← Chapters

ရောက်ရှိခြင်း

Vol. 17 Ch. 243

ရောက်ရှိခြင်း

Vol. 17 Ch. 243

မြေပြန့်ကျယ်ကြီးကို ကျော်ဖြတ်ပြီးသည့်နောက် အဖွဲ့သားများဟာ အဝေးဆီမှ အဆုံးမဲ့သော အစိမ်းရောင်တောင်တန်းကြီးများကိုမြင်ရလေသည် ။ တောင်တန်းကြီးမှာ ကောင်းကင်နှင့်မြေပြင်အကြားက အစိမ်းရောင်အနားသတ်မျဥ်းသဖွယ် ဖြစ်နေသည်။ အဝေးမှာ တောင်တန်းများလည်း ရှိနေသေးသည် ။

စစ်သည်တော်များသည် ထိုနေရာကို မရောက်ကြသေးသော်လည်း မျက်လုံးများ အရောင်လက်သွားသည် ။ သူတို့က ထိုနေရာနှင့် ရင်းနှီးသည်ဟု ခံစားရပြီး ထိုခံစားချက်ကပင် သူတို့ကိုတဖြည်းဖြည်း စိတ်လှုပ်ရှားလာစေသည် ။ တောင်တန်းများမှာအန္တရာယ်များကြသည့် မြစ်အခြားတစ်ဖက်ကမ်းကိုပြန်ရောက်သွားသကဲ့သို့ သူတို့က ခံစားလိုက်ရလေသည်။ သူတို့က သူတို့၏ကြောက်စရာကောင်းသည့် အတွေ့အကြုံများကို ပြန်လည်သတိရမိသွားပြီး သို့ပေမယ့် သူတို့အကြာကြီး မကြောက်ရွံ့ကြတော့ပါပေ ။ ယခုဆို

လျှင် သူတို့က ထိုအပေါ်ကိုခုန်တတ်ကြရလောက်အောင်ပင် သူတို့ အလွန် စိတ်ဝင်လှုပ်ရှားနေ ကြသည်။

သူတို့စိတ်လှုပ်ရှားကျရင်း တစ်စိတ်တစ်ပိုင်းမှာ မီးမျိုးစေ့ကြောင့်လည်း ဖြစ်သည်။ ဘိုးဘွားပိုင်မြေနှင့်ပိုပိုပြီး နီးလာလေ စစ်သည်တော်များ၏ကိုယ်လုံးထဲမှ နတ်စွမ်းအင်များသည် တစ်လိပ်လိပ်တက်လာပြီး ဖောက်ထွက်တော့မည့်အလား ခံစားရလေသည် ။

“ ဒါသားရဲတို့ ပျော်စံရာမြေလား “

လူများကအဝေးက အစိမ်းရောင်တောအုပ်ကြီးကို ကြည့်ကာ ရှုပ်ထွေးသော ခံစားချက်များနှင့် ပြောလိုက်ကြသည်။ မီးတောက်ဦးချိုများ မျိုးနွယ်စုကသူများသည် အလွန်စိတ်လှုပ်ရှားနေကြပေမယ့် လေလွင့်သူများကတော့ ကြောက်လန့်ကာ တွေဝေနေကြသည်။

တောက်..

တောက်..တောက်..တောက်

မိုးစရွာလေသည် ။ ထို့နောက်မှာ သည်းသည်းထန်ထန် ရွာလေသည်။ မိုးပေါက်ကြီးများသည် ကျဆင်းလာပြီး မြေပြင်ပေါ်ရိုက်ခတ်သွားကြသည် ။ မိုးကြောင့် ခြောက်သွေ့သော မြေပြင်မှာဖုန်မှုန့်များထလာသည် ။ လေထုသည် မြေသင်းရနံ့များနှင့်ပြည့်နှက်၍သွားသည် ။ ကောင်းကင်သည် တဖြည်းဖြည်းမှောင်လာပြီး တိမ်မဲများမှာလည်း အောက်ကိုကျဆင်းလာလေသည်မှာ ဧရာမလက်ကြီးတစ်ခုနှင့်ပင်ဆင်တူနေသည်။ အဝေးမှအစိမ်းရောင်တောအုပ်သည် လေလွင့်သူများ၏ မျက်လုံးထဲတွင် သားရဲများ၏အစွယ်များနှင့်တူပြီး သူတို့ကိုသတ်ဖို့စောင့်နေသလို ခံစားရလေသည် ။

