← Chapters

အပြင်ထွက်ခြင်း

Vol. 17 Ch. 247

အပြင်ထွက်ခြင်း

Vol. 17 Ch. 247

မီးမျိုးစေ့ကို ထွန်းညှိလိုက်သော ညနေခင်းတွင် လူဘယ်နှယောက်အိပ်မပျော်ကြသလဲဆိုတာကို မည်သူကမှမသိကြပေ။ သူတို့ကအခြားမျိုးနွယ်စုများ မည်သို့တွေးကြမည်ကို သိလည်းမသိ ၊ တွေးလည်းမတွေးကြပါပေ ။ သူတို့က နတ်ဆေးဆရာနဲ့အကြီးအကဲကသူတို့ကိုလုပ်ခိုင်းသည်ကိုသာ လုပ်ခဲ့ကြခြင်းဖြစ်သည် ။

မီးမျိုးစေ့သည် ဘိုးဘွားပိုင်မြေတွင် တစ်ဖန်ပြန်လည်ထွန်းလင်းလာပြီး သူတို့တစ်ယောက်ချင်းစီတိုင်းမှာလည်း သူတို့၏နတ်စွမ်းအင်များသည် ကောင်းသောအပြောင်းအလဲအနေဖြင့် ခွန်အားများသန်မာလာသည်ကို ခံစားလိုက်ရသည် ။

ထိုညနေတွင် နတ်ဆေးဆရာနဲ့အကြီးအကဲပင်အံ့သြသွားရလောက်အောင် အခြား၇ယောက်ကထပ်မံ၍အကြီးတန်းမျိုးနွယ်စုစစ်သည်အဖြစ်သို့

တိုးတက်ပြောင်းလဲသွားသည် ။ ထို ၇ယောက်သည် လည်း မီးလျှံသလင်းကျောက်များစွမ်းအင်များကို စုပ်ယူကြတုန်းကပင် အဆင့်တက်ခြင်းမရှိခဲ့ပါပေ။ မထင်မှတ်ထားဘဲ သူတို့ယခုအဆင့်တက်သွားကြလေပြီဖြစ်သည်။

သူတို့က ဘိုးဘွားပိုင်မြေသို့ မီးမျိုးစေ့ကို ပြန်လည်ထားခဲ့သည့် ကျေးဇူးကြောင့် ဘိုးဘေးများ၏အိပ်မက်ကို နားလည်သဘောပေါက်ခဲ့ကြသည်ဟု မျိုးနွယ်စုထဲကသူ အများအပြားကပြောကြလေသည် ။ သူကတော့ ပိုပြီးစွမ်းအားကြီးလာသည့်ပုံပေါက်သော်လည်း မီးမျိုးစေ့မှာ မပြည့်စုံသေးဟု ခံစားရလေသည်။

မီးမျိုးစေ့ကို နှစ်ပိုင်းခွဲခြားခဲ့ပြီး တစ်ပိုင်းကသာ ဘိုးဘွားပိုင်မြေတွင် ရှိလေသည် ။ နတ်ဆေးဆရာက သူတို့ကို ထိုအကြောင်းကိုပြောမပြပါပေ။ သူက အခြားတစ်ပိုင်းဘယ်မှာလဲမသိသလို အာရုံလည်း ခံစားမကြည့်နိုင်ပါပေ ။

မနက်စောစောတွင် ရှောက်ရွှမ်က အိပ်ရာထပြီး လောင်ခဲ့အတွက်ပထမဆုံး အိမ်ဆောက်ပေးဖို့ အရင်စီစဉ်လေသည် ။ သို့သော်လည်း သူ အိမ်မဆောက်ခင် နတ်ဆေးဆရာဆီသို့အလည်အပတ်လာဖို့ ဆင့်ခေါ်ခြင်းခံလိုက်ရလေသည် ။

