← Chapters

လျှပ်တပြတ်တိုက်ခိုက်ခြင်း

Vol. 17 Ch. 253

လျှပ်တပြတ်တိုက်ခိုက်ခြင်း

Vol. 17 Ch. 253

တောင်အောက်မှ လူ၂၀လောက် အပေါ်သို့ တက်လာကြသည်။ သူတို့သည် တောင်ပေါ်သို့ အချိန်ခဏအတွင်း ရောက်လာကြသည်။ သူတို့အားလုံးသည် တောင်ပေါ်သို့ရောက်သောအခါ တိရှန်မျိုးနွယ်စုရှေ့တွင် ရပ်နေကြသည်။ ထိုအရာကိုမြင်သော တိရှန်မျိုးနွယ်စုဝင်များသည် ထိုသူများသည် ဘယ်သူတွေဖြစ်မလဲ စဉ်းစားနေကြသည်။

တောင်ပေါ်သို့ လွယ်ကူစွာတက်လာသော ခွင်းထုကိုမြင်သောအခါ ချီယိစိတ်ရှုပ်ထွေး သွားသည်။ သူသည် ခွင်းထူကိုသိသည် သို့သော် တခြားလူများကိုတော့ သူတစ်ခါမှ မမြင်ဖူးပေ။

သို့သော် ထိုထဲမှ လူ၂၀လောက်ကိုတော့ ရင်းနှီးနေသလို ခံစားနေရသည်။ချီယိသည် သူတို့ဘယ်သူတွေဖြစ်နိုင်လဲ ခန့်မှန်းကြည့်နေသည်။ သူနှလုံးခုန်သံမှာ မြန်ဆန်လာပြီး အသက်ရှူရန်ပင်

မေ့မတတ်ဖြစ်သွားသည်။

ချီယိ တိတ်ဆိတ်သွားသည်။ ထိုအခါ ခွင်းထူရောက်လာပြီး “ဘာဖြစ်တာလဲ” ဟုမေးလိုက်သည်။ ဘေးတွင် ရပ်နေသော မိုင့်အကြောင်းစဉ်းစားလိုက်သောအခါ ခွင်းထူသည် မိုင့်ကို ချီယိတို့နှင့် မိတ်ဆက်ပေးလိုက်သည် “ သူတို့က ကျုပ်တို့ကို ခေါ်ဖို့ မျိုးနွယ်စုက စေလွှတ်လိုက်တဲ့လူတွေပါ၊ မိုင်က အကြီးတန်းမျိုးနွယ်စု စစ်သည်တော် တစ်ယောက်ဆိုပါတော့ဗျာ၊ ဦးလေးဝေ့ကလည်း အကြီးတန်းမျိုးနွယ်စု စစ်သည်တော်ပါပဲ”။

ဝေ့သည် ထာ့ဦးဆောင်သောအဆင့်မြင့်အဖွဲ့၏ လက်ထောက်အဖွဲ့ခေါင်းဆောင် ဖြစ်လေသည်။ ချီယိတို့ဆီစေလွှတ်ခံရသော အဖွဲ့မှ အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်လေသည်။ အော့က ရှောက်ရွှမ်သည် လေလွင့်သူများကို သွားခေါ်ပြီး ကျွဲ၊နွားများကို ခေါ်၍ ပြန်လာမည်ကို သိထားသောကြောင့် ဝေ့ကို ရှောက်ရွှမ်နောက်လိုက်သွားခိုင်းခြင်း ဖြစ်လေသည်။ ဝေ့၏ရာထူးမှာ မိုင်ထက်

မြင့်ပါသည်။ သို့သော် ယခုအဖွဲ့၏ အဖွဲ့ဝင်အများစုကတော့ မိုင်ဦးဆောင်သောအဖွဲ့မှ အဖွဲ့ဝင်များဖြစ်လေသည်။ ဝေ့ကလည်း အာဏာပြချင်စိတ်မရှိပါ။ အကြီးအကဲကလည်း သူ့ကို လိုအပ်သည့်အကူအညီပေးရန်သာ ယခုအဖွဲ့ထဲထည့်လိုက်ခြင်းဖြစ်သည်။

