← Chapters

ပျင်းရိနေသူများ

Vol. 17 Ch. 252

ပျင်းရိနေသူများ

Vol. 17 Ch. 252

လေလွင့်သူများသည် ဈေးတွင်‌ ရောက်ရှိနေကြပါသည်။ ဈေးထဲတွင် ခရီးသွားများသည် ဟိုဟိုဒီဒီ လျှောက်သွားနေကြပါသည်။ တချို့မှာ မြက်ခင်းလွင်ပြင်ဒေသတွင် နေထိုင်သော မျိုးနွယ်စုများမှ ဖြစ်ပြီး တချို့မှာ ထိုနားတဝိုက် တွင်နေထိုင်သော မျိုးနွယ်စုများမှ ဖြစ်ပါသည်။ သူတို့သည် ကုန်ပစ္စည်းများကို တခွန်းဈေးဖြင့် ရောင်းချကြပါသည်။ အနိုင်ကျင့်ခံရသည့်ဘေးမှ ကာကွယ်ရန် သူတို့သည် အုပ်စုလိုက် သွားလာလေ့ရှိကြသည်။

မန်မျိုးနွယ်စုနှင့် ခြေလက်၈ဖက်မျိုးနွယ်စုတို့၏ ဈေးများကတော့ မျိုးနွယ်စု၂ခု၏ ထိန်းချုပ်မှုအောက်တွင် ရှိကြသောကြောင့် အစီအစဉ်တကျရှိလေသည်။ ထို့ကြောင့် ထိုဈေးထဲတွင် တခြားမျိုးနွယ်စုမှ လူများသည် ပြဿနာမရှာရဲကြပါ။ ပြဿနာရှာသူများကို မျိုးနွယ်

စု၂ခုက အရေးယူမည်ဖြစ်သည်။

အခုသူတို့ရောက်နေသော ဈေးကတော့ ထိုကဲ့သို့ မဟုတ်ပါ။ ရန်ပွဲများကို မကြာခဏ ကြုံတွေ့နေရသည်။ ရှောက်ရွှမ်တို့ ထိုနေရာရောက်သောအခါ ခရီးသွားအဖွဲ့၂ဖွဲ့ ခိုက်ရန်ဖြစ်ပွားနေသည်ကို တွေ့လိုက်ရသည်။ ခိုက်ရန်ဖြစ်ပွားရာ နေရာတွင် သွေးကွက်များထင်ကျန်ရစ်သည်။ တချို့လူများကတော့ အလောင်းများကို ရှင်းလင်းနေပြီး တချို့ကတော့ သွေးကွက်များကို ဖြတ်ကျော်၍ ဘာမှမဖြစ်သလို ရှေ့ဆက်သွားနေကြလေသည်။

ထိုကဲ့သို့နေရာမျိုးတွင် အရာအားလုံးသည် သင်၏ခွန်အားပေါ်တွင် မူတည်နေပါသည်။ သူတို့သည် ရှေးဦးဥပဒေကိုသာ လိုက်နာကြသည်။ သင့်တွင် ခွန်အားမရှိပါက သတ်ဖြတ်ခြင်းခံရမည်။ ထိုအတွက် သင့်ကိုဘယ်သူမှ သနားနေမည် မဟုတ်ပါ။

မန်မျိုးနွယ်စုနှင့် ခြေလက်၈ဖက်မျိုးနွယ်စု၏ ဈေးနှင့်ယခုဈေးတို့မတူညီသည်မှာ ယခုဈေးသည် ဗဟိုချက်မဒေသ၏ ပိုင်နက်တွင် တည်ရှိနေခြင်းမဟုတ်ပါ။ ဗဟိုချက်မဒေသတွင် နေထိုင်သောမျိုးနွယ်စုများမှ ခရီးသွားအနည်းငယ်တော့ ထိုဈေးတွင် ရောက်ရှိနေပါသည်။ ထိုနေရာသည် မြက်ခင်းလွင်ပြင်ဒေသနှင့် သိပ်မဝေးပါ၊ ထို့ကြောင့် စစ်သည်တော်အများစုမှာ မြက်ခင်းလွင်ပြင်ဒေသတွင် နေထိုင်သော မျိုးနွယ်စု များမှ စစ်သည်တော်များဖြစ်ကြသည်။ အနီးအနားရှိမျိုးနွယ်စုမှ လူများကလည်း ကုန်ပစ္စည်းဖလှယ်ရန် ထိုဈေးသို့ လာကြပါသည်။