မီးဖိုကြီးအနီးတွင် နတ်ဆေးဆရာအတွက် ဆောက်လုပ်ပေးသော တဝက်တစ် ပြတ်ပြီးနေသည့် ကျောက်တုံးအိမ်တစ်ခုရှိလေသည် ။ သူတို့က အခြားအိမ်များကို နောက်ပိုင်းတွင် ဆောက်နိုင်ပေမယ့် နတ်ဆေးဆရာ၏အဆောက်အဦးမှာ ဦးစားပေးအဖြစ် ဆောင်ရွက်ဖို့လိုသည် ။ ထိုအိမ်ကို ဆောက်နေကြသော စစ်သည်တော်များမှာ တစ်ညလုံးမအိပ်ကြသေးပေ။ သူတို့ကပင်ပန်းနေသည်ဟုလည်း မခံစားရဘဲ သူတို့က အလွန်ပင် စိတ်လှုပ်ရှား၍နေသည် ။

ရှောက်ရွှမ် ထိုနေရာကိုရောက်သွားသောအခါ ထိုနေရာတွင် လူသုံးဆယ်ကျော် ရောက်နှင့်နေပြီးဖြစ်သည်။

“ ဦးလေး မိုင် ၊ ဘာလို့ နတ်ဆေးဆရာက ကျွန်တော်တို့ကို ဒီကိုလာခိုင်းတာလဲ “

ရှောက်ရွှမ်က အသံတိုးတိုးဖြင့်မေးသည် ။

“ လေလွင့်သူတွေကို သွားစုခေါ်ဖို့ပါ “

မိုင်က ပြန်ဖြေလေသည် ။

“ တကယ်လား “

ရှောက်ရွှမ်က နတ်ဆေးဆရာသည် အိမ်တွေအားလုံးဆောက်လုပ်ပြီးသည့်အချိန်မှ ထိုလေလွင့်သူများကို သွားခေါ်ဖို့ လူများစေလွှတ်မည်ဟု ထင်ထားခဲ့သည် ။

သူတို့သည် လေလွင့်သူပေါင်းများစွာနှင့် အတူ

သွားလာနေထိုင်ခဲ့ကြသည့်အတွက် သူတို့၏အားအင်နဲ့စွမ်းအင်များကို ကောင်းကောင်းနားလည်ကြလေသည် ။ သူတို့သည် မျိုးနွယ်စုစစ်သည်တော်များနှင့်ယှဥ်လျှင် နိမ့်ကျသော်လည်း စွမ်းအင်မနိုးထားကြသေးသောသူများထက် ပိုပြီးသန်မာကြသည် ။ နတ်ဆေးဆရာက လေလွင့်သူများကို များနိုင်သမျှ များများ စုဆောင်းနိုင်ရန်မျှော်လင့်ထားသည် ။

ရိုးရာအခမ်းအနားပြီးသည့်နောက် နတ်ဆေးဆရာနှင့်အကြီးအကဲတို့က ထိုအကြောင်းကိုဆွေးနွေးခဲ့ကြပြီး နောက်ဆုံးတွင် သူတို့ကိုသွားခေါ်မည့် စစ်သည်တော်များ၏စာရင်းကို သဘောတူညီချက်ပြုလုပ်လိုက်ကြသည်။

ရှောက်ရွှမ်က ဒီနေရာကိုလာဖို့ ခေါ်ထားခြင်းခံရသည့်သူများကိုကြည့်လိုက်လေသည် ။ သူက သူ၏အမဲလိုက်အဖွဲ့က သူများဖြစ်ကြသည့်အတွက် မိုင်၏ပတ်ပတ်လည်က သူများနှင့်ရင်းနှီးလေသည် ။ သူတို့က အဖွဲ့အနေဖြင့် သွားကြမည့်ပုံပေါက်လေသည် ။

ဒီကိုလာဖို့ခေါ်ထားသည့်သူများ အားလုံး ရောက်ရှိလာကြပြီးဖြစ်သည်။ ထို့နောက် အော့က ဘေးက သစ်သားတိုင်များ၊ကျိုးပဲ့နေသော ကျောက်တုံးများရှိသည့်နေရာကို လာခဲ့ကြဖို့ ခေါ်လိုက်သည် ။

