အသက်ရှင်နေသော
Vol. 17 Ch. 250
ပြဿနာပြီးသွားသည့်နောက် ကလေးသုံးယောက်သည် သူတို့ကံကောင်းသည်ဟု ခံစားရကြသော်လည်း ကြောက်ရွံ့နေကြဆဲဖြစ်သည် ။ နှစ်နှစ်ကြာ ပြီးသည့်နောက် အားနိုင်သည် ရှောက်ရွှမ်ကိုမှတ်မိနေဆဲဖြစ်သည်။ ရှောက်ရွှမ်ကို တွေ့ရပြီးသည့်နောက် အားနိုင်သည် စိတ်သက်သာရာရသွားပြီး သူ့မျက်နှာသည် မထိန်းနိုင်ဘဲ ပျော်ရွှင်မှုများ ပေါ်လာလေသည် ။ သူ့အဖိုးက ရှောက်ရွှမ်နဲ့သူတို့သည် မျိုးနွယ်စုအတူတူပင် ဖြစ်သည်ဟု ပြောခဲ့လေသည် ။
လန်ကာ့နဲ့အခြားသူများက အရင်ကဒီလိုမျိုးမမြင်ဖူးကြသည့်အတွက် ရုန်းကန်နေသော အင်းဆက်များကို ကြည့်နေကြသည် ။ ထိုထူးဆန်းသောအင်းဆက်များသည် မြက်ခင်းလွင်ပြင်ဒေသတွင်သာ ရှင်သန်ကြပုံ ပေါက်နေသည် ။
“ အားနိုင် ၊ ဘာလို့ဒီကိုရောက်နေတာလဲ “
ရှောက်ရွှမ်က ရောက်လာပြီးမေးလေသည် ။ သူတို့သာ အနည်းငယ်နောက်ကျပြီးရောက်လာလျှင် အခြေအနေဆိုးသွားနိုင်သည် ။ အားနိုင်က သူ့ကို ဖြစ်ရပ်ကို သေချာရှင်းပြလေသည် ။
“ အိမ်မွေးတိိစ္ဆာန်တွေက ဒီအင်းဆက်တွေအစားခံရတာ ဖြစ်မယ် ၊တောင်ပေါ်မှာ မျိုးနွယ်စုအချင်းချင်းကြား စစ်ပွဲဖြစ်နေတယ်လို့ပြောကြတယ် ၊ ဒါကြောင့် တောင်တပတ်လည်မှာ သားရဲတွေကလည်း အရင်ထက်ပိုပြီးတော့ လက်တလော တွေ့နေရတယ် ၊ ဒီအင်းဆက်တွေဟာ တောင်ကလာတာဖြစ်နိုင်တယ် “
အားနိုင်က သူ၏ခန့်မှန်းချက်ကိုပြောပြလေသည် ။
“ ကောင်းပြီ ၊ ဒါ သူတို့ပဲဖြစ်နိုင်ပါတယ် ၊ မင်းအဖိုး ဘယ်မှာလဲ “
ရှောက်ရွှမ်က မေးလေသည် ။
“ အဖိုးက ဦးလေးခွင်းနဲ့အခြားသူတွေကိုစောင့်နေတာ ဆယ်ရက်ကျော်ရှိပါပြီ “
အားနိုင်က ပြောလေသည် ။
ရှောက်ရွှမ်က ဒါကို တွက်ဆပြီးဖြစ်ပေမယ့် ယခု သူမြင်းခွာသံများကို ကြားလိုက်ရလေသည် ။
“ ဖုန်မျိုးနွယ်စုကလူတွေ လာနေကြပြီ “
ရှောက်ရွှမ်ကပြောလေသည် ။ သူ့စကားများကိုကြားရပြီးသည့်နောက် သော့ယာနှင့်ကွားအာတို့က ပတ်ပတ်လည်ကိုကြည့်လိုက်ကြသည်။
သော့ယာသည် အလွန် သတိထားနေဆဲဖြစ်သည် ။ ထိုလူများသည် သူနှင့်အခြားနှစ်ယောက်ကို ကယ်ဆယ်ခဲ့သော်လည်း သူတို့သည် သူတို့မျိုးနွယ်စု
ကမဟုတ်ပါပေ ။ အားနိုင်နဲ့ကွားအာတို့နှစ်ယောက်စလုံး သူနဲ့ရင်းနှီးနေကြသည်ကို တွေ့ရသောအခါ သူသတိထားတာကို လျှော့လိုက်လေသည် ။ သို့ပေမယ့် သူက ထိုသူစိမ်းများကိုဂရုတစိုက် ကြည့်နေဆဲဖြစ်သည်။ ထိုလူများမှာ ကင်းလှည့်စစ်သည်တော်များထက် နိမ့်ကျပုံမပေါက်ဘဲ ရင်ဆိုင်ရန်မလွယ်သည့်ပုံ ပေါက်နေသည်။
