တောထဲဝင်တဲ့ ဘယ်သူ့ကိုဖြစ်ဖြစ် ၊ သတ်ပစ်
Vol. 17 Ch. 245
မိုးတိတ်သွားပြီးသည့်နောက် သစ်တောထဲကလေထုမှာ လန်းဆန်း၍လာသည် ။
သစ်တောထဲမှာ ထွက်ပြေးနေရသည့်သူများမှာတော့ လေထုအကြောင်းကို မတွေးနိုင်ပါပေ ၊ သူတို့က သစ်တောမှာ နေရောင်များပြည့်နေပြီး အန္တရာယ်ရှိကာ သူတို့အားရူးသွပ်အောင်ပြုလုပ်နေသည် ။
ဝှစ်..
တောက်ပသော အလင်းရောင်တခု လက်လာသည် ။
လှံတံတစ်ခုမှာ ပြေးနေသော ဝမ်ရှစ်မျိုးနွယ်စု စစ်သည်တော်၏ကိုယ်လုံးကို ဖောက်ဝင်၍သွား
သည် ။
သူ့ဘေးက လူများက လဲကျသွားသည့်သူကို လှည့်မကြည့်ပါပေ ။ သူတို့က အရှိန်ကိုပင် လျှော့မပစ်လိုက်ပါဘဲ ပိုမြန်အောင်ပင်ပြေးလေသည် ။
အဝေးမှာ သူတို့ကိုကြောက်ရွံ့သွားစေသည့် သားရဲများ ၊ အဆင့်မြင့်သားရဲများ၏ အော်သံကိုကြားရလေသည် ။ တောထဲမှာ ထောင့်အနားတွေမှာ အမြဲ ဘေးအန္တရာယ်တခု ရှိနေပုံပေါက်နေလေ့ရှိသည် ။ ဒီမှာ နေကြသည့် ငှက်များနှင့် သားရဲများက ထွက်ပြေးသွားကြပြီး အဆင့်မြင့်သားရဲများသည်ပင် အခြားနေရာသို့ ရှာဖွေကြည့်ရှူနေသည် ။
နေရောင်က တောက်ပနေပြီး မြေပေါ်က ရေများဟာ တောက်ပသောနေရောင်ကို တလက်လက် အလင်းပြန်နေသည် ။ သို့ပေမဲ့ ပြေးနေသော စစ်သည်တော်များက အပူချိန်အလျင်အမြန်ကျဆင်းလာသည်ကို ခံစားလိုက်ရသည် ။ သူတို့မျက်လုံးများ
ကို အကဲခတ်လျှင် သူတို့က အလိုက်ခံရခြင်းကြောင့် စိတ်မတိုကြတော့ပေ ။ ထိုအစား သူတို့ထိတ်လန့်ကြောက်ရွံ့သွားကြသည် ။
အန္တရာယ်နီးကပ်လာသည်ကိုခံစားမိရသည်နှင့် စစ်သည်တော်၏မျက်ဝန်းများ ရုတ်တရက်ပြူးကျယ်သွားသည် ။ သူက သူကျောရိုးတလျှောက် အေးကနဲခံစားလိုက်ရပြီး သူ့လည်ပင်းများအေးစက်လာလေသည် ။
အခုကကော ဘာလဲ
ထိုပြေးနေသော စစ်သည်တော်သည် စိုးရိမ်ပူပန်လာပြီး သူ့ကိုယ်သူကယ်တင်နိုင်မည့်နည်းလမ်းများကို စဉ်းစား၍နေသည် ။ ရုတ်တရက် သူ့မျက်လုံးများအရောင်လက်သွားသည် ။
ဟုတ်ပေသည် ။ ဧရာမဝက်ဝံ ၊
သူက ဒီအနီးနားမှာ ဧရာမဝက်ဝံတစ်ကောင်ရှိကြောင်း သတိရလိုက်သည်။
သူက သူ့အနောက်ကလူသတ်သမားများကို ထိုဝက်ဝံကြီးဆီခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဒါဆိုရင် သူက ပစ်မှတ်မဖြစ်နိုင်တော့ဘဲ အရှုပ်အထွေးများကြားမှ သူလွတ်မြောက်လာနိုင်သည် ။
သူက ထိုအကြောင်းကိုပိုပြီးတွေးမိလေလေ ဒီနည်းလမ်းကဖြစ်နိုင်သည်ဟူ၍ တွေးမိလာလေလေဖြစ်ပြီး သူ့စိတ်ခံစားချက်များအနည်းငယ်ကောင်းလာလေသည် ။
သူ၏အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူ့မျက်နှာမှာ တဖန်ရှုံ့မဲ့လာပြီး ထိုအချိန်တွင် သူ့မျက်နှာအတော်လေးဆိုးရွား၍နေသည် ။
ဒီနေရာမှာ..