အော့က ကျိုးပဲ့နေသော ကျောက်တုံးများပေါ်သို့ တက်သွားလိုက်ပြီး သူလက်ထဲကသားရေစာလိပ်ကို ဖွင့်လိုက်လေသည် ။ သူက ထိုစာလိပ်ပါ အကြောင်းအရာများကိုပြသဖို့အတွက် သစ်သားတိုင်ထိပ်ဖျားတွင် ၎င်းကို ချိတ်ဆွဲလိုက်လေသည် ။ ၎င်းက ရှောက်ရွှမ် ဆွဲထားသော ရိုးရှင်းသည့်မြေပုံဖြစ်ပြီး ဘိုးဘွားပိုင်မြေသို့ပြန်သည့်လမ်းတလျှောက်တွင် သူရရှိခဲ့သော သတင်းအချက်အလက်များအရ အချက်အလက်အချို့ ထပ်ပေါင်းထားသည် ။

အော့က ပုံတူဆယ်ခု ကူးဆွဲခဲ့လေသည် ။ စစ်သည်တော်ငါးရာနီးပါးမျှ ထိုနေရာသို့လာဖို့ အမိန့်ပေးခံလိုက်ရပြီး အယောက်၅၀စီ တစ်ဖွဲ့ ဖွဲ့ကြလေသည် ။ တဖွဲ့ချင်းစီတိုင်းကို ယခင်က အမဲလိုက်အဖွဲ့

ခေါင်းဆောင်များက မြေပုံတစ်ခုစီဖြင့် ဦးဆောင်ကြမည်ဖြစ်သည် ။

လမ်းကြောင်းများကို ထင်ရှားအောင်အမှတ်အသားပြုထားပြီး အဖွဲ့တစ်ခုချင်းစီတိုင်းက ထိုလမ်းအတိုင်း သွားကြရမည်ဖြစ်သည် ။ အော့က သူတို့အားလုံးအတွက် လုပ်ဆောင်ရမည့်တာဝန်များနှင့် လမ်းကြောင်းများအကြောင်းကို အဖွဲ့တစ်ခုချင်းစီအား သေချာရှင်းပြလေသည် ။ လမ်းကြောင်းတွင် မျိုးနွယ်စုများကို အထူးထင်ရှားအောင်ပြုလုပ်ထားသည် ။ တချို့တလေလွဲသွားလျှင်ပင် အရေးကြီးဆုံးအရာများကိုတော့ မှတ်သား၍ထားလေသည် ။

“ အားရွှမ် ၊ မင်းက မိုင်နဲ့အခြားသူတွေနဲ့သွား ၊ သူတို့ကို မြက်ခင်းလွင်ပြင်ဒေသက လေလွင့်သူတွေကို ခေါ်ဖို့ ခေါ်သွားလိုက် ၊ မင်းကဒီနေရာကို ရောက်ဖူးတော့ အဲဒီနေရာနဲ့ ပိုပြီးရင်းနှီးမှာပါ “

အော့က ပြောလိုက်သည်။

“ ကောင်းပါပြီ “

ရှောက်ရွှမ်က တောင်ထိပ်ပေါ်တွင် အမဲလိုက်သီချင်းကို ဆိုနေသောလူအိုကြီး၏အကြောင်းကို တွေးမိလိုက်သည်။ သူက မြက်ခင်းလွင်ပြင်ဒေသက လေလွင့်သူများ စထွက်ကြပြီလားနှင့် သူတို့ဘယ်အချိန်မှာဆုံကြမည်လဲကိုသိချင်မိနေသည်။

သူတို့၏တာဝန်များကို ပြောကြားပြီးသည့်နောက် အော့က သူတို့ကိုသူတို့၏ခရီးအတွက် ပြင်ဆင်ကြဖို့ ပြန်လွှတ်လိုက်လေသည် ။ သူတို့ မနက်ဖြန်တွင် စတင်ထွက်ခွာရမည်ဖြစ်သည်။ အော့ကသူတို့ကိုတစ်ခုခုပြောစရာရှိသည့်အတွက် အဖွဲ့ခေါင်းဆောင်ဆယ်ယောက်မှာတော့ ထိုနေရာတွင် နေကျန်ရစ်ခဲ့ရသည် ။ သူတို့အပြင်ကိုထွက်ကြသည့်အခါတွင် အဖွဲ့ခေါင်းဆောင်များမှာ သူတို့၏အဖွဲ့ အတွက် တာဝန်ရှိသူများဖြစ်ပြီး သူတို့ကပိုပြီးသိဖို့လိုအပ်လေသည် ။

