အခန်း (၁၃၆၀-၁၃၆၂)
Vol. 91 Ch. 1360-1362
အခန်း(၁၃၆၀)
ရှောင်တုလီက ခေါင်းညိတ်လိုက်သည်။
"စိတ်မပူနဲ့ ငါတို့တွေ တစ်လအတွင်း တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို အပြီးတည်ဆောက်မယ်"
ကျန်းချန်က အပိုစကားများ ပြောမနေတော့ဘဲ စကားအနည်းငယ် မှာကြားပြီးနောက်တွင် မုန့်ချင်းရွှယ် ကျင့်ကြံနေသည့် အခန်းသို့ တိုက်ရိုက်သွားကာ လနတ်ကျောက်တုံးကို အစီအရင်ထဲသို့ ပစ်ထည့်လိုက်သည်။
လနတ်ကျောက်တုံးကို ထည့်သွင်းလိုက်သည်နှင့် ကျန်းချန်သည် မုန့်ချင်းရွှယ်၏ ခန္ဓာကိုယ်အတွင်းမှ အားကောင်းသော သွေးစွမ်းအားတစ်ခုသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် နိုးထလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။
သို့သော် လျှို့ဝှက်ဆန်းကြယ်သော လနတ်ကျောက်တုံး ရှိနေသည့်တိုင် မုန့်ချင်းရွှယ်သည် လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အောင်မြင်စွာ နိုးထလာနိုင်ရန် အချိန်အနည်းငယ် လိုအပ်နေပါသေးသည်။
ထို့အပြင် လနတ်ကျောက်တုံးတွင် အင်ပါယာရွှယ်ယဲ့၏ အမွေအနှစ်များ ပါရှိနေသည် ဖြစ်ရာ မုန့်ချင်းရွှယ်သည် ထိုအမွေအနှစ်ကို ဆက်ခံရန် အချိန်အနည်းငယ် ကြာမြင့်နိုင်၏။
သို့ရာတွင် လနတ်ကြမ္မာ ခန္ဓာကိုယ်ကို အပြည့်အဝ နိုးထလာပြီး အင်ပါယာရွှယ်ယဲ့၏ အမွေအနှစ်ကို ဆက်ခံပြီးသည်နှင့် မုန့်ချင်းရွှယ်၏ခွန်အားသည် အလွန် ကြောက်မက်ဖွယ်ရာ ကောင်းသောအဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားလိမ့်မည်ဖြစ်သည်။
ထိုအချိန်သို့ ရောက်လျှင် လျှို့ဝှက်နယ်မြေရှစ်ခုမှ ရှားယွမ်ဟောင် ကဲ့သို့ ထိပ်တန်းပါရမီရှင်များထက်ပင် နိမ့်ကျနေမည်မဟုတ်တော့ပေ။
ကျန်းချန်သည် လနတ်ကျောက်တုံးကို မုန့်ချင်းရွှယ်အား လွှမ်းခြုံထားသည့် အစီအရင်တွင် ထည့်သွင်းပြီးနောက် လူသားဧကရာဇ် နန်းတော်တွင် အချိန်အကြာကြီး မနေခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် မြောက်ပိုင်းကမ်းရိုးတန်း ဒေသရှိ သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသည် ကြယ်နှစ်ပွင့်အထွတ်အထိပ် အင်အားစု ဖြစ်သည့် ထျန်းဟယ် ချိုင့်ဝှမ်းကို စတင် တိုက်ခိုက်ခဲ့သောကြောင့် ဖြစ်သည်။
ဆိုရလျှင် လူသားဧကရာဇ်နန်းတော်သည် ထျန်းဟယ်ချိုင့်ဝှမ်းမှ အကူအညီ တောင်းခံမှုကို ရရှိထားခဲ့သည်။
ထိုသတင်းကို ရရှိပြီးနောက်တွင် ကျန်းချန်သည် လူသားဧကရာဇ် နန်းတော်ကနေ တစ်ကိုယ်တည်း ထွက်လာခဲ့ပြီး ထျန်းဟယ်ချိုင့်ဝှမ်း ဆီသို့ ဦးတည်၍ ခရီးထွက်ခဲ့သည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက်တွင် ကျန်းချန်သည် ထျန်းဟယ်ချိုင့်ဝှမ်း၏ အပေါ်သို့ ရောက်ရှိလာခဲ့သည်။
သူက အောက်ဘက်ရှိ အခြေအနေကို မြင်လိုက်ရလျှင် မျက်ဝန်းများ ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့သည်။
အောက်ဘက်ရှိ ကြီးမားသော ချိုင့်ဝှမ်းကြီးသည် ဤအချိန်တွင် ပျက်စီးမှုများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
ထျန်းဟယ်ချိုင့်ဝှမ်း၏ ဂိတ်တံခါးဝမှာပင် ကျိုးပဲ့နေသော နံရံအနည်းငယ်မျှသာ ကျန်ရစ်ခဲ့သည်။
ယခင်က ကျယ်ပြန့်သော ထျန်းဟယ်ချိုင့်ဝှမ်းသည် မီးလောင်ထားသော မြေနေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ကျန်းချန်က ကောင်းကင်ပေါ်ကနေ ချိုင့်ဝှမ်းအတွင်းရှိ ရုပ်အလောင်းများကို မြင်လိုက်ရသည်။
ချိုင့်ဝှမ်း တစ်ခုလုံးသည် သွေးများဖြင့် ပြည့်နှက်နေခဲ့ပြီး ကမ္ဘာမြေပေါ်ရှိ ငရဲဘုံ တစ်ခုနှင့်ပင် ဆင်တူနေခဲ့သည်။
ဤနေရာတွင် မကြာသေးမီက အလွန်တရာကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲတစ်ပွဲဖြစ်ပွားခဲ့သည်မှာ ထင်ရှား၏။
"ငါခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ထင်တယ်"
ကျန်းချန်၏ မျက်နှာက သုန်မှုန်နေခဲ့သည်။
ထျန်းဟယ်ချိုင့်ဝှမ်းမှ အကူအညီ တောင်းခံချိန်မှစ၍ ဤနေရာသို့ အလျင်အမြန် ခရီးထွက်ခဲ့သော်လည်း နေ့တစ်ဝက် ကြာမြင့်ခဲ့သည်။
လူသားဧကရာဇ်နန်းတော်ကို အကူအညီ တောင်းခံခဲ့သော ထျန်းဟယ် ချိုင့်ဝှမ်းသည် အချိန်အကြာကြီး တောင့်မခံနိုင်ဘဲ သွေးနတ်ဆိုးနန်းတော်၏ လက်ထဲတွင် လုံးဝ ဖျက်ဆီးခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းချန်၏ တစ်ကိုယ်လုံး၌ သတ်ဖြတ်ချင်စိတ်များသည် ချက်ချင်းပင် ပြည့်နှက်သွားခဲ့သည်။
သူက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ မြောက်ပိုင်းကမ်းရိုးတန်းဒေသရှိ သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲဆီသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။
မကြာမီမှာပင် ကျန်းချန်သည် ထျန်းဟယ်ချိုင့်ဝှမ်း၏ မြောက်ဘက် မိုင်သုံးထောင်အကွာတွင်ဘရှိသော လျှို့ဝှက်နန်းတော်တစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။
နန်းတော်၏ ဝင်ပေါက်တွင်ရှိသော သွေးနတ်ဆိုးနန်းတော်၏ အစောင့်များကို မြင်လျှင် ကျန်းချန်သည် ဥက္ကာခဲဓားကို ဆွဲထုတ်လိုက်ပြီး မည်သည့်စကားမှ မပြောဆိုတော့ဘဲ ဓားချက် တစ်ချက်ကို ထုတ်ဖော်ကာ သွေးနတ်ဆိုးနန်းတော်၏ အစောင့်များကို သတ်ဖြတ်လိုက်သည်။
