← Chapters

ရန်ပွဲ ၂

Vol. 17 Ch. 255

ရန်ပွဲ ၂

Vol. 17 Ch. 255

ဟူမာသည် ထိုကောင်လေးကို မမှုလောက်ဟုထင်ထားသည်။ အခုတော့ ရှောက်ရွှမ်က သူ့ကို တိုက်ခိုက်လာသဖြင့် ဟူမာသည် တခြားလူများကို မတိုက်ခိုက်တော့ပါ။ သူသည် ကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး ဓားချက်ကို ရှောင်ရန် ကျောက်သားတုတ်ကို ဘေးသို့ယမ်းလိုက်သည်။

သို့သော် ရှောက်ရွှမ်သည် သူထင်ထားသည်ထက် ပိုမြန်ဆန်နေသည်။ ရှောက်ရွှမ်လက်ထဲမှဓားသည် ကျောက်သားတုတ်နှင့် ထိခိုက်မိသောအခါ ရှောက်ရွှမ်သည် ဓားလမ်းကြောင်းကို ပြောင်းလိုက်ပြီး နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်လိုက်သည်။

ရှောက်ရွှမ်သည် သားကောင်တစ်ကောင်ကို ခုတ်ချလိုက်သလို ဟူမာကို ခုတ်ချလိုက်သည်။ သို့သော် ထိုဓားချက်သည် ပွဲသိမ်းဓားချက်မဟုတ်

သေးပါ။

တတိယအကြိမ်တိုက်ခိုက်သည်။ စတုတ္ထအကြိမ်တိုက်ခိုက်သည်။

တစ်ချက်ပြီးတစ်ချက် ဆက်တိုက်ဆိုသလိုတိုက်ခိုက်သည်။ ကျောက်သားတုတ်နှင့်သာ မခုခံပါက ဟူမာတစ်ယောက် ခေါင်းပြတ်သွားတော့ မည်ဖြစ်သည်။

တောက်လျှောက်အတိုက်ခိုက်ခံနေရသဖြင့် ဟူမာသည် ကျောက်သားတုတ်ဖြင့်သာ ခုခံနေရသည်။ ဓားသည် အရှိန်ပြင်းစွာ ကျောက်သားတုတ်ကို ခုတ်မိသောကြောင့် ကျောက်စကျောက်နာများ ပဲ့ထွက်လာသလို ကျောက်သားတုတ်တွင် ဓားခုတ်ရာကြီးတစ်ခု ပေါ်လာလေသည်။ ဓားခုတ်သံမှာလည်း ကျယ်သည်ထက် ပိုကျယ်လာသည်။

မုန်တိုင်းလိုပြင်းထန်သော ဓားချက်များကို ဟူမာ မနည်းခုခံနေရသည်။ ထိုအဖြစ်အပျက်ကို မြင်

လိုက်ရသော ဟူမာ၏လူများ တုန်လှုပ်သွားကြသည်။ တိုက်ခိုက်နေသည်ကို ရပ်လိုက်ပြီး အားလုံးသည် ထိုအဖြစ်အပျက်ကို ကြည့်နေကြသည်။ တိုက်ပွဲမစတင်မီတုန်းက သူတို့သည် ထိုကဲ့သို့ ဖြစ်လာမည်ဟု ထင်မထားကြပါ။

ဟူမာသည် ဘယ်လိုလူလဲ။ ထိုတောင်ပေါ်တွင် လာရောက်အနားယူကြသော ခရီးသွားများမှာ ဟူမာကို သိကြသည်။ သူသည် တိရှန်မျိုးနွယ်စုမှ နာမည်ကျော် လူသတ်သမားတစ်ယောက်ဖြစ်လေသည်။ အခုတော့ ထိုအကြီးတန်းမျိုးနွယ်စု စစ်သည်တော်ကြီးမှာ မီးတောက်ဦးချိုမျိုးနွယ်စုမှ အလတ်တန်းစစ်သည်တော်လေး၏ တိုက်ခိုက်မှုများကို မရှုမလှ ခုခံနေရသည်။

