မကြာမကြာလာလည်ပါ
Vol. 17 Ch. 241
နတ် ဆေးဆရာက ဒီတကြိမ်တော့ ကွေ့ဇယ်နဲ့အတူ အသေးဆုံးလှည်းပေါ်တွင်လိုက်ပါခဲ့သည် ။ ထိုလှည်းပေါ်တွင် သူတို့နှစ်ယောက်သာရှိပြီး မီးမျိုးစေ့ကိုလည်း ထိုနေရာတွင်ထားလေသည် ။
အသေးဆုံးလှည်းမှာ အရေးအကြီးဆုံးလှည်းဖြစ်ပြီး မျိုးနွယ်စု၏စွမ်းအားအကြီးဆုံးစစ်သည်တော်များက ဝန်းရံ၍ ထားသည် ။၎င်းကို လိပ်ကြီးက ဆွဲနေသည် ။
လိပ်ကြီးက လှုပ်ရှားဖို့အလွန်ပျင်းသော်လည်း အခြားသော မြေပေါ်မှာသွားသည့်သတ္တဝါများထက် မနှေးပါ ပေ ။သူ၏ အရှိန် နှေး နှေးလေးနှင့် အဖွဲ့ကို အမှီလိုက်နေသည် ။
လှည်းအရေအတွက်မှာ အကန့်အသတ်ရှိ
သည့်အတွက် ရေတပ်က လူတိုင်းကတော့ လှည်းကို မစီးနိုင်ကြပါပေ ။ ကျန်းမာရေးချို့တဲ့သူများ ၊ အသက်ကြီးသူများ ၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်သည်များကို လှည်းပေါ်သို့တက်စီးနိုင်ကြသည် ။ စစ်သည်တော်များကလည်း လှည်းပေါ်တွင် မလိုက်ပါလိုကြပေ။ စွမ်းအင်မနိုးထသေးသူများကတော့ သူတို့မပင်ပန်းသေးသရွေ့ လှည်းပေါ်သို့ မလိုက်ပါကြဘဲ အပြင်ဘက်မှာ လမ်းလျှောက်ဖို့ ကြိုးစားကြသည် ။
ကလေးများသည် လမ်းလျှောက်နိုင်သရွေ့ သူတို့အဖေများက ဦးဆောင်၍ခေါ်သွားသည် ။ သူတို့ အရမ်းပင်ပန်းလာလျှင်တော့ သူတို့ကို ခဏအနားပေးပြီး လမ်းဆက်လျှောက်ခြင်းမှ ခဏနားလိုက် စေသည် ။
သူတို့က ဒါကို လေ့ကျင့်ခန်းတစ်ခုအနေနဲ့တွေးကြသည် ။ သူတို့ကသူတို့ အလွန်အားနည်း၍ မရနိုင်သည်ကိုသိကြသည်။ ကျွန်များနှင့်လေလွင့်သူများ၏ နေထိုင်ရသည့်ဘဝအခြေအနေကိုသိကြ
ပြီးသည့်နောက် သူတို့ကပိုပြီး ခွန်အားကြီးလာဖို့ စိတ်အားထက်သန်လာကြသည် ။ အရင်တုန်းက သူတို့က ဘိုးဘေးများ၏စည်းကမ်းကိုလိုက်နာပြီး ခွန်အားကြီးအောင် ကြိုးစားခဲ့ခြင်းဖြစ်သည် ။ သို့ပေမယ့် ယခု မျိုးနွယ်စုတစ်ခုလုံးအတွက် ရှင်သန်ရပ်တည်နိုင်ဖို့ ပိုမိုအားသန်ဖို့ လိုလာသည်ကို သိလိုက်ကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုက လူများကအလွန်ရည်မှန်းချက်ကြီး ကျလေသည့်အတွက်ကြောင့် လေလွင့်သူများမှာလည်း