တကြိမ်တည်း
Vol. 17 Ch. 242
လုမျိုးနွယ်စုက သူယူလာခဲ့သော အစားအစာများ ကျေးဇူးကြောင့်မျိုးနွယ်စုထဲမှ အခြေအနေများ ပိုပြီးကောင်းမွန်လာသည် ။
မျိုးနွယ်စုက သူတို့အိပ် ခြင်း ၊ခဏတဖြုတ်အနားယူခြင်းမှ လွဲလျှင်သူတို့က ခရီးကို ဆက်သွားခဲ့ကြသည်။
သူတို့ကိုမြင်ကြသည့်မျိုးနွယ်စုများနှင့် လေလွင့်သူများမှာ မီးတောက်ဦးချိုမျိုးနွယ်စုအကြောင်းကို အလွန်သိချင်သွားကြသည်။
သူတို့က ဒီလိုမျိုးနွယ်စုလိုက် ပမာဏအများကြီး ပြောင်းရွေ့ကြသည်ကို မြင်ခဲ့ဖူးကြသော်လည်း ဒီလိုစွမ်းအားကြီးသည့်မျိုးနွယ်စုမျိုးကို သူတို့ မမြင်ဖူးကြပါပေ။
ခရီးသွားအဖွဲ့များ၏ကျေးဇူးကြောင့် မီးတောက်ဦးချိုများမျိုးနွယ်စုမှာ တဖြည်းဖြည်းနာမည်ကြီးလာလေသည် ။
လှည်းများအလယ်မှာ နတ်ဆေးဆရာကြီး နေသောလှည်းရှိလေသည် ။
နတ် ဆေးဆရာကြီးသည် စင်လေးထဲက မီးမျိုးစေ့၏ဘေးမှာထိုင်နေပြီး တိတ်တဆိတ် ရက်များကို ရေတွက်နေလေသည် ။ မီးမျိုးစေ့မှာ ယခင်ကထက် ပိုမိုကြီးမားလာပြီး တောက်ပနေသည် ။ အနီးကပ်သာကြည့်လျှင် ဘေးပတ်ပတ်လည်တွင် အားနည်းလာသော အတားအဆီးများကို မြင်နိုင်လေသည် ။
ထိုအတားအဆီးများသည် နတ်ဆေးဆရာလုပ်ထားခြင်းဖြစ်သည် ။ဘိုးဘေးများ ချန်ခဲ့သောသားရေစာလိပ်ကျမ်းအရဆိုလျှင် နတ် ဆေးဆရာက မီးမျိုးစေ့
ကိုကိုင်ပြီး အခြားမျိုးနွယ်စုများရှေ့တွင်သွားလျှင် အတားအဆီးမပါပါက အခြားမီးမျိုးစေ့တစ်ခုနှင့်အချင်းချင်း တိုက်ခိုက်ကြလေမည်ဖြစ်သည် ။ ရှုံးနိမ့်သွားသူက ဖိနှိပ်ခံလိုက်ရမည်ဖြစ်သည် ။ ၎င်းမှာ မျိုးနွယ်စု၏စိတ်ဓာတ်ကို သက်ရောက်သည့်အတွက်ကြောင့် မည်သူကမှ သူတို့၏မီးမျိုး စေ့ ဖိနှိပ်ခံရခြင်းကို မမြင်လို ကြပေ ။ လတ်တ လောတွင် မီးတောက်ဦးချိုများမျိုးနွယ်စုက အခြားဘယ်မျိုးနွယ်စုကိုမှ ရန်မလိုပါပေ ။
ထို့အတွက်ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စု၏လေလွင့်သူများမှလွဲလျှင် လူအနည်းငယ်ကသာ မီးမျိုးစေ့ရှိသည်ကို ခံစားရခြင်းဖြစ်သည်။ မီးမျိုးစေ့သည် အထဲမှာရှိသည်ဟုယူဆပြီး ခိုးယူချင်ကြသူအားလုံးတို့သည် စစ်သည်တော်များ၏ အကြမ်းတမ်း ၊အရက်စက်ဆုံးနည်းဖြင့် သတ်ဖြတ်ခြင်းကို ခံရလေသည် ။
