စုပေါင်း တိုက်ခိုက်ခြင်း
Vol. 33 Ch. 451
သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ယောက်ကလည်း ရယ်သွမ်းသွေးရင်း ပြောလာ၏။
" ဟုတ်တယ် ၊ အဲ့ကောင်လေးက ဘူမှ အတွေ့အကြုံ သိပ်မရှိသေးတဲ့ သားရဲပိစိလေး တစ်ကောင်ပဲလေ။ သူ့သခင်သာ အသက်ရှိနေသေးရင်တော့ နည်းနည်း ပြဿနာ များမှာအမှန်ပဲ။ ဒါပေမယ့် ဒီလိုကောင်လေးက တို့တွေလက်က မလွတ်နိုင်ပါဘူး "
တဖက်မှ အဘိုးအိုတစ်ယောက်ကလည်း စိတ်မရှည်ဟန်ဖြင့် ပြောလာသည်။
" အားလုံး မြန်မြန်လှုပ်ရှားကြတော့။ မဟုတ်ရင် ပြဿနာတွေ ပိုများလာလိမ့်မယ် "
" ကောင်းပါပြီ "
အားလုံး တုန့်ပြန်ကာ သူတို့၏ နတ်ဘုရားသားရဲများအား တိုက်ခိုက်ရန်ခအသီးသီး အမိန့်ပေးလိုက်ကြ၏။
အား...
အမည်းရောင် ရေခဲငှက်ကြီးက အရင်ဆုံး လှုပ်ရှားသွားပြီး ရှောက်ထျန်းလုံဆီသို့ ကြောက်မက်ဖွယ် ပမာဏရှိသည့် ရေခဲစွမ်းအင်များ ထုတ်လွှတ်ကာ တိုးဝင်သွားသည်။
ရှောက်ထျန်းလုံ မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ရှောင်လိုက်သည်။
ဝူး...
ခဲရောင် ဝံပုလွေကလည်း လေထဲ ပျံတက်လိုက်သည်။
ချက်ချင်းမှာပင် ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့က မရေမတွက်နိုင်သော ဓားများအဖြစ် စုစည်းသွားပြီး ရှောက်ထျန်းလုံလေးအား တိုက်ခိုက်လိုက်၏။
" ဝု "
ရှောက်ထျန်းလုံ ကိုယ်ကိုလှည့်ကာ ရှောင်လိုက်ရပြန်သည်။
သို့သော် ထိုအချိန်မှာပင် ပုလွေသံတစ်သံ ထွက်လာပြီးနောက် ခပ်မှိန်မှိန် ချိန်းကြိုးများ ပေါ်လာကာ ရှောက်ထျန်းလုံ၏ ခန္ဓာကိုယ်အား ရစ်ပတ်လာ၏။ ရှောက်ထျန်းလုံလေး၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားရသည်။
" ဟင်... "
အားလုံး အံ့အားသင့်သွားပြီး ချက်ချင်း ခေါင်းမော့ကြည့်လိုက်ရာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ပုလွေတစ်ခုကို ထုတ်၍ တီးမှုတ်နေသည်ကို မြင်လိုက်ရသည်။
" အဲ့တစ်ယောက်က သားရဲသိမ်းသွင်းနည်း ပညာရပ်ကို သုံးပြီးတော့ ကောင်လေးကို ချုပ်နှောင်ဖို့ ကြိုးစားနေတာပဲ။ သူ့ကို မြန်မြန်သွားကူကြဟေ့ "
မည်သို့ ဖြစ်ပျက်နေသည်ကို အားလုံး သဘောပေါက်သွားပြီး ချက်ချင်း သွားတိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
သို့သော်...
ဝုန်း..
ဧရာမ တိုက်ပွဲဝင်ပုဆိန်တစ်လက် ပေါ်လာပြီး အားလုံးကို လွှဲခုတ်လာသည်။
ပြီးနောက် အားလုံးရှေ့၌ အစွမ်းထက် လူကြီးတစ်ယောက် ပေါ်လာကာ အေးစက်စက် ပြောသည်။
" အားလုံး ရှေ့ကို ခြေတစ်လှမ်း တိုးတာနဲ့ သေရမယ်မှတ် "
အားလုံးမှာ မျက်နှာထားများ ပြောင်းသွားကြပြီး ရှေ့ဆက်မတိုးရဲကြတော့ချေ။
ရှေ့တိုးလာကြသည့် လူအများစုမှာ ဒေါသကြောင့် စိတ်လိုက်မာန်ပါ လုပ်နေကြသည့် သာမာန်လူများပင် မဟုတ်ပါလား...
