← Chapters

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း(၁၃၅၄)

"ကျန်းချန် မစိုးရိမ်ပါနဲ့.. ငါတို့ ရှောင်တုလီကို မတိုက်ခိုက်ခဲ့ပါဘူး.. သူ့ဘာသာသူ စောစောစီးစီး ထွက်ခွာသွားတာပါ.. ချင်ဝူချွယ်က ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ငါတို့ကို ပြောပြပြီးပါပြီ"

"ဒီတစ်ခေါက် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်း ခရီးစဥ်မှာ မင်းသာ မကူညီခဲ့ရင် အကျိုးဆက်တွေက အရမ်းကို ဆိုးရွားသွားနိုင်တယ်.. ဟောင်ထျန်း သူတော်စင်နယ်မြေက မင်းအပေါ်မှာတောင် အကြွေးတင်နေပြီ.. ဘယ်လိုလုပ်ပြီး မင်းရဲ့ဆရာ ရှောင်တုလီကို တိုက်ခိုက်ရမှာလဲ"

ရှားချန်ခုန်းက အလျင်အမြန်ပင် ရှင်းပြလိုက်သည်။

ကျန်းချန်က မျက်မှောင်ကြုတ်ကာ မေးခွန်းထုတ်လိုက်၏။

"ဒီမှာ ဘာတွေဖြစ်ပျက်ခဲ့လဲ မင်းတို့ ဟောင်ထျန်းသူတော်စင် နယ်မြေရဲ့ လေထုက အနည်းငယ် မူမမှန်ဘူးလို့ ငါခံစားမိတယ်"

"မင်း ‌ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ကျုံးကျိုးကုန်းမြေက ရုတ်တရက် သိသိသာသာကြီး ပြောင်းလဲသွားခဲ့တယ်.. နှစ်ထောင်ပေါင်းများစွာ တိမ်မြုပ်ပျောက်ကွယ်နေတဲ့ သွေးနတ်ဆိုးနန်းတော်က ရုတ်တရက် ပြန်လည် ထွက်ပေါ်လာခဲ့တယ်. အခု ကျုံးကျိုးကုန်းမြေမှာ ကြီးမားတဲ့ အရှုပ်အထွေးတွေ ဖြစ်ပေါ်နေခဲ့ပြီ.. ငါတို့ဟောင်ထျန်း သူတော်စင်နယ်မြေရဲ့ သူတော်စင်သခင်ကိုယ်တိုင် ဟောင်ထျန်း သူတော်စင်နယ်မြေက ကျင့်ကြံသူထက်ဝက်ကျော်ကို ဦးဆောင်ပြီး သွေးနတ်ဆိုးနန်းတော်ကို ရင်ဆိုင်ဖို့ ထွက်သွားခဲ့ပြီ"

ထိုစကားကို ပြောနေစဥ် ရှားချန်ခုန်း၏ မျက်လုံးထဲတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ရှားချန်ခုန်း၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"သွေးနတ်ဆိုးနန်းတော်က ရှန်းဝူတိုက်ကြီးကနေ နှစ်ထောင်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တာ မဟုတ်လား.. ဘယ်လိုလုပ်ပြီး ရုတ်တရက် ပြန်ပေါ်လာရတာလဲ"

"ရုတ်တရက် ထွက်ပေါ်လာတာတော့ မဟုတ်ဘူး.. လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းပြီးတဲ့နောက်မှာ သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန်အင်အားစုတွေက အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့ကြတဲ့အတွက် အမြစ်ပြတ် သုတ်သင်ဖို့ ခက်ခဲခဲ့တယ်. ဒီတစ်ကြိမ် သူတို့တွေ ထွက်ပေါ်လာတာက သူတို့ရဲ့ နှစ်ထောင်ပေါင်းများစွာ ကြိုတင် စီစဥ်ထားတဲ့ အစီအစဥ်တစ်ခုပဲ"

ရှားချန်ခုန်းက မချိပြုံး ပြုံးလိုက်ပြီး ကျန်းချန်ကို ရှင်းပြလိုက်သည်။

"လျှို့ဝှက်နယ်မြေရှစ်ခုက သိပ်မကြာခင်က သွေးနတ်ဆိုးနန်းတော် ပြန်လည်နိုးထလာတော့မဲ့ လက္ခဏာရပ်တွေကို တွေ့ရှိခဲ့ပြီး အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲတစ်ခုကို ရှာတွေ့ခဲ့တယ်.. ငါတို့ ဟောင်ထျန်းသူတော်စင် နယ်မြေသခင်က ရှေးဟောင်းကြယ်တာရာကောင်းကင်လမ်းရဲ့ ကိစ္စတွေ ပြီးဆုံးသွားတဲ့အချိန်ကို စောင့်ပြီးမှသာ လျှို့ဝှက်နယ်မြေ ရှစ်ခုနဲ့ ပူးပေါင်းပြီး ရှာတွေ့ထားတဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲကို ဖျက်ဆီးဖို့ စီစဥ်ခဲ့တယ်"

"ဒါပေမဲ့ လျှို့ဝှက်နယ်မြေရှစ်ခု လှုပ်ရှားဖို့ အချိန်မရခင်မှာဘဲ ကျုံးကျိုးကုန်းမြေမှာ သွေးနတ်ဆိုးနန်းတော်က စတင်လှုပ်ရှားလာခဲ့တယ်.. အခုဆိုရင် သွေးနတ်ဆိုး နန်းတော်ရဲ့ ဌာနခွဲက ကျုံးကျိုးကုန်းမြေရဲ့ နေရာအနှံ့မှာ ရှိနေခဲ့ပြီ"

ရှားချန်ခုန်း၏ ရှင်းပြချက်ကိုကြားလျှင် ကျန်းချန်၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလို လေးနက်သွားခဲ့သည်။

နှစ်ပေါင်း(၁၀၀၀၀) ပြည့်ရန် နီးကပ်လာပြီ ဖြစ်၍ သွေးနတ်ဆိုးနန်းတော် ရုတ်တရက် ထွက်ပေါ်လာခြင်းသည် ရှန်းဝူ ကုန်းမြေတိုက်ကြီး၏ ကြီးမားသော ကပ်ဘေးအစလည်း ဖြစ်နိုင်သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"သွေးနတ်ဆိုးနန်းတော်က အရမ်းသန်မာလား. အကြီးအကဲ တို့လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ ခွန်အားနဲ့တောင် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းလို့ မရဘူးလား"

သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းခဲ့ပြီးကတည်းပင် လျှို့ဝှက်နယ်မြေရှစ်ခုသည် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ခွန်အား အတော်အသင့် ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

သွေးနတ်ဆိုးနန်းတော်၏ အကြွင်းအကျန်များသည် အမှောင်ထဲတွင်သာ အချိန်အတော်အကြာ ပုန်းအောင်း၍ ကျင့်ကြံခဲ့သည်။

ယုတ္တိကျစွာဆိုရလျှင် သွေးနတ်ဆိုးနန်းတော်က ပြန်လည်ပေါ်ထွက်လာလျှင်ပင် လျှို့ဝှက်နယ်မြေ ရှစ်ခုသည် ၎င်းတို့ကို အလွယ်တကူ နှိမ်နင်းနိုင်သင့်၏။

