မီးတွင်းအား အလင်းဆောင်ခြင်း
Vol. 17 Ch. 246
ရှောက်ရွှမ် ဘိုးဘွားပိုင်မြေကို အော့နဲ့အခြားသူများနှင့်အတူ ရောက်သွားသောအခါ ကျိုးပဲ့နေသောကျောက်တုံးများနှင့်အမှိုက်များကို အဝေးသို့လွှင့်ပစ်ပြီးသည်ကို သူတို့တွေ့ကြရလေသည် ။ပေါင်းပင်များကိုလည်း ဖယ်ရှားပြီး ပတ်ပတ်လည် သစ်တောထဲမှာရှိသည့် အန္တရာယ်ရှိသည့်အပင်များကိုလည်း ခုတ်ဖြတ်ထားလေသည် ။
သားရဲများသည် အဝေးသို့ထွက်ပြေးသွားကြပြီး မထွက်ပြေးနိုင်သည့်အကောင်များမှာတော့ ချက်စားခံလိုက်ရသည် ။ မီးတွင်းကိုပြန်လည်တည်ဆောက်လိုက်ပြီး သူ၏အရွယ်အစားမှာ မြစ်တဖက်ခြမ်းမှာရှိတုန်းကထက် အရွယ်အစား နှစ်ဆနီးပါးမျှ ရှိလေသည် ။ မီးအရင်းအမြစ်သည် မြေအောက်ထဲတွင်ရှိနေသ၍ မီးတွင်းကိုပြန်လည်တည်ဆောက်၍ ရနိုင်သည် ။
မီးအရင်းအမြစ်မှာ မီးမျိုးစေ့၏တစိတ်တစ်ပိုင်းဖြစ်ပြီး ဘိုးဘွားများက အလျင်အမြန် ထွက်သွားခဲ့ရသည့်အတွက် ချန်ခဲ့ကြခြင်းဖြစ်သည် ။ ဘိုးဘေးများသည် ဤနေရာမှ ရုတ်တရက် သဘာဝဘေးအန္တရာယ်များကြောင့် အမြန် ထွက်ခွာခဲ့ရခြင်းဖြစ်ပြီး သို့ပေမယ့် မထင်ထားခဲ့ဘဲ မျိုးနွယ်စုဟာဤနေရာမှာနှစ်ပေါင်းတစ်ထောင်နီးပါးမျှ ပျောက်ကွယ်၍သွားလေသည် ။ ပြီးခဲ့သောနှစ်များအတွင်းတွင် မီးမျိုးစေ့ကို ဒီနေရာသို့ ပြန်ယူမလာခဲ့နိုင်ပေ ။
အကယ်၍ မီးမျိုးစေ့ကိုအတူယူဆောင်သွားပြီး အောင်အောင်မြင်မြင် ရွှေ့ပြောင်းချင်လျှင် အချိန်အကြာကြီးကြာမည်ဖြစ်သည် ။မြစ်၏အခြားတစ်ဖက်မှာနေတုန်းကဲ့သို့ပင် နတ်ဆေးဆရာသည် အချိန်ပေါင်းများစွာ ပူဇော်ရွတ်ဖတ်၍နေရပြီး မီးမျိုးစေ့ကို မီးတွင်းမှ အောင်အောင်မြင်မြင် မဖယ်ရှားနိုင်ခင် ခွန်အားအများကြီးလိုအပ်လေသည် ။
ကံကောင်းထောက်မစွာ သူတို့ပြန်လာသောအချိန်တွင် မီးမျိုးစေ့မှာ အများအပြားထိခိုက်ခဲ့ခြင်းမျိုးမရှိ