အကြီးတန်းစစ်သည်တော်၂ယောက်ပါလာသည်ကို သိလိုက်ရသောအခါ ချီယိနှင့် ကျန်သူများသည် ပျော်ရွှင်သွားကြသလို စိတ်လည်းအေးသွားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက သူတို့ကို အကူအညီပေးတော့မည်ဖြစ်သည်။

ချီယိသည် စိတ်လှုပ်ရှားသောကြောင့် ဘာမှမပြောနိုင်ဖြစ်နေလေသည်။ ထို့ကြောင့် သူ့ဘေးတွင် ရပ်နေသော လူငယ်လေးက ဖြစ်ကြောင်းကုန်စင်ကို အတိုချုပ်ပြောပြလိုက်သည်။

ချီယိက သူ့လူများကို ချိန်းဆိုထားသော နေရာသို့ ခေါ်လာသောအခါ ထိုနေရာတွင် ခရီးသွားများ

လွန်စွာ များနေကြောင်း သိလိုက်ရသည်။ ထိုခရီးသွားများနှင့် ထိပ်တိုက်မတွေ့ချင်သောကြောင့် သူတို့သည် ထိုခရီးသွားများကို ရှောင်သွားကြသည်။ သို့သော် မမျှော်လင့်ဘဲ သူတို့အဖွဲ့ထဲမှ အမျိုးသမီးငယ်များကို တိရှန်မျိုးနွယ်စုဝင် ၈ယောက်က နှောင့်ယှက်ကြသည်။ အမျိုးသမီးများကို လိုချင်သဖြင့် ထိုသို့နှောင့်ယှက်ကြခြင်းဖြစ်ပြီး ချီယိက သူတို့ကို တားဆီးလေသည်။ ချီယိတို့ကံကောင်းသွားသည်မှာ ထို၈ယောက်သည် အငယ်တန်း စစ်သည်တော်များ ဖြစ်ကြသည်။ ချီယိတို့က အင်အားတောင့်တင်းသလို နယ်မြေဟောင်းတွင် ရခဲ့သော မီးတောက်မျိုးစေ့မှလည်း စွမ်းအင်များကိုရထားခဲ့သည်။ သူတို့သည် ထို၈ယောက်ကို မောင်းထုတ်နိုင်လိုက်သည်။ သို့သော် အဖွဲ့ထဲမှ လူ၂ယောက်တို့သည် ဒဏ်ရာပြင်းထန်စွာရထားခဲ့သလို ၂ယောက်က ပွဲချင်းပြီး သေသွားခဲ့သည်။

ချီယိက သူ့အဖွဲ့ကို ဈေး၏အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ဒဏ်ရာရသူများအတွက် ဆေးပင်များရှာဖွေရန် လူဆယ်ယောက်ကို ခေါ်

ဆောင်ထွက်ခွာသွားခဲ့သည်။ ထိုသို့ ဆေးပင်မရှာဘူးဆိုလျှင် ဒဏ်ရာရထားသူများသည် ရက်အနည်းငယ်အတွင်း သေဆုံးသွားရမည် ဖြစ်သည်။

ဆေးမြစ်များကို ရှာဖွေနေစဉ် ချီယိသည် အခြားမျိုးနွယ်စု တစ်ခုနှင့် ဆုံတွေ့ခဲ့သည်။ ချီယိသည် မြက်ခင်းလွင်ပြင်ဒေသမှ မထွက်ခွာမီတွင် မျိုးနွယ်စုအပေါ် မှီခိုခဲ့ရသည်။ သူသည် လောင်ဟယ်နှင့် ဘဝတူတစ်ယောက်ဖြစ်သည်။ အဖွဲ့ထဲမှ လူတချို့က ချီယိအကြောင်းကို သိထားကြပြီး သူတို့နေထိုင်ရာ ဂူထဲမှ ဆေးမြစ်များကို ယူရန် ခွင့်ပြုထားကြသည်။