ကူမျိုးနွယ်စုမှသည် ကုန်းလမ်း၊ရေလမ်းတလျှောက် သွားလာခဲ့ရင် သူတို့နောက်ကိုပါလာခဲ့သော လေလွင့်
သူပေါင်း အ ယောက် နှစ်ရာထက် ကျော်လေသည် ။
အခြားသောမျိုးနွယ်စုများမှ လေလွင့်သူများကလည်း သူတို့နောက်ကိုလိုက်လာကြသည်။ ရှောက်ရွှမ်က အရေအတွက်ကို ရေကြည့်လိုက်သောအခါ နှစ်ရာနီးပါးဖြစ်နေသည်ကို တွေ့လိုက်ရသည် ။
ပန်းတိုင်နှင့်ပိုပိုပြီးနည်းလာလေ လူအများက ပိုပြီးအနားမယူကြတော့လေဖြစ်သည် ။ အနားမယူကြသူတွေမှာ မီးတောက်ဦးချိုမျိုးနွယ်စုသားများပင်မဟုတ်ဘဲ ယခုမှ ပါဝင်လာသော လေလွင့်သူများလည်း ပါဝင်လေသည် ။ ယခု ထိုလေလွင့်သူများက မီး တောက်ဦးချိုမျိုးနွယ်စု၏ ပန်းတိုင်ကို သိကြလေသည် ။ သားရဲတို့ပျော်စံရာမြေ ဖြစ်သည်ကိုသိကြပြီးသည့်နောက် အချို့လူများက ကြောက်ရွံ့သွားကြသည်။
အထူးသဖြင့် နောက်ပိုင်းရက်များတွင် လေလွင့်သူများကိုအကာအကွယ်ပေးကြသော မီးတောက်
ဦးချိုမျိုးနွယ်စုမှစစ်သည်တော်များသည် ရက်စက်ကြသော အဆင့်မြင့်သားရဲများအကြောင်းအမြဲပြောပြပြီး တချို့ကို သူတို့သတ်ခဲ့ကြပြီး စစ်သည် တော်တချို့ကို သားရဲကြီးများ အသတ်ခံလိုက်ရကြောင်း ပြလေသည် ။ ဒဏ်ရာရသွားသော ၊ မသန်စွမ်းတော့ သော စစ်သည်တော်များက သူတို့အဆင့်မြင့်သားရဲများနဲ့ ရင်ဆိုင်ရချိန်တွင် ကြုံတွေ့ရခဲ့သည့် အန္တရာယ်ရှိသော အခြေအနေများအကြောင်းကို ပြောပြတတ်ကြသည်။
မီးတောက်ဦးချိုမျိုးနွယ်စုကစစ်သည်တော်များသည် သူတို့ကလေးဘဝကတည်းက သားရဲကြီးများနဲ့ရင်ဆိုင်လာခဲ့ရသည့်အတွက် သားရဲကြီးများအကြောင်းကို အဆက်မပြတ်ပြောပြနိုင်လေသည် ။
မူလကတော့ လေလွင့်သူများက သူတို့ကြောက်စရာပုံပြင်များကိုနားထောင်နေရသည်ဟုခံစားရသည့်အတွက် အဆင့်မြင့်သားရဲများနှင့်ပတ်သက်လျှင် နားထောင်ရမည်ကို ကြောက်ရွံကြလေသည် ။ သို့သော်လည်း လူပေါင်းများစွာက နေ့တိုင်းထို
အကြောင်းကို ပြောနေကြလေရာ ထိုပုံပြင်များကို မကြားမိအောင် ရှောင်ရှားဖို့မဖြစ်နိုင်တော့ပေ ။ တဖြည်းဖြည်းနဲ့ သူတို့ကထွက်ခွာကြမည့်အကြောင်းကို တနေ့ပြီးတစ်နေ့ပိုပိုပြီး တွေးလာကြသည် ။