သို့ဆိုလျှင် သွေးနတ်ဆိုးနန်းတော်သည် ကျုံးကျိုးကုန်းမြေကို မည်ကဲ့သို့ ကပ်ဆိုး ကျရောက်စေပါသနည်း။

"သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန်တွေက စိုးရိမ်စရာမလိုဘူးလို့ ငါတို့အရင်က ထင်ခဲ့ကြတယ်.. ဒါပေမဲ့ အခုအခြေအနေကိုကြည့်ရတာ ငါတို့တွေအားလုံး ပေါ့ဆမိခဲ့တာပဲ"

ရှားချန်ခုန်းက ခေါင်းခါရမ်းလိုက်ပြီး မချိပြုံး ပြုံးလိုက်သည်။

"သွေးဝိညာဥ်မျိုးနွယ်စုရဲ့ အကြွင်းအကျန် တစ်ယောက်က ဆိတ်ငြိမ်နယ်မြေထဲမှာ ရှိတဲ့ ရှေးဟောင်း အင်ပါယာရဲ့ သန္ဓေပြောင်း သင်္ချိုင်းဂူကနေ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ကျင့်ကြံသူ အများအပြားကို ခေါ်ထုတ်လာခဲ့တယ်.. အခုဆိုရင် လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ ကျင့်ကြံသူတွေက ဆိတ်ငြိမ်နယ်မြေရဲ့အနားမှာ ခံတပ်တစ်ခုကိုတောင် ဆောက်လုပ်ထားခဲ့ရပြီ"

သွေးဝိညာဥ် မျိုးနွယ်စုရဲ့အကြွင်းအကျန်က ရှေးဟောင်းအင်ပါယာရဲ့ သန္ဓေပြောင်းသင်္ချိုင်းဂူကနေ နတ်သန္ဓေအင်ပါယာအများအပြားကို ခေါ်ထုတ်ခဲ့သည် ဟူသော ရှားချန်ခုန်း၏ စကားကို ကြားလျှင် ကျန်းချန်၏ စိတ်နှလုံးသည် တုန်လှုပ်သွားခဲ့သည်။

သူ၏ မျက်ဝန်းတွင် ထိတ်လန့်သော အရိပ်အယောင်တစ်ခု ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

သူက ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူတွင် ရှောင်တုလီကို ကယ်တင်ခဲ့စဥ် အစွမ်းထက် သွေးဝိညာဥ်မျိုးနွယ်စုဝင် တစ်ဦးနှင့် တွေ့ဆုံခဲ့ရသည်။

ထိုသွေးဝိညာဥ် မျိုးနွယ်စု၏ ကျင့်ကြံသူသည် ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲရှိ နတ်သန္ဓေအင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များနှင့် သဘောတူညီချက်အချို့ ရရှိခဲ့ပြီး ထိုစွမ်းအင် ခန္ဓာကိုယ်များကို ရှင်သန် ထမြောက်လာစေရန် ကူညီပေးခဲ့ပုံ ရ၏။

ထိုအချိန်ကတည်းကပင် ကျန်းချန်သည် သွေးဝိညာဥ်မျိုးနွယ်စု၏ ကျင့်ကြံသူတွင် မူမမှန်သော ရည်ရွယ်ချက်အချို့ ရှိလောက်သည်ဟု သံသယရှိခဲ့သည်။

ယခုအခါတွင်မူ ကျန်းချန်သည် နားလည်သွားခဲ့ပြီ ဖြစ်၏။

သွေးဝိညာဥ်မျိုးနွယ်စုမှ ကျင့်ကြံသူသည် ရှေးဟောင်း အင်ပါယာ၏ သန္ဓေပြောင်းသင်္ချိုင်းဂူထဲရှိ နတ်သန္ဓေ အင်ပါယာနယ်ပယ် စွမ်းအင်ခန္ဓာကိုယ်များကို ရှင်သန်ထမြောက်စေခဲ့ခြင်းမှာ ရှန်းဝူတိုက်ကြီး၏ လျှို့ဝှက်နယ်မြေရှစ်ခုနှင့် ယှဥ်ပြိုင်ရာတွင် ၎င်းတို့၏ စွမ်းအားကို အားကိုးရန် ဖြစ်သည်မှာသံသယ ဖြစ်ဖွယ်ရာမရှိပေ။

ရှင်းလင်းစွာဆိုရလျှင် ဆိတ်ငြိမ်နယ်မြေထဲရှိ ရှေးဟောင်းအင်ပါယာ၏ သန္ဓေပြောင်း သင်္ချိုင်းဂူသည် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀၀)ကျော်က ကြယ်ငါးပွင့် အဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်းကနေ ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်၍ အစွမ်းထက်သော နတ်သန္ဓေ အင်ပါယာနယ်ပယ် ကျင့်ကြံသူများစွာ ရှိသည့်အပြင် အင်ပါယာအဆင့် နီးပါး အစွမ်းထက်သည့် ကျင့်ကြံသူများပင် ရှိနိုင်သည်။

ထိုပုဂ္ဂိုလ်များသာ ဆိတ်ငြိမ်နယ်မြေထဲကနေ ထွက်လာခဲ့လျှင် လျှို့ဝှက်နယ်မြေရှစ်ခု အတွက်ပင် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်နှလုံးထဲမှ တုန်လှုပ်မှုကို ဖိနှိပ်လိုက်ကာ ရှားချန်ခုန်းကို နှုတ်ဆက်၍ ဟောင်ထျန်း သူတော်စင်နယ်မြေကနေ အလျင်အမြန် ထွက်ခွာလာခဲ့သည်။

ယခုအခါတွင် လျှို့ဝှက်နယ်မြေ ရှစ်ခုမှ ကျင့်ကြံသူများသည် ဆိတ်ငြိမ်နယ်မြေတွင် ခံတပ် တည်ဆောက်ကာ အလုပ်ရှုပ်နေကြ၍ ကျုံးကျိုးကုန်းမြေ၏ ကိစ္စများကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။

ကျုံးကျိုးကုန်းမြေ၏ သူတော်စင်မြို့တော် ငါးမြို့သည် သူ၏ လက်ချက်ဖြင့် အတော်လေး အင်အားချည့်နဲ့ ခဲ့သည်။

အကယ်၍သာ သွေးနတ်ဆိုး နန်းတော်မှ သွေးဧကရာဇ် တစ်ပါးထွက်ပေါ်လာခဲ့လျှင် ကျုံးကျိုးကုန်းမြေသည် ဗြောင်းဆန်သွားလိမ့်မည် ဖြစ်၏။

သူ့ဆရာ ရှောင်တုလီ ဟောင်ထျန်းသူတော်စင် နယ်မြေကနေ စောစောစီးစီး ထွက်ခွာသွားခြင်းမှာ လူသားဧကရာဇ် နန်းတော် အခက်အခဲ ကြုံနေသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ကျုံးကျိုးကုန်းမြေ၏ မြောက်ဘက်ကမ်းရိုးတန်းဒေသရှိ လူသား ဧကရာဇ် နန်းတော်။

ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီ အပါအဝင် နတ်သန္ဓေ အင်ပါယာနယ်ပယ် ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် အစည်းအဝေးခန်းမထဲတွင် ဆွေးနွေးရန် စုဝေးနေခဲ့ကြသည်။

ခန်းမအတွင်းရှိ လေထုသည် အလွန်တရာ လေးနက်နေပုံရ၏။

"အကြီးအကဲတို့.. ငါရရှိလာတဲ့ သတင်းအရဆိုရင် မြောက်ဘက် ကမ်းရိုးတန်းဒေသမှာ သွေးနတ်ဆိုးနန်းတော်ရဲ့အစွမ်းထက် ကျင့်ကြံသူတစ်ဦး ရှိနေတယ်.. ဒီလူက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးလို့ ဆိုကြတယ်.. သူရဲ့ခွန်အားက အကန့်အသတ်မဲ့ပဲ. လက်ရှိ ငါတို့ လူသားဧကရာဇ်နန်းတော်က မြောက်ပိုင်းကမ်းရိုးတန်းဒေသကို ထိန်းချုပ်ထားတဲ့ အတွက်ကြောင့် သိပ်မကြာခင်မှာ သူနဲ့ ရင်ဆိုင်ရတော့မယ်လို့ ထင်တယ်"

ယဲ့ချန်ကျွင်းက အလေးအနက် ပြောလိုက်သည်။

သူ၏စကားကို ကြားသည်နှင့် ခန်းမတစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့၏။

သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးလုံးသည် ရှန်းဝူတိုက်ကြီး၏ ထိပ်ဆုံးတွင် ရပ်တည်ခဲ့ကြသည့် အထွတ်အထိပ် ကျင့်ကြံသူများ ဖြစ်ခဲ့ကြသည်။

သူတို့ လူသားဧကရာဇ်နန်းတော်၏ ခွန်အားသည် ကျုံးကျိုးကုန်းမြေရှိ သူတော်စင်မြို့တော်ငါးမြို့ထက် ပိုမို၍ အားကောင်းသော်လည်း နှစ်ထောင်ပေါင်းများစွာ အသက်ရှင်ခဲ့သော သွေးဧကရာဇ်တစ်ပါးကို ရင်ဆိုင်ရန် မလုံလောက်နိုင်ပေ။

"သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးစလုံးက နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့် အထွတ်အထိပ်မှာ ရှိခဲ့ကြတဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူတွေပဲ သူတို့ရဲ့ အထွတ်အထိပ် ကာလကလို ခွန်အားကို ပြန်လည်မရရှိသေးရင်တောင် ငါတို့အနေနဲ့ ကိုင်တွယ်ဖို့ မဖြစ်နိုင်ဘူး.. ငါတို့အနေနဲ့ လျှို့ဝှက်နယ်မြေ ရှစ်ခုကို အကူအညီတောင်းမှပဲ ဖြစ်နိုင်လိမ့်မယ်.. ဒီလိုမျိုး ပုဂ္ဂိုလ်ကို လျှို့ဝှက်နယ်မြေရှစ်ခုရဲ့ အထွတ်အထိပ် အကြီးအကဲတွေကပဲ ကိုင်တွယ်နိုင်လိမ့်မယ်"

ယဲ့ချန်ကျွင်းက လေးနက်စွာ ပြောလိုက်သည်။

"သွေးနတ်ဆိုးနန်းတော်က ဒီတစ်ကြိမ်မှာ အင်အား အလုံးအရင်းနဲ့ ထွက်ပေါ်လာခဲ့တယ်.. လျှို့ဝှက်နယ်မြေရှစ်ခုကိုယ်တိုင် သွေးနတ်ဆိုးနန်းတော်နဲ့ ရင်ဆိုင်နေရတဲ့ အတွက် ငါတို့ကို ကူညီဖို့ အချိန်ရှိမှာမဟုတ်ဘူး ငါတို့အနေနဲ့ ကိုယ့်ဘာသာကိုယ်ပဲ အားကိုးရလိမ့်မယ် ထင်တယ်"

ရှောင်တုလီက အသက်ကို ခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီး အလေးအနက် ပြောလိုက်သည်။

"အချိန်ကိုတတ်နိုင်သမျှ ဆွဲထားဖို့ လိုအပ်တယ်.. ကြယ်တာရာမြို့တော်ကနေ ကျန်းချန် ပြန်ရောက်လာတာနဲ့ အရာအားလုံးအဆင်ပြေသွားလိမ့်မယ်"

ရှောင်တုလီသည် ဟောင်ထျန်း သူတော်စင်နယ်မြေကနေ မပြန်လာခင် ချင်ဝူချွယ် ထံကနေ ကျန်းချန်က ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတွင် ရှိစဥ် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်တစ်ပါး ဖြစ်သော သွေးသောက်ဓား ဧကရာဇ်ကို သတ်ဖြတ်ခဲ့မှန်း သိရှိခဲ့သည်။

ထို့ကြောင့် ကျန်းချန် ပြန်ရောက်လာသည်နှင့် သွေးနတ်ဆိုးနန်းတော်သည် သူတို့ လူသားဧကရာဇ်နန်းတော်ကို ဒုက္ခပေးနိုင်မည် မဟုတ်တော့ပေ။

"ဝုန်း.."

သူတို့ဆွေးနွေးနေကြစဥ်မှာပင် လူသားဧကရာဇ် နန်းတော် အပြင်ဘက်၌ ကောင်းကင်ကိုပင် တုန်လှုပ်စေသောကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး လူသားဧကရာဇ် နန်းတော်တစ်ခုလုံးကိုပင် ပဲ့တင်ထပ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော သွေးအရှိန်အဝါများ ပါဝင်နေသည့် လေသံတစ်သံသည် ချက်ချင်း ဆိုသလိုပင် ထွက်ပေါ်လာခဲ့သည်။

"ငါက သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ်ဆယ်ပါးထဲက သွေးစုပ်ဧကရာဇ်ပဲ"

ထိုစကားသံသည် လူသားဧကရာဇ် နန်းတော်ကနေ အနည်းဆုံး မီတာထောင်‌ပေါင်းများစွာ အကွာတွင် ရှိသည့် လူတိုင်း၏ နားထဲသို့ပင် ရှင်းရှင်းလင်းလင်း ရောက်ရှိခဲ့သည်။

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် အစည်းအဝေးခန်းမထဲရှိ လူတိုင်း၏ မျက်နှာအမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ကြသည်။

"သွေးနတ်ဆိုးနန်းတော်က ကျင့်ကြံသူ ရောက်လာခဲ့ပြီ"

အခန်း(၁၃၅၄)ပြီး၏။

အခန်း(၁၃၅၅)

"သွေးစုပ်ဧကရာဇ်နဲ့ ငါ သွားတွေ့လိုက်မယ်"