ချွင်းချက်မဟုတ်ပေ ။ သူတို့လမ်းလျှောက်နိုင်လျှင် လှည်းပေါ်ကိုမတက်ရပေ ။ သူတို့ ထိုသို့မလျှောက်နိုင်ပါက အထင်သေးခံရပေမည် ။ သူတို့ ဒီမျိုးနွယ်စု၏စွန့်ပစ်ခြင်းကိုပင် ခံရနိုင်လေသည် ။ သူတို့မှာနောက်ဆုံးတော့ ဘဝအသစ်တစ်ခုကို စတင်နိုင်ဖို့ရာ မျှော်လင့်ချက်များရှိလာလေရာ ဒီတစ်ကြိမ်မှာ သူတို့လက်မလျော့နိုင်ပါပေ ။
အစီအစဉ်ထဲက ကုန်းလမ်းကြောင်းမှာ အချို့မျိုးနွယ်စုအကြီးများရှိသည့်နေရာများကို ရှောင်
ကွင်း၍သွားသည် ။ ဒီတစ်ကြိမ်မှာတော့ မီးတောက်ဦးချိုမျိုးနွယ်စုက အခြားမျိုးနွယ်စုကြီးများနှင့် ပဋိပက္ခဖြစ်မည့်အရေးကို ရှောင်ရှားဖို့ကြိုးစားကြသည် ။ နတ်ဆေးဆရာ၏အဆိုအရ သူတို့၏ပထမဆုံးတာဝန်မှာ ဘိုးဘွားပိုင်မြေသို့ပြန်ပြီး မီးမျိုးစေ့ကို စတင်နေရာချဖို့ဖြစ်သည်။
ထိုအတွက်ကြောင့် မျိုးနွယ်စုသည် လူဦးရေထူထပ်သောနေရာများ ၊ အချို့သောပူးပေါင်းနေထိုင်ကြသည့်မျိုးနွယ်စုများကို ခပ်ဝေးဝေးက ကျော် ဖြတ်၍ သွားကြသည် ။ အကြိမ်ပေါင်းများစွာ သူတို့အခြားသူများနှင့် တိုက်ခိုက်မိမလို ဖြစ်တတ်သည် ။ သို့ပေမယ့် သူတို့၏ရန်သူများက မီး တောက်ဦးချိုများမျိုးနွယ်စုကသားရဲများလှည်းတွေဆွဲလာကြသည်ကို မြင်ရသည်တွင် သူတို့တွန့်ဆုတ်သွားကာ နောက်ဆုံးမှာတော့ အဖွဲ့က သူတို့အရှေ့မှာ ဖြတ်သွားသည်ကိုသူတို့က ကြည့်နေလိုက်ကြသည်။
နတ်ဆေးဆရာနဲ့အကြီးအကဲတို့မှာ အဖွဲ့ဝင်များကို သူတို့အမိန့်ပေးမှသာလှုပ်ရှားကြဖို့ အမိန့်ပေး
ထားသည် ။ သူတို့စိတ်ကူးပေါက်သလိုမလှုပ်ရှားနိုင်ပေ ။ အကယ်၍သူတို့သာ စည်းမျဉ်းဖောက်ဖျက်လျှင် သူတို့ကို မျိုးနွယ်စုထဲက ထုတ်ပစ်ပေမည် ။
သူတို့က မလိုအပ်သောပြဿနာများ မဖြစ်ပေါ်စေရန်နှင့် အစားအစာရရှိရန်အတွက် ကွေ့ပတ်၍ သွားကြသည်။ အစားအစာရှာဖွေဖို့အတွက် သူတို့ကမြစ်များ၊တောင်များရှိသည့် လူဦးရေကျဲပါးသောနေရာများကို သွားကြသည်။ ဖြစ်နိုင်သမျှ အနည်းဆုံးသာစွန့်စားလိုကြသည် ။
တောင်ပေါ်ကိုတက်ဖို့လား ၊ လှည်းတွေမှောက်မသွားနိုင်ဘူးလား ၊
မည်သူကပြောသနည်း?