သူတို့အဖွဲ့ကို ရန်ပြုသူများမှာ တိရှန်မျိုးနွယ်စုမှ ဖြစ်ကြောင်းကို တောင်ပေါ်သို့ ရောက်မှ သူတို့သိရခြင်းဖြစ်သည်။ တိရှန်မျိုးနွယ်စုမှ လူများသည် သူတို့နှင့် ကပ်လျက်ဂူတွင် နေထိုင်ကြလေသည်။

တိရှန်မျိုးနွယ်စုဝင်များက သူတို့ကို တား

ထားသည်။ တိရှန်မျိုးနွယ်စုဝင်များက ချီယိတို့အဖွဲ့မှ ကောင်မလေးများကိုလိုချင်နေကြသည်။ ကောင်မလေးများကို မပေးပါက ချီယိတို့ကို သွားခွင့်ပြုမည်မဟုတ်ဘဲ အားလုံးကို သတ်ပစ်မည် ဖြစ်သည်။

“အဖြစ်ကတော့ အဲဒါပါပဲ…အခုတော့ ဝီစီသံကို သူတို့လည်း ကြားလိုက်တယ်လေ…လူတွေဘယ်လောက်ပဲ ရောက်လာလာ အကုန်လုံးကို သတ်ပစ်မယ်လို့ ကြိမ်းဝါးနေတယ်” ချီယိနားတွင် ရပ်နေသော လူငယ်လေလွင့်သူလေးက ရှင်းပြသည်။

တိရှန်မျိုးနွယ်စုဝင်များ၏ မျက်နှာများ ရှုံ့မဲ့သွားကြသည်။ “အကုန်လုံးကို သတ်ပစ်မယ်လို့ ငါတို့ဘယ်တုန်းကပြောလို့လဲ…ငါတို့ စိတ်ထဲက ကြုံးဝါးတာပဲ ရှိတာပါ၊ အပြင်ကို ထုတ်မပြောပါဘူး”

အကြောင်းရင်းကို သိလိုက်ရသောအခါ မိုင် ဒေါသထွက်သွားသည်။ ထိုအခါ သူ၏

ကြောက်မက်ဖွယ်အသွင်သဏ္ဍာန်ကို ထုတ်ပြပြီးသားဖြစ်သွားလေသည်။ သားကောင်ကို လိုက်ရန် အသင့်ဖြစ်နေသော၊ကြောက်မက်ဖွယ်သားရဲတစ်ကောင်လို စူးရှသော မျက်လုံးများဖြင့် တိရှန်မျိုးနွယ်စုကို ကြည့်နေလေသည်။

ရှောက်ရွှမ်သည် တိရှန်မျိုးနွယ်စုမှ အဖွဲ့ကို တစ်ချက်ကြည့်လိုက်သည်။ တချို့ကို သူရင်းနှီးနေသလို ရှိသော်လည်း သူတို့ကတော့ ရှောက်ရွှမ်ကို မမှတ်မိပါ။ လုံကျိုးမျိုးနွယ်စုတွင်သွားနေစဉ်က ထိုအဖွဲ့နှင့် ရှောက်ရွှမ်ရင်ဆိုင်ဖူးသည်။ သူတို့ထဲမှ လူ၂ယောက်၃ယောက်ကိုလည်း သတ်ဖြတ်ဖူးလေသည်။

ရန်သူပေါ်လာပါက ရှောင်လွှဲ၍မရနိုင်ပေ။

သူတို့၂ဖွဲ့ကို ကြည့်နေသောသူများမှာ ထိတ်လန့်သွားကြသည်။ လေလွင့်သူများနှင့် မျိုးနွယ်စုစစ်သည်တော်များ တိုက်ခိုက်မည်မဟုတ်ဘဲ မျိုးနွယ်စုစစ်သည်တော်၂ဖွဲ့တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် ထိုမျိုးနွယ်စု

စစ်သည်တော်များသည် ဘယ်အဖွဲ့က လာလဲ သူတို့ မသိကြပါ။

“ခေါင်းဆောင်ကြီး” တိရှန်မျိုးနွယ်စုမှ လူများသည် အဖွဲ့ခေါင်းဆောင်ကို သူတို့ဘာလုပ်ရမလဲ လှမ်းမေးလိုက်သည်။