"သွေးနတ်ဆိုးနန်းတော်က အမှိုက်တွေ ချက်ချင်း ထွက်လာပြီး အသေလာခံစမ်း"
ဓားတစ်ချက်တည်းဖြင့် အစောင့် အများအပြားကို သတ်ဖြတ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် သွေးနတ်ဆိုး နန်းတော်ကို စူးရှစွာ စိုက်ကြည့်လိုက်သည်။
သူ၏ အေးစက်စက် ကြုံးဝါးလိုက်သော အသံသည် ကမ္ဘာတစ်ခုလုံးကိုပင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ အေးစက်စက် ကြုံးဝါးသံနှင့်အတူ သွေးရောင် ပုံရိပ်များသည် နန်းတော်ထဲကနေ လျင်မြန်စွာ ပျံသန်း၍ ထွက်လာခဲ့သည်။
သို့သော်လည်း ပျံသန်း၍ ထွက်လာသော ပုံရိပ်များသည် ကျန်းချန်နှင့် မည်သည့်စကားမှ မပြောဆိုရသေးခင်မှာပဲ ကျန်းချန်ထံမှ အေးစက်စက် ဓားအလင်းသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားခဲ့ပြီး ဝိညာဥ်များကိုပင် အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်ခဲ့သည်။
"ငါ့ရဲ့ သွေးနတ်ဆိုးနန်းတော်မှာ ရမ်းကားနေတာ ဘယ်သူလဲ"
ထိုအချိန်မှာပင် နန်းတော်ထဲကနေ ကျယ်လောင်စွာ ကြုံးဝါးလိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သိပ်မကြာခင် သွေးရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျန်းချန်၏ ရှေ့သို့ တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ရောက်ရှိလာခဲ့သည်။
သူ၏ခန္ဓာကိုယ်ကနေ သွေးအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်တွင် သွေးရောင်ပုံရိပ် လေးငါးခုလည်း လိုက်ပါလာခဲ့၏။
ထိုသွေးရောင်ပုံရိပ် လေးငါးခု၏ အရှိန်အဝါသည် နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့်၏ အရှိန်အဝါ ဖြစ်သည်။
"နတ်သန္ဓေအင်ပါယာ ငါးပါးပါလား"
ထိုနတ်သန္ဓေအင်ပါယာ ငါးပါးထဲတွင် တစ်ပါးသည် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူ ဖြစ်သည်။
ကြယ်နှစ်ပွင့် အထွတ်အထိပ်အင်အားစု ဖြစ်သည့် ထျန်းဟယ်ချိုင့်ဝှမ်း အချိန်တိုအတွင်း ဖျက်ဆီးခံလိုက်ရခြင်းမှာ အံ့သြစရာ မရှိတော့ပေ။
ယင်းကဲ့သို့ အစွမ်းထက်သော အင်အားစုသည် မြို့တော်ငါးခုအနက် မည်သည့် မြို့တော်ထက်မဆို ပိုမို၍ အစွမ်းထက်၏။
"မလောက်လေး မလောက်စားကများ ငါ့ရဲ့ သွေးနတ်ဆိုးနန်းတော်ကို လာရမ်းကားရဲတယ်"
ကျန်းချန် ကဲ့သို့ ကောင်လေးတစ်ယောက်က သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသို့ ရောက်ရှိလာပြီး သတ်ဖြတ်မှုများ ကျူးလွန်နေသည်ကို မြင်လျှင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့သည်။
သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး သွေးလက်ဝါးသိုင်းဖြင့် ကျန်းချန်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။
"မင်းလိုအမှိုက်ကများ ငါ့ကို သတ်ဖြတ်ဖို့ လုပ်ရဲတယ်"
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ရေရွတ်လိုက်သည်။
ထိုခဏမှာပင် သူ၏ ခန္ဓာကိုယ်ကနေ အသက်စွမ်းအင်များ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး သူ၏ လက်ထဲရှိ ဥက္ကာခဲဓားကို ဝှေ့ယမ်းလိုက်ကာ လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်မောင်းကို ခုတ်ချလိုက်သည်။
သွေးရောင်သံချပ်ကာဖြင့် ဖုံးအုပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ လက်မောင်းသည် ကျန်းချန်၏ ဓားချက်ဖြင့် စက္ကူတစ်ရွက်ကဲ့သို့ ဖြတ်တောက်ခံလိုက်ရသည်။
ယင်းနောက်တွင် လူလတ်ပိုင်းအရွယ်အမျိုးသား၏ လက်မောင်းကနေ သွေးများသည် စမ်းရေကဲ့သို့ ပန်းထွက်လာခဲ့သည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ကျန်းချန်ကို ကြည့်နေသော အကြည့်၌ ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
"မင်း.. မင်းက ဘယ်သူလဲ"
"ငါက လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်ပဲ"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲက ငါတို့ လူသားဧကရာဇ် နန်းတော်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ ကြယ်နှစ်ပွင့်အင်အားစုကို ဖျက်ဆီးခဲ့တယ် ဒီအတွက် မင်းတို့ကို လက်စားလာချေတာပဲ"
"ဘာ.. မင်းက လူသားဧကရာဇ်နန်းတော်က ကျန်းချန်လား"
လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားခဲ့ပြီး မျက်ဝန်းထဲတွင် ကြောက်ရွံ့သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူတို့ သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သော သွေးစုပ်ဧကရာဇ်သည် မြောက်ပိုင်းကမ်းရိုးတန်း ဒေသကို အုပ်စိုးထားသော လူသားဧကရာဇ်နန်းတော်အား နှိမ်နင်းရန်အတွက် မကြာသေးမီက တစ်ဦးတည်း သွားရောက်ခဲ့သည်။
သို့ဆိုလျှင် လူသားဧကရာဇ်နန်းတော် သခင်သည် သူတို့ သွေးနတ်ဆိုး နန်းတော်၏ ဌာနခွဲသို့ မည်ကဲ့သို့ ရောက်လာရပါသနည်း။
"ကြည့်ရတာ သွေးစုပ်ဧကရာဇ်က လူသားဧကရာဇ် နန်းတော်ကို နှိမ်နင်းတာ မအောင်မြင်ခဲ့တဲ့ပုံပဲ.. ဒါ.. ဒါ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ"
