← Chapters

အခန်း (၆၆၉)

Vol. 45 Ch. 669

အခန်း (၆၆၉)

Vol. 45 Ch. 669

ယခု ထျန်းမင်တောင်သခင်သည် ၎င်း၏ အစစ်အမှန် ပုံပန်းသွင်ပြင်ကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့သည့်အပြင် လျှိုချင်းကျီကလည်း ၎င်း၏ ဝှက်ဖဲကို ထုတ်ဖော်ကာ အသုံးပြုခဲ့၏။ ဤအရာသည် တကယ့်ကို အဆုံးစွန်အထိ ထုတ်ဖော်တိုက်ခိုက်ခဲ့ခြင်းဟု ပြောဆိုရမှာဖြစ်၏။ အတိုင်းအတာတိုအတွင်း တိုက်ပွဲ၏ အဆုံးသတ်ရလဒ်က ပေါ်ပေါက်လာခဲ့၏။

ဤသတင်းသည်သာ နတ်ဘုရား လောကဆီသို့ ပျံ့နှံ့သွားသည်ဆိုပါက လူပေါင်းများစွာ တို့သည် အံ့အားသင့် တွေဝေစွာဖြင့် ပါးစပ်အဟောင်းသား ဖြစ်မိနေမှာ သေချာသည်။ အင်မော်တယ် ဘုရင်များအတွက် မြန်ဆန်လွန်းသည့် တိုက်ပွဲပင်။

“အချိန်ကို တွက်ချက်ရမယ်ဆိုရင် လျှိုကလန်ရဲ့ အဖွဲ့ဝင်တွေနဲ့ တိုင်ချူးလို့ ခေါ်တဲ့လူက ရောက်လာတော့မှာ မဟုတ်လား” ထျန်းမင်တောင်သခင်သည် တီးတိုး ရေရွတ်လိုက်၏။ သူသည် သူ၏လက်ထဲတွင် ရှိနေသည့် ဝိညာဉ်ကို ကြည့်ရှုလိုက်၏။

ပြောပြောပြီးချင်းမှာပဲ ဓားရောင်စဉ် အလင်းတန်းတစ်ခုသည် မိုးကုတ်စက်ဝိုင်း အစွန်းဘက်ဆီမှ ထွက်ပေါ်လာခဲ့ပြီး ထျန်းမင်တောင်သခင်ဆီသို့ ကျဆင်းလာခဲ့သည်။

“ဟမ်”

ထျန်းမင်တောင်သခင်သည် မျက်မှောင်ကုတ်လိုက်၏။ သူသည် အသာရယ်မောပြီး ပြောဆို လိုက်၏။ “ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် တွက်ချက်ထားတဲ့ အတိုင်းပဲ။ အချိန်ကိုက်ဟ”

“ထျန်းမင်တောင်သခင်.. ခင်ဗျား ပြန်လာရဲတယ် ဟုတ်လား။ ဒီနေရာမှာ တစ်ခါတည်း သေသွားမှာ မကြောက်ဘူးလား” တိုင်ချူးသည် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ ၎င်း၏ အဖြူရောင်ဝတ်စုံများသည် လေနှင့်အတူ လွင့်မျောလျက် ရှိနေပြီး ၎င်း၏ မျက်လုံးများသည် ဓားကဲ့သို့ပင် စူးရှလွန်းလှသည်။

“လူငယ်လေး”

ထျန်းမင်တောင်သခင်သည် တိုင်ချူးကို စိတ်ဝင်စားသည့်ပုံ မပေါ်ဘဲ အသာလှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ငါ ဒီနေရာမှာ ရပ်နေတယ်ဆိုရင်တောင် မင်းအနေနဲ့ ငါ့ကို စကားပြောဖို့ အရည်အချင်း မပြည့်ဝသေးဘူး”

