← Chapters

နာကြည်းမှု

Vol. 17 Ch. 244

နာကြည်းမှု

Vol. 17 Ch. 244

ဝမ်ရှစ်မျိုးနွယ်စုကသူများထွက်သွားပြီး သိပ်မကြာမီတွင် မီးတောက်ဦးချိုမျိုးနွယ်စုကလူများ ထိုနေရာသို့ရောက်လာကြလေသည် ။

ထိုထွင်းထုထားသော ကျောက်များမှာ စည်း အကာအရန်အမှတ်အသားများနှင့် တူလေသည် ။ သို့ပေမယ့် သူတို့အထဲကအချိုက ဖယ်ရှားခံထားရပြီး ၊ အချို့မှာအက်ကွဲနေကာ ၊ အချို့မှာထက်ပိုင်းအခုတ်ခံရပြီး ၊ အချို့မှာ မီးလောင်ကျွမ်းထားပြီးဖြစ်နေသည်။

၎င်းတို့က ဝမ်ရှစ်မျိုးနွယ်စုက လူများကြောင့် ပျက်စီးထားခြင်းဖြစ်လေသည် ။ မော့ကြည့်လိုက်သည့်အခါ သူကတောအုပ်၏အထက်ထိထိုးမြင့်နေသည့် ကျောက်တိုင်ရှည်ကြီးများကို မတွေ့ရတော့ပေ။ ရှောက်ရွှမ်က ရုတ်တရက် ထူးဆန်းသည့်ခံစားချက်

ခံစားလိုက်ရပြီး မီးတွင်းကို တစ်ခုခုဆိုးရွားတာဖြစ်သွားမည်ကို သူစိုးရိမ်၍ နေသည်။

ရှောက်ရွှမ်အပြင် နတ်ဆေးဆရာကလည်း ထိုကဲ့သို့သော ခံစားမှုမျိုးခံစားလိုက်ရပြီး သူ၏တောင်ဝှေးကိုကိုင်ထားသော လက်များတုန်ရီနေသည်။ မီးလောင်ကျွမ်းထားသော မျဉ်းကြောင်းလေးမှာ သူတို့၏ခြေဖျားနားအထိ ဆန့်ထွက်၍နေသည် ။ သူတို့ကကြောက်မသွားပါပေ ။ ထိုအစား သူတို့က ထိုအရာလေးနဲ့ရင်းနှီးသည်ဟုခံစားရပြီး နောက်ဆုံးတွင် သူတို့ကိုပိုင်ဆိုင်သည်ဟူသော ခံစားမှုမျိုးခံစားလိုက်ရကြသည် ။

သူတို့စိတ်ထဲမှ နတ်စွမ်းအင်များသည် အလွန်အင်အားကြီးလာလေသည် ။ ထိုမြေပေါ်ကို ခြေချရုံနဲ့ သူတို့ကစွမ်းအင်များ မြင့်တက်၍ လာလေသည် ။

ဘိုးဘွားပိုင်မြေ..

ဒီနေရာမှာပေါ့

အားလုံး၏မျက်လုံးများ တောက်ပ၍ သွားကြသည်။

သူတို့ မကြာမှီ ရောက်ရှိလာတော့မည်ဖြစ်သည်။

ခြေလှမ်းအနည်းငယ်သာလိုတော့သည် ။

နောက်ဆုံးအနေဖြင့် သူတို့ကတောအုပ်ကို ဖြတ်၍ လမ်းလျှောက်ပြီး ရွာပျက်ကြီးဆီသို့ ရောက်လာကြသောအခါ သူတို့မြင်တွေ့လိုက်ရသည့်အရာများကြောင့် သူတို့အားလုံး ထိတ်လန့်၍သွားကြသည်။

အချို့ပျက်စီးမှုများမှာ သဘာဝဘေးများကြောင့် ပျက်စီးခဲ့ခြင်းဖြစ်သည်။ သို့သော် ပြိုပျက်နေသော အိမ်များမှာ လူများ၏အကြိမ်ပေါင်းများစွာဖျက်ဆီးခြင်းကိုခံထားရသည် ။အလယ်ဗဟိုမှာ တွင်းကြီး