သို့သော် ရှောက်ရွှမ်ကလည်း သာမန်အလတ်တန်းစစ်သည်တော် မဟုတ်ပါ။ သူသည် အကြီးတန်းစစ်သည်တော် တစ်ယောက်မဟုတ်သေးသော်လည်း သူ့အတွင်းအားနှင့် အမြန်နှုန်းက အခြားအလတ်တန်းစစ်သည်တော်များထက် သာလွန်နေသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှ

အခြားစစ်သည်တော်များကို ကြည့်လိုက်သောအခါ အားလုံးအံ့ဩသင့်သွားကြသည်။ မီးတောက်ဦးချိုမျိုးနွယ်စုမှ စစ်သည်တော်များသည် သာမန်လူမှ ဟုတ်ရဲ့လားဟု တွေးမိလိုက်ကြသည်။ အခြားမျိုးနွယ်စုမှ အဆင့်တူစစ်သည်တော်နှင့် တစ်ယောက်ချင်းတိုက်ခိုက်ကြသည့်အခါ သူတို့က လက်ရည်သာနေသည်။ အထူးခြားဆုံးလူကတော့ ဟျူးမားနှင့် တိုက်ခိုက်နေသော ချာတိတ်လေးဖြစ်သည်။

တိုက်ပွဲကို မရှုံးနိမ့်ချင်လျှင် တိရှန်အဖွဲ့ခေါင်းဆောင်၃ယောက်တို့သည် လက်ရှိ အခြေအနေကို ပြောင်းလဲပစ်ရတော့မည်။ လူစုကတော့ ရှောက်ရွှမ်နှင့် ဟူမာကို အာရုံရောက်နေကြသည်။ တိရှန်မျိုးနွယ်စုအနေဖြင့် လက်ရှိအခြေအနေကို ပြောင်းလဲပစ်ချင်သည်ဆိုပါက ဟူမာအနိုင်ရမှ ဖြစ်မည်။သူတို့၏ အခြားအကြီးတန်း စစ်သည်တော်၂ယောက်မှာလည်း အခြေအနေမကောင်းပါ။

ဟူမာသည် ရက်စက်ကြမ်းကြုတ်သည်ဟု

နာမည်ကျော်ကြားသော်လည်း မိုက်မဲသူတစ်ယောက်တော့ မဟုတ်ပါ။ သူ့အခြေအနေကို သူသိပါသည်။ သူ့နဖူးမှ ချွေးများယိုစီးကျနေသော်လည်း မသုတ်နိုင်သေးပါ။ ချာတိတ်လေးတစ်ယောက်ကို တန်ပြန်မတိုက်ခိုက်နိုင်သည်အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်မည်ဟု သူမမျှော်လင့်ထားပါ။ သူသည် ဘာမှမတတ်နိုင်ဘဲ ရှောက်ရွှမ်၏တိုက်ခိုက်မှုများကို ခုခံနေရသည်။ သူ့ပြိုင်ဘက်မှာ အလတ်တန်းစစ်သည်တော်လေးတစ်ယောက်သာဖြစ်သည်။ သို့သော် သာမန်အလတ်တန်းစစ်သည်တော် မဟုတ်သည်ကိုတော့ သူသဘောပေါက်လိုက်သည်။

ဟူမာထိုကဲ့သို ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည်မှာ ရှက်ဖွယ်ကောင်းလှသည်။ ရှက်ဖွယ်လိလိပါတကား။

ဟူမာ ဒေါသပိုထွက်လာလေ ပိုတည်ငြိမ်သွားလေဖြစ်သည်။ သူတို့၏တိုက်ပွဲတွင်းသို့ တစ်စုံတစ်ယောက်က ယောင်မှားပြီး ဝင်လာလျှင် ထိုသူသည် သေဆုံးသွားမည်ဖြစ်သည်။ ဟူမာ

