← Chapters

လက်တုန့်ပြန်ခြင်း

Vol. 33 Ch. 449

လက်တုန့်ပြန်ခြင်း

Vol. 33 Ch. 449

အစောပိုင်း၌...

လွေ့နန်သည် ဟင်းလင်းပြင် ဖြတ်လမ်းများ အားလုံးကို ဖျက်ဆီးပြီးသွားသည်နှင့် မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်၏။

" သခင်ကြီး လွေ့နန် ၊ ဘာတွေ ဖြစ်သွားခဲ့လဲဗျ "

ထိုစဥ် ယွမ်ရှောက်မြို့စားကြီး ၊ ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်နှင့် အစီအမံ ပြင်ဆင်ရာတွင် လွေ့နန်အား ကူညီပေးခဲ့ကြသည့် လျှို့ဝှက်ဂိုဏ်းများမှ အစွမ်းထက် ကျင့်ကြံသူ သခင်ကြီးများမှာ စိုးရိမ်တကြီး အမူအရာများ ဖြစ်နေကြသည်။

" အစီအစဥ် ကျရှုံးသွားတယ် "

လွေ့နန်က အသံနက်ကြီးဖြင့် ပြန်ပြောလိုက်သည်။

" ဘယ်လို... နတ်ဆိုးဧကရာဇ်ကြီးကို နှိုးဖို့ မအောင်မြင်လိုက်တာလား... "

ယွဲ့လွင်နိုင်ငံ၏ ဘုရင်မင်းမြတ်က သက်ပြင်းချ၏။

သို့သော် လွေ့နန်က ခေါင်းယမ်းပြ၍ ပြန်ပြောသည်။

" မဟုတ်ဘူး ၊ နတ်ဆိုးဧကရာဇ်ကြီး နှိုးလာခဲ့တယ်... "

" ဟင်... ဒါဆို အစီစဥ်က ဘာလို့ မအောင်မြင်တာလဲဗျ။ နတ်ဆိုးဧကရာဇ်ကြီးက သခင်ကြီးနဲ့ အတူတူပူးပေါင်းဖို့ ငြင်းလိုက်လို့များလား "

အဘိုးအိုတစ်ယောက်က မေးလိုက်သည်။

လွေ့နန်က အောင့်သက်သက်ပြုံး၍ ပြန်ပြော၏။

" မဟုတ်ဘူး... နတ်ဆိုးဧကရာဇ်ကြီးက အသတ်ခံလိုက်ရတာ... "

" ဘယ်လို.... "

သူ့စကားကြောင့် အားလုံး အံ့သြတုန်လှုပ်သွားကုန်သည်။

နတ်ဆိုးဧကရာဇ်ကြီးက အသတ်ခံလိုက်ရသတဲ့လား...

ထိုသူမှာ ရှေးယခင် ခေတ်မှ ဒဏ္ဍာရီကျော် အလွန်

အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး မဟုတ်ဘူးလား...

ဒဏ္ဍာရီများအရ ဆိုပါက ရှေးခေတ်မှ အစွမ်းအထက်ဆုံး သူများသည်ပင် နတ်ဆိုးဧကရာဇ်ကြီးအား မသတ်နိုင်ဘဲ ကျိန်စာတိုက်၍ ချုပ်နှောင်ထားရုံသာ တတ်နိုင်ခဲ့သည်ဟု ဆိုပါသည်။ ထိုသို့သော သူတစ်ယောက်က မည်သို့ အသတ်ခံလိုက်ရပါသနည်း။

" ဟို လောထျန်းဆိုတဲ့ကောင်က သတ်သွားခဲ့တာကွ။ ချီး.. အဲ့ကောင်က ငါ ထင်ထားတာထက်တောင် ပိုအစွမ်းထက်နေတယ် "

လွေ့နန်က မုန်းတီးစွာ ဆိုလိုက်သည်။

ထိုစကားကို ကြားလိုက်ရသူများမှာ သူတို့နားထဲ ဗုံး တစ်လုံး ပေါက်ကွဲသွားသလိုပါပင်။

" နောက်နေတာများလားဗျာ ။ လောထျန်း... အဲ့ကောင်လေးက နတ်ဆိုးဧကရာဇ်ကြီးကို သတ်နိုင်တယ်ပေါ့ "