ယဲ့ချန်ကျွင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏ မျက်ဝန်းတွင် ပြင်းထန်သော အလင်း‌ရောင်များ ထွက်ပေါ်လာခဲ့သည်။

နိဗ္ဗာန်မြို့တော်သည် သွေးနတ်ဆိုး နန်းတော်နှင့် အမြဲတစေ ရန်ဘက် ဖြစ်ခဲ့သည်။

ယခုအခါတွင် သွေးနတ်ဆိုးနန်းတော်မှ လူများသည် တံခါးဝအထိ ရောက်လာခဲ့ပြီ ဖြစ်ရာ ယဲ့ချန်ကျွင်း အနေဖြင့် အနည်းငယ်မျှပင် ကြောက်ရွံ့မှုမရှိခဲ့ပေ။

ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့၏ ဦးဆောင်မှုအောက်တွင် လူသားဧကရာဇ် နန်းတော်မှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ပေါ်သို့ ခုန်တက်လာခဲ့ကြသည်။

သူတို့အားလုံးသည် လူသားဧကရာဇ် နန်းတော်နှင့် မီတာ (၁၀၀၀) အကွာရှိ ကောင်းကင်ယံတွင် သွေးရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်တစ်ဦးက ဝင့်ကြွားစွာ ရပ်နေသည်ကို တွေ့မြင်ခဲ့ကြသည်။

"မင်းက သွေးစုပ်ဧကရာဇ်လား"

ယဲ့ချန်ကျွင်းက သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသောလူငယ်ကို စူးရှစွာ စိုက်ကြည့်လိုက်ပြီး အေးစက်စက် မေးလိုက်သည်။

"သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ်ဆယ်ပါး ဆီမှာ အသက်ရှင်နိုင်တဲ့ စွမ်းရည်တွေ အများအပြား ရှိနေတယ်လို့ ကြားဖူးတာအမှန် ဖြစ်နေတာကိုး"

"စိတ်ဝင်စားစရာပဲ ငါ့ရဲ့မိတ်ဆွေဟောင်းရဲ့ မျိုးဆက်နဲ့ ဆုံတွေ့ရမယ်လို့ တကယ် မထင်ထားခဲ့ဘူး.. ငါ့ခန့်မှန်းတာ မမှားရင် မင်းရဲ့ဘိုးဘေးက နိဗ္ဗာန်ဓားဧကရာဇ်ပဲ ဖြစ်ရမယ်.. မင်းက နိဗ္ဗာန်ဓား ဧကရာဇ်လို ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမဲ့ ပုံစံမျိုးပဲ"

သွေးစုပ်ဧကရာဇ်က ယဲ့ချန်ကျွင်းကို သူ၏ သွေးရောင် မျက်ဝန်းများဖြင့် အချိန်အတော်ကြာ စူးစိုက်ကြည့်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။

"ဟုတ်တယ် ငါက နိဗ္ဗာန်ဓားဧကရာဇ်ရဲ့ မျိုးဆက်ဖြစ်တဲ့ လက်ရှိ နိဗ္ဗာန်မြို့တော်သခင် ယဲ့ချန်ကျွင်းပဲ.. သွေးစုပ်ဧကရာဇ်.. မင်းက ငါရှိနေတဲ့နေရာမှာ ထင်ရာစိုင်းချင်တယ်ဆိုတော့ မင်းနေရာရွေးမှားသွားပြီ ထင်တယ်"

ယဲ့ချန်ကျွင်းက မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။

"ကောင်လေး.. မင်းရဲ့ဘိုးဘေးနဲ့ ယှဥ်၍ မင်းက အများကြီးလိုပါသေးတယ်.. အခုအချိန်မှာ ငါ့ရဲ့စွမ်းအားက အထွတ်အထိပ်ကို ပြန်မရောက်သေးဘူး ဆိုပေမဲ့ မင်းက ငါ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ် တစ်ကောင် သာသာပဲ.. မင်းသာ ငါ့ကိုအညံ့ခံမယ်ဆိုရင် ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးမယ်"

သွေးစုပ်ဧကရာဇ်က ယဲ့ချန်ကျွင်းကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

"ငါ့ကို မင်းဆီမှာ အညံ့ခံခိုင်းတာက စိတ်ကူးယဥ်နေတာပဲ.. သွေးစုပ်ဧကရာဇ် မင်းကိုယ်မင်း မာန်တက်မနေနဲ့.. ငါတို့ နိဗ္ဗာန်မြို့တော်ရဲ့ ဘိုးဘေးတွေက မင်းတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ သွေးဧကရာဇ်တွေကို အရင်တုန်းက တစ်ဦးတည်း ဖိနှိပ်နိုင်ခဲ့သလို အခုအချိန်မှာ ငါကလည်း မင်းတို့ကို ဖျက်ဆီးပစ်နိုင်တယ်"

ယဲ့ချန်ကျွင်း၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"တကယ်လား ဒါဆိုရင်လည်း နိဗ္ဗာန်ဓားဧကရာဇ်ရဲ့ စွမ်းအားကို မင်းဘယ်လောက်ထိ အမွေဆက်ခံနိုင်ခဲ့သလဲ ဆိုတာ ကြည့်ရသေးတာပေ့ါ"

သွေးစုပ်ဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ သွေးလက်ဝါး တစ်ဖက်ကို မြှောက်ကာ ယဲ့ချန်ကျွင်းကို တိုက်ခိုက်လိုက်သည်။

ကောင်းကင်ယံတွင် သွေးနီရောင် ဓားစွမ်းအင်တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး လေထုကို ထိုးဖောက်ကာ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အာကာပြင်များကိုပင် ပြိုကျသွားစေခဲ့သည်။

ပေရာပေါင်းများစွာ ဝေးကွာသော နေရာမှပင် လူတိုင်းသည် သွေးရောင် ဓားစွမ်းအင်ကနေ ကြောက်မက်ဖွယ်ရာ ကောင်းသည့် ဝါးမျိုနိုင်သော အရှိန်အဝါကို ခံစားမိခဲ့ကြသည်။

"ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်"

ယဲ့ချန်ကျွင်းက ချက်ချင်းပင် လက်ဟန်တစ်ခုကို ပြုလုပ်လိုက်ရာ ရွှေ‌ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူက ထိုရွှေရောင်စည်းတံဆိပ်ဖြင့် ကမ္ဘာကိုပင် ဖျက်ဆီးနိုင်လောက်သည့် စွမ်းအားဖြင့် တိုက်ခိုက်လာသော သွေးရောင် ဓားစွမ်းအင်ကို ရင်ဆိုင်လိုက်၏။

"ဝုန်း.."