ထိုညတွင် အဖွဲ့ကတောင်ခြေတွင်နေကြသည် ။ ဟယ်အာကအိပ်ပျော်နေပြီး သူဘေးကလူက ခပ်တိုးတိုးနှိုးသောကြောင့် နိုးလာလေသည် ။
“ ဘာဖြစ်လို့လဲ ၊ ငါတို့တိုက်ခိုက်ခံရလို့လား “
ဟယ်အာက တစ်ခါတည်းနိုးလာလေသည်။ တောရိုင်းထဲတွင် သူတို့က အဆင့်မြင့်သားရဲများနှင့် ပတ်သက်သောဇာတ်လမ်းများမကြာခဏ ကြားရတတ်လေသည် ။
ဟယ်အာက တခုခုပြောမလို့ကြံစဥ်မှာ သူ့ပါးစပ်ကိုပိတ်လိုက်လေသည် ။
သူ့ကိုနှိုးလိုက်သည့်သူမှာ သူတို့လုံကျိုးမျိူးနွယ်စုမှာကတည်းက အချင်းချင်း ဆက်ဆံရေးကောင်းရှိလေသည် ။ သူတို့က ယန်ကျစ်နဲ့အခြားသူများနှင့်လည်း ရင်းနှီးကြလေသည် ။
“ ဟိုကို ကြည့်ပါဦး “
ဟယ်အာကို နှိုးလိုက်သည့်သူက အသံတိုးတိုးလေးပြောသည် ။
သူတို့အနားက လောင်ကျွမ်းနေသော မီးမှာ ငြိမ်းလုနီးနီးဖြစ်နေသည် ။ မီးပုံမှာ အလွန်သေးလာပြီး အနားကသူများကသာလျှင် မီးရောင်ကိုရှင်းရှင်းလင်းလင်း မြင်ရလေသည် ။
ခပ်ဝေးဝေးကဆိုလျှင် မီးရောင်ပြပြလေးသာမြင်ရလေသည်။
ဟယ်အာ နှင့် အခြားသူများက မီးပုံနှင့်ခပ်ဝေးဝေးမှာ ရှိကြလေသည် ၊ သို့ပေမယ့် သူတို့က
မီးပုံ၏အခြားတဖက်ကို မြင်နိုင်သေးလေသည် ။
မြေပေါ်မှာ ပုံရိပ်တော်တော်များများ ထလာကြသည် ။ သားရေအိတ်များနှင့် အထုတ်များသယ်ကာ လူအုပ်နဲ့အဝေးဆီ ထွက်လာကြလေသည် ။
ပတ်ပတ်လည်က အမဲလိုက်စစ်သည်တော်တွေက ထိုလူများကို သတိထားမိပြီး မေးကြည့်လေသည် ။
“ ဘာဖြစ်လို့လဲ “
ထိုလူများက တုန်ယင်သွားပြီး သူတို့ကိုခေါ်လိုက်သည့်နောက် နောက်ကိုခြေလှမ်းနည်းနည်းဆုတ်လိုက်လေသည် ။ သို့ပေမယ့် သူတို့က တည်တည်ငြိမ်ငြိမ်ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည် ။
“ ကျွန်တော်တို့ ရေအသောက်များပြီး အပေါ့အပါး
သွားချင်လို့ပါ “
စစ်သည်တော်များကသမ်းဝေပြီး ဂရုမစိုက်ဟန်ဖြင့်ပြောလေသည်။
“ မြန်မြန်ပြန်လာခဲ့ ၊ အဝေးကြီးလည်း မသွားပါနဲ့ “
“ ဟုတ်ကဲ့ ၊ ငါတို့ မကြာခင်ပြန်လာခဲ့ပါမယ် ၊
ပြီးတော့ အဝေးကြီးမသွားပါဘူး “
