← Chapters

နတ်ဘုရားသားရဲအား သတ်ခြင်း

Vol. 33 Ch. 450

နတ်ဘုရားသားရဲအား သတ်ခြင်း

Vol. 33 Ch. 450

ဘုန်း..

ကျယ်လောင်သော အသံတစ်သံနှင့်အတူ မြို့စားကြီး အိမ်တော်၏ တံခါးပေါက် ပြိုကျသွားပြီး အကာအကွယ် အစီအမံတွင်လည်း အပေါက်တစ်ခု ပေါ်လာသည်။

" သတ်ကြဟေ့.. အဲ့ မျိုးမစစ်ကောင်တွေကို သတ်ကြ "

အဘိုးအိုတစ်ယောက်က ဒေါသတကြီး အော်ကာ အရင်ဆုံး ပြေးဝင်သွားလိုက်သည်။

သို့သော် သူ ခြေလှမ်းနှစ်လှမ်းစာသာ လှမ်းရသေးသည့် အချိန်မှာပင်..

ချွှင်..

ဓားသံတစ်သံ ထွက်လာပြီး အဘိုးအို နောက်သို့ လွင့်ထွက်သွား၏။

" ဟား ဟား.. ဘာမဟုတ်တဲ့ အမှိုက်ကောင်တွေကများ မြို့စားအိမ်တော်ထဲကို ဝင်ကျူးကျော်​ချင်တယ်ပေါ့လေ "

အဖြူရောင် ဝတ်စုံနှင့် ဓားသမားတစ်ယောက်က ထိုသို့ ပြောပြီး ဓားအား ပြန်သိမ်းလိုက်သည်။

သူ့အနောက်ဘက်တွင်လည်း အစွမ်းထက် ကျင့်ကြံသူ ရာနှင့်ချီကာ ပေါ်လာ၏။

" ငါကတော့ ဒီကောင်တွေကို အထင်တွေကြီး​နေသေးတာ.. တကယ်တမ်းတော့ ဘာမှလဲ မဟုတ်ပါလား။ ကိုယ့်လူတို့.. မင်းတို့ကိုယ်တိုင်တောင် တိုက်ခိုက်နေစရာ မလိုဘူး။ ငါ့ရဲ့ ကျွဲနဂါးကြီး နဲ့တောင် လုံလောက်တယ် "

ဓားသမားက မေးစေ့ကို လက်ဖြင့်ထောက်ရင်း လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ထို့နောက် သူ ကားချပ်လိပ်တစ်ခုကို ထုတ်ကာ ဖွင့်လိုက်၏။

ဝုန်း..

ချက်ချင်းပင် အားလုံးရှေ့၌ ဧရာမ ကျွဲနဂါးကြီး တစ်ကောင် ပေါ်လာသည်။

ထို မသေမျိုးအဆင့်ရှိသော နတ်ဘုရားသားရဲကြီး ထံမှ ထွက်လာသည့် ဖိအားကြောင့် ကျူးကျော်ဝင်လာသူများမှာ ချက်ချင်း ဒူးထောက်ကျသွားကြပြီး မလှုပ်ရှားနိုင်ကြတော့ချေ။

" သူတို့အားလုံးကို သတ်ပစ် "

အဘိုးအိုက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

ကျွဲနဂါးကြီးက ခေါင်းညိတ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ အားလုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်မှာပင်..

ဝု...

လူအုပ်နောက်မှ အသံလေးတစ်သံ ရုတ်တရက် ထွက်လာသည်။

ထိုအသံကို ကြားသောအခါ ဓားသမား အဘိုးအို မျက်မှောင်ကြုံ့သွားသလို သူ့အနောက်ဘက်မှ ကျန်လူများလည်း မျက်နှာထား ပြောင်းသွားကြ၏။

" ဒီအသံကို... ရင်းနှီးနေသလိုပဲ "

တစ်ယောက်က ပြောလိုက်သည်။

ကျန်လူများ ခေါင်းညိတ်လိုက်ကြ၏။

မျက်နှာချွန်ချွန်နှင့် ဓားသမား အဘိုးအိုက မျက်မှောင်ကြုံ့ကာ ကျွဲနဂါးကြီးအား ကြည့်လိုက်သည်။

" ကျွဲနဂါးကြီး.. အဲ့ကောင်တွေ ကို မြန်မြန်သတ်လိုက်ပါ "

ကျွဲနဂါးကြီးက ခေါင်းညိတ်၍ တိုက်ခိုက်ကန် ပြင်လိုက်၏။

သို့သော် ထိုစဥ်မှာပင်..

