← Chapters

ရှာပုံတော်

Vol. 17 Ch. 251

ရှာပုံတော်

Vol. 17 Ch. 251

မီးတောက်ဦးချိုမျိုးနွယ်စုနေထိုင်နေသောကာလအတွင်း ယခုညနေသည် ဖုန်မျိုးနွယ်စုအတွက် အတိတ်ဆိတ်ဆုံး ညတစ်ညဖြစ်လေသည်။ ညဘက်ထွက် သော သတ္တဝါများ၏ အသံကို မကြားရသလို ကင်းလှည့်နေသော စစ်သည်တော်များ၏ လေချွန်သံကိုလည်း မကြားရပါ။ မျိုးနွယ်စုအတွင်း အရာအားလုံးသည် ပုံမှန်သာ ဖြစ်ပြီး သူတို့ သတိထားနေရသော ထူးဆန်းသည့်ပိုးမွှားများကို ပင်မတွေ့ရတော့ပေ။

နောက်တစ်နေ့ကတော့ နေသာပါ၏။ မနက်စောစော ထလာကြပြီး မိသားစုတိုင်းသည် သူတို့၏ လယ်ယာသုံး တိရစ္ဆာများကို ရေတွက်ကြသည်။

“တိရစ္ဆာန်တွေ အခြေအနေဘယ်လိုလဲဟေ့”

“အားလုံးရှိပါ့တော်” ဖုန်မျိုးနွယ်စုမှ အမျိုးသမီးတစ်ယောက်သည် ကျွဲ၊နွား စသည့် တိရစ္ဆာန်များကို ရေတွက်ပြီးနောက် သူ့ယောက်ျားကို ပျော်ရွှင်စွာလှမ်းပြောလိုက်သည်။

ဒီတစ်ခေါက်တွင် ဘယ်သူ့တိရစ္ဆာန်များပျောက်ဦးမလဲဟု အိမ်နီးနားချင်းများသည် အချင်းချင်း ပြောဆိုလျက်ရှိသည်။ သို့သော် တစ်မနက်ခင်းလုံးပြောဆိုပြီးနောက် မည်သည့်တိရစ္ဆာန်မှ မပျောက်ကြောင်း သိလိုက်ရသည်။ လူတစ်ယောက်က သူ့ဆိတ်ပျောက်သည်ဟု ပြောသေးသော်လည်း အမှန်တကယ်ကတော့ သူရေတွက်တာ မှားခြင်းဖြစ်သည်။ သူသည် သေချာရန် အကြိမ်ကြိမ်အခါခါ ပြန်ရေတွက်ကြည့်သည်။

အခုတစ်ခေါက်တွင် တိရစ္ဆာန်များတစ်ကောင်မှ မပျောက်ပေ။ တပည့်များတင်ပြသော အချက်အလက်များကိုအခြေခံထားသည့် အစီရင်ခံစာကို နားထောင်ပြီးနောက် ယိပိုင်သည် ခေါင်းငြိမ့်လိုက်ပြီး “တိရစ္ဆာန်တွေကို ဝင်လုသွား

တာ ပိုးမွှားတွေဖြစ်ရမယ်”။

“ပိုးမွှားတွေက မနေ့ညက ကြောက်လန့်ပြီး ထွက်ပြေးကုန်ပြီ ထင်တယ်” တစ်ယောက်က တီးတိုးပြောလိုက်သည်။

မနေ့ညက ဝံပုလွေတစ်ကောင် အူသံကို အိမ်တွင် အိပ်နေသူများအပြင် မြက်ခင်းလွင်ပြင်တွင် ကင်းလှည့်နေသူများပါ ကြားလိုက်ရသည်။ ကင်းလှည့်နေသော စစ်သည်တော်များသည် အူသံထွက်ပေါ်လာပြီးနောက် ထွက်ပြေးသွားသော သားရဲကို မြင်လိုက်ရသည်ဟုဆိုလေသည်။

ဖုန်မျိုးနွယ်စုဝင်များက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များရောက်လာခြင်းသည် သူတို့အတွက် အကျိုးရှိသည်ဟု ယူဆကြသည်။ သူတို့၏ လယ်ယာသုံး တိရစ္ဆာန်များကို ဝံပုလွေတစ်ကောင် စောင့်ရှောက်ပေးနေသဖြင့် သူခိုးများမကပ်ရဲကြတော့။