ထိုဈေးတွင်ရှိသော တင်းကုပ်များတွင် ကျွဲ၊နွား၊ဆိတ်အစရှိသော လယ်ယာသုံး တိရစ္ဆာန်များကို ရောင်းချကြပါသည်။ တချို့လူများကတော့ ပုမျိုးနွယ်စု လုပ်သလို အခြားဒေသမှ ကုန်ပစ္စည်းများကို ရောင်းချကြပါသည်။

ဈေးထဲတွင် ရောင်းချကြသော ကုန်ပစ္စည်းများမှာ ကျွဲနွားများ၊ အစားအသောက်များ၊ လက်နက်

ကိရိယာ တန်ဆာပလာများ နှင့် ဆေးဖက်ဝင်အပင်များ ဖြစ်သည်။ အကြမ်းအားဖြင့်ပြောရလျှင်တော့ မန်မျိုးနွယ်စုနှင့် ခြေလက်၈ဖက်မျိုးနွယ်စုတို့၏ ဈေးလိုပင် ထိုဈေးတွင်လည်း ပစ္စည်းများကို စုံလင်စွာ ရရှိနိုင်သည်။ ထို့ကြောင့် ရှောက်ရွှမ်တို့ရောက်နေသော ဈေးမှာ လူအတော်စည်ပါသည်။ ကုန်ပစ္စည်းဖလှယ်နိုင်သောနေရာမှာ ထိုနားတွင် ထိုတစ်နေရာသာ ရှိသည် မဟုတ်ပါလား။

တောင့်တင်းကြံ့ခိုင်သော စစ်သည်တော်များက စကားကို အော်ကြီးဟစ်ကျယ် ပြောနေကြသည်။ တချို့လူများကတော့ အရောင်းအဝယ်ကိစ္စ မအောင်မြင်သဖြင့် ရောင်းသူနှင့်ဝယ်သူ ထသတ်ကြသည်။ ထိုကဲ့သို့ ရန်ပွဲမျိုးက အချိန်မရွေး ဖြစ်ပေါ်လေ့ရှိသည်။

ရှောက်ရွှမ်က လူတစ်ယောက်ထံတွင် ထိုဈေးအကြောင်းကို စုံစမ်းနေသည်။ ထိုသူ့အပြောအရတော့ ထိုဈေးသို့ မည်သည့် လေလွင့်သူမှ မလာဟုဆိုသည်။ မိုင်နည်းနည်း စိတ်ပျက်သွားသည်။ လေလွင့်သူများကို ရှာရသည်မှာ ထင်သလောက်

မလွယ်ကူပါလား။

ခွင်းထုကတော့ လက်မလျှော့သေးပါ။ သူသည် ဈေးထဲတွင် မကြာခဏလေချွန်လေ့ရှိသည်။ သူ့လေချွန်သံကို တစ်ချိန်ချိန်တွင် တုန့်ပြန်လာလိမ့်မည်ဟု မျှော်လင့်လျှက်ရှိသည်။ ထိုသို့မလုပ်လျှင်လည်း ထိုမျှကျယ်သော ဈေးကြီးထဲတွင် လေလွင့်သူများကို မည်ကဲ့သို့ ရှာရမည်နည်း။တချို့လူများသည် ကံမကောင်းအကြောင်းမလှသဖြင့် မီးတောက်ဦးချိုမျိုးနွယ်စုမှ စေလွှတ်လိုက်သော စစ်သည်တော်များနှင့် မတွေ့ရသဖြင့် ဒုက္ခရောက်ရသည်။

ခွင်းထုသည် အတွေးပေါင်းများစွာနှင့် မိုင့်ဘေးမှ သတိလက်လွတ်လိုက်ပါ လာသည်။ သူတို့သည် ဈေးထဲတွင် လျှောက်ကြည့်နေပြီး လေလွင့်သူများကို မတွေ့သောအခါ ပြန်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ဈေးနားရှိတောင်ကုန်းတစ်ခု သို့ရောက်သောအခါ လေချွန်သံတစ်ခုကို ကြားလိုက်ရသည်။