တောင်ကုန်း၏တခြားတစ်ဖက်တွင် ကင်းလှည့်စစ်သည်တော်များကို သော့ယာနှင့်ကွားအာတို့က မြင်လိုက်သောအခါ သူတို့က အလွန်ပျော်ရွှင်သွားသည့်အတွက် တစ်ခါတည်းအော်လိုက်ကြလေသည် ။
ဖုန်မျိုးနွယ်စုကလူများကို ရှောက်ရွှမ်ဆုံခဲ့ရသည့် ယိပေ့ကဦးဆောင်ပြီး ဤနေရာကို ရောက်လာကြလေသည် ။ ကွားအာတို့အဖေလည်းသူတို့ကြားထဲတွင်ပါလာပြီး သူဟာ အလွန်စိုးရိမ်နေသည့်အတွက်ချွေးများရွှဲနေလေသည် ။
ကလေးနှစ်ယောက်မှာ လုံးဝအဆင်ပြေနေသည့်အတွက် ကင်းလှည့်အဖွဲ့ကလူများ ချက်ချင်းစိတ်သက်သာရာရသွားကြသည်။ သို့ပေမယ့် ဤနေရာတွင် ပေါ်လာသော အခြားသူများကြောင့် သူတို့ရုတ်တရက် သတိထားလိုက်သည်။ သူတို့အနားတွင် ပုံမှန်မဟုတ်သော ဝံပုလွေတကောင်ရှိသည်။ အရင်ကဝံပုလွေများအား အမဲလိုက်ဖူးသည့်သူများကတော့ သူတို့တိုက်ခိုက်သည့်ဝံပုလွေများနဲ့ယခုဝံပုလွေများမှာ ကွဲပြားကြကြောင်း မြင်နိုင်ကြလေသည် ။
အကြီးအကဲမှလွဲလျှင် သူတို့အတွက်ဝံပုလွေများကို သတ်ဖို့ရန်မှာအလွန်ခက်ခဲလေသည်။ ၎င်းသည် တောထဲကဝံပုလွေအရိုင်းများထက်ပို၍ စွမ်းအားကြီးလေသည် ။
ကွားအာ၏အဖေသည် မြင်းများကို ထိုနေရာသို့မောင်းလာပြီး ပထမဆုံးအနေဖြင့် ကွားအာ ဒဏ်ရာရနေသလားဟူ၍ စစ်ဆေးကြည့်လေသည် ။ ထို့နောက်
မှသာ သူက ထိုသူစိမ်းအဖွဲ့ကိုသတိထားလိုက်မိလေသည် ။
ယွီပေက ရှောက်ရွှမ်အပေါ်တွင် အမြင်ကောင်းရှိသော်လည်း သူကသူ့နာမည်ကို မမှတ်မိနိုင်ပါပေ ။
ရှောက်ရွှမ်က အနားကိုကပ်သွားပြီး ပြောလေသည် ။
“ မီးတောက်ဦးချိုများမျိုးနွယ်စုက ရှောက်ရွှမ်ပါ “
“ အိုဟုတ်တယ်။ မင်းဒီနေရာကိုခရီးသွားအဖွဲ့တွေနဲ့လာဖူးတယ် “
ယွီပေ့က သူ့ကိုမှတ်မိသွားလေသည် ။
ရှောက်ရွှမ်နာမည်ကို ကြားရပြီးသည့်နောက် ကွားအာ၏အဖေသည်သစ်သားဝံပုလွေပန်းပုရုပ်ကလေးကို ဖန်တီးထားသူမှန်း သိလိုက်လေသည် ။ သူက သူ့ဘေးက ဝံပုလွေကို ကြည့်လိုက်ပြီးသူ၏သစ်သားပန်းပုနဲ့ နှိုင်းယှဉ်ကြည့်မိလေသည် ။ သူတို့သည်
အလွန်ဆင်တူကြလေသည် ။ သူက ဒါကို ဝံပုလွေတစ်ကောင်၏ အသွင်အပြင်ကိုကြည့်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်လေသည် ။
ရှောက်ရွှမ်က မိုင်နဲ့အခြားသူများကို အသေအချာမိတ်ဆက်ပေးသည် ။ သူဒီနေရာသို့လာရခြင်း၏ ရည်ရွယ်ချက်ကို ပြောပြလေသည် ။
“ ကျွန်တော်တို့က ဒီနေရာကို လူအချို့ ခေါ်ဖို့လာခဲ့တာဖြစ်ပြီး ကျန်းမာတဲ့ အိမ်မွေးတိရစ္ဆာန်ငယ်လေးတွေနဲ့ အလဲအလှယ်လုပ်ဖို့လည်း ကြိုးစားကြည့်ချင်ပါတယ် “