မီးတောက်ဦးချိုမျိုးနွယ်စုသည် ဖုန်မျိုးနွယ်စု

ထံတွင် ၂ရက်ကြာမျှ နေထိုင်ခဲ့သည်။ သူတို့သည် လေလွင့်သူများကို အထူးဂရုစိုက်လိုသည်။ ဒဏ်ရာပြင်းထန်စွာရနေသူများမှာ ပြန်လည်သက်သာလာသဖြင့် ၂ရက်အမြန်ကုနည်းကို ကျေးဇူးတင်ရမည်။ ရှောက်ရွှမ်သည် ထိုအခွင့်အရေးကို အရယူပြီး စစ်သည်တော်တချို့ကို တောင်ပေါ်သို့ ခေါ်သွားလေသည်။ ရထားလုံးတစ်စီးပြုလုပ်ရန်အတွက် တောင်ပေါ်တွင် သစ်ရှာကြမည် ဖြစ်သည်။

ပစ္စည်းများမှာ နည်းပါးနေပြီး လက်သမားများမှာလည်း မျိုးနွယ်စုထဲတွင် မရှိပါ။ ထို့ကြောင့် ရှောက်ရွှမ်သည် လိုအပ်သော ပစ္စည်းများကို သူကိုယ်တိုင်လုပ်ယူရလေသည်။ ရထားလုံးသည် နယ်မြေအဟောင်းသို့ ပြန်ရန်ပြုလုပ်ထားသော ရထားလုံးလောက် မကြီးပါ။ ထို့ပြင် အမိုးလည်းမပါပါ။ သို့သော် လေလွင့်သူ တစ်ယောက်ယက်လုပ်ထားသော ဖျာတစ်ချပ်ကိုတော့ လိုက်ပါစီးနင်းသူများ အရိပ်ရအောင် မိုးထားလေသည်။

သစ်သားကတော့ သိပ်အကောင်းစားမဟုတ်

ပါ။ ရှောက်ရွှမ်သည် ထိုသစ်သားဖြင့် ရထားလုံးကို သိပ်လုပ်ချင်သည် မဟုတ်ပါ။ ဆီဇာ့အားရထားလုံးကိုမဆွဲခိုင်းပါ။ ရထားလုံး ကိုဆွဲရန် မြင်းကြီး၂ကောင်ကို ရွေးချယ်ထားလေသည်။ လမ်းမလျှောက်နိုင်သေးသော ဒဏ်ရာရထားသူများကို ရထားလုံးပေါ်တွင် လိုက်ပါစီးနင်းခွင့်ပြုထားသည်။

လေလွင့်သူများသည် စိတ်ကြည်လင်နေကြသည်။ ၂ရက်ခန့်အနားယူပြီးသောအခါ သူတို့သည် အားပြည့်လန်းဆန်းလာကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှ မျိုးနွယ်စုစစ်သည်တော်များကို အဖော်ပြုနေထိုင်ရသဖြင့် သူတို့သည် စိတ်ကျေနပ်နေကြသည်။

အားနိုင်နှင့် သူ့မိသားစုတို့ထွက်ခွာသွားသောအခါ ကွေ့အာက အားနိုင်ကို မြင်းပုလေးတစ်ကောင် လက်ဆောင်ပေးလိုက်သည်။ တောယာ့နှင့် ရွယ်တူကလေးများသည် အားနိုင်ထွက်ခွားသွားသည်ကို တွေ့လိုက်ရသည်။

“နောက်တကြိမ်တွေ့ရင် ကျွန်တော်တို့က မျိုးနွယ်စုစစ်သည်တွေ ဖြစ်လာမှာ မဟုတ်လား” ကွေ့အာက ထွက်ခွာသွားသော သူများကို ကြည့်ရင်း ပြောလိုက်သည်။

“အားနိုင်တို့မျိုးနွယ်စု ဘယ်ရောက်နေလဲ…ငါတို့အပြင်ထွက်ရင် သူတို့ဆီ သွားလည်မယ်” ကလေးတစ်ယောက်က ပြောလေသည်။ ထိုသို့ပြောရင်း သူသည် ဆီဇာ့ကို ကြည့်နေလေသည်။

ဆီဆာနှင့် ပတ်သက်သောအခါ ကွေ့အာသည် တုန့်ဆိုင်းသွားပြီး “ငါ့အဖေပြောတာတော့ ဒီကောင်တွေက “ကြောက်မက်ဖွယ်သားရဲတို့ရဲ့ တောတောင်”ထဲမှာ နေကြတယ်တဲ့” ဟုပြောလိုက်သည်။