ပါပေ ။ မီးတွင်းသည် ပြန်လည်တည်ဆောက်ပြီးသော်လည်း မီးမျိုးစေ့ကို အထဲကိုမထည့်ရသေးပါပေ ။
နတ်ဆေးဆရာက အားလုံးကို အခမ်းအနား အရင်ဆုံးကျင်းပဖို့ နှင့် အရင်းအမြစ်နဲ့ချိတ်ဆက်သွားဖို့ အတွင်းထဲသို့ မီးမျိုးစေ့ကိုထည့်မည့်အကြောင်း ပြောလိုက်သည် ။
မီးတွင်းအနီးမှ လူများသည် အိမ်များတည်ဆောက်ဖို့အတွက် အချို့သောအပင်များကို ခုတ်လှဲ၍နေကြသည်။ ခွန်အားကြီးမားသောမျိုးနွယ်စုစစ်သည်တော်များက ကျောက်တုံးများကိုသယ်ဆောင်ပေးကြသည် ။ နတ်ဆေးဆရာကတော့ လှည်းထဲမှာပဲ နေလေသည် ။ ရှောက်ရွှမ်ပြန်လာသောအခါ ကွေ့ဇယ်က လှည်းပေါ်ကနေခုန်ဆင်းလိုက်ပြီး သေချာလှီးဖြတ်ထားသော ဆေးပင်များကို ကိုင်ထားလေသည် ။
“ ဘာဖြစ်လို့လဲ “
ရှောက်ရွှမ်က လှည်းကိုလှည့်ကြည့်လိုက်ပြီး ကွေ့ဇယ့်ကိုမေးလေသည် ။
“ နတ်ဆေးဆရာ စိတ်အခြေအနေမကောင်းဘူး “
ကွေ့ဇယ်က သက်ပြင်းချလေသည် ။
သူတို့နောက်ဆုံးတော့ ပြန်လာနိုင်ခဲ့လေပြီ ။ သို့သော်လည်း သူတို့ကဘိုးဘွားပိုင်မြေသည် ဖျက်ဆီးခံထားရသည်ကို တွေ့လိုက်ရလေသည် ။ ထိုကြောင့် သူ မကျေမနပ်ဖြစ်နေခြင်းဖြစ်သည် ။ ထိုနောက်မှာ နတ်ဆေးဆရာအနေနဲ့ လက်ဆင့်ကမ်းကြာသည့် နတ်ဆေးဆရာကျမ်းတွင် သူမြင်တွေ့ရသမျှနဲ့သူခံစားရသမျှကို ချရေးလေ့ရှိကြသည် ။
ရှောက်ရွှမ်က လှည်းတံခါးဝကို ခေါက်လိုက်လေသည် ။
“ ဝင်ခဲ့ “
အသံမှာ သူ၏စိတ်အခြေအနေကို ဖော်ပြနေသည် ။ ဒီတော့အဓိပ္ပာယ်က ထိုလူအိုကြီးမပျော်ရွှင်ဘူးဟူ၍ဖြစ်သည်။ သူမျှော်လင့်ထားသည့်အတိုင်းပင် သူဝင်လာသောအခါ သူက နတ်ဆေးဆရာသားရေစာလိပ်ကျမ်းပေါ်တွင် တစ်ခုခုရေးနေသည်ကိုတွေ့လိုက်ရသည်။
“ ဘာဖြစ်တာလဲ “
နတ်ဆေးဆရာက ခေါင်းကို မော့မလာဘဲနှင့် မေးလိုက်လေသည် ။
ရှောက်ရွှမ်က သူ့ကို အခြေအနေကိုသေချာပြောပြသည် ။
“ အော့ လုပ်ခဲ့တာမှန်တယ်။ ငါတို့အချိန်လိုသေးတယ် “
နတ်ဆေးဆရာက ပြောလေသည် ။
ထို့နောက် မေးလိုက်လေသည် ။