လူသားဧကရာဇ် နန်းတော်သည် ကျုံးကျိုးကုန်းမြေရှိ ထိပ်တန်းမြို့တော် ငါးမြို့ကို လွှမ်းမိုးထားသောအထွတ်အထိပ် အင်အားစု ဖြစ်သော်လည်း သွေးစုပ်ဧကရာဇ်သည် သွေးနတ်ဆိုးနန်းတော်၏ ထိပ်တန်း သွေးဧကရာဇ် ဆယ်ပါးထဲမှ တစ်ပါးဖြစ်ပြီး နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်သို့ပင် ပြန်လည် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုကဲ့သို့သော ခွန်အားဖြင့်ဆိုလျှင် လူသားဧကရာဇ် နန်းတော်ကို အလွယ်တကူပင် ဖိနှိပ်နိုင်သင့်သည် မဟုတ်ပါလော။
ကျန်းချန်က စကားအများအပြား ပြောရမည်ကို ပျင်းရိနေ၍ ဓားနယ်မြေ၏ စွမ်းအားကို ဥက္ကာခဲဓားထံ ထည့်သွင်းလိုက်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားကိုပင် ခုခံဖို့ပင် အခွင့်အရေးမပေးဘဲ တစ်ခါတည်း ခုတ်ပိုင်းချလိုက်သည်။
ထို့နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သွေးမှုန်များ အဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲသွားခဲ့၏။
ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော မြင်ကွင်းကို မြင်လိုက်ရလျှင် ကျန်ရှိနေသော သွေးနတ်ဆိုး နန်းတော်၏ နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများသည် ခြေဖျားလက်ဖျားများပင် အေးစက်သွားသလို ခံစားလိုက်ရသည်။
သူတို့က ဤနေရာတွင် အနည်းငယ်မျှပင် ဆက်လက် နေထိုင်ရဲခြင်း မရှိတော့ဘဲ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် လျင်မြန်စွာ ထွက်ပြေးသွားကြသည်။
နတ်သန္ဓေအင်ပါယာ နယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကိုပင် ဓားကွက်တစ်ကွက်တည်းဖြင့် သတ်ပစ်လိုက်၍ သူတို့ ရှေ့မှ ကောင်လေးသည် အမှန်တကယ်ကိုပင် ကြောက်မက်ဖွယ်ရာကောင်းသော ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးသည် သူတို့ ရင်ဆိုင်နိုင်သည့် သူမျိုး မဟုတ်ပေ။
ကျန်းချန်က ထွက်ပြေးသွားသော နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူများကို ကြည့်ကာ မဲ့ပြုံး ပြုံးလိုက်သည်။
ထို့နောက်တွင် အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေပြီဖြစ်သည့် ဓားနယ်မြေကို ထုတ်ဖော်လိုက်ရာ ပေခြောက်ရာကိုပင် ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားခဲ့ပြီး ထွက်ပြေးသွားသော နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများကို တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်သည်။
ထို့နောက်တွင် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်မှ လူများကို ခုခံရန် အခွင့်အရေး မပေးဘဲ ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်လိုက်သည်။
သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ဥက္ကာခဲဓားဖြင့် သွေးနတ်ဆိုးနန်းတော်ကို ခုတ်ချလိုက်သည်။
ထို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲသည် ကျန်းချန်၏ ဓားချက်အောက်တွင် အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အခန်း(၁၃၆၀)ပြီး၏။
အခန်း(၁၃၆၁)
ဓားတစ်လက်တည်းဖြင့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲကို ရှင်းလင်း ဖျက်ဆီးပြီးနောက်တွင် ကျန်းချန်သည် ထိုနေရာတွင် လုံးဝ မနေတော့ဘဲ ကောင်းကင်ထဲသို့ လျှပ်တစ်ပြက် တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
သုံးရက်အကြာတွင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေ၏ အရှေ့ဘက်ရှိ ပါဟွမ်မြို့တော်ဟု ခေါ်သည့် ကြီးမားသော မြို့တစ်မြို့ ဆီသို့ ရောက်ရှိလာခဲ့သည်။
ထိုပါဟွမ်မြို့သည် ကြယ်သုံးပွင့်အင်အားစု ပါဟွမ်ဂိုဏ်းက တည်ထောင်ခဲ့သည့် ခမ်းနားကြီးကျယ်သောမြို့တော်တစ်ခု ဖြစ်ပြီး လူသန်းပေါင်းများစွာ နေထိုင်သော နေရာလည်းဖြစ်သည်။
သို့သော်လည်း ပါဟွမ်မြို့တော်ကို သွေးနတ်ဆိုးနန်းတော်သည် ကျူးကျော်တိုက်ခိုက်ကာ သိမ်းပိုက်ခဲ့ပြီး သတ်ဖြတ်မှုများစွာကို လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် ပါဟွမ်မြို့တော် တစ်ခုလုံးသည် သွေးများနှင့်ဖုံးလွှမ်းနေခဲ့ပြီး မြို့အတွင်း နေထိုင်သော လူပေါင်းများစွာသည် သေခြင်းတရားမှ လွတ်မြောက်ရန် မြို့တော်ကနေ ထွက်ပြေးခဲ့ကြသည်။
ယခုအခါ မြို့ထဲတွင် ပုပ်ပွနေသော အလောင်းများ အစီအရီ ရှိနေခဲ့ပြီး ပုပ်အဲ့အဲ့ အနံ့များ ဖုံးလွှမ်းနေခဲ့သည်။
သွေးနတ်ဆိုးနန်းတော်မှ လူပေါင်းများစွာသည် ထိုအလောင်းပုံများ ကြားတွင် ထိုင်ပြီး သွေးများကို အတားအဆီး မရှိ စုပ်ယူနေခဲ့ကြသည်။
ထိုလူစုထဲတွင် သွေးနီရောင် မျက်ခုံးမွေးများ ရှိသော လူငယ်တစ်ဦးသည် အလောင်းပုံများကြားတွင် ထိုင်နေခဲ့ပြီး သွေးများကို သူ၏ ခန္ဓာကိုယ်ထဲသို့ အရူးအမူး စုပ်ယူနေခဲ့သည်။
သူ၏စုပ်ယူမှုကြောင့် ပတ်ဝန်းကျင်မှ အလောင်းရာပေါင်းများစွာသည် လျင်မြန်စွာပင် ခြောက်သွေ့သွားခဲ့ကြသည်။
"အား.. ပြန်လည်မွေးဖွားပြီးနောက်မှာ အရမ်းကို ကောင်းမွန်တဲ့ခံစားချက်ပဲ.. ဒီလိုလတ်ဆတ်နေတဲ့ သွေးတွေနဲ့သာ ဆိုရင် အချိန်တိုအတွင်း နတ်သန္ဓေအင်ပါယာ နယ်ပယ် စတုတ္ထအဆင့်ကို ချိုးဖျက်နိုင်မှာပဲ"
အလောင်း ရာပေါင်းများစွာ၏ သွေးများကို စုပ်ယူပြီးနောက်တွင် လူငယ်သည် သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်သည်။