ငါတို့လှည်းတွေကိုမဆွဲနိုင်ပေမယ့် သူတို့ကိုသယ်သွားလို့ရသည်။ စစ်သည်တော်အများအပြားနဲ့ဆို
လျှင် လူအပြည့်ဖြစ်နေသည့် လှည်းကိုလည်းသယ်ဖို့ဖြစ်နိုင်လေသည်။
မီးတောက်ဦးချိုမျိုးနွယ်စုက ဘိုးဘွားပိုင်မြေသို့ အရှေ့ကိုဆက်သွားကြပြီး လုံးဝမရပ်ကြပေ ။ တောင်ပေါ်ကသားရဲများ မည်မျှအစားခံရပြီးသလဲကို မည်သူမျှမသိကြ ပေ ။ သူတို့ရောက်လာသည်နှင့် ထိုဒေသကလူများနဲ့သားရဲများက ကြောက်လန့်သွားကြသည် ။
အဖွဲ့ကလူများကလည်း စိတ်ပိုင်းဆိုင်ရာများ တဖြည်းဖြည်းပြောင်းလဲသွားသည်။ မြစ်၏တစ်ဖက်ခြမ်းမှာတုန်းက မျိုးနွယ်စုအပြင်ဘက်ကိုရောက်လျှင် သူတို့ကသတိထားပြီး သိုသိပ်စွာနေကြမည်ဟု တွေးကြသည် ။ သို့ပေမယ့် ယခုတော့ပြောင်းပြန်ဖြစ် နေသည်။
သူတို့က ပြဿနာလာရှာသူများနှင့် သူတို့ကိုထောက်လှမ်းဖို့စေလွှတ်ခံရသည့်သူများကို တွေ့ဆုံကြပြီဆိုလျှင် သူတို့ကို ပြဿနာလာရှာဖို့တွေးနေ
သည့်သူများကို သတိပေးသည့်အနေဖြင့် အပြင်းထန်ဆုံးနည်းများနှင့်သာ ဖြေရှင်းလေ့ရှိသည်။ ပြောရလျှင် သူတို့ကတန်းပြီး အသတ်ခံရပေလိမ့်မည်။
ဤသို့ဖြင့် သူတို့ကမရေမတွက်နိုင်သော လူများနှင့်သားရဲများကိုသတ်ခဲ့ကြသည်။ အချို့ခရီးသွားအဖွဲ့များကလည်း မျိုးနွယ်စု၏အနောက်ဘက်တွင် ခပ်ခွာခွာကလမ်းလျှောက်လာကြသည်။ ထိုသို့ဆိုလျှင် သူတို့ကို မည်သည့်သားရဲကမှတိုက်ခိုက်ရဲတော့မည်မဟုတ်ပေ။
ခရီးသွားအဖွဲ့က ပြဿနာမရှာသ၍ နတ်ဆေးဆရာနဲ့အကြီးအကဲသည် သူတို့ကိုမတားပေ။ ထို့ပြင်သူတို့ကပင် ပိုက်ဆံရ နေသေးသည် ။
“ ငါ နီးလာပြီလို့ခံစားရတယ် “ သူ့အရှေ့မှ လှည်း၏အလယ်တွင် အလျှံညီးညီးတောက်လောင်နေသည့် မီးတောက်လေးကို နတ်ဆေးဆရာက ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ဒီတော့ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ ဘိုးဘွားပိုင် မြေ ဆိုတာ ဘယ်လိုပုံစံ ဖြစ်နေမည်နည်း ။
နတ် ဆေးဆရာက အလျှံညီးညီးတောက်လောင်နေသည့် မီးတောက်လေးကိုကြည့်ကာ ဖြည်းဖြည်းစိတ်မှာ ဗလာနတ္ထိဖြစ်သွားသည် ။
ရှောက်ရွှမ်က အပြင်ကို ကြည့်လိုက်ပြီး ပတ်ပတ်လည်က မြက်ခင်း လွင်ပြင်ဒေသကြီးကို ကြည့်လိုက်မိသည် ။ အမဲလိုက်ထွက်သွားသည့် စစ်သည်တော်များပြန်လာကြပြီး သူတို့သည် အတော်စိတ်ဓာတ်ကျနေပုံ ပေါက်လေသည် ။ ထိုနေရာတွင် သစ်ပင်အများကြီးရှိပေမယ့် သားရဲအနည်းငယ်သာရှိသည်။ အစားအစာမှာ သူတို့စားဖို့မလုံလောက်ပါပေ။
သူတို့ကဒီနေ့မဆာလောင်ရင်တောင်မှ မနက်ဖြန်အတွက်ကော..