သည် ယခုလို အကျပ်အတည်းမျိုးကို မကြာခဏကြုံတွေ့ဖူးသည်။

ရှောက်ရွှမ်က နောက်ဓားတစ်ချက်ထပ်မံခုတ်လိုက်သောအခါ ဟူမာသည် မာန်သွင်း၍ အော်ဟစ်လိုက်သည်။ သူ့နတ်စွမ်းအင်ကို အစွမ်းကုန်ထုတ်လိုက်သည်။ ဟူမာနင်းထားသော ကျောက်တုံးသည် အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး ခြေထောက်က မြေကြီးထဲနစ်ဝင်သွားလေသည်။ သူစီးထားသော မြက်ဖိနပ်လည်း ပြတ်ထွက်သွားလေသည်။

ထို့နောက်ဟူမာသည် ဒူးများကို ကွေးညွတ်လိုက်သည်။ သူ့ကို ကြည့်ရသည်မှာ လေးညှို့မှ ထွက်ရန် အရှိယူနေသော မြားတစ်စင်းနှင့် တူနေသည်။

ဓားနှင့် တုတ်တို့ထိပ်တိုက်တွေ့မိသောအခါ ပြင်းထန်စွာပေါက်ကွဲသွားသည်။ ဟူမာ၏လက်ဝါးမှာလည်း ထုံကျင်သွားသည်။ သူတို့ခြေထောက်အောက်ရှိ ကျောက်တုံးများမှာ

ကွဲအက်ကုန်ပြီး အစအနများမှာ လေပေါ်သို့ ပျံတက်သွားသည်။ သူတို့နားတွင် ရပ်ကြည့်နေမည်ဆိုပါက ခြေထောက်အောက်မှ ကျောက်တုံးများ ကွဲကြေသံကို ကြားကြရမည် ဖြစ်သည်။

ဒီတစ်ကြိမ်တွင်တော့ ရှောက်ရွှမ်သည် တောက်လျှောက်မတိုက်ခိုက်တော့ဘဲ ဓားကို ရုတ်သိမ်းလိုက်သည်။ ဓားကိုမလိုက်ပြီး ရှောက်ရွှမ်သည် နောက်ကို အနည်းငယ် ဆုတ်လိုက်သည်။ ရှောက်ရွှမ်သည် ဟူမာကို ချက်ချင်းမတိုက်ခိုက်သေးပါ။ ဓားကို ကိုင်ထားသော သူ့လက်မှ သွေးများယိုစီးကျနေသည်။ ဟူမာ၏အတွင်းအားကို ခုခံလိုက်ရသဖြင့် ရှောက်ရွှမ်လည်းဒဏ်ရာရသွားသည်။ သူ့လက်မှာလည်း ထုံကျင်သွဦးသည်။ ရှောက်ရွှမ်သည် သူ့ဓားအကြောင်းကို သူသိသည်။ သူ့ဓားမှာ ဟူမာ၏ တုတ်ချက်ကို နောက်၂ချက်လောက်သာခံနိုင်တော့မည် ဖြစ်သည်။ သုံးချက်မြောက်ဆိုလျှင် သူ့ဓားကျိုးတော့မည်ဖြစ်သည်။

တောင်ပေါ်တွင်တော့ တိုက်ပွဲကို ကြည့်နေသော

လူငယ်လေး၂ယောက်က စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည် “ ချာတိတ်လေးက ဟူမာကိုတောင် အနိုင်တိုက်နိုင်တော့မှာပဲ…သူ့အသက်က ငါတို့နဲ့တူတူလောက်ပဲ ရှိမယ်ထင်တယ်” သူသည် ဟူမာရှုံးနိမ့်တော့မည်ကို ကြည့်၍ ပျော်ရွှင်နေလေသည်။

သို့သော် ထိုလူငယ်ဘေးတွင် ရှိသော လူငယ်လေးကတော့ အမြင်တစ်မျိုးဖြစ်သည်။ သူသည် ရှောက်ရွှမ်အတွက် စိုးရိမ်စွာဖြင့် “ချာတိတ်လေးတော့ ရှုံးတော့မယ်…သနားပါတယ်ကွာ” ဟုပြောလိုက်သည်။

