက်လာခဲ့၏။ လျှိုချင်းယု တစ်ယောက်တည်းသာ ရှိနေကြောင်း မြင်ရချိန်မှာတော့ တိုင်ချူး၏ မျက်နှာသွင်ပြင်တစ်ခုလုံးက ပျက်ယွင်းသွားခဲ့၏။ မြန်မြန်ဆန်ဆန် ဆိုသလိုပဲ မေးမြန်းလိုက်သည်။

“တာအိုရောင်းရင်းမုန့် ဘယ်ရောက်သွားတာလဲ”

“တာအိုရောင်းရင်းမုန့်ဟုတ်လား။ ဘယ်တာအိုရောင်းရင်းမုန့်လဲ” လျှိုချင်းယု၏ မျက်နှာသွင်ပြင်က ပြောင်းလဲသွားခဲ့၏။ စောဏတုန်းက ထွက်ခွာသွားသည့်လူကို သတိရသွားသည်။ ထို့ကြောင့် ခေါင်းကိုမော့ကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ခုဏက ထွက်ခွာသွားတဲ့လူကို ဆိုလိုတာလား”

“ဟမ်”

တိုင်ချူးသည် လျှိုချင်းယုကို အံ့အားသင့်သည့် အမူအရာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ ပြောရမည် ဆိုလျှင် ပြောဆိုနေသည့်စကားလုံးများအရ လျှိုချင်းယုသည် တစ်စုံတစ်ခုကို ဖုံးကွယ်ရန် ကြိုးစားနေသည့် အရိပ်အယောင် သင်္ကေတမျိုး မတွေ့ရချေ။ မုန့်ရှင်းကျီ၏ နာမည်အပြည့်အစုံကို မသိရှိဘူး ဆိုလျှင်တောင်မှ တာအိုရောင်းရင်းမုန့် ဆိုသည်ကို သူတလျှောက်လုံး ခေါ်ဆိုခဲ့ကြောင်း တစ်ဖက်လူ သိရှိသင့်၏။ သို့ပေမဲ့ လျှိုချင်းယုသည် ထိုအရာကို သတိထားမိပုံ မပေါ်ချေ။ ဤအရာသည် ပုံမှန် မဟုတ်ပေ။

“ဖြစ်နိုင်တာက တာအိုရောင်းရင်းမုန့်က ကြမ်းတမ်းလွန်းတဲ့ နည်းစနစ်တစ်ခုကို အသုံးပြုခဲ့တာပဲ ဖြစ်ရမယ်။ ဒါကြောင့် လျှိုချင်းယုရဲ့ မှတ်ဉာဏ်တွေ အကုန်လုံးက ဇဝေဇဝါတွေ ဖြစ်ကုန်တာပဲနေမယ်” တိုင်ချူးသည် အနားပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သော်လည်း မုန့်ရှင်းကျီ၏ အရိပ်သင်္ကေတကို မတွေ့ရချေ။ ထို့ကြောင့် ထပ်မံကာ မေးမြန်းလိုက်၏။

“ခုနတုန်းက ခင်ဗျားကို မေးမြန်းခဲ့တဲ့လူ ဘယ်ရောက်သွားလဲ။ ပုံရိပ်ယောင်အစီအရင်က ဘာလို့ စီစဉ်သွားခဲ့ဘာလဲ”

ပြောရမည်ဆိုလျှင် ဤပုံရိပ်ယောင်အစီအရင်သည် ပေါ်ပေါက်လာတည်းက ထူးဆန်းသလို သူ ခံစားခဲ့မိသည်။ ယခု အစီအရင်ထဲသို့ ဝင်ရောက်လိုက်သည့် အချိန်မှာတော့ သူ ထင်မှတ်ထားသည်နှင့် ကွာခြားနေကြောင်း သတိပြုလိုက်မ်၏။ ထို့ကြောင့် သူသည် သဘောမတွေ့သလို ခံစားနေမိသည်။