သူတို့ခေါင်းကို မော့လိုက်ပြီး တိမ်မဲထူထူများကို မြင်

သည့်အခါ သူတို့အသက်ရှူ၍ မရလောက်အောင်ပင် တင်း ကြပ်သွားသည် ။

အရှေ့မှာ နာမည်ကျော်ကြားသည့် သားရဲတို့ပျော်စံရာမြေဖြစ်သည်။ ကျဆင်းလာသော မိုးရေစက်များသည် လေလွင့်သူအချို့၏နှလုံးသားထဲသို့ လောင်းချနေသကဲ့သို့ ခံစားရလေသည် ။သူတို့က ထိုနေရာမှာရပ်နေပြီး သူတို့ကနောက်မဆုတ်လိုသလို ပြန်လည်းမသွားလိုကြပေ။

မျိုးနွယ်စုကတော့ ဒါကိုမသိဘဲ သူတို့ကရုတ်တရက် တဖြည်းဖြည်းတည်ငြိမ်လာကြသည် ။ သူတို့က စကားလည်းမပြောသလို ရယ်လည်းမရယ်ကြတော့ပေ။

သူတို့၏တည်ငြိမ်လေးနက်မှုမှာ လေလွင့်သူများ၏ ခံစားချက်များကိုပါ သက်ရောက်သွားပြီး နောက်ထပ် စိုးရိမ်ပူပန်မနေကြတော့ဘဲတဖြည်းဖြည်း စိတ်တည်ငြိမ်လာကြသည် ။

ထိုအခိုက်အတန့်တွင် နေမကောင်းသူများ၊ မသန်စွမ်းသူများအသက်ကြီးသူများအပါအဝင် အားလုံးတို့သည် အခြားသူ၏အကူအညီကိုယူကာ လှည်းပေါ်မှဆင်းကာ လမ်းလျှောက်နိုင်သွားကြသည် ။

ကွေ့ဇယ်ကမ်းပေးလာတဲ့ လက်ကို နတ်ဆေးဆရာက အသာယမ်းပြလိုက်ပြီး လှည်းပေါ်မှ ခုန်ဆင်းလိုက်သည် ။ ယခုနှစ်မိုးရာသီက ပြုလုပ်ထားခဲ့သော သားရေဖိနပ်ကို သူက ဝတ်ဆင်၍ထားလေသည် ။ မီးခိုးနှင့်အဖြူရောင်ဖိနပ်မှာ သူဆင်းလိုက်သည့်မြေကြောင့်

ရွှံ့များ ပေကျံ၍သွားသည် ။

နတ်ဆေးဆရာက သစ်တောကိုကြည့်ကာ စိတ်ခံစားချက်များရောထွေးသွားလေသည် ။ နှစ်တထောင်နီးပါးမျှ ကြာသည်အထိ ဒီနေရာကို မျိုးနွယ်စုများ

ရောက်မလာခဲ့ပါပေ ။

သူတို့ နောက်ဆုံး ဘိုး ဘေးများ၏ နေရာကို ပြန်လာခဲ့လေသည် ။

“ သွားကြစို့ “

နတ်ဆေးဆရာကပြောသည် ။

သားရဲတို့ပျော်စံရာမြေမှာ အလွန်ကြီးလေသည် ။ မီးတောက်ဦးချိုများမျိုးနွယ်စု၏ လမ်းကြောင်းတွင် ဝမ်ရှစ်မျိုးနွယ်စုနေရာ မပါဝင်သည့်အတွက် သူတို့မှာ ဒီနေရာနဲ့အနည်းငယ်ဝေးကွာလေသည် ။ ထို့ကြောင့် သူတို့က ဝမ်ရှစ်မျိုးနွယ်စုကမည်သူ့ကိုမှ မတွေ့ပါပေ ။

ရှောက်ရွှမ်၏ လမ်းညွှန်မှုသာ မပါကြလျှင်ပင် မီးတောက်ဦးချိုမျိုးနွယ်စုမှ လူတိုင်းသည် အလိုလိုသိစိတ်ဖြင့် လမ်းမှန်ကို ရှာနိုင်ပေလိမ့်မည် ။