ဂူပေါက်ထဲမှ ထွက်လာသော ကူလာ့ကလည်း ထိုမြင်ကွင်းကို မြင်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ “ဟူမာကို အခုအချိန်မှာ မသတ်နိုင်ရင် ချာတိတ်လေး ဒုက္ခရောက်တော့မယ်…ချာတိတ်လေးက လျပ်တပြတ်အမြန်တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တယ်…ဟူမာကိုလည်း လျပ်တပြတ်အမြန်တိုက်တဲ့နည်းနဲ့တိုက်နေတာပဲ…အဲဒီလိုမတိုက်ရင် ဟူမာကို သူရင်ဆိုင်နိုင်မှာ မဟုတ်

ဘူး…အခုတော့ ဟူမာက အားပြန်ပြည့်လာပြီ…ခဏကြာရင် သူဟူမာကို သတ်နိုင်မယ့်အခွင့်အရေးရတော့မှာ မဟုတ်ဘူး”။

“ချာတိတ်လေးက အတွင်းအားကောင်းတယ်ဆိုပေမယ့် အလတ်တန်းစစ်သည်တော်ပဲလေ…အကြီးတန်းစစ်သည်တော်နဲ့တော့ ကွာခြားချက်ရှိတာပေါ့” ကူလာ့ဘေးမှ လူက ပြောလိုက်သည်။

ကူလာ့က မျက်လုံးတချက်ဝင့်ရင်း “ အဲဒီကောင်လေးက နတ်စွမ်းအင်လှည့်ပတ်တာကို အကြီးတန်းစစ်သည်တော်၂ယောက်ထက် ပိုမြန်အောင် လှည့်ပတ်လိုက်တာကို မင်းသတိထားမိလား…နတ်စွမ်းအင်ကို လှည့်ပတ်တာမြန်လေ နတ်စွမ်းအင်ကို ပိုကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်လေပဲကွ”ဟုပြောလိုက်သည်။

ကူလာ့ စကားတို့ကို ကြားလိုက်သောအခါ အခြားသူများနှုတ်ဆိတ်သွားကြသည်။ သူတို့သည် ထိုအချက်ကို သတိမထားမိလိုက်ကြပါ။ ကူလာ့ပြောသည်မှာ အမှန်ဆိုလျှင်တော့ ထို

ချာတိတ်လေးမှာ တော်တော်ကြောက်ဖို့ကောင်းသည်။ ထိုချာတိတ်လေးသည် အသက်ငယ်ရွယ်သေးသလို ဗဟိုချက်မဒေသမှ မျိုးနွယ်စုဝင်များ ထက်လည်း သာလွန်မနေပါ။

လူတစ်ယောက်က မရေမရာဖြင့်‌ ပြောလိုက်သည် “ မီးတောက်ဦးချိုမျိုးနွယ်စုက ဘယ်မှာနေတာလဲ…သူတို့ပြသနေတဲ့ စွမ်းရည်မျိုးက နာမည်ကျော်ထိုက်ပါတယ်…သူတို့နေတဲ့နေရာက ငါတို့ရောက်နေတဲ့နေရာနဲ့ အရမ်းအလှမ်းကွာလို့လား” ။

လူ၂၀ကျော်လောက်နှင့် တိရှန်မျိုးနွယ်စုကို အနိုင်တိုက်နိုင်သည်ဆိုပါက မျိုးနွယ်စုတစ်ခုလုံးဆိုလျှင် ဘယ်လိုနေမလဲ။ ထိုချာတိတ်လေးလို သာမန်မဟုတ်သောသူများ မီးတောက်ဦးချိုမျိုးနွယ်စုထဲတွင် ဘယ်နှယောက်ရှိနေမလဲ။

ဂူပေါက်အပေါ်တွင်ရှိနေသော လူများပြောဆိုနေကြစဉ်တွင် တိရှန်မျိုးနွယ်စုဝင်များနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ဆက်လက်တိုက်ခိုက်နေကြသည်။

