မြေအောက် အန္တရာယ်
Vol. 17 Ch. 248
ဖုန်မျိုးနွယ်စုရှိသည့်နေရာ ဖြစ်သည့် မြက်ခင်းလွင်ပြင်ဒေသကို ရှောက်ရွှမ်က အခြားသူများနှင့်ထွက်လာသောအချိန်တွင် လောင်ဟယ်သည် မြက်ခင်းလွင်ပြင်ဒေသ၏ အခြားတစ်ဖက်မှရောက်လာကြမည့်သူများကို မျိုးနွယ်စု၏နယ်နိမိတ်တွင် နေ့တိုင်း စောင့်မျှော်နေလေသည် ။
သူတို့၏ ချိန်းဆိုမှုအရ သူတို့က နယ်နိမိတ်စည်းက ထွက်လာကြလိမ့်မည် ။ သို့ပေမယ့် တစ်ရက်၊နှစ်ရက်..ငါးရက်မျှကြာသွားလေသည် ၊ သို့ပေမဲ့ လောင်ဟယ်သည် သူတို့ကို မတွေ့သေးပါပေ ။
ဆယ်ရက်မြောက်နေ့တွင် လောင်ဟယ်က သူ့ဇနီးသည်နှင့်သူ့မြေးကို ဒီနေရာမှာ သူနဲ့အတူ စောင့်မနေဖို့ ပြောလိုက်လေသည် ။ သူသည်သူတို့ကိုမြင်သည်နှင့်တပြိုင်နက် ထိုသတင်းကို လာပြီးပြောမည်ဖြစ်သည်။ သူ့ဇနီးသည်သည် သူ့လောက် မကျန်းမာ
သလို မီးတောက်ဦးချို မျိူးနွယ်စု၏ မျိုးနွယ်စုဝင်လည်း မဟုတ်ပါပေ ။ သူ့၏ ဆယ်နှစ်အရွယ်မြေးလေး အားနိုင် အစားအစာအချို့ရနိုင်ရန်အတွက် အခြားသူများ၏သိုးအုပ်ကို ကြည့်ရှူပေးဖို့ ခိုင်းလိုက်လေသည် ။ ပြောရလျှင် သူတို့မထွက်ခွာနိုင်ခင် သူတို့မည်မျှစောင့်ရမည်နည်းကို မည်သူကမှ မသိပါပေ ။
လောင်ဟယ်က မြက်ခင်းလွင်ပြင်ဒေသမှာ ကျယ်ဝန်းသည်ကိုသိသည့်အတွက် သူတို့ ဒီနေရာကိုရောက်လာဖို့ အချိန်တစ်ခုကြာမည်ဆိုသည်ကိုတော့သိလေသည်။ အစပိုင်းတွင် သူသည် စိတ်အေးအေးချမ်းချမ်းဖြင့် စောင့်နေလေသည် ။ ဆယ့်ငါးရက်မြောက်နေ့တွင် သူစတင်၍ ပူပန်လာသည် ။ သူတို့က ပြဿနာများကိုယူဆောင်လာမည်ကို ကြောက်ကြသည့်အတွက် သူတို့ကိုလာပြီးတော့ မခေါ်ချင်ဖြစ်နေမည် ၊ သူတို့ကို မေ့သွားမည်ကို သူစိုးရိမ်ပူပန်၍လာသည် ။
လောင်ဟယ်က ဘာမှမတတ်နိုင်ဘဲ စိုးရိမ်ပူပန်၍နေသည် ။
မြက်ခင်းလွင်ပြင်ဒေသမှ လေလွင့်သူများသည် အဖွဲ့အများအပြားခွဲလိုက်ကြပြီး အဖွဲ့အားလုံးက လမ်းကြောင်းတစ်ခုတည်းကိုမသွားကြပါပေ ။ လောင်ဟယ်နှင့်အဆက်အသွယ်ရှိသည့် လူတစ်ယောက်မှာ ထိုလမ်းကိုသွားဖို့ ဆုံးဖြတ်ခဲ့ပြီးဖြစ်ပေမယ့် သူက ဒီနေရာကို ပြီးခဲ့သည့် ၁၅ရက်အတွင်း မရောက်လာခဲ့ပါပေ ။