တစ်တွင်းကိုတူး တူးထားပြီးလဲကျနေသော ကျောက်တိုင်များက သူတို့ဒီမှာ ဘာတွေကြုံတွေ့ခဲ့ရသလဲကိုလူတွေအား ပြောပြ၍နေလေသည်။

ဤနယ်မြေတစ်ခုလုံးသည် ဖျက်ဆီးခံထားရလေသည် ။ တောက်ပနေသောနေရောင်မှလွဲလျှင် အရာအားလုံးမှာ စိတ်ဓာတ်ကျချင်စရာဖြစ်သည်။

“ ဒါ..ဒါ..ဒါ..ဘိုးဘွားပိုင်မြေလား “

အော့အသံမှာတုန်ရင်၍နေသည် ။

ဘယ်လိုလုပ် ဒီလိုဖြစ်နေတာလဲ ။

ထိုမြင်ကွင်းသည် မီးတောက်ဦးချို မျိုးနွယ်စုကသူများကို တွေဝေသွားစေလေသည် ။

နတ်ဆေးဆရာက အနီးကပ်ကြည့်ရန်အနားသိူ့လျှောက်သွားလေသည် ။ သူက ဒယီးဒယိုင်ဖြစ်သွားပြီး သူ့လက်ထဲက တောင်ဝှေးလေးကို ပိုပြီးကျစ်ကျစ်ပါအောင်ကိုင်ထားလေသည် ။

သူ့လက်ခုံမှာဖောင်းနေသော သွေးကြောများမှာ ခုန်ထနေပြီး ထိုမြင်ကွင်းကို မြင်ရသည့်အတွက် သူ့ခံစားချက်များပြောင်းလဲသည့်အတွက် သူ့ကိုယ်လုံးမှာ မထိန်းနိုင်ပဲ တုန်လှုပ်နေသည် ။

မျိုးနွယ်စု၏ ဘိုးဘေးများက သူတို့ဒီနေရာကို ပြန်လာကြဖို့ နှစ်ပေါင်းများစွာ စောင့်စားခဲ့ရပြီးဖြစ်သော်လည်း သူတို့နောက်ဆုံး ဒီကိုရောက်လာကြပေမဲ့ မထင်မှတ်ထားပဲ သူတို့ထိုသို့မြင်ကွင်းမျိုး မြင်တွေ့ရလေသည် ။

ဒေါသများအပြင် လှိုက်လှိုက်လှဲလှဲဝမ်းနည်းမှုကပါ ရင်ထဲခံစားရလေသည် ။

ဖျက်ဆီးခံထားရသော ကျောက်တုံးများကိုစိုက်ကြည့်ပြီး နတ်ဆေးဆရာ နှလုံးများကွဲကြေသွားသည်ဟု ခံစားရလေသည် ။

ရှောက်ရွှမ်က ဒီနေရာမှ ပြန်လာရတုန်းက သူက ဒီနေရာ၏ပုံကို နတ်ဆေးဆရာကျမ်းတွင် ပုံရေးဆွဲခဲ့ပြီး နတ်ဆေးဆရာကို ပြသခဲ့လေသည် ။ ထို့အတွက်ကြောင့် မျိုးနွယ်စုတခုလုံးမှာ နတ်ဆေးဆရာက ဒီနေရာမှအခြေအနေများနှင့် ဒုတိယအရင်းနှီးဆုံးဖြစ်လေသည် ။ သူက အိမ်များ ၊ ကျောက်တိုင်များ ၊ မီးတွင်းများ ဘယ်မှာရှိကြသလဲကို ရှင်းရှင်းလင်းလင်း သိလေသည် ။

ပြီးခဲ့သော နှစ်နှစ်က ဒီနေရာမှာ အပျက်အစီးပုံကြီးဖြစ်ကာ စိတ်ကျစရာ ၊ သီးသန့်ဖြစ်နေသော နေရာတခုဖြစ်သော်လညလး ယခုပိုပြီး ပျက်စီး စိတ်ဓာတ်ကျစရာဖြစ်နေလေသည် ။

မီးတွင်းသည်ပင် ဖျက်ဆီးခံထားရလေသည် ။

ဘယ်လိုဖြစ်နိုင်မလဲ ၊ ခွေးကောင်တွေ...