လျှိုချင်းယုက တည်ရှိနေသေး၏။ သို့ပေမဲ့ အဘယ့်ကြောင့် မုန့်ရှင်းကျီက မရှိတော့သနည်း။ ဘာတစ်ခုမှ မပြောဘဲနှင့် အဘယ့်ကြောင့် ထွက်ခွာသွားရသနည်း။

“စောဏက ထွက်ခွာသွားခဲ့တဲ့လူလား”

စောဏတုန်းက ထွက်ခွာသွားခဲ့သည့် လူအကြောင်းကို ပြန်လည်ကာ စဉ်းစားပြီးသည့်နောက် လျှိုချင်းယု၏ မျက်လုံးများက အေးစက်သွားခဲ့၏။ မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သော်လည်း တစ်ဖက်လူသည် သူ့အပေါ် မကောင်းသည့် အရာတစ်ခုခုကို ပြုလုပ်ခဲ့ကြောင်း ကောင်းကောင်းခံစားမိ၏။ သူ၏ မှတ်ဉာဏ်အား ဘာတွေ ပြုလုပ်ခဲ့သနည်း။ လျှိုချင်းယုသည် မုန့်ရှင်းကျီ ထွက်ခွာသွားရာ တည်နေရာဆီသို့ လှမ်းကာကြည့်ရှု၏။ ပြီးနောက် တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်၏။

“လက်ရှိအခြေအနေကို ကြည့်ရမယ်ဆိုရင် ခင်ဗျား ဘာတစ်ခုမှ နားလည်သေးတဲ့ပုံ မပေါ်ဘူး” လျှိုချင်းယုသည် အရူး မဟုတ်ချေ။ တိုင်ချူးကို မြင်နေရသည်ဆိုမှတော့ ထျန်းမင်တောင်၏သခင် လွတ်မြောက်သွားခဲ့ပြီး ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ သူသည် လက်ရှိအခြေအနေတွင် အကျဉ်းသား ဖြစ်လို့နေသည်။

တိုင်ချူးနှင့် တခြားသောသူများ လက်မှလွတ်ရန် နည်းလမ်းတစ်ခုခုကို ရှာဖွေနိုင်ခြင်းမရှိပါက သူ့အနေနှင့် နောက်တစ်နေ့ နေထွက်သည်ကိုပင် မြင်ရမည်မဟုတ်ချေ။ ထို့အပြင် နတ်ဘုရား လောကသား တစ်ယောက်အနေနှင့် ငရဲလောကထဲကို ဝင်ရောက် ပူးပေါင်းခြင်းဆိုသည်မှာ ပြစ်မှုကြီးတစ်ခုဖြစ်၏။ ပြန်လည် မွေးဖွားနိုင်သည့် အခွင့်အရေးကိုပင် ပိုင်ဆိုင်လိမ့်မည် မဟုတ်ချေ။ ပြန်သွားသည်ဆိုသည်နှင့် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။ အကောင်းဆုံးသော နည်းလမ်းသည် ထိုနေရာဆီသို့ ပြန်ပါမသွားရန် ကြိုးစားခြင်းပင်။

“ဘာကို နားလည်ရမှာလဲ” တိုင်ချူးက အေးစက်စက် မေးမြန်းလိုက်၏။

“ဟား ဟား ဟား”

လျှိုချင်းယုသည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေပြီး တိုင်ချူးကို မော်ကြည့်လိုက်၏။ ပြီးနောက် အထင်အမြင်သေးစွာဖြင့် ရယ်မောလိုက်သည်။ “ကြည့်ရတာ စောဏကထွက်ခွာသွားတဲ့လူရဲ့ အစစ်အမှန် ရည်ရွယ်ချက်ကို ခင်ဗျား နားလည်သေးပုံ မပေါ်ဘူး။ သူက ခင်ဗျားနဲ့ ခြားနားတယ်။ အစကတည်းက သူက ကျုပ်လက်ထဲမှာရှိတဲ့ အမွေအနှစ်တွေအတွက် လာခဲ့တာပဲ”