လေလွင့်သူများသည် အမြန်ကတိပေးလိုက်ကြသည် ။
ထိုလူအနည်းငယ်ထွက်သွားပြီးသည့်နောက် ဟယ်အာက ဘေးနားမှာနိုးလာကြသည့် မိတ်ဆွေတော်တော်များများနှင့်စကားပြောဖို့ ကြံလိုက်သည် ။ သို့ပေမယ့် ဝမ်းလျှောသည်ဟု ဆင်ခြေပေးကြကာ ထွက်သွားကြသော အခြားလူအနည်းငယ်ကိုလည်း
သူတွေ့လိုက်ရသည် ။ စစ်သည်တော်များက ထိုပြဿနာရှာသူများကို ဘာမှမပြောတော့ပေ။
“ ငါတို့ဘာလုပ်ကြမလဲ ၊ ဟယ်အာ..ငါတို့ကောထွက်သွားသင့်လား”
သူဘေးကလူက သူ့ကိုမေးလေသည် ။
သူတို့ကအဆင့်မြင့်သားရဲများအကြောင်းကို အများကြီးကြားရပြီးမီးတောက်ဦးချိုများမျိုးနွယ်စု၏နောက်ဆုံးပန်းတိုင်မှာ ပျော်စံရာမြေဖြစ်သည်ကို သိသည့်အတွက် ထွက်သွားဖို့ဆုံးဖြတ်ကြခြင်းဖြစ်သည် ။
သားရဲတို့ပျော်စံရာမြေနှင့်ယှဉ်လျှင် သူတို့က အခြားမျိုးနွယ်စုများကိုသာ သွားလိုကြသည်။
အချို့ကတော့ သူတို့၏မူလနေရာများမှာ ဖိနှိပ်ခံကြ
ရသည့်အတွက်အခြားနေရာများကိုသာ ရှာလိုကြသည် ။ သူတို့က အမြဲတမ်းနေရာအသစ်ကိုသာ ရှာလိုကြသည်။ ဒီတကြိမ်တော့ သူတို့က မီးတောက်ဦးချိုများမျိုးနွယ်စု၏နောက်ကိုလိုက်ခဲ့ရခြင်းမှာ သူတို့ပိုကောင်းသော ဘဝတစ်ခု ရနိုင်မည်ဟု တွေးခဲ့ကြသောကြောင့်ဖြစ်သည် ။
မမျှော်လင့်ထားဘဲ သူတို့က ပိုပြီးဆိုးရွားသည့် ပြဿနာများကို ရင်ဆိုင်ရနိုင်လေသည် ။ သတင်းကောင်းကတော့ သူတို့လာခဲ့တဲ့လမ်းတလျှောက်မှာ အတော်လေး ကောင်းသောနေရာအချို့ရှိနေခြင်းဖြစ်သည် ။ ပတ်ပတ်လည်က မျိုးနွယ်စုတော်တော်များများ၏နေထိုင်မှုဘဝအခြေအနေမှာ သူတို့တွေးထားသည့် ဘဝနေထိုင်မှုအဆင့်အတန်းနှင့် ကိုက်ညီလေသည် ။
လေလွင့်သူများက မီးတောက်ဦးချိုများမျိုးနွယ်စုက သားရဲတို့ဆ ပျော်စံရာမြေကဲ့သို့ အန္တရာယ်ရှိလာသောနေရာကို ဘာကြောင့်သွားလိုကြသလဲဆိုတာ မသိကြပါ ပေ ။ ဒီမျိုးနွယ်စုသည် အလားအလာအများကြီးကောင်းပြီး သူတို့က ဗဟိုဒေသကမျိုး