" သေချာရဲ့လား သခင်ကြီးရယ် ။ မသေမျိုးတစ်

ယောက်တောင် နတ်ဆိုးဧကရာဇ်ကြီးကို မသတ်နိုင်တာ ။ အခု လောထျန်းဆိုတဲ့ ကောင်လေးက ဘယ်လိုလုပ်လိုက်နိုင်တာလဲ "

" သခင်ကြီး ၊ နတ်ဆိုးဧကရာဇ်ကြီးက အစွမ်းကုန်သွားလို့ များလား... "

" အခု လောထျန်းက ဘယ်ရောက်သွားပြီလဲဗျ။ ဘယ်လို ဖြစ်သွားပြီလဲ ။ ဟို နတ်ဆိုးဧကရာဇ်ကြီးနဲ့အတူ ပျောက်ကွယ်သွားပြီလား "

လွေ့နန်က အားလုံး၏ မေးခွန်းပေါင်းစုံကို နားထောင်ရင်း သုန်မှုန်နေသည့် မျက်မှာဖြင့် ပြန်ပြော၏။

" နတ်ဆိုးဧကရာဇ်ကြီးက တကယ်လဲ လောထျန်းသတ်တာကို ခံရပြီး သေသွားခဲ့တာ။ အဲ့ကိစ္စက ဘာမှ သံသယဝင်စရာ မရှိဘူး။ နတ်ဆိုးဧကရာဇ်ကြီး အစွမ်းကုန်နေတာလား ဆိုတဲ့ကိစ္စကတော့.... သူက နှစ်တွေအကြာကြီး ချုပ်နှောင်ခံထားရတာဆိုတော့ သူ့အစွမ်းက အရင်လို ထိပ်ဆုံးအခြေအနေ မဟုတ်တာ အမှန်ပဲ။ ဒါပေမယ့် ငါ ခန့်မှန်းတွက်ချက်တဲ့အတိုင်း ဆိုရင်တော့.. သူ အစွမ်းအထက်ဆုံး အခြေအနေကို ပြန်ရောက်နေရင်တောင် သေရမှာပဲ "

လွေ့နန်က လောထျန်း၏ အစွမ်းအထက်ဆုံး လက်သီးချက်အကြောင်းကိုပါ တဆက်တည်း ပြောပြလိုက်သည်။

ထိုလက်သီးချက်၏ အစွမ်းမှာ နတ်ဆိုးဧကရာဇ်ထက် များစွာ ပိုအစွမ်းထက်လှပေရာ အစွမ်းအထက်ဆုံး အခြေအနေ မဟုတ်သောကြောင့်ဟု ဆင်ခြေပေး၍ မရပါချေ။

သူ့စကားအား နားထောင်ပြီးနောက် အားလုံး မျက်နှာထား ပြောင်းသွားကြပြန်သည်။

ယခု တည်နေရာရွှေ့ပြောင်းခြင်း မခံရဘဲ ကျန်နေခဲ့ သူများမှာ လွေ့နန်၏ အစီအစဥ်တွင် ပူးပေါင်းကြံစည်ခဲ့ကြသူများ ဖြစ်ပါသည်။

အကယ်၍ လောထျန်းသာ ဤမျှအစွမ်းထက်သည် ဆိုပါက သူ ပြန်ထွက်လာလျှင် သူတို့အားလုံး သေကြရမည် မလွဲပေ ။

" သခင်ကြီး လွေ့နန် ၊ အခု လောထျန်းက သေသွားပြီ

လားဗျ "

တစ်ယောက်က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

အားလုံးက သူ့ကို ကြည့်ကာ သူ့ထံမှ ကြားရမည့် အဖြေကို စောင့်နေ ကြ၏။

အကယ်၍ လောထျန်းသာ နတ်ဆိုးဧကရာဇ်ကြီးနှင့် အတူသေသွားပြီ ဆိုပါက သူ မည်မျှ အစွမ်းထက်နေပါစေ ၊ သူတို့အတွက် ပြဿနာ မရှိတော့ဘူး မဟုတ်ပါလား။

သို့သော် လွေ့နန်က အောင့်သက်သက်ပြုံး၍ ပြန်ပြောသည်။

" မသေသေးဘူး "