“ မင်း ဆင်တူတဲ့ကျောက်တိုင်တွေ လုပ်နိုင်လား “
“ ရပါတယ် ၊ ဒါပေမဲ့ အချိန်တော့ကြာလိမ့်မယ် ၊ ဒီလိုကျောက်တုံးကောင်းတွေကိုရှာဖို့ မလွယ်သလို ဒါတွေကိုထွင်းဖို့လည်း အချိန်တစ်ခုထိလိုလိမ့်မယ်။ ကျွန်တော် အခုသွားရှာသင့်ပြီလား “
ကျိုးပဲ့နေသော ကျောက်တိုင်များကို ကြည့်ကာ ရှောက်ရွှမ်ကမကျေမနပ်ဖြစ်သွားသည် ။ ပြီးခဲ့သောနှစ်နှစ်က အထိမ်းအမှတ်တစ်ခုအနေဖြင့် သတ်မှတ်ပြီးတော့ ထိုကျောက်တိုင်များအနီး တခါမျှရှောက်ရွှမ် ထိုင်ခဲ့သေးသည် ။
နတ်ဆေးဆရာသည် သူ့ခေါင်းကိုခါလိုက်ပြီး ပြော
လေသည် ။
“ မဟုတ်ဘူး ၊ စောင့်ဦး ၊
မင်း ဒါကိုမီးမျိုးစေ့ကို မီးတွင်းထဲကို နေရာချပြီးမှ မင်းလုပ်သင့်တယ် ၊ ပထမဆုံးအနေနဲ့ မျိုးနွယ်စုက ဒီနေရာကိုပြန်လာကြမယ့်လေလွင့်သူတွေကို သွားပြီးတော့ တွေ့ဆုံရဦးမယ် “
မီးမျိုးစေ့သည် ဘိုးဘွားပိုင်မြေတွင် နောက်တစ်ခါ တောက်ပလာလျှင် လေလွင့်သူများလည်း ပြန်လာကြပေလိမ့်မည် ။
ဒါက လောင်ဟယ် ရှောက်ရွှမ်ကိုပြောခဲ့သည့်အရာဖြစ်သည် ။
“ ရိုးရာအခမ်းအနားကို ဘယ်အချိန်ကျင်းပမှာလဲ “
ရှောက်ရွှမ်က မေးလိုက်သည်။
“ မနက်ဖြန်ညနေပိုင်း “
၎င်းသည် အချိန်ကျ ပြီဖြစ်ပြီး အားလုံးက သူတို့အရင်က ပြုလုပ်ခဲ့ကြသည့်အတိုင်း အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ကြမည်ဖြစ်သည်။ သူတို့က သူတို့ကိုယ်နှင့်အဝတ်အစားများ အပေါ် ကသွေးစက်တွေများကို ရေနှင့်ဆေးကြောပစ်ပြီး သူတို့ရိုးရာအခမ်းအနားဝတ်စုံများကို ဝတ်ဆင်ရမည်ဖြစ်သည် ။
သို့ပေမဲ့ ယခုအချိန်တွင် သူတို့က အချို့အဆင့်များကျော်လိုက်ကြပြီး နှစ်အစမှာပြုလုပ်ကြသည့် အခမ်းအနားကဲ့သို့ ကြိုတင်ပြင်ဆင်မှုများ အများကြီးမပြုလုပ်ကြပါပေ ။ သူတို့က မီးတွင်းထဲမှမီးမျိုးစေ့၏ အလင်းရောင်ထွန်းလင်းခြင်းအတွက်သာကြိုတင်ပြင်ဆင်ကြလေသည် ။
နောက်တစ်နေ့ညနေတွင်...