နွယ်စုအငယ်လေးများထက်ပိုကောင်းသော လုံခြုံစိတ်ချရသောနေရာကောင်းတစ်ခုကိုရနိုင်လေသည် ။ သူတို့က မျိုးနွယ်စုငယ်လေးသာ ဖြစ်သေးသော်လည်း ဆယ်စုနှစ်တစ်ခု၊နှစ်ခုအတွင်းတင် သူတို့၏မျိုးနွယ်စုဝင်အရေအတွက်မှာ နှစ်ဆ ဖြစ်သွားနိုင်လေသည် ။ သူတို့ကအဘယ်ကြောင့် ထိုသို့သော အန္တရာယ်များရသည့်နေရာကို သွားလိုကြပါသနည်း။
သူတို့မှာ အဆင့်မြင့်သားရဲများ အနည်းငယ်ရှိသည်ဆိုလျှင်တောင်မှ ဘာထူးမည်နည်း ။ သားရဲတို့ ပျော်စံရာမြေတွင် အဆင့်မြင့်သားရဲများ သန်းနဲ့ချီ၍ ရှိသည်။ ဗဟိုဒေသက မျိုးနွယ်စုကြီးများသည်ပင်လျှင် သားရဲတို့ ပျော်စံရာမြေကိုသွားဖို့ရာ စဉ်းစားကြရ လေသည် ။
သူတို့က မီးတောက်ဦးချိုမျိုးနွယ်စုကသူများနှင့်အတူတူ သူတို့ဘဝကိုအဆုံးခံရမည့်အစား သူတို့ကပိုကောင်းတဲ့ဘဝကို နေလိုကြလေသည် ။
ပြီးခဲ့သောနှစ်ရက်က အချို့လူများထွက်သွားခဲ့ကြ ပေမယ့် မများပါပေ။ သို့ပေမယ့်ယခုည သူတို့က မကြာမီတွင် သားရဲတို့ ပျော်စံရာမြေကိုရောက်တော့မည်ကို သတိပြုမိသွားကြသည် ။ ဒါကသူတို့ထွက်ခွာဖို့ နောက်ဆုံး အခွင့်အရေးဖြစ်နိုင်လေသည် ။ အကယ်၍ မနက်ဖြန် မီးတောက်ဦးချိုမျိုးနွယ်စုကသူများ လူအတော်များများထွက်သွားကြသည်ကို သိကြလျှင် စိတ်ဆိုးကြမည်လားမသိပါပေ ။
“ ဟယ်အာ ၊ မင်း ဘယ်လိုထင်လဲ ၊ ငါတို့ထွက်သွားသင့်လား? ဒီညက ငါတို့အတွက် နောက်ဆုံး အခွင့်အရေးဖြစ်နိုင်တယ် ၊ငါတို့ ဒီတစ်ကြိမ်မထွက်သွားရင် ငါတို့သားရဲတို့ပျော်စံရာမြေကိုဝင်ရင်ငါတို့ပြန်ထွက်လို့မရတော့ဘူး “
လူတစ်ယောက်က ဟယ်အာကို မေးလေသည် ။
မီး တောက်ဦးချိုမျိုးနွယ်စုမှသူများမှာ လမ်းတစ်လျှောက်တွင် သူတို့သားရဲအချို့ကို အမဲလိုက်ခဲ့
ကြောင်း ပြောပြလေသည်။ လမ်းတလျှောက်က တောင်ပေါ်မှ အချို့သောသားရဲကြီးများသည်ပင်လျှင် မီးတောက်ဦးချိုမျိုးနွယ်စုမှ အဆင့်မြင့်သားရဲများ၏ခြောက်လှန့်ခြင်းကိုခံရကာ အဝေးသို့ထွက်ပြေးသွားကြလေသည်။
ကျန်ရှိသော သားရဲများမှာ မီးတောက်ဦးချိုမျိုးနွယ်စု၏ အစာများဖြစ်လာကြသည် ။ ထိုသားရဲများက အဝေးသို့ထွက်ပြေးကြပြီး အနည်းဆုံးတော့ အချိန်တိုအတောအတွင်း သူတို့က ပြန်မလာကြပေ ။
သူတို့ မီးတောက်ဦးချိုမျိုးနွယ်စု လမ်းကြောင်းကိုပြန်လာသရွေ့ သူတို့အတွက် ထိုအန္တရာယ်သားရဲများနှင့် ရင်ဆိုင်ရနိုင်ချေ နည်းလေသည် ။