ခွင်းထု၏လေချွန်သံနှင့်တူသော လေချွန်သံပင်ဖြစ်သည်။ “ရောက်လာကြပြီ” ခွင်းထု၏မျက်လုံးများ အရောင်လက်သွားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သို့သော် ထိုမျှ အချိန်တိုလေးအတွင်း လေချွန်သံထွက်ပေါ်လာသော နေရာကို အတပ်ပြောရန် မလွယ်ကူပါ။

မိုင်၏ အကြားအာရုံက ပိုထက်မြက်သည်။ သူတို့သည် လေချွန်သံထွက်ပေါ်သော နေရာကို ရှာတွေ့သွားလေပြီ။

“ဟိုဖက်မှာ…သွား…သွား..” နောက်ဆုံးတွင်တော့ သဲလွန်စ တစ်ခုရလေပြီ။ မိုင်တစ်ယောက် ပျော်သွားသလို ထိုတောင်သည် ခရီးသွားများ အနားယူလေ့ရှိသော နေရာဖြစ်သဖြင့် စိတ်လည်းပူသွားသည်။ ထိုနေရာတွင်ရှိသော လူများသည် အာဏာလုနေကြသောကြောင့် အခြေအနေများမှာ ရှုပ်ထွေးနေပါသည်။ သူတို့သည် မျိုးနွယ်စုစစ်သည်တော်များ ဖြစ်ကြသည်။ လေလွင့်သူများအတွက်တော့ ထိုဈေးသည် စိတ်ချရသောနေရာတစ်ခု မဟုတ်ပါ။

ရှောက်ရွှမ်သည် ထိုကဲ့သို့ တောင်မျိုးကို ရောက်ဖူးသည်။ မန်မျိုးနွယ်စုနှင့် ခြေလက်၈ဖက်မျိုးနွယ်စုတို့၏ ဈေးကိုလည်း ရှောက်ရွှမ်ရောက်ဖူးသည်။ သူသည် ပုမျိုးနွယ်စု၏ ခရီးသွားအဖွဲ့နောက်သို့လိုက်သွားကာ ဂူများထဲတွင် နေဖူးပြီး ရန်ပွဲများကို မြင်တွေ့ဖူးလေသည်။ ဂူများထဲတွင် နေလိုပါက သင်သည် ခွန်အားကြီးမားသူတစ်ယောက် ဖြစ်ရန် လိုအပ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် လေလွင့်သူများ ထိုဈေးတွင် ရှိနေမည်ဟု ခွင်းထူက ပြောသောအခါ သိပ်မယုံချင်ပေ။

ခွင်းထုသည် ဝီစီကို ၂ကြိမ်မှုတ်လိုက်ပြီး ရပ်တန့်လိုက်သည်။ သို့သော် မည်သည့်တုန့်ပြန်သံမျှ ထွက်မလာပါ။

“သူတို့ဘာလို့ ဝီစီသံပြန်မပေးတာလဲ” လန်ကာ့က နားမလည်သောကြောင့် မေးသည်။

“ဘေးအန္တရာယ်နှင့် ကြုံတွေ့နေရလို့ဖြစ်မယ်” ရှောက်ရွှမ်က ပြန်ပြောသည်။

အနားယူသည့်နေရာဖြစ်သောကြောင့် သူတို့ရောက်နေသော တောင်မှာ လူသူရှင်းလင်း နေသည်။ ထိုတောင်တွင် ဝင်ပေါက်၊ထွက်ပေါက်များစွာရှိပြီး အရေးအကြီးဆုံးသော လမ်းတစ်ခုဖြင့် တောင်ကို ပိုင်းခြားထားသည်။ အပေါ်မှနေ၍ အောက်သို့ ငုံ့ကြည့်မည်ဆိုလျှင် ခရီးသွားများနားနေသော တောင်သည် ဒီဂရီသုံးရာခန့်စောင်းနေသော မုတ်ဦိးတစ်ခုနှင့်တူနေပါသည်။