သစ်တောထဲသို့ လမ်းလျှောက်သွားပြီး သူတို့က မိုးစက်များ သစ်ရွက်များပေါ် ကျသည့်အသံများကို ကြားရကာ ထိုအသံကပတ်ပတ်လည်က သားရဲများပြုလုပ်ကြသည့် အသံများထက်ပင် ပို၍ကျယ်လောင်နေလေသည် ။ မိုး၏ကျေးဇူးကြောင့် ပတ်ဝန်းကျင်မှအနံ့များကလည်း တဖြည်းဖြည်း ပျောက်ကွယ်လာသည် ။

မိုးကမစဲပါပေ ။ မိုးရေထဲတွင် သူတို့က ဘာကိုမှ ရှင်းရှင်းလင်းလင်းမမြင်ရပေ။ လူအတော်များများက အဝေးကတောအုပ်ထဲက အခြေအနေကို ကောင်းကောင်းမမြင်နိုင်ကြပေမယ့်အရေးတော့ မကြီးပါပေ ။ သူတို့က သူတို့အရှေ့က လူ၏နောက်ကိုသာလိုက်ကြရုံပင်ဖြစ်သည် ။

လှည်းထဲမှာ မီးမျိုးစေ့ကိုထား ထားပြီး နတ်ဆေးဆရာက သူလုပ်ထားသည့် အကာအကွယ်များကို ဖယ်ရှားလိုက်သည်။

မီးမျိုးစေ့မှာတောထဲတွင် ရုတ်တရက် ခွန်အားကြီးလာလေသည် ။

တောက်..တောက်..တောက်..တောက်..

မြေပျော့ပျော့ကို သစ်ရွက်များ ၊ ကျောက်တုံးများ ၊ မြေဆွေးများ ဖြင့် ဖုံးအုပ်ထားပြီး မ ရေမတွက်နိုင်သော သေနေသည့်အင်းစက်အများအပြားလည်း ရှိလေသည် ။ သားရေအိတ်များနှင့် သူတို့၏လက်နက်များကို စစ်သည်တော်များက သယ်ဆောင်ပြီး တောထူထူ တောအုပ်ထဲကို ဖြတ်သန်းသွားနေကြသည်။ သူတို့၏ ခြေလှမ်းတစ်လမ်းစီတိုင်းက မြေကြီးပေါ်တွင် ခြေရာကြီးများထင်ကျန်ခဲ့လေသည် ။

မိုးရေစက်များဟာ ထိပ်ဖျားပိုင်းက သစ်ရွက်များဆီမှ မြေပေါ်သို့ကျလာပြီး ထိုခြေရာများကို ရေများဖြင့် ပြည့်သွားစေသည် ။

မျိုးနွယ်စုကလူများသည် မသန်စွမ်းသူများ ၊ ဒဏ်ရာရနေသူများနှင့် ဆက်လိုက်မလာနိုင်သေးသူများကလွဲလျှင် ရှေ့ကိုဆက်လျှောက်လာကြပြီး မိဘများကခေါ်လာသည့် အချို့ကလေးများပင် ခြေလှမ်းတစ်လှမ်း လှမ်းတိုင်းမှာ မြေကြီးများ၊ရွှံ့ညွှန်များက သူတို့၏ဒူးခေါင်းအထိပင် ပေသွားလေသည် ။

သူတို့ခြေထောက်ကို လာကိုက်ကြသည့် စုပ်ခွက်များနှင့် တီကောင်များကိုတော့ သူတို့ကဓားဖြင့် ဖြတ်ပစ်ကြပြီး အရှေ့သို့ ဆက်၍သွားကြသည် ။

မီးမျိုးစေ့မှ ရှင်းလင်းပေးထားသော သားရဲများအပြင် တောထဲမှာ သားရဲများနှင့်အဆင့်မြင့်သားရဲအများအပြား ရှိနေသေးသည် ။ ထိုတောအုပ်ထူထူကြီးထဲမှာ ရုတ်တရက် စွန့်စားကာတိုက်ခိုက်လာကြသည့် သားရဲများကိုတော့ သူတို့လုံးဝမရှောင်ရှားနိုင်ကြပါပေ ။