ယခုသွားပြီး လာရာလမ်းအတိုင်းပြန်လိုက်မည်ဆိုလျှင် သူတို့လုံခြုံနိုင်လေသည် ။
ပြီးခဲ့သောနှစ်ရက်တွင် သူတို့ထဲက အချို့သူများက တောင်ပေါ်မှာရှိတဲ့သားရဲများကို ခြောက်လှန့်စေရန်အတွက် အဆင့်မြင့်သားရဲများ၏မစင်များကို သူတို့ ဘေးကင်းစေရန်အတွက် အသုံးပြုနိုင်ရန် ထိုအဆင့်မြင့်သားရဲများ၏ မစင်အချို့ကို အထူးစုဆောင်းခဲ့ကြလေသည် ။
ဟယ်အာကပြန်မဖြေပေ ။ သူ့ဘေးကလူက သူ့ကိုပုတ်ကာ မေးလိုက်လေသည် ။
“ သွားမလား “
ဟယ်အာက အံကြိတ်လိုက်ပြီး ပြန်လှဲလိုက်ကာ တိုးတိုးပြောလေသည် ။
“ ငါတော့မသွားဘူး ၊ ငါ ပြန်မသွားနိုင်ဘူး ။ ငါ ယန်ကျစ်နဲ့တခြားသူတွေကို ယုံတယ် “
သူ့ပတ်ပတ်လည်လူများက တိတ်ဆိတ်နေကြပြီးနောက် တစ်ယောက်ပြီးတယောက် ပြန်ပြီးလှဲချလိုက်ကြသည်။ ကောင်းပြီ ၊ သူတို့အပေါ် လောင်းကြေးထပ်ထားလိုက်ကြရုံပင် ။
သူတို့က သူတို့စိတ်ကိုပြင်ဆင်လိုက်ပြီး တစ်ဖန်ပြန်လှဲချလိုက်လေသည် ။ သို့ပေမယ့် သူတို့ ပြန်အိပ်မပျော်ပါ ပေ ။ ထွက်ခွာသွားကြသည့်လူများ၏အသံများကိုနားထောင်ကြရင်း သူတို့အားလုံးမျက်လုံးများပွင့်နေကြကာ အတွေးထဲမြောနေကြသည် ။
အမှောင်ထဲတွင် မီးရောင်ဟာ မတောက်ပတော့ပါပေ ။ ညအစောင့် များစွာဟာလည်း သစ်ပင်များကို မှီ၍နေကြလေသည် ။ သူကထွက်ပြေးသွားသည့်သူများကို အထင်သေးစွာကြည့်နေလိုက်ပြီး သူတို့ကို တားတော့ မတားလိုက်ပါပေ။
နောက်တစ်နေ့မှာတော့ သူတို့ကခရီးကိုဆက်သွားကြ
သည်။ လေလွင့်သူများ၏ သုံးပုံတစ်ပုံနီးပါးပင်ထွက်ခွာသွားကြလေသည်။ မည်သူမဆိုတချက်တည်း ကြည့်ရုံတင် သတိထားမိမှာဖြစ်လေသည် ။ သို့ပင်မယ့် မီးတောက်ဦးချိုမျိုးနွယ်စုကလူများက မသိသည့်အလား ထိုအကြောင်းကို ထည့်၍ပင်မပြောကြပါပေ။ ထူးဆန်းစွာပင် မည်သူကမှ လေလွင့်သူများကို အဆင့်မြင့်သားရဲများနှင့်ပတ်သက်သော ဇာတ်လမ်းများကို ထပ်ပြောမပြတော့ပါပေ။
အချို့ကဉာဏ်ကောင်းပြီး မီးတောက်ဦးချိုမျိုးနွယ်စုက သူတို့ကို စမ်းသပ်ကြခြင်းမှန်း သဘောပေါက်သွားလေသည် ။ ယန်ကျစ်နဲ့ အခြားသူများက ဟယ်အာနဲ့သူငယ်ချင်းများကိုမြင်ရသောအခါ သူတို့၏တင်းမာနေသော မျက်နှာများ ပြေလျော့သွားသည် ။