ယွီပေ့သည် ရှောက်ရွှမ်၏အနောက်က လူအုပ်ကို တစ်ချက်ကြည့်လိုက်လေသည် ။ သူတို့သည် ကြမ်းတမ်းရက်စက်ပုံမပေါက်ကြသော်လည်း အားလုံးသည် စွမ်းအားကြီးကြသည့်ပုံပေါက်သည့်အတွက် သူတို့ကို လျှော့မတွက်သင့်ပါပေ ။ အကယ်၍ ဖုန်မျိုးနွယ်စုကသူများသည် ဒီလိုအဖွဲ့နဲ့
ရင်ဆိုင်ရလျှင် သူတို့ချက်ချင်းဆိုသလို သတိထားဖို့ လိုအပ်ပေမည်။ သို့ပေမယ့် ထိုလူများသည် သူတို့၏ကလေးများကို ယခုလေးတင် ကယ်တင်ခဲ့ခြင်းဖြစ်ပြီး သူတို့က သူတို့အထဲကတစ်ယောက်ကိုလည်း သိလေသည် ။
ယွီပေ့သည် ကင်းလှည့်အဖွဲ့ကသူများ ရောက်လာပြီးကြသည့်နောက် သူတို့၏မျက်လုံးများ ဝံပုလွေအပေါ်တွင် စွဲမြဲနေသည်ကိုသတိထားလိုက်မိသည် ။ ဒီလိုဝံပုလွေမျိုး မြက်ခင်းလွင်ပြင်ဒေသတွင် မမြင်ခဲ့ဘူးသည့်အတွက် သူကိုယ်တိုင်လည်း အလွန်အံ့သြထိတ်လန့်သွားခဲ့လေသည် ။ မြက်ခင်းလွင်ပြင်ဒေသ၏ အချို့သောမျိုးနွယ်စုများတွင် ထိုကဲ့သို့ အရွယ်အစားရှိသည့်ဝံပုလွေများ ရှိကောင်းရှိပေလိမ့်မည် ။
ဥပမာအနေဖြင့် ဟွေမျိုးနွယ်စုတွင် အဆင့်မြင့်သားရဲများရှိလေသည် ။ သို့ပေမယ့် ပြောရလျှင် မြက်ခင်းလွင်ပြင်ဒေသတွင်မျိုးနွယ်စုအနည်းငယ်သာရှိလေ
သည် ။ သူတို့သည် ဗဟိုဒေသက မျိုးနွယ်စုကြီးများထက် မနိမ့်ကျသော အခြားနာမည်ကြီးမျိုးနွယ်စုများဖြစ်ကြလေသည် ။ သို့ပေမဲ့ သူတို့အရှေ့က တစ်ခုကတော့ သူတို့အမည်မသိကြသည့် မီးတောက်ဦးချိုများမျိုးနွယ်စုဖြစ်သည် ။
သူတို့သည် ကြမ်းတမ်းရက်စက်သည့်ပုံမပေါက်သည့်အတွက် ယွီပေ့သည် သူ၏စိတ်အားထက်သန်မှုကို ပေါ်လွင်ပြသနေဆဲဖြစ်သည်။ သူတို့၏စကားလုံးများကလည်း သူတို့နှင့်အလဲအလှယ် ပြုလုပ်လိုသည့်စိတ်ဆန္ဒကိုဖော်ပြနေသည်။
လူအချို့ကို ထိုသေသွားသောအင်းဆက်နှစ်ကောင်ကို ပြန်ယူလာဖို့ အမိန့်ပေးလိုက်ပြီး ယွီပေ့က ရှောက်ရွှမ်နှင့်အခြားသူများကို မျိုးနွယ်စုဆီသို့ဦးဆောင်၍ခေါ်သွားလေသည်။
ရှောက်ရွှမ်က ဒီနေရာကို ဖုမျိုးနွယ်စုက ခရီးသွားအဖွဲ့ကသူများနှင့်ရောက်ခဲ့ဖူးသည် ။ ပုံမှန်ဆိုရင် သူ
ကထိုကဲ့သို့ အာရုံစူးစိုက်မှုမျိုးမရခဲ့ပါပဲ။ သို့ပေမယ့် ယခုဒီတစ်ကြိမ်တွင် သူသည် လျှော့တွက်လို့မရသော ထူးဆန်းသည့် မျိုးနွယ်စုတစ်ခုကို ကိုယ်စားပြုဖို့လာခဲ့ရခြင်းဖြစ်လေသည်။ ယွိပေ့သည် ထိုကိစ္စ၏ အရေးပါမှုကို သဘောပေါက်သည့်အတွက် နတ်ဆေးဆရာ နှင့် အကြီးအကဲကို သတင်းပို့ဖို့ တယောက်ယောက်ကို အမိန့်ပေးလိုက်လေသည် ။