ယခင်တုန်းက သူသည်သာ သတိအပြည့်နှင့် တိုက်ခိုက်ခဲ့ပါက တိုင်ချူးသည် အင်မော်တယ် ဘုရင်တစ်ယောက် ဖြစ်လာနိုင်မည့် အခွင့်အရေးကိုပင် ရရှိလိမ့်မည် မဟုတ်ဟု ထျန်းမင်တောင်သခင်က ယုံကြည်မိ၏။ တိုင်ချူး အဆင့်ချိုးဖြတ်နိုင်သည် ဆိုသော်လည်း ထျန်းမင်တောင်သခင်သည် တစ်ဖက်လူမှာ သူနှင့် ခြေရာချင်း နှိုင်းယှဉ်၍ ရသည့်လူတစ်ယောက် မဟုတ်ဟု သုံးသပ်ထားသည်။

ထို့အပြင် သူသည် နှစ်ပေါင်းများစွာ အင်မော်တယ်ဘုရင် ထိပ်ဆုံးအဆင့်တွင် မတ်မတ်ရပ်နေခဲ့သည့် လူတစ်ယောက်ဖြစ်ပြီး ငရဲလောက၏ ကြီးမားသည့် တိုက်ပွဲကြီးကို ရင်ဆိုင် ကျော်ဖြတ်ဖူးသူတစ်ယောက် ဖြစ်၏။ သူ၏ လက်ထဲတွင် သေဆုံးခဲ့ကြသည့် အင်မော်တယ်ဘုရင်များ၏ အရေအတွက်သည် ခုနှစ်ယောက်၊ ရှစ်ယောက်၊ ဆယ်ယောက်ကျော်ပင် ရှိပေလိမ့်မည်။

ယခုမှ အင်မော်တယ်ဘုရင် ဖြစ်လာသည့် လူတစ်ယောက်သည် သူ၏ မျက်လုံးထဲသို့ ဝင်ရောက်လိမ့်မည် မဟုတ်ချေ။ လျှိုချင်းယုကြောင့်သာ မဟုတ်ပါက သူ့အနေနှင့် တိုင်ချူးကို တိုက်ခိုက်ရန်ပင် စဉ်းစားလိမ့်မည် မဟုတ်ချေ။ သူနှင့် လက်ရည်မတူသောကြောင့်ပင်။

“တာအိုရောင်းရင်း လျှိုချင်းကျီ ဘာဖြစ်သွားလဲ” တိုင်ချူးသည် ရှေ့ဆီသို့ လှမ်းတက်လာပြီး တစ်ခါတည်း မေးမြန်းလိုက်၏။

“ဟားဟား” ထျန်းမင်တောင်သခင်သည် လက်ဝါးကို အသာဖြန့်ပြလိုက်၏။ သူ၏ လက်ဝါးထဲတွင် ပျောက်ကွယ်လုမတတ်ဖြစ်နေသည့် ဝိညာဉ်ပါးပါးလေး တည်ရှိလို့နေ၏။ ၎င်းသည် လေအဟုန်ကြားထဲတွင် တည်ရှိနေသည့် ဖယောင်းတိုင်မီးတောက်လေး ကဲ့သို့ပင် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည်။

“ခင်ဗျား”

လျှိုချင်းကျီ၏ အခြေအနေကို မြင်ရချိန်မှာတော့ တိုင်ချူးသည် အရှေ့ဆီသို့ ရုတ်တရက် လှမ်းတက်လိုက်၏။ ဓားရောင်စဉ်တန်းများ လင်းလက်သွားပြီးသည့်နောက် ၎င်းသည် ကျိန်းသေပေါက် တစ်ဖက်လူကို လှမ်းကာ တိုက်ခိုက်လိုက်ခြင်းပင်။ သို့ပေမဲ့ ထျန်းမင်တောင်သခင်သည် လွယ်လွယ်ကူကူပင် ရှောင်ရှားသွားခဲ့၏။