ဝှစ်..

တဖက်ရှိ ဒူးထောက်လျက်သား ရှိနေကြသော လူအုပ်နောက်မှ အဖြူရောင် အလင်းတန်းတစ်ခု ထွက်လာပြီး ကျွဲနဂါးကြီးဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် တိုးဝင်လာသည်။

ထိုနေရာတွင် ရှိနေကြသူ အားလုံးမှာ အလင်းတန်းအား မြင်သည်နှင့် ချက်ချင်း မှတ်မိသွားကြပါသည်။

၎င်းမှာ ရှောက်ထျန်းလုံပင်..

" အဲ့ဒါ လောထျန်းရဲ့ တိုက်ပွဲဝင်သားရဲ မဟုတ်လား။ တကယ်ဆို သူက ပိတ်လှောင်ခံထားရမှာလေ... အခု ဘယ်လိုလုပ်ပြီး ဒီမှာ ပေါ်လာတာလဲ "

" လောထျန်းက... ပြန်လွတ်လာတာများလား... "

" မဖြစ်နိုင်တာ... ဒီကောင်လေးက အစောတုန်းက သခင်ကြီးလွေ့နန် တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အသက်သွင်းနေတဲ့အချိန် ကြားထဲက လွတ်ထွက်သွားတာပဲ နေမှာ "

ထိုစကားကြောင့် အားလုံး စိတ်သက်သာရာ ရသွား

ကြသည်။

သို့သော် ရှောက်ထျန်းလုံလေးအား ကြည့်ရင်း သူတို့ရင်ထဲ၌ ကြောက်ရွံ့မှုအချို့ ရှိနေဆဲပါပင်။

" အားလုံး... ဒီကောင်လေးကို ကိုင်တွယ်ဖို့ မလွယ်ဘူးနော်။ ကျွဲနဂါးကြီး တစ်ကောင်တည်းနဲ့ ရမှာ မဟုတ်ဘူး။ အားလုံး အစွမ်းပြည့် ထုတ်သုံးကြပါ "

တစ်ယောက်က အော်လိုက်သည်။

ထိုအချိန်တွင် ရှောက်ထျန်းလုံလေးမှာ ကျွဲနဂါးကြီး ရှေ့သို့ ရောက်နေခဲ့လေပြီ။

ကျွဲနဂါးကြီးမှာ ရှောက်ထျန်းလုံ တိုက်ခိုက်သည်ကို တစ်ခါမှ မမြင်ဖူးထားသဖြင့် သူ့အစွမ်းက မည်သို့ရှိသည်ကို မသိပါချေ။

ထို့ကြောင့်လည်း သားရဲ ပိစိလေးတစ်ကောင်က မသေမျိုးအဆင့် နတ်ဘုရားသားရဲ ဖြစ်သော သူ့ရှေ့သို့ အပြေးဝင်လာကို ကြည့်ကာ ဒေါသထွက်သွားပါ၏။

သူ ချက်ချင်း ပါးစပ်ဟ၍ ရှောက်ထျန်းလုံအား မှုတ်

ထုတ်လိုက်သည်။

" မဖြစ်ဘူး... မလုပ်နဲ့ "

ဓားသမား အဘိုးအိုက ၎င်းကို မြင်သည်နှင့် အသည်းအသန် အော်ပြီး တားရန် ကြိုးစားလိုက်၏။

သို့သော်... နောက်ကျသွားခဲ့လေပြီ...

ဝုန်း..

ကျွဲနဂါးကြီး၏ ပါးစပ်မှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်လာပြီး ရှောက်ထျန်းလုံဆီသို့ တိုးဝင်သွားတော့သည်။

" ဝု... "

ရှောက်ထျန်းလုံလေးက ၎င်းကို မြင်သည်နှင့် လက်သီးဆုပ်၍ အလင်းတန်းအား ပြန်ထိုးလိုက်၏။

ခွမ်း...