သူ၏မျက်နှာထက်တွင် အလိုမကျသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"ဒီမြို့က ပျက်စီးလုနီးပါးဖြစ်နေပြီ.. ငါ့အဖေက ပါဟွမ်ဂိုဏ်းကို ဘယ်အချိန်မှ သွားတိုက်မလဲမသိဘူး.. ပါဟွမ်ဂိုဏ်းက ပါရမီရှင်တွေရဲ့ သွေးဆိုရင် ဒီထက်ပိုပြီး အရသာရှိမှာ သေချာတယ်"
လူငယ်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ထိုအချိန်မှာပင် လူငယ်သည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး သူ၏ တောက်ပသော သွေးနီရောင်မျက်ဝန်းများဖြင့် အဝေးရှိ ကောင်းကင်၏ တစ်နေရာကို စူးစိုက်၍ ကြည့်လိုက်ရာ သားကောင်ကို တွေ့လိုက်ရသကဲ့သို့ အလွန်ဆာာလောင်သည့် အမူအရာတစ်ခုသည် သူ့မျက်နှာထက်တွင် ပေါ်ပေါက်လာခဲ့၏။
သူ၏ စူးစိုက်ကြည့်မှု အောက်မှာပင် အနက်ရောင် အရိပ်တစ်ခုသည် ပါဟွမ်မြို့တော်၏ ဦးတည်ရာဆီသို့ ပျံသန်းလာခဲ့သည်။
"ဟားဟား. .ခက်ခက်ခဲခဲ ရှာဖွေရမယ် ထင်နေတာ အလွယ်တကူပဲ ပါးစပ်နားထိ ရောက်ရှိလာတယ်.. ဒီနေရာမှာ လတ်လတ်ဆတ်ဆတ်သွေးတွေ မရှိတော့လို့ စိုးရိမ်နေခဲ့တာ မင်းက ကိုယ့်ဆန္ဒနဲ့ကိုယ် သေမင်းတံခါးဝ အထိ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး.. ကောင်လေး မင်းရဲ့သွေးက အတော်လေး အရသာရှိမှာပဲ.. မင်းရဲ့ သွေးကို ငါ့ဆီ ဆက်သစမ်း"
လူငယ်က သူ့ဆီသို့ လာနေသည့် အနက်ရောင် ဝတ်စုံဝတ် လူငယ်ကို စူးရှစွာ စိုက်ကြည့်၍ အထက်စီးကနေ ပြောလိုက်သည်။
အနက်ရောင်ဝတ်စုံဝတ် လူငယ်က သွေးနီရောင်မျက်ခုံးမွေး ရှိသည့် လူငယ်ကို အေးစက်စက် စိုက်ကြည့်လိုက်ပြီးနောက်တွင် ဘာစကားမျှ လေကုန်ခံ၍ ပြောမနေဘဲ လက်ထဲတွင် ကိုင်ထားသော အပြာရောင်ဓားရှည်ကို လေထဲတွင် ရုတ်တရက် ဝှေ့ယမ်းလိုက်သည်။
"မဟုတ်သေးဘူးဟ.. အဖေ ကျွန်တော့်ကို ကယ်ပါဦး"
လူငယ်က ထိတ်လန့်သွားခဲ့ပြီး စိတ်နှလုံးထဲတွင် သေခြင်းတရား၏ အရိပ်အငွေ့များ ချက်ချင်းဆိုသလို ပြည့်နှက်သွားသည့်နှယ် ခံစားလိုက်ရသည်။
သူက ပါးစပ်ကနေ ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီးနောက်တွင် တွေဝေနေခြင်းမရှိဘဲ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။
သို့သော် သူ၏ အမြန်နှုန်းက မြန်ဆန်သော်လည်း ကျန်းချန်၏ ဓားအလင်းက ပိုမို မြန်ဆန်နေခဲ့သည်။
ဓားအလင်းက မျက်တောင်တစ်ခတ် အတွင်းမှာပင် လူငယ်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းပစ်လိုက်ပြီး ဝိညာဥ်ကိုပါ တစ်ခါတည်း သတ်ဖြတ်ပစ်လိုက်သည်။
ကျန်းချန်က လူငယ်ကို သတ်ဖြတ်လိုက်သည့် အချိန်မှာပင် ပါဟွမ်မြို့တော်၏ မြို့လယ်ကနေ ကြောက်မက်ဖွယ်ကောင်းသော သွေးနီရောင်မုန်တိုင်း တစ်ခုသည် တိုက်ခတ်လာခဲ့သည်။
ထို့နောက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ဒေါသတကြီး အမူအရာဖြင့် လေထဲကနေ ပျံသန်းလာခဲ့သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်ကို ရောက်ရှိနေသည့် အင်အားကြီးမားသော ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
"ကောင်လေး မင်းက ငါ့ရဲ့သားကိုတောင် သတ်ဖြတ်ရဲတယ်.. မင်းကို သင်္ဂြိုဟ်စရာ နေရာမရှိဘဲ သေစေမယ်"
လူလတ်ပိုင်းအရွယ် အမျိုးသားက ကျန်းချန်ကို ဒေါသတကြီးစိုက်ကြည့်လိုက်သည်။
ယင်းနောက် သူ၏ မျက်ဝန်းကနေ အေးစက်သော သွေးစွမ်းအင်များ ပေါက်ကွဲ၍ ထွက်လာခဲ့ပြီး ကျန်းချန်ကို ပစ်ခတ်လိုက်သည်။
ကျန်းချန်က အနည်းငယ်မျှပင် ကြောက်ရွံ့မနေဘဲ လက်ထဲမှာအပြာရောင်ဓားရှည်ကို ပေ့ါပါးစွာ ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ယံတွင် အပြာရောင် လေလှိုင်းပေါင်း များစွာ တိုက်ခတ်လာခဲ့ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား၏ သွေးစွမ်းအားများကို ချက်ချင်းပင် ချေမှုန်းပစ်လိုက်သည်။
ထို့နောက်တွင် သူက သူ့ရှေ့မှ လူလတ်ပိုင်းအရွယ် အမျိုးသားကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်၏။
"ငါက မင်းရဲ့သားကို သတ်လိုက်ရုံနဲ့ သေဖို့ ထိုက်တန်တယ်ဆိုရင် မင်းက မင်းရဲ့လူတွေကို ဦးဆောင်ပြီး ပါဟွမ်တစ်မြို့လုံးကို သတ်ဖြတ်ခဲ့တဲ့ အတွက် ပိုပြီး အပြစ်ပေးခံရသင့်တယ်"
"ဟားဟား.. ဒါက မြို့လေးတစ်မြို့ပါပဲ.. ငါသတ်ဖြတ်လိုက်တော့ရော မင်းက ဘာလုပ်နိုင်မှာမို့လဲ"
သွေးသတ်ဖြတ်သူက ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်သည်။
"အခုအချိန်က စပြီး ဒီရှန်းဝူကုန်းမြေတိုက်က ငါတို့ သွေးနတ်ဆိုးနန်းတော်ရဲ့ အပိုင်ပဲ.. ငါတို့ သွေးနတ်ဆိုးနန်းတော်ကို အန်တုရဲရင် အန်တုတဲ့သူတိုင်း သေသင့်တယ်"
"မင်းက နေ့ခင်းကြောင်တောင် စိတ်ကူးထယဥ်နေတာလား.. မင်းတို့ သွေးနတ်ဆိုးနန်းတော်က အရင်တုန်းကလည်း ရှန်းဝူတိုက်ကြီးကို မလွှမ်းမိုးနိုင်ခဲ့ဘူး.. အခု ငါကျန်းချန် ဒီနေရာမှာရှိနေပြီ မင်းတို့အတွက် တစ်ခုတည်းသောရလဒ်က ငါ့ရဲ့လက်ထဲမှာ ဖျက်ဆီးခံရဖို့ပဲ"
ကျန်းချန်၏ မျက်နှာထားက အေးစက်နေခဲ့သည်။
"နတ်သန္ဓေအင်ပါယာနယ်ပယ် ဆဋ္ဌမအဆင့်က ပုရွက်ဆိတ်လေးကများ ဒီဧကရာဇ်ရှေ့မှာ ရိုင်းစိုင်းဝံ့တယ် သွားသေလိုက်စမ်း"