ယဲ့ချန်ကျွင်း၏ အပြည့်အဝ တိုက်ခိုက်မှုသည် အလွန်တရာအားကောင်းသော်လည်း သွေးရောင် ဓားစွမ်းအင်နှင့် ထိပ်တိုက် ရင်ဆိုင်မိပြီးနောက်တွင် ခြေလှမ်းများစွာ နောက်ဆုတ်လိုက်ရသည်။

သူ၏နှုတ်ကနေ ညည်းညူသံ ခပ်သဲ့သဲ့ပင် ထွက်ပေါ်လာခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် လူသားဧကရာဇ် နန်းတော်မှ ကျင့်ကြံသူများစွာ၏ မျက်နှာ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ယဲ့ချန်ကျွင်းလို နတ်သန္ဓေ အင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူပင် သွေးစုပ်ဧကရာဇ်၏ တိုက်ကွက် တစ်ကွက်ဖြင့် နောက်သို့ ဆုတ်သွားခဲ့ရသည်။

သူတို့၏ ရှေ့မှ သွေးစုပ်ဧကရာဇ်သည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်းဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

"ငါရဲ့ နောက်ထပ်တိုက်ကွက်ကို ရင်ဆိုင်ကြည့်လိုက်"

ယဲ့ချန်ကျွင်းက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် မီတာရာပေါင်းများစွာ ရှိသော ရွှေ‌ရောင်အရိပ်တစ်ခုသည် သူ၏ ဦးခေါင်းအထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

ထိုရွှေရောင်အရိပ်သည် ခြင်္သေ့ဦးခေါင်း၊ သမင်ဂြိုဟ်၊ကျားမျက်လုံး၊ သမင်ကိုယ်ထည်၊ နဂါးအကြေးခွံနှင့် နွားအမြီးတို့ ပေါင်းစပ်ထားသည့် ရှေးဟောင်း သားရဲတစ်ကောင် ဖြစ်သော ယူနီကွန်းပင် ဖြစ်သည်။

ယူနီကွန်းက ချက်ချင်းဆိုသလို သွေးစုပ်ဧကရာဇ်ထံသို့ ပြေးဝင်သွားခဲ့သည်။

ဤသည်မှာ ရွှယ်လင်ကုန်းမြေတိုက်ရှိ ယဲ့မျိုးနွယ်စု၏ သဘာဝလွန် သွေးမျိုးဆက် စွမ်းရည် ဖြစ်ပြီး ယဲ့ချန်ကျွင်းသည် ကံကောင်းထောက်မစွာဖြင့် နိုးထနိုင်ခဲ့သည်။

ထို့အပြင် ယဲ့ချန်ကျွင်းသည် သူ၏ သဘာဝလွန် သွေးမျိုးဆက် စွမ်းရည်ကို တစ်ခါမှ အသုံးမပြုခဲ့ဖူးပေ။

ယခု သွေးစုပ် ဧကရာဇ်နှင့် ရင်ဆိုင်ရသောအခါမှသာ ယဲ့ချန်ကျွင်းသည် သူ၏ သဘာဝလွန် သွေးမျိုးဆက်စွမ်းရည်ကို အသုံးပြုခဲ့သည်။

ယဲ့ချန်ကျွင်း၏ တိုက်ခိုက်မှုကို မြင်လျှင် ရှောင်တုလီနှင့် အခြားသူများ၏ မျက်နှာ အမူအရာသည် အပြင်းအထန်ပြောင်းလဲသွားခဲ့သည်။

ယဲ့ချန်ကျွင်းသည် ကျန်းချန်မှ လွဲလျှင် လူသားဧကရာဇ်နန်းတော်တွင် အသန်မာဆုံး ဖြစ်သည်။

သူကဲ့သို့သော သူပင် သွေးစုပ်ဧကရာဇ်ကို မတားဆီးနိုင်လျှင် လူသားဧကရာဇ် နန်းတော်သည် ယနေ့တွင် အမှန်တကယ်အခက်အခဲနှင့် ကြုံတွေ့ရလိမ့်မည် မဟုတ်ပါလော။

"မင်းရဲ့ ဘိုးဘေးတွေနဲ့ယှဥ်ရင် မင်းရဲ့ ဒီတိုက်ကွက်က တစ်ဝက်လောက်တောင် အဆင့်မမီဘူး"

သွေးစုပ်ဧကရာဇ်က မထီမဲ့မြင် ပြုံးလိုက်ပြီး ချက်ချင်းပင် သူ၏ လက်ညှိုးဖြင့် ယဲ့ချန်ကျွင်းကို ညွှန်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကျယ်ပြောသော ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများသည် သွေးရောင် ဓားအလင်းတန်းများ အဖြစ် စုစည်းသွားခဲ့ပြီး လူသားဧကရာဇ်နန်းတော်အထက်ရှိ ကောင်းကင် တစ်ခုလုံးကို သွေးနီရောင် ဖြစ်သွားစေခဲ့သည်။

"ဝုန်း..ဝုန်း..ဝုန်း.."

ထို့နောက်တွင် ထို‌သွေးနီရောင် ဓားအလင်းတန်း ရာပေါင်းများစွာသည် သူ့ထံသို့ ပြေးဝင်လာသော ရွှေရောင် ယူနီကွန်းကို ထိမှန်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ရွှေရောင်ယူနီကွန်း၏ ခန္ဓာကိုယ်သည် သွေးပေါက်ရာများဖြင့် ပြည့်နှက်သွားခဲ့သည်။

အဆုံးသတ်တွင် ဝုန်းခနဲ အသံကိုပါ ကြားလိုက်ရပြီး ရွှေရောင်ယူနီကွန်း၏ ကြီးမား‌သော ခန္ဓာကိုယ်သည်လည်း ကောင်းကင်ယံတွင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့၏။

ရွှေရောင်ယူနီကွန်း ပြိုကွဲသွားသော အခိုက်မှာပင် သွေးရောင်ဓားစွမ်းအင် တစ်ခုသည် လေထုကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားပြီး ယဲ့ချန်ကျွင်း၏ ပခုံးကို ထိမှန်သွားခဲ့သည်။

ယဲ့ချန်ကျွင်းက ခပ်တိုးတိုး ညည်းညူလိုက်ပြီး ပေတော်တော်များများထိ နောက်ဆုတ်လိုက်ရသည်။

သူ၏ ဘယ်ဘက်ပခုံးတွင် လက်နှစ်ချောင်းစာ အကျယ်ရှိသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်နေခဲ့ပြီး ထိုဒဏ်ရာကနေ စမ်း‌ရေကဲ့သို့ နီစွေးသော သွေးများသည် ပန်းထွက်လာခဲ့သည်။

သွေးစုပ်ဧကရာဇ်၏ ပေါ့ပါးသော လှုပ်ရှားမှု တစ်ခုဖြင့်ပင် ယဲ့ချန်ကျွင်း ရှုံးနိမ့်သွားခဲ့သည်ကို မြင်လျှင် လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူ များစွာ၏ မျက်နှာများသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

ယဲ့ချန်ကျွင်းသည် သွေးစုပ်ဧကရာဇ်၏ လက်ညှိုးမှ ဓားစွမ်းအင်ကိုပင် မတားဆီးနိုင်ခဲ့သည် ဖြစ်ရာ ယနေ့တွင် သူတို့လူသားဧကရာဇ်နန်းတော်သည် အမှန်တကယ်ပင် ကပ်ဘေးကြုံတွေ့ရတော့မည် ဖြစ်သည်။

"ကောင်းပြီ ဒီဧကရာဇ်က မင်းတို့နဲ့ ကစားဖို့ စိတ်မပါတော့ဘူး"

