← Chapters

အခန်း (၆၇၃)

Vol. 45 Ch. 673

အခန်း (၆၇၃)

Vol. 45 Ch. 673

လျှိုချင်းယုက အသာပင် ရေရွတ်လိုက်၏။ ပြီးသည့်နောက် အံ့အားသင့်စွာဖြင့် ထျန်းမင်တောင်သခင်ကို လှမ်းကာကြည့်ရှုလိုက်၏။ စိတ်ထဲ၌ ခဏလောက် တွက်ချက်ခဲ့ပြီးနောက် သူသည် ခေါင်းကို အသာညိတ်ကာ ပြောလိုက်၏။ “ဒါဆိုရင်လည်း အဆင်ပြေပြီလေ။ တခြားသူတွေရဲ့ အစီအစဉ်ထဲကို ဝင်မသွားမိစေနဲ့။ ကိုယ့်ကိုယ်ကိုယ် သတိထားအုံး”

“တာအိုရောင်းရင်း... မြန်မြန် ခင်ဗျားရဲ့ဒဏ်ရာတွေ ကောင်းအောင်သာ လုပ်တော့။ ကျုပ် အခုသွားတော့မယ်” ထျန်းမင်တောင်သခင်သည် ပြုံးကာ ပြောလိုက်သည်။

ထိုကဲ့သို့ ပြောဆိုပြီးပြီးချင်းမှာပဲ ခြေလှမ်းတက်ကာဖြင့် သူ၏ပုံရိပ်သည် ပျောက်ကွယ်သွားတော့၏။

ထွက်ခွာသွားခဲ့ပြီးသည့်နောက် လျှိုချင်းယု၏ မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးများသည် ဖြည်းညှင်းစွာဖြင့် ပျောက်ကွယ်သွားခဲ့၏။ မျက်လုံး၏ အတွင်းဘက်တွင် အေးစက်သည့် အရိပ်သင်္ကေတများ ဖြစ်တည်လာခဲ့သည်?

“ဟမ့်”

ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့သည် အင်မော်တယ်ဘုရင်သာလျှင်ဖြစ်၏။ ထျန်းမင်တောင် သခင်၏ ရည်ရွယ်ချက်ကို သူ အဘယ်သို့ မသိဘဲနေမည်နည်း။ ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ သွားရသည့် ရည်ရွယ်ချက်သည် လျှိုကလန်တွင် ရှိနေသည့် ဘုရင်သုံးပါးကို မည်ကဲ့သို့ရင်ဆိုင်ရမည် ဖြစ်ကြောင်း ရည်ရွယ်ချက်မှာ အမှန်ပင် ဖြစ်၏။ သို့ပေမဲ့ ဤအရာက အဓိက မဟုတ်ချေ။ သူ၏အမြင်အရ ဆိုလျှင် ထျန်းမင်တောင်သခင်၌ တခြားသောအကြံများ တည်ရှိနိုင်၏။ ကျိန်းသေပေါက် သူနှင့် ရင်ဆိုင်ရန်ပင် ဖြစ်ပေလိမ့်မည်။

ယခင်တုန်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲတွင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် ကွာစီ အင်မော်တယ် အင်ပါယာ များများစားစား ဖြစ်လာလိမ့်မည်မဟုတ်ဟု ပြောဆိုခဲ့၏။ ဤအရာသည် တကယ့်ကို အစစ်အမှန်တရား ဖြစ်၏။ ပြောရမည်ဆိုလျှင် လူတစ်ယောက်တည်းကသာလျှင် ကွာစီ အင်မော်တယ် အင်ပါယာအဆင့်သို့ တက်လှမ်းမည့်အခြေအနေမျိုးပင်။

ထို့အပြင် ကွာစီအင်မော်တယ် အင်ပါယာအဆင့်သို့ ရောက်ရှိဖို့ဆိုသည်မှာ လွယ်လွယ်ကူကူ ရရှိနိုင်သည့် အရာမျိုး မဟုတ်ချေ။ သူနှင့် ထျန်းမင်တောင်သခင်တို့၏ကြားတွင် ပဋိပက္ခများ ဖြစ်ပွားပြီးမှ တစ်ယောက်ယောက်က ထိုအဆင့်ဆီသို့ တက်လှမ်းနိုင်မည့်ပုံ ပေါ်လို့နေ၏။