တိရှန်မျိုးနွယ်စုအဖွဲ့ခေါင်းဆောင်သည် မျက်နှာထားပြောင်းသွားပြီး မိုင်နှင့် ဝေ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။ သူသည် ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီးနောက် “ကောင်းပြီ..ကောင်းပြီ…အခုတော့ မျိုးနွယ်စုစစ်သည်တော်တွေ ရောက်လာပြီပေါ့….ပြောစမ်းပါဦး…မင်းတို့က ဘယ်မျိုးနွယ်စုကလဲ”။

မိုင်က နောက်တစ်လှမ်းဆုတ်လိုက်သည်။ သူ့ခြေထောက်အောက်တွင် လက်သီးဆုပ်တမျှ ကြီးသော ကျောက်တုံးကြီးတစ်တုံးရှိလေသည်။ သူသည် ထိုကျောက်တုံးကို မရှောင်တော့ဘဲ တမင်တက်နင်းလိုက်သည်။ ပြီးနောက် အသံခပ်အုပ်အုပ်ဖြင့် “မီးတောက်ဦးချိုမျိုးနွယ်စုကပဲ” ဟု

ပြောလိုက်လေသည်။

သူ့ပြောပြီးသောအခါ မိုင်၏ခြေထောက်အောက်မှ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။ ကျောက်တုံးသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး လှိုဏ်ဂူအပြင်မှ လူသွားလမ်းပင်တုန်လှုပ်သွားသည်။ အပြင်တွင်ရပ်ကြည့်နေသာ လူများလည်း တုန်လှုပ်သွားကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စုလား။ ထိုမျိုးနွယ်စုကို တခါမှ မကြားဖူး။ တချို့ကတော့ ကြားဖူးသလိုရှိသော်လည်း သေသေချာချာ‌တော့ မသိကြပေ။

အများ၏အမြင်တွင်တော့ လူသိပ်မသိသော ထိုမျိုးနွယ်စုသည် သေးငယ်သည့် မျိုးနွယ်စုလေးတစ်ခုသာဖြစ်လေသည်။ ထို့ကြောင့် သိပ်ဂရုစိုက်စရာမလိုဟု ယူဆကြသည်။

မိုင်ကနောက်မဆုတ်သောအခါ တိရှန်မျိုးနွယ်စုခေါင်းဆောင် ဒေါသထွက်လာသည်။ “သူတို့အဖွဲ့

ထဲမှာ အကြီးတန်းစစ်သည်၂ယောက်ပါတော့ကော ဘာအရေးလုပ်ရမှာလဲ။ ငါတို့အဖွဲ့မှာ သုံးယောက်တောင်ပါတယ်၊ ပြီးတော့ ငါတို့အဖွဲ့က အင်အားပိုတောင့်တယ်၊ လူအယောက်၁၀၀က ရန်သူအယောက်၂၀လောက်ကို ကြောက်နေစရာ မလိုပါဘူး”

“ဒါဆို ဒီလူတွေကို မင်းတို့က ငါတို့လက်ကို မအပ်ဘူးပေါ့”

မိုင်၏ပြိုင်ဘက်တစ်ယောက်က မေးလိုက်သည်။

မိုင်က ထိူသူကို ကြည့်လိုက်ပြီး “ငါ့မျိုးနွယ်စုရဲ့အဖွဲ့ဝင်တွေကို အနိုင်ကျင့်တဲ့သူမှန်သမျှ သေရမယ်” ဟုပြောလိုက်သည်။

တယ်မောက်မာပါလား!