အကယ်၍ ထိုလူသည် သူတို့ကိုတမင်ရှောင်နေလျှင် လောင်ဟယ်ကသူ့မိသားစုဖြင့်သာ သူထွက်ခွာသွားပေမည် ။ သူက ထိုလမ်းခရီးများ သူတို့ပြဿနာများတက်လာနိုင်သော်လည်း သူစွန့်စားလိုစိတ်ရှိလေသည် ။ သူက ထိုလူက သူတို့ကို ရှောင်နေမည့်အစား ပြဿနာထဲသာ ဝင်ပါမည်ဟုပင် သူယုံကြည်နေလေသည် ။
တောင်ပေါ်တွင် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ပြောကြလေသည် ။ လေလွင့်သူများသာ ထိုတိုက်ပွဲတွင်
ပါဝင်လျှင် သူတို့ပြဿနာတက်ရပေမည် ။ ၎င်းကိုတွေးမိပြီး သူက ပိုပြီး စိတ်ပူပန်၍ လာသည် ။ လေလွင့်သူများ တိုက်ပွဲတွင် ပါဝင်လာသရွေ့ သူတို့အသတ်ခံရနိုင်ပေမည် ။ သူတို့ တိုက်ပွဲနှင့် မရင်ဆိုင်ရဖို့ သူမျှော်လင့်ပေလေသည် ။
သူက ဤနှစ်များအတွင်းတွင် အေး အေးချမ်းချမ်းဖြစ်နေခဲ့သော်လည်း ယခုရုတ်တရက် အလွန်စိတ်မရှည်ဖြစ်လာလေသည် ။လောင်ဟယ်က ထိုနေရာကို မနက်တိုင်း အစားအစာများနှင့်သွားပြီးနေဝင်သည်အထိ စောင့်နေလေသည် ။
တောင်ပေါ်တွင် လောင်ဟယ်က စောင့်ဆိုင်းနေသည့်အချိန်တွင် ၁၀နှစ်အရွယ် သူ့မြေးကလေး အားနိုင်မှာ ကွားအာကိုကူပြီး သိုးအုပ်ကို ထိန်းသိမ်းပေးနေသည် ။ သူ့အပြင် အခြားငါး ယောက်မှာလည်း သိုးကျောင်းနေကြပြီး ယခင်က သုံးယောက်ဆိုလျှင်လုံလောက်ပြီ ဖြစ်လေသည် ။ အရင်ကဆိုလျှင် မိသားစုတစ်စုကအိမ်မွေးတိရိစ္ဆာန်များအပေါ်ောင့်ကြည့်နေရင် ရနိုင်ပြီဖြစ်ပေမယ့် သိပ်မကြာသေးခင်တွင် အချို့
သော သိုးများ၊နွားများ၊မြင်းများပျောက်သွားကြလေသည် ။ ပျောက်သွားသည့်အများစုမှာ အကောင်ငယ်ကြသေးသည် ။
ကင်းလှည့်အဖွဲ့က စစ်သည်တော်များသည် နေ့ရောညပါ ကင်းလှည့်နေကြသည် ။ သို့သော်လည်း မိသားစုများက မွေးမြူထားသော တိရစ္ဆာန်များသည် ပျောက်ဆုံးသွားတတ်လေသည်။ ၎င်းသည် ၁၀ရက်ကျော်မျှကြာပြီ ဖြစ်လေသည် ။