သူ့လက်ကိုမြှောက်ကာ နတ်ဆေးဆရာက သူ့ရင်ဘတ်ကိုအသာအယာ အုပ်လိုက်လေသည် ။

အလွန်နာကျင်စရာကောင်းလှသည် ။

သူ ထိုမျှလောက် နှလုံးကြေကွဲရခြင်းမျိုး မရှိဖူးပါပေ ။

မွေးကတည်းက ယခုအချိန်အထိ ထိုလူအိုကြီးမှာ ထိုသို့ခံစားချက်မျိုး မရှိဖူးပါပေ ။ သူ ဒဏ်ရာရခြင်းမဟုတ်သော်လည်း သူအလွန်နာကျင်နေရလေသည် ။

နတ်ဆေးဆရာမှာ အလွန်ထိတ်လန့်နေသည် ။

ရှောက်ရွှမ်က နတ်ဆေးဆရာ စိတ်မထိန်းနိုင်တော့မည်ကို စိုးရိမ်ပူပင်လာပြီး သူ့ဆီအပြေးသွားကာ မတ်မတ်ရပ်နိုင်အောင် မှီကိုင် ပေးထားလေသည် ။

နတ်ဆေးဆရာက ပြိုလဲနေသော ကျောက်တိုင်များ အပိုင်းပိုင်းဖြတ်ခံထားရသည့် မြင်ကွင်းကိုကြည့်နေသည်ကိုမြင်သောအခါ ရှောက်ရွှမ်က ပြောလေသည် ။

“ အခု ကျွန်တော်တို့ပြန်လာပြီ ၊ တိုင်တတိုင်လဲကျသွားရင် ပိုရှည်အောင်နောက်တခု ကျွန်တော်တို့ လုပ်နိုင်ကြပါတယ် ၊ ကျွန်တော် ကျောက်တိုင်ပေါ်မှ နတ်အမှတ်အသားများကို မှတ်မိနေတုန်းပါပဲ ၊ ကျွန်တော်တို့ဘိုးဘေးတွေရဲ့လက်ရာအတိုင်း ပုံစံတူကူးနိုင်ပါသေးတယ် “

သူက ထိုသို့ပြောကာ သူ့ကိုနှစ်သိမ့်ပေးနေသည်။

အရေးကြီးသည်က ဒါက အကြိမ်ပေါင်းများစွာ

ဖျက်ဆီးခံရခြင်းဖြစ်လေသည် ။ ဒါက တိုက်ပွဲခေါ်လိုသည့် အကြောင်းရင်းတခုပင်ဖြစ်သည် ။ ဒါက ရန်စစော်ကားလိုက်ခြင်း ဖြစ်သည် ။ မီးတောက်ဦးချိုမျိုးနွယ်စုက သည်းမခံနိုင်ကြတော့ပေ ။

အော့က လက်သီးစုပ်လိုက်ပြီး သူ့ဒေါသများထွက်ပေါ်လာလေသည် ။

“ ဘယ်သူ ၊ ဘယ်သူ လုပ်တာလဲ “

တောအုပ်ထဲတွင် အမြှောက်များပစ်ဖောက်ကြသကဲ့သို့ အဆက်မပြတ် ဟိန်းသံများပေါ်ထွက်လာသည် ။ ငှက်အများစုနဲ့ တိရိစ္ဆာန်များမှာ ကြောက်လန့်ထွက် ပြေးသွားကြသည် ။

စိတ်အေးအေးထားပြီးနောက် အော့က ရှောက်ရွှမ်မှာ ဒီနေရာမှာ သူကြုံတွေ့ခဲ့ကြရသည့်အခြေအနေများကို ပြောပြထားသည့်အတွက် ဒီလိုလုပ်မည့်သူကို မကြာမီပင် တွေးမိသွားသည် ။

ဝမ်ရှစ်မျိုးနွယ်စု ၊

ထို ခြစ်ထွင်းခံထားရသော ကျောက်တုံးများပေါ်ခြေဆောင့်လိုက်ပြီး အော့က သူ အံကြိတ်လိုက်သည် ။

