အခန်း (၆၆၅)
Vol. 45 Ch. 665
ထိုအတွေးကို တွေးပြီးသည့်နောက် ထျန်းမင်တောင်သခင်သည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သူသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သူသည် နက်နဲလျှို့ဝှက် လောက၏ အစပ်တွင် ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။ ခြေတစ်လှမ်းကို လှမ်းပြီးသည့်နောက် မြေအင်မော်တယ် လောကထဲသို့ လှမ်းဝင်လိုက်၏။
အင်မော်တယ်ဘုရင် တစ်ယောက်၏ ခရီးသွားလာမှု အမြန်နှုန်းသည် ကျိန်းသေပေါက် မြန်ဆန်လွန်းလှ၏။ တစ်ရက် မပြည့်ခင် အချိန်အတွင်းမှာပဲ တော်ဝင်သဲကန္တာရမြို့ကို လှမ်းကာ မြင်နေရသည်။
မြို့ထဲသို့ လှမ်းဝင်ပြီးသည့်နောက် ထျန်းမင်တောင်သခင်သည် သူ၏ အော်ရာများကို ထိန်းချုပ်လိုက်၏။ သာမန်လူသားတစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးဖြင့် သူသည် ကောင်းကင်လျှို့ဝှက် နန်းဆောင်အတွင်းသို့ အသာပင် လှမ်းလျှောက်ဝင်ရောက်လိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ အတွင်းဘက်မှာတော့ .......။
“ဂျူနီယာဖန်းရှန်.. ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်ကို ဂါရဝ လာပြုပါတယ်” သူသည် အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သူရောက်ရောက်လာချင်းမှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲမှ တစ်စုံတစ်ယောက်က ထွက်ခွာသွားခဲ့၏။ သူသည် ရဲရဲတင်းတင်းပင် အထဲသို့ ဝင်လိုက်၏။ အပြင်ဘက်တွင် စောင့်စားလျက် ရှိနေသည့် တချို့သော သူများသည် သဘောမတွေ့သလို ဖြစ်သွားကြသော်လည်း အသံထွက်ကာ စောဒဏတက်ခြင်းတော့ မပြုလုပ်ရဲ ကြချေ။
“ထျန်းမင်တောင်သခင်လား”
လီယွင်သည် ထိုင်ခုံတွင် ထိုင်လျက်ရှိနေပြီး ဖန်းရှန် ဝင်ရောက်လာသည်ကို ကြည့်ရှုနေ၏။ သူသည် မတ်တပ် ထမရပ်ချေ။ သက်တောင့်သက်သာ ဆိုသလိုပဲ ရေနွေးခွက်ကို အသာကောက် မော့လိုက်၏။
“စီနီယာရဲ့ အရှေ့မှာ ကျုပ် ဒီဘွဲ့နာမည်ကို အသုံးမပြုရဲပါဘူး” ဖန်းချန်က လေးလေးစားစားဖြင့် ပြန်လည်ကာ ပြောဆိုလိုက်သည်။
လက်ရှိအချိန်၌ သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ အရှေ့တွင် ရှိနေသော လူသည် ကျော်ကြားလွန်းလှသော ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဖြစ်၏။ ထျန်းမင်တောင်သခင် ဆိုသည် ဘွဲ့ထူးကိုသာ ဤနေရာတွင် အသုံးပြုပါက နန်းဆောင်သခင်နှင့် တူညီသည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဟု ထင်မှတ်မှားနေပေလိမ့်မည်။
“ထိုင်ပါ” လီယွင်က အသာရယ်မောလိုက်၏။ အင်္ကျီလက်ကို ယမ်းခါပြီးသည့်နောက် သူသည် အနီးအနားတွင် ရှိနေသည့် ထိုင်ခုံတစ်လုံးကို လက်ညှိုးညွှန်ပြလိုက်၏။ ဖန်းရှန် ထိုင်ချလိုက်သည့် အချိန်မှာတော့ လီယွင်သည် သူ၏ရှေ့တွင် ရှိနေသည့် စနစ်၏ မြင်ကွင်းကို လှမ်းကာ ကြည့်ရှုလိုက်၏။