သန့်စင် ပြီးကြသည့်နောက် မီးတောက်ဦးချိုမျိုးနွယ်စုကသူများနှင့် အဖွဲ့ကိုနောက်ပိုင်းမှာ ပူးပေါင်းလာကြသည့် လေလွင့်သူများအပါအဝင် အားလုံးတို့သည် မီးပုံ၏ပတ်ပတ်လည်တွင် သူတို့၏ရိုးရာအဝတ်အစားများကိုဝတ်ဆင်ကာ စုဝေးနေကြလေသည် ။ အခြားသောမျိုးနွယ်စုများမှ လေလွင့်သူများကလည်း အနီးအနားတွင် ရပ်နေကြပြီး သူတို့နဲ့အတူ ပါဝင်ခြင်းတော့မရှိပေ။
အခမ်းအနားတွင် အရေးကြီးသောသူများက မီးပုံနှင့်ပို့၍နီးသောနေရာတွင် ရပ်ကြရလေသည် ။ ဘိုးဘွားပိုင်မြေတွင်လည်း သူတို့ကထိုးစည်းကမ်းကို လိုက်နာကြလေသည် ။ ရှောက်ရွှမ်က မီးပုံ၏အနီးတွင်အနီးစပ်ဆုံးနေရသည့်သူများထဲမှာ တစ်ယောက်တည်းသော အလယ်တန်းစစ်သည်တော်တစ်ယောက်ဖြစ်သည်။
မီးမျိုးစေ့ကို တင်ထားသည့်လှည်းကို ဘေးတွင်ထား
ပြီး သူတို့အားလုံးက ငြိမ်သက်သွားကြကာ တည်ကြည်လေးနက်သွားကြသည် ။
သူတို့၏ခပ်လှမ်းလှမ်းမှာ ရပ်နေကြသော လေလွင့်သူများသည်
၎င်းတို့ကိုစိုက်ကြည့်နေပြီး ဘာတစ်ခုမှ မပြောရဲကြပါပေ ။
ဒီနေရာမှာ သူတို့နေထိုင်ခဲ့ကြသော တောင်ပေါ်ကနေရာနဲ့ ကွဲပြားလေသည် ။ သူတို့က ယခုတောင်ပေါ်တွင် မဟုတ်ကြပေ။ ပတ်ပတ်လည်ကို ကြည့်လိုက်လျှင် သူတို့ဟာ ခပ်လှမ်းလှမ်းက တောင်များကိုမြင်ရပြီး သူတို့ကတော့ နိမ့်ပါးကာ အပင်များဖြင့်ဝန်းရံနေသည့် သတိထားမိဖို့ မလွယ်သောနေရာတွင် နေကြလေသည် ။
အားလုံးက တိတ်ဆိတ်နေကြပြီး နတ်ဆေးဆရာက လှည်းထဲမှ ဖြေးဖြေးချင်း ဆင်းလာလေသည် ။ ထိုခဏတွင် သူက လှည်းထဲမှ သူ့လက်ထဲတွင်
မီးတောက်ကလေးကို ကိုင်ကာ ဆင်းလာခဲ့လေသည် ။ မီးတောက်လေးရဲ့အရွယ်အစားမှာ နှစ်ဆမျှဖြစ်သွားပြီးသူ၏လက်ထဲတွင် အလျှံတညီးညီးတောက်လောင်နေပြီ ဖြစ်သည် ။
နတ်ဆေးဆရာက မီးဖိုကြီး၏အနားကို ဖြည်းဖြည်းချင်း ကပ်လာလေသည် ။ အခြားမီး တောက်တစ်ခုကလည်း မီးဖိုကြီးထဲမှာတောက်လောင်၍ လာသည် ။ မီးလမ်းကြောင်း ခြောက်ကြောင်းမှာ မတူညီသောဦးတည်ရာများသို့ အလယ်အူတိုင်မှသည် မီးတောက်များ ဆန့်ထွက်လာလေသည် ။ မီးလမ်းကြောင်းတခုစီတိုင်းက ပတ်ဝန်းကျင်သို့ လူအုပ်ကြားထဲတွင် တစ်ခါတည်း ပျံ့နှံ့၍သွားသည်။
နတ်ဆေးဆရာက အနီးကပ်လာလေ မီးဖိုကြီးထဲမှ မီးတောက်မှာ ပို၍လင်းလာလေပြီး မီးလမ်းကြောင်းခြောက်ခုမှာ ပိုကြီးလာသည်။