လက်ထဲတွင် လျှိုချင်းကျီ၏ ဝိညာဉ်ကို ကိုင်ဆောင်ထားခဲ့ပြီးဖြစ်သောကြောင့် သူသည် မည်သည့်နေရာသို့ ထွက်ပြေးပြေး ကိစ္စမရှိတော့ချေ။ သူ့အတွက် ဤလူများကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူသွားလေသည်။

“တာအိုရောင်းရင်းလျှိုချင်းကျီကို ဘာလုပ်ချင်တာလဲ” တိုင်ချူးသည် လှမ်းကာ မေးမြန်းလိုက်၏။

“အလျင်မလိုနဲ့”

ထျန်းမင်တောင်သခင်သည် လေဟာနယ်ထဲသို့ လှမ်းကြည့်လိုက်သည်။ “ငါ စောင့်နေတဲ့လူတွေ ရောက်မလာသေးဘူး”

ပြောနေတုန်းမှာပဲ သတ္တမဘိုးဘေးနှင့် လျှိုရွှမ်ချမ်တို့သည် မြန်မြန်ဆန်ဆန် ဆိုသလိုပဲ ရောက်ရှိလာခဲ့၏။ လျှိုရွှမ်ချမ်သည် လျှိုချင်းယုကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားခဲ့ပြီး တခြားသော လက်တစ်ဖက်၌ စိမ်းပြာရောင် အလံတစ်ခုကို ကိုင်ဆောင်ထား၏။

နောက်ကွယ်မှ အရာအားလုံးကို ဖန်တီးသူသည် ထျန်းမင်တောင်သခင် ဖြစ်မှန်း သူတို့ တွေးခဲ့ကြပြီးဖြစ်၏။ ထို့ကြောင့် ဤနေသို့ လာရောက်ခရီးစဉ်တွင် ဘာတစ်ခုမှမပြင်ဆင်ဘဲ လာခဲ့ကြမည် မဟုတ်ချေ။ အနည်းဆုံး အနေနှင့် အကာအကွယ် ရတနာတစ်ခုကို ထုတ်ဖော်ကာ အဆင်သင့် အသုံးပြုရန် ပြင်ဆင်ထားခဲ့သည်။

ထျန်းမင်တောင်သခင်သည်သာ လှုပ်ရှားတိုက်ခိုက်သည်ဆိုပါက လက်ထဲတွင် ရှိနေသည့် အလံကို အသက်သွင်းပြီး ကာကွယ်နိုင်စွမ်းရှိ၏။

ဤအလံသည် အစီအရင်တစ်ခုကို ရေးထိုးထားသည့် အလံတစ်ခု ဖြစ်ပြီး ၎င်း၏ စွမ်းအင်အဆင့်သည် အချိန်အတိုင်းအတာတိုအတွင်း အင်မော်တယ်ဘုရင်တစ်ယောက်ကို ချုပ်နှောင်ရန် ပြဿနာတစ်ခု မဟုတ်ချေ။

“ဖန်းရှန်... လျှိုကလန်ကို ထပ်တလဲလဲ ပြဿနာရှာနေတာ ရပ်စမ်း။ မင်းအနေနဲ့ ရေရှည် အသက်ရှင် ရပ်တည်နိုင်ဖို့ ယုံကြည်ချက် ရှိနေလို့လား” သတ္တမဘိုးဘေးကြီး၏ မျက်နှာသည် ရေခဲကဲ့သို့ပင် အေးစက်လျက် ရှိ၏။

ယနေ့ ထျန်းမင်တောင်သခင်သည် လျှိုချင်းကျီကို ဖိနှိပ်ထားခဲ့ပြီး လျှိုကလန် တစ်ခုလုံးနှင့် ရင်ဆိုင် တိုက်ခိုက်ရမည့် အခြေအနေကို ဖန်တီးလျက် ရှိနေ၏။ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးသည့်နောက် လျှိုကလန်သည် ဤကဲ့သို့သော အရှက်ခွဲမှုကို ကျိန်းသေပေါက် ခံနိုင်လိမ့်မည် မဟုတ်ချေ။ အင်မော်တယ်ဘုရင်တစ်ယောက်၏ လက်ထဲသို့ သူတို့ဘက်မှ လူတစ်ယောက် ရောက်ရှိနေသည် ဆိုလျှင်တောင်မှ ကျိန်းသေပေါက် လက်လွှတ် ပေးလိမ့်မည် မဟုတ်ချေ။

