← Chapters

အခန်း (၆၇၂)

Vol. 45 Ch. 672

အခန်း (၆၇၂)

Vol. 45 Ch. 672

ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ သူက အကြိမ်ပေါင်းများစွာ သွားရောက်လည်ပတ်ခဲ့ဖူး၏။ ထို့ကြောင့် သူသည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်အား တကယ်ပင် ချီးကျူးမိ၏။ ဤလောကကြီးထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် မပြုလုပ်နိုင်သည့် အရာဟူ၍ ရှိလိမ့်မည်ပင် မထင်ချေ။

“ဒီလိုဆိုရင်”

သတ္တမဘိုးဘေးကြီးသည် လျှိုချင်းကျီ၏ ဝိညာဉ်ကို လှမ်းကာကြည့်ရှုလိုက်၏။ ပြီးနောက် လျှိုရွှမ်ချမ်ကို လှမ်းကာကြည့်ရှုလိုက်ပြန်၏။ သူက တီးတိုးရေရွတ်လိုက်၏။ “သွားလည်ဖို့တော့ ထိုက်တန်တယ်နဲ့ တူတယ်”

ပြီးနောက် နတ်ဘုရားလောကဆီသို့ သွားရခြင်းသည် အချိန်အတော်ကြာ ကြာမြင့်မှာဖြစ်၏။ ဤခရီးစဉ်တွင် တစ်စုံတစ်ခုသာ ဖြစ်သွားခဲ့ပါက ကျိန်းသေပေါက် ပြဿနာ များပေလိမ့်မည်။ ထို့ပြင် လျှိုကလန်အတွင်း၌ တစ်စုံတစ်ယောက်၏ ဝိညာဉ်ကို ပြန်လည်ကာ ကောင်းမွန်နိုင်စွမ်း ရှိနေသည့် ဆေးပစ္စည်းများ တည်ရှိနေသည် ဆိုလျှင်တောင်မှ အကျိုးသက်ရောက်မှုသည် စိတ်ကျေနပ်စရာ ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။

ထို့အပြင် ဆေးလုံးဆိုသည်မှာ ရှားပါးလွန်းသည့် အရာများဖြစ်နေ၏။ အင်မော်တယ်ဘုရင်တစ်ယောက်၏ နတ်ဘုရားဝိညာဉ်ကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်နိုင်စွမ်း ရှိနေသည့် ဆေးလုံးမျိုးသည် တကယ်ပင် ရှားပါးလွန်း၏။ ထိုသို့ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်၌ ၎င်းတို့၏ ကံတရားကို သွားရောက်ကာ စမ်းသပ်ကြည့်သင့်တယ် မဟုတ်ပါလား။

တာအိုရောင်းရင်း တိုင်ချူး ပြောသလို ကောင်းကင်လျှို့ဝှက်နန်းဆောင် သခင်သည် ဆန်းကြယ်လွန်းသည့် စွမ်းဆောင်ရည်များနှင့် ပြည့်နှက်လျက် ရှိသည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ ပိုမို၍ အရေးကြီးမားသည်မှာ ကောင်းကင်မူလလောကကြီးသည် မနီးမဝေးတွင် တည်ရှိနေ၏။ ၎င်းတို့၏ အမြန်နှုန်း အရဆိုလျှင် တစ်ရက်မကြာခင်မှာပဲ ရောက်ရှိနိုင်၏။ နတ်ဘုရားလောကဆီသို့ အလောတကြီးနှင့် ပြန်သွားရခြင်းထက် ဤကဲ့သို့ ခရီးတိုတစ်ခုကို သွားရခြင်းက ပိုမိုကာ သင့်တော်လှပေ၏။

တိုင်ချူးတစ်ယောက် လျှိုကလန်ဆီမှ အင်မော်တယ်ဘုရင်သုံးပါးတို့ကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ခေါ်ဆောင်လာတုန်းမှာပဲ နက်နဲလျှို့ဝှက်လောက၏ ထျန်းမင်တောင် အဓိကခံတပ်ကြီး အထဲတွင်တော့..