သွေးသတ်ဖြတ်သူက သူ၏ လက်များကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သွေးစွမ်းအားသည် အလွန်ပူပြင်းသော စွမ်းအားများကို သယ်ဆောင်လာပြီး အနီးအနားရှိ လေထုကို လောင်ကျွမ်းသွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ကမ္ဘာတစ်ခုလုံးကိုပင် လောင်ကျွမ်းပစ်တော့မည့်နှယ် ဖြစ်နေခဲ့သည်။
ကောင်းကင်ယံမှ ကြောက်မက်ဖွယ် ပူပြင်းသော သွေးစွမ်းအားများကို ကြည့်ကာ ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။
သူက သွေးသတ်ဖြတ်သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းမနေဘဲ ဥက္ကာခဲဓားကို လွှဲယမ်း၍ ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဥက္ကာခဲဓားမှ ဖြစ်ပေါ်လာသော ဓားစွမ်းအင်သည် သွေးသတ်ဖြတ်သူ၏ သွေးစွမ်းအားများကို ထိုးဖောက်သွားခဲ့ပြီးနောက်တွင် သွေးသတ်ဖြတ်သူ၏ ခန္ဓာကိုယ်ကိုပါ ခုတ်ပိုင်းသွားခဲ့သည်။
သွေးတန်းတစ်ခု ပန်းထွက်လာပြီးနောက်တွင် သွေးသတ်ဖြတ်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခါးလယ်ကနေ ဖြတ်တောက်ခံရလိုက်ပြီး နှစ်ပိုင်းပြတ်ကာ လေထဲကနေ ပြုတ်ကျသွားခဲ့သည်။
တစ်ပြိုင်နက်တည်းမှာပင် လေထဲကနေ ပြုတ်ကျလာသော အလောင်းကနေ ဝိညာဥ်ပုံရိပ်တစ်ခုသည် ထိတ်လန့်တကြားထွက်ပြေးသွားခဲ့ပြီး နှုတ်ကနေလည်း ရုန့်ရင်းစွာ ကျိန်ဆဲလိုက်သည်။
"မေဘေး.. မင်းက ငါ့ရဲ့သားကို သတ်လိုက်တဲ့အပြင် ငါ့ရဲ့ခန္ဓာကိုယ်ကိုပါ ဖျက်ဆီးခဲ့တယ်.. ဒီဧကရာဇ် မင်းကို သေချာပေါက် အလွှတ်မပေးဘူး"
"မင်းမှာ အဲဒီ အခွင့်အရေး ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး"
ကျန်းချန်က ထီမထင်သော အမူအရာဖြင့် ပြောလိုက်ပြီးနောက်တွင် အဆင့်မြင့်နယ်မြေ အဆင့်ကို ရောက်ရှိနေသည့် သူ၏ ဓားနယ်မြေကို ချက်ချင်းဆိုသလို ထုတ်ဖော်လိုက်ရာ လေထုထဲကနေ ထက်ရှသော ဓားအရှိန်အဝါ ထောင်ပေါင်းများစွာသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး သွေးသတ်ဖြတ်သူ၏ ဝိညာဥ်ကို လုံးဝ ချေမှုန်းပစ်လိုက်သည်။
သွေးသတ်ဖြတ်သူကို အလွယ်တကူ သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ပါဟွမ်မြို့တော်၏ အထက်ကနေ ဓားနယ်မြေကို လွှမ်းခြုံလိုက်ပြီး အောက်ဘက်ရှိ သွေးနတ်ဆိုးနန်းတော်မှကျင့်ကြံသူများကို သတ်ဖြတ်လိုက်သည်။
သူသွားလေရာ နေရာတိုင်းတွင် သွေးနတ်ဆိုးနန်းတော်မှ လူအားလုံး နီးပါးသည် ဓားနယ်မြေ၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး ပြာအဖြစ် ပြောင်းလဲသွားကြသည်။
ပါဟွမ်မြို့တော်တွင် ရှိသည့် သွေးနတ်ဆိုးနန်းတော်ကို ရှင်းလင်းပြီးနောက်တွင် ကျန်းချန်သည် အရှေ့ပိုင်းဒေသတွင်ရှိသည့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲဆီသို့ တစ်ခါတည်း သွားရောက်ခဲ့သည်။
နေ့တစ်ဝက် အချိန်မှာပင် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော်၏ ဒုတိယမြောက် ဌာနခွဲကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။
ကျန်းချန်က ပါဟွမ်မြို့တော်တွင် ရှိသည့် အင်အားကောင်းသော သွေးနတ်ဆိုးနန်းတော်ကို ရှင်းလင်းပြီး သွေးနတ်ဆိုးနန်းတော်၏ ဒုတိယမြောက်ဌာနခွဲကို ဖျက်ဆီးနေချိန်မှာပင် မြောက်ပိုင်းဒေသ၏ ကြယ်သုံးပွင့် အထွတ်အထိပ် အင်အားစုဖြစ်သော ပါဟွမ်ဂိုဏ်းသည် ပါဟွမ်မြို့တော်သို့ လူတချို့ကို စေလွှတ်၍ အခြေအနေအား စုံစမ်းစေခဲ့သည်။
ပါဟွမ်ဂိုဏ်းမှ စေလွှတ်လိုက်သော ကျင့်ကြံသူများသည် ပါဟွမ်မြို့တော် ဆီသို့ ရောက်လာသောအခါ မြင်လိုက်ရသောမြင်ကွင်းကြောင့် မှင်တက်သွားခဲ့ကြသည်။
ပါဟွမ်မြို့တော်ကို စိုးမိုးထားသော သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူများ၏ အလောင်းများသည် နေရာအနှံ့တွင် ပြန့်ကျဲနေခဲ့၏။
ထိုအထဲတွင် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူပင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သည် အထိ ဓားဖြင့်ပိုင်းဖြတ်ခံထားရသည်။
"ပါဟွမ်မြို့တော်ကို သိမ်းပိုက်ခဲ့တဲ့ သွေးနတ်ဆိုးနန်းတော်ရဲ့ ကျင့်ကြံသူတွေ အားလုံးက လုံးဝ ချေမှုန်းခံလိုက်ရပြီလား"
ပါဟွမ်ဂိုဏ်းမှ တပည့်သည် ချက်ချင်းပင် ပါဟွမ်မြို့တော်၏ အခြေအနေကို ပါဟွမ်ဂိုဏ်း ဆီသို့ အလျင်အမြန် သတင်းပို့လိုက်ရာ ပါဟွမ်ဂိုဏ်း တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
ထိုသတင်းကြောင့် ပါဟွမ်ဂိုဏ်းချုပ် အပြင် ပါဟွမ်းဂိုဏ်း၏ အင်အားကောင်းသော အကြီးအကဲ အားလုံးသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
သိထားရမည့်အချက်မှာ ပါဟွမ်မြို့တော်ကို သိမ်းပိုက်ခဲ့သော သွေးနတ်ဆိုးနန်းတော်၏ ခေါင်းဆောင်သည် နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့်တွင် ရှိသည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ပါဟွမ်ဂိုဏ်းသည် ကျုံးကျိုးကုန်းမြေ၏ ထိပ်တန်း ကြယ်သုံးပွင့်အင်အားစုဟု သတ်မှတ်ခံထားရသော်လည်း ထိုကဲ့သို့ပြိုင်ဘက်ကင်း ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါတွင် နောက်ဆုတ်ရုံသာ တတ်နိုင်မည် ဖြစ်၏။