အဲဒီနေရာမှာ..
ကြည့်လိုက်ပါဦး ၊ ဧရာမဝက်ဝံကြီး အိပ်ပျော်နေသည်။ သူက ခြုံပုတ်အနောက်ကအ ညိုရောင်သားမွေးများကို မြင်လိုက်လေသည် ။
ဒါကအကောင်သေးလေးဖြစ်သည် ၊ အကောင်ကြီးမှာလည်းဤအနီးအနားတွင်ရှိပေလိမ့်မည် ။
ကောင်းလေစွ ၊
အိပ်ပျော်နေသောဝက်ဝံကြီးက သူ၏စက်ဝိုင်း ခြမ်းပုံနားရွက်များကိုလှုပ်လိုက်ကာ နှာချေလိုက်သည် ။ သူကအစာအနံ့ကိုရရှိသွားပြီး သူ့မျက်လုံးများ ဖွင့်လိုက်လေသည် ။ သူကဆက်ပြီးမအိပ်ချင်တော့ဘဲ အစားအစာ၏တည်နေရာကိုရှာဖို့ ပတ်ပတ်လည်ကိုကြည့်လိုက်လေသည်။
ပြေးနေသော ဝမ်ရှစ်မျိုးနွယ်စုကစစ်သည်တော်က ခြုံပုတ်၏ အနောက်တွင် လှုပ်ရှားနေသည့်ပုံရိပ်ကိုကြည့်ကာ အကျယ်ကြီးရယ်မောလိုက်လုနီးပါး ဖြစ်သွားသည် ။ သို့ပေမယ့် သူမရယ်နိုင်ခင်မှာပင် လူသတ်သမားက သူ့အနားကို အလျင်အမြန် နီးကပ်သည်အထိ ရောက်လာလေပြီး သူက လမ်းကောင်းကောင်းမလျှောက်နိုင် ၊ အသက်ပင်မရှုနိုင်တော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးတင်းကြပ်၍သွားသည် ။
အကြီးတန်းစစ်သည်တော်တစ်ယောက် ၊
မည်သို့ပင်ဆိုပါစေ သူက အလယ်တန်းစစ်သည်တော်တယောက်သာဖြစ်သည် ။ အကြီးအကဲကဲ့သို့ စွမ်းအားကြီးမားသည့်သူကသာလျှင် သူ့အပေါ်ကို ဤကဲ့သို့ အားကောင်းသောဖိအားမျိုး ပေးနိုင်လေသည် ။ သူက သူ့ကိုတိုက်ခိုက်နေသူက မည်သူလဲတွေ့ဖို့ပင်အချိန်မရှိတော့သလို သူ့မှာတုံ့ပြန်ဖို့ပင်အချိန်မရှိတော့ပါပေ ။
ထိုလူက အလျင်အမြန် တုံ့ပြန်လိုက်လေသည် ။
ထိုလူဘယ်သူလဲ အတိအကျကြည့်ဖို့ကြိုးစားလိုက်သည့်အချိန်တွင် သူ၏များပြားလှပါသောဖိအားများကြောင့် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပါပေ ။ သူက အကြီးအကျယ် ပျက်စီးစေသောရေလှိုင်းများကဲ့သို့ကျယ်လောင်သည့် ဟိန်းသံကြီးတစ်ခုကို ကြားလိုက်ရလေသည် ။ အသံက သူ့တစ်ကိုယ်လုံးကိုဖုံးလွှမ်းသွားပြီး သူ့ကိုလာပြီးရိုက်ခတ်သွားလေသည် ။
ဗုန်း
မြေကြီးပေါ်တွင် ရွှံ့ထူထပ်သောတွင်းတစ်ခုရှိသည်။ တွင်း၏အဖျားအနားတွင် သွေးများ စင်၍နေသည် ။