အခြားကလေးများ နှုတ်ဆိတ်သွားသည်။

သူတို့နှင့် အလွန်ဝေးကွာသော်လည်း “ကြောက်မက်ဖွယ်သားရဲတို့ရဲ့ တောတောင်”ဆိုသည်မှာ ဘာကိုဆိုလိုသလဲတော့ သူတို့

သိကြသည်။

ဖုန်မျိုးနွယ်စုမှ ကင်းအဖွဲ့ကို နှုတ်ဆက်ရင်း မီးတောက်ဦးချိုမျိုးနွယ်စုသည် လေလွင့်သူများနှင့်အတူ ထွက်ခွာသွားကြသည်။ သူတို့သည် မြက်ခင်းလွင်ပြင်ဒေသကို ဆက်လက် မဖြတ်သန်းတော့ပါ။ သူတို့သည် မြက်ခင်းလွင်ပြင်ဒေသတွင် နေထိုင်သော မျိုးနွယ်စုများအကြောင်းကို သိလိုသော်လည်း သူတို့၏တာဝန်က ပိုအရေးကြီးနေလေသည်။ သူတို့၏တာဝန်မှာ လေလွင့်သူများကို ပြန်ခေါ်ရန်ဖြစ်သည်။ မြက်ခင်းလွင်ပြင်ဒေသကို လေ့လာရန် အခွင့်အရေးနောက်တစ်ကြိမ်ပေါ်သည်အထိ စောင့်ဆိုင်းရဦိးမည်။

မြက်ခင်းလွင်ပြင်ဒေသမှ ထွက်ခွာလာချိန်အထိ ရှောက်ရွှမ်သည် ချာချာ့ကို မတွေ့သေးပေ။ ကောင်းကင်ပေါ်မော့ကြည့်ရင်း ချာချာတစ်ကောင်ဘာလို့ပြန်မလာသလဲ ရှောက်ရွှမ်စဉ်းစားကြည့်နေသည်။

သူတို့ဖုန်မျိုးနွယ်စုပိုင်နက်ထဲဝင်လာသောအခါ ချာချာက သူတို့နှင့် မလိုက်လာဘဲ တစ်ကောင်တည်း ထွက်သွားသည်။ ရှောက်ရွှမ်က ချာချာ့ကို ဘာမှ ပြောမနေတော့ဘဲ တခြားမျိုးနွယ်စု၏ ကျွဲ၊နွားများကို မခိုးယူရန်သာ မှာလိုက်သည်။ ကျွဲနွားများကို သွားခိုးပါက လူများက ချာချာ့ကို တိုက်ခိုက်မည်ဖြစ်သည်။

ရှောက်ရွှမ်သည် ထိုကိစ္စအတွက် စိတ်မပူပါ။ သို့သော် ချာချာ့ကိုမတွေ့ရသည်မှာ ၂ရက်ရှိလေပြီ။ ပုံမှန်ဆိုလျှင် ချာချာသည် နေ့စဉ်သူကြုံတွေ့ခဲ့ရသမျှတို့ကို ရှောက်ရွှမ်ထံတွင် အစီရင်ခံနေကျဖြစ်သည်။ အခုတော့ ချာချာပျောက်နေသည်။ ရှောက်ရွှမ်တို့ ပြန်ကြမည့်အချိန်ထိ ချာချာမပေါ်လာပါ။

တောင်ပေါ်သွား၍ မျိုးနွယ်စု စစ်ပွဲကို ကြည့်နေသောကြောင့် ပြန်လာရန် မေ့နေခြင်းလား။ ကံကောင်းထောက်မစွာဖြင့် မြက်ခင်းလွင်ပြင်ဒေသကို ဖြတ်ကျော်နေသော အချိန်တွင် ချာချာ ပြန်ရောက်လာသည်။

ချာချာသည် သေကောင်ပေါင်းလဲဖြစ်လာသည်။ ဒဏ်ရာအမြောက်အများရလာသလို အမွှေးများလည်း ကျွတ်လာသည်။ ကံကောင်း၍သာ အသက်ရှင်လျက် ပျံသန်းလာနိုင်ခြင်းဖြစ်သည်။