“ခင်ဗျားတို့တွေ ကျုပ်နဲ့ ညှိနှိုင်းဆွေးနွေးချင်တယ်ဆိုရင် ရတာပေါ့” ထျန်းမင်တောင်သခင် သည် အမှတ်မထင် ပြောဆိုလိုက်၏။ သူသည် သတ္တမဘိုးဘေးကြီး၏ ခြိမ်းခြောက်မှုကို တစ်ချက်ကလေးမှ ဂရုမစိုက်ချေ။

“ဆိုးယုတ်လိုက်တဲ့ကောင်” သတ္တမဘိုးဘေးကြီး၏ ဆံနွယ်များသည် လေဟာနယ်ထဲသို့ပင် ထောင်တက်သွား၏။ သူသည် တကယ်ပင် ဒေါသထွက်လျက် ရှိနေ၏။ လျှိုကလန်သည် ကျိန်းသေပေါက် အားအင် ကောင်းမွန်သည့် ကလန်တစ်ခုဖြစ်ပြီး ထျန်းမင်တောင်သခင်ထက် ပိုမိုကာ အားကောင်းလွန်း၏။

သို့ပေမဲ့ အားကောင်းသည် ဆိုလျှင်တောင်မှ လက်ရှိကလန်ထဲတွင် အင်မော်တယ်ဘုရင် အများအပြား မရှိချေ။ ၎င်းတို့သည် အပြင်ဘက်သို့ ခရီးသွားလာလျက်ရှိနေ၏။ ထို့ကြောင့် လက်ရှိ ကလန်ထဲတွင် ဖြစ်နေသည့် အကြောင်းအရာများကို သတိမပြုမိခြင်းဖြစ်၏။ မဟုတ်ပါက ထျန်းမင်တောင်သခင်ကို လွယ်လွယ်ကူကူနှင့် သုတ်သင်နိုင်စွမ်း ရှိသည်။

“ကျုပ် မလိုအပ်တဲ့ စကားတွေ ပြောရတာကို စိတ်မဝင်စားဘူး။ လျှိုကလန်ကလူက ကျုပ်လက်ထဲမှာ ရှိနေတယ်။ အတွေးတစ်ချက်ထဲနဲ့ သူရဲ့ဝိညာဉ်တစ်ခုလုံး ပျက်စီးသွားအောင် လုပ်လို့ရတယ်” ထျန်းမင်တောင်သခင်က ခြိမ်းခြောက်လိုက်၏။

သူသည် လက်ကို အသာဖွင့်ဟပြပြီးသည့်နောက် လျှိုချင်းကျီ၏ ဝိညာဉ်ကို ထုတ်ဖော်ပြလိုက်၏။ လက်ချောင်းများကို ဖွင့်လိုက်၊ ပိတ်လိုက် ပြုလုပ်ပြီးသည့်နောက် တစ်ဖက်လူကို အချိန်မရွေး သတ်ဖြတ်နိုင်သည် ဆိုသော အမူအရာကို ပြုလုပ်ပြလိုက်သည်။

“မလုပ်နဲ့”

လျှိုရွှမ်ချမ်သည် ရုတ်တရက် ထကာ အော်ဟစ်လိုက်၏။ “ထျန်းမင်တောင်သခင်.. ခင်ဗျား ဘာလုပ်ချင်တာလဲ။ ရပ်လိုက်တော့”

“ရပ်ရမယ် ဟုတ်လား”