မိုးရွာပြီးသည်နောက် ရွှံ့ရေများမှာ သွေးများရောနှော၍နေသည် ။မိုးရွာပြီးသည့်နောက် အားပြင်းသောတိုက်ခိုက်မှုကြောင့် တွင်းထဲသို့စီးဝင်သွားပြီး သွေးများနှင့်ရောနှောကာ ရွှံ့ရေများရောနှော၍သွားသည် ။ ထိုတွင်းထဲသို့ ရိုက်ချခံလိုက်ရသောသူသည် ရေနစ်၍နေလေသည် ။
ရှောက်ရွှမ်က ဆီဆာကိုစီးထားပြီး တွင်းအစွန်းနားတွင် ရပ်နေသည့်ဒေါသထွက်နေသော အော့ကို ကြည့်လိုက်သည်။ သူ့လက်တွေ သွေးများပေကျန်နေပြီး သူတကိုယ်လုံးများမှာလည်း ရွှံ့ရေနှင့်သွေးများပေကျန်ရစ်နေသည် ။ သတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးအလား အလွန် ကြောက်မက်ဖွယ်ကောင်းလေသည် ။
သူ့ဆီမှ အဝေးကိုကြည့်လိုက်ပြီး ရှောက်ရွှမ်က သူနဲ့သိပ်မနီးမဝေးက ချုံပုတ်ကိုကြည့်လိုက်လေသည် ။
ဝက်ဝံလက်သည်း ဆန့်လိုက်ကာ မကြာမှီ ပြန်ဆုတ်သွားသည် ။
ကျွတ်..
ဝက်ဝံလက်များက သစ်ကိုင်းတခုကိုတက်နင်စမိကာ
ကျိုးသွားလေသည် ။ ထိုတိတ်နေသောနေရာတွင် အသံမှာ ရှင်းရှင်းလင်းလင်း ကြားရလေသည် ။
ရှောက်ရွှမ် ၊ ဒေါသထွက်နေသည့် အော့ နှင့် အံကြိတ်နေသော ဆီဆာတို့က ထိုနေရာကို ကြည့်လိုက်လေသည် ။
ခြုံပုတ်နောက်တွင်ပုန်းနေပြီး ဝက်ဝံပေါက်လေးမှာ သူတို့ကိုအကဲဖြတ်ပြီး ကြောက်ရွံ့နေလေသည် ။
နောက်ပြန်ဆုတ် ၊ ပြန်လှည့်ပြီးပြေးတော့ ၊
ရှောက်ရွှမ် နဲ့ အော့တို့က ခြုံပုတ်နောက်က အကောင်ပေါက်ကိုသတိထားမိပေမဲ့ ဒီတကြိမ်မှာတော့ သူတို့ အဆင့်မြင့်သားရဲများကို အမဲလိုက်လိုစိတ် မရှိပါပေ ။ သူတို့ပစ်မှတ်က ဝမ်ရှစ်မျိုးနွယ်စုကသူများဖြစ်သည့်အတွက် သူတို့က အဆင့်မြင့်သားရဲများကို အရေးမထားပါပေ ။ ထိုအဆင့်မြင့်သားရဲများ ရန်သူကိုကြ
ည့်နေခြင်းမှ မကာကွယ်သရွေ့ သူတို့ကလစ်လျူရှုထားပေမည် ။
ဝက်ဝံပေါက်လေးသည် ဝက်ဝံအမေကြီးထံပြေးသွားလေသည်။
သူ့ကယ်တင်ရှင်ကို မြင်သည်နှင့် သူက ကြုံးဝါးဖို့ပြင်လိုက်ပြီး ပါးစပ်ဟလိုက်ချိန်တွင် သူ့ပါးစပ်က်ို ဝက်ဝံလက်ကပိတ်ထားလေသည် ။