တောင်ပေါ်တွင် လက်ဖြင့်တူးထားသော ဂူများကို နေရာအနှံ့အပြားတွင် တွေ့မြင်နေရသည်။

ရှောက်ရွှမ်သည် ထိုတောင်သို့ သွားသောအခါ ခရီးသွားဆယ်ယောက်ခန့် မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ အများစုမှာ ဒဏ်ရာရထားသူများ ဖြစ်ကြပြီး သွေးများပေကျံနေကြသည်။ အရှေ့တွင်တော့ သူတို့ကို ခရီးသွားအဖွဲ့တစ်ဖွဲ့က ဝန်းရံ ထားသည်။

တခြားလူများက ထိုအဖြစ်အပျက်ကို ရုပ်ရှင်

ကြည့်သလို ကြည့်နေကြသည်။။ ထိုအခြေအနေကို ဘယ်သူကမှ ဝင်မစွက်ဖက်ပေ။ ထိုကဲ့သို့အဖြစ်မျိုးကို လူများက ဖျော်ဖြေရေးဟု သဘောထားကြသည်။ လူများသည် သူတို့ စခန်းချထားသောနေရာတွင် နေနေကြပြီး အခြေအနေကို အကဲခတ်နေကြသည်။

လူဆယ်ယောက်ထဲတွင် ခေါင်ဆောင်မှာ ချီယိဆိုသောသူ ဖြစ်သည်။ သူ့လက်ထဲတွင် သစ်သားဝီစီတစ်ခုကို ကိုင်ထားလေသည်။ သို့သော် ဝီစီကို မှုတ်သူကတော့ သူမဟုတ်ဘဲ သူ့ဘေးမှ လူငယ်တစ်ယောက်သာဖြစ်လေသည်။ သူနောက်တစ်ကြိမ် ဝီစီကို မမှုတ်ခင် ချီယိက ဝီစီကို သိမ်းသွားခြင်းဖြစ်သည်။ ချီယိက ထိုနားတဝိုက်တွင် သူတို့နှင့် ဘဝတူများ ရောက်ရှိနေပြီဆိုတာကို သိထားသည်။ သို့သော် ချီယိက ထိုသူများကို သူတို့ဆီမလာစေချင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသူများမှာ လေလွင့်သူများဖြစ်နေသောကြောင့်ပင်။ ထိုနေရာသည် ပါးစပ်ကြီးတစ်ခုနှင့် တူပါသည်။ မျိုးနွယ်စုစစ်သည်များကတော့ ပါးစပ်ကြီးထဲမှ ထက်မြက်သောသွားများနှင့် တူ

ပါသည်။ လေလွင့်သူတစ်ယောက်သည် ထိုနေရာသို့ ဝင်လာသည်နှင့်တပြိုင်နက် ဒဏ်ရာအကြီးအကျယ်ရမည် သို့မဟုတ်‌ သေဆုံးမည် ဖြစ်လေသည်။ ချီယိသည် သူတို့၏ အသက်များကို စတေးပစ်ရန် ဝန်မလေးသော်လည်း အခြားလူများကိုတော့ ဝင်မပါစေချင်ပါ။

ခရီးသွားများအဖွဲ့က ချီယိတို့အဖွဲ့ကို လှောင်အိမ်ထဲရောက်နေသော သားကောင်များကို လှောင်ပြောင်သလို ဝိုင်းလှောင်ပြောင်နေကြသည်။

“မင်းတို့ဘာလို့ ဝီစီကို ထပ်မမှုတ်တာလဲ…မင်းတို့အဖော်တွေရောက်လာပြီလား…လုပ်ပါ ဝီစီထပ်မှုတ်ပါဦး…မင်းတို့လူတွေကို ခေါ်လိုက်ပါ…သူတို့ကို ငါမြင်ဖူးချင်လို့ပါ” ခရီးသွားအဖွဲ့မှ လူတစ်ယောက်ကပြောလိုက်လေသည်။

“ဟုတ်တယ်…ဆက်မှုတ်ပါ…မင်းတို့ကို ငါတို့ ကြိုဆိုနေတယ်”