ပါဟွမ်မြို့တော်ကို သိမ်းပိုက်ထားသည့် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူ အားလုံးကို မည်သူက သတ်ဖြတ်ခဲ့ပါသနည်း။
အခန်း(၁၃၆၁)ပြီး၏။
အခန်း(၁၃၆၂)
"သွေးနတ်ဆိုးနန်းတော်ကို ဘယ်အင်အားစုက ဖြိုခွင်းခဲ့တာများလဲ.. သူတော်စင်မြို့တော်ငါးမြို့လား ဒါမှမဟုတ် လူသားဧကရာဇ်နန်းတော်များလား"
ပါဟွမ်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးက ရေရွတ်လိုက်သည်။
"သူတော်စင်မြို့တော်ငါးခုက လူသားဧကရာဇ်နန်းတော်နဲ့ ရင်ဆိုင်ပြီးတဲ့နောက်မှာ အင်အားချည့်နဲ့သွားပြီ.. လက်ရှိမှာ မြို့တော်ငါးခုရဲ့ ကျင့်ကြံသူတွေ အားလုံးက မြို့ထဲမှာပဲ ခိုအောင်းနေကြပြီး သွေးနတ်ဆိုးနန်းတော်ရဲ့ လက်ထဲကို မြို့မကျသွားအောင် ကာကွယ်နေကြတယ်.. သူတို့က ဘယ်လိုလုပ်ပြီး ပါဟွမ်မြို့တော်က သွေးနတ်ဆိုးနန်းတော်ကို ဖြိုခွင်းနိုင်မှာလဲ.. လူသားဧကရာဇ်နန်းတော် ကျတော့လည်း ပါဟွမ်မြို့တော်နဲ့ အရမ်းအလှမ်းဝေးတဲ့ နေရာမှာ တည်ရှိတဲ့အပြင် သူတို့နားမှာလည်း သွေးနတ်ဆိုးနန်းတော်ရဲ့ ဌာနခွဲတစ်ခု ရှိနေတယ်.. လူသားဧကရာဇ်နန်းတော်က သူတို့ဘာသာ အလုပ်များနေတာ ဘယ်လိုလုပ်ပြီး ပါဟွမ်မြို့တော်က သွေးနတ်ဆိုးနန်းတော်ရဲ့ ကျင့်ကြံသူတွေကို ဖြေရှင်းနိုင်မှာလဲ"
"ဒါဆို ပါဟွမ်မြို့တော်က သွေးနတ်ဆိုး ကျင့်ကြံသူတွေကို ရှင်းလင်းခဲ့တာ လျှို့ဝှက်နယ်မြေ ရှစ်ခုကများ ဖြစ်နေမလား"
နောက်ထပ် အကြီးအကဲတစ်ဦးက စိတ်လှုပ်ရှားသော အမူအရာဖြင့် သုံးသပ် ပြောဆိုလိုက်သည်။
"လျှို့ဝှက်နယ်မြေရှစ်ခုက အင်အားကြီးမားတဲ့ ကျင့်ကြံသူတွေအားလုံးက လက်ရှိအချိန်မှာ ဆိတ်ငြိမ်နယ်မြေနဲ့ ရင်ဆိုင်နေရတယ်.. သူတို့လုပ်နိုင်ရင် အစကတည်းက လုပ်ခဲ့မှာပဲ.. အခုအချိန်ထိ စောင့်နေစရာတောင် အကြောင်းမရှိဘူး"
ပါဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ မျက်လုံးသည် လျှပ်တစ်ပြက် တောက်ပသွားခဲ့သည်။
"ငါခန့်မှန်းတာမမှားရင် လျှို့ဝှက်နယ်မြေ ရှစ်ခုထဲက အင်အားကြီးမားတဲ့ ကျင့်ကြံသူတစ်ယောက်ယောက် လုပ်ဆောင်ခဲ့တာဖြစ်နိုင်တယ်.. ချက်ချင်းပဲ လူတွေစေလွှတ်ပြီး ဘယ်သူလုပ်ခဲ့လဲဆိုတာ သေချာပေါက် စုံစမ်းဖော်ထုတ်ရမယ်"
ပါဟွမ်မြို့တော်ရှိ သွေးနတ်ဆိုး နန်းတော်ကို မည်သူက ရှင်းလင်းခဲ့သည်ဖြစ်စေ ဤသည်မှာ ပါဟွမ်ဂိုဏ်းအတွက် ဝမ်းသာစရာ ကိစ္စကြီးတစ်ခု ဖြစ်သည်။
သူတို့ ပါဟွမ်ဂိုဏ်းသည် ဤအခွင့်အရေးကို အသုံးချပြီး လျှို့ဝှက်ဆန်းကြယ်သော အင်အားကြီးမားသူနှင့် ပူးပေါင်းကာ အရှေ့ပိုင်းဒေသ၏ သွေးနတ်ဆိုးနန်းတော် ဌာနခွဲကို တစ်ချက်တည်းနှင့် လုံးဝ ဖယ်ရှားပစ်နိုင်မည် မဟုတ်ပါလား။
နှစ်ထောင်ပေါင်းများစွာ သမိုင်းကြောင်းရှိသော ကြယ်သုံးပွင့်အင်အားစု ပါဟွမ်းဂိုဏ်းသည် ကျုံးကျိုးကုန်းမြေ၏ အရှေ့ပိုင်းဒေသကို လုံးဝ ထိန်းချုပ်ထားသော အင်အားစုတစ်စု ဖြစ်သည်။
ထို့ကြောင့် ပါဟွမ်ဂိုဏ်းချုပ် ကိုယ်တိုင် အမိန့်ထုတ်ပြန်ပြီး သိပ်မကြာခင်မှာပင် သတင်းများက ပြန်လည် ရောက်ရှိလာခဲ့သည်။
အရှေ့ပိုင်းဒေသတွင် ထွက်ပေါ်လာသည့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲမှ နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများသည် အေးစက်နေသော အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ဌာနခွဲ တစ်ခုလုံးသည် လုံးဝကို ချေမှုန်းခံလိုက်ရသည်။
"ဘယ်လို အရှေ့ပိုင်းဒေသရဲ့ သွေးနတ်ဆိုးနန်းတော် ဌာနခွဲက ဖျက်ဆီးခံလိုက်ရပြီ.. ဟုတ်လား"
ထိုသတင်းကိုကြားလျှင် ပါဟွမ်ဂိုဏ်း၏ အကြီးအကဲများစွာသည် အံ့အားသင့် မှင်တက်ကုန်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
ပါဟွမ်မြို့တော်ကို သိမ်းပိုက်ထားသည့် သွေးနတ်ဆိုးနန်းတော်ဖျက်ဆီးခံလိုက်ရသည်မှာ တစ်နာရီသာ ရှိသေးသည်။
ထိုတစ်နာရီသာ ခြားသော အချိန်လေး အတွင်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူသည် အရှေ့ဘက်ဒေသတွင် ရှိသည့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲကို ဖျက်ဆီးခဲ့သည်။
ဤသည်မှာ အလွန်ပင် တုန်လှုပ်ဖွယ်ကောင်းသော သတင်းတစ်ခု ဖြစ်သည်။
ထိုအချိန်မှာပင် နောက်ထပ် သတင်းတစ်ခုသည် ပါဟွမ်ဂိုဏ်းဆီသို့ ရောက်ရှိလာပြန်သည်။
ထိုသတင်းမှာ အရှေ့ပိုင်းဒေသ၏ သွေးနတ်ဆိုးနန်းတော်ဌာနခွဲကို ဖျက်ဆီးခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူမှာ လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန် ဟူသော သတင်းဖြစ်သည်။
ထိုသတင်းကို ကြားပြီးနောက်တွင် ပါဟွမ်ဂိုဏ်းမှ ကျင့်ကြံသူများစွာသည် မှင်တက်သွားခဲ့ပြီး အချိန်အတော်ကြာသည်အထိ သတိပြန်ဝင်မလာခဲ့ကြပေ။
လွန်ခဲ့သည့် နှစ်ဝက်အကြာက ကျန်းချန်သည် လူသားဧကရာဇ်နန်းတော်ကို တည်ထောင်ခဲ့ပြီး သူတော်စင် မြို့တော်ငါးမြို့မှ ဘိုးဘေးများကို ရှင်းလင်းခဲ့သည့်အပြင် ပါရမီရှင်နတ်သန္ဓေအင်ပါယာ စာရင်း၏ နံပါတ်(၁)ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