ဝက်ဝံပေါက်လေးက မဟိန်းဟောက်နိုင်တော့အောင်ပင် အလွန်ကြောက်လန့်သွားလေပြီး သူ့အမေကိုသာ ကြည့်နေလေသည် ။
ဝက်ဝံအမေကြီးက မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်နေလေသည် ။ သူက မြေပေါ်ကနေ အောက်ဆင်းလိုက်ကာ ကြုံးဝါးလိုက်ပြီး သူ့အံကိုကြိတ်ကာ သားပေါက်လေးကိုထားခဲ့လိုက်သည် ။
ဒီနေရာဟာ အလွန်အန္တရာယ်များသည့်အတွက် သူတို့ဒီမှာ ထပ်မနေကြတော့ပေ ။ သူတို့က အခြားနေရာကိုသွားဖို့ တွေးလိုက်ကြသည်။
ဝမ်ရှစ်မျိုးနွယ်စု အဖွဲ့တွင် ကံအကောင်းဆုံးသော အမြန်ဆုံး ပြေးနိုင်သည့် သူတယောက်တည်းကသာ နောက်ဆုံး သားရဲတို့ပျော်စံရာမြေ နယ်နိမိတ်အကြားကို ရောက်လာလေသည် ။
“ ဟား..ဟား..ငါ လွတ်သွားပြီ ၊ နောက်ဆုံးတော့ ငါလွတ်လာပြီ “
သူ့စိတ်နှလုံးသားထဲမှ သူဝမ်းမြောက်နေမိသည် ။
သစ်တောမှ ထွက်ပြီးသည့်နောက် သူ အရှေ့ကို မျှော်ကြည့်လိုက်သောအခါ ဖူကျီးနဲ့အခြားသူများ ဒီနေရာကို လာနေသူများကို တွေ့လိုက်ရသည် ။
သူတို့က တောထဲမှာ တခုခုမကောင်းတာဖြစ်နေသည်ကို သိရသည့်အတွက် သူတို့ကို ကယ်ဆယ်ဖို့လာကြသည်လား ။
ကောင်းလေသည် ။
သစ်တောထဲမှ ပြေးထွက်လာခဲ့သူက ပီတိဖြာနေပြီး တောအုပ်ထဲကိုနောက်တကြိမ်ပြန်မသွားဖို့ ဦးညွှတ်ထားလေသည် ။
ဘာဖြစ်ဖြစ် သူ နောက်တစ်ခါပြန်မသွားနိုင်တော့ပေ ၊ သူက အထဲကို ပြန်သွားခြင်းကိုရှောင်ရှားဖို့ ဆင်ခြေများကိုရှာဖွေ၍နေသည် ။
သို့ပေမဲ့ သူက လွတ်လာသည့်အတွက် ကံကောင်းနေသည်ဟု ခံစားနေရချိန်တွင် သူ့၏အနောက်ကိုကြည့်နေကြပြီး ဖူကျီးနဲ့အခြားသူများ ကြောက်လန့်နေကြသည်ကို သတိမထားမိပါပေ ။
လေကဲ့သို့ လျင်မြန်လေသည်...
မီးခိုးရောင်ပုံရိပ်တစ်ခုက သစ်တောထဲမှ ပြေးထွက်လာပြီး မြေပေါ်ကို ကျလာသည် ။ သူ့ခန္ဓာကိုယ်မှာ စပရင်တစ်ခုနဲ့တူပြီး ထွက်ပြေးနေသည့်သူကို ချက်ချင်းဖမ်းလိုက်ကာ ခုန် ပေါက်၍နေသည် ။
ဆီဆာက သူ့သား ကောင် ဘာလုပ်မည်ကို သိနေသည့်ပုံပေါက်သည်။ သူကခုန်အုပ်လိုက်ပြီး ပြန်ကျလာသည် ။ သူ့လက်သည်းများက ထိုသူ၏အပေါ်ကိုဖိချထားသည် ။
ချွတ်..