သစ်ပင်များ ၊ တောင်ကမ်းပါးများ ၊ ဂူများ ၊နွံတောများစွာ၏နောက်တွင် ချောင်းမြောင်းနေသူများ ရှိလေသည် ။ သူတို့အားလုံး သွေးဆာနေကြပြီး သူတို့မျက်လုံးများမှာ အရောင်များလက်နေကြသည် ။ သူတို့က တောထဲကို ရုတ်တရက် ဝင်လာကြသည့်ဖြစ်စဉ်ကို စိုက်၍ကြည့်နေကြသည် ။ အရင်တုန်းကဆိုလျှင်တောထဲကို အခြားသူများက ဖြတ်လျှောက်သွားကြလျှင် သူတို့က ၎င်းတို့ကို သတ်ပစ်ပြီးစားပစ်မည်မှာ အသေအချာပင်ဖြစ်သည်။ သို့ပေမဲ့ ဤအုပ်စုကတော့ အလွန်ထူးခြားလေသည် ။

ဤအုပ်စုတွင် သူတို့ကို ကြောက်ရွံ့စေသော မီးမျိုးစေ့ပါလာလေသည် ။ သူတို့ကဲ့သို့ စွမ်းအားကြီးသောသားရဲများ နှင့် မျိုးနွယ်စုစစ်သည်တော်အဖွဲ့လိုက် စသည်တို့သည် လျှော့တွက်၍မရပါပေ ။

ဉာဏ်ကောင်းသော အဆင့်မြင့်သားရဲများမှာ ပုန်းအောင်းနေကြပြီး သူတို့ကို ဆက်လက်၍ စောင့်ကြည့်နေသည် ။ သူတို့သာ ထိုအဖွဲ့ကိုတိုက်ခိုက်ကြလျှင် သူတို့အသတ်ခံရနိုင်သည် ။

အချို့သော သားရဲ၏အမြီးများသည် ကျည်ဆံကဲ့သို့ မိုးစက်များအ ကြားမှာ ထွက်ပေါ်၍ လာတတ်သည် ။ သို့ပေမဲ့ ဤဖြစ်စဉ်ကိုစောင့်ကြပ်နေကြသော စစ်သည်တော်များ၏ တားဆီးပိတ်ဆို့ခြင်းကို ခံကြရလေသည် ။ အဆင့်မြင့်အဖွဲ့ဝင်များက သူတို့ကို တိုက်ခိုက်ရဲကြသည့်သားရဲများကို ပြန်လည်တိုက်ခိုက်ကြလေသည် ။

သစ်တောထဲက တိုက်ပွဲတွင် အဆင့်မြင့်သားရဲများက အော်ဟစ်နေကြပြီး စစ်သည်တော်များကတော့ အသံတိတ်ရွေ့လျားနေကြသည်။ အသံတိတ်သာ ပိုင်းဖြတ်ကာ သတ်ဖြတ်ကြလေသည် ။ သူတို့သည် ထင်မှတ်မထားလောက်အောင် ပြင်းထန်ရက်စက်ကြလေသည် ။ ပန်းထွက်လာသော သွေးစက်များမှာ မိုးများနှင့်ရောသွားပြီး မြေပေါ်သို့ ကျလာလေသည် ။ လမ်းကြောင်းမှာ သွေးများဖြင့်ရဲသွားပြီး ခြေရာများတွင်လည်း သွေးများဖြင့် ပြည့်နေလေသည် ။

ဤဖြစ်စဉ်မှာ မည်သူကမှ အသံတချက်မပြုကြ

သလို လမ်းလျှောက်ခြင်းကိုလည်း ရပ်မသွားကြပါပေ။ အဆင့်မြင့်သားရဲတကောင်က ပြေးဝင်လာလျှင် လူအချို့က ခုခံကာကွယ်ကြလေသည် ။ သူတို့က သူတို့လုပ်စရာရှိတာကိုလုပ်ပြီး သူတို့လမ်းကို ထိုလမ်းကြောင်းအတိုင်း ဆက်သွားကြသည်။

သူတို့နောက်ကို လိုက်လာသော လေလွင့်သူများက သူတို့အဖွဲ့နဲ့ အမှီလိုက်ဖို့ ကြိုးစားကြရသည်။ အကယ်၍ သူတို့ခြေထောက်များကအားနည်းသည့်အတွက်ကြောင့် မြေပြင်ပေါ်မှာလဲကျခဲ့မည် ဖြစ်သည် ။ အဖွဲ့၏ တည်ငြိမ်လေးနက်မှုကြောင့် သူတို့က အဆင့်မြင့်သားရဲကြီးများ ပြေးလာကြသည်ကို မြင်ကြသည့်အခါတိုင်းတွင် အော်ဟစ်ခြင်းမရှိကြပါ ပေ ။ သို့သော်လည်း သူတို့က အော်ဟစ်လိုက်ဖို့ပါးစပ်ကိုဟလိုက်ပြီဆိုရင်လည်း သူတို့လည်ပင်းများ ညှစ်ခံထားရသည့်အလား ဘာသံမှထွက်မလာပါပေ ။