တဖြည်းဖြည်းနှင့် ဟူမာကို ကြည့်ရသည်မှာ အရိုင်းအစိုင်းကြီးတစ်ယောက် နှင့်တူလာသည်။ မြေပြင်ပေါ်တွင် ဖိနပ်မပါဘဲ လျှောက်သွားနေသည်။ သူခြေလှမ်းလှမ်းလိုက်တိုင်း ကျောက်သားများ ဖွာလန်ကျဲထွက်ကုန်သည်။ မျက်လုံးများက သွေးဆာမှုကြောင့် နီရဲနေသည်။

တိရှန်မျိုးနွယ်စုဝင်များသည် ဟူမာ၏အခြေအနေကို တွေ့သောအခါ သူ့နားမှ ဝေးဝေးရှောင်နေကြလေသည်။ သူတို့တိုက်ခိုက်နေသော နေရာမှာ မြေကွက်လပ်တစ်ခု ဖြစ်လေသည်။ အခုတော့ ထိုမြေကွက်လပ်အတွင်း ဟူမာနှင့် ရှောက်ရွှမ်တို့ ၂ယောက်သာရှိတော့လေသည်။

ဟူမာသည် ခြေတစ်ချက်ဆောင့်လိုက်ပြီး ရှေ့ကိုတိုးလာသည်။ ထို့နောက် ရှောက်ရွှမ်ဆီသို့ ပြေးသွားလေသည်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေပြင်သည် တုန်ခါသွားသည်။ ကျောက်သားအစအနများနှင့် ဖုန်များလည်း လေထဲတွင် လွင့်

ပျံ နေလေသည်။ ကျောက်သားတုတ်ကို ကိုင်ထားသော ဟူမာ၏လက်မောင်းသည် နဂိုထက် ပိုကြီးလာသည်။ သူ့လက်မောင်းကိုလွှဲလိုက်ပြီး ကြာပွတ်တစ်ချောင်းလို ရှောက်ရွှမ်ကို တိုက်ခိုက်လိုက်သည်။ သူ့လက်မောင်းလှုပ်ရှားလိုက်တိုင်း လေတိုးသံများ ထွက်ပေါ်လာ သည်။

ပြင်းထန်သော လေများတိုက်ခတ်နေပြီး ရှောက်ရွှမ်သည် သူ့အနားတွင် ဖြစ်ပေါ်နေသော လှုပ်ရှားမှုများကို နားစွင့်နေလေသည်။ မျက်လုံးများက အရောင်တဖျပ်ဖျပ်လက်နေသည်။ ရှောက်ရွှမ်သည် နောက်မဆုတ်ပါ။ နောက်ဆုတ်မည့် အစားရှေ့တိုးလိုက်သည်။ သူတို့၂ယောက် ထိပ်တိုက်ရင်ဆိုင်တွေ့ခါနီးလေးတွင် ရှောက်ရွှမ်သည် ဦးတည်ရာလမ်းကြောင်းကို လွှဲလိုက်သည်။ သူ့လှုပ်ရှားမှုများသည် နှေးကွေးသွားပြီး ခက်ထန်ကြမ်းတမ်းခြင်းမရှိတော့ပါ။ သူ့ကို ကြည့်ရသည်မှာ ပါးနပ်ဉာဏ်များသော ငါးတစ်ကောင်နှင့်တူနေပါသည်။ သူသည် နောက်လှည့်လိုက်ပြီး ဓား၏ဦးတည်ရာလမ်းကြောင်းကို ပြောင်းလိုက်သည်။ သူသည်တိုက်ခိုက်ခြင်းမဟုတ် နောက်သို့

ဆုတ်ပေးလိုက်ခြင်းဖြစ်သည်။

“ဖောင်း”

ကျောက်သားတုတ်ကြီးက မြေပြင်ကိုထိမိသွားသဖြင့် မြေပြင်မှာ တုန်လှုပ်သွားပြန်သည်။ မြေကြီးပေါ်တွင်လည်း အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။