ရှောက်ရွှမ်သည် ချာချာ့ ဒဏ်ရာများကို သေချာကြည့်လိုက်သည်။ တချို့ဒဏ်ရာများမှာ လက်သည်းရာများဖြစ်သလို တချို့ဒဏ်ရာများမှာ နှုတ်သီးဖြင့် ပေါက်ခံထားရခြင်းဖြစ်ပြီး အမွှေးများလည်း ကျွတ်ထွက်လျက်ရှိသည်။ ချာချာသည် ဒဏ်ရာများရနေသော်လည်း စိတ်လှုပ်ရှားပျော်ရွှင်နေပုံရသည်။

“မင်းဘာကောင်နဲ့တိုက်ခိုက်လာတာလဲ” လန်ကာ့ကမေးလိုက်သည်။

“သူနဲ့မျိုးနွယ်တူ အရွယ်အစားတူ ငှက်တစ်ကောင် နဲ့တိုက်လာတာဖြစ်မယ်” ချာချာ့လက်သည်းတွင်ညပ်ပါလာသော သွေးစွန်းနေ

သည့် အမွှေးတစ်ချောင်းကို ယူရင်း ပြောလိုက်သည်။ ထိုအမွှေးသည် ချာချာ့အတွက် ဆုတံဆိပ်တစ်ခုဖြစ်လေသည်။ ချာချာသည် ထိုအမွှေးကို လက်သည်းဖြင့် ကုတ်ချီလာရင်း ပျံသန်းလာခဲ့ခြင်းဖြစ်သည်။ အမွှေးပေါ်တွင် စွန်းပေနေသော သွေးများမှာ ချာချာ့သွေးမဟုတ်ပါ။ ချာချာကုတ်ချီလာသော အမွှေးများမှာ ချာချာ့ အမွှေးနှင့် တစ်ရွယ်တည်းဖြစ်လို အရောင်မှာလည်း အတူတူဖြစ်ပါသည်။ ရှောက်ရွှမ်သည် ချာချာနှင့် မရင်းနှီးပါက ထိုအမွှေးများသည် ချာချာ့အမွှေးများဖြစ်သည်ဟုသာ ထင်မိမည် ဖြစ်သည်။

“မင်းကြည့်ရတာ တော်တော်ပျော်နေပုံပဲ…ရန်ပွဲကို မင်းနိုင်လာတာလား” လန်ကာ့က ချာချာ့ကို ချီးမွမ်းလိုက်သည်။

“ကျောင်း…” ချာချာက အတောင်ပံများကို ဂုဏ်ယူဝံ့ကြွားစွာ ခတ်ပြလိုက်သည်။

ချာချာသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များနှင့် ဆီဆာရင်းနှီးသလို မရင်းနှီးပါ။ သူ့ကိုဆိုလျှင်

မျိုးနွယ်စုဝင်များက စိမ်းစိမ်းကားကားဆက်ဆံကြသည်။ အဖွဲ့အတွင်းတွင် ချာချာလုံးဝမသိသောသူများလည်း ပါဝင်သည်။ ရှောက်ရွှမ်က ဆေးထည့်ပေးပြီးသောအခါ ချာချာသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး အဖွဲ့နောက်မှ လိုက်ပါသွဦးသည်။ ဒီတစ်ခေါက်တွင်တော့ အဖွဲ့မှ ခွဲထွက်မသွားတော့ပါ။

သူရလာသော အမွှေးများသည် ချာချာအနိုင်ရလာကြောင်း ပြသည့်အမှတ်အသားဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်က သိမ်းထားပေးလိုက်သည်။ မျိုးနွယ်စုဆီပြန်ရောက်သောအခါ ထိုအမွှေးများကို လောင်ခဲ့ကို သိမ်းထားခိုင်းလိုက်မည်။ ချာချာတစ်ကောင် ထိုကဲ့သို့ အောင်ပွဲရပစ္စည်းများရလာတိုင်း လောင်ခဲ့က အမြဲသိမ်းထား ပေးသည်။

လေလွင့်သူများသည် အဖွဲ့အတွင်းတွင်ပါဝင်သော ကြောက်မက်ဖွယ်သားရဲ၂ကောင် အကြောင်းကို အလွန်သိလိုကြသည်။ သို့သော် သူတို့သည် ဆီဆာ့နားကို သိပ်မကပ်ရဲကြ။ ချာချာ