နတ်ဆေးဆရာက လေလွင့်သူများကို ထိုသို့စမ်းသပ်ဖို့ကြံစည်ထားခဲ့သည် ။ မည်သူကမှ အမှန်အတိုင်းမပြောရဲပေ ။ ယန်ကျစ်ကအနားမယူကြသော လေလွင့်သူများကိုမြင်သည့်အခါ သူ ဘာမှမတတ်နိုင်ပေမယ့်စိုးရိမ်မိလေသည်
ရှောက်ရွှမ်က နတ်ဆေးဆရာ၏လှည်းပေါ်မှာ လိုက်ပါလာပြီး အပြည့်ရေးထားသော သားရေစာလိပ်ကျမ်းများကိုကိုင်ထားလေသည်။
“ ခုနစ်ဆယ်ထက်မနည်း ထွက်ခွာသွားကြတယ် ၊ သူတို့အထဲက ခြောက်ယောက်က မီးတောက်ဦးချိုမျိုးနွယ်စုကပါ “
ရှောက်ရွှမ်ကပြောပြီး သူ့လက်ထဲကစာလိပ်ကို နတ်ဆေးဆရာအားကမ်းပေးလိုက်သည်။
သူတို့က အခြားမျိုးနွယ်စုက လေလွင့်သူများထွက်သွားကြခြင်းကိုဂရုမစိုက်ကြပေမယ့် စစ်သည်တော်များ ကောင်းကောင်းဆက်ဆံသည့် မီးတောက်ဦးချိုမျိုးနွယ်စုက လေလွင့်သူအချို့ ထွက်သွားကြသည့်အတွက်ကြောင့် သူတို့က စိတ်ပျက်သွားကြလေသည် ။ စစ်သည်တော်များသည် သူတို့ကိုအပြည့်အ
ဝမယုံကြည် ကြသော်လည်း သူတို့က အများကြီးအကူအညီပေးလေသည် ။ အချို့သောစစ်သည်တော်များဆိုလျှင် သူတို့နှစ်ရက်ထက်ပိုပြီးသိမ်းဆည်းခဲ့ကြသည့် အစားအစာများကိုပင် သူတို့ကိုပင်ပေးကြသေးသည် ။
သို့ပေမဲ့ သူတို့၏မျိုးနွယ်စုက အချို့သောသူများထွက်သွားကြဆဲဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အရေအတွက်မှာသိပ်မများပေ။
နတ် ဆေးဆရာက သားရေစာလိပ်ကိုယူလိုက်ပေမယ့် ဖတ်တော့မကြည့်ပါပေ။ ထိုအစား သူကသူ့မျက်လုံးကိုမှိတ်လိုက်ပြီး သူ့မျက်နှာမှာတော့ ဒေါသများ၊စိတ်ပျက်မှုများကိုမပြသပါပေ ။ သို့ပေမယ့် နတ်ဆေးဆရာနှင့် ရင်းနှီးသောသူများကတော့ နတ်ဆေးဆရာမျက်နှာအမူအရာမပြတော့လျှင် ကြောက်ဖို့အကောင်းဆုံးဖြစ်သည်ကိုသိကြလေသည်။ အဖွဲ့ခေါင်းဆောင်နှစ်ယောက်သည်ပင် တဖြည်းဖြည်း ပူပန်၍လာသည် ။
ရှောက်ရွှမ်က နတ်ဆေးဆရာ၏တိတ်ဆိတ်မှုကို မနှောင့်ယှက်ပဲ သူဆုံးဖြတ်ချက်ချမည်ကို စိတ်ရှည်ရှည်နဲ့စောင့်နေလေသည် ။ ခဏကြာပြီးသော နတ်ဆေးဆရာက သူ့မျက်လုံးကိုဖွင့်ကာ ပြောလိုက်လေသည် ။