မိုင်၏စကားကြောင့် ဘေးတွင်ရပ်ကြည့်နေကြသူများ တုန်လှုပ်သွားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ခက်ထန်လှပြီး ကျန်သူများကို

အထင်သေးနေပါလား။တိရှန်မျိုးနွယ်စုဝင်များ၏ မျက်နှာများ တင်းမာသွားကြသည်။

မိုင်၏စကားလုံးများသည် မီးတောက်ဦးချိုမျိုးနွယ်စုကို ကိုယ်စားပြုသည်။ မြစ်ထဲမှနေ၍ နယ်မြေဟောင်းဆီသို့ရောက်ရန် ခရီးအဝေးကြီးနှင်လာရသည်။ လမ်းတလျှောက်တွင် အတွေ့အကြုံများစွာကို ရရှိခဲ့သည်။ သူတို့သည် မျိုးနွယ်စု၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်။ အမျက်ဒေါသနှင့် ရင်ဆိုင်ရသောအခါတွင်လည်း ရှောင်ပြေး၍ မရပါ။ တခြားမျိုးနွယ်စုမှ လူများကို အရှုံးမပေးချင်သည့် စိတ်က သူတို့အရိုးထဲတွင် စွဲနေသည်။ လူ၂၀လုံး၏ စိတ်ဓာတ်က ကြောက်မက်ဖွယ်မီးတောက် များအတွင်းထောင်ထားသော ဓားတစ်ချောင်းလို ကြောက်ခမန်းလိလိပင်။ သူတို့သည် တိုက်ခိုက်ရန် အသင့်ဖြစ်နေလေပြီ။

ဒီကောင်တွေကို သိပ်မယုံရဘူး၊ အရင်စမ်းကြည့်ဦးမှ။

တိရှန်မျိုးနွယ်စုခေါင်းဆောင်သည် ကျောနောက်ရှိ သူ့လူများကို အချက်ပြလိုက်သည်။ အစွန်ဘက်တွင်ရပ်နေသော စစ်သည်တော်တစ်ယောက်သည် ရှေ့သို့ထွက်လာသည်။ သူသည် မိုင်နှင့်ဝေ့တို့ကို ရင်မဆိုင်ဘဲ ချီယိရှေ့ကို လျှောက်သွားလိုက်သည်။ ထို့နောက် “ငါမင်းကိုအနိုင်ကျင့်တော့ ဘာလုပ်ချင်လဲ” ဟုပြောလိုက်သည်။

ထို့နောက် ထိုလူသည် ခါးကြားမှ တစ်လံလောက်ရှည်သော ဓါးတစ်ချောင်းကိုဆွဲထုတ်လိုက်သည်။ နေရောက်အောက်တွင် ဓါးသွားသည် ညနေဆည်းဆာတစ်ခုလို တောက်ပနေသည်။ညရောက်တော့မလို မည်းနက်နေသည်။ နတ်စွမ်းအင်နိုးထလာခြင်းနှင့်အတူ သူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများကို ထုတ်ပြလိုက်သည်။ ထို့နောက်ရှေ့ကို ခုန်ထွက်လာပြီး ရှောက်ရွှမ်နောက်တွင် ရပ်နေသော ချီယိကို ဓါးဦးနှင့် ချိန်လိုက်သည်။ သူ့အတွက် ချီယိခေါင်းကိုဖြတ်ပစ်ရန်မှာ သိပ်မခက်တော့ပါ။

ဓါးသွားမှာ သူ့လည်မျိုကို ချိန်ထားသဖြင့် ချီယိ

တစ်ယောက် ဦးရေပြားများ ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ချီယိသည် နောက်အနည်းငယ်ဆုတ်လိုက်သည်။ သို့သော် သူ့ရှေ့တွင် ရပ်နေသော ရှောက်ရွှမ်ကတော့ နောက်မဆုတ်ပါ။

ထိုလူသည် ချီယိကို ဓားဖြင့် ပြေးထိုးသည့်အခါ ရှောက်ရွှမ်သည် သူ့လက်ကို လျင်မြန်စွာလှုပ်ရှားလိုက်သည်။ ဓား၏မီးခိုးရောင်အရိပ်နှင့် ထိုသူ၏ ဒေါသကို ပေါင်းစပ်လိုက်သောအခါ ဓားသွားမှာ ပို၍ပင်ကြောက်ဖို့ကောင်းသွားသေးသည်။

ထိုသူ့ဓားထက်မြန်သော ရှောက်ရွှမ်၏ဓားက အရှေ့မှ အနောက်သို့ လှုပ်ရှားသွားပြီး ထိုသူ့ကိုယ်ကို ထက်ပိုင်းဖြတ်လိုက်လေသည်။ ထိုအခါ ထိုသူ့ကိုယ်မှ သွေးများ တလဟောထွက်ကြလာသည်။