ထိုနေရာတွင် အချိန်ခဏရှိခဲ့ပေးသည်နောက် သူတို့က ထိုနေရာတွင်နေထိုင်ရခြင်းကို အသားမကျသေးပါပေ ။ သူတို့ အပြင်ထွက်ကြသည့်အခါတွင် သူတို့က အမဲလိုက်ခြင်းကိုသာ အာရုံစူးစိုက်မိအောင်ကြိုးစားလေ့ရှိကြသည်။ သို့သော်လည်း လူများသည် အဆင့်မြင့်သားရဲများထက် ပိုပြီးအန္တရာယ်များသည့်အတွက် သူတို့သတိထားနေဖို့ လိုအပ်လေသည် ။ တစ်ချိန်တည်းမှာပင် သူတို့သည် စည်းမျဉ်းအသစ်များကို အသားကျအောင် ကြိုးစားရလေသည် ။

“ အားရွှမ် ၊ မင်းလည်းဒီမှာနေခဲ့ “

အော့က ပြောလေသည် ။ အော့က ထိုနေရာကအခြေအနေများကို ရှောက်ရွှမ်လောက်အများကြီးမသိပါပေ ။

ပြောရလျှင် ရှောက်ရွှမ်လည်းအများကြီးမသိဘဲ သူက အများကြီးကြားသိခဲ့ရခြင်းသာဖြစ်ပြီး ၎င်းမှကောက်နှုတ်ချက်တချို့ချထားခြင်းဖြစ်သည် ။ သူ့

ကို ယန်ဆွေပြောပြသည့်အရာများအရ သူက မျိုးနွယ်စုအမျိုးမျိုးကြားကဆက်ဆံရေးနှင့် နာမည်ကြီးသော ကိစ္စများကိုသာ သူမှန်းဆနိုင်လေသည် ။

အဖွဲ့ခေါင်းဆောင်များကို စကားပြောပြီးသည့်နောက် အော့က အဖွဲ့ခေါင်းဆောင်များကို ထွက်ခွာခွင့်ပေးလိုက်သည်။ ရှောက်ရွှမ်က ထိုနေရာတွင် ကျန်နေခဲ့သေးသည် ။

“ တခြားတစ်ခုခုရှိသေးလို့လား “

အော့က တွေဝေစွာမေးလိုက်သည်။

“ ကျွန်တော်က မြင်း၊နွားတို့ ၊ ဆိတ်တို့လိုမျိုး အသက်ရှိတဲ့ကုန်ပစ္စည်းတွေများ ကျွန်တော်တို့လဲနိုင်မလားလို့ တွေးနေတာပါ ၊လုမျိုးနွယ်စုမှာဆိုလျှင် ဒီလို သက်ရှိကုန်ပစ္စည်းတွေ ရှိကြတယ်။ ဒါပေမဲ့ အဲဒီမှာရှိတဲ့ မျိုးစိတ်တွေက ပိုပြီးသင့်တော်တယ်လို့ကျွန်တော်တွေးမိတယ် “