“မိန်းမတွေရောမပါဘူးလား” ဘေးတွင်ရှိသော တစ်ယောက်က လှမ်းမေးလိုက်သည်။

ထိုစကားများကို ကြားသောအခါ ချီယိနှင့် သူ့လူများမျက်နှာပျက်သွားကြသည်။ အခုတော့ သူတို့မလွတ်မြောက်နိုင်တော့ပါ။

ချီယိသည် အခြားဂူပေါက်တစ်ခုထဲတွင် ရှိနေသော လူများကို လှမ်းကြည့်လိုက်သည်။ သူသည် ထိုထဲမှ တချို့လူများကို သိသော်လည်း ထိုသူများသည် သူ့ကို အကူအညီမပေးကြပါ။

ချီယိကို ကြည့်ရင်းနှင့် မျိုးနွယ်စု စစ်သည်တစ်ယောက်သည် သူတို့အပေါ်တွင် ရှိသော ဂူပေါက်တစ်ခုထဲသို့ ရေအပြည့်ပါသော ရွံ့ခရားတစ်လုံးကို ကိုင်၍ ဝင်သွားလေသည်။ထိုသူသည် ဂူပေါက်ထဲတွင် ရှိသော အခြားအဖော်များကို စကားပြောနေရင်း လမ်းလျှောက်နေသည်။ “ဒီလေလွင့်သူတွေက သတ္တိကောင်းတယ်…အဖွဲ့ဆယ်ဖွဲ့မှာ တစ်ဖွဲ့လောက်တောင် ဒီနေရာကို လာဖူးတာ မဟုတ်ဘူး” သူသည် ရေယူရန် ထွက်လာရင်းနှင့် ထိုအဖွဲ့

ကို တွေ့လိုက်ခြင်းဖြစ်သည်။

“လေလွင့်သူတွေလား…လေလွင့်သူတွေက ဒီနေရာကို ဘယ်လိုရောက်လာတာလဲ…သူတို့မှာ လူအင်အားအယောက်၁၀၀လောက်ရှိလည်း သေမှာပဲလေ” ဂူပေါက်ထဲမှ လူတစ်ယောက်ကမေးလိုက်သည်။

“အဲဒါတော့ ဘယ်သိမလဲ” ရွံ့ခရားကို ကိုင်ထားသော လူတစ်ယောက်က ပြောသည်။ “မင်းတို့သိချင်တယ်ဆိုရင် သွားကြည့်လို့ရတယ်…သူတို့တွေ မတိုက်ခိုက်ကြသေးဘူး”

“ကောင်းပြီလေ…အပျော်ကြည့်ရတာပေါ့…ခရီးသွားအဖွဲ့၂ဖွဲ့တိုက်ခိုက်မယ်ဆိုရင်တော့ ငါစိတ်ဝင်စားတယ်…ဒါပေမဲ့ လေလွင့်သူတွေရဲ့ ရန်ပွဲဆိုရင်တော့ ငါစိတ်မဝင်စားဘူး” လူတစ်ယောက်က မဲ့ရွဲ့ကာ ပြောလိုက်သည်။ ထို့နောက် နံရံကိုမှီလိုက်ကာ ဂူထဲမှ ပြန်ထွက်လာသော လူတစ်ယောက်ကို ကြည့်နေသည်။

“ ကူလာ့…ရှန်းတောက်ဘာဖြစ်တာလဲ မင်းသိလား…သူနောက်သိမ်းငှက်တစ်ကောင်ကို တွေ့ခဲ့တယ်ဆိုတာ ဟုတ်လား”

သူ့လူများက ပြန်မဖြေဘဲ သက်ပြင်းသာချလိုက်လေသည်။

ဂူပေါက်ထဲတွင် ဒဏ်ရာရနေသော သိမ်းငှက်တစ်ကောင်ရှိနေသည်။ ခန္ဓာကိုယ်ပေါ်တွင် လက်သည်းရာများစွာရှိနေသလို အမွှေးများကျွတ်ထွက်နေသည်။ ဒဏ်ရာများမှလည်း သွေးများထွက်နေပါသည်။ ဆေးထည့်ပေးလိုက်သောအခါမှသာ အနည်းငယ်သက်သာရာ ရသွားလေသည်။ ထိုသိမ်းငှက်နာမည်မှာ ရှန်းတောက်ဖြစ်ပြီး အကောင်အရွယ်အစားမှာ ချာချာနှင့် အတူတူလောက်ပင်ဖြစ်သည်။