ထိုသို့သော သူများအနေဖြင့် အမှန်တကယ် အစွမ်းထက်သော ကျင့်ကြံသူများနှင့် ယှဥ်နိုင်စရာ အကြောင်းမရှိပေ။
သို့ဖြစ်ရာ လက်ရှိအခြေအနေတွင် သူတို့အနေဖြင့် ရှေ့ဆက်မတိုးဘဲ နေရာတွင် ရပ်နေရန်မှ လွဲ၍ အခြားမည်သို့မှ မတတ်နိုင်ပါ။
သူတို့ရှေ့မှ ခေါင်းပြောင်ပြောင်နှင့် အဘိုးအိုက ကောင်းကင်ဘုံ တံခါးဝအဆင့်ရှိ ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလား ...
သို့သော် ထိုစဥ်၌..
" အားလုံး ရှေ့က ဖယ်ကြ "
လူအုပ်နောက်မှ ဒေါသတကြီး အော်သံတစ်သံ ထွက်လာသဖြင့် အားလုံး လမ်းဖယ်ပေးလိုက်ကြ၏။
ထို့နောက်တွင်မူ မျောက်တစ်ကောင် ရှေ့သို့ လျှောက်လာသည်။
ထိုမျောက်ကို မြင်သည်နှင့် သူ မည်သူမှန်း အားလုံး မှတ်မိသွားကြ၏။
၎င်းမှာ လောထျန်းလက်အောက်မှ တိုက်ပွဲဝင်သားရဲ
ပင်..
" ဟင်.. မင်းက ဘယ်လိုဖြစ်ပြီးတော့... "
ခေါင်းတုံးနှင့် အစွမ်းထက် ကျင့်ကြံသူ လူကြီးမှာလည်း မျောက်ကို မြင်သည်နှင့် အံ့သြမှင်သက်သွားသည်။
အစောက ရှောက်ထျန်းလုံ ပေါ်လာခြင်းမှာ အစီအမံကြားထဲမှမတော်တဆ လွတ်ထွက်လာသောကြောင့်ဟု ပြော၍ ရသေးသော်လည်း ...
ယခု မျောက်ကမူ အဘယ့်ကြောင့်ပါနည်း.. ။
သူကရော ပိုက်ကွန်ထဲမှ မတော်တဆ တိုးထွက်လာနိုင်ခဲ့ခြင်းလား...
သို့သော်... နှစ်ယောက်ဆက်တိုက် ထိုသို့ လွတ်နိုင်လာနိုင်ခြင်းမှာ ဖြစ်နိုင်ချေ အလွန်နည်းပါသည်
ခေါင်းတုံးနှင့် အစွမ်းထက်ကျင့်ကြံသူ လူကြီးနောက်ရှိ လျှို့ဝှက်ဂိုဏ်းများမှ လူများမှာလည်း ရင်ထဲ သံသယကိုယ်စီ ဝင်နေကြတော့၏။
စစချင်း မြို့စားအိမ်တော်၌ လူအချို့ ပြဿနာ လာရှာနေသည်ဟု ကြားစတွင်... ယွမ်ရှောက်မြို့ထဲမှ လူများက ကောင်းကင်ဘုံသားရဲ တိုက်ပွဲကွင်းပြင်ရှိ လူများ ပျောက်နေသည့်အတွက်ကြောင့် လာပြောနေကြခြင်းသာ ဖြစ်ရမည်ဟု သူတို့ ထင်ထားခဲ့ကြပါသည်။
သို့သော်.. ယခုမှာ ထိုသို့ ဟုတ်ဟန် မတူပါ။
အားလုံး မည်သို့မှ ဆက်မတွေးနိုင်ကြသေးခင်မှာပင်.. မျောက်က တိုက်ခိုက်လိုက်တော့၏။
ဝုန်း..