လက်သည်းများက ပြေးနေတဲ့သူ၏ကိုယ်ကို ဖောက်လုနီးပါးဖြစ်နေပြီး မြေပြင်ပေါ်သို့ ရိုက်ချပစ်လိုက်
သည် ။ သွေးများ ထွက်လာလေသည် ။
မိုးတိတ်သွားသည့်နောက် လေထုမှာ မြေသင်းရနံ့များနှင့်အတူ သွေးနံ့များလည်း ရောနေသည် ။
သူတို့၏လည်ပင်းကို ဓားမြှောင်နှင့်ထောက်ထားသည့်အလား ဖူကျီးနဲ့သူ့လူများက အသံတိတ်နေကြသည် ။ သူတို့က ပြေးထွက်လာကြသည့် လူတစ်ယောက်နဲ့ဝံပုလွေကို ကြည့်နေကြပြီး အားလုံးက တွေ ဝေနေကြသည်။
ဒီလူက မည်သူနည်း ။
ဖူကျီးက ရှောက်ရွှမ့်ကိုယ်လုံးပေါ်က နတ်အမှတ်အသားများကို မြင်လိုက်ပြီး သူသိသည့် မျိုးနွယ်စုအမှတ်အသားများကို ပြန်လည်ပုံဖော်ကြည့်နေသည်။ လူသိများသည့် ဗဟိုဒေသက မျိုးနွယ်စုများနှင့် ယှဉ်ကြည့်လိုက်လေသည် ။ သို့သော် သူ
အဖြေကို မရပါပေ ။
ဒေါသထွက်လာပြီး ဖူကျီးက ဂဏာမငြိမ်ဖြစ်လာသည် ။
ဒါက သူ့အထင်နဲ့ကွဲလွဲနေပြီး အားလုံးက တစ်ခုခုမှားနေကြမှန်း သိကြလေသည် ။
ယခုမှ သစ်တောထဲက ခုန်ထွက်လာသည့် ဝံပုလွေကကော ဘာလဲ ။ဒါအဆင့်မြင့်သားရဲပဲလား ၊
သို့မဟုတ် လေ့ကျင့်ထားသော အဆင့်မြင့်သားရဲလား ၊
ဒီကြွက်စုတ်သည် သူ့လူကို နောက်ယောင်ခံပြီး သူ့အရှေ့မှာ သတ်ပစ်ရဲသည်အထိ ဒီလောက်မာနကြီးနေသည်မှာ အံ့သြစရာမရှိပေ။
ဖူကျီးက စိတ်ပျက်သွားပုံရလေသည် ။
စစ်သည်တော်လေးသည် အလွန်ငယ်သေး၏ ။
သူက အကြီးတန်း မျိုးနွယ်စုစစ်သည်တော်လား ။
မဟုတ်ဘူး ၊ သူကမဖြစ်နိုင်ပါဘူး။
အကောင်းဆုံးပြောရလျှင် သူက အားကြီးသော အလယ်တန်း မျိုးနွယ်စု စစ်သည်တော်သာဖြစ်သည် ။ သူ့အသိစိတ်အရ ဒါကိုအလိုလိုခွဲခြားနိုင်လေသည် ။ ဖူကျီးက ဒီအလယ်တန်းစစ်သည်တော်လေးဆီကနေ ဘာကြောင့် အလွန်ခြိမ်းခြောက်မှုခံနေရသလို ခံစားရသလဲဆိုသည်ကိုသာ မသိခြင်းဖြစ်သည် ။
မည်သိုပင်ဆိုပါစေ သူက အဆင့်မြင့်သားရဲတစ်ကောင်နှင့်အလယ်တန်းမျိုးနွယ်စုစစ်သည်တော်လေးသာ ဖြစ်သည်။ သူမည်သို့မျိုးနွယ်စုက လာသည်ဖြစ်ပါစေ ဖူကျီးက သူ့ကိုအနိုင်ယူနိုင်ဖို့အတွက် သူ့မှာ ယုံကြည်ချက်အပြည့် ရှိလေသည် ။ ထိုသို့မဟုတ်ပါ
က အခြားသူများက သူ့ကို လှောင်ရယ်ကြပေလိမ့်မည် ။
ဖူကျီးက သူ့ကိုတိုက်ခိုက်မည်အလုပ်တွင် သူ့အနားကို ရုတ်တရက်ကပ်လာသော အလွန်အားကြီးသည့် အန္တရာယ်ရှိသည့်တစ်ခုကိုသတိထားလိုက်မိကာ သူ၏တိုက်ခိုက်မည့်အကြံကို ရပ်တန့်သွားစေသည် ။