ထိုသူ၏ဓားသွားမှာ ညနေဆည်းဆာအချိန်ကို မရောက်ဘဲ မိုးတစ်ခါတည်းချုပ်သွား လေသည်။ သွေးများပေကျံနေသော ဓားသွားသည်

ကြောက်မက်ဖွယ်ပင်။

“ဖောက်…”

ထိုလူမှာ ကိုယ်နှစ်ပိုင်းပြတ်သွားသည်။ ထိုလူရှုံးနိမ့်သွားလေပြီ ဖြစ်သည်။ သူ့တိုက်ခိုက်မှုမှာ အရာမရောက်သလို သူ့ဓားမှာလည်း အသုံးမဝင်တော့ပါ။ သူ့ခန္ဓာကိုယ်တစ်ပိုင်းမှာ မြေပြင်ပေါ်သို့ ပြတ်ကျသွားသဖြင့် ဖုန်များထသွားသည်။ ခန္ဓာကိုယ်နောက်တစ်ပိုင်းကတော့ ဂူအပြင်သို့ ရောက်သွားပြီး တောင်အောက်သို့ ပြုတ်ကျသွားလေသည်။

ရှောက်ရွှမ်သည် ပြုတ်ကျသွားသော ခန္ဓာကိုယ်တစ်ပိုင်းပြတ်ကြီးကို မကြည့်တော့ ဘဲ တိရှန်မျိုးနွယ်စုကိုသာ ကြည့်နေလေသည်။ ထို့နောက် မိုင်ပြောခဲ့သော စကားများကို ထပ်ပြောလိုက်သည် “ငါ့မျိုးနွယ်စုကို အနိုင်ကျင့်တဲ့လူမှန်သမျှ သေရမယ်”။

သူ့အသံသည် မိုင့်အသံလောက် မာကြောမှု မရှိ

သော်လည်း ကြားရသူမှန်သမျှ ကျောချမ်းသွားသည်။ ကြည့်နေသူများလည်း ကြက်သီးမွေးညှင်းများ ထသွားကြသည်။

တိရှန်မျိုးနွယ်စုရှေ့တွင် ထိုကောင်ကလေးသည် တိကျမြန်ဆန်စွာလှုပ်ရှားလိုက်ခြင်း ဖြစ်သည်။ ရန်သူကို တစ်ချက်တည်းနှင့် နှစ်ပိုင်းဖြတ်ပစ်လိုက်ခြင်းဖြစ်သည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှ လူများသည် ကြောက်စရာကောင်းလှချေတကား။ထို့ပြင် သူတို့သည် မည်သည့်အရာကိုမျှ ကြောက်လန့်သည့်ပုံမပေါ်ပေ။

ဝိုင်းကြည့်နေသော လူများသည် မီးတောက်ဦးချိုမျိုးနွယ်စုကို အထင်ကြီးသွားသည်။ သေသွားသူမှာ တိရှန်မျိုးနွယ်စုမှ အလတ်တန်း စစ်သည်တော် တစ်ယောက်ဖြစ်လေသည်။ အငယ်တန်းစစ်သည်တော်တစ်ယောက် မဟုတ်ပါ။ ထိုသူသည် ရှောင်ရန်ပင်အချိန်မရတော့ဘဲ ခန္ဓာကိုယ်၂ပိုင်းပြတ်သွားရသည်။

ငါဆိုရင်ကော ရှောင်ဖို့အချိန်ရပါ့မလား။ လူ

များသည် ထိုသို့တွေးလိုက်မိကြသည်။ ရှောင်နိုင်မည်ဟု မည်သူမျှ ကိုယ့်ကိုယ်ကိုယ် မယုံကြည်ကြပါ။ထိုကောင်လေး၏ ဓားချက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် မြန်ဆန်နေသည် မဟုတ်ပါလား။