ကတော့ ကောင်းကင်ပေါ်တွင်သာ ပျံသန်းနေသဖြင့် အနားကပ်၍ မရပေ။ ချာချာကိုတော့ မြေပြင်မှသာ လှမ်းကြည့်၍ရသည်။ မီးတောက်ဦးချိုမျိုးနွယ်စုတွင် ထိုကဲ့သို့ ကြောက်မက်ဖွယ်သားရဲများ ရှိနေမည်ဟု သူတို့မမျှော်လင့်ထားကြပါ။ ကြောက်မက်ဖွယ်သားရဲများကို ပိုင်ဆိုင်ထားသော မျိုးနွယ်စု တစ်ခုသည် အင်အားကောင်းသော မျိုးနွယ်စုတစ်ခုပင်ဖြစ်လေတော့သည်။

မြက်ခင်းလွင်ပြင်ဒေသမှ ထွက်ခွာလာပြီးနောက် ရှောက်ရွှမ်တို့အဖွဲ့သည် ချက်ခြင်းမပြန်သေးဘဲ နေရာတစ်နေရာသို့ သွားကြလေသည်။ ခွင်းထူကဲ့သို့ ပြန်လည်စုစည်းခြင်းအတွက် တာဝန်ယူထားရသောခေါင်းဆောင်များက သဘောတူညီချက်တစ်ခုလုပ်ထားကြသည်။ ထိုသဘောတူညီချက်မှာ မြက်ခင်းလွင်ပြင်ဒေသမှ ထွက်ခွာလာသည့်အခါ ထိုနေရာတွင် ပြန်လည်ဆုံစည်းကြရန် ဖြစ်သည်။

မြက်ခင်းလွင်ပြင်ဒေသမှာ အလွန်ကျယ်ပြန့်

ပြီး ထွက်လမ်းမှာတစ်ခုတည်း မဟုတ်။ ခွင်းထုအတွက် အတိုဆုံးလမ်းကြောင်းမှာ မြက်ခင်းလွင်ပြင်ဒေသ၏ နေရာအသီးသီးတွင် နေထိုင်ကြသော လူများအတွက် အတိုဆုံးလမ်းကြောင်း မဟုတ်ပါ။ ထို့ကြောင့် သူတို့သည် မတူညီသော လမ်းကြောင်းအသီးအသီးမှ ထွက်လာခဲ့ကြသည်။

“အဲဒီနားမှာ ဈေးတစ်ခုရှိတယ်…ခရီးသွားအများစုက အဲဒီဈေးကို ဖြတ်သွားကြတယ်...ဒါပေမဲ့ ငါတို့တွေ့ဖို့ချိန်းထားတာက တောင်တစ်လုံးပေါ်မှာ…ဈေးထဲမှာ မဟုတ်ဘူး…တစ်ဖွဲ့နဲ့တစ်ဖွဲ့ဆက်သွယ်ဖို့ ဒီဝီစီကို သုံးပါ” ခွင်းထူက သူ့အစီအစဉ်ကို မိုင့်ကို ပြောပြနေသည်။

မျိုးနွယ်စုဆီ ပြန်ရောက်ရန် သူတို့သည် အစွမ်းကုန်ကြိုးစားခဲ့ကြရသည်။ လေလွင့်သူများအဖွဲ့ကတော့ သူတို့၏အားနည်းချက်ဖြစ်လေသည်။ ဘယ်နေရာရောက်ရောက် သူတို့ကိုကာကွယ်ပေးရလေသည်။ လေလွင့်သူများသည် သတင်းအချက်အလက်ကို စုဆောင်းကြ

သောအခါတွင်ပင် အသတ်ခံရသည်များ ရှိလေသည်။

၂ရက်ခန့်ခရီးအတူသွားပြီးသောအခါ မိုင်သည် ခွင်းထူအကြောင်း နည်းနည်းသိလာသည်။ ခွင်းထူသည် ပါးနပ်ပြီး တည်ငြိမ်သည်။ လောင်ဟယ်နှင့် အခြားသူများက ခွင်းထူကို စိတ်ချကြသည်မှာ အံ့သြစရာမဟုတ်ပါ။ ခွင်းထူမပါဘဲနှင့် မြက်ခင်းလွင်ပြင်ဒေသမှ လေလွင့်သူများသည် ဘေးရန်ကင်းစွာနှင့် ပြန်လာနိုင်ကြမည်မဟုတ်ပါ။