ရှောက်ရွှမ်နဲ့အခြားသူများသည် ဖုန်မျိုးနွယ်စုထဲသို့ တိုက်ရိုက်မဝင်ကြပေ။ ထိုအစား သူတို့သည် လောင်ဟယ်နေထိုင်သည့်နေရာသို့သွားကြလေသည် ။
အားနိုင်ကိုသွားရှာကြသည့် လေလွင့်သူများသည် ထိုသတင်းကိုကြားရပြီးသည်နောက် အမြန်ပြန်လာကြလေသည် ။ အားနိုင်အဆင်ပြေသည်ဟု လောင်ဟယ်ကို ပြောသောအခါ သူကသူ၏မြေးငယ်လေးကို သွားပြန်ကြည့်သင့်မသင့် ဆုံးဖြတ်နေလေသည် ။ ထိုအခိုက်တွင် သူသည် လူအဖွဲ့လိုက် ဒီနေရာသို့လာနေသည်ကို တွေ့လိုက်ရသည် ။
“ ရှောက်..ရှောက်ရွှမ် “
လောင်ဟယ်သည် မှာ ရှောက်ရွှမ်နှင့် ရှောက်ရွှမ်၏နံဘေးတွင်ရပ်နေသည့် သူမြေးကလေး အားနိုင်ကို တွေ့လိုက်ရလေသည် ။
ရှောက်ရွှမ် နာမည်ကိုကြားရပြီးသည်နောက် မြက်ခင်းထိုင်နေကြသည့်သူများသည် ရုတ်တရက်ထရပ်လေသည် ။ သူတို့လည်ပင်းကိုဆန့်ကာ သူတို့ကိုကြည့်လိုက်ကြလေသည် ။ သူတို့သည် ရှောက်ရွှမ်လို့ခေါ်သော သူတို့မျိုးနွယ်စုထဲက မျိုးနွယ်စုစစ်သည်တော်တစ်ယောက် ပြီးခဲ့သောနှစ်နှစ်တွင် ပေါလာခဲ့ကြောင်းကြားဖူးကြလေသည် ။
ဒီတော့ သူတို့မျိုးနွယ်စုထဲက လူအချို့ရောက်လာကြပြီပေါ့
ထိုအကြောင်းကို တွေးမိကြသည့်အခါ လေလွင့်သူများအားလုံးသည် စိတ်လှုပ်ရှားသွားကြလေ
သည်။ ခြေထောက်များနာကျင်နေကြသည့်သူများပင်လျှင် သူတို့၏အဖော်ကို မတ်တပ်ရပ်ဖို့အကူအညီတောင်းကာ သူတို့ဆီလာနေကြသည့်အဖွဲ့ကို ကြည့်လိုက်ကြသည် ။ သူတို့သည် သူတို့ကိုမမြင်ဖူးသည်မှာ ထင်ရှားပေမဲ့ သူတို့နှင့်ရင်းနှီးနေသည်ဟု သူတို့က ခံစားရသည်။ တကယ်ပင် သူတို့မျိုးနွယ်စုမှလူများ ဖြစ်ကြလေသည် ။
“ ဟုတ်တယ် ၊ ဟုတ်တယ် ၊ အဲဒါမီးတောက်ဦးချိုများမျိုးနွယ်စုလား “
“ ဒါ ငါတို့မျိုးနွယ်စုပေါ့ “
တစ်ယောက်ယောက်က အမှန်ဝင်ပြင်ပေးလေသည် ။
“ သူတို့က တကယ်ငါတို့မျိုးနွယ်စုကပါ ၊ ကျိန်းသေပါတယ် ၊ ပြီးတော့သူတို့က မျိုးနွယ်စုစစ်သည်တော်တွေ “
မြက်ခင်းလွင်ပြင်ဒေသတွင် မျိုးနွယ်စုစစ်သည်တော်များနှင့်နှိုင်းယှဉ်လျှင် လေလွင့်သူများကို ဆက်ဆံသည့်ပုံစံမှာ ကွဲပြားနေသည်။ ဖုန်မျိုးနွယ်စု၏ကင်းလှည့်အဖွဲ့ဝင်များသည် အလွန်သတိထားနေကြသည်ကို တွေ့ကတည်းက သူတို့သည် သူတို့ကဲ့သို့လေလွင့်သူများမဟုတ်ဘဲ မျိုးနွယ်စုစစ်သည်တော်များဖြစ်ကြောင်းကိုသိလိုက်ကြလေသည် ။
“ ကြည့်ပါဦး ၊ ဝံပုလွေတကောင် “
“ ကြီးလိုက်တဲ့ဝံပုလွေကြီး ၊ ဒါ ယဥ်ပါးပြီးသားလား “
လောင်ဟယ်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူတို့ကိုကြိုဆိုဖို့အရှေ့သို့ပင် အနည်းငယ်ခြေလှမ်းမိသွားလေသည် ။