အစွမ်းနှစ်ခု တိုက်မိသွားကာ အစိမ်းရောင်အလင်းတန်း တမဟုတ်ချင်း ပြိုကွဲသွားတော့သည်။

သို့သော်.. ဤမျှနှင့် မပြီးသွားဘဲ ရှောက်ထျန်းလုံ၏ လက်သီးက ရှေ့သို့ ဆက်တိုးဝင်သွားကာ ကျွဲနဂါးကြီး၏ မျက်နှာအား ထိုးလိုက်တော့သည်။

" ဟင်... "

ကျွဲနဂါးကြီးမှာ ရှောက်ထျန်းလုံလေးက သူ့တိုက်ခိုက်မှုကို ခံနိုင်နေသည့်အတွက် အံ့အားသင့်သွားပါ၏။

ထိုအချိန်မှာပင် ရှောက်ထျန်းလုံ၏ လက်သီးက သူ့ထံသို့ ရောက်လာသည်။

ထိုလက်သီးချက်မှာ ရှောက်ထျန်းလုံလေး၏ အစွမ်းပြည့်သုံးထားသော လက်သီးချက် ဖြစ်သည့်အတွက် အလွန်အစွမ်းထက်ပါ၏။

ကျွဲနဂါးကြီးမှာ ရန်သူအား အထင်သေး လျှော့တွက်ထားမိခဲ့သော်လည်း...

ထိုလက်သီးကြောင့် သူ့ခေါင်းတစ်ခုလုံး နီးပါး ကြေမွသွားကာ သွေးများ ပန်းထွက်လာတော့သည်။

ဘုတ်...

ကျွဲနဂါးကြီး၏ အသက်မဲ့ ခန္ဓာကိုယ် မြေပြင်သို့ လဲကျသွားသည်။

ထိုမြင်ကွင်းကို တွေ့လိုက်ရသော အားလုံး၏ မျက်နှာထားများ ချက်ချင်း ပြောင်းသွားကြပြန်၏။

ရှောက်ထျန်းလုံက အစွမ်းထက်သည်ကို သူတို့ သိထားပြီး ဖြစ်သော်လည်း ရှောက်ထျန်းလုံ၏ အလေးနက် တိုက်ခိုက်မှုကို သူတို့ ယခုမှ မြင်ဖူးခြင်းပင်။

ထိုကောင်လေးက လက်သီးတစ်ချက်တည်းဖြင့် ကျွဲနဂါးကြီးအား သတ်ပစ်ခဲ့လေပြီ ။

မည်မျှ ကြောက်စရာ ကောင်းလိုက်ပါသနည်း...

ဝှစ်...

ထိုစဥ်တွင် ရှောက်ထျန်းလုံလေးက လေထဲမှ ပြန်ဆင်းလာပြီး သွားရည်တမျှားမျှားကျလျှက် ကျွဲနဂါးကြီး၏ ခန္ဓာကိုယ်အား လောထျန်းပေးထားသည့်

ဟင်းလင်းပြင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။

အားလုံးမှာ ၎င်းကို ကြည့်ရင်း ကျောရိုးထဲမှပင် ချမ်းစိမ့်သွားကြသည်။

" ကျွဲနဂါးကြီး... "

တဖက်မှ မျက်နှာချွန်ချွန်နှင့် ဓားသမား အဘိုးအိုက အော်ပြောလာ၏။

သူသည် လျှို့ဝှက်ဂိုဏ်းတစ်ခုမှ ဖြစ်ပြီး သူတို့ဂိုဏ်း၏ အစွမ်းက ယခုနှစ်များအတွင်း တဖြည်းဖြည်း နိမ့်ကျသထက် ကျလာခဲ့ပါသည်။ ထို့ကြောင့် သူတို့ဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေး ချန်ထားခဲ့သော အစောင့်အကြပ် ကျွဲနဂါးကြီးမှာ သူတို့အားလုံးအတွက် အကြီးဆုံး အားထားရာကြီး ဖြစ်သည်။

ဤတစ်ကြိမ် သူ ယွမ်ရှောက်မြို့သို့ လာခဲ့ရခြင်းမှာ ယွမ်ရှောက်မြို့စားကြီး၏ ဖိတ်ခေါ်မှုကြောင့်ပင်။