တွေးကြည့်ပြီးသည့်နောက် လျှိုချင်းယု၏ မျက်လုံးထဲတွင် အေးစက်သည့် အရိပ်သင်္ကေတများ ဖြစ်တည် လာခဲ့၏။ သူသည် လက်ဝါးကို အသာဖြန့်ပြီးသည့်နောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ဖော်လိုက်၏။ အစစ်အမှန် သွေးအဆီအနှစ်တို့နှင့် ပေါင်းစပ်ပြီးသည့်နောက် ကျောက်စိမ်းပြားသည် တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို လင်းထိန်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ နတ်ဘုရားလောက၊ လျှိုကလန်၏ လျှို့ဝှက်အခန်းထဲမှာတော့ ‌လေထုထဲတွင် ကျောက်စိမ်းပြား တစ်ခုက ပေါ်ပေါက်လာ၏။ ၎င်းသည် အလွန်ကို ဆန်းကြယ်သည့် အော်ရာများ ထုတ်ဖော်လျက် ရှိနေ၏။ ပြီးနောက် အလင်းတန်းများ စုဝေးလာခဲ့ပြီးသည့်နောက် ပုံရိပ်ယောင်တစ်ခုသည် အကောင်အထည် ဖြစ်တည်လာခဲ့၏။

လျှို့ဝှက်အခန်း၏ အတွင်းဘက်တွင်တော့ ....

များပြားလှသည့် လူများသည် မယုံကြည်နိုင်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့၏ နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ မြေပြင်ပေါ်သို့ အသာဒူးထောက် ထိုင်ချခဲ့ပြီးသည့်နောက် သံပြိုင်ဆိုသလိုပဲ အော်ဟစ် လိုက်ကြသည်။ “နောင်လာမျိုးဆက်တွေက ဘိုးဘေးကို ဂါရဝပြုပါတယ်”

လျှိုချင်းယုသည် ငရဲလောကကြီးနှင့် တိုက်ပွဲပြီးသည့်နောက် မွေးဖွားလာခဲ့သည့် လူတစ်ယောက် ဖြစ်သော်လည်း လက်ရှိရောက်ရှိနေသည့် အချိန်ကာလနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် အတော်အတန် အသက်အရွယ်ကြီးမားသည့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်ဟု သတ်မှတ်နိုင်၏။ ထို့ကြောင့် လက်ရှိ ဖြစ်တည်နေကြသည့် လျှိုကလန်၏ မျိုးဆက်များသည် ၎င်းအား ဘိုးဘေးဟု သတ်မှတ်ရမှာ ဖြစ်သည်။

၎င်းသည် ကလန်အတွင်းတွင် တည်ရှိခဲ့သည့် အင်မော်တယ်ဘုရင်တစ်ယောက် ဖြစ်သည်မို့ တိုက်ရိုက် မျိုးဆက်များအား လွှမ်းမိုးနိုင်စွမ်းရှိသည့် လူတစ်ယောက်ပင်။

“ထတော့” လျှိုချင်းယုက ပြောလိုက်၏။

အားလုံးသော သူတို့သည် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေကြသည်။

“ဘိုးဘေးကြီး နောက်ဆုံးတော့ ပေါ်လာပြီ။ တကယ့်ကို အံ့အားသင့်စရာပဲ”

ဆံပင်များ ဖြူဖွေးလျက် ရှိနေသည့် အဘိုးအိုတစ်ယောက်သည် မျက်ရည်များ ကျလုမတတ်ပင် စိတ်လှုပ်ရှားလျက် ရှိနေ၏။ သူသည် တုန်ယင်စွာဖြင့် ပြောဆိုလိုက်၏။ “ဘိုးဘေးကြီး.. ခုတလောအတွင်း လျှိုကလန်မှာရှိတဲ့ လူပေါင်းများစွာတွေက ဘယ်လောက်ထိ စိတ်ပူနေတယ် ဆိုတာ ဘိုးဘေးကြီး မသိဘူး။ ကလန်သားတိုင်း၊ ကလန်သားတိုင်းက ဘိုးဘေးကြီး ငရဲလောကကို ဝင်ရောက်သွားတယ်လို့ သီးသန့်ပြောဆို ပြစ်တက်နေကြတယ်။ ဘိုးဘေးကြီး ထွက်မလာဘူးဆိုရင် ဒီသတင်းကို ကျုပ်တို့ ဘယ်လိုဖယ်ရှားကြမလဲ”