မျောက်က သူ့ကိုယ်ထဲမှ သွေးအစွမ်းကို ချက်ချင်း အသက်သွင်းလိုက်ရာ သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းတန်းများ လက်လာသည်။ သူ့အရောင်အဝါမှာလည်း အဆများစွာပင် ပိုတိုးသွား၏။
" သေစမ်းကွာ... "
ပြီးနောက်တွင်မူ မျောက်က ဒေါသတကြီး အော်ပြီး ခေါင်းတုံးနှင့် လူကြီးဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။
ဘုန်း...
မျောက်နှင့် ခေါင်းပြောင်အဘိုးအိုတို့ ပြင်းထန်စွာ တိုက်မိသွားကြတော့သည်။ မျောက်က အဘိုးအို၏ မျက်နှာအား လက်သီးဖြင့် ထပ်ခါထပ်ခါ ထိုးလိုက်ပြီး နောက်ဆုံး... အဘိုးအို သွေးအန်၍ နောက်သို့ လွင့်ထွက်သွားမှသာ ရပ်လိုက်၏။
" ဘယ်လိုဖြစ်ပြီး.... "
မြိ့စားအိမ်တော်ထဲမှ လူများအားလုံးပင် အံ့သြတုန်လှုပ်ကုန်ကြသည်။
မျောက်၏ တိုက်ခိုက်မှုက အမှန်တကယ် ကြောက်စရာကောင်းလှပေသည်။
တဖက်ရှိ လေထဲမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည်လည်း မျက်မှောင်အနည်းငယ် ကြုံ့သွားကာ ပုလွေအား ဖြည်းညင်းစွာ အောက်ချလိုက်၏။
" ရွှယ်ပမ့်နျောင် ၊ အဲ့မျောက်ကို အရင်ဆုံး ရှင်း
ပစ်လိုက် "
သူမ ချက်ချင်း အမိန့်ပေးလိုက်သည်။
အား..
အမည်းရောင် ရေခဲငှက်က အသံကျယ်ဖြင့် အော်လိုက်ပြီးနောက် ချက်ချင်း နောက်လှည့်၍ မျောက်ဆီသို့ တိုးဝင်သွား၏။
" ဒီကောင်... "
ပျံသန်းလာသည့် အမည်းရောင် ရေခဲငှက်ကို တွေ့သောအခါ မျောက်၏ မျက်နှာထား ချက်ချင်း တည်သွားသည်။
သူ့ကိုယ်ပိုင် အစွမ်းဖြင့် ဆိုပါက ထို မသေမျိုးအဆင့် နတ်ဘုရားသားရဲအား ခုခံနိုင်မည် မဟုတ်သည်ကို သူ ကောင်းကောင်းကြီး သိပါ၏။
သို့သော် ထိုအချိန်မှာပင်..
" ထျန်းရွှမ်း ဖန်ပုလင်း... "
မျောက်၏ အနောက်ဘက်မှ ဒေါသတကြီး အော်သံ
တစ်သံ ထွက်လာသည်။
ထို့နောက်တွင်မူ အလင်းတန်းတစ်ခု လင်းလက်သွားကာ အမည်းရောင် ရေခဲငှက်ဆီသို့ လှစ်ခနဲ ရောက်သွား၏။
" အား... "
အမည်းရောင် ရေခဲငှက်ကြီး လန့်သွားကာ အလင်းတန်းအား ချက်ချင်း ရှောင်လိုက်ရသည်။ ပြီးနောက် အလင်းတန်း ထွက်လာသည့်ဘက်သို့ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။
ထိုအချိန်တွင် မြွေဖြူမှာ မြို့စားအိမ်တော်၏ အကာအကွယ် အစီအမံကို ဖြတ်ပြီး လေထဲသို့ပင် ပျံတက်သွားခဲ့လေပြီ ။
" ဒီမြွေဖြူက.... "
မြို့စားအိမ်တော်ထဲမှ လူများမှာ မွေဖြူ လာနေသည်ကို ကြည့်ရင်း အံ့သြတုန်လှုပ်သွားပြီး ရင်ထဲ လေးလံကုန်ကြသည်။
သူတို့ သိထားသည့်အတိုင်း ဆိုပါက ထိုကောင်ကြီးမှာ နတ်ဆိုးဧကရာဇ်၏ ကမ္ဘာငယ်ထဲတွင်သာ ပိတ်လှောင်ခံနေရသင့်ပေသည်။
ယခု ၎င်းက အဘယ့်ကြောင့် ဤနေရာတွင် ပေါ်လာရပါသနည်း။
မဟုတ်မှလွဲ....