နတ်ဆေးဆရာက မီးဖိုကြီးဆီလမ်းလျှောက်သွားပြီး မီးမျိုးစေ့ကို အလယ်တွင်ထားလိုက်သည် ။
မီးတောက်သည် ကောင်းကင်အထိ မြင့်တက်သွားပြီး တာဝါတိုင်အမြင့်ကြီးကဲ့သို့ မိုးသို့ထိုးနေသည် ။ ထိုသို့ အမှောင်ညတွင် ၎င်းမှာအလွန်သတိထားမိနိုင်စရာ ဖြစ်လေသည် ။
မီးဖိုကြီးမှ ပြန်လာပြီးနောက် နတ်ဆေးဆရာက အခြားသူများနှင့်အတူတကွ ဆုတောင်းသမှုပြုဖို့ အခြားသူများနှင့် အတူ ဒူးထောက်လိုက်ကြပြီး အလင်းများကို ကြိုဆိုလိုက်ကြသည် ။
မီးဖိုကြီးထဲတွင် မီး ကျောက်တိုင်များက တဖြည်းဖြည်းပို၍ထူလာပြီး မီးတွင်းတစ်ခုလုံးဆီသို့ ပျံ့နှံ့နေသွားလေသည် ။ အလျှံတညီးညီးတောက်လောင်နေသော မီးတောက်များမှာ တောင်ပေါ်တွင် အကွာအဝေးတစ်ခုအထိ မီးရောင်တောက်ပနေသည် ။
ထို့ပြင် မီးတောက်များမှာ ဦးတည်ရာ ခြောက်ဖက်သို့ မီးလမ်းကြောင်းအတိုင်း ပျံ့နှံ၍သွားလေသည် ။
မီးလမ်းကြောင်းတစ်ခုချင်းစီတိုင်းမှာ ဝေးသောနေရာများကို မီးများပျံ့နှံ့သွားစေရန် ကူညီပေးနေသည့် စနက်တံကြိုးများနှင့် တူညီလေသည် ။ မြေပေါ်က မီးလမ်းကြောင်းကနေတက်လာသောမီးတောက်များသည် ကောင်းကင်ဘုံကို ခြောက်ပိုင်း ပိုင်းပစ်မည့် အလွန် အားကြီးသောစစ်သည်တော်များနှင့်ပင် အလားသဏ္ဍာန်တူနေလေသည် ။ မြင်ကွင်းတခုလုံးမှာ အလွန်လွမ်းမိုးသည့်ပုံပေါက်ပြီး ဖော်ပြစရာစကားလုံးမရှိပါပေ ။
အစွန်ဘက်က လေလွင့်သူများသည် သူတို့၏ ကိုယ်လုံးများတုန်ယင်နေသည်ကို ခံစားရပြီး သူတို့က အလွန်ပင် အံ့သြ ထိတ်လန့်နေကြသည် ။ လေထုမှာ သူတို့ကိုကြောက်ရွံစေပြီး ထိုကဲ့သို့ မြင်ကွင်းမျိုး တစ်ခါမှမမြင်ဖူးခဲ့ပေ။
၎င်းသည် မီးမျိုးစေ့၏ စွမ်းအင်ဖြစ်ပြီး အလွန်အံ့သြဖွယ်ကောင်းလှသည် ။
ထိုကဲ့သို့သော မီးမျိုးစေ့ကသာလျှင် အဆင့်မြင့်သားရဲများကိုအဝေးသို့ မောင်းထုတ်နိုင်လေသည် ။
ထိုကဲ့သို့သော မီးမျိုးစေ့ကသာလျှင် သူတို့ကို ဒီတောအုပ်ထဲတွင်ကာကွယ်ပေးနိုင်ပြီး ဒီနေရာတွင် အခြေချနေနိုင်အောင်ပြုလုပ်ပေးနိုင်သည် ။
ရှောက်ရွှမ်က သူ့အကြည်ကို မီးဖိုကြီးထဲက မီးမျိုးစေ့၏အံ့သြစရာကောင်းသော ပြောင်းလဲမှုအပေါ်တွင် စူးစိုက်ထားလေသည် ။