တစ်စုံတစ်ယောက်က ဒီအနားတွင် ဝံပုလွေများတွေ့ခဲ့ကြောင်းပြောလေသည် ။ ၎င်းတို့က ပေါ့ ပေါ့ပါးပါး လှုပ်ရှားကြသော ဉာဏ်နီဉာဏ်နက်များသည့် ဝံပုလွေများ ဖြစ်နိုင်လေသည် ။ တောင်ပေါ်တွင် မျိုးနွယ်စုများအကြား စစ်ပွဲတစ်ခုတည်း ပေါ်ပေါက်နေသည် ။ ထို့အတွက်ကြောင့် ထိုနေရာမှာနေကြသော သားရဲများက ထွက်လာပြီး အချို့က တိုက်ပွဲက လွတ်မြောက်ရန်အတွက် တောင်ပေါ်ကိုပင်တက်၍ လာကြလေသည် ။ စစ်သည်တော်များပိုပြီး ကင်းလှည့်အဖွဲ့တွင် ပါဝင်လာကြပြီး ဝံပုလွေ၏
ခြေရာလက်ရာများကို မျက်စိရှင်ရှင်ထားကြည့်နေကြသည် ။
မကြာသေးမီက ကွားအာ၏နွားပေါက်ကလေး ပျောက်သွားသည့်အတွက် သူက မကျေမနပ် ဖြစ်နေသည်။ သူက ထိုနွားပေါက်ကလေးကြီးလာလျှင် သူ့ဘေးနားမှာ နေကြသည့် သူ့သူငယ်ချင်းများ၏နွားများနှင့် တိုက်ခိုက်ကြဖို့ တွေးထားခဲ့ခြင်းဖြစ်သည် ။
မမျှော်လင့်ထားဘဲ တစ်နေ့က မနက် သူနိုးလာသောအခါတွင် နွားတင်းကုပ်ကိုရောက်သည့်အခါ သူ့နွားလေးပျောက်နေသည်ကို သူသိလိုက်ရသည်။ သူ့နွားကလေးပျောက်သွားသည့်အတွက် သူက ပြီးခဲ့သောနှစ်ရက်အတွင်း သူ့ သူငယ်ချင်းများနှင့်အတူမနေလိုပါပေ ။နွားပေါက်ကလေးကို သူ သေချာပြုစုပျိုးထောင်ခဲ့ပြီး အကောင်းဆုံးမြက်ကိုသာ ကျွေးခဲ့ပေမယ့် ပျောက်ဆုံးသွားခဲ့လေသည် ။
“ အားနိုင်..ဝံပုလွေတွေ ဒီနွားပေါက်ကလေးကို ခိုးသွားတယ်လို့ မင်းထင်သလား “
ကွားအာက ပျင်းလာသည်ဟုခံစားရသည့်အတွက် မေးလိုက်လေသည် ။
“ မသိဘူး “
အားနိုင်က ရပ်လိုက်ပြီးဆက်ပြောလေသည် ။
“ ငါကတော့ ဝံပု လွေတွေ ဆွဲသွားတယ်လို့ မထင်ပါဘူး “
ကွားအာ က လောင်ဟယ်နှင့်သူ့မိသားစုကို စောင့်ရှောက်ပါမည်ဟုရှောက်ရွှမ့်ကို ကတိပေးခဲ့လေသည် ။ ထို့ကြောင့် ပြီးခဲ့သော ၂နှစ်အတွင်း အားနိုင်က သူနှင့်ပို၍ခင်မင်လာသည် ။ သူက သူ့သူငယ်ချင်းအဖွဲ့ထဲသို့ သူ့ကို မပါဝင်ခိုင်းသော်လည်း သူက သူ့ကိုဘယ်တော့မှ အရှက်ရအောင်မပြုလုပ်ပါပေ ။
တစ်ခါတလေ အားနိုင်က အနိုင်ကျင့်ခံရသည့်အခါတွင် သူကပင်တစ်ဖက်တစ်လမ်းက ကူညီပေးလေသည် ။ ထို့အတွက်ကြောင့် သူတို့နှစ်ယောက်
အချင်းချင်း စကားပိုပြောဖြစ်သွားကြသည် ။
“ ငါလည်း ဒီလိုပဲထင်တယ်။ ဒါက မြေခွေးတစ်ကောင် ဒါမှမဟုတ် သိန်းငှက်တစ်ကောင် ဆွဲသွားတာဖြစ်နိုင်တယ် ၊ မြက်ခင်းလွင်ပြင်ဒေသက တိရစ္ဆာန်အများကြီးက...”