တိရှန်မျိုးနွယ်စုဝင်များသည် မြေပေါ်ကျနေသော ကိုယ်တစ်ပိုင်းပြတ်ကြီးကို ကြည့်လိုက် ရှောက်ရွှမ်ကို ကြည့်လိုက်ဖြစ်နေကြသည်။ အချို့ကတော့ မသိမသာ နောက်ဆုတ်သွားကြသည်။ အနောက်တွင်သာ လူများမရှိပါက တိုက်ပွဲစည်းအတွင်းမှ အပြင်ရောက်သွားတော့မည်ဖြစ်သည်။

အပေါ်တွင်တော့ ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော လူငယ်၂ယောက်သည် မျက်ခုံးများမြင့်တက်သွားပြီး “မြတ်စွာဘုရား ဓားချက်တစ်ချက်တည်းနဲ့ အနိုင်တိုက် လိုက်တာပါလား” ဟုရေရွတ်မိလိုက်သည်။

“သိပ်တော့ အံ့ဩစရာမရှိပါဘူး…လေလွင့်သူတွေဆိုတာ သိုင်းမှ မတတ်ဘဲ…ဓားချက်

တစ်ချက်တည်းနဲ့ ရှုံးသွားတာ အံ့ဩစရာ မဟုတ်ပါဘူး” နောက်တစ်ယောက်က ဆက်ပြောလိုက်သည်။

“လေလွင့်သူ မဟုတ်ဘူးကွ…တိရှန်မျိုးနွယ်စုဝင်ကွ…ဓားချက်တစ်ချက်တည်းနဲ့ ရှုံးသွားတာ”

“ဘာဖြစ်တယ်” ဂူပေါက်ထဲတွင်ရှိသော လူများအားလုံး အံ့ဩသွားကြသည်။

“တကယ်ပဲ အလတ်တန်းမျိုးနွယ်စုစစ်သည်တော်လားဟ…သူတို့အဖွဲ့ထဲက တတိယမြောက် အကြီးတန်းစစ်သည်တော် မဟုတ်ဘူးလား” နောက်လူငယ်တစ်ယောက်က ပြောလိုက်သည်။

“အကြီးတန်းတော့မဟုတ်ဘူး ဒါပေမဲ့ အဲဒီလူက အတွင်းအားအရမ်းကောင်းတယ်…နောက်ပြီးတော့ ငယ်လည်းငယ်သေးတယ်... အကြီးတန်းမျိုးနွယ်စုစစ်သည်တော်တော့ မဟုတ်ဘူး…ဗဟိုချက်မဒေသက မျိုးနွယ်စုကြီး တစ်ခုခုရဲ့ အဖွဲ့ဝင်လည်း မဟုတ်ဘူး”

လူငယ်၂ယောက်‌ ပြောဆိုနေသံကို ကြားလိုက်ရပြီးနောက် ဂူပေါက်ထဲတွင် နားနေသော လူများသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။ ထိုလူငယ်၂ယောက်၏ စကားကိုကြားလိုက်စဉ်ခဏတွင်ပင် သူတို့အားလုံးတုန်လှုပ်သွားကြသည်။ ထိုအဖွဲ့၂ဖွဲ့တိုက်ခိုက်ကြလိမ့်မည်ဟုတော့ သူတို့ တွက်ထားသည်။ သို့သော် အခြေအနေဘယ်လိုဖြစ်သွားလဲတော့ သူတို့မသိပါ။ ထိုအချိန်တွင် တောင်ပေါ်ရှိ အခြေအနေမှာ တင်းမာနေသယောင်ယောင်ဖြစ်နေရာမှ တင်းမာမှုများ အနည်းငယ်လျော့ကျသွားသည်။ သို့သော် ပုံမှန်တော့ ပြန်မဖြစ်သေးပါ။

“သူတို့ဘယ်သူတွေလဲ ငါသိချင်တယ်…တော်တော်အံ့ဩဖို့ကောင်းတဲ့လူတွေပဲ…” ကူလာ့က တိရှန်အဖွဲ့နေသော ဂူပေါက်ထဲသို့ လှမ်းကြည့်ပြီး ပြောလိုက်လေတော့သည်။

All Chapters