ထိုစကားကို ကြားရသည့်အချိန်မှာတော့ တခြားသောသူအားလုံးတို့သည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ လျှိုချင်းယု၏ တိုက်ရိုက်မျိုးဆက်များဖြစ်သည်နှင့်အညီ ၎င်းတို့သည် လျှိုချင်းယု တစ်ယောက် ငရဲလောကထဲသို့ ဝင်ရောက်သွားခဲ့သည် ဆိုသည့်အကြောင်းအရာကို မည်သို့မျှ လက်မခံနိုင်ချေ။ မည်သို့မှလည်း ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

“ဘိုးဘေးကြီး... နတ်ဘုရားလောကဆီ ဘယ်အချိန် ပြန်လာမှာလဲ” တစ်စုံတစ်ယောက်က မေးမြန်းလိုက်၏။

လူတစ်ယောက်ချင်းစီတိုင်းသည် လျှိုချင်းယု၏ တုံ့ပြန်မှုကို မျှော်လင့်လျက် ရှိနေသည်။

လျှိုချင်းယုသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ခဏလောက် ကြာပြီးနောက် ဖြည်းညှင်းစွာ ပြောဆိုလိုက်၏။ “အရင်တုန်းက ပြောခဲ့တဲ့ စီမံစရာ ကိစ္စရပ်တွေကို ပြုလုပ်ပြီးပြီလား”

ထိုစကားစုကို ကြားရသည့် အချိန်မှာတော့ အားလုံးသောသူတို့၏ နှလုံးသားများက အေးစက်သွားခဲ့၏။ ဘိုးဘေးကြီးသည် သူတို့၏ မေးခွန်းကို မဖြေဆိုခဲ့ချေ။ ထိုသို့ဆိုလျှင် ထွက်ပေါ်လျက် ရှိနေသည့် ကောလဟာလများသည် အမှန်ပင် ဖြစ်နေသည်လား။ ဘိုးဘေးကြီးသည် ငရဲလောကဆီသို့ ပူးပေါင်း ပြီးသည့်နောက် ငရဲလောက၏ အကြွင်းအကျန်သားများနှင့် မဟာမိတ်ဖွဲ့ခဲ့ပုံပေါ်၏။

ထိုသို့ဆိုလျှင် သူတို့နှင့် တူညီသည့်နေရာတွင် မရှိတော့ချေ။ နတ်ဘုရားလောက၏ လျှိုကလန် ဘိုးဘေးကြီးအဆင့်၊ စွမ်းအားမြင့် ကျင့်ကြံသူသည် ကျိန်းသေပေါက် သာမန်ထက် ထူးခြားသည့် အလုပ်ကို ပြုလုပ်ရဲမှာ သေချာ၏။ ထိုသတင်းသည်သာ အပြင်ဘက်သို့ ပေါက်ကြားသွားသည်ဆိုပါက ကျိန်းသေပေါက် ပြဿနာ တက်ပေလိမ့်မည်။

“ဘိုးဘေးကြီးကို သတင်းပို့ပါတယ်။ ကျုပ်တို့ ကွာစီအင်မော်တယ် အင်ပါယာအဆင့်နဲ့ ပတ်သက်တဲ့သတင်း အချက်အလက်တွေကို စပြီးဖြန့်ဝေနေပါပြီ။ မကြာခင်မှာ နတ်ဘုရားလောကတစ်ခုလုံး သိရှိသွားပါလိမ့်မယ်” စောဏက ပြောဆိုခဲ့သည့် အဘိုးအိုသည် အကူအညီမဲ့စွာဖြင့် ပြန်လည်ကာ ပြောဆိုလိုက်၏။ သူတို့ ဤကဲ့သို့ ပြုလုပ်ခဲ့သည့် အကြောင်းအရာများသည် မှန်သလား၊ မှားသလား ဆိုသည်မှာ မသေချာချေ။ သို့ပေမဲ့ ဘိုးဘေးကြီးက အမိန့်ပေးထားသောကြောင့် နောက်ပါမျိုးဆက်များ အနေနှင့် ကျိန်းသေပေါက် လိုက်နာ ရပေလိမ့်မည်။