ကွားအာက စကားပြောနေပေမယ့် သွေးဆာနေသည့်ပုံ ပေါက်နေသည် ။ သူက သူ့အရိုးဓားလေးကို ထုတ်လိုက်ပြီး ပြောလေသည် ။
“ ငါ ခိုးတာဘယ်သူလဲဆိုတာသာ ရှာတွေ့လို့ကတော့ သတ်ပစ်မှာပဲ “
သူတစ်ခုခုကို ချိန်းခြောက်ကာ ပြောလိုက်သော်လည်း ကွားအာက ဘယ်သူမှမတုံ့ပြန်သည်ကို သူတွေ့လိုက်ရသည်။ အားနိုင်က နားထောင်မနေသည်ကို သူတွေ့လိုက်ရသည်။ သူက ပတ်ပတ်လည်ကိုကြည့်နေလေသည် ။
“ ဟေ့..ငါပြောတာကြားရဲ့လား “
ကွားအာက ဒေါသတကြီးပြောလေသည် ။ အားနိုင်က ပြန်မဖြေဘဲ မေးလိုက်လေသည် ။
“ မင်း ဆူသံတစ်ခု မကြားလိုက်ဘူးလား “
“ ဆူသံလား “
ကွားအာက သူဆင်ခြေပေးနေသည်ဟု ထင်လေသည် ။
“ ဟုတ်တယ် “
အားနိုင်က ထိုအကြောင်းကို ဆက်တွေးနေသည် ။ သို့ပေမဲ့ သူကဤအသံကို မည်သို့ဖော်ပြရမလဲ မပြောတတ်ပေ။ သူ ဆင်ခြေပေးသည်ကိုနားထောင်ပြီးနောက် ကွားအာက သူနဲ့မနီးမဝေးမှာ နေကြသည့်သိုးများကို ခေါင်းမော့ကြည့်လိုက်သည် ။
အားနိုင်က လျစ်လျူရှုထားသော်လည်း ကွားအာက စကားဆက်ပြောနေသည် ။
“ ဒီတော့ မင်းကထွက်သွားတော့မယ်လို့ ပြောကြတယ် ။ ဘယ်အချိန်လဲ။ ဘယ်ကိုသွားကြမှာလဲ။ရှောက်ရွှမ်နဲ့တွေ့မှာလား။ သူနဲ့တွေ့ရင် သစ်သားဝံပုလွေအရုပ်ကြီး ငါ့အတွက် လုပ်ပေးဖို့ ပြောပေးပါ ၊ ငါက သိုးတွေ ၊နွားတွေ လဲယူပါမယ်။ ငါ့သစ်သားရုပ်အဟောင်းကို ငါ့အဖေက ယူသွားပြီ။ငါ့ကိုပေးမကိုင်တော့ဘူး “
ကွားအာက အားနိုင်ကိုတုန့်ပြန်ပြောသည် ၊ မပြောသည်ကို ဂရုမစိုက်ဘဲ ဆက်ပြောနေသည်။
“ ကွားအာ “
အားနိုင်က ရုတ်တရက် အော်လိုက်သည် ။
“ သိုးတကောင် ပျောက်နေတယ် “
အားနိုင်က စိတ်ပူပန်စွာပြောနေသည် ။
၎င်းကိုကြားရပြီး ကွားအာက ချက်ထျင်းထရပ်ပြီး ထောင့်နားက ကျောက်ပစ္စည်းများဘေးတွင်ထားထားသော ဆေးပင်များကိုကြည့်နေလေသည် ။ သူက သိုးများကို ရေတွက်ကြည့်နေသည် ။
သူတို့မိသားစုတွင် ဆိတ်အများကြီး ရှိသော်လည်း သူတို့ပျောက်သွား သည့် သိုးအများစုမှာ မီးအိမ်များ ရှိနေသည် ။
“ အားလုံးက ဒီမှာရှိနေတယ် ၊ မင်းမှားတာဖြစ်မှာပါ ၊ တစ်ကောင်မှ မပျောက်ပါဘူး “
ကွားအာက သူ စိတ်ချပြီးသည့်နောက် ပြောလေသည် ။