ထိုအသံတိတ်အဖွဲ့မှာ ထိုလမ်းကြောင်းအတိုင်း တိတ်တဆိတ်ဆက်လျှောက်သွားကြလေသည်မှာ

ဘုရားဖူးအုပ်စုအလိုက်သွားနေကြသည်နှင့်ပင် တူနေလေသည် ။

ရှောက်ရွှမ်က ဓားကိုပြန်သိမ်းလိုက်ပြီး သူ ခုတ်ဖြတ်ထားလိုက်သည့် အဆင့်မြင့်သားရဲများကို ဂရုမစိုက်ပါပေ ။ အခြားစစ်သည်တော်များကလည်း မကောက်ယူကြပါပေ ။ ထိုသားရဲများမှာ သူတို့ဘိုးဘွားပိုင်မြေကို အပြန်ခရီးအတွက် ယစ်ပူဇော်သည့်အနေဖြင့်သာယူဆလိုက်ကြသည် ။

မိုးမှာ အချိန်အတော်ကြာကြာ သည်းခဲ့လေသည် ။

ရှောက်ရွှမ်နှင့်အခြားစစ်သည်တော်များက ဆယ်ကောင်ထက်မနည်းသော အဆင့်မြင့်သားရဲကြီးကို သတ်ခဲ့ရလေသည် ။

ကံကောင်းထောက်မစွာနဲ့ သူတို့က သားရဲတ်ို့ပျော်စံရာမြေကို တောနက်သည်အထိ မရောက်သေးပေ ။ ထိုနေရာမှာ အဆင့်မြင့်သားရဲများ အနည်းငယ်သာ ရှိ

ပြီး သူတို့ကအလွန်အားမကြီးလှပါပေ ။

ရှောက်ရွှမ်က လှည်းပေါ်ကို သားရေအပေါ်ရုံကို ပစ်တင်လိုက်ပြီး သူ့ကိုယ်အပေါ်ပိုင်းကို လှစ်ဟလိုက်ကာ မိုးရေချိုးလိုက်လေသည် ။

အခြားသူများကလည်း ရှောက်ရွှမ်ကဲ့သို့လုပ်ကြလေပြီး အားလုံးမှာ တူညီသော နတ်အမှတ်အသားများ ရှိနေသည် ။

ဘယ်အချိန်ကမှန်းမသိပေမဲ့ စွမ်းအင်နိုးထပြီးသားသူများက သူတို့ကိုယ်ပေါ်မှာ နတ်အမှတ်အသားများပေါ်လာကြပြီး စွမ်းအင်မနိုးထသေးသူများနှင့် မျိုးနွယ်စုလေလွင့်သူများတွင် ခပ်ပါးပါး နတ်အမှတ်အသားများပေါ်လာလေသည် ။

တစ်ချိန်တည်းမှာပဲ မီးတောက်ဦးချိုမျိုးနွယ်စု၏ ဘိုးဘွားပိုင်မြေတွင်...

ဝမ်ရှစ်မျိုးနွယ်စု၏အဖွဲ့မှာ အနားယူနေကြလေသည် ။ မကြာခဏဆိုသလို ဒီမျိုးနွယ်စု၏ အဖွဲ့က ဒီကိုရောက်လာကြသည် ။ ဒါက နတ်ဆေးဆရာ၏ အမိန့်ဖြစ်ပြီး အကြီးအကဲကတော့ ဒါကို သဘောမတူပါပေ ။ သို့ပေမဲ့ သူက လက်ခံအောင်အပြောခံရပြီး နောက်ဆုံးသဘောတူလာကြသည် ၊ သို့ပေမယ့် သူက လူကိုယ်တိုင်တော့ ဒီနေရာကိုဦးဆောင်မခေါ်လာတော့ပေ ။