စွမ်းအားကြီးသည့် စစ်သည်တော်တစ်ယောက် ၊
ပုံရိပ်တစ်ခုသည် သစ်တောထဲမှပြေးထွက်လာသည် ။
သူက ရပ်လိုက်ပြီး ချက်ချင်းဆိုသလို မတ်တတ်ရပ်၍ သူ့ခြေထောက်ကို မြေကြီးပေါ်သို့ ခပ်ပြင်းပြင်းဆောင့်လိုက်သည် ။
ဗုန်း
စိုစွတ်နေသော မြေကြီးများမှာ ဘေးသို့လွင့်စင်၍သွားသည် ။
တစ်ရာ့တစ်ဆယ်မီတာလောက်အကွာမှပင် ဝမ်ရှစ်မျိုးနွယ်စုသားများသည် မြေကြီး၏တုန်ခါမှုကို ခံစားနိုင်လေသည် ။
ဖူကျီးက မျက်မှောင်ကြုံ့သွားသည် ။
အကြီးတန်းမျိုးနွယ်စုစစ်သည်တော် ၊
ပြီးတော့ ထိုလူက သူ့ထက်မညံ့ပါပေ ။ ဒီလိုအားကြီးသည့် စစ်သည်တော်တွေ ဒီမှာပေါ်လာသည် ။
သူတို့ဘယ်တုန်းက ဒီကို ရောက်လာကြသလဲ။
အခြားသော ပုံရိပ်တော်တော်များများ သစ်တောထဲမှထွက်လာချိန်တွင် သူက အကြီးတန်းစစ်သည်တော်တစ်ယောက် ၊ အငယ်တန်းစစ်သည်တော်တစ်ယောက် နှင့် အဆင့်မြင့်သားရဲတကောင်ကိုမည်သို့ရင်ဆိုင်ရမည်လဲကို စဉ်းစား၍နေသည် ။
ဗုန်း ၊ ဗုန်း ၊ ဗုန်း
လမ်းကြောင်းတခုတည်းကပင် သူတို့အားလုံး ပြေးထွက်လာပြီးချက်ချင်းဆိုသလို မတ်တပ်ရပ်၍ နေကြသည်။ မြေကြီးမှာ အကြိမ်ပေါင်းများစွာတုန်ခါ၍သွားသည် ။
ဝမ်ရှစ်မျိုးနွယ်စုကသူများမှာ သူတို့က အလွန်ထိတ်လန့်သွားကြသည့်အတွက် မြေသည် ဘယ်နှကြိမ်မြောက် တုန်ခါသွားသည်ကိုပင် ရေတွက်ရန် မေ့သွားကြသည်။
ဖူကျီးက မျက်မှောင်ကြုံ့သွားသည် ။
အကြီးတန်းစစ်သည်တော်တစ်ယောက် ၊ နောက်ထပ်အကြီးတန်းစစ်သည်တော်တစ်ယောက် ။
အားလုံးက အကြီးတန်းစစ်သည်တော်များဖြစ်သည် ။
အခု ရောက်လာကြသောသူအားလုံးသည် အကြီးတန်းစစ်သည်တော်များဖြစ်ကြသည်။
ဖူကျီးက သူ့ကျောကုန်းကြွက်သားများ တောင့်တင်းသွားသည်ဟုခံစားရပြီး သူ၏လည်ပင်းကိုပင် လှုပ်ရှားဖို့ ခက်ခဲသွားသည် ။အခြေအနေမှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလာသည် ။
ဝမ်ရှစ်မျိုးနွယ်စုကသူများ အားလုံးမှင်သေနေချိန်တွင် ရှောက်ရွှမ်က မီးတောက်ဦးချိုမျိုးနွယ်စုက စစ်သည်တော်များကို ကြည့်လိုက်လေသည် ။ သူတို့
ဒီနေရာကိုရောက်ကတည်းက သူတို့တောအုပ်ထဲက အကုန်လုံးနီးပါးကို သတ်ပစ်ခဲ့ကြသည်။
ရှောက်ရွှမ်က အခြားသူများနှင့်စကားမပြောပေ ။
ပြောရလျှင် အော့လည်း ဒီမှာရှိနေသည် ။
အော့က ဖူကျီးထက်ပိုပြီး ကြောက်မက်ဖွယ်ကောင်းပြီး သူ့လက်ထဲမှာ လှံတံကိုင်ထားလေသည် ။
ဝှစ်..