ယွမ်ရှောက်မြို့စားကြီးက သူ့အား အစီအမံတစ်ခုကို ပြီးစီးအောင်လုပ်ရန် ကူညီပေးသည်နှင့် ဆုလာဒ်ကြီး

ကြီး ပေးမည်ဟု ကတိပေးထားခဲ့ပါ၏။

ထို့ကြောင့်လည်း သူ ရလာမည့် အကျိုးကို မျှော်ကိုး၍ ကျွဲနဂါးကြီးအား လွတ်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော်... သူ အားကိုးရသည့် ကျွဲနဂါးကြီးက လက်သီးချက် တစ်ချက်တည်းဖြင့် သေသွားရမည်ဟု သူ မည်သို့ ထင်ထားမိပါမည်နည်း။

ထို့ထက်ပိုဆိုးသည်မှာ တဖက်မှ ကောင်လေးက အလောင်းကိုပင် မချန်ဘဲ သိမ်းသွားခြင်းပင်။

သူ ၎င်းကို မည်သို့ လက်ခံပေးရပါမည်နည်း..

" မင်းကို ငါ သတ်မယ် "

အဘိုးအို ဒေါသတကြီး အော်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။

" နောက်ဆုတ်နေစမ်း ၊ မင်း အဲ့ကောင်ကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး "

ထိုစဥ်.. အခြား လျှို့ဝှက်ဂိုဏ်းတစ်ခုမှ အဘိုးအိုတစ်ယောက်က လေသံမာမာဖြင့် အော်ပြောလာ၏။

" အမှန်ပဲ ၊ နတ်ဘုရားသားရဲ တစ်ကောင်နဲ့ တိုက်ခိုက်ဖို့ဆိုရင် နတ်ဘုရားသားရဲ တစ်ကောင်ကိုပဲ ထုတ်သုံးရမှာ "

တာအိုဘုန်းတော်ကြီး တစ်ပါးကလည်း ဝင်ပြောသည်။

" အချုပ်အနှောင်.. ပွင့်စေ.. "

ထို ဘုန်းတော်ကြီးက ပြောပြောဆိုဆိုပင် ကားချပ်လိပ်တစ်ခုကို ထုတ်ကာ ဖြေချလိုက်သည်။

ဝုန်း..

ထို့နောက်တွင်မူ ခဲရောင် ဝံပုလွေတစ်ကောင် ထွက်လာ၏။

" ထွက်လာစမ်း "

အခြားသူ တစ်ယောက်ကလည်း လှုပ်ရှားလိုက်ရာ.. အမည်းရောင် ရေခဲငှက်ကြီး တစ်ကောင် ကောင်းကင်ယံသို့ ဝုန်းခနဲ ပျံတက်သွားသည်။

ပြီးနောက်တွင် အခြားသူများလည်း လှုပ်ရှားလိုက်

ကြရာ.. မကြာမီမှာပင် နတ်ဘုရားသားရဲ ခုနစ်ကောင် ပေါ်လာ၏။ ထိုသားရဲများ အားလုံးမှာ မသေမျိုးအဆင့် ရှိထားကြပြီး ရှောက်ထျန်းလုံလေးအား ပတ်လည်ဝိုင်းထားလိုက်ကြသည်။

" သခင်ကြီးတို့ ၊ အဲ့ကောင်လေးကို ချက်ချင်းကြီး မသတ်လိုက်နဲ့ဦးနော်။ အဲ့ကောင်လေးက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အဲ့တော့ အတတ်နိုင်ဆုံး သူ့ကို အရှင်ဖမ်းဖို့ပဲ ကြိုးစားကြပါ။ ကျုပ် သူ့ကို သေချာ လေ့လာကြည့်ချင်တယ် "

သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က မျက်မှောင်ကြုံ့၍ ပြောလာ၏။

" အရှင်ဖမ်းရမယ်... ငါလဲ အဲ့လိုပဲ စဥ်းစားနေတာ။ ဒါပေမယ့် အဲ့ကောင်လေးကို ငါကိုယ်တိုင် လေ့လာတာက ပိုကောင်းမယ်ထင်တယ်။ ငါတို့ဂိုဏ်းက အဲ့လို ထူးဆန်းတဲ့ ရှားပါးသားရဲတွေကို တခြားသူတွေထက် ပိုဂရုစိုက်တယ်လေ "