ဟူမာ၏တိုက်ခိုက်မှုမှာ ရှောက်ရွှမ်ကို မထိပါ။ သို့သော် သူသည် မရပ်တန့်ပါ။ ပွဲအစတုန်းက သူ့ကို ရှောက်ရွှမ်တိုက်ခိုက်ခဲ့သလို အခုသူသည် ရှောက်ရွှမ်ကို တရစပ်ပြန်တိုက်နေသည်။ ကြီးမားသောကျောက်သားတုတ်ကြီး ဟူမာ့လက်ထဲတွင် ပေါ့ပါးနေသယောင်ရှိကာ သူ့လက်နှင့် တုတ်မှာ တစ်သားတည်ဖြစ်နေလေသည်။ လွင့်စင်ထွက်လာသော ကျောက်အစအနများမှာ ပန်းပွင့်များကဲ့သို့ လေထဲတွင် လွင့်ပျံနေလေသည်။

သူတို့နားတွင်ရပ်ကြည့်နေသူများသည် ထိုကျောက်အစအနများကို ရှောင်ရှားနေရသည်။ ထို

မျှ အန္တရာယ်များသောနေရာတွင် ဘယ်သူမှ မနေချင်ကြပါ။ တိရှန်မျိုးနွယ်စုဝင်များကတော့ ထိုနားတွင်ရပ်နေသော်လည်း တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြသည်။ ခေါင်းဆောင်၃ယောက်နားမှ လူများကတော့ ထွက်ခွာသွားပြီ ဖြစ်သည်။

“ဖောင်း” တုတ်ချက်က မြေပြင်ပေါ်သို့ နောက်တကြိမ်ကျရောက်သွားပြန်သည်။ တည်ငြိမ်စွာရပ်ကြည့်နေသူများပင် ရှောင်ရွှမ်ဘာကြောင့် ရှောင်တိမ်းနေသလဲ နားမလည်ဖြစ်နေကြသည်။

ရှောက်ရွှမ်၏ လှုပ်ရှားမှုများသည် နောက်ဆုတ်သည်လည်းမဟုတ် တိုက်ခိုက်သည်လည်းမဟုတ်ပေ။ တစ်ခါတရံတွင် ချာတိတ်လေးသည် ရှေ့သို့ပင်တိုးသွားလေသည်။ သူသည် ယုံကြည်စိတ်ချမှု လွန်ကဲနေခြင်းလား။

ဂူပေါက်အပေါ်တွင်တော့ တိုက်ပွဲကို ကြည့်နေသူများသည် ကူလာ့ကို ကြည့်လိုက်ကြသည်။ ကူလာ့က ထိုချာတိတ်လေးရှုံးတော့မည်ဟု ပြောထားသော်လည်း အခုအခြေအနေအရတော့ ထို

ချာတိတ်လေးသည် အနိုင်ရနိုင်ချေရှိသေးသည်။

ထိုချာတိတ်လေးသည် နည်းဗျူဟာပြောင်းလိုက်သဖြင့် ကူလာ့လည်း အံ့ဩသွားသည်။

“ကဲ…ဆက်ကြည့်ကြတာပေါ့” ကူလာ့ကပြောလိုက်သည်။

ဟူမာ၏ ကျောက်သားတုတ်ကြီးမှာလည်း တဖြည်းဖြည်းပျက်စီးလာပြီဖြစ်သည်။ ထိုမျှ တရပ်စပ်တိုက်ခိုက်နေသော ဓားချက်များကို မည်မျှကောင်းသည့် ကျောက်သားဖြစ်စေ ခံနိုင်မည်မဟုတ်ပါ။