သွေးစုပ်ဧကရာဇ်က ယဲ့ချန်ကျွင်းကို လေးနက်စွာ ကြည့်လိုက်သည်။

"နောက်ဆုံးအနေနဲ့ မင်းတို့ လူသားဧကရာဇ်နန်းတော်ကို အညံ့ခံဖို့ အခွင့်အရေးပေးမယ်.. အညံ့ခံလိုက်တာနဲ့ တစ်ယောက်မှ မသေဖို့ ဒီဧကရာဇ် ကတိပေးတယ်.. မဟုတ်ရင်တော့ ဒီနေ့ ဒီဧကရာဇ်က မင်းတို့ လူသားဧကရာဇ် နန်းတော်ကို တစ်ခါတည်း အမှုန့်ချေပစ်မယ်"

"နိဗ္ဗာန်မြို့တော်ရဲ့ လူတစ်ယောက်အနေနဲ့ ငါယဲ့ချန်ကျွင်း ဒီနေ့သေရမယ် ဆိုရင်တောင် မင်းတို့ သွေးနတ်ဆိုးနန်းတော်နဲ့ ဘယ်တော့မှ ပူးပေါင်းမှာမဟုတ်ဘူး"

ယဲ့ချန်ကျွင်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

ထိုအချိန်တွင် သူ၏ မျက်နှာတစ်ခုလုံးသည် နီမြန်းလာခဲ့၏။

သူက သွေးစုပ်ဧကရာဇ်ကို သူသေကိုယ်သေ တိုက်ခိုက်တော့မည်မှာ ထင်ရှားနေသည်။

"သူ့ကို မတိုက်ခိုက်နဲ့.. သွေးစုပ်ဧကရာဇ်က ငါတို့တွေ ကိုင်တွယ်နိုင်တဲ့သူ မဟုတ်ဘူး.. ငါ့ရဲ့ခန့်မှန်းချက်အရ သိပ်မကြာခင် ကျန်းချန် ကြယ်တာရာ မြို့တော်ကနေ ပြန်လာတော့မယ်.. ကျန်းချန် တည်ဆောက်ပေးခဲ့တဲ့ ဟွမ်ယွမ်ကောင်းကင်ဓားအစီအရင်ကို ဖွင့်လိုက်ရအောင်.. ဒီအစီအရင်က အရမ်းအားကောင်းတယ်.. ငါတို့ လူသားဧကရာဇ် နန်းတော်ရဲ့ နတ်သန္ဓေအင်ပါယာ ကျင့်ကြံသူတွေ အားလုံး ဒီအစီအရင်ထဲမှာ အားဖြည့်လိုက်မယ်ဆိုရင် သွေးစုပ်ဧကရာဇ်ကို တစ်ခဏလောက်တော့ ခုခံနိုင်လိမ့်မယ်"

ယဲ့ချန်ကျွင်း သူသေကိုယ်သေ တိုက်ခိုက်တော့မည်ကို မြင်လျှင် ရှောင်တုလီသည် အလျင်စလို သတိလှမ်းပေးလိုက်သည်။

"ကောင်းပြီ"

ယဲ့ချန်ကျွင်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။

"လူသားဧကရာဇ် နန်းတော်က အကြီးအကဲတို့.. ငါ့အမိန့်ကို နာခံပြီး ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ဖွင့်လှစ်ကြစို့"

အခန်း(၁၃၅၅)ပြီး၏။

အခန်း(၁၃၅၆)

ယဲ့ချန်ကျွင်း၏ အမိန့်ပေးသံ အဆုံးသတ်သည်နှင့် ကောင်းကင်ယံတွင် ရှိနေကြသော လူသားဧကရာဇ် နန်းတော်မှ နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများသည် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို တညီတညွတ်တည်း ထိန်းချုပ်လိုက်ကြသည်။

သူတို့ တစ်ဦးချင်းစီ၏ ဦးခေါင်းအထက်တွင် ဓားရှည်တစ်လက်စီသည် လွင့်မျောနေခဲ့သည်။

ကျင့်ကြံသူများက လက်ဟန်များကို အဆက်မပြတ် ထုတ်ဖော်လိုက်ကြရာ တစ်ခဏအတွင်းမှာပင် ရွှေရောင် အကာအကွယ် အတားအစီးတစ်ခုသည် လူသားဧကရာဇ်နန်းတော်၏ ပတ်ပတ်လည်တွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာခဲ့သည်။

"ဒီလို အစီအရင်အသေးအဖွဲလေးနဲ့ ဒီဧကရာဇ်ကို တားဆီးချင်တာလား"

သွေးစုပ်ဧကရာဇ်က မထီမဲ့မြင် လှောင်ပြုံး ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် လက်ဝါးရိုက်ချက် တစ်ချက်ကို လေထုထဲသို့ ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာ သွေးစွမ်းအားတစ်ခုသည် လူသားဧကရာဇ် နန်းတော်ဆီသို့ ရုတ်တရက် ပျံ့နှံ့သွားခဲ့သည်။

ထိုသွေးစွမ်းအားသည် ကောင်းကင်ယံတွင် ဧရာမသွေးလက်ဝါးကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အောက်ဘက်ရှိ အစီအရင် အကာအကွယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။

"ဝုန်း.."

ထိုဧရာမ သွေးလက်ဝါးက အစီအရင် အကာအရံပေါ်သို့ ကျရောက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော နေရာလွတ်လှိုင်းများကို ဖြစ်ပေါ်စေခဲ့ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံများသည် လူသားဧကရာဇ်နန်းတော် အထက်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်လာခဲ့သည်။

ရွှေရောင် အတားအဆီးသည် ရွှယ်ယိုထျန်း၏ ဧရာမသွေးလက်ဝါးကို ခုခံနိုင်ခဲ့သော်လည်း ထိုကြောက်မက်ဖွယ်တိုက်ခိုက်မှုအောက်တွင် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ကို ထိန်းချုပ်ထားသော နတ်သန္ဓေအင်ပါယာ နယ်ပယ် ကျင့်ကြံသူများစွာ၏ မျက်နှာများသည် ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့သည် ချက်ချင်းပင် မျက်စိမျက်နှာ ပျက်သွားခဲ့ကြ၏။

သွေးစုပ်ဧကရာဇ်၏ ခွန်အားသည် အလွန်တရာ အားကောင်းလွန်းလှပြီး ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်ပင် ရေရှည်မတားဆီးနိုင်ပုံရသည်။

"ငါ့ရဲ့ တိုက်ခိုက်မှုကိုတောင် တားဆီးနိုင်ခဲ့တယ်ဆိုတော့ မင်းတို့ လူသားဧကရာဇ်နန်းတော်ရဲ့ ဂိုဏ်းအကာအကွယ် အစီအရင်က ဘယ်ဆိုးလို့လဲ.. ဒါပေမဲ့ ဒီလိုတားဆီးဖို့က တစ်ခါပဲ ဖြစ်နိုင်လိမ့်မယ်"

သွေးစုပ်ဧကရာဇ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

ထို့နောက်တွင် သွေးတိမ်တိုက် တစ်ခုသည် ကောင်းကင်ယံတွင် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ရွှေရောင် အကာအကွယ် အစီအရင် ပေါ်သို့ ပြင်းထန်စွာ သက်ရောက်သွားခဲ့သည်။

"ဝုန်း.."