အားလုံး အထိတ်တလန့်ဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

အချို့ဆိုလျှင် လူအုပ်နောက်သို့ မသိမသာ ဆုတ်ကာ အချိန်မရွေး ထွက်ပြေးရန်ပင် အသင့်ပြင်ထားလိုက်ကြသည်။

သို့သော် လွေ့နန်က စကားဆက်လာ၏။

" သူ မသေသေးဘူး ဆိုပေမယ့် စိတ်ပူစရာ မလိုတော့ဘူး။ ငါ လေထုချင်း ဆက်သွယ်တဲ့ လမ်းကြောင်းတွေအားလုံးကို ဖြတ်ထားခဲ့ပြီ။ အဲ့တော့ သူတို့ အဲ့ဒီ ကမ္ဘာငယ်ကို မဖျက်ဆီးနိုင်မချင်း အဲ့မှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ "

ထိုစကားကို ကြားပြီးမှသာ အားလုံး စိတ်သက်သာရာရပြီး သက်ပြင်းများ ချလိုက်ကြပါသည်။

ထိုသို့သာ ဆိုပါက လောထျန်းတစ်ယောက် မည်မျှပင် ပြိုင်ဘက်ကင်းအောင် အစွမ်းထက်နေပါစေ ၊ စိုးရိမ်စရာ မရှိတော့ပါ။

" သခင်ကြီး ၊ ကျုပ်တို့ အစောကတည်းက သဘောတူးထားတဲ့ ဆုလာဒ်ကရောဗျ... "

ထိုစဥ် ယွမ်ရှောက်မြို့စားကြီးက စိတ်လှုပ်ရှားနေဟန်ဖြင့် လက်နှစ်ဖက်ကို ပွတ်ရင်း မေးလာ၏။ သူ့အသွင်မှာ တစ်စုံတစ်ခုကို မျှော်လင့်နေသယောင်လည်း အထင်းသားပါပင်။

လွေ့နန်မှာ အစီစဥ် ပျက်စီးခဲ့ရသဖြင့် ဒေါသထွက်နေသောကြောင့် မျက်မှောင် ကြုံ့သွားသည်။

သို့သော် သူ ဒေါသကို ချုပ်တည်းကာ ယွမ်ရှောက်မြို့စားကြီးအား ကြည့်ရင်း ပြောလိုက်သည်။

" စိတ်မပူပါနဲ့ ၊ ငါ ပေးထားတဲ့ ကတိကို မဖျက်ပါဘူး "

သူ ပြောပြောဆိုဆိုပင် ဟင်းလင်းပြင် လက်စွပ်ထဲမှ ဆေးလုံးနှစ်ခု ထုတ်ပြီး ယွမ်ရှောက်မြို့စားကြီးနှင့် ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်တို့အား ပေးလိုက်သည်။

" အဲ့ဒီ ဆေးလုံးတွေထဲမှာ သခင်ကြီးရဲ့ မသေမျိုးအစွမ်းတွေ ရောပါနေတယ်။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ ပါရမီ ရယ် ၊ ကျင့်ကြံခြင်း အဆင့်ရယ်နဲ့ဆိုရင်.. မသေမျိုးအဆင့်ကို တိုက်ရိုက် ရောက်နိုင်မှာပါ "

လွေ့နန် ပြောလိုက်၏။

" ကျေးဇူးတင်ပါတယ် သခင်ကြီး လွေ့နန် "

တဖက်မှ လူကြီးနှစ်ယောက်၏ မျက်လုံးများ ပျော်ရွှင်မှုကြောင့် အရောင်လက်သွားကာ ချက်ချင်း ဒူးထောက်၍ ဆေးလုံးများကို တလေးတစား လှမ်းယူ

လိုက်ကြသည်။

" ကောင်းပြီ ၊ ဒါဆိုရင် မင်းတို့ ဆေးလုံးကို သန့်စင်ဖို့ နေရာသွားရှာလိုက်ကြဦး ။ ငါလဲ နားလိုက်ဦးမယ် "

လွေ့နန်က ထိုနှစ်ယောက်အား လက်ကာပြ၍ ပြောလိုက်၏။

" ဟုတ်ကဲ့ပါ သခင်ကြီး "