အော့၏မျက်လုံးများ အရောင်လက်သွားပြီး ခေါင်းညိတ်ကာ ပြောလေသည် ။

“ ဟုတ်တယ် ၊ ငါတို့ သက်ရှိကုန်ပစ္စည်းတွေ ပိုပြီးမွေးမြူဖို့လိုအပ်တယ် “

ထိုနေရာတွင် လူတွေပို၍ပို၍များလာမည်ဖြစ်ရာ အခြေအနေများမှာရှုပ်ထွေးသည့်အတွက် အမဲလိုက်ခြင်းတစ်ခုတည်းအပေါ်တွင် မှီခိုအားထား၍မနေသင့်ပေ။ ထပ်ပေါင်းပြောရလျှင် စွမ်းအင်နိုးထလာသူများလည်း ပို၍ပို၍များလာမည်ဖြစ်သည်။ မီးတောက်ဦးချိုများမျိုးနွယ်စု၏ လေလွင့်သူများအရေအတွက်နှင့် အခြားမျိုးနွယ်စု၏လေလွင့်သူများအရေအတွက်မှာ တိုးပွားလာလိမ့်မည် ။ အော့က သူတို့ကို မည်သို့နေရာချရမည်နည်းဟူ၍ တွေးနေပြီး သူတို့ ဒီနေရာမှာနေသည့်အခါ သူတို့ကို မျိုးနွယ်စုအတွက် အကျိုးပြုဖို့ ပြုလုပ်ခိုင်းမည့်အကြောင်းတွေးနေသည် ။

အော့က အခြားခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့သည့်အတိုင်း ထိုလူများသည် တိရစ္ဆာန်များကိုမွေးမြူခြင်း၊အပင်စိုက်ပျိုးခြင်းများအတွက် တာဝန်ယူသင့်ပေသည် ။သူတို့သည် အမဲလိုက်မသွားနိုင်သော်လည်း သူတို့က တိရစ္ဆာန်များကိုမွေးမြူပြီး အပင်များစိုက်ပျိုးနိုင်သေးသည် ။ မြစ်အခြားတစ်ဖက်တွင် မည်သို့ အိုးပြုလုပ်ရမည်ကိုသင်ကြားခဲ့သည့်သူများက စတင်၍ပြုလုပ်နေကြပြီး ထိုသို့ပြုလုပ်ရာတွင်လည်း အောင်မြင်လာကြသည်။ အခြားသူများကတော့ အခြားတစ်ခုကို ပြုလုပ်နေကြသည်။

သားရဲအရိုင်းများကို ယဥ်ပါးအောင်ပြုလုပ်ရသည်မှာ အချိန်ကြာမြင့်ပြီး ထိုသို့ယဥ်ပါးပြီးသား သားရဲများကို အလဲအလှယ်ပြုလုပ်ခြင်းက အချိန်ကုန်လူပန်းသက်သာစေသည် ။

“ မင်းပြောတာ မှန်တယ်။ ငါလက်ခံတယ်။ သွားလို့ရပြီ “

အော့က အမိန့်ပေးလိုက်သည် ။ သို့ပေမယ့် ရှောက်ရွှမ်က မလှုပ်ရှားပါပေ ။

အော့က ခဏလောက် စောင့်ကြည့်လိုက်သည် ။ သူက ရှောက်ရွှမ်ထိုနေရာမှာရပ်နေသည်ကို တွေ့ရသည့်အခါ သူ့ခေါင်းကို မော့ပြီး မေးလိုက်လေသည် ။

“ တခြားရှိသေးလို့လား “

ရှောက်ရွှမ်က သူ့လက်ချောင်းများကိုချိုးလိုက်ပြီး ပြောလိုက်သည် ။

“ ကျွန်တော် ရေလကျောက်တချို့ လိုအပ်တယ် “

သူကထိုနေရာတွင် အော့က သူ့ကိုရေလကျောက်အချို့ပေးမည်ကိုစောင့်နေလေသည် ။

အော့က တွေဝေ၍သွားသည် ။ သူက အဖွဲ့

ခေါင်းဆောင်များကို ပတ်ဝန်းကျင်အသစ်တွင် အလိုက်သင့်ပြောင်းလဲနေထိုင်ဖို့ ပြောခဲ့သော်လည်း သူက အခြားသူများနဲ့ အလဲအလှယ်ပြုလုပ်ရသည့်နည်းလမ်းများကို သူမေ့သွားလေသည် ။ ဒီနေရာမှာ ကွဲပြားလေသည် ။ သူတို့က ကျောက်တုံးအတော်များများနှင့် သားရဲများကိုအခြားအရာများနှင့်မလဲလှယ်နိုင်ပေ ။ အများစုက အစားအစာများကို လက်ခံလိုခြင်း မရှိကြချေ ။