အားလုံး၏ စိတ်ထဲတွင် မကောင်းသည့် အတွေးတစ်ခု ဝင်လာပါ၏။
" အားလုံး.. မြန်မြန် တိုက်ခိုက်ပြီးတော့ တိုက်ပွဲကို အဆုံးသတ်လိုက်ကြရအောင် "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ ကျန်သူများအားလုံး ခေါင်းညိတ်လိုက်ကြပြီး နတ်ဘုရားသားရဲများနှင့် အတူပူးပေါင်း၍ ရှောက်ထျန်းလုံအား တိုက်ခိုက်ရန် ပြင်လိုက်ကြ၏။
အစွမ်းအားဖြင့် ဆိုပါက ရှောက်ထျန်းလုံမှာ ပြိုင်ဘက်ထက် အသာကြီး ဖြစ်သည့်တိုင် ..
သူ့ထံတွင် တိုက်ပွဲအတွေ့အကြုံ အလွန်နည်းနေပါသေးသည်။
ယခု သူ့ရှေ့တွင်မူ နတ်ဘုရားသားရဲ ခြောက်ကောင် ရှိနေပြီး ထိုသားရဲများ သုံးနေသည့် နည်းလမ်းကလည်း နတ်ဘုရားသားရဲများနှင့် ရင်ဆိုင်ရန်အတွက် ရည်ရွယ်ထားသော နည်းလမ်းများ ဖြစ်၏။
ထို သိုင်းကွက် နည်းလမ်းများကြောင့် ရှောက်ထျန်းလုံလေးမှာ တိက်ခိုက်ရာတွင် အကန့်အသတ် ရှိနေပြီး တဖက်မှ နတ်ဘုရားသားရဲများ၏ ဖိနှိပ်ခြင်းကို ခံလာရတော့သည်။
" မအိမ်လုံး တွေ ၊ မင်းတို့တွေက ဆယ်ယောက်ကျော်လောက် ပေါင်းပြီးတော့ ကောင်လေးတစ်ကောင်ကို အနိုင်ကျင့်နေကြတာပဲ။ အရှက်မရှိကြဘူးလား "
နောက်ဆုံးတွင်ကား လူတစ်ယောက်က သည်းမခံနိုင်တော့ဟန်ဖြင့် အော်ပြောလာ၏။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက လှောင်ပြုံးဖြင့် ပြန်ပြောလိုက်သည်။
" ကျမတို့ သားရဲသခင်တွေ တိုက်ခိုက်ရင် အမြဲ အဲ့လိုပဲလေ။ ယွမ်ရှောက်မြို့ထဲက သားရဲသခင်တွေကလဲ အမြဲ အဲ့လိုပဲ ၊ ဒါလေးတောင် မသိဘူးလား။ တကယ်လို့ မင်း မကျေနပ်ဘူးဆိုရင် အဲ့ကောင်လေးရဲ့ သခင်ကို ထွက်လာခိုင်းပြီး တိုက်ပွဲထဲ ဝင်ပါခိုင်းလိုက်။ ဟုတ်သားပဲ... သူ့သခင်က ထွက်မလာနိုင်တော့ဘူးနော် "
သူမစကား ဆုံးသောအခါ ကျန်လူ အချို့ကလည်း လှောင်ပြောင် ရယ်မောလိုက်ကြပြီး ရှောက်ထျန်းလုံအား ဆက်တိုက်ခိုက်လိုက်ကြ၏။
သက်လတ်ပိုင်းအရွယ် အမျိုးသမီးမှာ သူမစကားကြောင့် တဖက်လူ ဒေါသထွက်သွားလိမ့်မည် ဟုသာ ထင်ထားခဲ့ပါသည်။
သို့သော် မျှော်လင့်မထားစွာပင် တဖက်လူက ဒေါသထွက်ဟန် မပြဘဲ သူမအား ထူးဆန်းသော အကြည့်ဖြင့်သာ ကြည့်လာ၏။
" အင်.. ဒီလူက ဘာတွေ ဖြစ်နေတာလဲ "
သက်လတ်ပိုင်းအရွယ် အမျိုးသမီး နးမလည်နိုင် ဖြစ်သွားရသည်။
ထိုအချိန်မှာပင်..