ကူလာ့ကရေဘူးကို ယူ၍ရေသောက်ရင်း သူမနက်က ကြုံတွေ့ခဲ့ရသည်ကို ပြန်စဉ်းစားနေသည်။ ရှန်းတောက်သည် ရန်သူနှင့်တိုက်ခိုက်လာမည်ဟု သူမမျှော်လင့်ထားပါ။ သူ

အရွယ်အစား သူ့ခွန်အားနှင့်ဆိုလျှင် သူသည် တခြားငှက်များကို မှုစရာမလိုပါ။ သူနှင့် ဘက်ညီသော ငှက်တစ်ကောင်ကို တွေ့ရန် သိပ်မဖြစ်နိုင်ပါ။ ထို့ကြောင့် သူတို့သည် ရှန်းတောက်ကို သိပ်စိတ်မပူကြပါ။ သို့သော် ရှန်းတောက် ဒဏ်ရာများနှင့် ပြန်လာသည်ကို တွေ့ရသောအခါ သူတို့ တုန်လှုပ်သွားကြသည်။

ထိုအချိန်တွင် ရှန်းတောက်၏ အမွှေးများမှာ သွေးများပေကျံနေပြီး အမွှေးများမှာ ဖရိုဖရဲ ဖြစ်နေလေသည်။ သူသည် ကောင်းမွန်စွာ မပျံသန်းနိုင်ပါ။ ဂူထဲသို့ ပြန်ရောက်သောအခါ မြေပြင်ပေါ်သို့ ပြုတ်ကျလေသည်။ နာကျင်လွန်း၍လည်း အော်ဟစ်နေသည်။ ဆေးအနည်းငယ်ထည့်ပေးလိုက်သောအခါ သူသည် တိတ်ဆိတ်သွားပြီး အိပ်ပျော်သွားလေသည်။ အိပ်ရာမှ ပြန်နိုးလာလျှင်တော့ အပြင်သို့ ပျံဦိးမည်ဖြစ်သည်။

ဘယ်လိုဖြစ်၍ ထိုမျှ ဒဏ်ရာကြီးသလာသလဲတော့ ကူလာ့လည်းမသိပါ။

အခြားလူများကတော့ ဂူထဲတွင် အနားယူနေကြသည်။ သူတို့ထဲတွင် ဆယ်ကျော်သက် ၂ယောက်ပါလေသည်။ သူတို့သည် ပျင်းလာသဖြင့် အပြင်ထွက်သွားကြသည်။

“အဲဒီလူတွေက တိရှန်မျိုးနွယ်စုဝင်တွေကွ…သူတို့က အားနည်းတဲ့လူတွေဆိုရင် အနိုင်ကျင့်တတ်တယ်” တစ်ယောက်က ခရီးသွားအဖွဲ့တစ်ခုကို မြင်သောအခါ နှိမ်ချစွာ ပြောလိုက်သည်။

ချီယိက ဝီစီသံကိုနောက်တစ်ခါကြားသောအခါ လက်ရှိအခြေအနေကို ဘယ်လိုဖြေရှင်းလျှင် ကောင်းမလဲ စဉ်းစားနေသည်။ မကြားမှာစိုးရိမ်သဖြင့် ထိုသူက ဝီစီကို အားကုန်မှုတ်လိုက်လေသည်။

ချီယိစိတ်လှုပ်ရှားသွားသည်။ သူတို့ ဒီနေရာကို ဘာကြောင့် ရောက်လာကြသနည်း။

တိရှန်မျိုးနွယ်စုမှ လူများသည် နာကျည်းစွာ ပြုံးလိုက်ကြပြီး စိတ်ဓာတ်ကျနေသော ချီယိကို ကြည့်

နေကြသည်။ ထို့နောက် ခေါင်းဆောင်က ပြောလိုက်သည်

“ မင်းတို့အဖော်တွေရောက်လာပြီ မင်းတို့အဖော်တွေနဲ့ လိုက်ရင် လိုက်သွား…ဒါမှ မဟုတ် မင်းတို့အဖော်တွေနဲ့ နေရင်နေခဲ့လို့ရတယ်”။