သူ့ကိုယ်လုံးထဲမှ မျိုးနွယ်စုနတ်စွမ်းအင်သည်လည်း တဖြည်းဖြည်းတက်ကြွလာသည်ကို သူခံစားမိပြီး မီးတောက်မီးလျှံများနှင့်အတူလှုပ်ရှား၍နေသည် ။
သူ့စိတ်ထဲက မီးလျှံမှာ အရင်က အခြေအမြစ်မရှိဘဲ
လေထဲမှာ ပေါလောမြောနေသကဲ့သို့ ဖြစ်ပေမဲ့ ယခု အခြေ ခိုင်မာပြီး အထောက်အပံ့ရှိနေပြီ ဖြစ်သည် ။ ၎င်းမှာ တည်ငြိမ်ပြီး တဖြည်းဖြည်း ကြီးလာလေသည် ။
မီးမျိုးစေ့မှာ မီးအရင်းအမြစ်နှင့်ချိတ်ဆက်ပြီးကတည်းက ရှောက်ရွှမ်က အလွန်စိတ်လှုပ်ရှားကာ စွမ်းအင်များပြည့်ဝနေသည် ။ သူ့စိတ်ထဲမှ နတ်စွမ်းအင်များ နိုးကြလာပြီး သူ့မွေးညှင်းပေါက်များကပင် စိမ့်ထွက်လာတော့မလိုခံစားရလေသည် ။ သူ့ကိုယ်ပေါ်က နတ်စွမ်းအင်အမှတ်အသားများ ပိုမိုရှင်းလင်းလာသည် ။
သူ့ နှလုံးသားမှာ အလွန်လျင်မြန်စွာအားကောင်းကောင်းဖြင့် ခူန်၍နေပြီး သူ့သွေးများလည်း ဆူပွက်လာသည် ။ သူက သူ့စိတ်လှုပ်ရှားမှုကို ဆက်မထိန်းနိုင်တော့ပေ ။
“ အား “
အော့က မြေပေါ်မှာ ဆက်ဒူးထောက်နေလေသည် ။ သို့ပေမယ့် သူ့ကိုယ်အပေါ်ပိုင်းမှာ မတ်မတ်ရပ်ထားလေသည် ။ သူက သူ့မျက်နှာကိုမော့လိုက်ပြီး သူထိပ်ဖျားအထိ သေချာမမြင်နိုင်သည့် မီးမျှော်စင်ကို ကြည့်လိုက်သည် ။
သူက တခုခုကို ခေါ်နေသည့်ပုံ သို့မဟုတ် သူ့စိတ်ခံစားချက်များ ထုတ်လွှတ်နေပုံရလေသည် ။
သူ့၏ နိုးကြားလာသော နတ်စွမ်းအင်များမှ သူ့သွေးများ ဆူပွက်ကာ သူ့အရေပြားများကို ဖောက်ထွက်လာသလိုခံစားရလေသည် ။
သူတို့ကိုယ်ပေါ်က ရိုးရာအဝတ်အစားများမှာ မီးတောက်၏အရောင်ကို အလင်းပြန်နေပြီး အနီးက မျိုးနွယ်စုစစ်သည်တော်များကို လေစီးကြောင်းလေးတစ်ခု ဖြတ်သန်း၍သွားသည် ။
မြေပေါ်က သူ့ခြေထောက်များသည် လေစီးကြောင်းအပေါ်သက်ရောက်မှု ရှိလေသည် ။ ကျိုးပဲ့နေသော ကျောက်တုံးများ နှင့် ဖုန်မှုန့်များမှာ လေထဲလွင့်ပျံသွားသည် ။ လွင့်ပျံနေသော ဖုန်မှုန့်များမှာ မီးတောက်များ ဝါးမြိုခြင်းခံရလေသည် ။
အော့ နောက်တွင် အဖွဲ့ခေါင်းဆောင်များ ၊ အသင်းခေါင်းဆောင်မျ နှင့် အခြားစစ်သည်တော်များအားလုံးက အော်ဟစ်လိုက်ကြသည် ။
သူတို့အသံများ တောထဲမှာ ပဲ့တင်ရိုက်နေပြီး မီးကိုပိုထွန်းလင်း၍ လာလေသည် ။