အခြား အဘိုးအိုတစ်ယောက်ကလည်း ပြောလိုက်သည်။

" ဟား ဟား... ဒါဆို ခင်ဗျားကြီးကတော့ ဂရုစိုက်

ပြီး ကျုပ်က ဂရုမစိုက်ဘူး ဆိုတဲ့သဘောလား "

တဖက်လူက မကျေမနပ် ပြန်ပြော၏။

အသက်ငယ်ငယ် နတ်ဘုရားသားရဲ တစ်ကောင်က မည်မျှ အဖိုးတန်မှန်း သူတို့ သိထားကြသည်ဖြစ်ရာ..

ရှောက်ထျန်းလုံအပေါ် အားလုံး မျက်စိကျနေကြသည်မှာ အသိသာပါပင်။

ပုံမှန်ဆိုပါက ​ရှောက်ထျန်းလုံအရွယ် နတ်ဘုရားသားရဲများမှာ သိမ်းသွင်းရန် အလွယ်ဆုံး ဖြစ်ပြီး ..

သိမ်းသွင်းပြီးသွားလျှင်လည်း လုံးဝ အပိုးကျိုးကာ အမိန့်နာခံသူတစ်ယောက် ဖြစ်သွားပါ၏။

ထို့အပြင် ရှောက်ထျန်းလုံလေး၏ တိုက်ခိုက်အစွမ်းက မည်သို့ ရှိသည်ကိုလည်း သူတို့အားလုံး မြင်ထားရပါသေးသည်။

ထိုအရွယ်လေးနှင့် ဤမျှ ကြောက်စရာ ကောင်းနေသည် ဆိုပါက... ကြီးလာလျှင် မည်မျှ အစွမ်းထက်သွားပါမည်နည်း ။

သူ ကြီးသွားပါက... ကမ္ဘာပေါ်မှ မသေမျိုးထက် လုံးဝ အစွမ်းမနိမ့်နိုင်ပါချေ။

ထိုအတိုင်း ဆိုပါက ရှောက်ထျန်းလုံလေး တစ်ယောက်တည်းဖြင့်ပင် မြင့်မြတ်နယ်မြေတစ်ခု တည်ထောင်နိုင်ပေလိမ့်မည်။

ဤမျှ ကောင်းသော အခွင့်အရေးကြီး တစ်ခုကို သူတို့အားလုံး လိုချင်နေသည်မှာ မဆန်းပါ။

ထိုအချိန်မှာပင် အခြားတစ်ဖက်ရှိ လူတစ်ယောက်က အေးစက်စက် နှာခေါင်းရှုံ့၍ ပြောလာသည်။

" ဟေ့ ဘာတွေ ပြောနေကြတာလဲ ။ မင်းတို့ကများ ဒီသခင်လေးကို အနိုင်ယူနိုင်မယ် ထင်နေကြတယ်ပေါ့ "

" အမှန်ပဲ.. ကိုယ့်ကိုကိုယ် သိပ်ပြီး အထင်ကြီးနေကြတယ် "

အခြားဖက်မှ လူများ မကျေမနပ် ပြောလိုက်ကြသည်။

တဖက်မှ အဘိုးအိုက လှောင်ပြုံးဖြင့် ပြန်ပြောလာ၏။

" ဘာမဟုတ်တဲ့ နွေ ပိုးကောင်ငယ်လေးတွေက ရေခဲအကြောင်း ပြောလို့မရဘူး ဆိုတာ မသိဘူးလား။ သခင်ကို ဆုံးရှုံးထားတဲ့ နတ်ဘုရားသားရဲ တစ်ကောင်က ဘယ်လောက်ပဲ အစွမ်းထက်တယ်ပြောပြော ၊ ဘာလုပ်နိုင်မှာမို့လဲ။ မသေမျိုးအဆင့် နတ်ဘုရားသားရဲ ခုနစ်ကောင်နဲ့ သားရဲသခင်ကြီး ခုနစ်ယောက်ရဲ့ တိုက်ခိုက်တာကို ခံနိုင်မှာတဲ့လား "

All Chapters