“ အဖိုး “
အားနိုင်က သူ့အဖိုးရင်ဘတ်ထဲပစ်ဝင်လိုက်ပြီး သူကြုံခဲ့သမျှကိုပြောပြလေသည် ။
ဒဏ်ရာမရထားသော သူ့မြေးလေးကိုကြည့်ပြီး လောင်ဟယ်သည်ရှောက်ရွှမ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်လေသည် ။
“ မတွေ့ရတာ ကြာပြီနော် ၊ လောင်ဟယ် “
ရှောက်ရွှမ်က ရယ်မောရင်း ပြောသည် ။
လောင်ဟယ်၏ အဝေးကိုကြည့်လိုက်သောအခါ ရှောက်ရွှမ်သည် သူ့ဆီလမ်းလျှောက်လာသော လူငယ်လေးကိုကြည့်နေလိုက်သည်။
လေးထောင့်ကျကျမျက်နှာတွင် စိတ်လှုပ်ရှားမှုများ ၊ ရှက်ရွံ့နေမှုများ ရှိနေသည့် သူတို့ရှိရာသို့လမ်းလျှောက်လာသောသူသည် အပြင်တွင် အကြိမ်ဖန်များစွာ အလုပ်လုပ်ခဲ့ရသည့်အတွက် မဲသော
အသားအရေ ၊ ကြမ်းတမ်းသောလက်ဖဝါး ၊ ဒဏ်ရာအဟောင်း ၊အသစ်များနှင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် အမာရွတ်များစွာ ရှိနေလေသည် ။ စုတ်ပြဲနေသော သားရေအပေါ်ထပ်သည် သူ၏ပုခုံးပေါ်မှမြက်ကြိုးအရာများကို လုံလုံလောက်လောက် ဖုံးအုပ်မပေးနိုင်ပါပေ ။
ကြမ်းတမ်းသောဘဝကြောင့် သူသည် မီးတောက်ဦးချိုမျိုးနွယ် စု၏ အခြားသောစစ်သည်တော်များကဲ့သို့ မသန်မာသော်လည်း သူသည် တောင့်တင်းသန်မာပုံ ပေါက်လေသည် ။ သူသည် ရက်ပေါင်းများစွာ ကောင်းကောင်း အနားမယူရသေးသောကြောင့် အလွန်ပင်ပန်းနေပုံ ပေါက်လေသည် ။ သို့ပေမယ့် သူသည် မီးတောက်ဦးချိုမျိုးနွယ်စုက စစ်သည်တော်များကို တောက်ပသောမျက်လုံးများနှင့် ကြည့်နေလေသည် ။
“ သူက ခွင်းထုလို့ခေါ်ပါတယ် ၊ အစတည်းက သူက ငါတို့နဲ့အတူပြန်လိုက်ချင်ပါတယ် “
လောင်ဟယ်က သူ့ကို သူတို့နှင့်မိတ်ဆက်ပေးလိုက်သည်။
သူ့မေးကို မော့လိုက်ပြီး ရှောက်ရွှမ်က နောက်ကိုနည်းနည်းဆုတ်ကာ သူ၏နံဘေးတွေရပ်နေသည့် မိုင်ကိုလက်ညှိုးထိုးပြပြီး သူ့ကိုလေလွင့်သူများနှင့် မိတ်ဆက်ပေးလိုက်ကာ ပြောလေသည် ။
“ ဒါက ကျွန်တော်တို့အဖွဲ့ခေါင်းဆောင် အကြီးတန်းမျိုးနွယ်စုစစ်သည်တော် မိုင်ပါ “
ရှောက်ရွှမ်သည် အထူးသဖြင့် သူသည် အကြီးတန်းမျိုးနွယ်စုစစ်သည်တော်တစ်ယောက်ဖြစ်သည့်အကြောင်း ပြောပြလေသည် ။သူက ထိုလေလွင့်သူများ လုံခြုံမှုရှိသည်ဟုခံစားရစေရန် ပြုလုပ်ခြင်းမှာ ထင်ရှားပြီး မိုင်အပေါ်ကိုလည်း သူတို့အထင်ကြီးသွားစေရန် ပြုလုပ်ခြင်းဖြစ်သည်။ အကယ်၍ ထိုသူများသာ အနာဂတ်တွင် စွမ်းအင်နိုးထလာလျှင် မိုင်သည် သူတို့ကိုဦးဆောင်နိုင်ပေသည် ။