“ စောင့်နေ ၊ ငါ မင်းအတွက်သွားယူပေးမယ် “

အော့က နတ်ဆေးဆရာဆီသို့ လမ်းလျှောက်သွားသည် ။

ရေလကျောက်အားလုံးမှာ နတ်ဆေးဆရာနေသည့် လှည်းတွင်ထည့်ထားလေသည် ။ အော့ထွက်သွားပြီး ရှောက်ရွှမ်က သူ့၏ရေလကျောက်များနှင့်အဖွဲ့ခေါင်းဆောင်များအတွက် အခြားကျောက်တုံးများယူလာခဲ့သည်။ သူက သူတို့ကို အော့က သက်ရှိကုန်ပစ္စည်းများထက် အချို့သောအစေ့များ ယူလာ

ဖို့ လိုကြောင်း ထပ်ပေါင်းပြောလိုက်လေသည်ကို ပြောပြလိုက်သည် ။

တောအုပ်ထဲတွင် မည်သို့သောအပင်များ သူတို့စိုက်ပျိုးသင့်သည်ကို သူတို့မသိကြပါပေ ။ သန္ဓေပြောင်းသွားသောအပင်များကို တွေ့လျှင် ထိုအပင်ကို သူတို့စားသည်နှင့် သူတို့အသက်အန္တရာယ်ဆုံးရှုံးသွားနိုင်သည်။ စွမ်းအင်မနိုးထသေးသောသူများဆိုလျှင် ပို၍ပင်အထိမခံနိုင်မှာပေ ။

မျိုးနွယ်စုအများစုသည် သူတို့၏အစေ့များကို ကောင်းကောင်းထိန်းသိမ်းထားကြပြီး ဈေးမြင့်မြင့်ရောင်းချကြလေသည် ။ သူတို့က အပင်ကိုမည်သို့စိုက်ပျိုးရမည်လဲကို ဘယ်တော့မှမပြောကြလေသည့်အတွက် မီးတောက်ဦးချိုများမျိုးနွယ်စုကသူများသည် မည်သို့လုပ်ဆောင်ရမည်လဲကို သူတို့ကိုယ်တိုင် ကြိုးစားရှာဖွေရမည်ဖြစ်သည်။ ရေလကျောက်များကို ဖြန့်ဝေပြီးသည့်နောက် ရှောက်ရွှမ်က မိုင်ကိုရှာဖွေရာတွင် ယမ်နဲ့ကွမ်းက မိုင်နဲ့စကားပြောနေသည်ကိုတွေ့ကြလေသည် ။

ယမ်နဲ့ကွမ်းက အပြင်ကိုလိုက်မလာပါပေ ။ သူတို့တင်မဟုတ်ဘဲအခြားသော အဆင့်မြင့်သားရဲပေါင်းများစွာကို မွေးမြူကြသည့်သူများလည်း ရှောက်ရွှမ်ကလွဲလျှင် မည်သူမျှ အပြင်မသွားရပါပေ ။ အဆင့်မြင့်အဖွဲ့၏ တစ်ဝက်ကျော်မျှသည်ဒီနေရာတွင် နေရပြီး အဖွဲ့ခေါင်းဆောင်နှစ်ယောက်လည်း ပါဝင်လေသည် ။

ယမ် နှင့် ကွမ်းသည် သူတို့ပါအတူတကွ လိုက်လာနိုင်ရန် သူ့ကိုနားချနေလေရာ သူကပြောလေသည် ။

“ ငါ ပြောင်းလို့မရဘူး ၊ မင်းတို့အကြီးအကဲကို သွားပြီးနားချသင့်တယ် “

အော့ကသာ အပြင်ထွက်မည့်သူများကို ရွေးချယ်ရသည် ။ ထို့ကြောင့် သူတို့လိုက်ပါလိုချင်လျှင် သူတို့