အသက်ငယ်စဥ်တည်းက ကျောက်လက်နက်များနဲ့ ရင်ဆိုင်လာရသည့် လူတယောက်အနေဖြင့် သူက ထိုခြေရာလက်ရာများကိုကြည့်ပြီး အများကြီး ကောက်ချက်ချနိုင်လေသည် ။ ကျောက်တုံးပေါ်မှ ခြစ်ရာအတော်များများမှာ အချိန်အတော်ကြာကြာက ပြုလုပ်ခဲ့ကြခြင်းဖြစ်သည် ။ ကျန်သည့်အထဲက တဝက်ကတော့ တနှစ်၊နှစ်နှစ်အတွင်း လုပ်ခဲ့ကြခြင်းဖြစ်ပြီး အခြားတဝက်ကတော့ သူတို့မရောက်ခင်ကမှ အသစ်ပြုလုပ်ထားပုံရလေသည် ။

အနီးနားတွင် လူများလုပ်ထားသော ခြေရာလက်ရာများ အများအပြားရှိလေရာ ယခုလေးတွင်ပင် လူ

များထွက်သွားကြကြောင်း ပြသ၍နေလေသည် ။

ကျောက်တုံးကို ပွတ်သပ်ကြည့်လိုက်ပြီး အော့မျက်လုံးထဲမှ ပူဆွေးသောကများ တစစ ပျောက်ကွယ်သွားပြီး မကြာမှီပင် အလွန်ဒေါသကြီး၍လာလေသည် ။ ဒေါသကြောင့် သူ့မျက်လုံးများ ရဲလာလေသည် ။

“ သူတို့ သိပ်မဝေးလောက်သေးဘူး “

“ ကျွန်တော် သူတို့နောက်ကို လိုက်မယ် “

ထာ့က မထိန်းနိုင်ဘဲ ပြောလိုက်သည် ။

“ ငါကောပဲ ၊ ရွှယ် က ဒီလူတွေကို ကူရှာပေးနိုင်တယ် “

ကွေ့ဟယ်က ပြောလေသည် ။

ရွှယ် သည် သားရဲများကို စုံစမ်းထောက်လှမ်းအမဲလိုက်ရာတွင် အလွန်အရေးပါသော နေရာတွင်ပါဝင်တတ်သော သိမ်းငှက်ဖြူကြီးဖြစ်သည် ။

“ သားရဲတွေက အနံ့ခံအရမ်းကောင်းတော့ သားရဲတော်တော်များများ ခေါ်သွားကြ “

ရှောက်ရွှမ်က ပြောလေသည် ။

ယခု မိုးလည်းတိတ်သွားလေပြီ ဖြစ်ပြီးသူတို့ကအနံ့ခံနိုင်လေသည် ။

အော့က ထရပ်လိုက်ပြီး သူနောက်က မီးတောက်ဦးချို မျိုးနွယ်စု၏ ဒေါသထွက်နေသော လူအုပ်ကြီးကို ကြည့်ပြီးနောက် နတ်ဆေးဆရာကို ကြည့်လိုက်သည် ။

နတ်ဆေးဆရာက ဘာမှမပြောသော်လည်း သူ့

ရင်ဘတ်ကို အုပ်ထားသော လက်ကိုဖယ်လိုက်လေသည် ။ သူက သူ့လက်ကို လေးတိလေးကန်လှုပ်ယမ်းပြလိုက်သည် ။

အားလုံးက နတ်ဆေးဆရာ၏ သဘောထားကို နားလည်သွားလေသည် ။ သူက အော့နဲ့ ရှောက်ရွှမ်ကို သူတို့လုပ်သင့်တာ လုပ်နိုင်ကြောင်း ခွင့်ပြုလိုက်လေသည် ။

“ ဒီမှာကော ဘယ်လိုလုပ်မလဲ “

အော့က မေးလေသည် ။

“ စိတ်မပူနဲ့ ၊ ဒါက ဘိုးဘွားပိုင်မြေ ၊

ဒီမြေကို မီးတောက်ဦးချိုမျိုးနွယ်စုက ပိုင်တယ် “

နတ်ဆေးဆရာက ခိုင်ခိုင်မာမာပြောသည့်အတွက် သူ

တို့အားလုံးထိတ်လန့်သွားကြသည် ။

အကြောင်းမှာ ဘိုးဘွားပိုင်မြေဖြစ်ပြီး မီးမျိုးစေ့လည်း ဒီမှာရှိလေသည် ။ မီးတောက်ဦးချို မျိုးနွယ်စုကလူများကိုသာ ကာကွယ်ပေးပေလိမ့်မည် ။ အခြား လူသုံးဆယ်လောက်ကို သူတို့နဲ့အတူသွားဖို့အမိန့်ပေးလိုက်သည် ။