သူတို့က ဒီလောက်ဂုဏ်ယူရခြင်းမျိုး မရှိပါပေ ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်အားလုံးက မျိုးနွယ်စုဝင်ဖြစ်ရခြင်းကို ဂုဏ်ယူရသည်ဟု ခံစားရလေသည် ။ လွန်ခဲ့သော နှစ်တစ်ထောင်နီးပါးက ဂုဏ်ကျက်သရေများ ပြန်လည်ထွန်းလင်းခဲ့သည် ။
သူတို့က သူတို့သွေးကြောများ ၊ ကြွက်သားများ နှသ့် အရိုးများကို အတူတူအလုပ်လုပ်လာစေနိုင်သော မမြင်နိုင်သည့် စွမ်းအင်ကိုခံစားမိလိုက်ကြသည် ။ သူတို့အားလုံး၏ စိတ်ဝိညာဥ်များအတူစုဝေး၍နေသည် ။
ရှောက်ရွှမ်က မီးဖိုကြီးကို ကြည့်နေပြီး သူ့အနားက အော်သံများကိုကြားရလေသည် ။ သူ့မျက်လုံးများမှာ သူ့ကျေနပ်မှုများပေါ်လွင်နေပြီး သူက သူ့စိတ်လှုပ်ရှားမှုကို မျှဝေဖို့ရာ သူ သူတို့ကို အော်ဟစ်လိုက်သည် ။
နတ်ဆေးဆရာက မီးမျိုးစေ့နှင့် မီးတွင်းထဲက မီးတောက်များကို ကြည့်နေသည် ။ သူက ရင်းနှီးနေသော ဦးချိုနှစ်ခု နတ်အမှတ်အသားကို မြင်လိုက်ရပြီး သူ့မျက်လုံးထဲတွင် မျက်ရည်ဝဲ၍ လာလေသည် ။
ငါတို့သည် စွမ်းအားကြီးကြလေသည် ။ ငါတို့ ဘယ်တော့မှ ပျောက်ကွယ်မသွားပေ ။ ငါတို့မှာ
အနည်းငယ်နောက်ကျနေပေမဲ့ ဂုဏ်သိက္ခာ ရှိနေကြသေးသည် ။
တစ်ချိန်တည်းမှာ ဝမ်ရှစ်မျိုးနွယ်စုတွင်..
ဝမ်ရှစ်မျိုးနွယ်စု အကြီးအကဲ ဖူကျီး နှင့် နတ်ဆေးဆရာတို့က သူတို့၏ တုန်ခါနေသော မီးမျိုးစေ့ကို ကြည့်နေကြပြီး စိတ်ပျက်နေပုံပေါက်လေသည် ။ ဝမ်ရှစ်မျိုးနွယ်စုက သူများအပြင် အခြားမျိုးနွယ်စုများ အထူးသဖြင့် ဗဟိုဒေသမှ မျိုးနွယ်စုကြီးများလည်း အလားတူခံစားနေရလေသည် ။
သူတို့၏မီးတွင်းထဲက မီးမျိုးစေ့မှာ စွမ်းအားကြီးလှသော မီးမျိုးစေ့ကြောင့် တုန်ခါလာသည် ။
ဘယ်တစ်ခုကြောင့်လဲ ၊
ဗဟိုဒေသတွင် စွမ်းအားကြီးမျိုးနွယ်စုအချို့အပြင် အခြားဘယ်သူက ဒီလိုလုပ်နိုင်ပါသလဲ ၊
အများအပြားက ထိုသို့ တွေးနေကြလေသည် ။
သားရဲတို့ပျော်စံရာမြေ၏ အဝေးတစ်နေရာမှ မန်မျိုးနွယ်စု၏ နတ်ဆေးဆရာသည် ကုန်းမြင့်ပေါ်တွင် မတ်တပ်ရပ်နေလေသည်။ ကျယ်ပြောလှသော အစိမ်းရောင်တောအုပ်ကြီးနှင့် တနေရာသို့ ဦးတည်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ ပြုံးလေသည် ။
“ ဒီအရိုင်းအစိုင်းတွေ တကယ်ပြန်လာပြီပေါ့ “
ကျယ်ပြန့်သော ကုန်းမြေမြင့်ပေါ်က ဖုန်မျိုးနွယ်စုတွင်...