ကွားအာက အားနိုင်ကို ရယ်မလို့အလုပ်တွင် အားနိုင်ကပြောလေသည် ၊
“ မီးအိမ်လေးမဟုတ်ဘူး ၊ သိုးကြီးတကောင်ပဲ ၊ ငါ ရေတာအကြိမ်များနေပြီ၊ တကောင်ပျောက်နေတယ် “
“ မဖြစ်နိုင်ပါဘူး “
ကွားအာက မယုံဘဲ တခါထပ်ရေကြည့်သည် ။ သူက မလိမ္မာသူလေးဖြစ် သော်လည်း သူတို့မိသားစုက မွေးမြူထားသော တိရိစ္ဆာန်များ အရေအတွက်ကို သူသေချာသိရှိပါသည် ။ သူက ဘယ်နှစ်ကောင်က မရှိတော့ဘူး ၊ အသစ်မွေးတာ ဘယ်နှစ်ကောင်ရှိသည်ကိုပင် သိလေသည် ။
ပြန်လည်ရေတွက် ပြီး သည့်နောက် သူက တစ် ကောင်ပျောက်ဆုံးနေသည်ကို သိသွားလေသည် ။
နေရာတော်တော်များများတွင် အခြားသူလေးယောက်ကလဘ်း သိုးအုပ်ကို မျက်စိရှင်ရှင်ထားကြ
ည့်နေသည် ။ သူတို့က သိုးအုပ်ကို မျက်စိဒေါက်ထောက် မကြည့်သော်လည်း သူတို့က ဘယ်သိုးတကောင်မှ အခိုးမခံရတာသေချာအောင် စောင့်ကြည့်ကြသည် ။
ကွားအာက ထိုလေးယောက်ကို အမြန်မေးကြည့်သောအခါ ဘယ်သူကမှ သိုးအုပ်ထဲက သိုးတကောင် အခိုးခံရခြင်းကို မည်သူကမှ မတွေ့လိုက်ပါပေ ။
သူတို့အားလုံး ဒီမှာရှိပြီး မည်သူကမှ ဝံပုလွေများ ၊ မြေခွေးများကို မည်သူကမှ မတွေ့ရပါပေ ၊ ဒါဆို လင်းယုန်များ ခိုးချီသွားသလား ။
ကောင်းကင်ကိုကြည့်ရန် သူ့ခေါင်းကို မော့လိုက်သောအခါ သူ ငှက်တစ်ကောင်မှ မတွေ့ပါပေ ။ အကယ်၍ လင်းယုန်တကောင်ကသာသိုးကို ဖမ်းမိသွားလျှင် ဆူညံသံ အနည်းငယ်တော့ ထွက်လာ ပေလိမ့်မည် ။ သို့ပေမယ့် ကွားအာအပါအဝင် မည်သည့်ဆူညံသံကိုမှ သူတို့ မကြားရပါပေ ။
“ ဟေး..ကွားအာ..ဘာတွေကြည့်နေတာလဲ “
ကွားအာနှင့်အသက်တူအရွယ်တူကောင်မလေးတစ်ယောက်က လာပြီး သူ့အနားမှာ လာနေလေသည် ။
“ နင့်ကိစ္စ မဟုတ်ပါဘူး “
ကွားအာသည် စိတ်ပူနေသည့်အတွက် ဒေါသတကြီးပြောလိုက်သည်။
သောယာ့ဆိုသည့် ထိုမိန်းကလေးက သူ့ဒေါသကို သိသည့်အတွက်ကြောင့် သူကိုဘာမှထပ်မမေးတော့ပေ ။ သူက သူ့ဘေးက အားနိုင်ကိုသာ ထိုအကြောင်းကို မေးလေသည် ။
အားနိုင်က သောယာ့အပေါ်ကို အကောင်းမြင်သည့်အတွက် သူ့ကိုဖြစ်ပျက်ခဲ့သည့် အကြောင်း
အရင်းများကို ပြောပြသည် ။
ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြ ပြီးသည့်နောက် သူနှင့်အတူ မြင်းပြိုင်စီးဖို့ လုံးဝစိတ်မဝင်စားတော့ပါ ပေ ။သူ့၏မိသားစုအပိုင် သိုးများထဲမှတကောင်သည်လည်း မနေ့က လည်း အခိုးခံခဲ့ရလေသည် ။ ထိုအကောင်သည် ကြီးလည်းမကြီး ၊သေးလည်းမသေးပါပေ။
“ နင်တို့ ဘာလုပ်ကြမလို့လဲ “
သောယာ့က မေးသည် ။
“ မင်းအဖေကို ပြောလိုက် ၊ မင်းအမေ အိမ်မှာရှိရင် သူ့ကိုပြောလိုက် “
အားနိုင်က သူ့ကို တိုက်တွန်းလေသည် ။
“ မဟုတ်ဘူး။ ငါအရင်ဆုံး သွားကြည့်ဦးမယ် “
ကွားအာက ကင်းလှည့်သည့် သူ့အဖေကို သွားမရှာလိုသလို သူ့အမေကိုလည်း မနှိုးလိုပါ ပေ ။ သူ့အမေသည် ကိုယ်ဝန်ရှိနေသည့်အတွက် အနားယူဖို့ လိုအပ်လေသည် ။ ထို့ပြင် သူက သူတို့ကိုထိုအကြောင်းကို ပြောမပြခင် အဖြေရှာနိုင်ဖို့ မျှော်လင့်မိသေးသည်။
“ ငါလည်း နင်တို့နဲ့လိုက်မယ် “
သောယာ့က သူ့၏ကြာပွတ်ကို ရမ်းပြပြီး သူ၏ဘောင်းဘီကိုလည်းသူ့နောက်ကိုလိုက်ရန်အတွက် လိပ်တင်လိုက်လေသည် ။
အားနိုင်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး သူနဲ့အနီးဆုံးမှာရှိနေသည့် သိုးများကိုထိန်းကျောင်းသောလူကို ပြောလိုက်ပြီး သောယာ့၏နောက်သို့ ပြေးလိုက်သွားသည် ။
မျိုးနွယ်စုက ကလေးများသည် အပြင်ကို မကြာမကြာထွက်ကြလေ့ရှိသည့်အတွက်ဘသိုးထိန်းနေသောသူက သူတို့ကို ဂရုမစိုက်ပါပေ။ ထို့ပြင် ကင်းလှည့်
သည့်အဖွဲ့ဝင်များကလည်း နယ်နိမိတ်နားတွင်စောင့်ကြပ်နေကြလေသည် ။ သူတို့က သူတို့၏လုံခြုံမှုကို စိတ်မပူပါပေ ။
အားနိုင်နှင့် ကွားအာတို့က ပျောက်သွားသည့်သိုးကို တောင်ကုန်းနိမ့်နိမ့်လေးပေါ်တွင် လိုက်ရှာနေသည့်အချိန်တွင် လောင်ဟယ်က နောက်ဆုံးမှာ အဖွဲ့တစ်ဖွဲ့ကို တွေ့လေသည် ။ အဖွဲ့ကို ဦးဆောင်လာသောသူသည် သူနှင့်အဆက်အသွယ်ရှိနေသောသူဖြစ်သည် ။
လောင်ဟယ်က သူတို့ဆီသို့ ပီတိဖြာကာ ပြေးသွားသော်လည်း ထိုအဖွဲ့က အဖွဲ့ဝင်များက ပင်ပန်းနွမ်းနယ်ကာ ဒဏ်ရာရနေသည်ကိုသတိထားလိုက်မိသည် ။ ထိုအထဲမှ နှစ်ယောက်ဆိုရင် ပြင်းပြင်းထန်ထန်ဒဏ်ရာရနေပြီး မကြာမီဘဲ သူတို့ နောက်ဆုံးထွက်သက်ကို ရှုထုတ်လိုက်ရလေသည်။