“ဝုန်း…ဝုန်း” ခြေထောက်အောက်ရှိမြေပြင်ပေါ်မှ ထိုအသံများထွက်ပေါ်လာခြင်း ဖြစ်သည်။ ကျောက်တုံးတစ်တုံး၊နှစ်တုံးလောက်မှ ထွက်လာသောအသံမဟုတ်၊ တောင် တစ်ခုလုံးမှ ထွက်ပေါ်လာသောအသံဖြစ်သည်။

အကြားအာရုံထက်မြက်သောသူတို့သည် ထို

အသံဘာသံဖြစ်မလဲ စဉ်းစားနေကြသည်။အတွေ့အကြုံရင့်ကျက်သော ခရီးသွားများကတော့ ထိုအသံများကို ရင်းနှီးနေပါသည်။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များလည်း ထိုကဲ့သို့ပင်။ ကွင်းပြင်ထဲတွင် တိုက်ခိုက်နေသူများအားလုံး ရပ်တန့်သွားသည်။

တိုက်ပွဲ၏အရှိန်ကြောင့် တောင်ပေါ်တွင်ရှိသော ကျောက်တောင်ငယ်တစ်ခု ကွဲအက်သွားဟန်တူသည်။ အခုထိုကွဲအက်သွားသော တောင်ငယ်မှ ကျောက်တုံးများသည် တောင်အောက်သို့ လိမ့်ကျလာပြီး တိရှန်မျိုးနွယ်စုနေထိုင်သော ဂူပေါက်ရှေ့သို့ပြုတ်ကျလာသည်။ ထို့ကြောင့် ထိုအသံများထွက်ပေါ်လာရခြင်းဖြစ်သည်။

“ဝုန်း…ဝုန်း…” ပို၍ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။ အားလုံးငြိမ်သက်နေကြပြီး မြေပြင်သည် ကွဲအက်တော့မလို တုန်ခါနေသည်။ တောင်ကြီး ပြိုကျလာတော့မည် ထင်သည်။ တောင်၏အခြားနေရာများတွင် ဘာဖြစ်နေသလဲ ဘယ်သူမှ မသိပါ။

ပြိုသည်ဖြစ်ဖြစ်၊ မပြိုသည် ဖြစ်ဖြစ် ထိုနေရာမှ ထွက်ခွာသွားသည်က အကောင်းဆုံးဖြစ်ပေမည်။ ထိုကျောက်တုံးများထိမှန်ခံရပါက အကြီးတန်းစစ်သည်တော် တစ်ယောက်ပင်ဒဏ်ရာရနိုင်သည်ဖြစ်သည်။‌ တောင်ပြိုကျလာခြင်းကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရချင်ပါ။

ရန်ပွဲကိုခဏမေ့ထားလိုက်ပြီး တိရှန်မျိုးနွယ်စုဝင်များနှင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ဘေးလွတ်ရာသို့ ပြေးသွားကြသည်။ တိရှန်မျိုးနွယ်စုဝင်တချို့က ဂူပေါက်ထဲသို့ ဝင်သွားသလို၊ တချို့က တောင်နံရံနှစ်ဖက်ကြားရှိ လမ်းပေါ်ကို ထွက်ပြေးကြသည်။

ရှောက်ရွှမ်ကတော့ မပြေးပေ။ အားလုံးက ထွက်ပြေးရန် ပြင်နေစဉ်မှာ ရှောက်ရွှမ်ကတော့ မလှုပ်မရှား မတ်တပ်ရပ်နေသည်။ သူသည် ဟူမာ့ဆီ လျင်မြန်စွာ ပြေးသွားပြီး လျှပ်ပြတ်သလို ဓားဖြင့် ပိုင်းချလိုက်သည်။ထိုအချိန်တွင် ဟူမာက ဂူပေါက်ထဲသို့ဝင်ပြေးရန် ပြင်နေခြင်းဖြစ်သည်။

ဟူမာဒေါကန်သွားသည်။ ထိုချာတိတ်လေးသည် အခုလိုအန္တရာယ်ကျရောက်လာ သောအချိန်တွင် သူ့ကို တိုက်ခိုက်မည်ဟု ဟူမာ မမျှော်လင့်ထားချေ။

All Chapters