က အော့ကို သွားစည်းရုံးသင့်သည် ။ သို့ပေမဲ့ အော့က ထိုလူများကို ရွေးချယ်ပြီးဖြစ်သဖြင့် သူတို့အားထုတ်မှုက အလကားဖြစ်သွားသည် ။ လူပေါင်းများစွာက အပြင်သို့သွားလိုကြပေမဲ့ မည်သူကမျှ အော့ကို နားချဖို့မကြိုးစားရဲကြပါပေ ။

ရှောက်ရွှမ်က ယမ်နဲ့ကွမ်း မကျေမနပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည် ။ သူတို့၏ အဆင့်မြင့်သားရဲများမှာ ပျင်းရိနေပြီး သူတို့ဘေးက ကျောက်တုံးများကို ကန်ကျောက်နေသည် ။ ရှောက်ရွှမ်က ပြောလေသည် ။

“ မင်းတို့ ဒီမှာနေပြီး မျိုးနွယ်စုကို စောင့်ရှောက်ထားပါ “

ကူမျိုးနွယ်စုက သူတို့အတွေ့အကြုံမှ သူတို့က ကျူးကျော်သူများ ရှိကြောင်း နားလည်လေသည် ။ ဝမ်ရှစ်မျိုးနွယ်စုမှာ ဒီနေရာနှင့်မဝေးသည့်အကြောင်း တွေးမိလေရာ သူတို့က မျက်စိမှေးကြည့်လိုက်ပြီး သူတို့ ကျူးကျော်သူတချို့ကို ဖမ်းမိနိုင်သ

ည့်အတွက် ဒီနေရာမှာ နေကျန်ခဲ့ရမှာကို ကောင်းမည်ဟု ခံစားလိုက်ရသည် ။

နောက်နေ့တွင် ရှောက်ရွှမ်က လောင်ခဲ့ကို နှုတ်ဆက်စကားပြောပြီး မိုင်နဲ့အခြားသူများနှင့် အတူ ထွက်ခွာသွားပြီး ဆီဆာက လိုက်လာပြီး ချာချာက ကောင်းကင်ပေါ်မှာ ပျံသန်း၍နေသည် ။

ဆီဆာသည် ထင်သာမြင်သာနေပြီး ပုန်းကွယ်ဖို့မကြိုးစားပါပေ ။ ချာချာကဲ့သို့ပင် သူက ရှောက်ရွှမ်မှလွဲရင် မည်သူ့စကားမှ နားမထောင်ပါပေ ။ မျိုးနွယ်စုထဲမှာ နေသောသူများက သူ့ကိုအမိန့်လိုက်နာရန် မပြုလုပ်နိုင်ပါချေ ။

ကွေ့ဟယ်၏ ငှက်ဖြူကြီးသည် ကောင်းကင်ပေါ်မှာ အန္တရာယ်တစ်ခုခုရှိလာလျှင် သတိပေးမည့်တာဝန်ကို ယူထားလေရာ ထို့ကြောင့် သူတို့ဘာမှ မပူပန်ကြပါပေ ။

ဝမ်ရှစ်မျိုးနွယ်စုကသူများမှာ ကြောက်လန့်သွားကြ

သည့်အတွက် အချိန်တိုအတွင်း တောအုပ်ထဲသို့ လာကြဦးမည်မဟုတ်ပါပေ ။ ထို့ပြင် မီးမျိုးစေ့မှာ ဒီနေရာတွင် တဖန်ထွန်းလင်းနေပြီး ဖြစ်သည် ။ သူတို့ မီးမျိုးစေ့ဖုံးလွှမ်းထားသောနေရာနှင့် ပိုနီးလာလေ သူတို့ပိုဆိုးဆိုးဝါးဝါး ခံစားရမည်ဖြစ်သည် ။ သူတို့၏ နတ်စွမ်းအင်များအပေါ် သက်ရောက်မှု ရှိလေရာ သူတို့ခွန်အားများလျော့ကျသွားပေလိမ့်မည် ။ မျိုးနွယ်စုငယ်လေးများဆိုရင် မျိုးသုဥ်းသွားနိုင်ပေမဲ့ ထိုကဲ့သို့ အင်အားကြီးမျိုးနွယ်စုသည် ထိုသို့အားပြင်းသော မီးမျိုးစေ့ကျေးဇူးကြောင့် ရှင်သန်ရုန်းကန်နိုင်လေသည် ။