လေလွင့်သူများအနေဖြင့် သူတို့သည် မျိုးနွယ်စုစစ်သည်တော်ကိုပဲမြင်ရခဲလေရာ အ ကြီးတန်းမျိုးနွယ်စုစစ်သည်တော်ဆိုလျှင် ပြောဖို့ပင် မလိုအပ်ပါပေ ။ သူသည် ဖုန်မျိုးနွယ်စု၏ကင်းလှည့်အဖွဲ့ခေါင်းဆောင်နှင့် အဆင့်တူတူပင်ဖြစ်ပေသည် ။
မိုင်သည် လေလွင့်သူများသို့ သူ၏လူများကို အစားအစာများနှင့်ဆေးပင်များ ဖြန့်ဝေပေးခိုင်းလိုက်လေသည် ။ ခွင်းထုနဲ့ စကားပြောကာ သူ့ကို အချို့အချက်အလက်များ မေးနေလေသည် ။
“ မိုင် ၊ ရှောက်ရွှမ် ၊ ငါတို့အကြီးအကဲက သူ့ကိုလာတွေ့ဖို့ မင်းကိုဖိတ်လိုက်တယ် “
ယွီပေ့က လာပြီးပြောလေသည် ။
ရှောက်ရွှမ်က လေလွင့်သူများကို ကြည့်လိုက်လေသည် ။ ယွီပေ့ကဒါကို မြင်တော့ ရယ်ပြီးပြောလေ
သည် ။
“ သူတို့ မင်းနဲ့သွားမှာပါ “
ယခုမှစ၍ ခွင်းထုနဲ့အခြားသူများသည် လေလွင့်သူများ မဟုတ်ကြတော့ပါပေ ။ သူတို့သည် လေလွင့်သူများမဟုတ်ကြသည့်အတွက် သူတို့ကို ဆက်ဆံပုံ ပြောင်းလဲသွားလေသည် ။
မျိုးနွယ်စု၏ထောက်ပံ့မှုကြောင့် အချို့သော လေလွင့်သူများသည် အချိန်အတော်ကြာအောင် စိတ်လှုပ်ရှားနေကြပြီး စိတ်ကိုငြိမ်ငြိမ်မထားနိုင်ကြတော့ပါပေ ။
သူတို့က ပထမဆုံး အနေဖြင့် ထိုဒဏ်ရာရကာ ပင်ပန်းနေသောလေလွင့်သူများကို နေရာချပေးဖို့ နေရာတစ်ခု ရှာကြလေသည် ။ မိုင်က အချို့သူများကို အကြီးအကဲဆီသွားလည်ဖို့ မျိုးနွယ်စုထဲသို့ခေါ်
လာခဲ့လေသည် ။
ဖုန်မျိုးနွယ်စု၏အကြီးအကဲသည် သူတို့ဟာ မည်သူ ဖြစ်ကြသည် နှင့် ထိုထူးဆန်းသော အင်းဆက်များကို သတ်ပေးသည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် မီး တောက်ဦးချိုများမျိုးနွယ်စုကသူများကို တွေ့ချင်နေလေသည် ။ သူတို့သည် အိမ်မွေးတိရစ္ဆာန်အချိုနှင့် အလဲအလှယ်ပြုလုပ်ချင်သည်ဟု ပြောကြသည့်အတွက် ဖုန်မျိုးနွယ်စု၏အကြီးအကဲသည် တချို့တလေ ရွေးချယ်လို့ရစေရန်အတွက် ရှောက်ရွှမ်ကိုသွားခေါ်ဖို့ လူတစ်ယောက်လွှတ်လိုက်လေသည် ။
မိုင်သည် အခြားသူဆယ်ယောက်နှင့် အိမ်မွေးတိရစ္ဆာန်များကိုရွေးချယ်နေချိန်တွင် မိုင်သည် ဖုန်မျိုးနွယ်စုကသူများနှင့်စကားပြောရန်အတွက် ထိုနေရာတွင် နေကျန်ရစ်ခဲ့လေသည် ။ အိမ်မွေးတိရိစ္ဆာန်များအားလုံးသည် တနေရာထဲတွင်မရှိပါဘဲ သူတို့သည် တစ်နေရာတွင် အကောင်ရေအချို့ရွေးချယ်ပြီး နောက်တစ်နေရာတွင် ထပ်၍ရွေးချယ်ရသည် ။
ကွားအာသည် ရှောက်ရွှမ်နဲ့လူများနှင့်အတူ ဝံပုလွေတို့ သူ့အိမ်သို့လာသည်ကို မြင်ရသောအခါ သူသည် အလွန်စိတ်လှုပ်ရှားသွားလေသည်။