ရှောက်ရွှမ် နဲ့ ဆီဆာက အရင်ထွက်သွားလေသည်။

မီးမျိုးစေ့တင်ထားသည့် လှည်းကိုဆွဲထားရသည့် လိပ်ကြီးမှလွဲရင် အခြားသူအကုန်လုံးထွက်သွားကြသည် ။

ဝှစ်..ဝှစ်..ဝှစ်...

သူတို့နဲ့အတူလိုက်ဖို့ အမိန့်ပေးခံရသည့် စစ်သည်တော်များကသားရေအိတ်များကို တခုပြီးတခု ချ

လိုက်သည် ။

လက်နက်များကို ကောက်ကိုင်ပြီး သူတို့က မြက်ပင်များအကြား သွားတာ အဆင့်မြင့်သားရဲအချို့နောက် လိုက်သွားလေသည်။

……

တောအုပ်ထဲတွင် လွတ်မြောက်လာသောသူများက သားရဲများနှင့်ရင်ဆိုင်ရာတွင် သူတို့ကို လူကွဲ၍ သွားစေသည် ။

ဝမ်ရှစ်မျိုးနွယ်စုက စစ်သည် တော်တယောက်သည် သူ၏အဖော်ကိုထားခဲ့ လေသည် ။ သူက အလွန်ပင်ပန်းလွန်း၍ မြေပေါ်တွင်ထိုင်ချလိုက်သည်။ အသက်ရှူမဝသဖြင့် သူဟာ ပါးစပ်ကိုဟနေပြီး သူ့နှလုံးကလည်း အလျင်အမြန်ခုန်နေကာ သူ့တစ်ကိုယ်လုံးကလည်းတုန်ယင် နေသည် ။ အကြိမ်ပေါင်းများစွာ သူက နောက်ကိုကြောက်လန့်တကြား ပြန်ကြည့်နေပြီး သူ့မျက်လုံးများတွင်လည်းအကြောက်တရား

များပြည့်နေလေသည်။

ဂါး...ဂါး....

သားရဲဟိန်းသံတခု ကြားလိုက်ရသည် ။ မြေပေါ်မှာ ထိုင်နေသည့် ဝမ်ရှစ်မျိုးနွယ်စု စစ်သည်တော်က သူ့ကို အပ်နှင့်ထိုးလိုက်သည့်အလား မြေပေါ်က ခုန်ထကာ အဝေးကို ထွက်ပြေးသွားလေသည် ။

သူ့အနောက်မှာ အသားစားငှက်ငါးကောင်က အော်ဟစ်ကာ သူ့နောက်ကို လိုက်လာကြသည် ။ သူတို့က အလျင်အမြန်ပြေးနေပြီး သူတို့က ဒီတောအုပ်နှင့်ရင်းနှီးနေသည့်အတွက် သူ့အရှေ့ကသူများထက် ပိုမြန်မြန်ပြေးနိုင်လေသည် ။

နီးကပ်လာသော ခြေသံများနဲ့ အော်သံများ ကြားရပြီး ပြေးနေကြသော ဝမ်ရှစ်မျိုးနွယ်စုက စစ်သည်တော်သည် သူ့အနောက်ကို လိုက်လာသည့်ငှက်ငါး

ကောင်ကို တယောက်တည်း ရင်ဆိုင်နေရသည့်အတွက် ကမူးရှူးထိုး ဖြစ်လာကြသည် ။ သူ သေရင်သေ ၊ မသေလျှင် ဒဏ်ရာရနိုင်စေသည် ။ သူက မျက်လုံးများမှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်သည် ။ သူက ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ သူတို့ကို အနိုင်ယူနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားလေသည် ။