ထို့နောက်တွင်မူ ယွမ်ရှောက်မြို့စားကြီးက ကျန်နေသေးသော အစွမ်းထက် ကျင့်ကြံသူများဘက် လှည့်၍ ပြောသည်။

" အားလုံး.. ကျေးဇူးပြုပြီးတော့ ကျုပ်နဲ့ မြို့ထဲ လိုက်ခဲ့ကြပါ။ ကျုပ် အားလုံးကို ပြုစုဖို့အတွက် စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ထားပါတယ် "

လူအုပ်ကလည်း ခေါင်းညိတ်လိုက်ပြီး သူနှင့်အတူ ထွက်ခွာသွားလိုက်ကြ၏။

ယွမ်ရှောက်မြို့စားကြီးနှင့် ယွဲ့လွင်နိုင်ငံ ဘုရင်မင်းမြတ်တို့မှာလည်း အချိန်ဆက်မဖြုန်းဘဲ ဆေးလုံးများကို သန့်စင်ရန် လျှို့ဝှက်ကျင့်ကြံသည့် အခန်းသို့

ထွက်သွားလိုက်ကြသည်။

မကြာမီမှာပင်.. ယခင် ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင် ရှိနေခဲ့သော နေရာတစ်ခုလုံး ခြောက်ကပ်သွားပြီး မည်သူ တစ်ဦးတစ်ယောက်မှ မကျန်ခဲ့တော့ပါ။

သို့သော်.. ထိုအချိန်မှာပင်..

ခွပ်...

အစောက အားလုံး ရှိနေခဲ့သည့် မြေပြင်၌ အက်ကွဲရာတစ်ခု ပေါ်လာပါ၏။

ပြီးနောက်တွင်မူ လောထျန်းကြောင့် ပြိုကွဲသွားခဲ့ရသည့် ကမ္ဘာငယ်၏ ပုံရိပ် ပေါ်လာသည်။

သို့သော်.. ယွမ်ရှောက်မြို့ထဲမှ လူများမှာ ထိုမြင်ကွင်းကို လုံးဝ မမြင်လိုက်ကြပါချေ။

ဆယ့်ငါးမိနစ် ကြာသွားပြီး နောက်တွင်ကား...

ဝုန်း..

အက်ကွဲရာထဲမှ မြွေဖြူ ထွက်လာ၏။

" ဟား ဟား... နောက်ဆုံးတော့ ပြန်ရောက်လာပြီပေါ့ကွာ "

မြွေဖြူက တဟားဟား အော်ရယ်ရင်း ပြောလိုက်သည်။

ထို့နောက် ချက်ချင်း ဆိုသလိုပင် မရေမတွက်နိုင်သော လူများ အက်ကွဲရာထဲမှ ထွက်လာကြပါ၏။

" နောက်ဆုံးတော့ ပြန်ရောက်ပြီဟေ့ "

" ချီး.. ငါ ဒီတစ်ခေါက် သေရပြီလို့ပဲ ထင်နေခဲ့တာ "

" ဟို မအေဘေး ယွမ်ရှောက်မြို့စားကြီးက ငါတို့တွေကို အကွက်ဆင်ပြီး ထောင်ချောက်ချခဲ့တာ။ ဒီတစ်ကြိမ်မှ သူ့ကို မသတ်ရင် ငါ တစ်သက်လုံး နောင်တရနေတော့မှာ သေချာတယ် "

" ဟုတ်တယ် ၊ သူတို့နဲ့ ပူးပေါင်းကြံစည်ခဲ့ကြတဲ့ ဟို လျှို့ဝှက်ဂိုဏ်းက ကောင်တွေကိုလဲ အလွတ်ပေးလို့

မဖြစ်ဘူး "

" လက်တုန့်ပြန်မယ်ကွာ... လက်တုန့် ပြန်မယ်ဟေ့ "

" သတ်မယ်ကွာ "

ထိုတခဏ၌ အားလုံးထံမှ ဒေါသတကြီး အော်ဟစ်သံများ ထွက်လာသည်။

ထိုသို့ လှည့်စားခံရမှုကို မည်သူကရော သည်းခံခွင့်လွှတ်ပေးနိုင်ပါမည်နည်း။

" အားလုံး အရင်ဆုံး စိတ်အေးအေး ထားကြပါ။ သခင်လေး လောထျန်း ထွက်လာတာကို စောင့်ပြီးမှပဲ သူ ဘာပြောမလဲ ကြည့်ကြတာပေါ့ "

" ဟုတ်တယ် ၊ သခင်လေး လောထျန်း ပြောတဲ့အတိုင်းပဲ လုပ်ကြမယ် "

" ကျုပ်လဲ သခင်လေး လောထျန်းကို ထောက်ခံတယ် "

အားလုံး ခေါင်းလှည့်၍ လောထျန်း ထွက်အလာကို စောင့်လိုက်ကြသည်။

တခဏကြာသွားပြီး နောက်...