သူတို့အားလုံးသည် လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်က အလွန်တရာ အစွမ်းထက်မှန်း သိထားသော်လည်း ဤမျှအထိ အစွမ်းထက်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်သည် အရှေ့ပိုင်းဒေသကို တစ်ကိုယ်တော် ရောက်ရှိလာခဲ့ပြီး အရှေ့ပိုင်းဒေသရှိ သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲကို ဓားတစ်လက်တည်းဖြင့် ဖျက်ဆီးပစ်လိုက်သည်။
ဤသည်မှာ မည်မျှပင် လွှမ်းမိုးနိုင်သည့် တည်ရှိမှုမျိုးနည်း။
"ဂိုဏ်းချုပ်.. မြောက်ပိုင်းကမ်းရိုးတန်း ဒေသကနေ သတင်းရတယ်.. လွန်ခဲ့တဲ့ရက်အနည်းငယ်က သွေးနတ်ဆိုးနန်းတော်ရဲ့ နတ်သန္ဓေအင်ပါယာနယ်ပယ် နဝမအဆင့်ကျင့်ကြံသူ သွေးဧကရာဇ်တစ်ပါးက လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့တယ်.. ဒါ့အပြင် မြောက်ပိုင်းကမ်းရိုးတန်းဒေသမှာရှိတဲ့ သွေးနတ်ဆိုးနန်းတော်ဌာနခွဲ တစ်ခုလုံးကလည်း ဖျက်ဆီးခံခဲ့ရတယ်"
ထိုအချိန်မှာပင် ပါဟွမ်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးသည် အံ့သြထိတ်လန့်သော အမူအရာဖြင့် ရုတ်တရက် ပြောလိုက်သည်။
ထိုအကြီးအကဲ၏ စကားကိုကြားလျှင် လူတိုင်းသည် အသက်ရှူရပ်မတတ်ပင် ဖြစ်သွားခဲ့ကြသည်။
ရက်အနည်းငယ် အတွင်းမှာပင် လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်သည် သွေးနတ်ဆိုးနန်းတော် ဌာနခွဲနှစ်ခုကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်ခဲ့သည်။
"ဟားဟား.. ကံတရားက ငါတို့ ရှန်းဝူကုန်းမြေတိုက်ရဲ့ ဘက်ရှိနေသေးတယ် ထင်တယ်.. ငါအမိန့်ချမယ် အခုကနေစပြီး ငါတို့ပါဟွမ်ဂိုဏ်းက လူသားဧကရာဇ် နန်းတော်သခင် ကျန်းချန်နဲ့ အပြည့်အဝ ပူးပေါင်းပြီး သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းမယ်"
တစ်ခဏမျှ မှင်တက်သွားပြီးနောက်တွင် ပါဟွမ်ဂိုဏ်းချုပ်၏ မျက်နှာထက်တွင် ပျော်ရွှင်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
လျှို့ဝှက်နယ်မြေရှစ်ခုသည် လက်ရှိအချိန်တွင် ဆိတ်ငြိမ်နယ်မြေနှင့် ရင်ဆိုင်နေရ၍ သွေးနတ်ဆိုးနန်းတော်သည် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးတွင် ထင်ရာစိုင်းနေခဲ့သည်။
သူတော်စင်မြို့တော်ငါးမြို့ပင် မြို့တော်ကို ကျမသွားအောင် ကာကွယ်နေရပြီး သွေးနတ်ဆိုးနန်းတော်နှင့် ထိပ်တိုက် တွေ့ဆုံမည်ကို ရှောင်ရှားလိုနေကြ၏။
ထိုသို့ ကျုံးကျိုးကုန်းမြေ အန္တရာယ် ကျရောက်နေသောအချိန်တွင် လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်သည် တစ်ကိုယ်တော် စွမ်းရည်ကို အသုံးပြုပြီး သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲနှစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။
ဤလုပ်ရပ်သည် ကျုံးကျိုးကုန်းမြေ အတွက် စံထားရလောက်သော လုပ်ရပ်တစ်ခု ဖြစ်ပြီး ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ရှန်းဝူတိုက်၏ သခင်ဟုပင် ခေါ်ဆိုနိုင်၏။
ကျန်းချန်ကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် ဆိုလျှင် သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းရန် အမှန်တကယ် မျှော်လင့်နိုင်သည် မဟုတ်ပါလော။
ကျန်းချန်က သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲနှစ်ခုကို ဖျက်ဆီးလိုက်သော သတင်းသည် မုန်တိုင်း တိုက်ခိုက်သည့်နှယ် ကျုံးကျိုးကုန်းမြေ တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
ထိုသတင်းကို ကြားသိပြီးနောက်တွင် မရေမတွက်နိုင်သောကျင့်ကြံသူများသည် အံ့သြ တုန်လှုပ်သွားခဲ့ကြသည်။
"မင်းကြားပြီးပြီလား.. လူသားဧကရာဇ်နန်းတော်သခင် ကျန်းချန်က ရက်အနည်းငယ် အတွင်းမှာ သွေးနတ်ဆိုးနန်းတော်ရဲ့ဌာနခွဲ နှစ်ခုကိုတောင် ဖျက်ဆီးပစ်လိုက်တယ်တဲ့.. သူရဲ့လက်ထဲမှာ နတ်သန္ဓေအင်ပါယာ နယ်ပယ် နဝမအဆင့်မှာရှိတဲ့ သွေးဧကရာဇ် တစ်ပါးတောင် ခေါင်းဖြတ်ခံခဲ့ရတယ်လို့ ပြောကြတယ်"
"ဘယ်လို.. ဒီလိုကိစ္စမျိုး တကယ်ပဲ ရှိခဲ့တယ်လား"
ကျုံးကျိုးကုန်းမြေမှ ကျင့်ကြံသူများစွာ၏ မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။
"ဒီသတင်းက အမှန်ပဲ ဒီသတင်းက လူသားဧကရာဇ်နန်းတော်တစ်ခုတည်း ထုတ်ပြန်ခဲ့တာ မဟုတ်ဘူး အရှေ့ပိုင်းဒေသကိုကြီးစိုးထားတဲ့ ပါဟွမ်ဂိုဏ်းကလည်း ထုတ်ပြန်ခဲ့တယ်"
ကြယ်နှစ်ပွင့်အင်အားစု၏ ခေါင်းဆောင်တစ်ဦးက စိတ်လှုပ်ရှားသော လေသံဖြင့် ပြောလိုက်သည်။
"ဘုရားသခင်က ငါတို့ကို ဥပက္ခာပြုမထားဘူးပဲ.. နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သွေးနတ်ဆိုးနန်းတော်ကို နှိမ်နင်းဖို့ ရှေ့ထွက်လာခဲ့တယ်"
လူတိုင်းသည် ကျန်းချန်က သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲနှစ်ခုကို နှိမ်နင်းလိုက်သော သတင်းအား ကြားသိပြီးနောက်တွင် အလွန်တရာ စိတ်လှုပ်ရှားလာခဲ့ကြသည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ကျန်းချန်၏ လုပ်ရပ်များကြောင့် အံ့သြတုန်လှုပ်နေသော အချိန်မှာပင် ကျန်းချန်သည် ကျုံးကျိုးကုန်းမြေ၏ တောင်ဘက်တွင်ရှိသည့် သွေးနတ်ဆိုးနန်းတော်၏ ဌာနခွဲတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး သူ၏ ဥက္ကာခဲဓားကို ဝှေ့ယမ်းကာ သူ့ရှေ့မှ သွေးနတ်ဆိုးနန်းတော်ကို နှစ်ပိုင်းဖြတ်ပစ်လိုက်သည်။
"ဝုန်း.."