“ အား.. “

ဝမ်ရှစ်မျိုးနွယ်စုက စစ်သည်တော်တယောက်က သူ့ဓားကိုယမ်းလိုက်ပြီး အသေတိုက်ရန် အနောက်ကိုလှည့်လိုက်သောအခါ သူ့နောက်ကိုလိုက်လာသော အသားစားငှက်ငါးကောင် ချက်ချင်းရပ်သွားကြသည်ကိုတွေ့လိုက်ရသည် ။ ငှက်လက်သည်းများကို ရွှံ့ရေထဲနှစ်ကာ သူ့ကိုလှမ်းပက်ကြလေသည် ။

စစ်သည်တော်က သူ့ဓားကိုပင် မလှုပ်နိုင်သေးခင် ထိုငှက်ငါးကောင်သည် အော်ပင်မအော်ပဲ အဝေးကိုပျံပြေးကြလေသည် ။

စစ်သည်တော်က ထိုနေရာမှာ မတ်တပ်ရပ်နေရင်း သူ့ဓားကိုကိုင်ထားလေသည် ။ သူက အဝေးကိုပျံပြေးသွားသည့် ငါးကောင်ကိုကြည့်ပြီး လေကိုမှုတ်ထုတ်လိုက်သည် ။ ယခု သူ့ဘဝ ယာယီလုံခြုံသွားသော်လည်း ထိုငှက်များ၏ခြေသံနှင့်တူသော ဖောက်ထွက်နေသည့်အသံများကို ကြားရလေသည် ။ သို့ပေမယ့် ထိုအသံများက ပိုမြန်ပုံရလေသည် ။

ဘာကြောင့် ဒီဂုဏ်မောက်တဲ့ မုဆိုးများ ဘာကြောင့်အမြန်ဆုတ်ခွာသွားကြသနည်း ။

သူကြောင့် မဟုတ်သည်မှာ သေချာပါသည် ။

သူက ပို၍ပင် ရုန့်ရင်းဆန်ခတ်ဖြစ်နေသေးသည် ။

သူက လမ်းကြောင်းကို ပြောင်းလိုက်ပြီး ထိုခြေသံများနှင့် အဝေးသို့ထွက်ပြေးသွားသည် ။

သို့ပေမယ့် ဒီတကြိမ် သူ့နောက်ကိုလိုက်လာသည့်အရာက ပိုအားကြီးလေသည် ။

သူ့အနောက်တွင် ခြေလှမ်းတခုစီတိုင်းက မိုးကြိုးသံများနှင့်တူပြီး သူ့ကိုအတော်ကြောက်လန့်သွားစေသည် ။ သူက အနောက်ကိုပင် လှည့်မကြည့်တော့ဘဲ ထွက်၍သာပြေးတော့သည် ။

နှစ်မိနစ်အတွင်း တူးရွင်းပုံခေါင်းရှိသည့်ငှက်က စစ်သည်တော်ကိုထိုးဆိတ်လိုက်သည် ။ သူက မြေပေါ်ကိုချက်ချင်းပြုတ်ကျ၍လာလေသည် ။ သူ့လည်ပင်းနောက်ကျောတွင် အပေါက်ကြီးဖြစ်သွားပြီး ဒဏ်ရာမှာသွေးများထွက်လာသည် ။

မိုင်က ထိုကြိုးကြာငှက်ကြီးနောက်မှ ရောက်လာလေသည် ။ မြေပေါ်ကသူ သေသည်ဖြစ်စေ ၊ မ သေသည်ဖြစ်စေ သူက ထိုလူကိုဓားဖြင့်ထိုးလိုက်သည် ။

“ ဆက်သွား “

မိုင်က သူ့ဘေးက ငှက်၏ ခေါင်းကိုပုတ်ကာပြောလိုက်သည် ။

သူက ငှက်အတော်များများကို အစာအနေနဲ့အမဲလိုက်ချင်လေသည် ။ မိုင့်စကားကိုကြားရပြီးနောက် သူက ထိုအကြံကိုယာယီလက်လျှော့လိုက်သည် ။ ပြောရရင် အစာရနိုင်ဖို့လည်း အခွင့်အရေးအများကြီး ရှိလေသည် ။