ဝမ်ရှစ်မျိုးနွယ်စုကလူများမှာ ဒီနေရာက ရွာပျက်ကြီးကို အကြိမ်ပေါင်းများစွာ ရောက်ဖူးကြပေမဲ့ မကြောက်ရွံ့ပါပေ ။ အမိုးအကာတခုရှာဖို့ မအောင်မြင်ခဲ့သည့်အတွက် သူတို့က ဒီနေရာမှာ နေကြပြီး မိုးမတိတ်သေးသရွေ့ မပြန်ကြသေးပေ ။

သူတို့က ဒီရွာပျက်ကြီးကကျောက်တုံးများပေါ် ထိုင်ကြပြီး အချို့ကတော့ အပိုင်းပိုင်းဖြတ်ခံထားရသည့် ပြိုကွဲနေသော ကျောက်လုံးတိုင်များပေါ်ပင် ထိုင်ကြလေသည် ။ သူတို့က စကားပြောရင်း ရာ်နေကြသည်

။ သူတို့ ပျင်းရိလာသောအခါ ထိုအမှတ်အသားများကိုရိုက်ပုတ်ကာ ကျောက်တိုင်လုံးများကို ထွင်းထုနေကြသည် ။

“ ဟေ့..မိုးက အရမ်းမသည်းတော့ဘူးပဲ “

တယောက်ယောက်က ပြောလေသည် ။

“ မိုးတိတ်တော့မှာလား “

ကောင်းကင်ပေါ်မှာ တိမ်သားထူထူများမှာ အလျင်အမြန်လျော့ပါးသွားကြသည် ။ နေရောင်မှာ တိမ်များကြားမှဖောက်ထွင်းလာကြပြီး တလက်လက် တောက်ပလာသည် ။

မိုးမတိတ်သေးသော်လည်း မိုးကတိတ်တော့မည့်ပုံပေါက်လေသည်။

သူတို့က ပြုံးနေပေမဲ့ ရုတ်တရက်ဆိုသလို သူတို့က မီးလောင်နေသော သစ်သားများကျိုးပဲ့နေကြသည့်အသံမျိုးကဲ့သို့ ကျိုးပဲ့အက်သံများကို ကြားရလေသည် ။

ဒီတကြိမ် မည်သူ မီးစမွှေးသနည်း ။

ဝမ်ရှစ်မျိုးနွယ်စုက လူတယောက်က ကြောက်ရွံသွားပြီး တနေရာသို့လက်ညိုးထိုးနေလေသည် ။

“ မီး...မီး... “

အခြားသူများကလည်း ထိုနေရာကို ကြည့်လိုက်ကြသည် ။ သူတို့အရင်က တူးထုတ်ခဲ့ကြသော မီးတွင်း၏နေရာတွင် တဖျက်ဖျက်တောက်ပနေသော အစက်လေးတခု အလယ်မှာပေါ်လာလေသည် ။ မီးလမ်းကြောင်း ခြောက်ခုမှာ ထိုအစက်ပြောက်လေး၏ အလယ်တွင် ဆန့်ထွက်လာကြသည် ။

သူတို့က ရုန့်ရင်းဆန်ခတ်ဖြစ်လာကြသည် ။

မြေပေါ်က မီးလမ်းကြောင်းလေးမှာ သူတို့ခြေထောက်အထိ ဆန့်ထွက်လာကြပြီး ဝမ်ရှစ်မျိုးနွယ်စုက စစ်သည်တော်က နောက်ကိုလှည့်ပြီး အဝေးကို အော်ဟစ်ပြေးကြလေသည် ။

“ အမြန် မျိုးနွယ်စုကို ပြန်ကြ “

မိုးစဲ၍ မသွားခင်မှာ သူတို့ကရုန့်ရင်းဆန်ခတ် ပြေးကြလေသည် ။

သူတို့က ရုတ်တရက် ဒီကိုပထမဆုံးလာကြသည့် အမဲလိုက်အဖွဲ့မှာလုံးဝ မျိုးပြုတ်သွားသည့်အကြောင်း သတိရမိသွားကြသည် ။

ထွက်ကြ ၊ ဒီကထွက်ကြ..

ရုန့်ရင်းဆန်ခတ်ဖြစ်နေကြသည့်အတွက် တစက်စက်ကျနေသည့်မိုးစက်များမှာ သူတို့ကို အဆိပ်ရှိအင်းဆက်များ ကိုက်နေကြသည့်အလားခံစားရသည် ။

All Chapters