“ အဖေ ၊ တကယ် အသက်ရှင်နေတဲ့ ဝံပုလွေကြီး ၊အသက်ဝင်နေတယ် “
“ အဖေ သိပါတယ်။ အဲဒီကိုမသွားနဲ့နော်
ဂရုစိုက်ဦး..မဟုတ်ရင်မင်းကိုကိုက်စားပစ်လိမ့်မယ် “
ကွားအာ၏အဖေသည် အိမ်မွေးတိရစ္ဆာန်များရွေးချယ်သည့်နေရာတွင် ကူညီပေးလေသည် ။ ကွားအာသည် အနီးကို ကပ်လာချင်ပေမယ့် သူမလာရဲပါပေ။ သူသည် ၎င်းတို့ကို အဝေးမှာကြည့်၍သာ နေရလေသည် ။ သူသည် သူ အင်းဆက်များနှင့်တွေ့ရတုန်းက သူကြောက်လန့်တကြားဖြစ်သွားသည်ကို
မေ့လျော့သွားလေသည်။ သူအားသည်နှင့် တပြိုင်နက် သူသည် ဆီဆာကို စိုက်ကြည့်နေလေသည် ။
ကွားအာအပြင် အခြားလူကြီးများနှင့်ကလေးများ အထူးသဖြင့်သစ်သားပန်းပုရုပ်ကို မြင်ဖူးကြသော ကွားအာ၏သူငယ်ချင်းများသည်လည်း ပတ်ပတ်လည်တွင် လူအများအပြား ရပ်ကြည့်နေကြလေသည်။ ကွားအာသည် သူတို့ကို ထိုအရုပ်ကို ပြဖူးကြလေသည် ။ သူတို့က ထိုပန်းပုရုပ်သည် အလွန်ချဲ့ကားထားသည်ဟု တွေးခဲ့ကြသည် ။ သူတို့အထဲက အချို့က ဝံပုလွေများနှင့် အချို့ဆို ဝံပုလွေဖို ( အယ်ဖာ) ကြီးများပင် မြင်ဖူးကြလေသည် ။ သို့ပေမဲ့ သူတို့က ထိုသို့ ချွန်ထက်သော လက်သည်းများ ၊ အစွယ်များနှင့် ဝံပုလွေမျိုး မမြင်ဖူးကြပါပေ ။
သို့သော်လည်း သစ်သားဝံပုလွေအရုပ်သည် တကယ့် ဝံပုလွေတစ်ကောင်၏တည်ရှိမှုကို ကောင်းစွာမဖော်ပြနိုင်ပါပေ။ သူတို့သည် တကယ့်ဝံပုလွေအစစ်ကိုကြည့်ကာ တချိန်တည်းမှာပင် ကြောက်ရွံလာ
သလို ခံစားကြလေသည် ။
ရှောက်ရွှမ်က အခြားသူများကိုလည်း သူ့ကိုကူ၍ရွေးခိုင်းပြီး သူကတော့ နွားများ၊ဆိတ်များနှင့်မြင်းများ အပါအဝင် အကောင်ရေတချို့ရွေးချယ်လေသည် ။ အားလုံးသည် ငယ်ရွယ်သေးသော အိမ်မွေးတိရိစ္ဆာန်များဖြစ်ကြပြီး သူတို့အားလုံး ပြေးနိုင်ကြလေသည် ။ အကြီးအကဲသည် မီးတောက်ဦးချိုများမျိုးနွယ်စုသည် အလွန်အရေးပါသည်ဟုပြောထားသည့်အတွက် တိရစ္ဆာန်များကူ၍ရွေးချယ်ပေးသောသူသည် အလွန်အလေးနက်ထားကာလုပ်ဆောင်ပေးလေသည် ။
အိမ်မွေးတိရစ္ဆာန်အချို့ရွေးချယ်ပြီးသွားသည့်နောက် သူတို့သည်အခွံများ ၊ ရေလကျောက်များနှင့် လဲလိုက်ကြလေသည် ။ ရှောက်ရွှမ်သည် လမ်းတွင် ရေလကျောက်အချို့ကို စျေးကွက်ထဲကအခွံများ၊အခြားပစ္စည်းများနှင့် အလဲအလှယ် လုပ်ခဲ့သေးသည် ။ ဖုန်မျိုးနွယ်စုက မည်သည့်ပစ္စည်းကိုပင် လက်ခံပါစေ ရှောက်ရွှမ်က သူတို့ကိုပေးနိုင်လေ
သည် ။