ထိုကဲ့သို့ အလားတူဖြစ်ရပ်များ တောအုပ်အနှံ့ ဖြစ်ပွားလာသည် ။

ဒီတစ်ကြိမ် အော့က အလယ်တန်းစစ်သည် တော်လေး ရှောက်ရွှမ် နှင့် အခြား အကြီးတန်းစစ်သည်တော် အယောက်သုံးဆယ်ကို ဒီကိုလာဖို့ အမိန့်ပေးလိုက်သည် ။

ကောင်းကင်ပေါ်မှာတော့ ချာချာနဲ့ထိုသိန်းငှက်ဖြူကြီးက ပျံသန်း၍နေသည် ။ တောအုပ်ထဲတွင်တော့ အဆင့်မြင့်သားရဲအချို့က မျိုးနွယ်စုထဲကစစ်သည်အချို့ကို ဦးဆောင်ကာ ဝမ်ရှစ်မျိုးနွယ်စုက လူများ၏နောက်သို့ လိုက်ကြလေသည် ။ သူတို့တောအုပ်ထဲမှာ ရှိနေသ၍ အော့က သူတို့ကိုသတ်ပစ်ဖို့စီစဉ်ထားသည် ။

တစ်ချိန်တည်းမှာပဲ ဝမ်ရှစ်မျိုးနွယ်စုတွင် မျိုးနွယ်စု၏ နတ် ဆေးဆရာမှာ စည်းစိမ်ခံစားနေသည့် အကြီးအကဲ ဖူကျီး၏ ဧည့်ခန်းထဲသို့အလောတကြီး ဝင်လာပြန်လေသည် ။

“ အကြီးအကဲ ၊ မီးမျိုးစေ့ပြောင်းလဲနေပြန်ပြီ “

နတ် ဆေးဆရာကို ကြည့်ပြီး အရင်ကထက်ပိုပြီး ဂဏာမငြိမ်ဖြစ်နေသည်ကို တွေ့ရသည့်အခါ ဖူကျီးက သူ့ကိုစိတ်ပျက်၍ သွားသည် ။ ၂နှစ်ကျော်ကြာ

ပြီးသည်နောက် သူကတောအုပ်ထဲက ကိစ္စမှာ ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာနိုင်သည်ဟု အမြဲတမ်းစိတ်ပူနေခဲ့သည်။ သို့ပေမယ့် ထိုနေရာကို လူပေါင်းများစွာလွှတ်ခဲ့ ပြီးသည်နောက် ပုံမှန်မဟုတ်သည့်ကိစ္စများ ဘာမှမရှိသည်ကို သိခဲ့လေသည် ။

ဖူကျီးက ဗဟိုဒေသက သူ့ကိုမုန်းကြသည့် လူအိုကြီးများ လုပ်ခဲ့ခြင်းဖြစ်မည်ဟု အမြဲတမ်းတွေးခဲ့သည် ။ ထို့ကြောင့် သူ့ကို ဒေါသထွက်စေခဲ့သည် ။ နတ်ဆေးဆရာ၏ ရုန့်ရင်းဆန်ခတ်ဖြစ်မှုက သူ့ကို ပိုစိုးရိမ်လာစေပြီး ထိုနေရာကို လူအုပ်စုလိုက်ဦးဆောင်သွားဖို့တွေးခဲ့သည် ။ ဒီလူအိုကြီးများလုပ်ခဲ့သည်ဟူသော အထောက်အထားများကို ရှာတွေ့လျှင် ပို၍ကောင်းပေမည် ။ သူတို့က သူတို့စစ်ပွဲကို မစဘူး ဟူသည့်အကြောင်းမျိုး မကြာခဏပြောတတ်ကြလေသည် ။ သူက သူတို့ဆီမှ တစ်ခုခုကိုသာ ရမည်ဆိုလျှင် ပို၍ပင် ကောင်းပေမည် ။

ဒီနေရာဟာ သူ့နေရာဖြစ်သည့်အတွက် ဖူကျီးက အခြားသူများကိုစော်ကားမိသလိုဖြစ်မှာကို မ

ကြောက်ပါပေ ။ ဖူကျီးက တံခါးကိုကန်ဖွင့်လိုက်ပြီး သူ့လူများကိုခေါ်ကာ တောထဲသို့သွားဖို့ ဆုံးဖြတ်လိုက်လေသည် ။

All Chapters