ထျန်းမင်တောင်သခင်သည် လျှိုချင်းယုနှင့်အတူ ဆင်းသက်လိုက်၏။ မြေပေါ်သို့ ရောက်သည့်အချိန်မှာတော့ ထျန်းမင်တောင်သခင်သည် လျှိုချင်းယု၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် စည်းများကို ဖယ်ရှားပေးလိုက်၏။

“တာအိုရောင်းရင်း... အချိန်အတိုင်းအတာတိုအတွင်း ဒီမှာနေအုံး။ ခင်ဗျားရဲ့ ဒဏ်ရာတွေကို ပြန်ပြီးကောင်းမွန်သွားအောင် ကြိုးစားဖို့ပဲ အာရုံစိုက်”

“အသက်ကယ်ခဲ့တဲ့အတွက် ကျေးဇူးပါပဲ တောင်သခင်”

လျှိုချင်းယုသည် လက်သီးကို ဆုပ်ပြီး ကျေးဇူးတင်မှုကို ထုတ်ဖော်ပြသလိုက်၏။ ယခင်တုန်းက ထျန်းမင်တောင်သခင်သည် သူ့ကိုချန်ပြီး ထွက်ပြေးသွားခဲ့၏။ ထို့ကြောင့် သူသည် တကယ်ပင် ဒေါသထွက်ခဲ့သည်။

သို့ပေမဲ့ မထင်မှတ်ထားလောက်အောင်ပင် တောင်သခင်သည် ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ့ကို ကယ်တင်ခဲ့၏။ ထို့ကြောင့် သူ့နှလုံးသားထဲတွင် ရှုပ်ထွေးသည့် ခံစားချက်များနှင့် ပြည့်နှက်လျက်ရှိနေ၏။ ဒေါသ ထွက်ရမည်လား၊ ကျေးဇူးတင်ရမည်လားဆိုသည်ကပင် မရေရာတော့ချေ။

“ကျုပ်လုပ်ကို လုပ်သင့်တဲ့ကိစ္စပါပဲ” ထျန်းမင်တောင်သခင်က လေးလေးနက်နက်နှင့် ပြောလိုက်၏။ ပြီးနောက် အဓိပ္ပာယ်ပါသည့်အကြည့်ဖြင့် လျှိုချင်းယုကို ကြည့်ရှုလိုက်၏။ သူသည် လျှိုချင်းယု၏ အတွေးများကို ထိုးဖောက်မြင်ရသည့်ပုံပင် ပေါ်၏။

လျှိုချင်းယုသည် သူ့အပေါ်တွင် မကောင်းသည့်ခံစားချက်များ တည်ရှိနေကြောင်း သူ ကောင်းကောင်း သိ၏။ ထိုသို့ဆိုလျှင်တောင်မှ ၎င်းတို့နှစ်ယောက်လုံးသည် တူညီသည့်ကြိုးတစ်ချောင်းပေါ်တွင် ရပ်လျက် ရှိနေသည့် ငှက်နှစ်ကောင်ကဲ့သို့ပင် ဖြစ်၏။ ကြိုးပြတ်သွားသည်ဆိုပါက နှစ်ယောက်လုံး အောက်သို့ ပြုတ်ကျသွားမှာ ဖြစ်၏။ ထို့ကြောင့် အတူယှဉ်တွဲကာ နေထိုင်ရပေလိမ့်မည်။

သူတို့၏ အဓိက ရည်ရွယ်ချက်သည် ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက် ဖြစ်လာရန်ပင်။ မည်သူက ကွာစီအင်မော်တယ် အင်ပါယာဖြစ်ဖြစ် အရေးမကြီးလှချေ။ ကျိန်းသေပေါက် အောင်မြင်မှုကို လက်လှမ်းကာ ယူနိုင်မည့် အခြေအနေမျိုးကို ရောက်ရှိမှာတော့ သေချာပေ၏။ ကျန်သောအရာများ အားလုံးသည် ဒုတိယအရာပင် ဖြစ်သည်။

“နတ်ဘုရားလောကကြီးနဲ့ ပတ်သက်ပြီး စီစဉ်ထားတဲ့အရာတွေက ဘယ်လိုလဲ” ထျန်းမင်တောင်သခင်သည် အသာလှမ်းကာ မေးမြန်းလိုက်၏။ ဤအရာသည် သူ လျှိုချင်းယုကို ကယ်တင်ခဲ့သည့် အဓိက အကြောင်းအရာပင် ဖြစ်၏။