ဝီ..

လောထျန်း ယွမ်ရှောက်မြို့ထဲသို့ တည်နေရာရွှေ့ပြောင်းပြီး ပြန်ရောက်လာ၏။

ဘုန်း....

သူ ပြန်ရောက်သည့် တစ်ချိန်တည်းနီးပါးမှာပင်.. အက်ကွဲရာကြီးမှာ အရှုပ်အထွေး လေထု၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ထို အရှုပ်အထွေး လေထုမှာ အက်ကွဲရာကြီးအား ဝါးမြိုပြီးနောက် ထျန်းယွမ်ကမ္ဘာကိုပါ ဆက်ဝါးမြိုရန် ကြိုးစားလာပါသေး၏။

သို့သော် ချက်ချင်း ဆိုသလိုပင် ထျန်းယွမ်ကမ္ဘာ၏ ကောင်းကင်နှင့် မြေကြီး စည်းမျဥ်းများက တုန့်

ပြန်လာကာ...

အရှုပ်အထွေး လေထုအား ဖိအားသုံး ဖယ်ရှားလိုက်တော့သည်။

ဤသို့ဖြင့် တခဏအကြာတွင်မူ... မြေပြင်ပေါ်မှ အက်ကွဲရာများ ပျောက်ကွယ်သွားပြီး ဘာတစ်ခုမှ မဖြစ်ခဲ့သလို ပုံမှန် ပြန်ဖြစ်သွားပါ၏။

" သခင်လေး လောထျန်း ၊ ကျုပ်တို့ကို ဦးဆောင်ပြီး လက်တုန့်ပြန်ပေးပါဗျာ "

" ဟုတ်တယ် သခင်လေး လောထျန်း ၊ ကျေးဇူးပြုပြီးတော့ ကျုပ်တို့အတွက် တရားမျှတမှုကို ပြန်ယူပေးပါ "

အားလုံးက လောထျန်းအား အားကိုးတကြီး ကြည့်လိုက်ကြသည်။

လောထျန်းကလည်း အားလုံးကို တစ်ချက် ဝေ့ဝဲကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

" ကောင်းပြီလေ... ဒါဆို လက်တုန့်သွားပြန်ကြစို့ "

" သွားကြမယ်ဟေ့ ။ သခင်လေး လောထျန်းနောက်က လိုက်ပြီး လက်တုန့်သွားပြန်ကြမယ် "

" လက်တုန့်ပြန်မယ် "

လူများအားလုံးမှာ သွေးဆာနေကြပြီး လောထျန်း၏ ခေါင်းဆောင်မှုနှင့်အတူ ယွမ်ရှောက်မြို့စားအိမ်တော် ရှိရာသို့ အလွန်လျင်မြန်သော နှုန်းဖြင့် သွားလိုက်ကြသည်။

" ဟင်.. ဘယ်သူလဲ ၊ ရပ်လိုက်စမ်း "

မြို့စားအိမ်တော် အပြင်ဘက် ရောက်သည့်အချိန်တွင် ၊ အစောင့်တစ်ယောက်က လေထဲ ပျံသန်းလာသူတစ်ယောက်အား တွေ့သွားကာ အော်ဟစ်တားလိုက်သည်။

" ဟားဟား.. ယွမ်ရှောက်မြို့ထဲလာပြီး ထင်တိုင်းကြဲရဲနေတယ် ပေါ့လေ။ ဒီကောင်တော့ သေချင်နေပြီနဲ့ တူတယ် "