ထျန်းမင်တောင်သခင်က လှောင်ပြုံး ပြုံးလိုက်၏။ သူသည် လက်ကို ဖြည်းညှင်းစွာဖြင့် ဖိညှစ်ပစ်ရန် ကြိုးစားလျက် ရှိနေတုန်းမှာပဲ ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။ “ဒါ ခင်ဗျားတို့ရဲ့ လေးနက်မှုအပေါ်မှာ မူတည်တာပေါ့”

“ထျန်းမင်တောင်သခင် ဘာလုပ်ချင်တာလဲ” သတ္တမဘိုးဘေးက အေးစက်စက် မေးမြန်းလိုက်၏။

“ရိုးရှင်းပါတယ်။ အသက်တစ်ခုအတွက် အသက်ပေါ့။ လျှိုချင်းယုကိုပေး.. ဒါဆိုရင် ဒီလူရဲ့ အသက်ကို ချမ်းသာပေးမယ်”

ထျန်းမင်တောင်သခင်သည် မနီးမဝေးတွင် ရှိနေသည့် လျှိုချင်းယုဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။

ထိုစကားကို ကြားရသည့် အချိန်မှာတော့ လျှိုချင်းယု၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပြည့်နှက်သွားခဲ့၏။ ထျန်းမင်တောင်သခင်သည် ဤတစ်ကြိမ်တွင် ကျိန်းသေပေါက် သူ့ကို လာရောက်ကာ ကယ်တင်ခြင်းဖြစ်၏။ သူ၏အသက်ဘေးသည် လက်ရှိအချိန်၌ လွတ်မြောက်သွားခဲ့ပြီဟု ပြောဆိုရပေလိမ့်မည်။

“ဖန်းရှန်.. မင်းက တကယ့်ကို ကောင်းမွန်တဲ့ အကြံအစည်တစ်ခုကို စီစဉ်ထားခဲ့တာပဲ” သတ္တမဘိုးဘေးကြီးသည် လေးလေးနက်နက်ဖြင့် ချီးကျူးလိုက်၏။

သူသည် အားအင်စိုက်ထုတ်မှုများစွာ ပြုလုပ်ပြီး သစ္စာဖောက်ကို ဖမ်းဆီးရန် ကြိုးစားခဲ့၏။ သို့ပေမဲ့ ထျန်းမင်တောင်သခင် သည် လွယ်လွယ်ကူကူဖြင့် တစ်ဖက်လူအား လွှတ်ပေးရန် ပြောဆိုနေလေ၏။ လောကကြီးတွင် ဤမျှကောင်းမွန်သည့် အလဲအထပ်ဆိုသည်မှာ တည်ရှိနေသည်လား။

သို့ပေမဲ့ လျှိုချင်းယုကိုသာ မလွှတ်ပေးပါက လျှိုချင်းကျီ ဘာဖြစ်သွားမည်နည်း။ သတ္တမ ဘိုးဘေးကြီးနှင့် တခြားသောသူများသည် လက်ရှိ အခြေအနေ၌ တွေဝေငေးငိုင်လျက် ရှိနေသည်။

..........

တိုင်ချူးသည် တစ်စုံတစ်ခုကို ဝင်ရောက်ကာ ပြောဆိုချင်စိတ်ရှိ၏။ သို့ပေမဲ့ တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည့် လျှိုချင်းကျီကို မြင်ရသည့် အချိန်မှာတော့ သက်ပြင်းချရုံသာ တတ်နိုင်တော့၏။ တစ်ဖက်လူအား ဖမ်းဆီးမိရန်အတွက် မည်မျှ အားစိုက်ထုတ်ကာ ကြိုးစားခဲ့ရသနည်း။ သို့ပေမဲ့ လက်ရှိ အခြေအနေ၌ လျှိုချင်းယုကို လွှတ်ပေးရန် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ မလွှတ်ပေးပါက သူတို့ ဘာလုပ်နိုင်မည်နည်း။ လျှိုချင်းကျီ တစ်ယောက် သေဆုံးခြင်းအဖြစ်ကို မျက်မြင်ထိုင်ကာ ကြည့်ရှုနေရမည်လား။

All Chapters