ထို့အပြင် ဘိုးဘေးကြီးတစ်ယောက် ငရဲလောကဆီသို့ ပူးပေါင်းသွားခဲ့သည်ဆိုသည့် သတင်းအချက်အလက် သည် အတည်မပြုရသေးသည့် အကြောင်းအရာဖြစ်၏။။

“အရမ်းကောင်းတယ်”

လျှိုချင်းယုသည် သဘောတကျဖြင့် ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောဆိုလိုက်သည်။ “ကျန်းရန်... မိုးကောင်းကင် ရတနာတချို့ကို ပြင်ဆင်ထား။ ငါ နက်နဲလျှို့ဝှက်လောကကို လာခဲ့မယ်။ မကြာခင်မှာ အဲအရာတွေက အရေးကြီးလာလိမ့်မယ်”

ကျန်းရန်ဟု ခေါ်ဆိုသည့်လူသည် လျှိုချင်းယု၏ နောက်လိုက်မျိုးဆက်ဖြစ်သော လျှိုကျန်းရန်မှလွဲ၍ တခြားသူ မဟုတ်ချေ။ ၎င်း၏အားအင်အဆင့်သည် အန္တိမလမ်းစဉ်၏ ထိပ်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့ပြီး အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ရန် ခြေတစ်လှမ်းအကွာသို့ပင် ရောက်ရှိနေ၏။

သို့ပေမဲ့ ဤခြေတစ်လှမ်းသည် တကယ်ပင် ကြာရှည်လွန်းလှ၏။ လျှိုကျန်းရန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူသည် စိတ်ထဲတွင် အကူအညီမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။ ပြီးနောက် ခေါင်းကို ငုံ့ကာဖြင့် ပြန်လည် ပြောဆိုလိုက်သည်။ “စိတ်ချပါ ဘိုးဘေးကြီး... အခုချက်ချင်း ပြင်ဆင်လိုက်ပါ့မယ်”

“ကောင်းပြီ။ အတိတ်တုန်းက မင်းကိုငါ တန်ဖိုးထားခဲ့တာတွေကို မမေ့လျော့နဲ့”

လျှိုချင်းယုက ခေါင်းကို ညိတ်ကာဖြင့် လေးလေးနက်နက် ပြောဆိုလိုက်၏။ "နက်နဲလျှို့ဝှက်လောကကို မင်းရောက်ပြီဆိုတာနဲ့ နောက်ဆုံးခြေလှမ်းကို လှမ်းတက်နိုင်ဖို့ ကံကောင်းခြင်းတစ်ခုကို ငါပေးမယ်”

ကွာစီအင်မော်တယ် အင်ပါယာတစ်ယောက်ဖြစ်ရန်သည် အင်မော်တယ်ဘုရင်များအတွက် အရေးကြီးသည့် အန္တိမရည်မှန်းချက် တစ်ခုဖြစ်သည်ဆိုလျှင် အန္တိမလမ်းစဉ် ကျင့်ကြံသူများအတွက် အင်မော်တယ်ဘုရင် တစ်ယောက်ဖြစ်ရန်သည် ထိုကဲ့သို့ပင်။

လျှိုကျန်းရန်လည်း ထိုနည်းလည်းကောင်းပင်။ အစဦးပိုင်းတုန်းက ဘိုးဘေးကြီးသည် ငရဲလောကနှင့် ပူးပေါင်း သွားမည်ကို သူက စိုးရိမ်နေမိ၏။ ယခု သူ၏ ရည်မှန်းချက် နီးကပ်လာသည့်အခြေအနေကို ကြားရချိန်မှာတော့ ချက်ချင်းပဲ ဘိုးဘေးကြီး ခိုင်းသမျှကို ပြုလုပ်ရန် စဉ်းစားလိုက်တော့၏။

“ကျိန်းသေပေါက် စိတ်မပျက်စေရပါဘူး ဘိုးဘေးကြီး” လျှိုကျန်းရန်သည် သေသေချာချာပင် ပြောဆိုလိုက်လေသည်။

“ဒါဆိုရင် မြန်မြန်ပြင်ဆင်တော့။ ငါ့ကို အကြာကြီး မစောင့်ခိုင်းနဲ့”

လျှို့ဝှက်ခန်း၏ အတွင်းထဲမှာတော့ လျှိုချင်းယု၏ ပုံရိပ်သည် တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားခဲ့၏။

All Chapters