ထိတ်လန့်ဖွယ်ရာ ပေါက်ကွဲသံသည် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး သွေးစုပ်ဧကရာဇ်၏ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုသည် ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်၏ အကာအကွယ် အစီအရင်ကို ထိန်းချုပ်နေသော လူသားဧကရာဇ် နန်းတော်မှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများကို ထိခိုက်စေခဲ့သည်။

၎င်းတို့ထဲမှ နတ်သန္ဓေအင်ပါယာနယ်ပယ် ပထမအဆင့် ကျင့်ကြံသူများ ဆိုလျှင် သွေးများပင် အန်ထွက်ကုန်ကြသည်။

အခြားသော နတ်သန္ဓေအင်ပါယာအဆင့် ကျင့်ကြံသူများသည်လည်း မျက်နှာတစ်ခုလုံး ဖြူဖျော့နေခဲ့ပြီး ချွေးများက ရေချိုးထားသကဲ့သို့ ထွက်ကာ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းချုပ်မရအောင် တုန်ယင်နေခဲ့သည်။

ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့မှလွဲ၍ အခြားသော နတ်သန္ဓေအင်ပါယာနယ်ပယ်အဆင့် ကျင့်ကြံသူအများစုသည် သွေးစုပ်ဧကရာဇ်၏ တိုက်ခိုက်မှုအောက်တွင် ၎င်းတို့၏ အကန့်အသတ် အထိ ရောက်ရှိသွားခဲ့သည်မှာ သိသာနေသည်။

"ဒီတစ်ချက်ဆိုရင် မင်းတို့ရဲ့ အစီအရင် ပြိုကွဲပြီ"

သွေးစုပ်ဧကရာဇ်က သူ၏‌ သွေးရောင်မျက်ဝန်းများဖြင့် ယဲ့ချန်ကျွင်းနှင့် အခြားသူများကို ခံစားချက်ကင်းမဲ့သော အကြည့်ဖြင့် ကြည့်လိုက်သည်။

ထို့နောက်တွင် သွေးရောင်ဓားအလင်းကို ထုတ်ဖော်ကာ လူသားဧကရာဇ် နန်းတော်၏ ရွှေရောင် အကာအကွယ်ကို တိုက်ခိုက်လိုက်သည်။

ဤတစ်ကြိမ်တွင်မူ ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင်သည် သွေးရောင်ဓားစွမ်းအင်၏ ပြင်းထန်သော တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။

"ဝုန်း.."

၎င်းက တဖြည်းဖြည်း အက်ကွဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသံ ထွက်ပေါ်ကာ ရွှေရောင်အလင်းစ အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

ဟွမ်ယွမ်ကောင်းကင်ဓား အစီအရင် ပြိုကွဲသွားသည်နှင့်အမျှ လေထုထဲရှိ လူသားဧကရာဇ် နန်းတော်မှ နတ်သန္ဓေ အင်ပါယာနယ်ပယ် ကျင့်ကြံသူများစွာတို့၏ ခန္ဓာကိုယ်များသည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် နောက်ပြန် လွင့်စင်သွားကြသည်။

ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့ နှစ်ဦးစလုံးသည်ပင် မျက်နှာများ ဖြူဖျော့စွာဖြင့် ခြေဆယ်လှမ်းကျော်ခန့် နောက်ပြန်ဆုတ်လိုက်ရသည်။

"ဒီဧကရာဇ်က မင်းတို့ကို အခွင့်အရေး ပေးခဲ့ပြီးပြီ.. မင်းတို့က ခေါင်းမာနေမှတော့ ဒီနေ့ လူသားဧကရာဇ် နန်းတော် ရှန်းဝူတိုက်ကြီးမှာ တည်ရှိဖို့ မလိုအပ်တော့ဘူး"

သွေးစုပ်ဧကရာဇ်က ပြင်းထန်စွာ ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူထုတ်ဖော်လိုက်သော တောက်ပသော သွေးရောင် အလင်းတန်းသည် ချက်ချင်းပင် ကြီးမားသော သွေးလှိုင်းလုံးများ အဖြစ်သို့ ပြောင်းလဲကာ လူသားဧကရာဇ်နန်းတော်ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး နှစ်ဦးစလုံးသည် သူတို့၏ စွမ်းအားအပြည့်အဝကို ထုတ်ဖော်ကာ လူသားဧကရာဇ်နန်းတော် ဆီသို့ ဦးတည်လာသော ဧရာမသွေးလှိုင်းလုံးကြီးကို တိုက်ခိုက်ခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုနိုင်စွမ်းကို ပိုင်ဆိုင်ထားသည့် သွေးလှိုင်းလုံးကြီးသည် ယဲ့ချန်ကျွင်းနှင့် ရှောင်တုလီတို့၏ တိုက်ခိုက်မှုကို အလွယ်တကူ ရင်ဆိုင်ရင်း မျက်စိတစ်မှိတ်အတွင်းမှာပင် လူသားဧကရာဇ် နန်းတော်ရှိ ကျင့်ကြံသူများစွာ၏ ထိတ်လန့်နေသော အကြည့်များအောက်မှာပင် ယဲ့ချန်ကျွင်းတို့ နှစ်ဦးဆီသို့ ရောက်ရှိလာခဲ့သည်။

"ဝုန်း.."

သို့သော်လည်း သွေးလှိုင်းလုံးကြီးက ယဲ့ချန်ကျွင်းတို့ နှစ်ဦး၏ ခန္ဓာကိုယ်များကို လွှမ်းမိုးတော့မည့် အချိန်မှာပင် လူသားဧကရာဇ်နန်းတော်၏ အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ကျင့်ကြံသူများသည် လူသားဧကရာဇ်နန်းတော်၏ အထက်ကောင်းကင်ယံတွင် မီတာ၁၀၀ ရှည်လျားသော အနက်ရောင်အက်ကွဲကြောင်း တစ်ခုကို မြင်လိုက်ရ၏။

ထို့နောက်တွင် ပုံမှန်မဟုတ်သော ကြောက်မက်ဖွယ်ရာ စွမ်းအင် အရှိန်အဝါသည် ထိုအက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် ရိုးရှင်းသော အပြာရောင် ဓားရှည်တစ်လက်သည် အက်ကွဲကြောင်းထဲကနေ ထွက်ပေါ်လာခဲ့ပြီး သွေးစုပ်ဧကရာဇ်၏ သွေးလှိုင်းလုံးကြီးကို ခုတ်ပိုင်းကာ တစ်ခါတည်း ဖျက်ဆီးပစ်လိုက်သည်။

"ဘယ်သူလဲ ဒီဧကရာဇ်ရှေ့ကို ထွက်လာခဲ့စမ်း"