သူတို့မနက်ဖြန်ရောက်မည့်နေရာတွင် သားရဲတွေပိုနည်းလျှင် သူတို့ပိုပြီး အစားအစာမလုံလောက်နိုင်ဖြစ်လာပေမည်။
သူတို့က ပုံမှန်သားရဲများကိုစားလိုက်လျှင် သူတို့လွယ်လွယ်ကူကူပြန်ပြီး ဗိုက်ဆာလာကြမည်ဟု သူတို့ကထင်ခဲ့ကြသည်။ ထို့အတွက်ကြောင့် သူတို့က သားရဲများကို စားရခြင်းကိုမနှစ်သက်ခဲ့ပေ။ သို့ပေမယ့် ယခုသူတို့ကသားရဲများကိုပင် မစားနိုင်တော့ပေ ။
“ အကြီးအကဲ...ကျွန်တော်တို့ ဘာလုပ်သင့်လဲ “
ခဲ့ခဲ့က သူ့လက်ထဲကတောယုန်တစ်ကောင်ကိုမြှောက်ပြလိုက်ပြီး ခါပြလိုက်သည် ။ ထို့နောက် သူက စိတ်ဓာတ်ကျသွားပုံပေါက်လေသည် ။
လူကြီးတယောက်လက်မောင်းလုံးလောက်ရှိသည့် မြွေတစ်ကောင်ကိုဆွဲလာပြီး ထွော်ကပြန်လာခဲ့သည် ။ သို့ပေမယ့် ထိုမြွေက သူ့အတွက် မလုံလောက်ပါပေ ။
ဂွီ...
သူတို့ကနည်းနည်းသာစားကြသည့်အတွက် စစ်သည်တော်အများအပြားက ဆာလောင်လာကြသည် ။ အော့က ဘာလုပ်ရမှန်းမသိသည့်အတွက် ချက်ချင်းပြန်မဖြေခဲ့ပေ။
“ ငါတို့အစားအစာ တချို့သွားလဲရအောင်..
ငါတို့ရောက်နေတဲ့နေရာက သားရဲတွေမွေးကြသည့် လုမျိုးနွယ်စုနဲ့သိပ်မဝေးဘူး။ ငါ သူတို့နဲ့သားရဲ့အချို့သွားလည်ဖို့ လူတချို့ခေါ်သွားလို့ရနိုင်တယ် ။ငါတို့
ဘိုးဘွားပိုင်မြေကို မရောက်ခင် ငါတို့ရနိုင်တဲ့အစားအစာတွေ သိပ်မများဘူး၊ အစားအစာတွေက ငါတို့အတွက် မလောက်ဘူး “
ရှောက်ရွှမ်ကပြောလေသည် ။
ဒီနေရာမှာနေကြသောလူအများစုက အဓိကအားဖြင့် တိရစ္ဆာန်များမွေးမြူကြပြီး ကောက်ပဲသီးနှံများစိုက်ပျိုးကြသည်။ ထို့အပြင် ဒီခရီးမှာ တောင်များနည်းပါးပြီး တောင်အားလုံးမှာလည်း သေးငယ်ကြသည်။ ထို့အတွက်ကြောင့် သားရဲကြီးများ အနည်းငယ်သာရှိသည်။ သူတို့အတွက် ထိုသားရဲများမှာ အစားအစာအတွက် မလုံလောက်သည့်အတွက် ခက်ခဲလေသည် ။
လုမျိုးနွယ်စုနှင့်ပတ်သက်၍ အော့က ရှောက်ရွှမ်၏မှတ်တမ်းများထဲတွင် လေ့လာခဲ့ပြီးဖြစ်သည်။ သူက ဒီမျိုးနွယ်စုကို သဘောကျသည် ။ ဒီမျိုးနွယ်စုဟာ သားရဲများကိုမွေးမြူပြီး ဗဟိုဒေသတွင်ကြင်နာတတ်သောလူများ အဖြစ်သိကြသည်။ အော့က သူတို့ဟာ အလဲလှယ်ပြုလုပ်နိုင်သော မိတ်ဆွေကောင်း
များဟု ယုံကြည်လိုက်သည် ။
ထိုအကြောင်းကို တွေးပြီးသည့်နောက် အော့က ရှောက်ရွှမ့်အကြံကိုလက်ခံလိုက်သည်။