နောက်ဆုံးတွင် သူတို့ နွားအကောင်ရေ နှစ်ဆယ် ၊ ဆိတ်အကောင်ရေ နှစ်ဆယ် ၊ မြင်းအကောင်အရေ နှစ်ဆယ် ၊ အထီး ၊ အမများရခဲ့ကြလေသည် ။ ထို့နောက် လေလွင့်သူတို့သည် ၎င်းတို့နှင့်ပတ်သက်ပြီး အတွေ့အကြုံရှိကာ ကောင်းကောင်းဂရုစိုက်နိုင်ကြသည့်အတွက် ထိုအိမ်မွေးတိရိစ္ဆာန်များကို လေလွင့်သူများအားစောင့်ရှောက်ပေးဖို့ သူတို့က ခိုင်းလိုက်လေသည် ။
ယနေ့ညတွင် မီးတောက်ဦးချိုမျိုးနွယ်စုသည် ဖုန်မျိုးနွယ်စုထဲတွင် နေထိုင်ပေလိမ့်မည်။ တောင်ပေါ်တွင် စစ်ပွဲဖြစ်ပွားနေသည့်အတွက်ကြောင့် သားရဲများ တောင်ပေါ်သို့ ပိုပြီးတက်လာနိုင်လေသည် ။
တောင်ပေါ်တွင် ဖုန်မျိုးနွယ်စုအပြင် အခြားသောမျိုးနွယ်စုများတွင်လည်း ထူးဆန်းသောအင်းဆက်များနှင့် သားရဲများတိုက်ခိုက်ခြင်းကို ခံနေရလေသည် ။ ထို့ကြောင့် ကင်းလှည့်စစ်သည်တော်အရေအတွက်
ကို ထပ်မံတိုးချဲ့လိုက်လေသည် ။
ဆီဆာသည် အပြင်ကမြက်ခင်းပေါ်တွင် လှဲလျောင်းနေရင်း အဝေးက အသံများကို တစ်ခုပြီးတစ်ခု နားထောင်ကြည့်နေလေသည် ။ သူသည် အလွန်ဆူညံသည်ဟုခံစားရလေသည် ။ သူသည် မတ်တပ်ထရပ်ကာ သူ့အမွှေးများကိုခါပြီး မော့ကြည့်ကာ အူလိုက်လေသည်။
“ အာဝူး “
သူ၏အူသံသည် မျိုးနွယ်စု၏ မြက်ခင်းလွင်ပြင်တလျှောက်ဖြတ်သန်းသွားကာ အဝေးကတောင်ပေါ်ဆီသို့ပါ ပျံ့နှံ့၍သွားလေသည် ။
ကွင်းပြင်ငယ်ထဲမှာ ဖုန်မျိုးနွယ်စု၏ နွားများ ၊ ဆိတ်များသည် တုန်ယင်နေပြီး မြင်းများသည်လည်း အလွန်အကြူးမဟုတ်သည့်တိုင် စိုးရိမ်ပူပန်စွာဖြင့်
ကဆုန်ပေါက်နေကြသည် ။ သူတို့က သွေးဆာမှုသည် သူတို့ကို မရည်ရွယ်ကြောင်းခံစားမိလိုက်ကြသည် ။ သူတို့အထဲက အချို့သည် ဝံပုလွေများနှင့်အရင်က ရင်ဆိုင်ရဖူးသည့်အတွက် သတ္တိမမဲ့ကြပါပေ ။
ဖုန်မျိုးနွယ်စု၏ စည်းရိုးတလျှောက် လှုပ်ရှားနေကြသော အချို့သော သားရဲများသည် ထိုအသံကိုကြားကြသောအခါ အထူးသဖြင့် ဝံပုလွေများသည် တွန့်ဆုတ်ခြင်းမရှိပဲ နောက်ပြန်လှည့်ကာ ထွက်ပြေးကြလေသည် ။
မြေအောက်တွင် ဖုန်မျိုးနွယ်စုရှိရာသို့ ဦးတည်လာနေကြသော အင်းဆက်အချို့ ရှိကြလေသည် ။ သူတို့လည်း ရပ်သွားကြပြီး ထိုအကြောင်းတွေးနေကြလေသည် ။ ထို့နောက်တွင် သူတို့က နောက်ပြန်လှည့်ကာ အခြားမျိုးနွယ်စုကိုသွားကြလေသည် ။
ဆီဆာ အူပြီးသည့်နောက် အရာရာတိတ်ဆိတ်သွားလေသည် ။
ထို စိတ်ကိုဆွနေသော အသံများမကြားရတော့သည့်အတွက် ဆီဆာက ကျေနပ်သွားလေသည် ။ သူသည် တခါပြန်လှဲကာ ဆက်အိပ်လေသည် ။
ဖုန်မျိုးနွယ်စုမှ ကင်းလှည့်စစ်သည်တော်များသည် သူတို့ဆီမှ အဝေးသို့ ထွက်ပြေးသွားသော သားရဲများကို ကြည့်ပြီး အချင်းချင်း ပြန်ကြည့်လိုက်ကြသည် ။