သူတို့က တောင်ပေါ်က တိုက်ပွဲတွင်ပါဝင်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာ သူတို့လွတ်မြောက်လာပြီး ဒီနေရာကိုရောက်လာခဲ့သည် ။
တောင်ပေါ်က မျိုးနွယ်စုအကြားစစ်ပွဲကြောင့် လူ(၃၂)ယောက်သောအဖွဲ့၏ လူသုံးယောက် သေဆုံးသွားခဲ့လေသည် ။ ဒဏ်ရာရသူနှစ်ယောက်ကလည်း သေဆုံးသွားခဲ့လျှင် စုစုပေါင်းအနေဖြင့် သူတို့၏ အသက်ငါးခုကို ဆုံးရှုံးသွားလေမည်ဖြစ်သည် ။
လေလွင့်သူများအဖွဲ့သည် မျိုးနွယ်စုစည်းရိုးတလျှောက် ခရီးသွားလာခဲ့ကြသည် ။ ကင်းလှည့်စစ်သည်တော်များသည် သွေးဆာသည့်သူများ မဟုတ်ကြသည့်အတွက် ပုံမှန်ဆိုလျှင် ဘာမှဖြစ်ပွားလေ့မရှိပေ။ လောင်ဟယ်က အခြားသူများကို သူ့အိမ်ကိုခေါ်သွားလိုပေမယ့် ယခုအချိန်သည် ဖုန်မျိုးနွယ်စုကသူများ မျိုးနွယ်စုအတွင်းသို့အခြားသူများဝင်ခြင်းကို တားမြစ်ထားသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် လောင်ဟယ်က အိမ်သို့အပြေးပြန်ကာ စစ်သည်တော်များအတွက် ဆေးဖက်ဝင်အပင်အချို့ကို ယူလာပေးလေသည် ။
“ ငါ အစားအစာတချို့လည်းယူခဲ့တယ်။စားလိုက်ကြပါဦး “
လောင်ဟယ်က သူတို့ကို သိုးပေါင်တစ်ခြမ်း ပေးလိုက်လေသည် ။ ဒါက သူတို့အတွက် မလုံလောက်သော်လည်း သူတို့ကမီးမြှိုက်ပြီးတော့ တစ်ယောက်တစ်ကိုက်စီတော့ စားနိုင်ပေသည် ။
သူတို့သည် အဖွဲ့၏အခြေအနေကို ပြောပြနေစဉ် မျိုးနွယ်စု၏ကင်းလှည့်အဖွဲ့မှာ သူတို့ဆီသို့ မြင်းများဖြင့် အလျင်အမြန်လာနေလေသည် ။ ကွားအာ၏အဖေက အဖွဲ့ကိုထိပ်ဆုံးမှ ဦးဆောင်ထားသည် ။
“ လောင်ဟယ် ၊ ကွေ့အာကို မြင်သေးလား “
သူက စိုးရိမ်ပူပန်စွာ ချွေးများထွက်ပြီး မေးလေသည် ။
“ မတွေ့ပါဘူး ၊ ဘာများဖြစ်လို့လဲ “
လောင်ဟယ်က တခုခုဆိုးရွားတာ ဖြစ်ပွားသွားသည်ဟု ခန့်မှန်းမိပြီး သူ့အသံများ တုန်ရီနေလေသည် ။
“ သိုးတစ်ကောင် ပျောက်နေတယ်။ ပြီးတော့ ကွေ့အာ ကျွန်တော်တို့ကို မပြောဘူး ၊ သူက သူနဲ့သူနဲ့အတူ တကွပျောက်နေတဲ့သိုးကိုသွားရှာဖို့ထွက်သွားကြတယ်။ဒါပေမယ့်အခုအချိန်ထိသူတို့ပြန်မလာကြသေးဘူး။
လောင်ဟယ်က အလွန်အံ့သြလွန်း၍ ထိုနေရာတွင် တောင့်တောင်ကြီး ရပ်နေလေသည် ။ အားနိုင်က သူတို့မိသားစု၏ တစ်ဦးတည်းသောသား ဖြစ်သည် ။ အကယ်၍ သူသာ...