အော့၏အရှေ့တွင် မြေကြီးထဲတွင် ခပ်နက်နက် မျဉ်းကြောင်းတစ်ခုပေါ်လာလေသည် ။ ထိုမျဥ်းကြောင်းသည် သူ့လှံတံကြောင့်ဖြစ်လာခြင်း ဖြစ်သည် ။ ၎င်းက နှစ်မီတာအောက် အရှည်ရှိလေသည် ။ သို့သော်လည်း ထိုမြင်ကွင်းကို မြင်ရသည့်သူများ၏အမြင်တွင် ထိုအမြင်ကြောင့်မှာ ပိုရှည်နေ
ပုံ ပေါက်လေသည်။
“ တောထဲဝင်တဲ့ ဘယ်သူ့ကိုဖြစ်ဖြစ် ၊ သတ်ပစ် “
သူ့စကားလုံးတိုင်းသည် စွမ်းအားပြင်းထန်နေလေသည် ။
သားရဲတို့ပျော်စံရာမြေသည် အစည်းအတားတစ်ခုဖြစ်ပြီး သေခြင်းနဲ့ရှင်ခြင်းကြားက အစည်းအတားဖြစ်သည် ။
အော့စကားပြော ပြီးသည့်နောက် သစ်တော၏အပြင်ဘက်တွင်လူအ ယောက် သုံးဆယ်မျှ စီတန်းကြပြီး တစ်ယောက်နဲ့တစ်ယောက်ဆယ်မီတာမျှ အကွာအဝေးရှိလေသည် ။ ဝမ်ရှစ်မျိုးနွယ်စုက လူများထက် အလျားပိုပြီးရှည်ကြလေသည် ။ သို့ပေမယ့် ချက်ချင်းဆိုသလို သူတို့က လူအားလုံးကိုတားဆီးပစ်နိုင်သည် ့ ရှည်လျားမြင့်မားသော နံရံကြီးတစ်ခု တည်ဆောက်လိုက်သည်
နှင့် တူနေသည် ။
သူတို့၏အဝေးမှာတော့ ဝမ်ရှစ်မျိုးနွယ်စုကလူများက မထိန်းနိုင်ကြဘဲ နောက်ကို အနည်းငယ်ခြေလှမ်းများဆုတ်လိုက်မိကြသည်။ မျက်နှာမှာ အလွန်ဖိအားများသည့်ပုံပေါက်နေပြီး သူတို့ကသက်တောင့်သက်သာမခံစားရပါပေ ။
မြေကြီးပေါ်က မျဉ်းကြောင်းကိုစိုက်ကြည့်ပြီး ဝမ်ရှစ်မျိုးနွယ်စုကသူများက အပေါ်ကို မော့ကြည့်လိုက်သည်။ သူတို့မျက်လုံးများကိုမြင်သောအခါ တံတွေးများမျိုချမိကြလေသည် ။ သူတို့က မရင်းနှီးသော နတ်အမှတ်အသားများ နှင့်လူများ၏ကိုယ်ပေါ်တွင် သူတို့ကသွေးနဲ့ဆေးကြောထားသည့်အလား သူတို့ကိုယ်ပေါ်တွင် ခြောက်သွေ့နေသော သွေးစက်များရှိလေသည် ။
သူတို့က သနားညှာတာမဲ့သော အဆင့်မြင့်သားရဲများနှင့်ရင်ဆိုင်ခဲ့ရသည်ဟုပင် ထင်ရလေသည် ။ သူတို့မှာ လက်နက်များရှိကြသော်လည်း သူတို့သည်
ကြောက်ရွံ့နေဆဲပင်ဖြစ်သည်။
ဒီလူများသည် သူတို့မြင်တွေ့နေကြ မျိုးနွယ်စုကလူများနှင့် ကွဲပြားလေသည် ။ သူတို့ စတင်ပြီးမတိုက်ခင် သူတို့ရန်သူ၏ ရုန့်ရင်းကြမ်းတမ်းမှုက သူတို့ကို နောက်ကိုပြန်ဆုတ်ချင်လာစေသည် ။
ဖူကျီးက ပိုပြီးပင်မကျေမနပ် ဖြစ်သွားပုံ ပေါက်သည်။
ဂဏာမငြိမ်ဖြစ်နေသော သူ၏ဘေးက ဝမ်ရှစ်သားရဲကြီးကို ခပ်တင်းတင်းဆွဲလိုက်ပြီး သူ၏မျက်လုံးများ အကြိမ်ကြိမ်မျက်မှောင်ကြုံ့သွားလေသည် ။ ဒီမှာ သူတို့ကို ရန်စဖို့ ရုတ်တရက်ပေါ်လာကြသည့်သူများက သူ့ကို စိတ်တိုအောင်ပြုလုပ်နေသည်။ ဖူကျီးမျက်နှာအမူအရာမှာ ပုံမှန်ထက်ပို၍ပင် ကြောက်စရာကောင်းလာလေသည် ။ ဒေါသတရားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အကြောက်တရားက ဖုံးလွှမ်းသွားသည်။