သူတို့မှာ အချိန်လုံလုံလောက်လောက် မရှိသေးသည့်အတွက် နတ်ဆေးဆရာနှင့်အကြီးအကဲတို့က စိုးရိမ်ပူပန်နေကြသည် ။ ကံကောင်းထောက်မစွာဖြင့် မီးမျိုးစေ့မှာ တဖန်ထွန်းလင်းလာသည် ။ သူတို့ပင်ပန်းသလို ခံစားရသည့်အတွက် သူတို့က အလွန်စိတ်လှုပ်ရှားလာလေသည် ။ ထို့အစား သူတို့ စွမ်းအားများပြည့်ဝလာသလိုခံစားရလေသည် ။ အပြင်သို့သွားရမည့်သူများက အခြားမျိုးနွယ်စုကသူများနှင့် တွေ့ရမည်ကို မျှော်ကြည့်ပြီး ပိုမိုစိတ်လှုပ်ရှား၍ လာ

လေသည် ။ မျိုးနွယ်စုတွင် နေခဲ့ရသောသူများသည် သူတို့ကို မနာလိုကြပေ ။

“ အားရွှမ် ၊ ငါတို့ မြက်ခင်းလွင်ပြင်ဒေသကို ဘယ်အချိန်ရောက်မလဲ ၊ ငါတို့ ဆောင်းမရောက်ခင် ပြန်လာနိုင်ပါ့မလား “

လန်ကာ့က သူ့အထုတ်အပိုးများကို သယ်ရင်း မထိန်းနိုင်ဘဲ မေးလိုက်သည် ။

“ ဒီကနေ အနည်းငယ် ဝေးပေမဲ့ ဆောင်းမတိုင်ခင် ငါတို့ပြန်လာနိုင်ပါတယ် ၊ ငါတို့ ဆောင်းတွင်းမတိုင်ခင် ပြန်မလာနိုင်လျှင်တောင် ဒီမှာက မြစ်တဖက်ခြမ်းတုန်းကလောက် မအေးသလို အဆင်မြင့်သားရဲတွေလည်း မရှိတော့ ငါတို့ရှင်သန်နိုင်ပါတယ် “

ရှောက်ရွှမ်က ပြောလေသည် ။

“ ဒါ ကောင်းတာပေါ့ “

လန်ကာ့က သူလည်း အရှေ့ကို မျှော်တွေးနေကြောင်း ပေါ်လွင်နေသည် ။ အရင့်အရင်တုန်းက သူ့ရည်မှန်းချက်မှာ အလယ်တန်းမျိုးနွယ်စု စစ်သည်တော်ဖြစ်လာနိုင်ဖို့ဖြစ်သည် ။ ယခုတော့ သူ့ရည်မှန်းချက်ကို သဘောပေါက်၍သွားသည် ၊ ပြီးနောက် သူက အကြီးတန်းမျိုးနွယ်စုစစ်သည်တော်တစ်ယောက် ဖြစ်နိုင်သည်ဝု သူယုံကြည်လေသည် ။

“ ငါ့အဖေက ငါတို့မျိုးဆက်က ဘိုးဘေးတွေ ကောင်းချီးပေးခံရတယ်လို့ ပြောတယ် “

လန်ကာ့က ပြောလေသည် ။ အခြားသူများမှာလည်း သူနှင့် သဘောထားတိုက်ဆိုင်ကြောင်း တုံ့ပြန်ကြလေသည် ။

သို့ပေမဲ့ မည်သူကမှ သူတို့အရှေ့ကလမ်းလျှောက်နေသည့် ဆီဆာက နှာခေါင်းရှုံ့ကာ သူတို့အဆိုကို သူ့မျက်လုံးထဲတွင် သဘောမတူကြောင်းပြနေသည်ကို

သတိမထားမိပေ ။

All Chapters