“သူ့ကို..သွား..ရှာ..ကြ..သွား..သူ့.. “
လောင်ဟယ်က တုန်ရီနေသော နှုတ်ခမ်းများနှင့် ပြောလေသည် ။ကင်းလှည့်အဖွဲ့ကသူများက သူ
တို့၏အရှေ့ကအယောက်သုံးဆယ်လောက်ရှိသော လေလွင့်သူများကို ကြည့်လိုက်လေသည် ။
“ မင်းတို့ တောင်ဘက်က လာခဲ့တာမလား။ မင်းတို့တစ်ခုခု ထူးခြားတာမြင်ခဲ့သေးလား ၊ဥပမာ ဝံပုလွေအုပ်စုတို့ ၊အခြားသားရဲတွေတို့”
“ အဲဒီမှာ ဝံပုလွေတွေ ၊ မြေခွေးတွေနဲ့... “
ထိုလူကပြောနေစဉ်မှာ တစ်ခုခုကို တွေးမိသွားသည် ။ သူ့မျက်နှာ ပေါ်တွင် အကြောက်တရားများ ပေါ်လာလေသည် ။ သူက ထပ်ပြောလေသည် ။
“ အဲဒီမှာ အင်းဆက်အကောင်ကြီးတွေ ရှိသေးတယ်။ ပြောကြတာတော့ သူတို့ကတောင်နားမှာ အိပ်ပျော်နေကြတာ ၊ ဒါပေမယ့် စစ်ပွဲကြောင့် သူတို့နိုးလာကြတယ် ။ သူတို့က ထွက်လာပြီး လူတွေအများကြီးကို စားကြတယ်။ ငါတို့အဖွဲ့ထဲက လူတစ်ယောက်မြေကြီးထဲကို ဆွဲခေါ်သွားခံရတယ်။ ဒီ
အင်းဆက်ကြီးတွေ ဘယ်ကလာသလဲ ငါတို့တော့မသိဘူး “
“ အင်းဆက်တွေလား ၊ ကျောက်တီကောင်လား “
သူက မေးလေသည် ။
“ သူတို့က ကျောက်တီကောင်တွေ မဟုတ်ဘူး။ သူတို့က ပြားကပ်ပြီး ချွန်ထက်တဲ့အစွယ်တွေနဲ့ခြေချောင်းတွေအများကြီးရှိတယ် ၊ သူတို့က သူတို့ဖြတ်သွားတဲ့တွင်းတိုင်းကို ပြန်ပိတ်ဆို့သွားကြတယ် ၊ ကျွန်တော်တို့ တွင်းတူးဖို့အချိန်အကြာကြီး ဖြုန်းလိုက်ရတယ် “
စကားပြောရင်း ထိုလူက ငိုလေသည် ။
သူတို့က သူတို့နောက်လိုက်များ မြေအောက်ထဲသို့ ဆွဲချခံရခြင်းကို မြင်လိုက်ရသောအခါ သူတို့က အမြန်တူးပြီး သူ့ကိုထုတ်ကြလေသည် ။ သို့ပေမဲ့ သူတို့က မြေကြီးများကို တူးထုတ်မိပြီး အင်းဆက်များက
တွင်းထဲသို့ အမြန်ဝင်သွားလေသည် ။
အင်းဆက်သည် မြေကြီးထဲမှ တွင်းကထွက်လာပြီး တွင်းကိုပြန်ပိတ်ထားသည်တဲ့ ။
ကင်းလှည့်အဖွဲ့ကသူများသည် မှင်သက်နေကြပြီး သူတို့အချင်းချင်း ကြည့်ပြီး ကြံရာမရဖြစ်နေသည် ။
မျိုးနွယ်စု၏ ပျောက်ဆုံးနေသော သက်ရှိများမှာ ဝံပုလွေများ နှင့် ကောင်းကင်ပေါ်က တိရိစ္ဆာန်များထက် မြေအောက်က အင်းဆက်များ ခိုးယူသွားခြင်း ဖြစ်နိုင်လေသည် ။