လျှိုချင်းယု၏ ကူညီပေးမှုသာ မရှိပါက နတ်ဘုရားလောကထဲ၌ သူ၏ အခြေခံသည် ဘာတစ်ခုမှ မရှိချေ။ အခြေခံအရင်းအမြစ်များ၏ ထောက်ပံ့မှု မရှိလျှင် သူ့အနေနှင့် စီမံဆောင်ရွက်စရာများကို မည်သို့ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်မည်နည်း။

“စိတ်မပူနဲ့”

လျှိုချင်းယုက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “အစောကြီးတည်းက လုပ်ထားပြီးသားလေ။ နတ်ဘုရားလောကကြီးတစ်ခုလုံးအနှံ့ သတင်း ပျံ့သွားဖို့က သိပ်ပြီး ကြာမှာမဟုတ်ဘူး။ အင်မော်တယ်လောက ကိုတောင်မှ ရောက်သွားနိုင်တယ်။ ကွာစီအင်မော်တယ် အင်ပါယာ ဖြစ်လာနိုင်တဲ့ သတင်းအချက်အလက်ဆိုတာက တကယ်ကို အုတ်အော်သောင်းနင်း ဖြစ်စေတဲ့အရာမျိုးပဲလေ”

ကွာစီအင်မော်တယ်အင်ပါယာအဆင့်သည် ရေတွက်၍ မရအောင် များပြားသည့် အင်မော်တယ်ဘုရင်များ လိုချင်တောင့်တလျက် ရှိနေသည့် သတင်းမျိုးပင် ဖြစ်၏။ သတင်းအချက်အလက်က မှားယွင်းနေသည် ဆိုလျှင်တောင်မှ အင်မော်တယ်ဘုရင်များသည် ကျိန်းသေပေါက် လာရောက်ကာ စူးစမ်းကြမှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ပိုမိုမြင့်မားသည့် အဆင့်ဆီသို့ မရောက်ရှိချင်သောလူဟူ၍ ရှိမည် မဟုတ်သောကြောင့်ပင်။

“ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို ပြန်ပြီးသုံးသပ်ရမယ်ဆိုရင် ကျုပ်တို့အနေနဲ့ လျစ်လျူရှုထားသင့်တဲ့အရာ မရှိဘူးဆိုတာကို နားလည်သင့်တယ်။ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပေါ်လာပြီဆိုရင် ကျုပ်တို့ လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရဲ့ အထက်မှာရှိနေဖို့ များတယ်” လျှိုချင်းယုက လေးလေးနက်နက် ပြောဆိုလိုက်၏။

ထျန်းမင်တောင်သခင်သည် မတ်မတ်ရပ်ကာ ခုခံနိုင်စွမ်းရှိနေသေး၏။ သို့ပေမဲ့ သူသည် မထင်မှတ်ထားသော ကိစ္စတစ်ခုကို လျစ်လျူရှုခဲ့သောကြောင့် သန်းထောင်နှင့်ချီသည့် သူ့ကျင့်ကြံခြင်း အားလုံး သဲထဲရေသွန် ဖြစ်မလို အခြေအနေမျိုးထိ ရောက်ရှိခဲ့သည် မဟုတ်ပါလား။

“ခင်ဗျား ရည်ညွှန်းတာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်လား” ထျန်းမင်တောင်သခင်သည် မျက်ခုံးကို ပင့်ပြီးနောက် အဓိပ္ပာယ်ပါပါ မေးမြန်းလိုက်သည်။

“ဟုတ်တယ်”

လျှိုချင်းယုက ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်၏။ “ခင်ဗျားကျုပ်ကို လာကယ်တဲ့အချိန်မှာ အင်မော်တယ်ဘုရင် တိုင်ချူးလည်း ရှိနေတယ်။ သူက ကျိန်းသေပေါက် လျှိုကလန်ရဲ့ဘုရင်သုံးပါးကို ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီကို ခေါ်သွားမှာ သေချာတယ်။ ဒါဆိုရင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ဆီက ဘယ်လိုမေးခွန်းမျိုးတွေ သူတို့ မေးမလဲဆိုတာ ကျုပ်တို့ မသိနိုင်ဘူး”