လေလွင့်သူများထဲတွင် မယုံကြည်ရသော သူများပါဝင်သော်လည်း အခုအချိန်ထိတော့ တချို့လူများသည် သစ္စာရှိကြပါသည်။ ထိုကဲ့သို့ သစ္စာမရှိလျှင်လည်း မျိုးနွယ်စုသည် ကြောက်မက်ဖွယ်သားရဲတို့ရဲ့တောတောင်တွင် နေသည်ဟု ကြားထားပြီးနောက် ၊ ခွင်းထုတို့သည် အသက်ကိုပုံအပ်၍ စွန့်စားမည် မဟုတ်ပါ။

မြက်ခင်းလွင်ပြင်ဒေသမှ ထွက်ခွာလာပြီး၊ နောက်တစ်ရက်ခန့် ခရီးဆက်ပြီးသောအခါ ခွင်း

ထူပြောသော မြက်ခင်းလွင်ပြင်ဒေသသို့ ရောက်လာခဲ့သည်။ သူတို့သည် လေလွင့်သူများ၊ ကျွဲနွားများနှင့် အတူ သွားနေရသဖြင့် ခရီးမတွင်ပါ။ မျိုးနွယ်စုစစ်သည်တော်တွေချည်းပဲ သွားသည်ဆိုလျှင်တော့ နေ့တစ်ဝက်လောက်နှင့် ထိုဈေးသို့ ရောက်သွားမည် ဖြစ်သော်လည်း အခုတော့ ထိုကဲ့သို့ မဟုတ်ပါ။

ထိုဈေးသည် မြက်ခင်လွင်ပြင်ဒေသသို့ လာကြသော ခရီးသွားများနှုတ်ဖျားတွင် ရေပန်းစားသည်။ ခရီးသွားများသည် မြက်ခင်းလွင်ပြင်ဒေသသို့ မဝင်မီ သို့မဟုတ် မြက်ခင်းလွင်ပြင်ဒေသမှ မထွက်ခွာမီ ထိုဈေးတွင် တထောက်ဝင်နားလေ့ရှိသည်။

ခွင်းထုသည် မြက်ခင်းလွင်ပြင်ဒေသမှ တခါမှ မထွက်ခွာဖူးသဖြင့် အခြားလေလွင့်သူများဘယ်ရောက်နေလဲ မသိပါ။ သူသိသည်မှာ အစားအစာနှင့် သတင်းအချက်အလက် လဲလှယ်ရန်၊ အဖွဲ့ခေါင်းဆောင်များကို မေးမြန်းရန်သာဖြစ်သည်။ သူသည် ထိုဈေးသို့ရောက်သောအခါ နည်းနည်း

ကြောင်တောင်တောင် ဖြစ်သွားသည်။ မြေပုံတစ်ခုကို အသုံးပြုမည်ဆိုလျှင်‌တောင် သူရောက်နေသော နေရာကို တိကျစွာ ဖော်ပြန်ရန် မလွယ်ကူပါ။ ထို့ပြင် သူ့တွင် မြေပုံလည်း မရှိပေ။

ခွင်းထုသည် သူချိန်းဆိုထားသည့်ကတိကို အပျက်မခံဘဲ ဝီစီကို မှုတ်လိုက်သည်။ သို့သော် မည်သည့်တုန့်ပြန်သံမှ ထွက်ပေါ်မလာပါ။

“သူတို့ မရောက်သေးတာလား” တစ်ယောက်ကမေးလိုက်သည်။

“မဟုတ်ဘူး…မျိုးနွယ်စု စစ်ပွဲကြောင့် ငါတို့ကနောက်ကျနေတာ၊ သူတို့တွေက ငါတို့ထက် စောပြီး ရောက်နေရမှာကွ၊ သူတို့ပါ မျိုးနွယ်စု စစ်ပွဲထဲပါကုန်တာလား။ ပါတယ်ဆိုရင်တောင် အဖွဲ့တိုင်းပါတာတော့ မဖြစ်နိုင်ဘူး၊ မြက်ခင်းလွင်ပြင်ဒေသမှ စစ်ဖြစ်လေ့မရှိဘူး” တစ်ယောက်က ပြောသည်။