ချီယိမျက်နှာမှာ စိတ်ဆိုးလွန်းသဖြင့် ရှုံ့မဲ့နေသည်။ သူသည် ဂူဝင်ပေါက်ကို လှည့်ကြည့်လိုက်ပြီး ဆုတောင်းနေမိသည်“သူတို့မလာပါစေနဲ့”။

ချီယိအပြင် တခြားလူများသည် ဝီစီသံထွက်ပေါ်လာသော တောင်ခြေရှိ ဝင်ပေါက်ကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။ လေလွင့်သူများမှာ သတ္တိကောင်းနေသည်ဟု လူများက ထင်ကြသည်။ ထိုနေရာတွင် မျိုးနွယ်စုစစ်သည်များရှိနေသော်လည်း ဝင်လာရဲသေးသည်။ သူတို့မှာ ရူးနေသည်ပင် ဖြစ်ရမည်။

အပေါ်တွင်တော့ လူငယ်စစ်သည်

တော်၂ယောက်သည် ဂူပေါက်ရှေ့ရှိ လမ်းပေါ်တွင် လဲလျောင်းနေပြီး ဇက်ကိုစောင်းငဲ့၍ အပြင်ကို ကြည့်လိုက်ကြသည်။ ထိုမျှသတ္တိကောင်းသော သူများကို သူတို့စိတ်ဝင်စားသွားသည်။

မကြာခင်တွင်တော့ အသားမည်းမည်းလူတစ်ယောက်သည် ဝီစီကို ပါးစပ်တွင် ကိုက်ကာ ဂူထဲသို့ဝင်လာသည်ကိုတွေ့လိုက်ရသည်။ “သူ့ဘေးမှာပါလာတာက…”

ရုတ်တရက် ဂူထဲတွင် ရှိသောသူများ စိတ်ရှုပ်သွားကြသည်။ ဝီစီမှုတ်လာသော လူနှင့်အတူ လူအယောက်၂၀ခန့်ဂူထဲသို့ဝင်လာကြသည်။ သူတို့ကို ကြည့်ရသည်မှာ လေလွင့်သူများနှင့် မတူပါ။

မိုင်သည် ဘေးဘီကိုကြည့်ပြီးနောက် ချီယိကို သေချာကြည့်နေလိုက်သည်။ သူသည် ခွင်းထူ တောင်ပေါ်ရောက်လာသည်အထိ စောင့်မနေတော့ဘဲ လျင်မြန်စွာ လျှောက်သွားလိုက်သည်။ သူသည် ခွင်းထု၏ သားရေအင်္ကျီကို ဆွဲကိုင်လိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများအတွက် တောင်တက်ရသည်မှာ မခဲယဉ်းပါ။ သူတို့သည် တောင်တက်ကျွမ်းကျင်ကြသည်။ သူတို့ အမဲလိုက်ထွက်လျှင်တောင်တက်နေကျ ဖြစ်သည်။ သူတို့အတွက်တော့ ခရီးသွားများနားနေသာ တောင်ကို တက်ရသည်မှ ညီညာသော လမ်းကို လျှောက်ရသလောက်ပင်ရှိသည်။

သူတို့သည် တောင်ကို မျောက်ဝံများ သစ်ပင်တက်သလိုတက်သွားကြပြီး ချီယိနှင့် တိရှန်းမျိုးနွယ်စုရှိသောနေရာသို့ ရောက်လာကြသည်။

“သေချာပြီ…အဲဒါမျိုးနွယ်စု စစ်သည်တွေပဲ”

“မျိုးနွယ်စု စစ်သည်တွေပဲ တောင်ကို အဲဒီလိုတတ်နိုင်မှာ…တောင်ကိုတက်သွားတာများ သစ်ပင်တက်တာကျနေတာပဲ”

“ဒါပေမဲ့ အဲဒီမျိုးနွယ်စုစစ်သည်တွေက လေလွင့်သူတွေနဲ့ ဘာလုပ်နေကြတာလဲ…သူတို့က

လေလွင့်သူတွေကို ကူညီနေတာလား”

တောင်ပေါ်တွင် ရှိသော လူများ ပွက်လောရိုက်သွားကြသည်။

All Chapters