“ သူတို့ကို သွားခွင့်ပေးလိုက်ပါ။ ဒါပေမဲ့ ဘယ်တော့မှနောက်တခါပြန်မလာစေနဲ့ “
သူက အေးအေးချမ်းချမ်းသာပြောလိုက်သော်လည်း သူ့ဒေါသနဲ့မကျေနပ်မှုများ ပေါ်လွင်နေဆဲဖြစ်သည်။
ရှောက်ရွှမ်က နတ်ဆေးဆရာ ထိုသို့ပြောဖို့မျှော်လင့်ထားပြီး ခေါင်းကိုညိတ်ကာ ပြောလိုက်သည်။
“ ကျွန်တော်နားလည်ပါပြီ “
ထွက်သွားသူများနှင့် နေကျန်ခဲ့သူများ၏အမည်
စာရင်းမှာ မှတ်တမ်းတင်ထားပြီးဖြစ်သည် ။
အခွင့်အရေးတစ်ခုသာရှိလေသည် ။ မီးတောက်ဦးချိုမျိုးနွယ်စုက နတ်ဆေးဆရာက သူတို့ကို တစ်ကြိမ်သာယုံကြည်မှု ပေးနိုင်လေသည် ။
နောက်ပိုင်းတွင် ပူးပေါင်းလာသူများက အခြားသောမျိုးနွယ်စုများ ကဲ့သို့ အကြီးအကဲကသာ မီးတောက်ဦးချိုမျိုးနွယ်စု၏ဆုံးဖြတ်ချက်ချနိုင်သူဟူ၍ ထင်ထားကြသည်။ သို့ပေမဲ့မီးတောက်ဦးချိုမျိုးနွယ်စုတွင် ကြီးပြင်းလာသူများကတော့ နတ်ဆေးဆရာကသာလျှင် မျိုးနွယ်စု၏ဆုံးဖြတ်ပိုင်ခွင့်ရှိသည် ကို သိကြလေသည် ။
နတ်ဆေးဆရာကသာ ထိုကဲ့သို့ဆုံးဖြတ်ချက်မျိုးချလိုက်လျှင် အကြီးအကဲအော့ နဲ့ အခြားမည်သူကမှ ၎င်းကိုမပယ်ရှားနိုင်မှာပေ ။ လှည်းပေါ်မှာဆင်းပြီး ရှောက်ရွှမ်က ကောင်းကင်ကိုမော့ကြည့်လိုက်သည်။
“ ရာသီဥတုသိပ်မကောင်းဘူးပဲ “
နတ် ဆေးဆရာဆီမှထွက်ခွာလာပြီးသည့်နောက် ရှောက်ရွှမ်ကအခြားလှည်းတစ်ခုပေါ် တက်လိုက်လေသည် ။ ထိုလှည်းပေါ်တွင် မသန်စွမ်းသည့်သူများနှင့် စွမ်းအင်မနိုးထားသေးသော အမျိုးသမီးများ နေကြရလေသည် ။ ထိုလူများသည် အများကြီးမလှုပ်ရှားနိုင်ကြသော်လည်း ဒီကိုယူလာကြသော သားရေဖိနပ်များ ၊ အမဲလိုက်ပြီးသည့်နောက် စစ်သည်တော်များထားခဲ့ကြသည့် သားရေများကို ချုပ်လုပ်ကြရင်း အလုပ်များနေကြသည်။
သားရေများကိုချလိုက်ပြီး လီနင်ကြိုးခွေများကို ပေးလိုက်ကာ ရှောက်ရွှမ်က သူတို့ကိုပြောလိုက်သည်။
“ ဖိနပ်အရှည်ကြီးတွေလည်း လုပ်လိုက်ကြပါ။
ကလေးတွေစီးဖို့လိုတယ် “
သူတို့ကအကြောင်းအရင်းကို နားမလည်သော်လည်း ဘာမှပြန်မမေးပါပေ ။ သူတို့က ရှောက်ရွှမ် ညွှန်ကြားသည့်အတိုင်းသာလုပ်ဆောင်ကြလေသည် ။