၎င်းသည် အလိုလိုသိစိတ်ဖြစ်သည်။ သူတို့နှစ်ဖက်လုံးက ယခုအချိန်အထိ မတိုက်ရသေးသော်လည်း ထိုသူများကို အနိုင်ယူနိုင်လိမ့်မည်ဟူသော ယုံကြည်ချက်လုံးဝမရှိပါပေ ။ ဒီလိုမျိုး သူတို့လိုလူတွေ တောထဲမှာ ဘယ်နှစ်ယောက်ရှိနေသေးလဲ ၊ ဘယ်လောက်များများ ရှိနေသေးသလဲ ၊ သူတို့ထဲက ဘယ်လောက်များများပုန်းအောင်းနေကြသေးသလဲ ။ ဖူကျီး၏စိတ်ထဲတွင် ဒီလူများသည်သစ်တောကို ခံစစ်အနေဖြင့် အသုံးပြုရခြင်းမှာ ကံကောင်းသည်ဟုတွေးဆမိလေသည် ။
သူဘာလုပ်ရမှန်းမသိပါသော်လည်း မျိုးနွယ်စုတစ်ခု၏အကြီးအကဲအနေဖြင့် သူနောက်ကိုပြန်မဆုတ်နိုင်ပေ ။ သူ ရှေ့ကိုလည်းဆက်လက်ပြီး မတိုးနိုင်လေရာ သူက ဘာမှကိုမပြောနိုင်ဘဲ ကြောက်ရွံ့မှုကိုသာ ထွက်ပေါ်လာသည် ။ အမျိုးစုံသော စိတ်ခံစားချက်များက တင်းကြပ်သော မျက်နှာအမူအရာများ ဖူကျီးမျက်နှာတွင် ပေါ်လာလေသည် ။
“ မင်းတို့ သစ်တောထဲက ထွက်မလာတာ ကောင်းလိမ့်မယ် “
ထိုသတိပေးစကားကို ပြောပြီးသည့်နောက် ဖူကျီးက ဝမ်ရှစ်သားရဲကို အကြောက်အလန့်မဲ့ ဆွဲလိုက်ကာ သူ့ရဲ့အစွယ်များကို ထုတ်ပြလိုက်ပြီး အော်ဟစ်လိုက်လေသည် ။
“ သွားကြစို့ “
အော့က ထိုလူများနှင့် တိုက်ခိုက်ချင်စိတ်ကို ပြန်ထိန်းထားလိုက်ပြီးသူ၏စိတ်ထဲကနေ သူ့ကိုယ်သူ သတိပေးနေသည်။
“ ခဏစောင့်ဦး ၊ အချိန်မကျသေးဘူး “
ဝမ်ရှစ်မျိုးနွယ်စုကလူများကို စောင့်လိုက်ကြရုံပဲ
ဖြစ်သည်။
ဘိုးဘွားပိုင်မြေက မီးမျိုးစေ့ကို တစ်ဖန်ပြန်လည်စတင်လိုက်သည်နှင့် လေလွင့်သူများက ပြန်လာကြလေသည် ။ သူတို့မှာတည်ငြိမ်သောဘဝတစ်ခုရလာနိုင်ပြီး သူတို့ကလဲ့စားပြန်ချေနိုင်တော့မည်ဖြစ်သည်။
“ ပြန်သွားကြ “
အော့က လူတော်တော်များများကို ပြောလိုက်လေသည် ။
ရှောက်ရွှမ်က ဝမ်ရှစ်မျိုးနွယ်စု၏နေရာကို ကြည့်လိုက်ပြီး ဆီဆာကိုပုတ်လိုက်ကာ ထို့နောက်သားရဲတို့ ပျော်စံရာမြေကို အော့၏နောက်ကလိုက်ဖို့ တစ်ဖက်ပြန်လှည့်လိုက်သည် ။
ထိုအဆင့်မြင့်သားရဲများသည် ဆီဆာကလွဲလျှင် အစမှာအဆုံးတိုင် သူတို့ကို တောထဲမှ ပုန်းအောင်းနေ
သည့်သူများကို ရှာဖွေဖို့ကူညီပေးခဲ့ ပြီး ၎င်းတို့ကို မျိုးနွယ်စု၏အ ရှေ့တွင် ဘယ်သောအခါမှာထုတ်မပြပါပေ ။ သူတို့ကိုမြင်ဖူးကြသည့် ဝမ်ရှစ်မျိုးနွယ်စုကလူများမှာ ဘာမှမပြောနိုင်တော့ပါပေ ။