“ခင်ဗျားရဲ့အမွေအနှစ်တွေ ဟုတ်လား။ ငရဲလောကရဲ့ အမွေအနှစ်တွေလား” တိုင်ချူး၏ နှလုံးသား တစ်ခုလုံးက နင့်ခနဲဖြစ်သွားမိ၏။ သူ့အနေနှင့် ဤအရာကို ယုံကြည်ရန် ခက်ခဲလို့နေ၏။ စောဏတုန်းက မုန့်ရှင်းကျီသည် အကောင်းဆုံး သရုပ်ဆောင်ခဲ့သည်။ တကယ့်ကို လမ်းမှန်ကျင့်ကြံသူ တစ်ယောက်၏ ဟန်ပန်မျိုးနှင့် ပြောဆိုခဲ့၏။

“ငရဲလောကရဲ့ အမွေအနှစ်တွေတင် မကဘူး။ လျှိုကလန်ရဲ့ အမွေအနှစ်တွေလည်း ပါတယ်” လျှိုချင်းယုသည် တစ်ခါတည်း ပြောဆိုလိုက်၏။ သူ့အနေနှင့် ညစ်ပတ်သည့်ရေအား တခြားသူ၏ မျက်နှာပေါ်သို့ လောင်းချပြီးပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် အဆုံးစွန်ထိ ညစ်ပတ်အောင် ပြုလုပ်မှ ဖြစ်ပေတော့မည်။ သူ ပြောဆိုခဲ့သည့်အကြောင်းအရာများသည် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ မုန့်ရှင်းကျီ ပြုမူခဲ့သည့် အကြောင်းအရာများနှင့် ထပ်တူညီလျက် ရှိနေသည်။

“မဖြစ်နိုင်တာ”

တိုင်ချူးသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ဖြည်းညှင်းစွာ ပြောလိုက်၏။ “တာအိုရောင်းရင်းမုန့်က အဲလိုလူစားမျိုး မဟုတ်ဘူး”

“သူမဟုတ်ဘူးဆိုရင် ဘာလို့ ရုတ်တရက် ထွက်သွားရတာလဲ။ ဘာလို့ ဒီနေရာမှာ ပုံရိပ်ယောင် အစီအရင် တစ်ခုကို ဖန်တီးထားရတာလဲ။ တခြားသူတွေကို စနောက်ဖို့ အလကားနေ အလကား ပုံရိပ်ယောင် အစီအစဉ်တစ်ခု လုပ်ခဲ့တာလား” လျှိုချင်းယုသည် ခပ်တည်တည်ပင် ဖြစ်၏။ ၎င်း၏ မှတ်ဉာဏ်များသည် ဖျက်ဆီခြင်း ခံခဲ့ရသည်ဆိုသော်လည်း သူ၏ ဦးနှောက်သည် တစ်ဖက်လူကို ချောက်ကမ်းပါးဆီ တွန်းပို့ရန်တော့ တတ်နိင်သေးသည်။

တိုင်ချူးပင်လျှင် နဝေတိမ်တောင် ဖြစ်လာခဲ့၏။

“ချင်းယု... အင်း မင်းက ငါ့ကို ကြီးကြီးမားမား စိတ်ပျက်စေခဲ့တာပဲ” တိုင်ချူး ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ လက်နှစ်ဖက်ကို နောက်ပစ်ထားသည့် သတ္တမဘိုးဘေးကြီးသည် အနောက်ဘက်ဆီမှ အသာပင် လှမ်းလျှောက် လာခဲ့၏။ သူသည် လျှိုချင်းယုကို လှမ်းကြည့်ကာဖြင့် တင်းမာခက်ထန်စွာ ပြောလိုက်သည်။