သွေးနတ်ဆိုးနန်းတော်က ပြိုကျသွားပြီးနောက်တွင် သွေးရောင် တောက်ပသော ပုံရိပ်များစွာသည် နန်းတော်ထဲကနေ ဒေါသတကြီး ပျံသန်း၍ ထွက်လာခဲ့ကြသည်။
"ကောင်လေး.. ငါတို့ သွေးနတ်ဆိုးနန်းတော်ကိုတောင် ဖျက်ဆီးရဲတယ်.. မင်းသေချင်နေပြီလား"
နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူတစ်ယောက်က လေထုထဲမှ ကျန်းချန်ကို ကြည့်ကာ ဒေါသတကြီးရေရွတ်လိုက်သည်။
ထို့နောက်တွင် သူ၏မျက်လုံးကနေ သွေးစွမ်းအားများ ထွက်ပေါ်လာခဲ့ပြီး သွေးတောင်တန်းတစ်ခု အဖြစ်သို့ ပြောင်းလဲကာ ရုန့်ရင်းသော စွမ်းအားနှင့်အတူ ကျန်းချန်ဆီသို့ ဦးတည်သွားခဲ့သည်။
သွေးတောင်တန်းက သူ့ဆီသို့ ဦးတည်၍ လာနေသော်လည်း ကျန်းချန်သည် တည်ငြိမ်သော အမူအရာဖြင့်ပင် ရှိနေခဲ့သည်။
သွေးတောင်တန်းက သူ၏ အနီးသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကျန်းချန်က လက်ထဲမှ ဥက္ကာခဲဓားကို ဝှေ့ယမ်းလိုက်သည်။
"ဝုန်း.."
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး သွေးတောင်တန်းသည် ချက်ချင်းဆိုသလိုပင် ပြိုဆင်းသွားခဲ့သည်။
သွေးတောင်တန်းကို ဖြိုခွဲပြီးနောက်တွင် ကျန်းချန်၏ ဓားချက်သည် အရှိန်မသေသေးဘဲ သွေးနတ်ဆိုးနန်းတော်မှ နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို ထိမှန်သွားခဲ့ရာ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် လေထဲမှာပင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
"ဒီကောင်လေးက ငါတို့ခေါင်းဆောင်ကို သတ်ပစ်လိုက်ပြီ.. အားလုံးအတူတူ တက်ပြီး ခေါင်းဆောင်အတွက် လက်စားချေကြစို့"
နတ်သန္ဓေအင်ပါယာနယ်ပယ် သတ္တမအဆင့် ကျင့်ကြံသူကို ကျန်းချန်က သတ်ဖြတ်လိုက်သည်ကို မြင်လျှင် ကျန်ရှိနေသော နတ်သန္ဓေအင်ပါယာနယ်ပယ် အဆင့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ကြသည်။
သို့သော်လည်း သွေးကျင့်ကြံသူများ လှုပ်ရှားရန် အချိန်မရခင်မှာပင် အနီရောင် ဓားအရှိန်အဝါ ထောင်ပေါင်းများစွာသည် လေထဲကနေ ထွက်ပေါ်လာခဲ့ပြီး မီတာရာပေါင်းများစွာ အချင်းဝက် ရှိသည့် လေထုထဲတွင် ထူထပ်သော ဓားကွန်ချာတစ်ခုကို ပုံဖော်လိုက်သည်။
ထို့နောက်တွင် ကျန်းချန် ပုံဖော်လိုက်သည့် ဓားကွန်ချာကြီးသည် သွေးကျင့်ကြံသူများကို လုံးဝပင် ချေမှုန်းပစ်လိုက်၏။
မျက်တောင်တစ်ခတ်အတွင်း အသားနှင့် သွေးများသည် ကောင်းကင်အနှံ့ ပျံဝဲနေခဲ့ပြီး သွေးမိုးများ ရွာချနေသလို ဖြစ်နေခဲ့သည်။
တစ်ခဏလေး အတွင်းမှာပင် နတ်သန္ဓေအင်ပါယာ နယ်ပယ်အဆင့် ကျင့်ကြံသူများ အပါအဝင် သွေးနတ်ဆိုးနန်းတော်လူတိုင်းသည် ဓားကွန်ချာ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
"ဝုန်း.."
ကျန်းချန်က သွေးနတ်ဆိုးနန်းတော်မှ အကြွင်းအကျန်များကို သတ်ဖြတ်နေချိန်မှာပင် ကျန်းချန် အစောပိုင်းက ဖျက်ဆီးခဲ့သည့် သွေးနတ်ဆိုးနန်းတော်က ပေါက်ကွဲသွားခဲ့ပြီး သွေးနီရောင်အလင်းတန်း တစ်ခုသည် ကောင်းကင်ပေါ်သို့ ပျံသန်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဒေါသတကြီး ကြုံးဝါးလိုက်သော အသံတစ်သံသည် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
"ကောင်လေး မင်းက ဒီဧကရာဇ်ရဲ့ နန်းတော်ကို ဖျက်ဆီးခဲ့ပြီး ဒီဧကရာဇ်ရဲ့ လူတွေကို သတ်ပစ်ခဲ့တယ်.. ဒါကြောင့် ဒီဧကရာဇ်ရဲ့ လက်ထဲမှာ သေဖို့သာ ပြင်ထားပေတော့"
အခန်း(၁၃၆၂)ပြီး၏။