" မင်းက ငါ့ကို သိပ်ပြီး တိုက်ခိုက်စေချင်နေတယ်ပေါ့လေ။ ကောင်းပြီ.. အဲ့ဒါဆိုလဲ တိုက်ခိုက်ရတာပေါ့ "
ရုတ်တရက်.. အသံတစ်သံ ထွက်လာ၏။
" ဟင်.... "
သက်လတ်ပိုင်းအရွယ် အမျိုးသမီး လန့်သွားကာ ထိုအသံပိုင်ရှင်မှာ သူမထက် အနည်းငယ် ပိုအစွမ်းနိမ့်ရမည်ဟု ထင်လိုက်သည်။
ထို့နောက်တွင်ကား...
ဝုန်း...
မြို့စားအိမ်တော် အပေါ်ဘက်မှ အကာအကွယ် အစီအမံများက လုံးလုံး ပျက်စီးသွားပြီး ....
လေထဲမှ လူတစ်ယောက် ဆင်းသက်လာ၏။
ထိုလူကို မြင်သည်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီး၏ မျက်နှာ ချက်ချင်း သွေးဆုတ်ဖြူရော်သွားတော့သည်။
" မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး "
သူမ အံ့သြလွန်း၍ ရှောက်ထျန်းလုံအား တိုက်ခိုက်ရန်ပင် မေ့လျော့သွား၏။
သူမနောက်တွင် ရှိနေကြသော သူများမှာလည်း အသံလာရာဘက် လှည့်ကြည့်လိုက်ကြပြီး လေထဲမှ ဆင်းသက်လာသူအား မြင်သွားကာ နေရာတွင်ပင် ကြက်သေ သေသွားကြသည်။
ထိုသူမှာ လောထျန်းပင်....
လောထျန်းက အားလုံး၏ စုပေါင်းတိုက်ခိုက်ခြင်းကို ခံနေရသည့် ရှောက်ထျန်းလုံလေးဘက် လှည့်ကြည့်ရင်း မျက်မှောင်ကြုံ့လိုက်၏။
" ငါ နည်းနည်းနောက်ကျသွားပေမယ့် အားလုံးကို သေချာ မြင်လိုက်တယ်။ သိပ်တော်တယ် ကောင်လေး "
သူ ထိုသို့ ပြောလိုက်ပြီးနောက် အေးစက်စက် အလင်းတန်းများ လက်နေသည့် မျက်လုံးအစုံဖြင့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးဘက် လှည့်ကြည့်လိုက်သည်။
" မင်း ခုနက ဒီပွဲဟာ သားရဲသခင်တွေကြားက တိုက်ပွဲလို့ ပြောခဲ့တာ မဟုတ်လား။ အဲ့လို ဆိုမှတော့ ကျုပ်ဘက်ကလဲ ဝင်တိုက်ရုံကလွဲပြီး တခြားမရှိတော့ဘူး "
ဝီ...
စကားဆုံးပြီးနောက်တွင်မူ.. လောထျန်းတစ်ယောက် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ရှေ့သို့ တိုက်ရိုက် တည်နေရာရွှေ့ပြောင်း ရောက်သွား
အစောက ရှောက်ထျန်းလုံအား တိုက်ခိုက်နေစဥ်အတွင်း သူမသည် အရက်စက်ဆုံး တိုက်ခိုက်ခဲ့သူ တစ်ဦးဖြစ်ကာ ရင့်ရင့်သီးသီး စကားများကိုလည်း
အပြောခဲ့ဆုံး သူတစ်ယောက် ဖြစ်ပါသည်။ ထို့ကြောင့် လောထျန်းက သူမအား ပထမဆုံး ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ခြင်းပင်။
" မင်း.... "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးက တစ်ခုခုပြောရန် ပြင်လိုက်သည်။
သို့သော် ထိုစဥ်မှာပင် လောထျန်း၏ လက် လှုပ်ရှားသွား၏။
ဖြန်း...
လောထျန်း၏ သာမာန်ရိုက်ချက်လေး တစ်ခုက အမျိုးသမီး၏ ခေါင်းအား အစိတ်စိတ်အမွှာမွှာ ဖြစ်သွားအောင် လုပ်လိုက်တော့သည်။