အစောင့်က လှောင်ပြုံးဖြင့် ပြောကာ တိုက်ခိုက်ရန်

ပြင်လိုက်သည်။

သို့သော်. ... ထိုအချိန်မှာပင် သူတို့ မြင်ကွင်းထဲသို့ လူများ တစ်ယောက်ပြီးတစ်ယောက် ထပ်ပေါ်လာသည့်အတွက် အစောင့်များအားလုံး အံ့သြမှင်သက်သွားကြ၏။

" မြို့စားကြီး အိမ်တော်ပဲ... သေစမ်းကွာ... "

အဘိုးအိုတစ်ယောက်က မြို့စားအိမ်တော်ကို မြင်သည်နှင့် ဒေါသတကြီး အော်၍ လက်ထဲမှဓားဖြင့် ခုတ်လိုက်သည်။

သူ့ မိတ်ဆွေတစ်ယောက် မိစ္ဆာဝိဥာဥ်များ၏ လက်ချက်ကြောင့် သေရခဲ့သည့်အတွက် သူ့ရင်ထဲ၌ အမုန်းတရားတို့ဖြင့် ပြည့်နှက်နေပါသည်။

ရွှမ်း...

ထိုဓားချက် တစ်ချက်တည်းဖြင့်ပင် များစွာသော အစောင့်များ ချက်ချင်း သေသွားကြ၏။

" ဟင်.. ရန်သူတွေ တိုက်ခိုက်နေပြီဟေ့ ။ ရန်သူတွေ

တိုက်ခိုက်နေကြပြီ "

ကျန် အစောင့်များမှာ ထိုအချိန်မှသာ အသိဝင်လာပြီး သတင်းပို့ရန်အတွက် အထဲသို့ အသည်းအသန် ပြေးသွားလိုက်ကြသည်။

ထိုအချိန်တွင် မြို့စားကြီး အိမ်တော်အတွင်း၌.. လွေ့နန်အား ကူညီထားခဲ့ကြသည့် ဧည့်သည်တော်များနှင့် ပြည့်နေပြီး ...

ထိုသူများမှာ ညစာစားပွဲ ဝိုင်း၏ ခုံတွင် နေရာယူစပင် ရှိပါသေး၏။

ထိုစဥ်မှာပင်... အစောင့်တစ်ယောက်က ဒယီးဒယိုင် ပြေးဝင်လာသည်။

" သခင်ကြီးတို့ ၊ မကောင်းတာ တစ်ခုခုတော့ ဖြစ်နေပြီဗျာ။ ရန်သူတွေ မြို့စားအိမ်တော်ထဲကို ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်နေကြတယ်ဗျ "

အစောင့်က အသည်းအသန် ပြောလိုက်၏။

" ရန်သူတွေ.. ဟုတ်လား။ အဲ့ရန်သူတွေက ဘယ်လောက်အစွမ်းထက်လို့လဲ "

အဘိုးအိုတစ်ယောက်က မေးကို လက်ထောက်ရင်း

ချက်ချင်း ပြန်မေးလာသည်။

အစောင့်က ယခုလေးတွင် တိုက်ခိုက်သွားခဲ့သော အဘိုးအိုအကြောင်း ပြန်ပြောပြလိုက်၏။

" အနည်းဆုံးတော့ ကောင်းကင်ဘုံအဆင့် ရှိတယ်ဗျ။ ပြီးတော့ အဲ့လိုလူတွေ အများကြီးပဲ "

" ကောင်းကင်ဘုံအဆင့်.. ဟုတ်လား ။ ငါက ဘယ်လောက်များ အစွမ်းထက်တာလဲလို့ကွာ.. အခုတော့ ဘာမဟုတ်တဲ့အမှိုက်တွေကို စကားထဲ ထည့်ပြောနေတယ်။ အားလုံး... ယွမ်ရှောက်မြို့စားကြီးက အခု တစ်ယောက်တည်း ကျင့်ကြံနေတာဆိုတော့ ကျုပ်တို့တွေ သူ့ကို ကူညီပြီး ​ဒီပြဿနာကို ရှင်းပေးလိုက်ကြမယ်ဗျာ။ ပြီးမှ အေးအေးဆေးဆေး ဆက်စားကြတာပေါ့... ။ ဘယ်လိုသဘောရလဲ.... "

အဘိုးအိုက စားပွဲဝိုင်းမှ လူများဘက် အပြုံးဖြင့် ကြည့်၍ ပြောလိုက်သည်။

All Chapters