အဖွဲ့မှာထိုနေရာတွင် ရပ်စောင့်နေရာမလိုဘဲ ရှောက်ရွှမ်က သူတို့ဘယ်နေရာကို ရောက်နိုင်မလဲကို မှန်းဆနိုင်လေသည် ။ သူက အော့ကို နေရာတစ်ခုမှာဆုံကြဖို့ သဘောတူညီလိုက်ကြသည် ။ ထို့နောက်သူကရေလကျောက်အချို့ကို ယူကာ လုမျိုးနွယ်စုကို စစ်သည်တော်အယောက်ငါးဆယ်နှင့် ထွက်ခွာသွားသည် ။
ရှောက်ရွှမ်က လုမျိုးနွယ်စုကလူများကို သူထွက်သွားပြီးကတည်းက မတွေ့ရသည်မှာ နှစ်နှစ်လောက်ရှိပြီဖြစ်သည်။ သို့ပေမဲ့ ယန်ကျိုလို့ခေါ်သည့်လူကတော့ သူ့ကိုမှတ်မိနေဆဲဖြစ်သည်။
ရှောက်ရွှမ်က သားရဲအချို့ လဲလှယ်ချင်သည်ဟု ကြားလိုက်ရသောအခါ ယန်ကျိုက ရှောက်ရွှမ်နဲ့သူ့နောက်လိုက်များကို မွေးမြူရေးခြံများသို့ စိတ်အားထက်သန်စွာဖြင့် ခေါ်သွားလေသည်။
ရှောက်ရွှမ်က ခဲ့ခဲ့နဲ့အခြားသူများကို လုမျိုးနွယ်စုက မွေးမြူရေးခြံများအကြောင်း ပြောပြထားသော်လည်း သူတို့မြင်သည့်အခါ သူတို့မှာ အလွန်အံ့ဩရဆဲဖြစ်သည်။
ယန်ကျိုက သူတို့၏တုံ့ပြန်ပုံများကို မြင်သည့်အခါ သူ့မျိုးနွယ်စုအတွက်အလွန်ဂုဏ်ယူသွားလေသည်။ သူက သူမွေးထားသည့်သားရဲများနှင့်ထပ်လောင်း၍ မြှောက်တင်လိုက်သေးသည် ။
ရက်အတော်ကြာ သားရဲငယ်လေးများကိုသာ စားခဲ့ရသောစစ်သည်တော်များမှာ ကြိုးကြာငှက်ကြီးများလောက်ကြီးသော ဖွံ့ဖွံ့ထွားထွားကြီးများကို မြင်ရသည်တွင် မထိန်းနိုင်ဘဲ သရေကျလာကြသည်။
“ အသားတွေ..အသားတွေ “
“ ဘာလိုချင်လို့လဲ “
ယန်ကျိုက ရှောက်ရွှမ်ကိုမေးလိုက်သည်။ ရှောက်ရွှမ်ကအသက်အကြီးဆုံးမဟုတ်သော်လည်း သူကခေါင်းဆောင်ဖြစ်သည်ကို ယန်ကျိုက သိလေသည်။
“ ဒီတစ်ကောင် ၊ ငါတို့အထွားဆုံးကောင်ကို ယူကြတာပေါ့ “
ခဲ့ခဲ့က အလျင်အမြန်လက်ညှိုးထိုးကာပြောလိုက်သည်။
“တခြားကော ဘာတွေယူကြဦးမလဲ “
ယန်ကျိုက အပြုံးလေးဖြင့် ပြောသည် ။
ရှောက်ရွှမ်က သားရဲတချို့ကိုမှာခဲ့ပြီး သူဘေးကလူအချို့ကတော့ မထိန်းနိုင်ဘဲ အတော်များများရွေးလိုက်ကြသည် ။
ခဲ့ခဲ့နဲ့အခြားသူများက သားရဲအချို့ထပ်ရွေးချယ်နေကြသည့်အတွက် သူကရေလကျောက်များနှင့် သားရဲမည်မျှလဲနိုင်မည်နည်းကို တွက်ချက်၍နေသည် ။
ကံကောင်းထောက်မစွာနှင့် ဗဟိုဒေသတွင် ရေလကျောက်များ၏တန်ဖိုးမှာ မနည်းပါပေ။ ထို့ကြောင့် သူတို့သားရဲအတော်များများကိုလဲနိုင်လေသည် ။
သားရဲများကိုရွေးချယ်ပြီးသည့်နောက် သူက သူ့စိတ်ထဲမှာသားရဲအရေအတွက်ကို နှစ်ကြိမ်မျှပြန်တွက်ကြည့်လိုက်ပြီး ပြောလိုက်လေသည် ။