အဖွဲ့အများအားလုံးမရောက်သေးဟုဆိုလျှင်

တောင် တစ်ဖွဲ့ နှစ်ဖွဲ့လောက်တော့ ရောက်နေသင့်သည်။ သို့သော် ခွင်းထုမည်မျှ လေချွန်ချွန် တုံ့ပြန်သံကတော့ ထွက်ပေါ်မလာပေ။ ဖြတ်သွားဖြတ်လာ ခရီးသွားများက သိလိုစိတ်ဖြင့် သူတို့ကို ကြည့်သွားကြသည်။ မီးတောက်မျိုးနွယ်စုမှ စစ်သည်တော်များသာ တောင့်တင်းကြံ့ခိုင်ပုံမပေါ်ပါက၊ သို့မဟုတ် ဆီဆာသာ ပါမလာပါက ထိုခရီးသွားများသည် သူတို့အဖွဲ့ကို ဝင်တိုက်ခိုက်သွားနိုင်သည်။

မည်သည့်တုန့်ပြန်သံမှ ထွက်ပေါ်မလာသောအခါ ခွင်းထူသည် စိတ်တိုလာသည်။ မိုင်ကလည်း မျက်မှောင်ကြုတ်ထားလိုက်သည်။

ရှောက်ရွှမ်က ကောင်းကင်ပေါ်မော့ကြည့်လိုက်သောအခါ ချာချာက ဘာအချက်မှ မပြပါ။ ဆိုလိုသည်မှာ ထိုနားတဝိုက်တွင် မည်သည့်လေလွင့်သူမှ မရှိဟူသည့် အဓိပ္ပါယ်ပင်။

“ဒီနားမှာ ဘာလေလွင့်သူမှ မရှိဘူး…ကျွန်တော်တို့နေရာတစ်နေရာ ရှာပြီး အနားယူကြရအောင်…

နောက်မှ သူတို့ကို ဆက်ရှာမယ်” ရှောက်ရွှမ်က မိုင့်ကိုပြောလိုက်သည်။

လေလွင့်သူများနှင့် ကျွဲနွားများစွာပါလာသည့်အတွက် သွားလာရသည်မှာ မလွယ်ကူပါချေ။

တောင်နားတဝိုက်တွင် ရှာဖွေပြီးသောအခါ ရှောက်ရွှမ်နှင့် မိုင်တို့သည် လေလွင့်သူများနှင့် ကျွဲနွားများကို နေရာချထားပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက်ရှောက်ရွှမ်သည် ခွင်းထုအပါအဝင် စစ်သည်တော်၂၀လောက်ကိုခေါ်ကာ လေလွင့်သူများကို ရှာရန် ထွက်ခွာသွားလေသည်။ ကျန်သည့် စစ်သည်တော်တစ်ဝက်နှင့် ဆီဆာတို့က လေလွင့်သူများကို စောင့်ရှောက်ရန် နေခဲ့လေသည်။

ခွင်းထုကို ခေါ်၍ လေလွင့်သူများကိုလိုက်ရှာသော်လည်း မတွေ့ရ။

ခွင်းထု၏ဝီစီသံသည် ရှောက်ရွှမ်၏ ဝီစီသံနှင့်မ

တူပါ။ မိုင်ကလေလွင့်သူများသည် ဝီစီသံကိုကြားသော်လည်း ခွင်းထု၏ဝီစီသံနှင့်မတူသောကြောင့် မတုန့်ပြန်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် သူသည် ခွင်းထုကို သွားသမျှနေရာတိုင်းကို ပါအောင် ခေါ်လာရသည်။

ဈေးနားတွင်ရှိသော တောင်များတွင် ရှာဖွေသော်လည်း လေလွင့်သူများကို မတွေ့ရပေ။ ရှောက်ရွှမ်က ဈေးထဲတွင် စုံစမ်းရန် အကြံပေးလိုက်သည်။ ဈေးထဲတွင် လေလွင့်သူများစွာရှိနေသည် မဟုတ်ပါလား။ သူတို့သည် သိုသိပ်စွာ သွားလောနေကြသော်လည်း ရှာဖွေ၍တော့ ရနိုင်ပါသည်။ ရှောက်ရွှမ်တို့သည် ထိုလေလွင့်သူများထံမှ သတင်းအချက်အလက် အနည်းငယ်ကိုတော့ ရနိုင်မည် ဖြစ်လေသည်။

မိုင်သည် ရှောက်ရွှမ်၏ အကြံကို သဘောတူလိုက်သည်။ သဘောမတူလျှင်လည်း သူတို့တွင် ပိုကောင်းသည့် အကြံဉာဏ်မရှိပါ။ ထို့ကြောင့် သူတို့သည် ရှောက်ရွှမ်ပြောသလို လုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

All Chapters