ဖန်းရှန် လာရောက်ရသည့် ရည်ရွယ်ချက်ကို ကောင်းကောင်း နားလည်ပြီးသည့်နောက် သူသည် ဘာတစ်ခုမှ မဖြစ်ခဲ့သလိုပင် ပြောဆိုလိုက်သည်။ “ခင်ဗျားရဲ့ အစီအစဉ်က ဒီတစ်ကြိမ်မှာ ကျရှုံးခဲ့တာလား”
“အရာအားလုံးက စီနီယာ ခန့်မှန်းထားတဲ့ အတိုင်းပါပဲ” ထျန်းမင်တောင်သခင်သည် နာနာကျင်ကျင် ပြုံးကာ ပြောလိုက်၏။
“ဟား ဟား ဟား”
လီယွင်က အသာရယ်မောလိုက်၏။ သူ့အနေနှင့် အတည်မပြုသလို ငြင်းလည်း မငြင်းပယ်ခဲ့ချေ။ တစ်ဖက်လူများ၏ အစီအစဉ်ကို သိရှိတည်းက မအောင်မြင်နိုင်ကြောင်း သူ သိရှိပြီးဖြစ်သည်။
အင်မော်တယ်ဘုရင် နှစ်ယောက်နှင့် သတ်ဖြတ်ခြင်း အစီအရင်သုံးခု ဆိုသည်မှာ အောင်မြင်ရန် အခွင့်အရေး များပြားလွန်းသည့် အရာများဖြစ်သည်။ သို့ပေမဲ့ အခွင့်မသာခဲ့ချေ။
ထို့ကြောင့် သူနှင့် လျှိုချင်းယုတို့သည် ရှုံးနိမ့်ကာ ပြန်လာခဲ့ရ၏။ လျှိုချင်းယုသည်ပင်လျှင် ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ ပြောရမည်ဆိုလျှင် ကြက်ခိုးရန် ကြိုးစားရင်းနှင့် ထမင်းပန်းကန်ပါ ပျောက်ဆုံးသွားခဲ့ခြင်းပင်။
“ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို ဒီနေ့ ထပ်လာရတာကာ လျှိုချင်းယုကို ကယ်တင်ချင်တဲ့ ရည်ရွယ်ချက် ကြောင့်လား” လီယွင်က မေးမြန်းလိုက်၏။ သူ၏ အမြင်အရဆိုလျှင် သူသည် လျှိုချင်းယု ဖမ်းဆီး ခံရခြင်းကို မမြင်ချင်ပေ။ ထို့အပြင် ထျန်းမင်တောင်သခင်နှင့် လျှိုချင်းယုတို့သည် ကွာစီ အင်မော်တယ် အင်ပါယာ သတင်း ကို ဖြန့်ဝေပြီး သူ၏ဂုဏ်သိက္ခာကို တိုးတက်အောင် ပြုလုပ်မည့်သူများ ဖြစ်၏။ လျှိုချင်းယု သေဆုံးမည်ကို လက်လွှတ်စပယ် ကြည့်ရှုနေမည်ဆိုပါက ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ ဂုဏ်သတင်းသည် နတ်ဘုရားလောကနှင့် အင်မော်တယ်လောကများ၌ တိုးတက် လာလိမ့်မည် မဟုတ်ချေ။
“အတိအကျပါပဲ” ထျန်းမင်တောင်သခင်သည် တွန့်ဆုတ်မနေခဲ့ချေ။ အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနှစ်ခုကို ထုတ်ယူကာဖြင့် လီယွင်၏ အရှေ့ဆီသို့ ချပေးလိုက်၏။ ပြီးနောက် သူက အားတက်သရောဖြင့် ပြောဆိုလိုက်၏။ “လမ်းညွှန်ပြသမှုကို လေးလေးစားစားနဲ့ တောင်းခံပါတယ် စီနီယာ”
“ခင်ဗျားရဲ့ အားအင်အဆင့်က တကယ့်ကို အထင်ကြီးလောက်စရာပဲ။ ဒါပေမဲ့ လျှိုချင်းယုကို လျှိုကလန်ရဲ့ အင်မော်တယ်ဘုရင် သုံးယောက်အပြင် တိုင်ချူးကလည်း စောင့်ကြည့်နေသေးတယ်။ ဒါကို ခင်ဗျား နားလည်သင့်တယ်”
လီယွင်က အသာရယ်မောလိုက်၏။ “လျှိုချင်းယုကို ကယ်တင်ဖို့ဆိုတဲ့ အခက်အခဲက သေးငယ်တာမျိုး မဟုတ်ဘူး”
“ကျုပ် ဒါကို သတိပြုမိပါတယ်” ထျန်းမင်တောင်သခင်သည် အံ့အားသင့်မှု မရှိဘဲ ပြန်လည်ကာ ပြောဆိုလိုက်၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ စိတ်နေစိတ်ထားကို သူ သိရှိပြီးဖြစ်၏။ ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲတွင် အရင်းအမြစ် ပမာဏ တစ်ခုခု မပေးဘဲနှင့် မည်သည့် သတင်းအချက်အလက်ကိုမှ မရနိုင်ချေ။ ယနေ့ လျှိုချင်းယုကို ကယ်တင်မည် ဆိုပါက ကျိန်းသေပေါက် တူညီစွာပင်။ အထူးသဖြင့် ခန့်မှန်း၍ မရနိုင်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သည့် ရန်သူလေးယောက်တို့နှင့် ရင်ဆိုင်ရမည့် အခြေအနေမျိုးတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အဘယ်သို့ ဈေးနှုန်း လျော့ချပေးမည်နည်း။
အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းနှစ်မျိုးဆိုသည်မှာ စဦးပေးအပ်ထားသည့် ပစ္စည်းနှစ်ခုသာ ဖြစ်၏။
ထိုအချိန်မှာပဲ ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ နက်နဲသည့် တာအို၏ သင်္ကေတများ ဖြစ်တည်လာပြီး ဆန်းကြယ်သည့် နတ်ဘုရား စွမ်းအင်များသည် တည်နေရာ တစ်ခုလုံး၌ လာရောက် စုဝေးသည့်ပုံပင်။
“အင်း... ဒီတစ်ကြိမ်မှာတော့ ဒီလောက်ဆိုရင် လုံလောက်ပါပြီ” လီယွင်က ခေါင်းညိတ်လိုက်၏။ လက်ရှိ သတင်းအချက်အလက်သည် အင်မော်တယ်ဘုရင်အဆင့် ပစ္စည်းလေးမျိုးထက် ပိုမိုကာ ထိုက်တန်သည် မဟုတ်ချေ။ ထို့ထက်ပိုမိုသည့် တန်ကြေးကို တောင်းခံပါက ထျန်းမင်တောင်သခင်သည် ကျိန်းသေပေါက် ဝယ်ယူတော့မည် မဟုတ်ချေ။
ထျန်းမင်တောင်သခင်သည် လျှိုချင်းယုကို ကယ်တင်ချင်၏။ သူကလည်း လျှိုချင်းယုအား သေဆုံးသည်ကို မမြင်ချင်ပေ။ သူ့ကို ယုံကြည်ခြင်း မရှိသည့် လျှိုကလန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် လျှိုချင်းယုက ပိုမိုကာ တန်ဖိုးကြီးမား၏။ လျှိုချင်းယုသည် သူ့အတွက် ကြီးမားသည့် အကျိုးအမြတ်များကို ယူဆောင်ပေးနိုင်စွမ်း ရှိနေသည့် လူပင်။
“သုံးရက်အတွင်းမှာ လျှိုရွှမ်ချမ်ရဲ့ ဒဏ်ရာတွေက တဝက်လောက် ပြန်ပြီး ကောင်းလာလိမ့်မယ်။ လျှိုချင်းကျီ ကလည်း အလုံးစုံ ပြန်ပြီးကောင်းမွန်သွားလိမ့်မယ်” လီယွင်က ဖြည်းညှင်းစွာ ပြောလိုက်၏။
ထျန်းမင်တောင်သခင်သည် အားတက်သရောဖြင့် နားထောင်လျက် ရှိနေသည်။ လျှိုရွှမ်ချမ် - သူသိသလောက် ဆိုလျှင် ထိုသူသည် တကယ်ကို အားကောင်းလွန်း၏။ ခဏ ခဏ ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သေဆုံးခဲ့သည် ဆိုလျှင်တောင်မှ ပြန်လည်ကာ အသက်ရှင်လာသေး၏။ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ရန် ဆုံးဖြတ်သည် အထိ သတ္တိကောင်းသူ ဖြစ်သည်။ ယခုလည်း သုံးရက်အတွင်း ပြန်လည် ကောင်းမွန်လာသည်ဆိုခြင်းမှာ အံ့ချီးနပမ်း ကိစ္စရပ်ပင် ဖြစ်သည်။
တခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် လျှိုချင်းကျီ အပြည့်အဝ ပြန်လည်ကောင်းမွန်လာလိမ့်မည် ဆိုသော စကားကို ကြားရချိန်မှာတော့ သူသည် နှလုံးသားတစ်ခုလုံး နင့်ဝင်သွားသလို ခံစားနေမိ၏။ သူ၏ ရန်သူသည် အင်မော်တယ်ဘုရင် လေးယောက် ဖြစ်၏။ သုံးယောက်တို့သည် ထိပ်ဆုံးအခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဆိုသောကြောင့် သူ့အနေနှင့် တစ်ဖက်လူများ၏ စွမ်းရည်ကို အထင်အမြင်သေး၍ မဖြစ်နိုင်တော့ချေ။