“တာအို‌ရောင်းရင်းမုန့်က မင်းပြောသလို လူစားမျိုး မဟုတ်ဘူး” တိုင်းချူးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် မုန့်ရှင်းကျီသည် အနည်းငယ်သာလျှင် ကြုံဆုံခဲ့ဖူးသည့် လူတစ်ယောက်ဖြစ်သော်လည်း ၎င်းတို့ ပြောဆိုခဲ့သည့် စကားလုံးများအရ တစ်ဖက်လူသည် ယုံကြည်ရသည့်လူဖြစ်ကြောင်း သတ္တမဘိုးဘေးက ကောင်းကောင်းခံစားမိ၏။ ထိုကဲ့သို့သောလူမျိုးသည် ငရဲလောကနှင့် ဘယ်တော့မှပူးပေါင်းလိမ့်မည် မဟုတ်သလို လျှိုကလန်၏ အမွေအနှစ်များကိုလည်း စိတ်ဝင်စားလိမ့်မည် မဟုတ်ချေ။

မုန့်ရှင်းကျီသည် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်၏။ လျှိုကလန်၏ အမွေအနှစ်များကို လက်ခံရရှိခြင်း ဆိုသည်မှာ ၎င်းအတွက်အနည်းငယ်သာ ပြောင်းလဲနိုင်၏။ ထို့ကြောင့် လျှိုကလန်နှင့် အမွေအနှစ်များကို ယူဆောင်ပြီး လျှိုကလန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဦးနှောက်မဲ့ စွန့်စားလိမ့်မည် မဟုတ်ချေ။

“တာအိုရောင်းရင်း တကယ်တော့” တိုင်ချူးက စတင်ကာ ပြောလိုက်၏။ မုန့်ရှင်းကျီ၏ အားအင်အဆင့်သည် ခဏတာလျှင်ဖြစ်ပြီး အချိန်အကန့်အသတ်အတွင်းသာ ရရှိသည့်အရာဖြစ်ကြောင်း သူ ပြောဆိုချင်၏။ ထို့အပြင် စီနီယာနန်းဆောင်သခင်သည် မုန့်ရှင်းကျီအား အချိန်အတိုင်းအတာတိုအတွင်း အင်မော်တယ်ဘုရင် အဖြစ်သို့ တက်လှမ်းနိုင်ရန် ပြုလုပ်ပေးထားခြင်းပင်။

ထို့ကြောင့် ပေးဆပ်ရသည့် ကုန်ကျစရိတ်သည် ကြီးမားပေလိမ့်မည်။ သို့ပေမဲ့ သူ ဆုံးအောင် မပြောလိုက်ရ သေးခင်မှာဘဲ သတ္တမဘိုးဘေးက ဖြတ်ပြောလိုက်၏။

“အင်း... ကျုပ်ဆီမှာ မှန်လား၊ မှားလား ဆုံးဖြတ်နိုင်တဲ့ ဦးနှောက်ရှိပါသေးတယ်။ ပြီးတော့ တာအိုရောင်းရင်း ပြောခဲ့သလိုပဲ စီနီယာနန်းဆောင်သခင်က အရာအားလုံးကို တွက်ချက်တတ်တယ်မလား။ ဒီတော့ သူ့ကို မေးလိုက်ရင် အရာအားလုံး ရှင်းလင်းသွားမှာပေါ့”

သတ္တမဘိုးဘေးကြီးသည် တိုင်ချူးကို ပြောဆိုရာမှ ရပ်တန့်ရန် လက်အမူအရာ ပြသလိုက်၏။ ပြီးနောက် လျှိုချင်းယုကို လှမ်းကြည့်ကာဖြင့် အေးစက်စက်နှင့် ဟောက်ဟမ်းလိုက်သည်။ “ဒီအချိန်ထိ မင်းတခြားသူတွေကို ဆွဲချဖို့ ကြိုးစားနေတုန်းလား”

All Chapters