သွေးစုပ်ဧကရာဇ်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ကောင်းကင်ယံရှိ အက်ကြောင်းကြီးကို စိုက်ကြည့်ကာ အေးစက်စက်ကြုံးဝါးလိုက်သည်။

"ဟမ့်.. မင်းက ငါ့ရဲ့လူသားဧကရာဇ်နန်းတော်ကို လာတိုက်ခိုက်နေပြီး ငါဘယ်သူလဲဆိုတာ မေးနေတာ ရှက်စရာကောင်းတယ်လို့ မထင်ဘူးလား.. သွေးနတ်ဆိုးနန်းတော်ရဲ့အကြွင်းအကျန်လေးကများ ငါ့ရဲ့ နန်းတော်မှာ ရိုင်းစိုင်းရဲတယ်.. မင်း သေချင်နေပြီထင်တယ်"

ထိုအချိန်မှာပင် ကောင်းကင်ယံရှိ အနက်ရောင် အက်ကွဲကြောင်းကနေ ပုံရိပ်တစ်ခုသည် ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

ထိုပုံရိပ်ထံမှ အေးစက်စက် ကြုံးဝါးသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့သည်။

"နန်းတော်သခင် ပြန်လာပြီ"

ကောင်းကင်ယံရှိ အက်ကြောင်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာသော အနက်ရောင် ဝတ်ရုံဝတ်လူငယ်ကို မြင်လျှင် လူသားဧကရာဇ်နန်းတော်မှ ကျင့်ကြံသူများစွာ တို့သည် မှင်တက်သွားခဲ့ကြသည်။

ခဏအကြာတွင် ယဲ့ချန်ကျွင်း အပါအဝင် လူတိုင်း၏ မျက်နှာထက်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူတို့၏နန်းတော်သခင်သည် ကျုံးကျိုးကုန်းမြေ၏ သူတော်စင်မြို့တော် ငါးမြို့ကို ဖိနှိပ်ခဲ့ပြီး တုနှိုင်းမဲ့ ဒဏ္ဍာရီများကို တစ်ခုပြီးတစ်ခု ဖန်တီးခဲ့သော ပြိုင်ဘက်ကင်းတစ်ယောက် ဖြစ်သည်။

ယခုလို လူသားဧကရာဇ်နန်းတော်က ကပ်ဘေးနှင့် ကြုံတွေ့နေရသော အချိန်တွင် နန်းတော်သခင် ကျန်းချန် ပြန်ရောက်လာခြင်းသည် လူသားဧကရာဇ်နန်းတော်ရှိ လူတိုင်း၏ စိတ်နှလုံးအတွက် အင်အားတစ်ရပ် ဖြစ်ပေါ်စေသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။

"ဒီကောင်လေး နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပေ့ါ"

ရှောင်တုလီက ကောင်းကင်ယံတွင် ထွက်ပေါ်လာသော ကျန်းချန်ကို ရေရွတ်လိုက်သည်။

သူ၏ တင်းကျပ်နေသော စိတ်နှလုံးသည် အဆုံးသတ်တွင် ပြေလျော့သွားခဲ့၏။

သိထားရမည့်အချက်မှာ ကျန်းချန်သည် ရှေးဟောင်းကြယ်တာရာ ကောင်းကင်လမ်းတွင် ရှိစဥ်ကပင် သွေးနတ်ဆိုးနန်းတော်မှ သွေးသောက်ဓားဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်သည်။

ထို့ကြောင့် သွေးစုပ်ဧကရာဇ်က သန်မာလျှင်ပင် ကျန်းချန် ရှိနေလျှင် လူသားဧကရာဇ် နန်းတော်သည် ယနေ့တွင် ဘေးကင်းမည်မှာ သေချာသလောက်ပင်။

"မင်းက လူသားဧကရာဇ် နန်းတော်ကလား"

ကောင်းကင်ယံရှိ အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို ကြည့်ကာ သွေးစုပ်ဧကရာဇ်၏ သွေးရောင် မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။

သူ၏ရှေ့မှ အနက်ရောင်ဝတ်ရုံဝတ် လူငယ်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်သာ ရှိပုံရသော်လည်း ထိုလူငယ်ထံကနေ အလွန်အမင်း အန္တရာယ်ရှိသော အရှိန်အဝါကို သူ၏ ပင်ကိုသိစိတ်အရ ခံစားမိခဲ့သည်။

"ငါက လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်ပဲ"

ကျန်းချန်က သွေးစုပ်ဧကရာဇ်ကို အေးစက်စက် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်ကာ ပြန်ဖြေလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"သွေးနတ်ဆိုးနန်းတော်က လူမှန်ရင် အားလုံးသေသင့်တယ်.. မင်းက ငါ့ရဲ့နန်းတော်ကိုတောင် တိုက်ခိုက်ရဲတယ် ဆိုတော့ မင်းရဲ့ အသက်ကို ဒီမှာပဲ ထာဝရ ထားခဲ့ရလိမ့်မယ်"

သူ့ရှေ့မှလူ၏ ကျင့်ကြံခြင်းအဆင့်သည် ရှေးဟောင်း ကြယ်တာရာ ကောင်းကင်လမ်းတွင် တွေ့ခဲ့ရသည့် သွေးသောက်ဓား ဧကရာဇ်ထက် မနိမ့်ကျပေ။

ကံကောင်းစွာဖြင့် သူသည် သွေးနတ်ဆိုးနန်းတော်၏ သတင်းကို ရရှိပြီးနောက်တွင် လူသားဧကရာဇ် နန်းတော်သို့ အချိန်မီပြန်လည်ရောက်ရှိလာခဲ့သည်။

သို့မဟုတ်လျှင် သူတည်ထောင်ခဲ့သော လူသားဧကရာဇ်နန်းတော်သည် ယနေ့တွင် သွေးနတ်ဆိုးနန်းတော်မှ သွေးစုပ်ဧကရာဇ်၏ လက်ထဲ၌ ပြိုကွဲသွားလောက်၏။

"အရှင်မင်းသား သတိထားပါ.. ဒီလူက သွေးနတ်ဆိုး နန်းတော်ရဲ့ ထိပ်တန်းသွေးဧကရာဇ် ဆယ်ပါးထဲက သွေးစုပ်ဧကရာဇ်ပဲ"

ကျန်းချန် တိုက်ခိုက်တော့မည့် အချိန်မှာပင် ယဲ့ချန်ကျွင်း၏ သတိပေးသံသည် သူ၏ အနောက်ဘက်ကနေ ထွက်‌ပေါ်လာခဲ့သည်။

"ဒါဆို ဒီလူက သွေးနတ်ဆိုးနန်းတော်ရဲ့ ထိပ်တန်း သွေးဧကရာဇ် ဆယ်ပါးထဲက တစ်ပါးဖြစ်တဲ့ သွေးစုပ်ဧကရာဇ်ပေ့ါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"မင်းတို့ သွေးနတ်ဆိုးနန်းတော်က ငါရဲ့ လူသားဧကရာဇ်နန်းတော်ကို တန်ဖိုးထားသားပဲ"

အခန်း(၁၃၅၆)ပြီး၏။

All Chapters