လောင်ဟယ်က သူ၏ အလွန်ထင်ရှားလာသော နတ်
အမှတ်အသားများကို ကြည့်လိုက်လေသည် ။ သူ့၏ ခြောက်သွေ့ကာ အရေးအကြောင်းများ ပြည့်နေသော မျက်နှာမှာ တုန်ရီနေသည် ။ သူက တနေရာသို့ ကြည့်နေလိုက်ပြီး ဒူးထောက်ချလိုက်လေသည် ။ မျက်ရည်များက မြက်ပင်များထဲသို့ ကျဆင်းသွားပြီး မြေထဲသို့ကျဆင်း၍သွားလေသည် ။
ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် နောက်ဆုံးတော့ သူတို့မျိုးနွယ်စု အပြန်ကို သူမြင်တွေ့ခွင့်ရလေပြီဖြစ်သည် ။
လောင်ဟယ်က သူ့ဇနီးနဲ့ မြေးကို မြေပေါ်ဒူးထောက်ချဖို့ ပြောလိုက်သည် ။ အချိန်တစ်ခုကြာပြီးနောက် သူ ထလိုက်သောအခါ သူ့နတ်အမှတ်အသားများ တဖြည်းဖြည်းပျောက်ကွယ်သွားလေသည် ။
သူ့ဇနီးက သူ့ကို မတ်တပ်ရပ်ဖို့ ကူညီပေးဟန်ပြင်လိုက်ပေမဲ့ သူကတွန်းလိုက်လေသည် ။ လောင်ဟယ့်က အလွန်စွမ်းအင်ပြည့်ဝသွားပြီး အားအင်ပြည့်ဝ
သွားသည်။ သူက မျိုးနွယ်စုစစ်သည်တော်များနှင့်ယှဥ်ရင် ညံ့ဖျင်းသော်လည်း သူက ယခု အလွန်သန်မာလာလေပြီး လေးလံသောရေပုံးများကိုပင် မ နိုင်သွားလေသည် ။
လောင်ဟယ် အလွန်စိတ်လှုပ်ရှားကာ တစ်ကိုယ်လုံးတုန်ယင်နေသည်ကို မြင်ရသည်တွင် သူက စိုးရိမ်ပူပင်စွာနဲ့ မေးလိုက်လေသည် ။
“ ဘယ်လို ခံစားရလို့လဲ “
လောင်ဟယ်က ခါးကို ပြန်ဆန့်လိုက်ပြီး အလွန်အရပ်ရှည်လာသည့် သူ့မြေးငယ်လေးကို ကိုင်ကာ ခိုင်ခိုင်မာမာပြောလိုက်သည် ။
“ ငါ ဗိုက်ဆာတယ် “
သူ့ဇနီး “... “
“ ပစ္စည်းတွေ သိမ်းတော့ ၊ ငါတို့ အိမ်ကိုပြန်ရတော့မယ် “
လောင်ဟယ်က ပြောလေသည် ။ အခြားမျိုးနွယ်စုတွင် ပစ္စည်းများ အလဲအလှယ်လုပ်ကြချိန်၌ သူက မီးတောက်ဦးချိုမျိုးနွယ်စုကလူများကို တွေ့ခဲ့ရလေသည် ။ ထို့နောက် သူတို့က ဘိုးဘွားပိုင်မြေတွင် မီးမျိုးစေ့တဖန်ထွန်းလင်းနေသည့်အကြောင်းကို ပြောပြကြလေသည် ။ သူတို့ အတူတကွ အဖွဲ့တစ်ခုအနေနဲ့ ပြန်ကြမည်ဖြစ်သည် ။