သူတို့သည် နန်းဆောင်သခင်၏ စိတ်နေစိတ်ထားကို ကောင်းကောင်းသိရှိပြီးဖြစ်၏။ သတ်မှတ်ထားသည့် တန်ကြေးကိုသာ ပေးအပ်သည်ဆိုပါက အင်္သေချေ များပြားလှသည့်လောကကြီးထဲတွင် ဝယ်ယူ၍ မရသည့် သတင်းအချက်အလက်ဟူ၍ မရှိချေ။

ထို့အပြင် တစ်ဖက်လူ မရောင်းချရဲသည့် သတင်းအချက်အလက်လည်း မရှိချေ။ သူတို့၏ အစီအစဉ်များသည် လျှိုကလန်ဘုရင်များ၏ လက်ထဲသို့ ရောက်ရှိသွားသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာ များနိုင်၏။ ထိုသို့ဆိုရင် တစ်နေ့နေ့တွင် သူတို့သည် ထောက်ချောက်ထဲသို့ ကျဆင်းသွားနိုင်၏။

ထို့အပြင် တစ်ဖက်လူများ၏ ငွေကြေးအရင်းအမြစ်ကို သူတို့ ယှဉ်ပြိုင်၍ ရနိုင်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူများသည် တကယ့်ကို အရင်းအမြစ် ပေါများကြွယ်သည့်သူများသာဖြစ်၏။ ဝယ်ယူချင်သည့် သတင်းအချက်အလက်များကို ကျိန်းသေပေါက် ဝယ်ယူနိုင်စွမ်း ရှိနေသည်။

“အင်း”

ထျန်းမင်တောင်သခင်က ခဏလောက် စဉ်းစားလိုက်၏။ ပြီးနောက် ပြောဆိုလိုက်၏။ “ကျုပ်တို့ သတင်းအချက်အလက်တွေ ဖြန့်ပြီးသွားရင် လျှိုကလန်ရဲ့ ဘုရင်တွေကလည်း ကျုပ်တို့ရဲ့ သတင်း အချက်အလက်တွေကို ရမှာပဲလေ။”

ပြီးနောက် သူက ဆက်လက်ကာ ပြောဆိုလိုက်၏။ “ဒီလူတွေက ကွာစီအင်မော်တယ် အင်ပါယာဖြစ်တဲ့ အခွင့်အရေးကို လိုချင်ကြမှာပဲ”

“ဒီလူတွေက ကျုပ်တို့ကို ပိုက်ဆံလာပေးမယ့်လူတွေတောင် ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ သတိထားရမယ်” လျှိုချင်းယုသည် မျက်မှောင်ကုတ်ပြီး သေသေချာချာ အကြံပြုလိုက်သည်။

“တာအိုရောင်းရင်း စိတ်ချထား။ ခင်ဗျားက လက်ရှိအခြေအနေမှာ အားမွေးဖို့ပဲ အာရုံစိုက်။ ကျုပ်တော်ဝင်သဲကန္တာရမြို့ကို သွားပြီးတော့ ဆက်လက် စောင့်ကြည့်ထားမယ်။ သူတို့ ဘာတွေ စီစဉ်မလဲဆိုတာ ကျုပ် သိချင်သေးတယ်”

ထျန်းမင်တောင်သခင်က အသာ ရယ်မောလိုက်၏။ ပြီးနောက် ယုံကြည်ချက်ရှိရှိနှင့် ပြောဆိုလိုက်၏။ “သူတို့ ကောင်းကင်လျှို့ဝှက်နန်းဆောင်အထိ မသွားဘူးဆိုလျှင်တောင်မှ အဆင်ပြေတယ်။ ဒါပေမဲ့ သွားပြီ ဆိုရင်တော့ ကျုပ် သူတို့ထွက်သွားသည်နဲ့ တပြိုင်နက် ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲကို ဝင်ပြီး သူတို့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို စီနီယာနန်းဆောင်သခင်ဆီ မေးလိုက်မှာပေါ့။ နောက်မှရောက်တဲ့သူက တပန်းသာတာပဲ။ ဟား ဟား ဟား”

All Chapters