“ နှစ်ရာ့ငါးဆယ် ဟုတ်လား “
“ ဟုတ်ပါတယ် “
ရေလ ကျောက်များကိုထုတ်ပေးလိုက်ပြီး ငှက်ငါးကောင်ကို အရှေ့ကသစ်သားလှည်းပေါ်ကို တယောက် ယောက်က တွန်းတင်ပေးသည်ကို ရှောက်ရွှမ်ကမြင်လိုက်သည့်အတွက် သူကပြောလိုက်လေသည် ။
“ ကျွန်တော်တို့လှည်းမလိုပါဘူး “
“ သေချာလို့လား “
သူတို့သစ်သားလှည်းကို မလိုသည်ကို အတည်ပြုပြီးသည့်နောက် ယန်ကျိုက ငှက်ဥတစ်ဒါဇင်ကို ထုတ်ယူလိုက်သည် ။
“ မင်း သားရဲတွေကို သယ်သွားဖို့ ငါတို့ကိုမလိုဘူးဆိုတော့ ငါမင်းကိုဥတွေပေးလိုက်ပါမယ် “
ငှက်တွေကို ကောက်ရိုးအိတ်ကလေးထဲကိုထည့်ပြီး ရှောက်ရွှမ်က ချာချာကို ကိုင်ထားခိုင်းလိုက်သည် ။ စစ်သည်တော်တစ်ယောက်ချင်းစီတိုင်းမှာ မွေးမြူထားသော သားရဲငါးကောင်စီရှိကြလေသည် ။
ရှောက်ရွှမ်နဲ့အခြားသူများက ငှက်ငါးကောင်စီကိုကိုင်ပြီး မြန်မြန်လမ်းလျှောက်သွားသည်ကို တွေ့ရသောအခါ ယန်ကျိုအလွန်အံ့ဩသွားသည်။
ရှောက်ရွှမ်နဲ့အခြားသူများ ထွက်ခွာသွားသည်ကိုမြင်ပြီး ယန်ကျိုကပြုံးကာပြောလိုက်သည်။
“ သားရဲတွေထပ်လိုတယ်ဆိုရင် ငါ့ကိုစာပို့လိုက် ၊
ငါမင်းကိုလာပို့ပေးပါမယ် “
“ ကောင်းပါပြီ ၊ ကျွန်တော်တို့ဘိုးဘွားပိုင်မြေကိုပြန်ပြီး အခြေကျပြီးတဲ့အခါ ခင်ဗျား မကြာမကြာလာလို့ရပါတယ် “
ရှောက်ရွှမ်ကပြောကာ နောက်ကိုလှည့်လိုက်ပြီး သားရဲများကို ကိုင်ကာ လုမျိုးနွယ်စုမှ ခဲ့ခဲ့နဲ့အခြားသူများနှင့်အတူ ထွက်ခွာ၍သွားသည် ။
“ ဘယ်နေရာမှာအခြေကျမှာလဲ “
ယန်ကျိုက မေးလိုက်သည်။
“ သားရဲတို့ပျော်စံရာမြေမှာ..”
ရှောက်ရွှမ်က ဖြေလိုက်သည် ။
ယန်ကျိုက ထိုနေရာမှာ ရပ်နေဆဲဖြစ်ပြီး ဆွံ့အသွားသည် ။
သူ့မျက်နှာကို ပွတ်ကြည့်လိုက်ပြီး မထိန်းနိုင်ဘဲ သူ့နားကိုလက်နဲ့ကလော်လိုက်သည်။ ထို့နောက် သူ့ ဘေးကလူကို တွေဝေစွာမေးလိုက်လေသည် ။
“ သူတို့ဘယ်မှာ အခြေချမယ်လို့ ပြောလိုက်တယ် “
သူ့ဘေးမှာရပ်နေသည့် ထိုလူက သူတံ တွေးကို မျိုချလိုက်ကာ ပြောလိုက်လေသည်။
“ ဝမ်ရှစ်မျိုးနွယ်စုအနားက သားရဲတို့ ပျော်စံရာမြေ လို့..”
ဝမ်ရှစ်မျိုးနွယ်စုအပြင် သားရဲများပျော်စံရာမြေမှာ အန္တရာယ်များသောနေရာတစ်ခုဖြစ်သည် ။
သူတို့က ထိုမှာအခြေချ ကြမှာလား။
သူတို့ဆီ မကြာမကြာလာလည်လို့တောင်ပြောလိုက်သေးသည် ။
မည်သူက သွားရဲမည်နည်း ။